People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ ဆုံးဖြတ်

ဇွန်-၂၂၊၂၀၂၆။ဇော်၀င်း/People's Spring

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အခုဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

"တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေ ဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေ အပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်"လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ
ကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစပြီး FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှု နဲ့အတူ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်က လူထုအပေါ် ဖိအားဖြစ်လာစေခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုများပိုမိုဆိုးရွာလာပြီး ရပ်ကွက်ရုံးအဆင့်ကနေ ဝန်ကြီးဌာနအထိ ငွေပေးဖြေရှင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ကလည်းပြီးခဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်

ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အား
နည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေအန္တရာယ်တွေရဲ့ အကျိုးဆက်အဖြစ် လွတ်လပ်မှုမရှိတဲ့ တရား
စီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ်ဖြတ်ကျော် ငွေ
ကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ ဖော်ပြပါတယ်။
👍35👏9🤣21🥰1🤮1
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က လမ်းမတနေရာကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍46👏4🤣2🥰1🤮1
နှင်းဆီလှုပ်ရှားမှုမှာ တစ်ခဲနက်ပါဝင်ပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း PMP ထုတ်ပြန်

ဇွန်-၂၂၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

"People Movement Platform-Myanmar အနေဖြင့် အရဲရင့်ဆုံးနှင့် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ ကြသည့် ပြည်သူ တစ်ရပ်လုံးကို ငြိမ်းချမ်းသော၊ ဒီမိုကရေစီစနစ်အခြေပြုသော၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တော်လှန်ရေးခရီးလမ်း၏ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။" လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြည်တွင်း၊ပြည်ပက ပြည်သူတွေ ပါဝင်ဆင်နွဲခဲ့ကြတာဖြစ်ပြီး PMP ရဲ့ စာမျက်နှာကနေ လူထုလှုပ်ရှားမှုတွေကို ဖော်ပြပေးခဲ့ပါတယ်။

"မြန်မာပြည်သူများသည် ဖိနှိပ်အုပ်ချုပ်မှု များ၏ ရှေ့မှောက်တွင် မိမိတို့၏ ကြံ့ခိုင်မှု၊ တော်လှန်ရေးစိတ်ဓာတ်နှင့် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်တို့ကို မည်သည့် အခါမျှ လက်မလျှော့ခဲ့ကြပါ။ လူထုအပေါ် ရည်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ဖိအားပေးမှုများ နှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် တရားမျှတမှု အတွက် ၎င်းတို့၏ ရပ်တည်ချက်ကို တည်ကြည်ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်" လို့ PMP ကထုတ်ပြန်ထားပါတယ်။

ဒီလိုငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှု နဲ့ပတ်သက်ပြီး စစ်တပ်က ရန်ကုန် ၊ မန္တလေး ၊ မုံရွာအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပန်းရောင်းတာ ၊ ပန်းဝယ်တာ ၊ ပန်းပန်တာ ပြုလုပ်တဲ့ ပြည်သူတွေကို မတရားဖမ်းဆီးမှုပြုလုပ်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ PMP က ထုတ်ပြန်ထားပါတယ်။

"စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိရန် "ငြိမ်းချမ်း‌ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်" ဟူသော စကားလုံးများကို တဖွဖွ ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်ရန်သာ ကြိုးပမ်းနေကြောင်း ဤဖြစ်စဉ်များက ထပ်မံသက်သေပြနေသည်။" လို့ ထောက်ပြထားပါတယ်။

နှင်းဆီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ တော်လှန်‌ရေးအင်အားစုတွေက အသိပေးထားပါတယ်။
👍367🥰4🤣2
(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - CJ)
53🥰5👏4💩2🕊2
ချင်းတောင်ပိုင်း လေကြောင်းအပြင်းအထန် ဗုံးကြဲနေတာ စစ်တပ်အထိနာနေလို့ဟု ဒေသခံ ပြော

ဇွန် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးသီးအလုံးရေများစွာ အသုံးပြု တိုက်ခိုက်နေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ လေကြောင်း တိုက်ခိုက်ခံရမှုတွေကို ပုံမှန်အသိပေးနေတဲ့ မင်းတပ်ဒေသခံက အခုလို ပြောပြတာပါ။

“အထိနာတာလို့လည်း ထင်၊ မရရအောင် တက်ချင်ကြတာလည်းနေမယ်။ ဆေးချတဲ့(စိတ်ကြွမူးယစ်ဆေးဝါးသုံးတဲ့) သူတွေ အများကြီးပဲ” လို့ ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို ထိုးကြွေးတာ၊တော်လှန်ရေးတပ်တွေရဲ့ ကျည်ခဲယမ်း ပြုန်းတီးစေဖို့ လူလှိုင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဇွန်လ ပထမပတ်မှာ ချင်းတောင်ပိုင်းစစ်ကောင်စီ ထိုးစစ်အကြောင်း ရှင်းပြစဉ် အသိပေးထားပါတယ်။

“စစ်ကော်မရှင်တပ်တွေကတော့ နယ်မြေတွေ ပြန်သိမ်းတယ် နယ်မြေတွေ ပြန်ချဲ့ဖို့ လုပ်တဲ့နေရာမှာ အရင်ကထက်ပိုပြီးမှ ကြမ်းတမ်းလာတယ်။ အရင်ကထက် ပို မိုက်ရူးရဲဆန်လာတယ်။ အရင်ကထက် ပိုပြီးမှ သွေးရူးသွေးတန်းဆန်လာတာမျိုးတွေ့ရပါတယ်။ သူတို့ လေကြောင်း တိုက်ခိုက်တဲ့အခါမှာဖြစ်စေ မြေပြင်စစ်ကြောင်းထိုးတဲ့ အခါမှာ ဖြစ်စေပေါ့နော် အကုန်လုံးကို မဲမဲမြင်ရာ သတ်တာ ဖြတ်တာ မီးရှို့တာတွေပေါ့နော်။ ပြီးတော့မှ သူတို့ရဲ့ ပြည်သူ့စစ်ကိုသော်လည်းကောင်း တခြား စစ်ကော်မရှင်တပ်တွေမှာ တချို့ အခြေအနေတွေမှာ မူးယစ်ဆေးဝါးတွေ သုံးပြီးမှ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ အဲဒါမျိုးတွေ သုံးပြီးမှ အလွန်အကျွံထိုးတက်တဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။” လို့ ဆလိုင်းယောမာမန်က ပြောပါတယ်

လတ်တလော စစ်ရေးအခြေအနေ အသေးစိတ်ကို ဒေသခံက ပြောဆိုခြင်းမရှိသလို စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ကလည်း သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

ဒါပေမဲ့ စစ်တပ်က လေကြောင်းကအပြင်းအထန် နေ့တိုင်း ဗုံးကြဲနေသလို လက်နက်ကြီး နဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလည်း လုပ်ဆောင်နေကြောင်း ဒေသခံက ချင်းတောင်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ပစ်ကူပေး တိုက်ခိုက်မှု ကို ပြောပါတယ်။

မင်းတပ်ဒေသခံရဲ့ အသိပေးချက်အရ စစ်တပ်ဟာ မနက်အစော(ယမန်နေ့ည သန်းခေါင်ကျော်)မှာ မင်းတပ်မြို့အနီးကို Y12 လေယာဉ်နဲ့ ၉ကြိမ် ဗုံးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ဇွန် ၂၁ညပိုင်းမှာလည်း ကန်ပက်လက် အရှေ့ခြမ်းကို တိုက်လေယာဉ်နဲ့ ၂ကြိမ်ဗုံးကြဲခဲ့ပါတယ်။

ဇွန်လ ၂၁ရက် ညနေပိုင်းမှာလည်း မင်းတပ်အရှေ့ခြမ်း တနေရာကို ၅ကြိမ် ဗုံး ၁၅လုံး ကြဲချခဲ့သလို ကန်ပက်လက်လည်း Y12နဲ့ ၆ကြိမ် ဗုံးကြဲခဲ့ပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ မင်းတပ်မြို့အနီးကို ၁၇ကြိမ် ဗုံးအလုံး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သလို ဇွန် ၂၁ရက် မနက်အစော(ဇွန် ၂၀ရက်ည သန်းခေါင်ကျော်)မှာလည်း မင်းတပ်မြို့အနီးကို ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်ဟာ ဇွန် ၂၁ရက်မနက်အစောကနေ ညသန်းခေါင်ယံအချိန်ထိ တနေန့တာအတွင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်းဗုံးကြဲမှု အကြိမ် ၅၀နီးပါး ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးအလုံးရေ ၁၁၀ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာ တလကျော်ကြာပြီ ဖြစ်သလို မင်းတပ်ပြန်ရဖို့ ထိုးစစ်ဆင်နေတာဟာလည်း သုံးပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ စစ်ရေးသတင်းတွေ အချိန်နဲ့ တပြေးညီထုတ်ပြန်တာ မရှိပေမယ့် ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်းမယ်လို့ အသိပေးထားသလို ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ် တပ်လှန်အောင် ဖို့ အခွင့်အရေး အကောင်းဆုံးဖြစ်လို့ ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ နှိုးဆော်ထားပါတယ်။
👎245👍3🤣3🔥2🤬2👌1
(မင်းတပ်မြို့ တနေရာကို စစ်တပ်က ၂၀၂၆ ဇွန်လ ၁၇ရက်မှာ လေကြောင်းကနေ ဗုံးကြဲပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Hkl_Mindat)
👎22🤬14👍4👏1🤣1
သံတောင်ကြီးနယ်က စစ်တပ်စခန်း KNU တိုက်ခိုက်မှု လက်နက် ၃လက်ရ

ဇွန်-၂၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူး(မုန်း)မြိုကနယ် ဒိုးဒိုရွာက စစ်တပ်စခန်းကို ဇွန်လ ၂၀ရက် ညပိုင်းမှာ KNLA တပ်ရင်း(၈)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒိုးဒိုရွာဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပြီး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ အဲဒီမှာ စစ်ကောင်စီရဲ့ ခမရ(၄၃၉) တပ်ရင်း ထိုင်ထားတာလို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ် ဖော်ပြမထားပေမဲ့ လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းပုံတွေနဲ့ အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တာက MA-1 သေနတ် (၂) လက်နဲ့ MA-3 သေနတ် (၁)တို့ ဖြစ်တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

မေလအတွင်းကလည်း ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂ခုကို KNLA တပ်ရင်း(၈)က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

မုန်းဒေသ တောင်စုရွာနဲ့ ရွာကြီးအင်းကြားက စစ်တပ်စခန်းကို မေလ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထီးလေထာ နေရာက စစ်တပ်စခန်းကို မေလ ၂၃ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၆ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ထံက လက်နက်မျိုးစုံ ၁၁လက် နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ဟု ဓာတ်ပုံမှတ်တမ်းနဲ့ အသိပေးထားပါတယ်။သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေက MA-1 (၆)လက်၊ MA-3 (၄)လက်၊ MA-4 (၁) လက်နဲ့ ကျည်၊ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
👍33🥰43👏3🤣2
35👏9🥰3🤣3👍2
ပုလဲနယ်မှာ PDF တွေ လက်မခံဖို့ ကျေးရွာတွေကို စစ်တပ်က ခြိမ်းခြောက်စာ လိုက်ကပ်နေ

ဇွန် ၂၂၊ ၂၀၂၆။ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက ပုလဲမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ကာ ဓါတ်တိုင်တွေမှာ ခြိမ်းခြောက်စာတွေလိုက်ကပ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဝါဒဖြန့်စာရွက်တွေမှာ လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးတာတွေ ပြုလုပ်တာဟာ PDF တွေရှိလို့ဆိုပြီး ရေးသားထားပါတယ်။

ဒါ့ကြောင့် NUG၊ PDF တွေကို လက်မခံဖို့နဲ့ လမ်းပိတ်တာ၊ မိုင်းထောင်တာတွေ မပြုလုပ်ဖို့ တားမြစ်ကြောင်း ၎င်းစာရွက်မှာ ရေးသားထားပါတယ်။ သတိပေးချက်ကို မလိုက်နာပါက ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူမှာမဟုတ်ကြောင်း ၎င်းဝါဒဖြန့်စာရွက်မှာ ခြိမ်းခြောက်ထားပါတယ်။

"နောက်နေ့လည်း ထပ်လာမယ်ဆိုပြီးပြောသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စာရွက်ကပ်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ ချောင်းကန်ကျေးရွာက ဝက်တစ်ကောင်ကို ရိက္ခာအဖြစ် သတ်ဖြတ်ယူဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း လည်ငေါက်-တမာပင်ခွ လမ်းဘေးက စပါးစိုက်နေကြတဲ့ တောင်သူတွေရဲ့ ဆိုင်ကယ် ၅ စီးခန့်ကို သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင်အတွင်းဘည်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး PDF တွေစိုးမိုးထားတဲ့ လမ်းပိုင်းတွေကို သိမ်းယူနိုင်ဖို့နဲ့ မြို့ပေါ်ရုံးတွေ ပြန်ဖွင့်နိုင်အောင် ကြိုးစားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
🤬27👎74🔥2👍1🤣1
(စစ်အုပ်စု ကပ်သွားသည့် ဝါဒဖြန့်စာ ဓာတ်ပုံ-အညာမြေပုလဲ)
😁30🖕10🤣3👎1
ရေတာရှည် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ

ဇွန် -၂၂၊၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ဆွာရွာမစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေမှာလည်း စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာအပြင် ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

"တိုက်ပွဲက ပြင်းထန်နေတုန်း၊အခုချိန်ထိပဲ။ သူတို့စစ်ကြောင်းထိုးလာတာရှိသလို ပြင်ဆင်လာတာရှိတယ်။တိုက်ပွဲတွေ ရှေ့ဆက်ပြီး ပြင်းထန်လာနိုင်တယ်။မြေပြင်မှာထိုးနေသလို လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတယ်"လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းတွေက ပိတောက်ကုန်း၊ နဂျပ် နဲ့ အင်းကြီးပေါက်ကျေးရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။

"စစ်ဘေးရှောင်တွေများလာတယ်။အခုက ၂၀၀၀ ကျော်ရှိတယ်။တိုက်ပွဲအခြေအနေအရ ရှေ့လျှောက်ပိုများလာဖို့ရှိတယ်"လို့ စစ်တောင်းမြစ်အရှေ့ဘက်က စစ်ရှောင်ကူညီနေသူတစ်ဦး ပြောပါတယ်။

ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအချက် အလက်တွေအရ ပိတောက်ကုန်း၊ အိုးမြေတူး၊စီပိုင်း၊ရှမ်းရွာလေး၊ကျွန်းကုန်း၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကျိပ်ပတီးကျေးရွာက ‌ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

အခုဇွန်လ ၃ ရက်က ဆွာမကြီးစခန်းတိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူးကျော်လင်းအောင်အပါအဝင် စစ်တပ်က ၂၀ ကျော် သေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ခု သိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
👍32🥰41🤣1
(ရေတာရှည်မြို့နယ် အခြေစိုက်၊တပ်ရင်း၃၅၀၄၊တပ်ခွဲ၁က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း၃၅၀၄တပ်ခွဲ(၁))
👍3214🥰3🤣1
■​ဆောင်းပါး

ရှီကျင့်ဖျင် ​ပေးတဲ့ တရားဝင်မှုက
မင်း​အောင်လှိုင် သက်ဆိုးရှည်​​စေမလား

-သော်မွန်/People’s Spring

ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်
ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့
ပွဲဦးထွက် အိန္ဒိယခရီးစဥ်မှာ သဘောတူညီမှုတွေ လက်မှတ်မရေးထိုးနိုင်ခဲ့ပေမယ့် ၅ရက်
ကြာတရုတ်ခရီးစဥ်မှာတော့ ရှီကျင့်ဖျင်က
​​ပေကျင်းမြို့က ပြည်သူ့ခန်းမ​ဆောင်ကြီး (The Great Hall of the People)မှာ ​တွေ့ဆုံခဲ့သလိုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နှစ်ဘက်စလုံးက ထုတ်ပြန်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ လူ့စွမ်းအားအရင်း
အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာ
ရေးနဲ့ မီဒီယာအစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်မှတ်ရေးထိုးတဲ့နေ့မှာ စစ်တပ်ဘက်က သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာ(MoU) ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့် နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ၁၈ ခုဆိုတဲ့ အရေအတွက် မပါလာတော့ပါဘူး။ တရုတ်အစိုးရပိုင်သတင်းဌာနတွေမှာတော့ ကနဦးထုတ်ပြန်စဥ်ကတည်းက အရေအတွက် မဖော်ပြခဲ့ပါဘူး။

သမ္မတရှီကျင့်ဖျင် နဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်
ရေးကို ပိုမိုခိုင်မာစေဖို့၊ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အ
ဝန်းတည်ဆောက်ရေးကို ပိုမိုခိုင်မာလေးနက်မှုရှိစေဖို့ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖ
လှယ်ခဲ့ကြကာ အရေးကြီးတဲ့ သဘော
တူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲကြေညာပါတယ်။

ဒီခရီးစဥ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် သံတမန်ရေးရာ အောင်ပွဲကြီးဖြစ်ပြီး တရုတ်က နိုင်ငံရေး၊ စီးပွားရေးအလွှာစုံ ထိတွေ့ဆက်ဆံလိုက်တာမျိုးတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုသူရိန်နိုင်က ပြောပါတယ်။
“အလွှာစုံဆိုတာ သမ္မတတင်မကဘူး။ NPC - National People Congress တွေ၊ စီးပွားရေး အသိုင်းအဝိုင်းတွေ၊ အလွှာစုံ ထိတွေ့နိုင်လိုက်တယ်။ဆိုတော့ဒါကသူ(မင်းအောင်လှိုင်)
တစ်ယောက်တည်း အတွက်တင်မဟုတ်ဘူး။ သူအသွင်ပြောင်းထားတဲ့ regime တစ်ခုလုံးအတွက်ပါ အကျိုးစီးပွားအရရော၊ နိုင်ငံရေးအရရော အကျိုးအမြတ် အများကြီးရနိုင်တဲ့ potential ရှိတဲ့ တွေ့ဆုံမှု ၊ ထိတွေ့ဆက်ဆံမှုတစ်ခု ဖြစ်သွားပြီ”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းအုပ်စုရဲ့ တရုတ်ခရီးစဥ်မှာ Asia World ဦထွန်းမြင့်နိုင် ၊ Max ဦး​ဇော်​ဇော် ၊​ရွှေသံလွင် ဦး​ကျော်ဝင်း စတဲ့ ခရိုနီအ​ဟောင်း​တွေ​ရော ၊နိုင်ဖြိုး​ကျော်အပါအဝင် ခရိုနီလက်သစ်​တွေ​ရော လိုက်ပါသွားကြတာ​တွေ့ရပါတယ် ။နိုင်ဖြိုး​​ကျော်က မင်းသမီး ဝတ်မှုန်​ရွှေရည်ရဲ့ ခင်ပွန်း ၊​မော်ဒယ်လ် မိုးစက်ဝိုင်ရဲ့အကို ၊ မင်း​အောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက်ဖြစ်ပါတယ် ။ ခရိုနီ​တွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ အသင်း
အဖွဲ့​တွေက ​ဦး​ဆောင်သူ​တွေအစုံအလင်လိုက်ပါသွားတာမို့ စစ်အုပ်စုက အခုခရီးစဥ်ကိုအ​သေအချာပြင်ဆင်ခဲ့တာ​ထင်ရှား​​​​နေပါတယ် ။

တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်
တာလှကျော်ဇောကတော့ သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင်ကို အခုလို ဖိတ်ခေါ်လိုက်တာက တရားဝင်အသိအမှတ်ပြုလိုက်တဲ့
‘အပေး’သဘောဖြစ်ပြီး တခြားညှိနှိုင်းတာတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

သမ္မတရှီက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးစဥ်မှာ မြန်မာနိုင်ငံကို အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ ဦးစားပေးအဆင့် ထားရှိတယ်လို့ ပြောပြီး ပြည်သူလူထုထောက်ခံတဲ့ ဖွံ့ဖြိုးရေးလမ်းတွေကို ရှာဖွေဖို့ ပြောပါတယ်။ သမ္မတရှီရဲ့အဲဒီပြောကြားချက်ကအရေးကြီးပြီး သတိပေးလိုတဲ့သဘောတွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇောက ရှုမြင်ပါတယ်။

“မင်းအောင်လှိုင်ကိုခေါ်ပြီး သူ့အကြိုက်လည်း ပေး၊ ကိုယ်လိုချင်တာလည်း ပြောပေါ့ဗျာ”လို့ အထက်ပါ တရုတ်-မြန်မာအရေးကျွမ်းကျင်သူက မှတ်ချက်ပြုပါတယ်။

ဘေဂျင်းအစိုးရက နေပြည်တော်က မင်းအောင်လှိုင်တို့ကို အသိအမှတ်ပြုထောက်ခံရာမှာ ပုံပြီးယုံကြည်လိုက်တာမျိုး​တော့မဟုတ်ဘဲ အကန့်အသတ်တွေနဲ့ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ဆိုပါတယ်။
😁233👎3🥰1🤮1🤣1
မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယရော၊ တရုတ်ရော အခု မင်းအောင်လှိုင်ကို တဆင့်တက် ဆက်ဆံလိုက်တဲ့သဘောက မဖြစ်မနေ ဆက်ဆံရမယ့် အိမ်နီးချင်းဖောက်သည်အနေနဲ့ ဆက်ဆံကြတဲ့သဘောဖြစ်ပြီး မင်းအောင်
လှိုင်ကို အဆင့်မီ တိုင်းပြည်ခေါင်းဆောင်တစ်ဦးလို မဆက်ဆံတာ သိသာထင်ရှားတယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ မင်းအောင်လှိုင် အရမ်းလိုချင်နေတဲ့ အသိအမှတ်ပြုမှုကို ပေးပြီး တရုတ်တို့၊ အိန္ဒိယတို့က သူတို့ လိုချင်တဲ့ အကျိုးစီးပွားအတွက်ကိုပဲ ရည်ရွယ်ပြီး ဆက်
ဆံနေတာလို့ သူက ဆက်ပြောပါတယ်။

“တရုတ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအဆင့်အတန်းကို သိတယ်လေ၊ ဦးသိန်းစိန်တုန်းကလည်း ကြုံပြီးပြီ။ ပြည်သူ အမှန်တကယ်
မထောက်ခံတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကတိကဝတ်ဆိုတာ အချိန်မရွေး ပျက်စီးသွားနိုင်တာပဲလေ။တရုတ်က သူ့မှာ ကြုံခဲ့ရဖူးတဲ့ မြစ်ဆုံ သင်ခန်းစာလည်းရှိတယ်။မင်းအောင်
လှိုင်က ဇွတ် အာဏာလုထားတယ်ဆိုတာလည်း သိကြတာပဲ”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။

တရုတ်နဲ့ စစ်အုပ်စုတို့ ပူးတွဲကြေညာချက်အရ သဘောတူညီခဲ့ကြတယ်ဆိုတဲ့ အချက်ပေါင်း ၁၄ ချက် ရှိပြီး အဲဒီထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ဖို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မန္တလေး-မူဆယ်ရထားလမ်းလို အဓိကစင်္ကြံစီမံကိန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ပုံမှန်တိုးမြှင့်ဆောင်ရွက်သွားဖို့ သဘောတူညီချက်၊ နှစ်နိုင်ငံ အဆင့်တိုင်းမှာ နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းသွားဖို့၊ အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများကို တိုးမြှင့်သွားဖို့နဲ့ အစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ ဒေသန္တရအာဏာပိုင်အချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားဖို့ သဘောတူညီချက်တွေ ပါဝင်ပါတယ်။

နောက်ပြီးနှစ်နိုင်ငံဒေသခံပြည်သူတွေရဲ့ လူမှု
စီးပွားဘဝများကို အထောက်အကူပြုစေဖို့ စိုက်ပျိုးရေး၊ သစ်တောရေးရာနဲ့ မွေးမြူရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အရည်အသွေးမြင့် ထုတ်ကုန်များအတွက် ကန့်သတ်စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ ဝင်ရောက်ခွင့်များကို လွယ်ကူချောမွေ့စေဖို့နဲ့ နှစ်နိုင်ငံအကြား ခေတ်မီအကောက်ခွန်စီမံခန့်ခွဲမှုဆိုင်ရာများကိုရှာဖွေဖော်ထုတ်သွားဖို့ သဘော
တူညီချက်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးကဏ္ဍတွေနဲ့အညီ နှစ်ဖက်သဘော
တူထားတဲ့ အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းများကို အချိန်နဲ့တစ်ပြေးညီ အရှိန်
အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ သဘောတူညီချက်တို့လည်း ပါဝင်ပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဖို့အတွက် ဆက်သွယ်ညှိနှိုင်းမှုများနဲ့ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်
ဆောင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်
ရွက်မှုကို တိုးမြှင့်ဖို့၊ (၅)ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကို ပံ့ပိုးကူညီဖို့၊ အဆင့်မြှင့်တင်ထားတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု “၂.၀” (LMC 2.0)မူဘောင်ကို လက်တွဲတည်ဆောက်ဖို့နဲ့ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ငြိမ်းချမ်း၊သာယာဝပြောသော အေး
အတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကိုမြှင့်တင်ဖို့ သဘောတူညီချက်နဲ့ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)နဲ့ အက်ခမက်စ်(ACMECS) အပါအဝင် နိုင်ငံစုံမူဘောင်တွေမှာ အပြန်အလှန်ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားဖို့ သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်လို့လည်း တရုတ်ရဲ့ရပ်တည်ချက်အတိုင်း‘တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒ’ကို ကတိပြုထောက်ခံခဲ့ပြီး ဟောင်ကောင်၊ ရှင်ကျန်း နဲ့ ရှီးကျန့်တို့နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးအဖြစ်မှတ်
ယူကာ ခိုင်မာစွာပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ တရုတ်နဲ့ စစ်အုပ်စုတို့ သဘောတူခဲ့၊ လက်မှတ်ရေးထိုးခဲ့တာတွေနဲ့ပတ်သက်လို့ ချက်ချင်းသိရဖို့ ခက်
ခဲပြီးဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုဆက်လက်စောင့်ကြည့်ဖို့ လိုတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ နေပြည်တော်အာဏာ
သိမ်းစစ်အုပ်စုက နိုင်ငံရဲ့ဒေသအများအပြားကို ထိန်းချုပ်မှု မရရှိထားတာကို တရုတ်ကလည်း သိရှိနေမှာဖြစ်ပြီး ကိစ္စရပ်တော်တော်များများကို စုံစမ်းဆဲ၊ လေ့လာဆဲ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုကြပါတယ်။

အရင်အစိုးရလက်ထက်တွေကလည်း လက်
မှတ်ရေးထိုးပြီး လက်တွေ့ဖြစ်မလာတာတွေ အများကြီးရှိပြီး အခုလည်း တရုတ်က အနံ့လောက်သာ ပေးထားတဲ့အခြေအနေဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က ပြောပါတယ်။
😁20👎41🤣1
“ဒါတွေ တကယ် လက်တွေ့ ဖြစ်လာဖို့ မင်းအောင်လှိုင်ဘက်က အများကြီး ပြင်ဆင်ရဦးမှာ၊ ပြီးမှ နောက်တစ်ဆင့် လက်တွေ့ လုပ်ကိုင်ဖို့ အသေးစိတ်စကားပြောကြရဦးမှာ။ MoU
(နားလည်မှုစာချွန်လွှာ)လောက်နဲ့တော့ ရွှေအိုးထမ်းလာတယ်ပြောလို့မရဘူးပေါ့”လို့ အ
ထက်ပါ နိုင်ငံရေးအကဲခတ်က တရုတ်ခရီးစဥ်အတွင်း မင်းအောင်လှိုင်ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။

မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်း၊ စစ်ကိုင်း၊ ကချင်
ပြည်နယ်က စစ်တပ်ခန့် ဝန်ကြီးချုပ်တွေကို ခေါ်မသွားပေမယ့် အခုတရုတ်ခရီးစဥ်မှာတော့ စစ်တပ်ခန့် ကချင်နဲ့ ရှမ်းပြည်နယ်တို့က ဝန်ကြီးချုပ်တွေ လိုက်ပါသွားပါတယ်။ ခရီး
စဥ်မှာ ကချင်ပြည်နယ်က ထွက်ရှိ မြေရှားသတ္တုအရေးနဲ့ မြစ်ဆုံစီမံကိန်းလို အရေးကြီးကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ယူဆနေပေမယ့် ပူးတွဲထုတ်ပြန်ချက်တွေမှာ အဲဒီအရေးကိစ္စတွေ ထည့်သွင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်
သက်ရင်လည်း အာဏာသိမ်းစစ်တပ်ဟာ သူ့ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စီမံကိန်းပြန်စဖို့ အားစိုက်ကြိုးစားနေတာပါ။ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘူမိဗေဒပညာရှင်တွေကတော့ မြစ်ဆုံစီမံ
ကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။

“တရုတ်နဲ့ပတ်သက်ရင် လူထုထိလွယ်ရှလွယ်ဖြစ်နေတဲ့ မြစ်ဆုံလိုမျိုး ကိစ္စရပ်တွေမှာ ဘာပြောလိုက်လဲဆိုတာ ရှေ့မှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့”လို့ နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်အုပ်စုက သူ့တရားဝင်မှုရရှိရေး၊ အာဏာတည်မြဲရေးအတွက် တရုတ်ကို တိတ်တဆိတ် ဘာတွေ ထိုးအပ်ခဲ့သလဲဆိုတာ သမိုင်းသင်ခန်းစာတွေအရ စိုးရိမ်စရာကောင်းတယ်လို့ ရန်ကုန်သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပါတယ်။ “စစ်တပ်နဲ့ တရုတ်ကြားက သဘောတူညီမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့လူထုကို ပွင့်လင်းမြင်သာစွာ ဘာများ ချပြခဲ့လို့လဲ။ အခုလို သူတို့ ထုတ်ပြန်သလောက်ပဲ လူထုက သိကြရတာ”လို့ သူက ဆိုပါတယ်။

ဒေါက်တာ လှကျော်ဇောကလည်း စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဥ်တ
လျှောက်လုံးကို စောင့်ကြည့်ဖြစ်ပြီး အရည်
အချင်းနိမ့်ပါးလွန်းသူတစ်ဦးဆိုတာကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်လို့ မှတ်ချက်ပြုပါတယ်။ “မင်းအောင်လှိုင်မှာ တိုင်းချစ်ပြည်ချစ်စိတ်တောင် အခြေခံမရှိဘူးထင်တယ်။ ကျွန်မကကိုယ့်ပြည်သူတွေကို သတိရတယ်၊ စိတ်ထဲထိခိုက်တယ်။သူ(မင်းအောင်လှိုင်)
ကတော့ ပျော်မြူးနေတာလေ”လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

တရုတ်-စစ်အုပ်စုပူးတွဲထုတ်ပြန်ချက်အရတော့ တစ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားနဲ့ အလေးထားရမယ့် အရေးကိစ္စရပ်တွေမှာ အပြန်အလှန် ခိုင်မာစွာ ဆက်လက်ပံ့ပိုးကူညီသွားကြမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်အုပ်စုဟာ နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ သမ္မတရှီကို ကတိပြုခဲ့ပါတယ်။

နှစ်ဖက်လုံးဟာ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး ‘ရပ်ဝန်းနဲ့ ပိုးလမ်းမ’တည်ဆောက်မှုအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ်တမ်း လက်တွေ့ မြေပြင်အ
ကျိုးစီးပွားတွေ ပေါ်ပေါက်ဖို့ဆိုတာ အဝေးကြီးလိုသေးပြီး တရုတ်စီမံကိန်း အဟောင်းတွေရော အသစ်တွေရော လက်တွေ့ မြေပြင်မှာ ဖော်ဆောင်ဖို့ဆိုတာ မင်းအောင်လှိုင်အနေနဲ့ အတော်ကြီး လုပ်ယူရဦးမှာလို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်စစ်ရေး အနေအထားတွေက စီမံကိန်းတွေ အေးအေး
လူလူ ပြန်စဖို့လောက်အထိ အာမခံချက်မရှိသေးဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုတာ လတ်တ
လောဖြစ်နိုင်ခြေ မမြင်သေးဘူး”လို့ သူက ဆက်ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်
ရေးတွေကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(လားရှိုး)အပါအဝင်ရှမ်းပြည်နယ်
မြောက်ပိုင်းတခွင်လုံးနီးပါးကိုလက်လွှတ်ဆုံး
ရှုံးခဲ့ရဖူးတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်သာ အဲဒီဒေသမှာ စစ်ရေးအရပြန်လည်ဦးမော့လာခဲ့တာပါ။တရုတ်ကတော့ မြန်မာပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားပေ
မယ့် ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေက သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ဒေသတွင်းသတင်းရင်း
မြစ်တွေက ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ တို့မှာ စစ်ရေးအောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ကိုးကန့်(MNDAA)နဲ့ တအာင်း(TNLA)တို့အပေါ် တရုတ်က တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ဖိအားပေးအကြပ်ကိုင်ခဲ့တာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းဖြစ်ပြီး စစ်တပ်ဘက်က ပြန်အလေး
သာသွားခဲ့တာလို့ စစ်ရေး-နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
😁15👎4👍1🤣1
တရုတ်ဟာ မြန်မာဆီကနေ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံ၊ တသမတ်တည်းပြောဆိုပြုမှုတဲ့မိတ်ဖက်နိုင်ငံအဖြစ်အလိုရှိကြောင်း နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းခါစက စစ်တပ်ကို တရုတ်အနေနဲ့ ခပ်ခွာခွာကနေ ဆက်ဆံခဲ့တာဟာ စစ်တပ်ဆီကနေ သူလိုချင်တာတွေ မရခဲ့လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “မင်းအောင်လှိုင်အနေနဲ့ တရုတ်ကို အတိုင်းအတာတစ်ခုအထိ ပြန်စည်းရုံးနိုင်ခဲ့လို့ ဒါမျိုးကို တရုတ်က ဆက်လက်စောင့်
ကြည့်ဦးမယ်လို့ ထင်ပါတယ်”လို့ ကိုသူရိန်နိုင်က ဆက်ပြောပါတယ်။

ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးကလည်း တရုတ်အနေနဲ့ ဘယ်လိုပဲ စဉ်းစားသည်ဖြစ်စေ မြန်မာစစ်တပ်က တစ်ခုတည်းခေါင်း
ဆောင်မှု အောက်မှာရှိတာ၊ သူတို့လို ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းတာတွေကြောင့် မင်းအောင်လှိုင်ကို ရွေးချယ်လိုက်တာလို့ သုံးသပ်ပါတယ်။

“တရုတ်က အနောက်နိုင်ငံ ပုံစံ ဒီမိုကရေစီကို မကြိုက်ဘူး။စစ်တပ်ကပဲပါတီဖွဲ့ပြီး လွှတ်
တော်ကိုလွှမ်းမိုးချုပ်ကိုင်ထားမယ်၊စစ်ခေါင်း
ဆောင်တွေကပဲ အစိုးရခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတဲ့အခင်းအကျင်းဟာ တရုတ်
ကွန်မြူနစ် နိုင်ငံရေး အုပ်ချုပ်ရေးပုံစံနဲ့ သံ
တူကြောင်းကွဲပဲ။ ဒါ့ကြောင် မင်းအောင်လှိုင်ကိုအမြန်ကောက်ဝယ်လိုက်တယ်လို့မြင်တယ်”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က
ဆိုပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်အပေါ် ဆန့်ကျင်မှုတွေ ရှိနေတာကို တရုတ်က စိတ်မချဘဲ အဲဒါကြောင့် သတိနဲ့ တဖြည်းဖြည်း လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ ပေးပြီး ရေရှည် သုံးနိုင်အောင် ပြုစုပျိုးထောင်နေတယ်တယ်လို့ အထက်ပါအကဲခတ်က ယူဆပါတယ်။

ဒီအခြေအနေမှာ တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ ဘယ်သူမှ ငြင်းပယ်လို့ မရတဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်ဆိုတာ တရုတ် နားလည်လက်ခံလာအောင်လုပ်ရမှာဖြစ်တယ်လို့ ပြည်
တွင်းနိုင်ငံရေးအကဲခတ်က တိုက်တွန်းပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားကို မထိိခိုက်ဘူးဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောင်း
လဲပစ်ဖို့အထိ သဘောထားမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။

မင်း​အောင်လှိုင်ကတရုတ်စီမံကိန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေကို အစွမ်းကုန်ကာကွယ်မယ်လို့ ရှီကျင့်ဖျင်ကို ကတိပြုခဲ့တာက အာ
ရုံစိုက်စရာတစ်ခုဖြစ်ပါတယ် ။အာဏာသိမ်း​
ခေါင်း​ဆောင်က တရုတ်စီမံကိန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေလုံခြုံ​ရေးကိုအာမခံတယ်ဆို​ပေမယ့် ကျောက်ဖြူ​ရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွား​ရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်း​တွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို အာရက္ခတပ်​တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါ့အပြင် AA က အခုလပိုင်းမှာ ​ကျောက်ဖြူ ၊စစ်​တွေမြို့​တွေကစစ်တပ်စခန်း​
တွေကို အရှိန်မြှင့်ထိုးစစ်ဆင်​နေပါတယ် ။

အလားတူ တရုတ်နိုင်ငံကမြန်မာနိုင်ကအဓိကဝယ်ယူ​နေတဲ့ ​မြေရှားဓါတ်သတ္ထု​တွေဆိုရင်လည်းကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) ကထိန်းချုပ်​ဒေသ​တွေမှာအဓိကထွက်ရှိ​​ နေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း
တ​လျှောက် ​ဒေသအများအပြားကို​တော်လှန်​ရေးတပ်​တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်း​တော်လှန်​ရေးတပ်​​တွေစိုးမိုးထားတဲ့ ​ဒေသ​တွေမှာရှိ​နေတာဖြစ်ပါတယ်။

“မင်းအောင်လှိုင်လော်ဘီတွေက တရုတ်ရဲ့ ရပ်တည်ချက်ကို ပုံကြီးချဲ့ပြီး စိတ်ဓါတ်စစ်
ဆင်ရေးအတွက်သုံးနေတာပါ။ တော်လှန်ရေး
အဖွဲ့တွေအနေနဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ရှည်ရှည် သတိကြီးကြီးနဲ့ချဉ်း
ကပ်ကြဖို့ လိုတယ်”လို့ အဲဒီနိုင်ငံရေးအကဲ
ခတ်က အကြံပြုပါတယ်။

ဆက်လက်ပြီး သူက “တရုတ်အပါအဝင် အိမ်
နီးချင်းနိုင်ငံတွေ မငြင်းပယ်နိုင်တဲ့ လက်တွေ့ မြေပြင်မှာစစ်ရေး၊နိုင်ငံရေးစည်းရုံးရေး ရ
လဒ်ကောင်းတွေ ဖေါ်ဆောင်နိုင်ဖို့ လိုတယ်”
လို့ အကြံပြုပါတယ်။

ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေ နဲ့ တော်လှန်​ရေးအဖွဲ့​တွေရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ ဆိုရင် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ​ပြောသလို နောက်မဆုတ်တဲ့စိတ်၊​ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဇွန်လ ၁၉ရက် ကျရောက်တဲ့ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်မ်အဲရစ် ခေါ် ကိုထိန်လင်းဆီကို စာရေး
သားရာမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။

သူက တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း ကိုထိန်လင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ “ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ စာရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်။
😁15👎31👍1🤣1
အာဏာလု​ခေါင်း​ဆောင်ကို ရှီကျင့်ဖျင်က ပြည်သူ့ခမ်းမ​ဆောင်ကြီးမှာ အသိအမှတ်
ပြု ​ခဲ့ပေမယ့် အာဏာသိမ်းပြီး​နောက်ပိုင်းနေ့စဥ်နဲ့အမျှပြည်သူ​ထောင်​ပေါင်းများစွာသတ်ဖြတ်၊​နေအိမ်သိန်းချီမီးရှို့ တစ်နိုင်ငံလုံးအနှံ့ ဗုံးပတ်ကြဲ​နေတဲ့ မင်း​အောင်လှိုင်ကို ပြည်သူ​တွေက နိုင်ငံ​ခေါင်း​ဆောင်အဖြစ် အသိအမှတ်ပြုနိုင်ပါ့မလားဆိုတာ အဓိက​မေးခွန်းဖြစ်လာမှာပါ ။ ပြည်သူ့ခန်းမ​ဆောင်ကြီးမှာ ရှီကျင့်ဖျင်က ICCရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားအာဏာရှင် ပူတင်ကိုလည်းလက်ခံ​တွေ့ဆုံဖူးပါတယ် ။ မင်း​အောင်လှိုင်ကိုလည်း အာဂျင်တီးနားတရားရုံးက ၂၀၂၅ ​ဖေ​ဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ထားသလို ၊အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး
(ICC)က ဖမ်းဝရမ်းထုတ်​ပေးဖို့တရားလို​ပြရှေ့​နေက ၂၀၂၄ နိုဝင်ဘာလမှာ ​လျှောက်
ထား ထားပါတယ်။ဒါ့အပြင် မင်း​အောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်​တွေ ကျုးလွန်ထားတဲ့စစ်ရာ
ဇတ်မှု​တွေအတွက် အ​​ရှေ့တီ​မော နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတရားရုံး​တွေမှာလည်း တရားစွဲဖို့ကြိုးစား​​​နေကြပါတယ် ။

တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်က ဆက်ဆံရေးကောင်းမွန်ခဲ့ဖူးတဲ့ သာဓကရှိပြီး လက်ရှိတော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နဲ့ ပြောဆိုဆက်ဆံရာမှာ တစ်ယောက်တပေါက်ဖြစ်လို့ မရဘဲ စိတ်ချယုံ
ကြည်ရတဲ့ မိတ်ဖက်၊ တသမတ်တည်းဖြစ်ဖို့လိုအပ်ကြောင်း ကိုသူရိန်နိုင်က အကြံပြုပါတယ်။

“reliable partner ဖြစ်တယ်ဆိုတာကို တရုတ်ကိုကိုယ့်ဘက်ကအမြဲတမ်းပြသနေနိုင်ဖို့ လိုတယ်။အဲဒီလိုမှပဲတရုတ်နဲ့ကဒီထက်ပိုပြီး အဆင်ပြေတဲ့ အရွေ့တွေ လုပ်နိုင်မှာ”လို့ သူ
က ဆိုပါတယ်။

ဒီစစ်အာဏာရှင်စနစ်ရှိနေသရွေ့ မြန်မာပြည်ကြီး မတိုးတက်နိုင်၊ မငြိမ်းချမ်းနိုင်ဘူးဆိုတာ ပြည်သူလူထုသိရှိထားပြီးဖြစ်ကြောင်းနဲ့ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့အရေးကြီးကြောင်း
ဒေါက်တာလှကျော်ဇောက တိုက်တွန်းပါတယ်။အာဏာသိမ်းစစ်တပ်နဲ့ မင်းအောင်လှိုင်ကို တရုတ်မပြော နဲ့ သိကြားမင်းဆင်းကယ်လည်း ရနိုင်မယ် မထင်ကြောင်း သူက ဆက်ပြောပါတယ်။

“ဘယ်သူက ဆက်ဆံ ဆက်ဆံ၊ ကျွန်မ စောနက ပြောသလို ဘယ်သူက ကယ်ကယ် ဒီမင်းအောင်လှိုင်ကိုတော့ ကယ်လို့ရမယ် မထင်ဘူး။ ဒီစစ်တပ်ကတော့ သွားမှာပဲ။ ‘နိုင်’ရေးအတွက် ဝိုင်းကြိုးစားဖို့ပဲ”လို့ သူမက ဆိုလိုက်ပါတယ်။ ။
😁19👍2🔥1🤣1
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​​အောင်လှိုင် ကိုတရုတ်သမ္မတရှီကျင့်ဖျင် က ကြိုဆိုလက်ခံ​တွေ့ဆုံစဥ် / မင်း​အောင်လှိုင် ခရီးစဥ်မှာလိုက်သွားတဲ့ ခရိုနီ​တွေ ။ဓါတ်ပုံ-FMPRC ၊စစ်​ကောင်စီ
🤣15🖕13🔥4👎1💩1