People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စိတ်ထိခိုက်ခဲ့ရပါတယ်။ အခုဆိုရင် အိမ်က ထွက်လာတာ လေးနှစ်ကျော်ခဲ့ပေမဲ့ အဲဒီတုန်းက အကြောင်းတွေ ပြန်တွေးလိုက်တိုင်း ခွဲခွာခြင်း အနာဟာ လတ်ဆတ်မြဲပါပဲ။ တိုက်ချီဒိုလေးကို မြင်ရတဲ့နေ့က မျက်ရည်ကျတာဟာ အဲဒီအနာရဲ့ နောက်ဆက်တွဲများ ဖြစ်မလားလို့ ကျမ တွေးကြည့်မိတယ်။ ကိုယ်ချင်းစာစိတ်. . .ကိုယ်ချင်းစာစိတ်ကနေ အခြေခံလာတဲ့ ဝေဒနာ တမျိုး ဖြစ်ရင် ဖြစ်မှာပေါ့။

ဒီနေရာမှာတော့ အန်တီစုရဲ့ အလွမ်းဟာ ကျမ မှန်းဆမိတာထက် ပိုပြီး နက်ရှိုင်းပါလိမ့်မယ်။ တိုက်ချီဒိုဟာ သားကလေးရဲ့ အရိပ်လေ။ သူ့ကို အမြဲ လွမ်းနေတတ်တဲ့ သားငယ်လေးရဲ့ လက်ဆောင်လေ။ ဒီလက်ဆောင်လေးကို ချန်ထားခဲ့မယ်လို့ တွေးတဲ့နေ့က ဘယ်လို ခံစားခဲ့ရှာမလဲ။ အမြဲ တည်ငြိမ်တဲ့အသွင်နဲ့သာ မြင်ရလေ့ရှိတဲ့ အမျိုးသမီးကြီးဟာ စိတ်ထဲမှာတော့ ထိခိုက်နေခဲ့မှာပေါ့။ ဒါမှမဟုတ် သူ ချစ်တဲ့ ပြည်သူတွေအတွက် တွေးပူစိတ်က နေရာပိုယူရင်လည်း ယူနေခဲ့မှာပေါ့။ ဖြစ်နိုင်ရင် ဒီသခင်နဲ့ ဒီခွေးညိုလေး ပြန်လည်ဆုံတွေ့ကြစေချင်တာပါပဲ။

ခွေးညိုလေး တိုက်ချီဒိုလိုပဲ သခင်ကို လွမ်းပြီး စောင့်နေရှာတဲ့ ခွေးကလေးတကောင်ရဲ့ ဇာတ်လမ်းကိုလည်း ဒီနေရာမှာ ကြုံလို့ ပြောပြချင်သေးတယ်။ သူ့နာမည်ကတော့ မောင်မဲတဲ့။ မြန်မာပြည် အလယ်ပိုင်းက ခွေးကလေးတကောင်ပေါ့။

သူဟာ ခြံတခြံကို စောင့်ကြပ်ပေးရတဲ့ ခြံစောင့်အမျိုးသားက သနားလို့ ခေါ်ယူကျွေး
မွေးရင်းက သူတို့ မိသားစုဝင်လို ဖြစ်လာခဲ့တာ။ တရက်မှာတော့ မောင်မဲရဲ့ သခင်ဟာ နွေဦးဇာတ်လမ်းလေးတွေထဲ တပုဒ်အဖြစ် နံရံတွေရဲ့ နောက်ကို ရောက်သွားရှာပါတယ်။ ဇနီးသည်ကတော့ သူ့နေရပ်ရွာဆီ ပြန်သွားခဲ့ပါသတဲ့။ မောင်မဲကိုတော့ အရပ်ထဲကပဲ ဆက်ပြီး စောင့်ရှောက်ထားကြတာပေါ့လေ။ အဲဒီနောက်မှာပတ်ဝန်းကျင်က သနားစဖွယ် မြင်ကြရတာကတော့ မောင်မဲရဲ့ အလွမ်းပါ။ အရပ်ထဲမှာရှိတဲ့ အိမ်တိုင်းက သူ့ကို သနားချစ်ခင်လို့ ဘယ်လိုပဲ စောင့်ရှောက်ထားကြပေမဲ့ ညနေစောင်းချိန်တိုင်းတော့ သူဟာ သခင် နေထိုင်ခဲ့ရာ ခြံကြီးရှေ့ လာလာစောင့်တတ်ပါသတဲ့။ ဘယ်နေ့များ သူ့သခင် ပြန်လာမလဲဆိုတဲ့ အတွေးမျိုးနဲ့ ဖြစ်မှာပေါ့။ မောင်မဲကို နေ့စဉ် မြင်ရလို့ မျက်ရည်ကျရတဲ့ အိမ်နီးချင်းတဦးဆီကနေ ကျမ အဲဒီ ဇာတ်လမ်းကို ကြားခဲ့ရဖူးပါတယ်။

နွေဦးမှာ ခွေးညိုလေး တိုက်ချီဒိုလို၊ ကျမရဲ့ ကြောင်ကလေးတွေလို၊ မောင်မဲလို သခင်တွေကို ခွဲခွာလိုက်ကြရသူလေးတွေ များစွာ ရှိခဲ့ကြလိမ့်မယ်။ ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရရင်တော့ တနေ့မှာ ခွေးညိုလေးနဲ့ သူ့သခင်တို့ နေကောင်းကျန်းမာ ပြန်ဆုံကြစေချင်တယ်။ မောင်မဲလေးဆီ သူ့သခင် ပြန်ရောက်လာစေချင်တယ်။ နောက်ထပ် နောက်ထပ် သခင်တွေကို လွမ်းနေကြမယ့် ကလေးလေးတွေဆီလည်း သူတို့ သခင်တွေ အရောက် ပြန်လာစေ့ချင်တာပါပဲ။ ဒီလိုသာဆို နွေဦးရဲ့ အခွဲအခွာ ဇာတ်လမ်းလေးတွေက ပျော်စရာနဲ့သာ အဆုံးသတ်မှာပေါ့။

ဆိုပါစို့။ ကျမ ရှေ့က ဖန်သားပြင်မှာ ခွေးညိုလေး တိုက်ချီဒိုရဲ့ ဓာတ်ပုံတပုံ ရှိနေတော့ သူ့အကြောင်းကိုပဲ စိတ်ကူးပုံဖော်မိတယ်။ တနေ့. . .သူ့သခင် အိမ်ပြန်လာတဲ့တနေ့ပေါ့။ ခွေးညိုလေးဟာ အမြင်အာရုံ အားနည်းရှာပြီမို့ သူ့သခင်ကို အထင်အရှား မြင်ရရှာမယ် မဟုတ်ဘူး။ ဒါပေမဲ့လည်း သခင့်အသံ ကြားတဲ့အခါ၊ အနံ့အသက်ကို ရှူရှိုက်မိတဲ့အခါ ငြိမ်ငြိမ်ကလေး ဝပ်နေရာက ခေါင်းကလေး ထောင်လိုက်မလား။ ပြီးတော့ မမြင်မစမ်း ရှိရှာတဲ့ကြားက အပြေးကြိုဖို့ ကြိုးစားလေမလား။ သခင်ဆီ ကြိုးစားပမ်းစား အရောက်သွားတဲ့ ခွေးညိုလေးရယ် ခွေးညိုလေးကို ဆီးပြီး ပွေ့ဖက်လိုက်တဲ့ သခင်ရယ်။

စိတ်ကူးပုံရိပ်အတိုင်းသာလက်တွေ့ဖြစ်လာမယ်ဆိုရင်အရာရာအင်မတန်ကျေနပ်စရာကောင်းမှာမို့ ရုပ်သေပြကွက်တခုလိုပဲ ဒီနေရာမှာတင် လှလှလေး ရပ်ထားလိုက်ချင်တယ်။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'​စပယ်ဖြူနု' ရေးဖွဲ့တဲ့ “​​​သို့. . .ခွေးကလေးညို တိုက်ချီဒို" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။ ဒီအက်​ဆေးကို ၂၀၂၆ ​​ဖေ​ဖော်ဝါရီ ၁၆ ရက်မှာ ​ဖော်ပြခဲ့တာဖြစ်ပါတယ် ။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
😢29🤣3👍1💔1
😢244🤣2👎1💔1
■ကဗျာ

"ကစဉ့်ကလျား"

◼️လွဏ်းသစ်လူ

မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့
မင်းမရှိတဲ့အဝါရောင်ပန်းတွေ

ကိုယ်တို့ဟာ
ပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲ
ကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ

လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်
စီးနေတဲ့ချောင်းဆိုလို့
အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ်

ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့
မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်
ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ

ရေနည်းငါးတစ်ကောင်အတွက်
ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူး
အချစ်။

((The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'လွဏ်းသစ်လူ' ရေးဖွဲ့တဲ့ "ကစဉ့်ကလျား"
ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍233🤣3
13👍5🤣3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် ပြည်သူနဲ့ ပြန်ဆုံဆည်းခွင့်ရရေး အလေးအနက်ထားကြိုးစားနေဟု NUG ယာယီသမ္မတ ပြော

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။ ဇွန်လ ၁၉ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတ ပြောကြားခဲ့တဲ့ အမှတ်တရစကားကောက်နုတ်ချက်ကို NUGက ဇွန်လ ၂၀ရက်မှာ ထပ်မံ ဖော်ပြခဲ့တာပါ။ NUG ပြည်ထောင်
စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မွေးနေ့ အမှတ်တရ စကားကိုလည်း ဖော်ပြခဲ့ရာ လူ
ထုခေါင်းဆောင်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ ခိုင်
မာသော နိုင်ငံရေး ခံယူချက်တွေဟာ ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစားဂုဏ်ယူဖွယ်ရာ"စံပြမီးရှူးတန်
ဆောင်"နဲ့ ကြီးမားသော စိတ်ခွန်အားတစ်ရပ်ဖြစ်ဟု ပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ရက်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ထင်ရှားစွာပြနေတဲ့ ပြယုဂ်ဟု ကုလမှာ
ဦးကျော်မိုးထွန်း တင်ပြ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ် တစ်ခုပင်ဖြစ်နေသေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစည်းအဝေးကို ဇွန် ၁၉ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကို မီးမောင်းထိုး ဖော်ပြ ပြောကြားခဲ့တာပါ။ကမ္ဘာတစ်ဝှမ်းမှာ “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင် သက်ရှိထင်ရှား ရှိနေကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသဖို့ စစ်အုပ်စုကို တောင်းဆိုနေတယ်လို့ အသိပေးပါတယ်။

◾️ဒေါ်​အောင်ဆန်းစုကြည်ရဲ့ အချစ်​တော်​ခွေးက​လေး တိုက်ချီဒို​သေဆုံး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ ​သေဆုံးသွားပါတယ်။သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ ခွေးက
လေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။အဲဒီအချိန်ကတည်းက အသက်(၁၆)
နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်
လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။ တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ကတည်းက သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။

◾️ကျောက်ကြီးဒေသမှာ စစ်သားတွေ အုပ်စုလိုက် KNU ထံအလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။ဇွန်
လ ၉ရက်နဲ့ ၁၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ အဖွဲ့လိုက် အလင်းဝင်လာတာ ဖြစ်
ကြောင်း အသိပေးထားပါတယ်။ ဇွန်လ ၉
ရက် အလင်းဝင်လာသူတွေက ကော့သောင်းမြို့ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး ဖြစ်ပြီး ဇွန်လ ၁၅ရက်မှာတော့ ပေါက်ခေါင်းမြို့ ခမရ (၅၃)တပ်ရင်းက တပ်သား ၁၁ဦးဟာ KNU တပ်မဟာ(၃) နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၃)ထံ အလင်းဝင်ဘက်ပြောင်းလာတာလို့ ဖော်ပြထားပါတယ်။

◾️လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်ဆုတ်ခွာသွားပေမဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု မြို့နယ်ပကဖ ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်
ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်
21👍5🤣3
ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၁၄ရက်က လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကို မြို့နယ် ပကဖက ဇွန် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝေးဝေးရှောင်ကြဖို့လည်း ပကဖ တာဝန်ရှိသူက တိုက်တွန်းပါတယ်။

◾️ရွှေကူကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွား

ရွှေကူမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်
ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ‌ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဇွန်လ ၂၀ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးတာ ဖြစ်ပါတယ်။ အသေစိတ်အချက်အလက်တွေ မရသေးပေမယ့် စစ်တပ်က သေဆုံးသူတွေများပြီး ထွက်ပြေးနေသူတွေ၊ လက်နက်ချအလင်းဝင်သူတွေရှိတယ်လို့ ဆိုပါတယ်။

◾️ဖားကန့်ရေဘေးတစ်ပါတ်​ကျော်လာပြီးပိုဆိုးလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့က ငှက်ပျောတောရပ်ကွက်နဲ့ မရှီကထောင်ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာအုပ်စုနဲ့ ကျေးရွာအများစုက မြေနိမ့်ပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဇွန်လ၂၀ ရက် ညပိုင်းမှာ မိုးကြီးခဲ့လို့ ရေဘေးအခြေအနေပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။

◾️ရွှေကူမြို့ပေါ်ကပြည်သူတွေစစ်ဘေးမရှောင်ဖို့စစ်တပ်ကတားမြစ်ပိတ်ပင်ဟု KIA
ပြော

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ အသိပေးပါတယ်။ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းလာလို့ မေလဆန်းကတည်းက ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးရွာနဲ့ ရွှေကူအကြားမှာတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ရာ လက်ရှိမှာ ရွှေကူမြို့ပေါ်အထိပါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

◾️ခါမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့ စစ်တပ်ပြန်ထိန်းချုပ် ၊ တိုက်ပွဲဆက်ပြင်းထန်နေ

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။ခါမ်းပတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က မတူညီတဲ့ဘက်​တွေကစစ်​ကြောင်းသုံး​ကြောင်းနဲ့ စစ်
ကြောင်းထိုးလာတာ​ကြောင့် ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ခါမ်းပတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ်‌ ရေးသတင်းမြစ်တွေကပြောပါတယ်။ စစ်တပ်က​တော့ ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဇွန် ၂၀ မှာစစ်
တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ​တွေက​နေ ​ဖော်ပြ​နေပါတယ် ။

◾️တောင်ကြီးမြို့အဝင်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်ဆေးမှုတင်းကျပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်
အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။ဇွန် ၂၀ ရက်ညနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတောင်ကြီးမြို့အဝင်မှာရှိတဲ့ တောင်လေးလုံးရွာဘက်မှာပေါက်ကွဲမှုဖြစ်တာပါ။ အဲဒီရွာနားကစက်သုံးဆီဆိုင်နှစ်ဆိုင်နဲ့ ပြည်ထောင်စုကားလမ်းတစ်နေရာမှာပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။ တောင်လေးလုံးရွာရှိ Denko နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့ရဲ့ အုတ်တံတိုင်းအနီးနှစ်နေရာနဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း တောင်လေးလုံးနဲ့ ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ ရှိ ရေထွက်မြောင်းပြွန်အတွင်းပေါက်ကွဲမှုဖြစ်တာပါ။

◾️မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀
နီးပါး လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေ
ကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။ ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံး
24🤣3
ပြု တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဟာဇွန်လ ၂၀ ရက်ည သန်းခေါင်မှာ မင်းတပ်မြို့အနီးနေရာတွေကို ပေါက်ကွဲအားပြင်းဗုံးတွေအသုံးပြုပြီး ၈ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးအလုံးရေ ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ ဒါ့အပြင် မနေ့ည ၈နာရီ ၄၀မိနစ် လောက်ကစပြီး နာရီဝက်ကျော်အတွင်း မင်းတပ်မြို့ အ
ရှေ့ခြမ်းကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၂လုံးတွဲ ဗုံး နဲ့ ၁၅ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။ ညနေပိုင်းမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သလို Y12 နဲ့လည်း ၅ကြိမ် ဗုံး ၁၅လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

◾️စစ်မှုထမ်းတပ်သားသစ် ၁ဦး သင်တန်း
ဆင်းပြီး ၁လအကြာ PDF ထံအလင်းဝင်

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်ရောက်လာသူဟာ ပေါက်ခေါင်းမြို့နယ်မှဖြစ်ပြီး စစ်မှုထမ်းဖို့အတင်းအကျပ် စေခိုင်းခံခဲ့ရသူ အသက်(၂၆)နှစ်အရွယ် တပ်သားသစ် ပေါ်ဦးဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ ဇွန်လ ၁၈ ရက်မှာ COBRA ONE Pakokku တပ်ဖွဲ့ထံ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️စစ်တပ်က သတင်းအစအနဖျောက်ထားလို့ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ်
ပြည်သူတွေ စိုးရိမ်နေကြရတာလို့ KIA တာ
ဝန်ရှိသူပြော

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြုတာ တွေ ပြုလုပ်ခဲ့တဲ့ အခြေအနေ၊ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။
👍34🤣32👌1
👍43😢6💩42
စစ်တပ်လေကြောင်းရန်ကြောင့် အိမ်တိုင်း ပုန်းခိုကျင်းတွေ တူးဖို့၊ လေကြောင်းသတင်းရရင် ပုန်းခိုကျင်းမှာ နေရာယူဖို့ ကန်ပက်လက် ပအဖ ထုတ်ပြန်

ဇွန်-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်တပ်က ဇွန်လ ၁၉ရက် ည သန်းခေါင်မှာ လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၅ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ဟု အသိပေး ဖော်ပြပြီး လေကြောင်းရန်သတိပြုလိုက်နာဖို့ အခုလို ထုတ်ပြန်ထားတာပါ။

ကျင်ဒွေးမြို့ မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က စစ်ဘေးရှောင် အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ အသိပေးထားပါတယ်။

" အကြမ်းဖက်စကမမှ ကန်ပက်လက်မြို့သို့လည်း စစ်ကြောင်းထိုး လျက်ရှိနေပြီး အရပ်သားပစ်မှတ်များပါမကျန်အောင် လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် အိမ်တိုင်းအိမ်တိုင်း ပုန်းခိုကျင်းများ တူးခြင်း၊ လေကြောင်းသတင်းရရှိပါက ပုန်းခိုကျင်းများတွင်နေရာယူခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြပါရန် ထပ်မံ၍ ထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ ပြန်ရဖို့ မေလ တတိယပတ်က စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁လကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ မနေ့က ဇွန် ၂၁ ရက်မှာ ကန်ပက်လက်အရှေ့ခြမ်း တနေရာကို တိုက်လေယာသ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့သလို ဇွန်လ ၂၀ရက်မှာလည်း လေကြောင်း တိုက်ခိုက်မှု ၈ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်နဲ့ ဆက်စပ်နေတဲ့ မင်းတပ်မြို့ကိုလည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်လျက်ရှိပါတယ်။
👍451😁1🤣1
(၂၀၂၆ ဇွန်လ ၁၂ရက်မှာ စစ်တပ်က မင်းတပ်မြို့လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
👍36😢5🤬3🥰1😁1👌1🤣1
မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ ဆုံးဖြတ်

ဇွန်-၂၂၊၂၀၂၆။ဇော်၀င်း/People's Spring

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အခုဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

"တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေ ဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေ အပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်"လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ
ကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစပြီး FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှု နဲ့အတူ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်က လူထုအပေါ် ဖိအားဖြစ်လာစေခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုများပိုမိုဆိုးရွာလာပြီး ရပ်ကွက်ရုံးအဆင့်ကနေ ဝန်ကြီးဌာနအထိ ငွေပေးဖြေရှင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ကလည်းပြီးခဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်

ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အား
နည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေအန္တရာယ်တွေရဲ့ အကျိုးဆက်အဖြစ် လွတ်လပ်မှုမရှိတဲ့ တရား
စီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ်ဖြတ်ကျော် ငွေ
ကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ ဖော်ပြပါတယ်။
👍35👏9🤣21🥰1🤮1
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က လမ်းမတနေရာကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍46👏4🤣2🥰1🤮1