ရေတာရှည် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ
ဇွန် -၂၂၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ဆွာရွာမစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေမှာလည်း စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာအပြင် ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
"တိုက်ပွဲက ပြင်းထန်နေတုန်း၊အခုချိန်ထိပဲ။ သူတို့စစ်ကြောင်းထိုးလာတာရှိသလို ပြင်ဆင်လာတာရှိတယ်။တိုက်ပွဲတွေ ရှေ့ဆက်ပြီး ပြင်းထန်လာနိုင်တယ်။မြေပြင်မှာထိုးနေသလို လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတယ်"လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့စစ်ကြောင်းတွေက ပိတောက်ကုန်း၊ နဂျပ် နဲ့ အင်းကြီးပေါက်ကျေးရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။
"စစ်ဘေးရှောင်တွေများလာတယ်။အခုက ၂၀၀၀ ကျော်ရှိတယ်။တိုက်ပွဲအခြေအနေအရ ရှေ့လျှောက်ပိုများလာဖို့ရှိတယ်"လို့ စစ်တောင်းမြစ်အရှေ့ဘက်က စစ်ရှောင်ကူညီနေသူတစ်ဦး ပြောပါတယ်။
ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအချက် အလက်တွေအရ ပိတောက်ကုန်း၊ အိုးမြေတူး၊စီပိုင်း၊ရှမ်းရွာလေး၊ကျွန်းကုန်း၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကျိပ်ပတီးကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။
အခုဇွန်လ ၃ ရက်က ဆွာမကြီးစခန်းတိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူးကျော်လင်းအောင်အပါအဝင် စစ်တပ်က ၂၀ ကျော် သေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ခု သိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

👍32🥰4❤1🤣1
■ဆောင်းပါး
ရှီကျင့်ဖျင် ပေးတဲ့ တရားဝင်မှုက
မင်းအောင်လှိုင် သက်ဆိုးရှည်စေမလား
-သော်မွန်/People’s Spring
ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့ရွေးကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်
ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့
ပွဲဦးထွက် အိန္ဒိယခရီးစဥ်မှာ သဘောတူညီမှုတွေ လက်မှတ်မရေးထိုးနိုင်ခဲ့ပေမယ့် ၅ရက်
ကြာတရုတ်ခရီးစဥ်မှာတော့ ရှီကျင့်ဖျင်က
ပေကျင်းမြို့က ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People)မှာ တွေ့ဆုံခဲ့သလိုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နှစ်ဘက်စလုံးက ထုတ်ပြန်ပါတယ်။
ပို့ဆောင်ဆက်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ လူ့စွမ်းအားအရင်း
အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာ
ရေးနဲ့ မီဒီယာအစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်မှတ်ရေးထိုးတဲ့နေ့မှာ စစ်တပ်ဘက်က သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာ(MoU) ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့် နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ၁၈ ခုဆိုတဲ့ အရေအတွက် မပါလာတော့ပါဘူး။ တရုတ်အစိုးရပိုင်သတင်းဌာနတွေမှာတော့ ကနဦးထုတ်ပြန်စဥ်ကတည်းက အရေအတွက် မဖော်ပြခဲ့ပါဘူး။
သမ္မတရှီကျင့်ဖျင် နဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်
ရေးကို ပိုမိုခိုင်မာစေဖို့၊ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အ
ဝန်းတည်ဆောက်ရေးကို ပိုမိုခိုင်မာလေးနက်မှုရှိစေဖို့ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖ
လှယ်ခဲ့ကြကာ အရေးကြီးတဲ့ သဘော
တူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲကြေညာပါတယ်။
ဒီခရီးစဥ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် သံတမန်ရေးရာ အောင်ပွဲကြီးဖြစ်ပြီး တရုတ်က နိုင်ငံရေး၊ စီးပွားရေးအလွှာစုံ ထိတွေ့ဆက်ဆံလိုက်တာမျိုးတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုသူရိန်နိုင်က ပြောပါတယ်။
“အလွှာစုံဆိုတာ သမ္မတတင်မကဘူး။ NPC - National People Congress တွေ၊ စီးပွားရေး အသိုင်းအဝိုင်းတွေ၊ အလွှာစုံ ထိတွေ့နိုင်လိုက်တယ်။ဆိုတော့ဒါကသူ(မင်းအောင်လှိုင်)
တစ်ယောက်တည်း အတွက်တင်မဟုတ်ဘူး။ သူအသွင်ပြောင်းထားတဲ့ regime တစ်ခုလုံးအတွက်ပါ အကျိုးစီးပွားအရရော၊ နိုင်ငံရေးအရရော အကျိုးအမြတ် အများကြီးရနိုင်တဲ့ potential ရှိတဲ့ တွေ့ဆုံမှု ၊ ထိတွေ့ဆက်ဆံမှုတစ်ခု ဖြစ်သွားပြီ”လို့ သူက ဆိုပါတယ်။
အာဏာသိမ်းအုပ်စုရဲ့ တရုတ်ခရီးစဥ်မှာ Asia World ဦထွန်းမြင့်နိုင် ၊ Max ဦးဇော်ဇော် ၊ရွှေသံလွင် ဦးကျော်ဝင်း စတဲ့ ခရိုနီအဟောင်းတွေရော ၊နိုင်ဖြိုးကျော်အပါအဝင် ခရိုနီလက်သစ်တွေရော လိုက်ပါသွားကြတာတွေ့ရပါတယ် ။နိုင်ဖြိုးကျော်က မင်းသမီး ဝတ်မှုန်ရွှေရည်ရဲ့ ခင်ပွန်း ၊မော်ဒယ်လ် မိုးစက်ဝိုင်ရဲ့အကို ၊ မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက်ဖြစ်ပါတယ် ။ ခရိုနီတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ အသင်း
အဖွဲ့တွေက ဦးဆောင်သူတွေအစုံအလင်လိုက်ပါသွားတာမို့ စစ်အုပ်စုက အခုခရီးစဥ်ကိုအသေအချာပြင်ဆင်ခဲ့တာထင်ရှားနေပါတယ် ။
တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်
တာလှကျော်ဇောကတော့ သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင်ကို အခုလို ဖိတ်ခေါ်လိုက်တာက တရားဝင်အသိအမှတ်ပြုလိုက်တဲ့
‘အပေး’သဘောဖြစ်ပြီး တခြားညှိနှိုင်းတာတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
သမ္မတရှီက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးစဥ်မှာ မြန်မာနိုင်ငံကို အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ ဦးစားပေးအဆင့် ထားရှိတယ်လို့ ပြောပြီး ပြည်သူလူထုထောက်ခံတဲ့ ဖွံ့ဖြိုးရေးလမ်းတွေကို ရှာဖွေဖို့ ပြောပါတယ်။ သမ္မတရှီရဲ့အဲဒီပြောကြားချက်ကအရေးကြီးပြီး သတိပေးလိုတဲ့သဘောတွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇောက ရှုမြင်ပါတယ်။
“မင်းအောင်လှိုင်ကိုခေါ်ပြီး သူ့အကြိုက်လည်း ပေး၊ ကိုယ်လိုချင်တာလည်း ပြောပေါ့ဗျာ”လို့ အထက်ပါ တရုတ်-မြန်မာအရေးကျွမ်းကျင်သူက မှတ်ချက်ပြုပါတယ်။
ဘေဂျင်းအစိုးရက နေပြည်တော်က မင်းအောင်လှိုင်တို့ကို အသိအမှတ်ပြုထောက်ခံရာမှာ ပုံပြီးယုံကြည်လိုက်တာမျိုးတော့မဟုတ်ဘဲ အကန့်အသတ်တွေနဲ့ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ဆိုပါတယ်။

😁23❤3👎3🥰1🤮1🤣1
မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယရော၊ တရုတ်ရော အခု မင်းအောင်လှိုင်ကို တဆင့်တက် ဆက်ဆံလိုက်တဲ့သဘောက မဖြစ်မနေ ဆက်ဆံရမယ့် အိမ်နီးချင်းဖောက်သည်အနေနဲ့ ဆက်ဆံကြတဲ့သဘောဖြစ်ပြီး မင်းအောင်
လှိုင်ကို အဆင့်မီ တိုင်းပြည်ခေါင်းဆောင်တစ်ဦးလို မဆက်ဆံတာ သိသာထင်ရှားတယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ မင်းအောင်လှိုင် အရမ်းလိုချင်နေတဲ့ အသိအမှတ်ပြုမှုကို ပေးပြီး တရုတ်တို့၊ အိန္ဒိယတို့က သူတို့ လိုချင်တဲ့ အကျိုးစီးပွားအတွက်ကိုပဲ ရည်ရွယ်ပြီး ဆက်
ဆံနေတာလို့ သူက ဆက်ပြောပါတယ်။
“တရုတ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအဆင့်အတန်းကို သိတယ်လေ၊ ဦးသိန်းစိန်တုန်းကလည်း ကြုံပြီးပြီ။ ပြည်သူ အမှန်တကယ်
မထောက်ခံတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကတိကဝတ်ဆိုတာ အချိန်မရွေး ပျက်စီးသွားနိုင်တာပဲလေ။တရုတ်က သူ့မှာ ကြုံခဲ့ရဖူးတဲ့ မြစ်ဆုံ သင်ခန်းစာလည်းရှိတယ်။မင်းအောင်
လှိုင်က ဇွတ် အာဏာလုထားတယ်ဆိုတာလည်း သိကြတာပဲ”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။
တရုတ်နဲ့ စစ်အုပ်စုတို့ ပူးတွဲကြေညာချက်အရ သဘောတူညီခဲ့ကြတယ်ဆိုတဲ့ အချက်ပေါင်း ၁၄ ချက် ရှိပြီး အဲဒီထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ဖို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မန္တလေး-မူဆယ်ရထားလမ်းလို အဓိကစင်္ကြံစီမံကိန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ပုံမှန်တိုးမြှင့်ဆောင်ရွက်သွားဖို့ သဘောတူညီချက်၊ နှစ်နိုင်ငံ အဆင့်တိုင်းမှာ နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းသွားဖို့၊ အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများကို တိုးမြှင့်သွားဖို့နဲ့ အစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ ဒေသန္တရအာဏာပိုင်အချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားဖို့ သဘောတူညီချက်တွေ ပါဝင်ပါတယ်။
နောက်ပြီးနှစ်နိုင်ငံဒေသခံပြည်သူတွေရဲ့ လူမှု
စီးပွားဘဝများကို အထောက်အကူပြုစေဖို့ စိုက်ပျိုးရေး၊ သစ်တောရေးရာနဲ့ မွေးမြူရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အရည်အသွေးမြင့် ထုတ်ကုန်များအတွက် ကန့်သတ်စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ ဝင်ရောက်ခွင့်များကို လွယ်ကူချောမွေ့စေဖို့နဲ့ နှစ်နိုင်ငံအကြား ခေတ်မီအကောက်ခွန်စီမံခန့်ခွဲမှုဆိုင်ရာများကိုရှာဖွေဖော်ထုတ်သွားဖို့ သဘော
တူညီချက်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးကဏ္ဍတွေနဲ့အညီ နှစ်ဖက်သဘော
တူထားတဲ့ အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းများကို အချိန်နဲ့တစ်ပြေးညီ အရှိန်
အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ သဘောတူညီချက်တို့လည်း ပါဝင်ပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဖို့အတွက် ဆက်သွယ်ညှိနှိုင်းမှုများနဲ့ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်
ဆောင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်
ရွက်မှုကို တိုးမြှင့်ဖို့၊ (၅)ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကို ပံ့ပိုးကူညီဖို့၊ အဆင့်မြှင့်တင်ထားတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု “၂.၀” (LMC 2.0)မူဘောင်ကို လက်တွဲတည်ဆောက်ဖို့နဲ့ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ငြိမ်းချမ်း၊သာယာဝပြောသော အေး
အတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကိုမြှင့်တင်ဖို့ သဘောတူညီချက်နဲ့ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)နဲ့ အက်ခမက်စ်(ACMECS) အပါအဝင် နိုင်ငံစုံမူဘောင်တွေမှာ အပြန်အလှန်ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားဖို့ သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်လို့လည်း တရုတ်ရဲ့ရပ်တည်ချက်အတိုင်း‘တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒ’ကို ကတိပြုထောက်ခံခဲ့ပြီး ဟောင်ကောင်၊ ရှင်ကျန်း နဲ့ ရှီးကျန့်တို့နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးအဖြစ်မှတ်
ယူကာ ခိုင်မာစွာပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ တရုတ်နဲ့ စစ်အုပ်စုတို့ သဘောတူခဲ့၊ လက်မှတ်ရေးထိုးခဲ့တာတွေနဲ့ပတ်သက်လို့ ချက်ချင်းသိရဖို့ ခက်
ခဲပြီးဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုဆက်လက်စောင့်ကြည့်ဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ နေပြည်တော်အာဏာ
သိမ်းစစ်အုပ်စုက နိုင်ငံရဲ့ဒေသအများအပြားကို ထိန်းချုပ်မှု မရရှိထားတာကို တရုတ်ကလည်း သိရှိနေမှာဖြစ်ပြီး ကိစ္စရပ်တော်တော်များများကို စုံစမ်းဆဲ၊ လေ့လာဆဲ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုကြပါတယ်။
အရင်အစိုးရလက်ထက်တွေကလည်း လက်
မှတ်ရေးထိုးပြီး လက်တွေ့ဖြစ်မလာတာတွေ အများကြီးရှိပြီး အခုလည်း တရုတ်က အနံ့လောက်သာ ပေးထားတဲ့အခြေအနေဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။

😁20👎4❤1🤣1
“ဒါတွေ တကယ် လက်တွေ့ ဖြစ်လာဖို့ မင်းအောင်လှိုင်ဘက်က အများကြီး ပြင်ဆင်ရဦးမှာ၊ ပြီးမှ နောက်တစ်ဆင့် လက်တွေ့ လုပ်ကိုင်ဖို့ အသေးစိတ်စကားပြောကြရဦးမှာ။ MoU
(နားလည်မှုစာချွန်လွှာ)လောက်နဲ့တော့ ရွှေအိုးထမ်းလာတယ်ပြောလို့မရဘူးပေါ့”လို့ အ
ထက်ပါ နိုင်ငံရေးအကဲခတ်က တရုတ်ခရီးစဥ်အတွင်း မင်းအောင်လှိုင်ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်း၊ စစ်ကိုင်း၊ ကချင်
ပြည်နယ်က စစ်တပ်ခန့် ဝန်ကြီးချုပ်တွေကို ခေါ်မသွားပေမယ့် အခုတရုတ်ခရီးစဥ်မှာတော့ စစ်တပ်ခန့် ကချင်နဲ့ ရှမ်းပြည်နယ်တို့က ဝန်ကြီးချုပ်တွေ လိုက်ပါသွားပါတယ်။ ခရီး
စဥ်မှာ ကချင်ပြည်နယ်က ထွက်ရှိ မြေရှားသတ္တုအရေးနဲ့ မြစ်ဆုံစီမံကိန်းလို အရေးကြီးကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ယူဆနေပေမယ့် ပူးတွဲထုတ်ပြန်ချက်တွေမှာ အဲဒီအရေးကိစ္စတွေ ထည့်သွင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်
သက်ရင်လည်း အာဏာသိမ်းစစ်တပ်ဟာ သူ့ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စီမံကိန်းပြန်စဖို့ အားစိုက်ကြိုးစားနေတာပါ။ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘူမိဗေဒပညာရှင်တွေကတော့ မြစ်ဆုံစီမံ
ကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။
“တရုတ်နဲ့ပတ်သက်ရင် လူထုထိလွယ်ရှလွယ်ဖြစ်နေတဲ့ မြစ်ဆုံလိုမျိုး ကိစ္စရပ်တွေမှာ ဘာပြောလိုက်လဲဆိုတာ ရှေ့မှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့”လို့ နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်အုပ်စုက သူ့တရားဝင်မှုရရှိရေး၊ အာဏာတည်မြဲရေးအတွက် တရုတ်ကို တိတ်တဆိတ် ဘာတွေ ထိုးအပ်ခဲ့သလဲဆိုတာ သမိုင်းသင်ခန်းစာတွေအရ စိုးရိမ်စရာကောင်းတယ်လို့ ရန်ကုန်သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပါတယ်။ “စစ်တပ်နဲ့ တရုတ်ကြားက သဘောတူညီမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့လူထုကို ပွင့်လင်းမြင်သာစွာ ဘာများ ချပြခဲ့လို့လဲ။ အခုလို သူတို့ ထုတ်ပြန်သလောက်ပဲ လူထုက သိကြရတာ”လို့ သူက ဆိုပါတယ်။
ဒေါက်တာ လှကျော်ဇောကလည်း စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဥ်တ
လျှောက်လုံးကို စောင့်ကြည့်ဖြစ်ပြီး အရည်
အချင်းနိမ့်ပါးလွန်းသူတစ်ဦးဆိုတာကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်လို့ မှတ်ချက်ပြုပါတယ်။ “မင်းအောင်လှိုင်မှာ တိုင်းချစ်ပြည်ချစ်စိတ်တောင် အခြေခံမရှိဘူးထင်တယ်။ ကျွန်မကကိုယ့်ပြည်သူတွေကို သတိရတယ်၊ စိတ်ထဲထိခိုက်တယ်။သူ(မင်းအောင်လှိုင်)
ကတော့ ပျော်မြူးနေတာလေ”လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
တရုတ်-စစ်အုပ်စုပူးတွဲထုတ်ပြန်ချက်အရတော့ တစ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားနဲ့ အလေးထားရမယ့် အရေးကိစ္စရပ်တွေမှာ အပြန်အလှန် ခိုင်မာစွာ ဆက်လက်ပံ့ပိုးကူညီသွားကြမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်အုပ်စုဟာ နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ သမ္မတရှီကို ကတိပြုခဲ့ပါတယ်။
နှစ်ဖက်လုံးဟာ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး ‘ရပ်ဝန်းနဲ့ ပိုးလမ်းမ’တည်ဆောက်မှုအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့ မြေပြင်အ
ကျိုးစီးပွားတွေ ပေါ်ပေါက်ဖို့ဆိုတာ အဝေးကြီးလိုသေးပြီး တရုတ်စီမံကိန်း အဟောင်းတွေရော အသစ်တွေရော လက်တွေ့ မြေပြင်မှာ ဖော်ဆောင်ဖို့ဆိုတာ မင်းအောင်လှိုင်အနေနဲ့ အတော်ကြီး လုပ်ယူရဦးမှာလို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်စစ်ရေး အနေအထားတွေက စီမံကိန်းတွေ အေးအေး
လူလူ ပြန်စဖို့လောက်အထိ အာမခံချက်မရှိသေးဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုတာ လတ်တ
လောဖြစ်နိုင်ခြေ မမြင်သေးဘူး”လို့ သူက ဆက်ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်
ရေးတွေကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(လားရှိုး)အပါအဝင်ရှမ်းပြည်နယ်
မြောက်ပိုင်းတခွင်လုံးနီးပါးကိုလက်လွှတ်ဆုံး
ရှုံးခဲ့ရဖူးတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်သာ အဲဒီဒေသမှာ စစ်ရေးအရပြန်လည်ဦးမော့လာခဲ့တာပါ။တရုတ်ကတော့ မြန်မာပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားပေ
မယ့် ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေက သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ဒေသတွင်းသတင်းရင်း
မြစ်တွေက ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ တို့မှာ စစ်ရေးအောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ကိုးကန့်(MNDAA)နဲ့ တအာင်း(TNLA)တို့အပေါ် တရုတ်က တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ဖိအားပေးအကြပ်ကိုင်ခဲ့တာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းဖြစ်ပြီး စစ်တပ်ဘက်က ပြန်အလေး
သာသွားခဲ့တာလို့ စစ်ရေး-နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

😁15👎4👍1🤣1
တရုတ်ဟာ မြန်မာဆီကနေ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံ၊ တသမတ်တည်းပြောဆိုပြုမှုတဲ့မိတ်ဖက်နိုင်ငံအဖြစ်အလိုရှိကြောင်း နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းခါစက စစ်တပ်ကို တရုတ်အနေနဲ့ ခပ်ခွာခွာကနေ ဆက်ဆံခဲ့တာဟာ စစ်တပ်ဆီကနေ သူလိုချင်တာတွေ မရခဲ့လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “မင်းအောင်လှိုင်အနေနဲ့ တရုတ်ကို အတိုင်းအတာတစ်ခုအထိ ပြန်စည်းရုံးနိုင်ခဲ့လို့ ဒါမျိုးကို တရုတ်က ဆက်လက်စောင့်
ကြည့်ဦးမယ်လို့ ထင်ပါတယ်”လို့ ကိုသူရိန်နိုင်က ဆက်ပြောပါတယ်။
ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးကလည်း တရုတ်အနေနဲ့ ဘယ်လိုပဲ စဉ်းစားသည်ဖြစ်စေ မြန်မာစစ်တပ်က တစ်ခုတည်းခေါင်း
ဆောင်မှု အောက်မှာရှိတာ၊ သူတို့လို ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းတာတွေကြောင့် မင်းအောင်လှိုင်ကို ရွေးချယ်လိုက်တာလို့ သုံးသပ်ပါတယ်။
“တရုတ်က အနောက်နိုင်ငံ ပုံစံ ဒီမိုကရေစီကို မကြိုက်ဘူး။စစ်တပ်ကပဲပါတီဖွဲ့ပြီး လွှတ်
တော်ကိုလွှမ်းမိုးချုပ်ကိုင်ထားမယ်၊စစ်ခေါင်း
ဆောင်တွေကပဲ အစိုးရခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတဲ့အခင်းအကျင်းဟာ တရုတ်
ကွန်မြူနစ် နိုင်ငံရေး အုပ်ချုပ်ရေးပုံစံနဲ့ သံ
တူကြောင်းကွဲပဲ။ ဒါ့ကြောင် မင်းအောင်လှိုင်ကိုအမြန်ကောက်ဝယ်လိုက်တယ်လို့မြင်တယ်”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က
ဆိုပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်အပေါ် ဆန့်ကျင်မှုတွေ ရှိနေတာကို တရုတ်က စိတ်မချဘဲ အဲဒါကြောင့် သတိနဲ့ တဖြည်းဖြည်း လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ ပေးပြီး ရေရှည် သုံးနိုင်အောင် ပြုစုပျိုးထောင်နေတယ်တယ်လို့ အထက်ပါအကဲခတ်က ယူဆပါတယ်။
ဒီအခြေအနေမှာ တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ ဘယ်သူမှ ငြင်းပယ်လို့ မရတဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်ဆိုတာ တရုတ် နားလည်လက်ခံလာအောင်လုပ်ရမှာဖြစ်တယ်လို့ ပြည်
တွင်းနိုင်ငံရေးအကဲခတ်က တိုက်တွန်းပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားကို မထိိခိုက်ဘူးဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောင်း
လဲပစ်ဖို့အထိ သဘောထားမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ကတရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို အစွမ်းကုန်ကာကွယ်မယ်လို့ ရှီကျင့်ဖျင်ကို ကတိပြုခဲ့တာက အာ
ရုံစိုက်စရာတစ်ခုဖြစ်ပါတယ် ။အာဏာသိမ်း
ခေါင်းဆောင်က တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေလုံခြုံရေးကိုအာမခံတယ်ဆိုပေမယ့် ကျောက်ဖြူရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွားရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါ့အပြင် AA က အခုလပိုင်းမှာ ကျောက်ဖြူ ၊စစ်တွေမြို့တွေကစစ်တပ်စခန်း
တွေကို အရှိန်မြှင့်ထိုးစစ်ဆင်နေပါတယ် ။
အလားတူ တရုတ်နိုင်ငံကမြန်မာနိုင်ကအဓိကဝယ်ယူနေတဲ့ မြေရှားဓါတ်သတ္ထုတွေဆိုရင်လည်းကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကထိန်းချုပ်ဒေသတွေမှာအဓိကထွက်ရှိ နေတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း
တလျှောက် ဒေသအများအပြားကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်းတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဒေသတွေမှာရှိနေတာဖြစ်ပါတယ်။
“မင်းအောင်လှိုင်လော်ဘီတွေက တရုတ်ရဲ့ ရပ်တည်ချက်ကို ပုံကြီးချဲ့ပြီး စိတ်ဓါတ်စစ်
ဆင်ရေးအတွက်သုံးနေတာပါ။ တော်လှန်ရေး
အဖွဲ့တွေအနေနဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ရှည်ရှည် သတိကြီးကြီးနဲ့ချဉ်း
ကပ်ကြဖို့ လိုတယ်”လို့ အဲဒီနိုင်ငံရေးအကဲ
ခတ်က အကြံပြုပါတယ်။
ဆက်လက်ပြီး သူက “တရုတ်အပါအဝင် အိမ်
နီးချင်းနိုင်ငံတွေ မငြင်းပယ်နိုင်တဲ့ လက်တွေ့ မြေပြင်မှာစစ်ရေး၊နိုင်ငံရေးစည်းရုံးရေး ရ
လဒ်ကောင်းတွေ ဖေါ်ဆောင်နိုင်ဖို့ လိုတယ်”
လို့ အကြံပြုပါတယ်။
ဒီအခြေအနေမှာ ပြည်သူတွေ နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ ဆိုရင် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောသလို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဇွန်လ ၁၉ရက် ကျရောက်တဲ့ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်မ်အဲရစ် ခေါ် ကိုထိန်လင်းဆီကို စာရေး
သားရာမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။
သူက တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း ကိုထိန်လင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ “ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ စာရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်။

😁15👎3❤1👍1🤣1
အာဏာလုခေါင်းဆောင်ကို ရှီကျင့်ဖျင်က ပြည်သူ့ခမ်းမဆောင်ကြီးမှာ အသိအမှတ်
ပြု ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းနေ့စဥ်နဲ့အမျှပြည်သူထောင်ပေါင်းများစွာသတ်ဖြတ်၊နေအိမ်သိန်းချီမီးရှို့ တစ်နိုင်ငံလုံးအနှံ့ ဗုံးပတ်ကြဲနေတဲ့ မင်းအောင်လှိုင်ကို ပြည်သူတွေက နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနိုင်ပါ့မလားဆိုတာ အဓိကမေးခွန်းဖြစ်လာမှာပါ ။ ပြည်သူ့ခန်းမဆောင်ကြီးမှာ ရှီကျင့်ဖျင်က ICCရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားအာဏာရှင် ပူတင်ကိုလည်းလက်ခံတွေ့ဆုံဖူးပါတယ် ။ မင်းအောင်လှိုင်ကိုလည်း အာဂျင်တီးနားတရားရုံးက ၂၀၂၅ ဖေဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ထားသလို ၊အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး
(ICC)က ဖမ်းဝရမ်းထုတ်ပေးဖို့တရားလိုပြရှေ့နေက ၂၀၂၄ နိုဝင်ဘာလမှာ လျှောက်
ထား ထားပါတယ်။ဒါ့အပြင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ထားတဲ့စစ်ရာ
ဇတ်မှုတွေအတွက် အရှေ့တီမော နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတရားရုံးတွေမှာလည်း တရားစွဲဖို့ကြိုးစားနေကြပါတယ် ။
တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်က ဆက်ဆံရေးကောင်းမွန်ခဲ့ဖူးတဲ့ သာဓကရှိပြီး လက်ရှိတော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နဲ့ ပြောဆိုဆက်ဆံရာမှာ တစ်ယောက်တပေါက်ဖြစ်လို့ မရဘဲ စိတ်ချယုံ
ကြည်ရတဲ့ မိတ်ဖက်၊ တသမတ်တည်းဖြစ်ဖို့လိုအပ်ကြောင်း ကိုသူရိန်နိုင်က အကြံပြုပါတယ်။
“reliable partner ဖြစ်တယ်ဆိုတာကို တရုတ်ကိုကိုယ့်ဘက်ကအမြဲတမ်းပြသနေနိုင်ဖို့ လိုတယ်။အဲဒီလိုမှပဲတရုတ်နဲ့ကဒီထက်ပိုပြီး အဆင်ပြေတဲ့ အရွေ့တွေ လုပ်နိုင်မှာ”လို့ သူ
က ဆိုပါတယ်။
ဒီစစ်အာဏာရှင်စနစ်ရှိနေသရွေ့ မြန်မာပြည်ကြီး မတိုးတက်နိုင်၊ မငြိမ်းချမ်းနိုင်ဘူးဆိုတာ ပြည်သူလူထုသိရှိထားပြီးဖြစ်ကြောင်းနဲ့ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့အရေးကြီးကြောင်း
ဒေါက်တာလှကျော်ဇောက တိုက်တွန်းပါတယ်။အာဏာသိမ်းစစ်တပ်နဲ့ မင်းအောင်လှိုင်ကို တရုတ်မပြော နဲ့ သိကြားမင်းဆင်းကယ်လည်း ရနိုင်မယ် မထင်ကြောင်း သူက ဆက်ပြောပါတယ်။
“ဘယ်သူက ဆက်ဆံ ဆက်ဆံ၊ ကျွန်မ စောနက ပြောသလို ဘယ်သူက ကယ်ကယ် ဒီမင်းအောင်လှိုင်ကိုတော့ ကယ်လို့ရမယ် မထင်ဘူး။ ဒီစစ်တပ်ကတော့ သွားမှာပဲ။ ‘နိုင်’ရေးအတွက် ဝိုင်းကြိုးစားဖို့ပဲ”လို့ သူမက ဆိုလိုက်ပါတယ်။ ။

😁19👍2🔥1🤣1
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုတရုတ်သမ္မတရှီကျင့်ဖျင် က ကြိုဆိုလက်ခံတွေ့ဆုံစဥ် / မင်းအောင်လှိုင် ခရီးစဥ်မှာလိုက်သွားတဲ့ ခရိုနီတွေ ။ဓါတ်ပုံ-FMPRC ၊စစ်ကောင်စီ
🤣15🖕13🔥4👎1💩1
ဖားကန့်ရေဘေး သေဆုံးသူ ၂ဦးရှိလာ
ဇွန်-၂၂၊ ၂၀၂၆။ စိုင်းနောင်/People's Spring
ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ၂၁ရက် မနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲက နေအိမ်တစ်လုံးပေါ်ကို အိမ်နောက်ဘက်က တောင်မြေပြိုကျပြီး လူသေဆုံးမှုဖြစ်တာလို့ သိရပါတယ်။
"မိုးရွာရက်များနေတော့ မြေတွေက အိနေတာ။ မြေပြိုတဲ့ နေရာတွေလည်းများတယ်။ ရှေ့လျှောက်ပြီး စိုးရိမ်စရာတွေကြီးပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀နှစ်ခန့်ရှိ အမျိုးသားဖြစ်ပြီး မြေစာတွေအောက်က သူ့ရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ဖို့ လူမှုရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။
ဖားကန့်မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ၂၂ရက် မနက်အထိ ရေပြန်မကျသေးပါဘူး။
အခုမြေပြိုလို့ လူသေဆုံးတဲ့ဖြစ်စဉ်ဟာ ဇွန်လ ၁၄ရက်က စတင်တဲ့ ရေဘေးကာလနောက်ပိုင်း နှစ်ဦးမြောက် သေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၆ရက်က ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦးရေစီးနဲ့မျောပါသေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ လက်ရှိ ရေဘေးအပြင် နေရာအချို့မှာ မြေပြိုမှုဘေးကိုပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေ နှစ်စဉ်ရင်ဆိုင်ရပါတယ်။ လက်ရှိမှာ နစ်မြုပ်နေတဲ့ အိမ်တွေမှာရှိနေတဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ပို့ဆောင်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့မေလကနေ ဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့် လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
လက်ရှိရာသီဥတု အခြေအနေအရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးနဲ့ မြေပြိုမှုဘေးသတိပြုကြဖို့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

😢21❤6🥰2🙏1
(ဖားကန့် ဥရုချောင်း ရေတက်လာမှုကြောင့် ရေကြီးမှု ရင်ဆိုင်နေရတဲ့ ဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)
😢23👎5❤1🙏1
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့တဲ့ တိုက်ချီဒိုအတွက် နာကျင်နေတဲ့ ကင်မ်
ဇွန်-၂၂၊၂၀၂၆။သတိုး/People's Spring
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။
"Taichito က မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။ သူလည်း ကျွန်တော်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေကို ဘယ်ကိုခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။ ကျွန်တော့် လိုပဲ သူ စောင့်နေခဲ့တယ်။" လို့ ကင်မ်က သူ့ခံစားချက်ကို ရေးသားထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုဟာ ဇွန်လ ၂၁ရက် ညဦးပိုင်း မှာ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၅၄)သေဆုံးသွားတာပါ။
"ကျွန်တော်လိုပဲ သူလဲမေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။အခုတော့ Taichito လည်း မရှိတော့ပါဘူး။ သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။" လို့ ကင်မ်က ရင်ဖွင့်ထားတာပါ။
တိုက်ချီဒိုလေးကို ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ကိုထိန်လင်း မြန်မာပြည်ကို ခေတ္တရောက်ချိန် မိခင်အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်ချီဒိုလေးကို မိသားစုဝင်တစ်ဦးလို ချစ်ခင်ပြီး ၂၀၂၁ နှစ်လယ်ပိုင်းလောက်အထိ ၁၁ နှစ်လောက် အတူ ရှိခဲ့တာပါ။
"ကျွန်တော်ကိုယ်တိုင်လည်း မေမေကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။သူက မေမေကို စောင့်ခဲ့တယ်။ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။မေမေကို လွတ်မြောက်ခွင့်ပေးပါ။" လို့ ကင်မ်က တောင်းဆိုထားပါတယ်။
မိခင်ဖြစ်သူ အသက်ရှင်ကြောင်း သက်သေပြဖို့ ဧပြီလကတည်းက ကင်မ်ဦးဆောင်ပြီး Proof Of Life ကမ်ပိန်းကို ပြုလုပ်ကာ တောင်းဆိုနေပေမယ့် စစ်တပ်ဘက်ကတော့ အတည်ပြုတာမျိုး မရှိသေးပါဘူး။

😢32❤1🤮1🥴1😭1
အာရက္ခသတင်းမီဒီယာကောင်စီကို ရခိုင်သတင်းသမားတွေ ဖွဲ့စည်း
■သတင်းလွတ်လပ်ခွင့်၊ ဘေးကင်းလုံခြုံရေးနဲ့ သာရေး၊ နာရေးကိစ္စရပ်တွေအတွက်ဖွဲ့တာလို့ အသိပေး
ဇွန်-၂၂၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
ရခိုင်ပြည်တွင်းနဲ့ ပြည်ပရောက် လွတ်လပ်တဲ့ရခိုင်သတင်းသမားတွေ ဦးဆောင်ပြီး အာရက္ခမီဒီယာကောင်စီ(APC) ကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ (ဇွန်လ ၂၂ ) မနက်ပိုင်းမှာ အဲဒီကောင်စီက ထုတ်ပြန်ပါတယ်။
ကောင်စီကိုရခိုင်သတင်းသမား ၃၃ ဦးက ဇွန်လ ၁၄ ရက်နေ့မှာ အစည်းအဝေးတရပ်ပြုလုပ်ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလို့ဖော်ပြပြီးသတင်းသမားတွေရဲ့ လွတ်
လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်
ခွင့်မြှင့်တင်ရေး၊ ဘေးကင်းလုံခြုံရေးနဲ့ အ
ကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဌာန်းကျင့်သုံးရေးနဲ့ သတင်း စာပညာဆိုင်ရာအရည်အသွေးကဏ္ဍစုံမြှင့်တင်ရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“APC ကို ဖွဲ့စည်းရတဲ့ အဓိကအကြောင်းရင်းကသတင်းသမားတွေလွတ်လပ်စွာ သတင်းရယူခွင့်ရဖို့ရယ်၊သတင်း လွတ်လပ်ခွင့်တွေ ပိုပြီးမြင့်တက်ဖို့ပေါ့နော်။ သတင်းသမားတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်မှုရရှိရေး စတာ တွေကို လုပ်ပေးချင်တယ်။ ပြီးရင် သတင်းသမားတွေကို ပိုပြီးတော့ capacity building ဖြစ်အောင် လုပ်ပေးချင် တယ်ပေါ့လေ။ အဲဒါတွေကြောင့် ဖွဲ့စည်းရတာဖြစ်ပါတယ်ခင်ဗျ” လို့ APC ပြောရေးဆိုခွင့်ရှိသူ ကိုတေဇာအောင်က ပြောပါတယ်။
အာရက္ခမီဒီယာကောင်စီအနေနဲ့ ပြည်ပရှိ သ
တင်းမီဒီယာအဖွဲ့အစည်းတွေ၊ ရခိုင်ဒေသအာဏာပိုင်အစိုးရဖြစ်တဲ့ AA တို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး ရခိုင်သတင်းသမားတွေရဲ့သာရေး၊ နာရေးကိစ္စရပ်တွေကိုလည်း ကူ
ညီဆောင် ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင်မြေပြင်မှာသတင်းရယူခွင့်နဲ့ ပတ်
သက်လို့ အာဏာပိုင်တွေနဲ့ သတင်းထောက်တွေကြား အမြင်မတူမှုတွေ ကို ညှိနှိုင်းပေးသွားမှာဖြစ်ပြီး သတင်းသမားတွေအတွက် ကျင့်ဝတ်၊ စံနှုန်းတွေလည်း ရေးဆွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“တချို့အပိုင်းတွေမှာလုံခြုံရေး၊စစ်ရေးနဲ့ဆိုင်တဲ့အခါကန့်သတ်ချက်တွေတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ရဲ့ အစိုးရဖြစ်တဲ့ AA ကလည်း သူ့ပြည်သူတွေတခုခုဖြစ်မှာကို စိုးရိမ်တယ်၊စစ်ရေး၊လုံခြုံရေးကိုစိတ်ပူတယ် ပေ့ါနော်။ ဒီဘက်က သတင်းသမားကျတော့လည်း ဒါကို သတင်းထုတ်သင့်တယ်ဆိုပြီးတော့ မြင်တာမျိုးတွေရှိ တယ်။ ဒီလိုအမြင်မတူတာလေးတွေကိုဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ ဘယ်လိုကျော်လွှားကြမလဲ၊ ကျွန် တော်တို့သတင်းသမားတွေဘက်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုသတ်မှတ်ကြလဲ၊ ဒါကို ကျွန်တော်တို့ လုပ်ချင်လို့ ဒါကို လုပ်ရတာဖြစ်တယ်” လို့ ကိုတေဇာအောင်က ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်အတွင်းကမြို့နယ် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်း
ချုပ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ တရားဥပဒေစိုးမိုးရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းတွေကိုပါ ဆောင်ရွက်နေတာပါ။
အဲဒီလိုအခြေအနေမှာ မြေပြင်မှာရှိနေတဲ့ သ
တင်းသမားတွေဟာမြေပြင်အခြေအနေသ
တင်းတွေကို ရေးသား၊ ထုတ်လုပ်ဖို့ ရိုက်ကူး၊ မေးမြန်းကြတဲ့အခါ အောက်ခြေအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်လိုအပ်ပြီး တ ခါတရံ သတင်းယူခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်လို့ သတင်းထောက်အချို့က ပြောကြပါတယ်။
ဒါ့ကြောင့်အခုလိုသတင်းသမားတွေကို အ
ကာအကွယ်ပေးဖို့ ရည်ရွယ်တတဲ့ အာရက္ခမီဒီယာကောင်စီ ပေါ်ပေါက်လာတဲ့အပေါ် ကြိုဆိုပြီး သတင်းသမားတွေအတွက် ရပ်တည်၊ ကာကွယ်ပေးဖို့ မျှော်လင့်တယ်လို့ APC အဖွဲ့ဝင်ဖြစ် တဲ့ ရခိုင်မှာနေထိုင်သူအလွတ်တန်းသ
တင်းထောက် ကိုအောင်စိုးက ပြောပါတယ်။
“ကျွန်တော်တို့ မြေပြင်မှာရှိနေတဲ့သတင်းသ
မားတွေမှာစိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။အဲဒီလို စိန်ခေါ်မှုတွေကိုသတင်းသမားတဦး၊ တယောက်ကပဲ ထုတ်ဖော်ပြောဆိုတာက မြေပြင်မှာ အလုပ်မဖြစ်ပါဘူး။ APC က သတင်း သမားတွေရဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ရှေ့ကနေပြီးမှ ထုတ်ဖော်ပြောဆိုတာကပိုပြီးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါကြောင့် APC က သတင်းသမားတွေအတွက် ဘယ်အခြေအနေမှာမဆို အကာအကွယ်တခုအဖြစ် ရပ်တည် ပေးဖို့ကို မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အာရက္ခမီဒီယာကောင်စီကို ယာယီကော်မတီတွေနဲ့ လည်ပတ်နေပြီး ဖွဲ့စည်းပုံအ
ခြေခံဥပေဒ(မူကြမ်း)နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲနေကာ မကြာခင်ကျင်းပမယ့် ညီလာခံမှာ အတည်ပြုလုပ်ဆောင်သွား မယ်လို့ ကောင်စီဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
အဲဒီလို သီးခြားလွတ်လပ်တဲ့သတင်းသမားတွေစုစည်းပြီးအာရက္ခမီဒီယာကောင်စီဖွဲ့စည်းလိုက်တဲ့အပေါ် AA ရဲ့ အမြင်၊ သဘောထားကို သိရဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

👍29❤3🔥3🤮1