“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် ပြည်သူနဲ့ ပြန်ဆုံဆည်းခွင့်ရရေး အလေးအနက်ထားကြိုးစားနေဟု NUG ယာယီသမ္မတ ပြော
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။ ဇွန်လ ၁၉ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတ ပြောကြားခဲ့တဲ့ အမှတ်တရစကားကောက်နုတ်ချက်ကို NUGက ဇွန်လ ၂၀ရက်မှာ ထပ်မံ ဖော်ပြခဲ့တာပါ။ NUG ပြည်ထောင်
စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မွေးနေ့ အမှတ်တရ စကားကိုလည်း ဖော်ပြခဲ့ရာ လူ
ထုခေါင်းဆောင်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ ခိုင်
မာသော နိုင်ငံရေး ခံယူချက်တွေဟာ ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစားဂုဏ်ယူဖွယ်ရာ"စံပြမီးရှူးတန်
ဆောင်"နဲ့ ကြီးမားသော စိတ်ခွန်အားတစ်ရပ်ဖြစ်ဟု ပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ရက်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ထင်ရှားစွာပြနေတဲ့ ပြယုဂ်ဟု ကုလမှာ
ဦးကျော်မိုးထွန်း တင်ပြ
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ် တစ်ခုပင်ဖြစ်နေသေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစည်းအဝေးကို ဇွန် ၁၉ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကို မီးမောင်းထိုး ဖော်ပြ ပြောကြားခဲ့တာပါ။ကမ္ဘာတစ်ဝှမ်းမှာ “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင် သက်ရှိထင်ရှား ရှိနေကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသဖို့ စစ်အုပ်စုကို တောင်းဆိုနေတယ်လို့ အသိပေးပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုသေဆုံး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ သေဆုံးသွားပါတယ်။သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ ခွေးက
လေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။အဲဒီအချိန်ကတည်းက အသက်(၁၆)
နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်
လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။ တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ကတည်းက သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။
◾️ကျောက်ကြီးဒေသမှာ စစ်သားတွေ အုပ်စုလိုက် KNU ထံအလင်းဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။ဇွန်
လ ၉ရက်နဲ့ ၁၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ အဖွဲ့လိုက် အလင်းဝင်လာတာ ဖြစ်
ကြောင်း အသိပေးထားပါတယ်။ ဇွန်လ ၉
ရက် အလင်းဝင်လာသူတွေက ကော့သောင်းမြို့ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး ဖြစ်ပြီး ဇွန်လ ၁၅ရက်မှာတော့ ပေါက်ခေါင်းမြို့ ခမရ (၅၃)တပ်ရင်းက တပ်သား ၁၁ဦးဟာ KNU တပ်မဟာ(၃) နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၃)ထံ အလင်းဝင်ဘက်ပြောင်းလာတာလို့ ဖော်ပြထားပါတယ်။
◾️လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်ဆုတ်ခွာသွားပေမဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု မြို့နယ်ပကဖ ပြော
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်
ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်

❤21👍5🤣3
ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၁၄ရက်က လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကို မြို့နယ် ပကဖက ဇွန် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝေးဝေးရှောင်ကြဖို့လည်း ပကဖ တာဝန်ရှိသူက တိုက်တွန်းပါတယ်။
◾️ရွှေကူကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွား
ရွှေကူမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်
ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဇွန်လ ၂၀ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးတာ ဖြစ်ပါတယ်။ အသေစိတ်အချက်အလက်တွေ မရသေးပေမယ့် စစ်တပ်က သေဆုံးသူတွေများပြီး ထွက်ပြေးနေသူတွေ၊ လက်နက်ချအလင်းဝင်သူတွေရှိတယ်လို့ ဆိုပါတယ်။
◾️ဖားကန့်ရေဘေးတစ်ပါတ်ကျော်လာပြီးပိုဆိုးလာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့က ငှက်ပျောတောရပ်ကွက်နဲ့ မရှီကထောင်ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာအုပ်စုနဲ့ ကျေးရွာအများစုက မြေနိမ့်ပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဇွန်လ၂၀ ရက် ညပိုင်းမှာ မိုးကြီးခဲ့လို့ ရေဘေးအခြေအနေပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။
◾️ရွှေကူမြို့ပေါ်ကပြည်သူတွေစစ်ဘေးမရှောင်ဖို့စစ်တပ်ကတားမြစ်ပိတ်ပင်ဟု KIA
ပြော
ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ အသိပေးပါတယ်။ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းလာလို့ မေလဆန်းကတည်းက ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးရွာနဲ့ ရွှေကူအကြားမှာတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ရာ လက်ရှိမှာ ရွှေကူမြို့ပေါ်အထိပါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
◾️ခါမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့ စစ်တပ်ပြန်ထိန်းချုပ် ၊ တိုက်ပွဲဆက်ပြင်းထန်နေ
အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။ခါမ်းပတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က မတူညီတဲ့ဘက်တွေကစစ်ကြောင်းသုံးကြောင်းနဲ့ စစ်
ကြောင်းထိုးလာတာကြောင့် ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ခါမ်းပတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ် ရေးသတင်းမြစ်တွေကပြောပါတယ်။ စစ်တပ်ကတော့ ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဇွန် ၂၀ မှာစစ်
တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ဖော်ပြနေပါတယ် ။
◾️တောင်ကြီးမြို့အဝင်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်ဆေးမှုတင်းကျပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်
အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။ဇွန် ၂၀ ရက်ညနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတောင်ကြီးမြို့အဝင်မှာရှိတဲ့ တောင်လေးလုံးရွာဘက်မှာပေါက်ကွဲမှုဖြစ်တာပါ။ အဲဒီရွာနားကစက်သုံးဆီဆိုင်နှစ်ဆိုင်နဲ့ ပြည်ထောင်စုကားလမ်းတစ်နေရာမှာပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။ တောင်လေးလုံးရွာရှိ Denko နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့ရဲ့ အုတ်တံတိုင်းအနီးနှစ်နေရာနဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း တောင်လေးလုံးနဲ့ ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ ရှိ ရေထွက်မြောင်းပြွန်အတွင်းပေါက်ကွဲမှုဖြစ်တာပါ။
◾️မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀
နီးပါး လေကြောင်းတိုက်ခိုက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေ
ကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။ ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံး

❤24🤣3
ပြု တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဟာဇွန်လ ၂၀ ရက်ည သန်းခေါင်မှာ မင်းတပ်မြို့အနီးနေရာတွေကို ပေါက်ကွဲအားပြင်းဗုံးတွေအသုံးပြုပြီး ၈ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးအလုံးရေ ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ ဒါ့အပြင် မနေ့ည ၈နာရီ ၄၀မိနစ် လောက်ကစပြီး နာရီဝက်ကျော်အတွင်း မင်းတပ်မြို့ အ
ရှေ့ခြမ်းကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၂လုံးတွဲ ဗုံး နဲ့ ၁၅ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။ ညနေပိုင်းမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သလို Y12 နဲ့လည်း ၅ကြိမ် ဗုံး ၁၅လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
◾️စစ်မှုထမ်းတပ်သားသစ် ၁ဦး သင်တန်း
ဆင်းပြီး ၁လအကြာ PDF ထံအလင်းဝင်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်ရောက်လာသူဟာ ပေါက်ခေါင်းမြို့နယ်မှဖြစ်ပြီး စစ်မှုထမ်းဖို့အတင်းအကျပ် စေခိုင်းခံခဲ့ရသူ အသက်(၂၆)နှစ်အရွယ် တပ်သားသစ် ပေါ်ဦးဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ ဇွန်လ ၁၈ ရက်မှာ COBRA ONE Pakokku တပ်ဖွဲ့ထံ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️စစ်တပ်က သတင်းအစအနဖျောက်ထားလို့ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ်
ပြည်သူတွေ စိုးရိမ်နေကြရတာလို့ KIA တာ
ဝန်ရှိသူပြော
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြုတာ တွေ ပြုလုပ်ခဲ့တဲ့ အခြေအနေ၊ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။

👍34🤣3❤2👌1
စစ်တပ်လေကြောင်းရန်ကြောင့် အိမ်တိုင်း ပုန်းခိုကျင်းတွေ တူးဖို့၊ လေကြောင်းသတင်းရရင် ပုန်းခိုကျင်းမှာ နေရာယူဖို့ ကန်ပက်လက် ပအဖ ထုတ်ပြန်
ဇွန်-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်တပ်က ဇွန်လ ၁၉ရက် ည သန်းခေါင်မှာ လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၅ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ဟု အသိပေး ဖော်ပြပြီး လေကြောင်းရန်သတိပြုလိုက်နာဖို့ အခုလို ထုတ်ပြန်ထားတာပါ။
ကျင်ဒွေးမြို့ မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က စစ်ဘေးရှောင် အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ အသိပေးထားပါတယ်။
" အကြမ်းဖက်စကမမှ ကန်ပက်လက်မြို့သို့လည်း စစ်ကြောင်းထိုး လျက်ရှိနေပြီး အရပ်သားပစ်မှတ်များပါမကျန်အောင် လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် အိမ်တိုင်းအိမ်တိုင်း ပုန်းခိုကျင်းများ တူးခြင်း၊ လေကြောင်းသတင်းရရှိပါက ပုန်းခိုကျင်းများတွင်နေရာယူခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြပါရန် ထပ်မံ၍ ထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ ပြန်ရဖို့ မေလ တတိယပတ်က စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁လကျော်ကြာမြင့်ပြီဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ မနေ့က ဇွန် ၂၁ ရက်မှာ ကန်ပက်လက်အရှေ့ခြမ်း တနေရာကို တိုက်လေယာသ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့သလို ဇွန်လ ၂၀ရက်မှာလည်း လေကြောင်း တိုက်ခိုက်မှု ၈ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ ကန်ပက်လက်နဲ့ ဆက်စပ်နေတဲ့ မင်းတပ်မြို့ကိုလည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်လျက်ရှိပါတယ်။

👍45❤1😁1🤣1
မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ ဆုံးဖြတ်
ဇွန်-၂၂၊၂၀၂၆။ဇော်၀င်း/People's Spring
မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အခုဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
"တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေ ဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေ အပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်"လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ
ကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစပြီး FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှု နဲ့အတူ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်က လူထုအပေါ် ဖိအားဖြစ်လာစေခဲ့ပါတယ်။
စစ်ကောင်စီလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုများပိုမိုဆိုးရွာလာပြီး ရပ်ကွက်ရုံးအဆင့်ကနေ ဝန်ကြီးဌာနအထိ ငွေပေးဖြေရှင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ကလည်းပြီးခဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်
ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အား
နည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။
အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေအန္တရာယ်တွေရဲ့ အကျိုးဆက်အဖြစ် လွတ်လပ်မှုမရှိတဲ့ တရား
စီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။
နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ်ဖြတ်ကျော် ငွေ
ကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ ဖော်ပြပါတယ်။

👍35👏9🤣2❤1🥰1🤮1
နှင်းဆီလှုပ်ရှားမှုမှာ တစ်ခဲနက်ပါဝင်ပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း PMP ထုတ်ပြန်
ဇွန်-၂၂၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။
"People Movement Platform-Myanmar အနေဖြင့် အရဲရင့်ဆုံးနှင့် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ ကြသည့် ပြည်သူ တစ်ရပ်လုံးကို ငြိမ်းချမ်းသော၊ ဒီမိုကရေစီစနစ်အခြေပြုသော၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တော်လှန်ရေးခရီးလမ်း၏ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။" လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြည်တွင်း၊ပြည်ပက ပြည်သူတွေ ပါဝင်ဆင်နွဲခဲ့ကြတာဖြစ်ပြီး PMP ရဲ့ စာမျက်နှာကနေ လူထုလှုပ်ရှားမှုတွေကို ဖော်ပြပေးခဲ့ပါတယ်။
"မြန်မာပြည်သူများသည် ဖိနှိပ်အုပ်ချုပ်မှု များ၏ ရှေ့မှောက်တွင် မိမိတို့၏ ကြံ့ခိုင်မှု၊ တော်လှန်ရေးစိတ်ဓာတ်နှင့် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်တို့ကို မည်သည့် အခါမျှ လက်မလျှော့ခဲ့ကြပါ။ လူထုအပေါ် ရည်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ဖိအားပေးမှုများ နှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် တရားမျှတမှု အတွက် ၎င်းတို့၏ ရပ်တည်ချက်ကို တည်ကြည်ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်" လို့ PMP ကထုတ်ပြန်ထားပါတယ်။
ဒီလိုငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှု နဲ့ပတ်သက်ပြီး စစ်တပ်က ရန်ကုန် ၊ မန္တလေး ၊ မုံရွာအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပန်းရောင်းတာ ၊ ပန်းဝယ်တာ ၊ ပန်းပန်တာ ပြုလုပ်တဲ့ ပြည်သူတွေကို မတရားဖမ်းဆီးမှုပြုလုပ်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ PMP က ထုတ်ပြန်ထားပါတယ်။
"စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိရန် "ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်" ဟူသော စကားလုံးများကို တဖွဖွ ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်ရန်သာ ကြိုးပမ်းနေကြောင်း ဤဖြစ်စဉ်များက ထပ်မံသက်သေပြနေသည်။" လို့ ထောက်ပြထားပါတယ်။
နှင်းဆီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

👍36❤7🥰4🤣2
ချင်းတောင်ပိုင်း လေကြောင်းအပြင်းအထန် ဗုံးကြဲနေတာ စစ်တပ်အထိနာနေလို့ဟု ဒေသခံ ပြော
ဇွန် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးသီးအလုံးရေများစွာ အသုံးပြု တိုက်ခိုက်နေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ လေကြောင်း တိုက်ခိုက်ခံရမှုတွေကို ပုံမှန်အသိပေးနေတဲ့ မင်းတပ်ဒေသခံက အခုလို ပြောပြတာပါ။
“အထိနာတာလို့လည်း ထင်၊ မရရအောင် တက်ချင်ကြတာလည်းနေမယ်။ ဆေးချတဲ့(စိတ်ကြွမူးယစ်ဆေးဝါးသုံးတဲ့) သူတွေ အများကြီးပဲ” လို့ ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို ထိုးကြွေးတာ၊တော်လှန်ရေးတပ်တွေရဲ့ ကျည်ခဲယမ်း ပြုန်းတီးစေဖို့ လူလှိုင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဇွန်လ ပထမပတ်မှာ ချင်းတောင်ပိုင်းစစ်ကောင်စီ ထိုးစစ်အကြောင်း ရှင်းပြစဉ် အသိပေးထားပါတယ်။
“စစ်ကော်မရှင်တပ်တွေကတော့ နယ်မြေတွေ ပြန်သိမ်းတယ် နယ်မြေတွေ ပြန်ချဲ့ဖို့ လုပ်တဲ့နေရာမှာ အရင်ကထက်ပိုပြီးမှ ကြမ်းတမ်းလာတယ်။ အရင်ကထက် ပို မိုက်ရူးရဲဆန်လာတယ်။ အရင်ကထက် ပိုပြီးမှ သွေးရူးသွေးတန်းဆန်လာတာမျိုးတွေ့ရပါတယ်။ သူတို့ လေကြောင်း တိုက်ခိုက်တဲ့အခါမှာဖြစ်စေ မြေပြင်စစ်ကြောင်းထိုးတဲ့ အခါမှာ ဖြစ်စေပေါ့နော် အကုန်လုံးကို မဲမဲမြင်ရာ သတ်တာ ဖြတ်တာ မီးရှို့တာတွေပေါ့နော်။ ပြီးတော့မှ သူတို့ရဲ့ ပြည်သူ့စစ်ကိုသော်လည်းကောင်း တခြား စစ်ကော်မရှင်တပ်တွေမှာ တချို့ အခြေအနေတွေမှာ မူးယစ်ဆေးဝါးတွေ သုံးပြီးမှ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ အဲဒါမျိုးတွေ သုံးပြီးမှ အလွန်အကျွံထိုးတက်တဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။” လို့ ဆလိုင်းယောမာမန်က ပြောပါတယ်
လတ်တလော စစ်ရေးအခြေအနေ အသေးစိတ်ကို ဒေသခံက ပြောဆိုခြင်းမရှိသလို စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ကလည်း သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။
ဒါပေမဲ့ စစ်တပ်က လေကြောင်းကအပြင်းအထန် နေ့တိုင်း ဗုံးကြဲနေသလို လက်နက်ကြီး နဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလည်း လုပ်ဆောင်နေကြောင်း ဒေသခံက ချင်းတောင်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ပစ်ကူပေး တိုက်ခိုက်မှု ကို ပြောပါတယ်။
မင်းတပ်ဒေသခံရဲ့ အသိပေးချက်အရ စစ်တပ်ဟာ မနက်အစော(ယမန်နေ့ည သန်းခေါင်ကျော်)မှာ မင်းတပ်မြို့အနီးကို Y12 လေယာဉ်နဲ့ ၉ကြိမ် ဗုံးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ဇွန် ၂၁ညပိုင်းမှာလည်း ကန်ပက်လက် အရှေ့ခြမ်းကို တိုက်လေယာဉ်နဲ့ ၂ကြိမ်ဗုံးကြဲခဲ့ပါတယ်။
ဇွန်လ ၂၁ရက် ညနေပိုင်းမှာလည်း မင်းတပ်အရှေ့ခြမ်း တနေရာကို ၅ကြိမ် ဗုံး ၁၅လုံး ကြဲချခဲ့သလို ကန်ပက်လက်လည်း Y12နဲ့ ၆ကြိမ် ဗုံးကြဲခဲ့ပါတယ်။
မနေ့က နေ့လည်ပိုင်းမှာ မင်းတပ်မြို့အနီးကို ၁၇ကြိမ် ဗုံးအလုံး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သလို ဇွန် ၂၁ရက် မနက်အစော(ဇွန် ၂၀ရက်ည သန်းခေါင်ကျော်)မှာလည်း မင်းတပ်မြို့အနီးကို ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဇွန် ၂၁ရက်မနက်အစောကနေ ညသန်းခေါင်ယံအချိန်ထိ တနေန့တာအတွင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်းဗုံးကြဲမှု အကြိမ် ၅၀နီးပါး ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးအလုံးရေ ၁၁၀ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာ တလကျော်ကြာပြီ ဖြစ်သလို မင်းတပ်ပြန်ရဖို့ ထိုးစစ်ဆင်နေတာဟာလည်း သုံးပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ စစ်ရေးသတင်းတွေ အချိန်နဲ့ တပြေးညီထုတ်ပြန်တာ မရှိပေမယ့် ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်းမယ်လို့ အသိပေးထားသလို ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ် တပ်လှန်အောင် ဖို့ အခွင့်အရေး အကောင်းဆုံးဖြစ်လို့ ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ နှိုးဆော်ထားပါတယ်။

👎24❤5👍3🤣3🔥2🤬2👌1