ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - မှော်မင်း သား
😱22😢19❤4🔥1💩1
■ကျန်းမာရေးဆောင်းပါး
Down Syndrome ဖြစ်စေတဲ့ အပိုခရိုမိုဆိုမ်ကို ဂျပန်သိပ္ပံပညာရှင်တွေ ဖယ်ရှားနိုင်ခဲ့
-ခါကာဘိုရေးသားသည်။
Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။
Down Syndrome ကို ခရိုမိုဆိုမ် ၂၁ အပိုတစ်ခုကြောင့် ဖြစ်ပွားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေသိရှိထားတာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပေမယ့် အဲဒီအပိုခရိုဆိုမ်ကို ဆဲလ်ထဲကနေတိုက်ရိုက်ဖယ်ရှားနိုင်တဲ့ နည်းလမ်းတော့ မရှိသေးခဲ့ပါဘူး။
အခုတော့ဂျပန်နိုင်ငံ MIE တက္ကသိုလ်က သု
တေသီတွေဟာ Down Syndrome သုတေ
သနမှာ အရေးကြီးတဲ့ အောင်မြင်မှူတစ်ခု ရရှိခဲ့ပါတယ်။ သူတို့ဟာ CSISPR-Case9 မျိုးဗီဇ ပြင်ဆင်နည်းပညာကို အသုံးပြုပြီး လူ့ဆဲလ်တွေထဲက အပိုခရိုမိုဆိုမ် ၂၁ ကို ပထမဆုံးအကြိမ် ဖယ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။
သုတေသနကို ဦးဆောင်ခဲ့တဲ့ဗီဇပြုပြင်ပြောင်းလဲမှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတတ်ရေး ယူနစ်၏ အဖွဲ့ဝင်ဖြစ်သော ဒေါက်တာရိုတာရို ဟာရှီဇူမဲ (Dr .Ryotaro Hashizume) က CRISPR စနစ်အတွက် "allele-specific editing" လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုခဲ့ပြီး အပိုခရိုမိုဆိုမ်ကိုသာ တိကျစွာ ပစ်မှတ်ထား ဖယ်ရှားနိုင်ခဲ့ကာ ပုံမှန် ခရိုမိုဆိုမ်တွေကိုတော့ မထိခိုက်စေခဲ့ပါဘူး။
အပိုခရိုမိုဆိုမ်ကိုဖယ်ရှားပြီးတဲ့နောက်ဆဲလ်တွေဟာပိုမိုကျန်းမာလာပြီးအသက်ရှင်နိုင်ချိန်ပိုရှည်လာသလိုကြီးထွားနှုန်းလည်းပိုမိုမြန်
ဆန်လာခဲ့ပါတယ်။ထို့အပြင်ခန္ဓာကိုယ်အ
တွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ အညစ်အကြေးပစ္စည်း ထုတ်လုပ်မှုလည်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။
သုတေသီတွေကဒီနည်းလမ်းကို Down Syndrome လူနာတွေဆီက ရယူထားတဲ့ Stem Cell တွေနဲ့ အရေပြားဆဲလ်တွေမှာ စမ်းသပ်ခဲ့ရာမှာလည်းအောင်မြင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီသုတေသနဟာ ဓာတ်ခွဲခန်းအဆင့်မှာပဲရှိနေသေးပေမယ့်လူ့ဆဲလ်ထဲက အပိုခရိုမိုဆိုမ်တစ်ခုလုံးကိုပထမဆုံးအကြိမ်ဖယ်ရှားနိုင်ခဲ့တာကြောင့် မျိုးဗီဇ ဆေးပညာနယ်ပယ်အတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။
သုတေသနအဖွဲ့ကတော့ယခုနည်းလမ်းကို ပိုမိုလုံခြုံပြီးတိကျမှုမြင့်မားစေလာရန်ဆက်လက်
တိုးတတ်အောင်လုပ်ဆောင်နေပြီးအနာဂတ်
မှာ ဒေါင်းဆန်းဒရုန်းနဲ့ ဆက်စပ်နေတဲ့ အမျိုးမျိုးသော နောက်ဆက်တွဲ ဆိုးကျိုးများ အပါ
အဝင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကိုကာကွယ်ရန် နှင့်ကုသရန် ပိုမိုကောင်းမွန်သော
နည်းလမ်းများ အတွက်များစွာအထောက်
အကူပြုလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ကိုးကား-Tech Explorist ၊MIE University

👍41❤6🤮1🤣1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေး
ကလေး တိုက်ချီဒိုသေဆုံး
ဇွန်-၂၁၊၂၀၂၆ ။People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ သေဆုံးသွားပါတယ်။
သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။
"ညနေက ဆုံးသွားတာ အတည်ပြုပေးတယ်။ မနေ့ကအထိ ကောင်းနေသေးတယ်လို့ သိရတယ်"လို့ ရန်ကုန်မြို့ ခြံအမှတ်(၅၄) နဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။
ခွေးကလေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက အသက်(၁၆)နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။
တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်က သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။
တိုက်ချီဒိုလေးဟာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း မြန်မာပြည်သို့ ခေတ္တရောက်ချိန်မှာ မိခင်ဒေါ်အောင်ဆန်းစုကြည် အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း လိမ္မာပြီး သခင်အပေါ် သစ္စာရှိတဲ့တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး အဖြစ်တိုင်းသိပြည်သိဖြစ်လာပါတယ်။

😢64🥰3🤮2❤1💩1
ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုက်ချီဒို / ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် တိုက်ချီဒိုကိုယူဆောင်လာစဥ်
❤53💔15😢6🤮3👏2🤣1
ရွှေကူကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွား
တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော
ဇွန်-၂၁၊၂၀၂၆။စိုင်းနောင်/People's Spring
ရွှေကူမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ပြောပါတယ်။
ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဇွန်လ ၂၀ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးတာ ဖြစ်ပါတယ်။
" ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင် စစ်ကြောင်းတွေ ရှေ့မတိုးနိုင်ပါဘူး။ တိုက်ပွဲကမြို့အနီးမှာပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်"လို့ ၎င်းက ဇွန်လ ၂၀ရက် ညနေအထိအခြေအနေကို ပြောပါတယ်။
အသေစိတ်အချက်အလက်တွေ မရသေးပေမယ့် စစ်တပ်က သေဆုံးသူတွေများပြီး ထွက်ပြေးနေသူတွေ၊ လက်နက်ချအလင်းဝင်သူတွေရှိတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၀ရက် မနက်က ရွှေကူမြို့၊ခုံခမ်းရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့ ဇွန်လ၂၁ရက်မှာတော့ မြို့ထဲမှာ အခြေအနေငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အနီးက ကိုင်းကျေးရွာကို ဇွန်လ၂၀ရက် ညနဲ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်တပ်က မီးရှို့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ နှစ်ဘက်ပစ်ခတ်တဲ့အသံတွေကို မကြားရတော့ပေမယ့် ကျေးရွာတွေဘက်ကို စစ်တပ်က လေကြောင်းကနေဗုံးဆက်ကြဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
" စစ်တပ်က မြို့ကို အကာအကွယ်ယူထားတယ်။ KIAနဲ့KPDF တွေက စစ်တပ်ရှိတဲ့နေရာတွေကို ဝိုင်းထားတယ်။ အင်အားတော်တော်များတယ် ကြားတယ်။ စစ်တပ်ကကျ လေယာဉ်နဲ့ ကြဲနေတာ။ လေယာဉ်နဲ့ ကြဲတာ အခြေအနေ မကောင်းလို့ကြဲတာ"လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကတော့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ရလဒ်ကောင်းတွေရရှိနေပြီး မြို့ခံတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း လူမှုကွန်ယက်ကတစ်ဆင့် တိုက်တွန်းနေကြပါတယ်။ဒ
ဒါ့အပြင် စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံ အလင်းဝင်သူအချို့လည်းရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ရွှေကူမြို့မှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
"စစ်ကော်မရှင်ကလည်းအင်အားနဲ့ထိုးလာတယ်။စစ်ကြောင်း သုံးကြောင်းလေးကြောင်း ခွဲပြီးမှ ထိုးလာတယ်။ အဲဒါကို KIAနဲ့ ပူးပေါင်းတပ်တွေက ခုခံတဲ့ တိုက်ပွဲတွေက နေ့တိုင်းလိုရှိပါတယ်။ရွှေကူမြို့တွင်းမှာတော့ အဲဒီလောက်ထိတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိဘူး။ မြို့တွင်းမှာ ရှိတဲ့ ပြည်သူလူထုကိုတော့ စစ်ကော်မရှင်ဘက်က ထွက်ပြေးဖို့ တိမ်းရှောင်ဖို့ကတော့ ခွင့်မပြုဘူး။ မထွက်ပြေးဖို့ပဲ သူတို့က ပြောကြတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဇွန်လ ၁၇ရက် ညနေကလည်း ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။
စစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအများအပြားဖြည့်တင်းနေသလို KIAနဲ့ KPDF ဝတ်စုံတွေနဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF က ဇွန်လ၁ ၇ရက်မှာ သတိပေးထားပါတယ်။

👏32❤12🖕4👍3🔥2🤣1
■ရသစာတမ်းငယ်
“သို့. . .ခွေးကလေးညို တိုက်ချီဒို”
◾️ စံပယ်ဖြူနု
တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့ ခွေးလေးတော့ မဟုတ်ပါဘူး။ ကိုယ်ထည် အောက်ပိုင်းမှာ အဖြူကွက်ကျားလေးတွေ ရှိပြီး အညိုရောင် အမွေးဖွားဖွားနဲ့ ခွေးကလေးပေါ့။ ကျမကတော့သူ့ကို ခွေးညိုကလေးလို့ပဲ ခေါ်ချင်တယ်။
ခွေးညိုလေးကို ဗွီဒီယိုထဲမှာ ကျမ တွေ့ရတယ်။ သူဟာ ကျန်းမာရေး စစ်ဆေးနေပုံရတဲ့ ကုတင်ပေါ်မှာ ရပ်နေတယ်။ ခြေထောက်လေးတွေ တလှုပ်လှုပ်နဲ့ ရှေ့ကို လှမ်းဖို့ ကြိုးစားနေသလား၊ မြင်နိုင်ဖို့ ကြိုးစားနေသလား။ ဒါပေမဲ့ သူ ရှေ့ကို သေချာ မြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးတွေ တိမ်ကွယ်နေကြပြီလို့ ဗွီဒီယိုက ရည်ညွှန်းစာမှာ ကျမ တွေ့တယ်။ ခွေးညိုလေးလို့သာ ချစ်စနိုး ခေါ်လိုက်တာပါ။ သူက အသက်ကြီးပါပြီ။ ၁၆ နှစ်ဆိုတာ ခွေးတကောင်အနေနဲ့ဆို အသက်ကြီးပြီပေါ့။
ခွေးညိုလေးရဲ့ မျက်လုံး မှုန်မှုန်လေးတွေကို ကြည့်ရင်း ကျမ ဆို့နင့်လာခဲ့တယ်။ သူ တယောက်ယောက်ကို မြင်ရလိမ့်နိုးနဲ့ ရှာနေတာလား။ အသံကို ကြားရနိုး နားစွင့်နေတာလား။ နှာခေါင်းလေးကရော ရနံ့တွေကို စူးစမ်းနေမလား။ မျက်လုံးကောင်းကောင်း မမြင်ရတော့ဘူးဆိုတဲ့ ခွေးညိုလေးဟာ အသံနဲ့ အနံ့အပေါ်မှာ ပိုပြီး အာရုံရှိနေမယ်လို့ ကျမ ထင်တယ်။ သူ့အတွက်တော့ အသံတွေ၊ ရနံ့တွေ ကြားထဲမှာ ရှာဖွေလိုက်ချင်တာက တခုတည်း ဖြစ်မှာပေါ့။ သူ့သခင်လေ။ ရက်ပိုင်းလောက်ကလေး အနားက ပျောက်သွားရင်တောင် လွမ်းတသသ လိုက်ရှာခဲ့ရတဲ့ သူ့သခင်လေ။ ခုတော့ အဲဒီသခင်ကို သူ ခွဲခဲ့ရတာ ရက်များစွာ လများစွာ ကြာခဲ့ပြီ။ ဘယ်တော့ ပြန်တွေ့ရမယ်ဆိုတာလည်း ခုနေခါ သူ သိနိုင်ရှာတာ မဟုတ်ဘူး။ သူတို့ ပြန်တွေ့ကြတဲ့အချိန်အထိ ခွေးညိုလေးဟာ နေကောင်းကျန်းမာ စောင့်ဆိုင်းနိုင်ပါရဲ့လား။
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သူတို့ သခင်ကို သူတို့အသက်လိုပဲ ထပ်တူ ခင်တွယ်ကြပါတယ်။ အထူးသဖြင့် သစ္စာရှိရာမှာ နာမည်ကျော်တဲ့ ခွေးကလေးတွေပေါ့။ သူတို့ကို မွေးမြူပြုစုထားတဲ့ သခင်ကို မပြောနဲ့ သူတို့နဲ့ တရင်းတနှီး နေခဲ့ပြီးမှ အချိန်တခုစာ ဝေးသွားကြတဲ့သူတွေကိုတောင်ပဲ ပြန်တွေ့တဲ့အခါ အသံနဲ့ အနံ့ကို ချက်ချင်း မှတ်မိပြီး ပြေးလာနှုတ်ဆက်နိုင်တာ အဲဒီ ခွေးကလေးတွေပါပဲ။ သူတို့တွေကို ချစ်ပေးတဲ့သူ ကြင်နာပေးတဲ့သူကို သူတို့ ဘယ်တော့မှ မမေ့တတ်ကြပါဘူး။ အနီးကနေ ကာလရှည်ကြာ ပျောက်သွားခဲ့ရင်တောင်မှပေါ့။ အခု ခွေးညိုလေးဟာလည်း ဒီလိုပဲ။ အခုနေများ သူ့သခင် သူ့အနီးကို ပြန်ရောက်လာရင် ဘယ်လောက်များ ပျော်ရှာမလဲ။ မမြင်ရဘူးဆိုရင်တောင် သူ ဘယ်လောက်များ ကျေနပ်သွားခဲ့မလဲ။
အဲဒီအတွေးဟာ ကျမကို စိတ်ထိခိုက်စေပါတယ်။ ကျမကိုရယ်မှ မဟုတ်ပါဘူးလေ။ အဲဒီနေ့က ခွေးညိုလေးကို ဗွီဒီယိုကတဆင့် ကြည့်မြင်လိုက်ရသူ ယုံကြည်ရာလမ်းတခုတည်းပေါ် ရှိနေကြသူအားလုံး ဒီလိုပဲ ခံစားကြရမယ်လို့ ကျမ ထင်ပါတယ်။
မမြင်ရတဲ့ မျက်လုံးလေးတွေကတဆင့် ပုံဖော် ခံစားလို့ ရတဲ့ အလွမ်းရိပ်ဟာ ကျမရင်ကို အပြေး လာမှန်တဲ့ မြားတွေလိုပဲ။ စူးစူးနစ်နစ် ထုတ်ချင်းခတ်တယ်။ အဲဒီခဏမှာ ကျမကိုယ်ကျမတောင် မသိလိုက်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုနေမိခဲ့တယ်။ ဘယ်လို ရက်စက်တဲ့ ခွဲခွာမှုပါလိမ့်။ ခွေးညိုလေးကို စိတ်ထဲက ကျမ ထုတ်မရသလို ခွေးညိုလေး တိုက်ချီဒိုရဲ့ သခင် အန်တီစုကိုလည်း အတော်လွမ်းဆွတ်သွားပါတယ်။ အသက် ၈၁ နှစ်ထဲ ဝင်နေပြီဖြစ်တဲ့ အန်တီစုဟာ အခုနေခါ နေကောင်းကျန်းမာ ရှိနေပါရဲ့လား။ မတတ်သာလို့ ခွဲခွာထားခဲ့တဲ့ သူ့ ခွေးညိုလေးကိုလည်း လွမ်းဆွတ်နေရှာမှာပဲ။ သားကိုယ်စား သားရဲ့ ပုံရိပ်ပွါးလေးတခုအဖြစ် မွေးမြူခဲ့တဲ့ ခွေးညိုလေးကိုလေ။
ခွေးညိုလေးရဲ့ ပုံရိပ်တွေ စိတ်ထဲက ငြိနေလွန်းလို့ အဲဒီနေ့က ကျမ အွန်လိုင်းမှာ သူ့အကြောင်း လိုက်ရှာကြည့်တယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အန်တီစုရဲ့ သားငယ် ကင်မ်က မြန်မာပြည်ကို အလည်လာခိုက် လသားအရွယ် တိုက်ချီဒိုလေးကို ရန်ကုန်မြို့ မင်္ဂလာစျေးအနီးက ဝယ်ခဲ့ပြီး အမေကို လက်ဆောင်ပေးခဲ့တာလို့ ကျမ တွေ့တယ်။ သူ သိပ်ချစ်ရတဲ့ အမေက တိုင်းပြည်အတွက် တဘဝလုံး ပေးထားသူမို့ အဝေးကြီး ဝေးနေကြရတဲ့အခါ အမေ့အနီးမှာ သူ့ကိုယ်စား အ
လွမ်းပြေ လက်ဆောင်လေး ထားပေးချင်ခဲ့တယ် ထင်ပါတယ်။ ခွေးညိုလေးဟာ သူ့သ
ခင်အတွက်တော့ ခွေးတကောင်ဆိုတဲ့ အမည်နာမ သတ်မှတ်မှုထက် အပုံကြီး သာခဲ့လိမ့်မယ်။ သားကိုယ်စား သားရဲ့ လက်ဆောင်လေး၊ အရိပ်ကလေး။ သားကို လွမ်းတဲ့အခါ စကားပြောလို့ ရတဲ့ အဖော်မွန်လေး။
အန်တီစု ရေးတဲ့ ‘မြန်မာပြည်က ရေးတဲ့စာ’ စာအုပ်ထဲမှာလည်း တိုက်ချီဒိုလေးအကြောင်း ထည့်သွင်းရေးဖွဲ့ထားတာ ကျမ တွေ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း သားနဲ့အတူ ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ နေရာရွေးချယ် ပြင်ဆင်ပုံစာမျက်နှာမှာ တိုက်ချီဒိုအကြောင်း အန်တီစုက ဒီလို ထည့်ရေးခဲ့ပါတယ်။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
😢28😁3❤2👏1
‘ကျမတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ် သွားခြင်း မဟုတ်တာကြောင့် ဘာ
သာရေးအဆောက်အအုံတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမအ
တွက် လေးနက် အဓိပ္ပါယ်ရှိတဲ့၊ ထူးခြားတဲ့ နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျမရယ်၊ ကျမတို့ရဲ့ ခွေးကလေး တိုက်ချီဒို ရယ် (ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးကလေးကို အိမ်မှာ ထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ သွားနိုင်မယ့်နေရာတခုကို ရှာဖို့ပါပဲ’ တဲ့။
ဒီစာကြောင်းလေးတွေနဲ့တင် သူတို့ကြားက ချစ်ခြင်းမေတ္တာကို မြင်ယောင်ခံစားလို့ ရခဲ့တယ်။ ကျမရဲ့ ခွေးကလေးလို့ ရေးခဲ့တာ မဟုတ်ဘူး။ ကျမတို့ရဲ့ ခွေးကလေးတဲ့။ သားငယ်လေးနဲ့ မေမေ အတူတကွ မွေးမြူထားတဲ့ ခွေးကလေးလို့ ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။
အန်တီစုဟာ သူ့သားငယ်ရဲ့ လက်ဆောင်လေးကို သွားလေရာ ခေါ်ချင်တဲ့သူလို့ အွန်လိုင်းမှာ ရေးသားပြောဆိုကြသူတွေကတဆင့် သိရတယ်။ မတတ်သာလို့ ခေါ် မသွားဖြစ်တဲ့ နေရာတွေဆိုရင်တော့ ခွေးညိုလေးကို ခွဲခွာထားခဲ့ရတာပေါ့လေ။ တခါတုန်းက အန်တီစု အမေရိကကို ၁၇ ရက်ကြာ ခရီးထွက်ရတုန်းက တိုက်ချီဒိုဟာ သူ့သခင်ကို သိပ်လွမ်းနေခဲ့ရှာသတဲ့။ အန်တီစု အိမ်ပြန်ရောက်လာတဲ့အခါ နောက်တကြိမ် သူ့ကို ခွဲသွားဦးမှာ ကြောက်ရှာတယ် ထင်ပါရဲ့။ အရင်ထက် ပိုပြီး တွယ်ကပ်လာသလို ညဘက် အိပ်ရင်တောင် သခင် ပျောက်မှာ စိုးရိမ်နေတတ်တဲ့ ကလေးလေးက သခင့်ခြေထောက်ကို ဖက်ပြီး အိပ်တယ်ဆိုတဲ့အကြောင်းလည်း ဖတ်မိပါတယ်။ ရက်ပိုင်းလေး ပျောက်သွားရင်တောင် ဒီလောက် စိုးရိမ်တတ်ခဲ့တဲ့ ကလေးဟာ ခုလို နှစ်ချီပြီး အနားကနေ သခင်ပျောက်သွားတဲ့အခါ ဘယ်လောက်များ နားမလည်နိုင် ဖြစ်နေရှာမလဲ။
‘အရင်တုန်းက စွာတယ် နှုတ်သီးစွပ် တပ်လာရတယ် အခု လိမ်မာသွားပြီ’ ဆိုတဲ့ ဗွီဒီယိုထဲက ပြောစကားကို ကြားတော့ကျမက အတွေး
ပိုမိသေးတယ်။ ခွေးတွေဟာ ကလေးတွေလိုပဲလား။ ကျမတို့ ကလေးတွေဟာ သူတို့ မိဘ၊ သူတို့ကို ဦးစားပေးမယ့်သူတွေ အနားမှာ ရှိနေရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိကြတယ် ထင်ပါရဲ့။ တခါတလေ နွဲ့ဆိုးလေးတွေ ဆိုးတတ်ကြတယ်။ ဒါပေမဲ့လည်း တခြား အမျိုးတွေ/အသိတွေဆီ ခဏတဖြုတ် ထားရတဲ့အခါမျိုးဆိုရင် နွဲ့ဆိုးဆိုးဖို့နေနေသာသာ ကလေးက လိမ်မာလှပါလားဆိုတာမျိုးအထိ ငြိမ်ဝပ်ပြတတ်ကြတာလည်း ရှိတယ်။ ခွေးညိုလေးဟာ ဒီလိုပဲလား။ သူ့သခင် မရှိချိန်မှာ အနီးရှိသူတွေနဲ့ သင့်တင့်အောင် ပေါင်းသင်းနေထိုင်မှဖြစ်မယ်လို့ စိတ်ကို လျှော့ချထားလိုက်တာလား။ ဒါကတော့ ကျမ အတွေးပဲ ဖြစ်ရင်လည်း ဖြစ်မှာပါ။
တကယ်တော့ ခွေးညိုလေးရဲ့ ဇာတ်လမ်းဟာ ဆက်ပြီး တွေးမယ်ဆိုရင် မဆုံးနိုင်ပါဘူး။ သူဟာ နွေဦးကာလအတွင်း သခင်ကို ခွဲခွာလိုက်ရတဲ့ အခြားသော အိမ်မွေးတိရစ္ဆာန်များစွာကိုကိုယ်စားပြုနေတယ်လို့တောင် ဆိုနိုင်တယ်။ ဒီနှစ်တွေအတွင်း ယုံကြည်ရာ ခရီးလမ်းအတွက် နေအိမ်တွေကို စွန့်လာကြရတဲ့အခါ မိသားစုဝင်လို ချစ်ခင် မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုပါ ခွဲခွာ ချန်ထားခဲ့ကြရတာကိုး။ အဲဒီအထဲမှာ ခွေးကလေးတွေ ပါမယ်၊ ကြောင်လေးတွေ ပါမယ်၊ ယုန်လေးတွေ ပါမယ်၊ ပြီးတော့ ငှက်ကလေးတွေ၊ ငါးကလေးတွေလည်း ပါမယ်ပေါ့။ ကိုယ် သွားလေရာကိုလည်း ခေါ်မသွားနိုင်၊ ကိုယ်တိုင်ကိုက ဘယ်လိုနေ ဘယ်လိုထိုင်ရမယ် မသိနိုင်သေးတဲ့ မရေရာ မသေချာမှုတွေကြားထဲကို ခေါ်မသွားရက်လို့ နီးစပ်ရာ မိသားစုတွေ၊ မိတ်ဆွေတွေဆီမှာ ထားရစ်ခဲ့ရတဲ့ ခွေးညိုလေးလို ကလေးတွေ ဘယ်လောက်များ ရှိမှာပါလိမ့်။ ချန်ရသူမှာလည်း ရင်ကွဲနာ ရသလို ကျန်ရစ်သူမှာလည်း အလွမ်းနာနဲ့ ဖြစ်လိမ့်မယ်။
ကျမအတွက်တော့ အိမ်က ထွက်ရတဲ့နေ့ဟာ ကြောင်ကလေး နှစ်ကောင်ကို ချန်ထားရတဲ့နေ့လည်း ဖြစ်ခဲ့တယ်။ အဲဒီကြောင်ကလေးတွေဟာ သမီး လိုချင်လွန်းလို့ မွေးပေးခဲ့ရတဲ့ ကလေးလေးတွေ။ သူတို့လေးတွေရဲ့ မူလပိုင်ရှင်ကလည်း ‘တကယ်လို့များ တနေရာရာ ပြောင်းဖြစ်လို့ ကလေးတွေကို ခေါ်မသွားနိုင်ခဲ့ရင် အိမ်ကိုပဲ ပြန်လာပို့ပေးပါနော်’ လို့ စကားခံထားခဲ့ကြတာ။ သူတို့ နာမည်က ဘေဘီ၊ ဒေစီတဲ့။ မူလက တကောင်ပဲ မွေးမယ်ဆိုပြီး သွားယူရာမှာ နောက်တကောင်က ခွဲမရဘဲ လိုက်လာတာမို့ နှစ်ကောင် မွေးဖြစ်လိုက်တာပေါ့။ သူတို့လေးတွေ ကျမအိမ် ရောက်တာ လပိုင်းပဲ ရှိသေးတယ်ဆိုပေမဲ့ နဂိုကတည်းက ကြောင် ချစ်တဲ့ကျမက ကိုယ့်ကိုမှ ရွေးပြီး ချွဲတဲ့ တွယ်ကပ်တဲ့ ဒီကလေးလေးတွေကို အသည်းစွဲ ချစ်မိတာ မဆန်းဘူးပေါ့။
တကယ်တမ်း သူတို့ကို ချန်ထားခဲ့တော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့နေ့က ကျမ သိပ်နာကျင်ရပါတယ်။ ကျမရဲ့ အိမ်တံခါးကို ပိတ်လိုက်ရတုန်းက ခံစားမှုနဲ့ ထပ်တူမျှပါပဲ။ မိတ်ဆွေရဲ့ ကားနောက်ခန်းက ခြင်းတောင်းဝါလေးရဲ့ အကွက်ကြဲလေးတွေကြားကနေ နားမလည်နိုင်သလို ငေးနေခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးအကြည့်လေးတွေကို ကျမ ဘယ်တော့မှ မေ့မရခဲ့ဘူး။ အိမ်တံခါးပိတ်တုန်းက မငိုခဲ့တဲ့ကျမဟာ ကြောင်ကလေးတွေကို တင်ဆောင်ထားတဲ့ ကား ထွက်သွားတော့မှ မျက်ရည်ကျရပါတယ်။ ဒီအနာဟာ တော်တော်နဲ့ မပျောက်ခဲ့ဘူး။ အဝါနဲ့ အဖြူ ရောစပ်ထားတဲ့ ကြောင်ကလေးတွေကို ဘယ်နေရာမှာ တွေ့တွေ့ ကျမ သူတို့ကို လွမ်းပါတယ်။ အဲဒီတုန်းက သုံးနှစ်ခွဲကျော်အရွယ် သမီးလေးက ‘ဘေဘီ ဒေကျီကို ပြန်ခေါ်ပေး’ လို့ မပီကလာ ပြောပြောငိုတိုင်း ကျမ

👍15❤2😢2🤣2
စိတ်ထိခိုက်ခဲ့ရပါတယ်။ အခုဆိုရင် အိမ်က ထွက်လာတာ လေးနှစ်ကျော်ခဲ့ပေမဲ့ အဲဒီတုန်းက အကြောင်းတွေ ပြန်တွေးလိုက်တိုင်း ခွဲခွာခြင်း အနာဟာ လတ်ဆတ်မြဲပါပဲ။ တိုက်ချီဒိုလေးကို မြင်ရတဲ့နေ့က မျက်ရည်ကျတာဟာ အဲဒီအနာရဲ့ နောက်ဆက်တွဲများ ဖြစ်မလားလို့ ကျမ တွေးကြည့်မိတယ်။ ကိုယ်ချင်းစာစိတ်. . .ကိုယ်ချင်းစာစိတ်ကနေ အခြေခံလာတဲ့ ဝေဒနာ တမျိုး ဖြစ်ရင် ဖြစ်မှာပေါ့။
ဒီနေရာမှာတော့ အန်တီစုရဲ့ အလွမ်းဟာ ကျမ မှန်းဆမိတာထက် ပိုပြီး နက်ရှိုင်းပါလိမ့်မယ်။ တိုက်ချီဒိုဟာ သားကလေးရဲ့ အရိပ်လေ။ သူ့ကို အမြဲ လွမ်းနေတတ်တဲ့ သားငယ်လေးရဲ့ လက်ဆောင်လေ။ ဒီလက်ဆောင်လေးကို ချန်ထားခဲ့မယ်လို့ တွေးတဲ့နေ့က ဘယ်လို ခံစားခဲ့ရှာမလဲ။ အမြဲ တည်ငြိမ်တဲ့အသွင်နဲ့သာ မြင်ရလေ့ရှိတဲ့ အမျိုးသမီးကြီးဟာ စိတ်ထဲမှာတော့ ထိခိုက်နေခဲ့မှာပေါ့။ ဒါမှမဟုတ် သူ ချစ်တဲ့ ပြည်သူတွေအတွက် တွေးပူစိတ်က နေရာပိုယူရင်လည်း ယူနေခဲ့မှာပေါ့။ ဖြစ်နိုင်ရင် ဒီသခင်နဲ့ ဒီခွေးညိုလေး ပြန်လည်ဆုံတွေ့ကြစေချင်တာပါပဲ။
ခွေးညိုလေး တိုက်ချီဒိုလိုပဲ သခင်ကို လွမ်းပြီး စောင့်နေရှာတဲ့ ခွေးကလေးတကောင်ရဲ့ ဇာတ်လမ်းကိုလည်း ဒီနေရာမှာ ကြုံလို့ ပြောပြချင်သေးတယ်။ သူ့နာမည်ကတော့ မောင်မဲတဲ့။ မြန်မာပြည် အလယ်ပိုင်းက ခွေးကလေးတကောင်ပေါ့။
သူဟာ ခြံတခြံကို စောင့်ကြပ်ပေးရတဲ့ ခြံစောင့်အမျိုးသားက သနားလို့ ခေါ်ယူကျွေး
မွေးရင်းက သူတို့ မိသားစုဝင်လို ဖြစ်လာခဲ့တာ။ တရက်မှာတော့ မောင်မဲရဲ့ သခင်ဟာ နွေဦးဇာတ်လမ်းလေးတွေထဲ တပုဒ်အဖြစ် နံရံတွေရဲ့ နောက်ကို ရောက်သွားရှာပါတယ်။ ဇနီးသည်ကတော့ သူ့နေရပ်ရွာဆီ ပြန်သွားခဲ့ပါသတဲ့။ မောင်မဲကိုတော့ အရပ်ထဲကပဲ ဆက်ပြီး စောင့်ရှောက်ထားကြတာပေါ့လေ။ အဲဒီနောက်မှာပတ်ဝန်းကျင်က သနားစဖွယ် မြင်ကြရတာကတော့ မောင်မဲရဲ့ အလွမ်းပါ။ အရပ်ထဲမှာရှိတဲ့ အိမ်တိုင်းက သူ့ကို သနားချစ်ခင်လို့ ဘယ်လိုပဲ စောင့်ရှောက်ထားကြပေမဲ့ ညနေစောင်းချိန်တိုင်းတော့ သူဟာ သခင် နေထိုင်ခဲ့ရာ ခြံကြီးရှေ့ လာလာစောင့်တတ်ပါသတဲ့။ ဘယ်နေ့များ သူ့သခင် ပြန်လာမလဲဆိုတဲ့ အတွေးမျိုးနဲ့ ဖြစ်မှာပေါ့။ မောင်မဲကို နေ့စဉ် မြင်ရလို့ မျက်ရည်ကျရတဲ့ အိမ်နီးချင်းတဦးဆီကနေ ကျမ အဲဒီ ဇာတ်လမ်းကို ကြားခဲ့ရဖူးပါတယ်။
နွေဦးမှာ ခွေးညိုလေး တိုက်ချီဒိုလို၊ ကျမရဲ့ ကြောင်ကလေးတွေလို၊ မောင်မဲလို သခင်တွေကို ခွဲခွာလိုက်ကြရသူလေးတွေ များစွာ ရှိခဲ့ကြလိမ့်မယ်။ ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရရင်တော့ တနေ့မှာ ခွေးညိုလေးနဲ့ သူ့သခင်တို့ နေကောင်းကျန်းမာ ပြန်ဆုံကြစေချင်တယ်။ မောင်မဲလေးဆီ သူ့သခင် ပြန်ရောက်လာစေချင်တယ်။ နောက်ထပ် နောက်ထပ် သခင်တွေကို လွမ်းနေကြမယ့် ကလေးလေးတွေဆီလည်း သူတို့ သခင်တွေ အရောက် ပြန်လာစေ့ချင်တာပါပဲ။ ဒီလိုသာဆို နွေဦးရဲ့ အခွဲအခွာ ဇာတ်လမ်းလေးတွေက ပျော်စရာနဲ့သာ အဆုံးသတ်မှာပေါ့။
ဆိုပါစို့။ ကျမ ရှေ့က ဖန်သားပြင်မှာ ခွေးညိုလေး တိုက်ချီဒိုရဲ့ ဓာတ်ပုံတပုံ ရှိနေတော့ သူ့အကြောင်းကိုပဲ စိတ်ကူးပုံဖော်မိတယ်။ တနေ့. . .သူ့သခင် အိမ်ပြန်လာတဲ့တနေ့ပေါ့။ ခွေးညိုလေးဟာ အမြင်အာရုံ အားနည်းရှာပြီမို့ သူ့သခင်ကို အထင်အရှား မြင်ရရှာမယ် မဟုတ်ဘူး။ ဒါပေမဲ့လည်း သခင့်အသံ ကြားတဲ့အခါ၊ အနံ့အသက်ကို ရှူရှိုက်မိတဲ့အခါ ငြိမ်ငြိမ်ကလေး ဝပ်နေရာက ခေါင်းကလေး ထောင်လိုက်မလား။ ပြီးတော့ မမြင်မစမ်း ရှိရှာတဲ့ကြားက အပြေးကြိုဖို့ ကြိုးစားလေမလား။ သခင်ဆီ ကြိုးစားပမ်းစား အရောက်သွားတဲ့ ခွေးညိုလေးရယ် ခွေးညိုလေးကို ဆီးပြီး ပွေ့ဖက်လိုက်တဲ့ သခင်ရယ်။
စိတ်ကူးပုံရိပ်အတိုင်းသာလက်တွေ့ဖြစ်လာမယ်ဆိုရင်အရာရာအင်မတန်ကျေနပ်စရာကောင်းမှာမို့ ရုပ်သေပြကွက်တခုလိုပဲ ဒီနေရာမှာတင် လှလှလေး ရပ်ထားလိုက်ချင်တယ်။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'စပယ်ဖြူနု' ရေးဖွဲ့တဲ့ “သို့. . .ခွေးကလေးညို တိုက်ချီဒို" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။ ဒီအက်ဆေးကို ၂၀၂၆ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ် ။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

😢29🤣3👍1💔1
■ကဗျာ
"ကစဉ့်ကလျား"
◼️လွဏ်းသစ်လူ
မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့
မင်းမရှိတဲ့အဝါရောင်ပန်းတွေ
ကိုယ်တို့ဟာ
ပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲ
ကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ
လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်
စီးနေတဲ့ချောင်းဆိုလို့
အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ်
ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့
မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်
ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ
ရေနည်းငါးတစ်ကောင်အတွက်
ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူး
အချစ်။
((The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'လွဏ်းသစ်လူ' ရေးဖွဲ့တဲ့ "ကစဉ့်ကလျား"
ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍23❤3🤣3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် ပြည်သူနဲ့ ပြန်ဆုံဆည်းခွင့်ရရေး အလေးအနက်ထားကြိုးစားနေဟု NUG ယာယီသမ္မတ ပြော
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။ ဇွန်လ ၁၉ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတ ပြောကြားခဲ့တဲ့ အမှတ်တရစကားကောက်နုတ်ချက်ကို NUGက ဇွန်လ ၂၀ရက်မှာ ထပ်မံ ဖော်ပြခဲ့တာပါ။ NUG ပြည်ထောင်
စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မွေးနေ့ အမှတ်တရ စကားကိုလည်း ဖော်ပြခဲ့ရာ လူ
ထုခေါင်းဆောင်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ ခိုင်
မာသော နိုင်ငံရေး ခံယူချက်တွေဟာ ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစားဂုဏ်ယူဖွယ်ရာ"စံပြမီးရှူးတန်
ဆောင်"နဲ့ ကြီးမားသော စိတ်ခွန်အားတစ်ရပ်ဖြစ်ဟု ပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ရက်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ထင်ရှားစွာပြနေတဲ့ ပြယုဂ်ဟု ကုလမှာ
ဦးကျော်မိုးထွန်း တင်ပြ
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ် တစ်ခုပင်ဖြစ်နေသေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစည်းအဝေးကို ဇွန် ၁၉ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကို မီးမောင်းထိုး ဖော်ပြ ပြောကြားခဲ့တာပါ။ကမ္ဘာတစ်ဝှမ်းမှာ “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင် သက်ရှိထင်ရှား ရှိနေကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသဖို့ စစ်အုပ်စုကို တောင်းဆိုနေတယ်လို့ အသိပေးပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုသေဆုံး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ သေဆုံးသွားပါတယ်။သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ ခွေးက
လေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။အဲဒီအချိန်ကတည်းက အသက်(၁၆)
နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်
လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။ တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ကတည်းက သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။
◾️ကျောက်ကြီးဒေသမှာ စစ်သားတွေ အုပ်စုလိုက် KNU ထံအလင်းဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။ဇွန်
လ ၉ရက်နဲ့ ၁၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ အဖွဲ့လိုက် အလင်းဝင်လာတာ ဖြစ်
ကြောင်း အသိပေးထားပါတယ်။ ဇွန်လ ၉
ရက် အလင်းဝင်လာသူတွေက ကော့သောင်းမြို့ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး ဖြစ်ပြီး ဇွန်လ ၁၅ရက်မှာတော့ ပေါက်ခေါင်းမြို့ ခမရ (၅၃)တပ်ရင်းက တပ်သား ၁၁ဦးဟာ KNU တပ်မဟာ(၃) နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၃)ထံ အလင်းဝင်ဘက်ပြောင်းလာတာလို့ ဖော်ပြထားပါတယ်။
◾️လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်ဆုတ်ခွာသွားပေမဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု မြို့နယ်ပကဖ ပြော
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်
ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်

❤21👍5🤣3
ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၁၄ရက်က လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကို မြို့နယ် ပကဖက ဇွန် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝေးဝေးရှောင်ကြဖို့လည်း ပကဖ တာဝန်ရှိသူက တိုက်တွန်းပါတယ်။
◾️ရွှေကူကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွား
ရွှေကူမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်
ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဇွန်လ ၂၀ရက် ညနေအထိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အသိပေးတာ ဖြစ်ပါတယ်။ အသေစိတ်အချက်အလက်တွေ မရသေးပေမယ့် စစ်တပ်က သေဆုံးသူတွေများပြီး ထွက်ပြေးနေသူတွေ၊ လက်နက်ချအလင်းဝင်သူတွေရှိတယ်လို့ ဆိုပါတယ်။
◾️ဖားကန့်ရေဘေးတစ်ပါတ်ကျော်လာပြီးပိုဆိုးလာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့က ငှက်ပျောတောရပ်ကွက်နဲ့ မရှီကထောင်ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာအုပ်စုနဲ့ ကျေးရွာအများစုက မြေနိမ့်ပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဇွန်လ၂၀ ရက် ညပိုင်းမှာ မိုးကြီးခဲ့လို့ ရေဘေးအခြေအနေပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။
◾️ရွှေကူမြို့ပေါ်ကပြည်သူတွေစစ်ဘေးမရှောင်ဖို့စစ်တပ်ကတားမြစ်ပိတ်ပင်ဟု KIA
ပြော
ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ အသိပေးပါတယ်။ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းလာလို့ မေလဆန်းကတည်းက ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးရွာနဲ့ ရွှေကူအကြားမှာတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ရာ လက်ရှိမှာ ရွှေကူမြို့ပေါ်အထိပါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
◾️ခါမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့ စစ်တပ်ပြန်ထိန်းချုပ် ၊ တိုက်ပွဲဆက်ပြင်းထန်နေ
အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။ခါမ်းပတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က မတူညီတဲ့ဘက်တွေကစစ်ကြောင်းသုံးကြောင်းနဲ့ စစ်
ကြောင်းထိုးလာတာကြောင့် ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ခါမ်းပတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ် ရေးသတင်းမြစ်တွေကပြောပါတယ်။ စစ်တပ်ကတော့ ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဇွန် ၂၀ မှာစစ်
တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ဖော်ပြနေပါတယ် ။
◾️တောင်ကြီးမြို့အဝင်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်ဆေးမှုတင်းကျပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်
အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။ဇွန် ၂၀ ရက်ညနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတောင်ကြီးမြို့အဝင်မှာရှိတဲ့ တောင်လေးလုံးရွာဘက်မှာပေါက်ကွဲမှုဖြစ်တာပါ။ အဲဒီရွာနားကစက်သုံးဆီဆိုင်နှစ်ဆိုင်နဲ့ ပြည်ထောင်စုကားလမ်းတစ်နေရာမှာပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။ တောင်လေးလုံးရွာရှိ Denko နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့ရဲ့ အုတ်တံတိုင်းအနီးနှစ်နေရာနဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း တောင်လေးလုံးနဲ့ ဟဲဟိုးမြို့အကြား၊ မိုင်တိုင် ၉၆/၉၇ ရှိ ရေထွက်မြောင်းပြွန်အတွင်းပေါက်ကွဲမှုဖြစ်တာပါ။
◾️မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀
နီးပါး လေကြောင်းတိုက်ခိုက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေ
ကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။ ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံး

❤24🤣3