People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အလင်းဝင် စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဥ်။ ဓါတ်ပုံ-Cobra One)
👍43👏11🥰41💩1🤣1
မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀နီးပါး လေကြောင်းတိုက်ခိုက်
▪️ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ
ဇွန် ၂၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ ဇွန်လ ၂၀ရက်ည သန်းခေါင်မှာ မင်းတပ်မြို့အနီးနေရာတွေကို ပေါက်ကွဲအားပြင်းဗုံးတွေအသုံးပြုပြီး ၈ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးအလုံးရေ ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
ဒါ့အပြင် မနေ့ည ၈နာရီ ၄၀မိနစ် လောက်ကစပြီး နာရီဝက်ကျော်အတွင်း မင်းတပ်မြို့ အရှေ့ခြမ်းကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၂လုံးတွဲ ဗုံး နဲ့ ၁၅ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။
ညနေပိုင်းမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သလို Y12 နဲ့လည်း ၅ကြိမ် ဗုံး ၁၅လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဇွန် ၂၀ရက် နေ့လည် ၃နာရီခွဲကနေ ညသန်းခေါင်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၈ကြိမ်ပြုလုပ်ခဲ့ရာ ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၆၀ ကျော်ကြဲ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။
စစ်တပ်ဟာ ဇွန်လ ၂၀ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာလည်း မင်းတပ်နဲ့ ဆက်စပ်နေတဲ့ ကန်ပက်လက်မြို့နယ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပါသေးတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) သိမ်းပိုက်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက် ပြန်ရဖို့ မေလက စတင်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က နေ့တိုင်းနီးပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
😡22🤬5👎32👏1💩1
(၂၀၂၆ ဇွန်လ ၁၉ရက်က မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🔥18🤬15👎3👍2👏1🎉1🖕1
■​ဆောင်းပါး

ရဲလည်း ဆွဲမှာပဲ

ရွှေမြိုင်/People's Spring

မော်လမြိုင်မြို့၊ မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သားလေး ဇော်ဝင်းထွန်းတစ်ယောက် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်က သူ့တာဝန်ချိန်ပြီးပြီမို့ နဂါးမောက်စေတီကို ဘုရားဖူးဖို့ ရောက်လာခဲ့တယ်။ နဂါးမောက်စေတီက ဘုရားဖူးဧည့်သည်တွေ မပြတ် စည်ကားတဲ့ ဘုရားပါ။ ပြီးတော့ စတုဒီသာလည်း မကြာမကြာကျွေးတော့ လူကိုမပြတ်တာ။ သူသွားတဲ့အချိန်ကလည်း ညနေ လေးနာရီမို့ လင်းလင်း
ချင်းချင်းပဲ ရှိသေးတယ်။

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်
သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ မာရေကျောရေပြောဖူးတာ သူ့ကိုလာပြောတော့ ဘယ်ခံနိုင်မလဲ။

အနောက်ဘက်ဆီမှ စေတီကနဂါးလိုအမောက်ထောင်လာပြီး "ဟေ့ ငါကရဲကွ"လို့ ပြန်ပြောတယ်။ အဲဒီမှာ ယောကျာ်း ၃ ယောက်ထဲက တစ်ယောက်က "ဘာရဲလဲ ငါလည်း ဗိုလ်မှူးပဲ"ဆိုပြီး ရဲတပ်သားကို နားရင်း နှစ်ချက်ရိုက်သတဲ့။ အဲဒီနောက် အတင်းအဓမ္မ ဆွဲခေါ်တာနဲ့ ရဲတပ်သားလည်း ယက်ကန်
ယက်ကန်နဲ့ ပါသွားတယ်။

ဗိုလ်မှူးလို့သူကိုယ်သူ​ပြောသူက ဆိုင်ကယ်‌
မောင်းပြီး ရဲတပ်သားကို အလယ်ကထားတယ်။ နောက်တစ်ဦးကနောက်မှာထိုင်ပြီး ရဲတပ်သားကို ညှပ်ထားတယ်။ကျန်တဲ့တစ်ယောက်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာတယ်။ အဲဒီနောက် ရဲတပ်သားလေးကို မော်လမြိုင်ကနေ မိုင် ၅၀ ကျော် ဝေးတဲ့
ကျိုက္ခမီကို ခေါ်ဆောင်သွားပါတော့တယ်။

ည ၈ နာရီလောက်မှာ ကျိုက္ခမီကို ရောက်တယ်။ရေလုပ်သားပွဲစား မတင်ဇာလွင်ဆိုတဲ့သူရဲ့အိမ်ကိုရဲတပ်သားကိုခေါ်လာတယ်။ ပွဲ
စားအိမ်ရောက်တော့ ခေါ်လာတဲ့သူတွေ ပြောခိုင်းတဲ့အတိုင်းငွေ ၁၂ သိန်းကျပ် ကြိုတောင်းသတဲ့။ ပွဲစားမကလည်း မူမမှန်ဘူးဆို​ပြီး ကျိုက္ခမီရဲစခန်းသို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက္ခမီက ရဲတွေလည်း ပွဲစားအိမ်လိုက်စစ်တော့ ရဲတပ်သားကို ခေါ်လာတဲ့ ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးတင်သန်းဟာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မော်လမြိုင်)က ဖြစ်နေတယ်။ သူ့တာဝန်က တပ်သား သစ်စုဆောင်းရေးတာဝန်(အကူ)တဲ့။ စိစစ်ရေးကတ်ပြားနဲ့ပါမိတာ။ ဗိုလ်မှူးတော့ မဟုတ်ဘူးပေါ့။ နောက်နှစ်ဦးကတော့ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နဲ့ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးကိုကိုတို့ဖြစ်တယ်လို့ သိရတယ်။

သူတို့စီးလာတဲ့ HONDA Click 125 ဆိုင်ကယ်တစ်စီး၊ HONDA Wave 110 ဆိုင်ကယ်တစ်စီးကိုပါ သိမ်းဆည်းရမိတယ်။လက်ရှိမှာ ၎င်းတို့ သုံးဦးကို အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)နဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ လူရောင်းစားသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီးငယ်လေးတွေနဲ့ မြှူဆွယ် ခေါ်ယူတာ၊ အရက်ဘီယာတိုက်ပြီး ဆွယ်ယူခေါ်ယူတာတွေ အမျိုးမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတောင် ခုလို ဖမ်းဆီးခံရပြီးရောင်း
စားခံရတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေက အတော်ကို စိုးရိမ်စရာ ဖြစ်လာပါတယ်။

အဲဒီဖြစ်စဉ်မှာ ကာယကံရှင်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေလို့သာ ရဲတပ်ဖွဲ့က အမြန်ဆုံးစုံစမ်းပေးလို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး၊ သာမန်အရပ်သားပြည်သူတစ်ဦးသာဆိုပါက လွတ်မြောက်ဖို့ လမ်းစရှိတော့မှာမဟုတ်ဘူးလို့ ပြည်သူတွေက ဝေဖန်ပါတယ်။

"ရဲတောင်ပါတယ်ဆို သာမန်အရပ်သားဆိုပြောမနေနဲ့တော့။ ဘာသတင်းမှတောင်ကြားရမှာမဟုတ်ဘူး"လို့ ပြည်သူတစ်ဦးက မှတ်
ချက်ပြုပါတယ်။ ။
🤣3910👍4🔥1💩1
စစ်ကောင်စီ၏မွန်ပြည်နယ်လွှတ်တော်ရုံးတွင်လုံခြုံရေးစောင့်နေသောရဲတပ်သားအချို့အား ပြီးခဲ့သည့် ဧပြီလအတွင်းကတွေ့ရစဥ်။ ။ဓါတ်ပုံ-Screen Grab
🤣33👎4😢1
ခါမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့ စစ်တပ်ပြန်ထိန်းချုပ် ၊ တိုက်ပွဲဆက်ပြင်းထန်နေ

ဇွန်-၂၁၊၂၀၂၆။စိုင်းနောင်/People's spring

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ခါမ်းပတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က
မတူညီတဲ့ဘက်​တွေကစစ်​ကြောင်းသုံး​ကြောင်းနဲ့ စစ်ကြောင်းထိုးလာတာ​ကြောင့် ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ခါမ်းပတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ်‌ ရေးသတင်းမြစ်တွေကပြောပါတယ်။

" တမြို့လုံးသိမ်းနိုင်တဲ့အနေအထားတော့မဟုတ်သေးဘူး။အမှတ် ၄ နဲ့ အမှတ် ၂ ကို
ဝင်လာတယ်။အမှတ် ၁ နဲ့ ကနန်ကြား ဘက်မှာတိုက်နေကြတယ်" လို့ ဒီနေ့ (ဇွန်လ၂၁) မနက်ပိုင်းအခြေအနေကို တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က​တော့ ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဇွန် ၂၀ မှာစစ်တပ်ထိန်း
ချုပ်ထားတဲ့ မီဒီယာ​တွေက​နေ ​ဖော်ပြ​နေပါတယ် ။

ဇွန်လ ၈ ရက်နောက်ပိုင်းကနေ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေများ​ပေမယ့် အင်အားအများအပြားအသုံးပြုထားတာမို့ ​ရှေ့ကို ဆက်ပြီးစစ်​ကြောင်းထိုးခဲ့ပါတယ် ။ တော်လှန်ရေးတပ်​တွေမှာလည်းထိခိုက်ကျဆုံးမှုအချို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်
တန်းဆင်းအများအပြားပါဝင်ပြီးရှမ်းနီတပ်
(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌ နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကိုလည်းဖမ်းဆီးထားပြီး ၅ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။

လက်ရှိမှာ ကလေး -ခါမ်းပတ်-တမူးကားလမ်းမဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ရွာအပြင်ကျေး
ရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်
ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကိုမိုးမကျမီဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေ
ကြောင်းကနေဗုံးကြဲပြီး အင်အားအများအပြားပါတဲ့စစ်ကြောင်းတွေနဲ့ ဆုံးရှုံးထားတဲ့မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ခါမ်းပတ်မြို့ကိို တော်လှန်​ရေးတပ်​တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ PDF ​တွေပထအဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ခါမ်းပတ်မြို့ကိို ပြန်ရဖို့ စစ်တပ်က ၂၀၂၄နဲ့ ၂၀၂၅ ခုနှစ်အတွင်း အကြိမ်ကြိမ် စစ်ကြောင်း ထိုးခဲ့ဖူး​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် စစ်​ကြောင်း​တွေပြန်ဆုတ်သွားခဲ့ကြပါတယ် ။

တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကိုလည်း ​တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄
မေလမှာသိမ်းယူခဲ့ပါတယ်။

"အထိအခိုက်နည်းအောင်တော့ စစ်ရေးဖော်ဆောင်ရတာပဲ။ မြို့အခြေအနေတော့ ပြောရခက်ပါတယ်။ စစ်တပ်က မြို့ပေါ်ကို ပြန်ထိန်းချုပ်နိုင်လည်း သတင်းအဖြစ်ပဲ ရှိမှာပါ။ တိုက်ပွဲတွေက ဆက်ရှိမှာပါ"လို့ PDFရဲဘော်
တစ်ဦး‌ကပြောပါတယ်။
🤬31👍6😁42👎2🔥1👏1🖕1
ခမ်းပါတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီဆိုကာစစ်တပ် ဝါဒဖြန့်ထားတဲ့ ဓါတ်ပုံ​တွေထဲကတစ်ပုံ ။ဓါတ်ပုံ-အာဏာသိမ်းစစ်တပ်
🤬30🤣10🖕9👎4👏1🎉1
ရွှေကူမြို့ပေါ်ကပြည်သူတွေစစ်ဘေးမရှောင်ဖို့ စစ်တပ်က တားမြစ်ပိတ်ပင်ဟု KIAပြော

ဇွန်-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြား
ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ အသိ
ပေးပါတယ်။

"စစ်ကော်မရှင်ကလည်းအင်အားနဲ့ထိုးလာတယ်။စစ်ကြောင်း သုံးကြောင်းလေးကြောင်း ခွဲပြီးမှ ထိုးလာတယ်။ အဲဒါကို KIAနဲ့ ပူးပေါင်းတပ်တွေက ခုခံတဲ့ တိုက်ပွဲတွေက နေ့တိုင်းလိုရှိပါတယ်။ရွှေကူမြို့တွင်းမှာတော့ အဲဒီလောက်ထိတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိဘူး။ မြို့တွင်းမှာ ရှိတဲ့ ပြည်သူလူထုကိုတော့ စစ်ကော်မရှင်ဘက်က ထွက်ပြေးဖို့ တိမ်း
ရှောင်ဖို့ကတော့ ခွင့်မပြုဘူး။ မထွက်ပြေးဖို့ပဲ သူတို့က ပြောကြတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းလာလို့ မေလဆန်းကတည်းက ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးရွာနဲ့ ရွှေကူအကြားမှာတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ရာ လက်ရှိမှာ ရွှေကူမြို့ပေါ်အထိပါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ(၁၁) တပ်ရင်း
(၁၂)ရဲ့ နယ်မြေဖြစ်ပါတယ်။ လတ်တလော စစ်ရေး အခြေအနေတွေကြောင့် ဒေသတွင်း လမ်းပိုင်းအချို့ကို KIA တပ်ရင်း(၁၂) သွား
လာခွင့်ပိတ်ပင်ထားသလို မြို့ပေါ်နေ ပြည်သူတွေ စစ်ရှောင်ကြဖို့ ဇွန်လ ၈ရက်မှာ သတိ
ပေးချက် ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ အသွင်ယူ ပုံမှားရိုက်နေလို့ ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ဖို့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် – ရွှေကူ KPDF က ဇွန်
လ၁၇ရက်မှာ ထုတ်ပြန်ထားပါတယ်။
🤬28👎8👍54🔥1🤣1🖕1
တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွှေကူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ ။ ဓာတ်ပုံ - ShweGu PDF
😢30👍6👎2🤬2🤣1😭1
ဖားကန့်ရေဘေး ပိုဆိုးလာ

ဇွန်-၂၁၊၂၀၂၆။စိုင်းနော်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်
မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့က ငှက်ပျောတောရပ်ကွက်နဲ့ မရှီကထောင်ရပ်ကွက်တွေအပြင် လုံးခင်းကျေး
ရွာအုပ်စုနဲ့ ကျေးရွာအများစုက မြေနိမ့်ပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဇွန်လ၂၀ ရက် ညပိုင်းမှာ မိုးကြီးခဲ့လို့ ရေဘေးအခြေအနေပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။

"ရေကြီးတော့ စည်းကမ်းမဲ့ပစ်ထားတဲ့အမှိုက်တွေပါ အကုန်ပါလာတာ။ ညစ်ပတ်နေတာ။ ရေတက်တာကလည်း ကုန်းမြင့်ပိုင်းကလွဲလို့ အကုန်ပဲ"လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့မှာလက်ရှိ ရေဘေးအပြင် နေရာအချို့မှာ မြေပြိုမှုဘေးကိုပါ ရင်ဆိုင်နေရပါတယ်။

" မှော်ဝမ်းကိုသွားတဲ့ လမ်းနှစ်လမ်းမှာ တစ်လမ်းက မြေပြိုတယ်။ တစ်လမ်းက ရေမြုပ်နေတယ်"လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။

လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေ နှစ်စဉ်ရင်ဆိုင်ရပါတယ်။ ဇွန်လ ၁၆ရက်ကတော့ ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦး ရေစီးနဲ့မျောပါ သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ နစ်မြုပ်နေတဲ့ အိမ်တွေမှာရှိနေတဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကိုပို့ဆောင်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အပြင် မိုးကောင်းမြို့နယ်မှာလည်း မြေနိမ့်ပိုင်းတွေ ရေကြီးနေလို့ လူဦးရေတစ်သောင်းခန့် ရေဘေးကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလကနေဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့်လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့သံလွင်မြစ်အပါအဝင် မြစ်ချောင်းအများအပြားမှာရေတိုးလာတယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားကောင်းနေသလို ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာလည်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နိုင်တာကြောင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။
😱17😢136🙏3👍1🔥1💯1
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - မှော်မင်း သား
😱22😢194🔥1💩1
■​ကျန်းမာ​ရေး​ဆောင်းပါး

Down Syndrome ဖြစ်စေတဲ့ အပိုခရိုမိုဆိုမ်ကို ဂျပန်သိပ္ပံပညာရှင်တွေ ဖယ်ရှားနိုင်ခဲ့

-ခါကာဘိုရေးသားသည်။

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

Down Syndrome ကို ခရိုမိုဆိုမ် ၂၁ အပိုတစ်ခုကြောင့် ဖြစ်ပွားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေသိရှိထားတာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပေမယ့် အဲဒီအပိုခရိုဆိုမ်ကို ဆဲလ်ထဲကနေတိုက်ရိုက်ဖယ်ရှားနိုင်တဲ့ နည်းလမ်းတော့ မရှိသေးခဲ့ပါဘူး။

အခုတော့ဂျပန်နိုင်ငံ MIE တက္ကသိုလ်က သု
တေသီတွေဟာ Down Syndrome သုတေ
သနမှာ အရေးကြီးတဲ့ အောင်မြင်မှူတစ်ခု ရရှိခဲ့ပါတယ်။ သူတို့ဟာ CSISPR-Case9 မျိုးဗီဇ ပြင်ဆင်နည်းပညာကို အသုံးပြုပြီး လူ့ဆဲလ်တွေထဲက အပိုခရိုမိုဆိုမ် ၂၁ ကို ပထမဆုံးအကြိမ် ဖယ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

သုတေသနကို ဦးဆောင်ခဲ့တဲ့ဗီဇပြုပြင်ပြောင်းလဲမှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတတ်ရေး ယူနစ်၏ အဖွဲ့ဝင်ဖြစ်သော ဒေါက်တာရိုတာရို ဟာရှီဇူမဲ (Dr .Ryotaro Hashizume) က CRISPR စနစ်အတွက် "allele-specific editing" လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုခဲ့ပြီး အပိုခရိုမိုဆိုမ်ကိုသာ တိကျစွာ ပစ်မှတ်ထား ဖယ်ရှားနိုင်ခဲ့ကာ ပုံမှန် ခရိုမိုဆိုမ်တွေကိုတော့ မထိခိုက်စေခဲ့ပါဘူး။

အပိုခရိုမိုဆိုမ်ကိုဖယ်ရှားပြီးတဲ့နောက်ဆဲလ်တွေဟာပိုမိုကျန်းမာလာပြီးအသက်ရှင်နိုင်ချိန်ပိုရှည်လာသလိုကြီးထွားနှုန်းလည်းပိုမိုမြန်
ဆန်လာခဲ့ပါတယ်။ထို့အပြင်ခန္ဓာကိုယ်အ
တွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ အညစ်‌အကြေးပစ္စည်း ထုတ်လုပ်မှုလည်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။

သုတေသီတွေကဒီနည်းလမ်းကို Down Syndrome လူနာတွေဆီက ရယူထားတဲ့ Stem Cell တွေနဲ့ အရေပြားဆဲလ်တွေမှာ စမ်းသပ်ခဲ့ရာမှာလည်းအောင်မြင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီသုတေသနဟာ ဓာတ်ခွဲခန်းအဆင့်မှာပဲရှိနေသေးပေမယ့်လူ့ဆဲလ်ထဲက အပိုခရိုမိုဆိုမ်တစ်ခုလုံးကိုပထမဆုံးအကြိမ်ဖယ်ရှားနိုင်ခဲ့တာကြောင့် မျိုးဗီဇ ဆေးပညာနယ်ပယ်အတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။

သုတေသနအဖွဲ့ကတော့ယခုနည်းလမ်းကို ပိုမိုလုံခြုံပြီးတိကျမှုမြင့်မား‌စေလာရန်ဆက်လက်
တိုးတတ်အောင်လုပ်ဆောင်နေပြီးအနာဂတ်
မှာ ဒေါင်းဆန်းဒရုန်းနဲ့ ဆက်စပ်နေတဲ့ အမျိုးမျိုးသော နောက်ဆက်တွဲ ဆိုးကျိုးများ အပါ
အဝင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကိုကာကွယ်ရန် နှင့်ကုသရန် ပိုမိုကောင်းမွန်သော
နည်းလမ်းများ အတွက်များစွာအထောက်
အကူပြုလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ကိုးကား-Tech Explorist ၊MIE University
👍416🤮1🤣1
👍372🤮2💩1
ဒေါ်​အောင်ဆန်းစုကြည်ရဲ့ အချစ်​တော်​ခွေး
က​လေး တိုက်ချီဒို​သေဆုံး

​ဇွန်-၂၁၊၂၀၂၆ ။People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ ​သေဆုံးသွားပါတယ်။

သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။

"ညနေက ဆုံးသွားတာ အတည်ပြုပေးတယ်။ မနေ့ကအထိ ကောင်းနေသေးတယ်လို့ သိရတယ်"လို့ ရန်ကုန်မြို့ ခြံအမှတ်(၅၄) နဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။

ခွေးကလေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက အသက်(၁၆)နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။

တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်က သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။

တိုက်ချီဒိုလေးဟာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း မြန်မာပြည်သို့ ခေတ္တရောက်ချိန်မှာ မိခင်ဒေါ်အောင်ဆန်းစုကြည် အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ​​​နောက်ပိုင်း လိမ္မာ​ပြီး သခင်အ​​ပေါ် သစ္စာရှိတဲ့တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး အဖြစ်တိုင်းသိပြည်သိဖြစ်လာပါတယ်။
😢64🥰3🤮21💩1
ဒေါ်​အောင်ဆန်းစုကြည် နဲ့ တိုက်ချီဒို / ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် တိုက်ချီဒိုကိုယူ​ဆောင်လာစဥ်
53💔15😢6🤮3👏2🤣1