People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သာမန် နှင်းဆီပန်းတစ်ပွင့်နဲ့ "၈၁" ဆိုတဲ့ ဂဏန်းတစ်ခုကိုတောင် ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေတာကို မနေ့က ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လက်နက်အားကိုးနဲ့ ဘယ်လိုမှ နှိပ်ကွပ်လို့မရနိုင်ကြောင်း နှင်းဆီသပိတ်တွေက ထင်ဟပ်နေပါတော့တယ်။ ။
👍32🤮1🤣1
👍34🤮3❤‍🔥1💩1🤣1🏆1
CDF ဟားခါး ဒုဥက္ကဋ္ဌဟောင်းပစ်ခတ်မှု ကျူးလွန်တဲ့ အထွေထွေအတွင်းရေးမှူးကို ထောင်ဒဏ် ၁၀နှစ်ချမှတ်

ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန် လိန်းနဲ့ ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်းသူ (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်က တားဆီးရာမှ စကားများစဉ် အခုလို ပစ်ခတ်မှု ဖြစ်ခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းကာ အခုလို ထောင်ဒဏ်ချမျတ်ခဲ့တာပါ။

" ဒုက္ကဋ္ဌဟောင်း အဲဒါကို သေစေအောင် ပစ်ခတ်တဲ့အတွက်ကြောင့် ဟားခါး CDF ရဲ့ ဥပဒေ ပုဒ်မ (၄၉) အရ သူ့ကို ပြစ်မှု ကျူးလွန်တယ် ထို့အတွက်ကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၁၀နှစ်ချလိုက်တယ်ဆိုတာ အကျဉ်းချုံးပြောလို့ရပါတယ်” လို့ ချင်းသတင်းရင်းမြစ်က CDF ဟားခါးရဲ့ ထုတ်ပြန်ချက်ကို ရှင်းပြပါတယ်။

CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ဟားခါး ကောင်စီရဲ့ ဥပဒေအရ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဟားခါး CDF ရဲ့ တပ်မဟာ အသီးသီးက ကိုယ်စားလှယ်တွေ ၊ ဥပဒေရေးရာ ဌာနတာဝန်ရှိသူတွေ အပါအဝင် ၆ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားစဉ် မျက်မြင်သက်သေတွေ အပါအဝင် သက်သေ ၂၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ပစ်ခတ်ခံရလို့ ကွယ်လွန်သူ ဆလိုင်းဆန်လိန်းဟာ CDF ဟားခါးဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင် တစ်ဉီးဖြစ်သည် သာမက အားကိုး အားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိ တပ်သားဘဝနဲ့ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။
👏195🔥5👍4🎉2
(သေနတ်နဲ့ပစ်ခံရမှုကြောင့် ကွယ်လွန်သူ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်း။ ဓာတ်ပုံ - VOC)
👍25😢14🔥2👏1
ရန်ကုန်တိုင်းစစ်ဌာနနယ်မြေမှာ ၄လအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်၊ စစ်တပ်အထိနာ

▪️လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာန အနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။

တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေး သတင်းများကို PDF တပ်မတော်က ထုတ်ပြန်လျက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာန နယ်မြေအတွင်း စစ်တပ်နဲ့ ထိတွေ့မှု အခြေအနေ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်း ရရှိမှုနဲ့ ထိခိုက်မှု အခြေအနေတွေကို အသိပေးလာတာဖြစ်ပါတယ်။

၄လာတာအတွင်း တိုက်ပွဲများအနက် စစ်တပ်ရဲ့ ထိုးစစ် ခုခံကာကွယ်မှု ၂ကြိမ်၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်၊ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်မှု ၁ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ အသေးစိတ် ထုတ်ပြန်မထားပါဘူး။

တိုက်ပွဲများအတွင်း စစ်တပ်က ရာချီသေဆုံးထိခိုက်ကြောင်း ထုတ်ပြန်ထားပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်တပ်ဘက်က ၄ဦး ဖမ်းမိထားပြီး လက်နက် ၉လက် သိမ်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သိမ်းရခဲ့တာတွေက MA1 (၃) လက်၊ MA11 (၄) လက်၊ MA4 (၁) လက်၊ ၆၀ မမ ၁လက်နဲ့ ကျည်၊ ဗုံးသီး၊ လက်နက်ကြီးကျည်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ ပြည်သူများအနေနဲ့လည်း တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမဖို့ မေတ္တာရပ်ခံကြောင်းလည်း PDF တပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
30👍7👎1🥰1👏1🤣1
(ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်ရဲ့ ထိခိုက်မှုတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
👍3111🥰1💩1🤣1
လောင်းလုံးနယ် စပ်ပြဲရွာတိုက်ပွဲ စစ်တပ်အလောင်း ၇လောင်း၊ လက်နက်ခဲယမ်းတွေ သိမ်းရဟု ပကဖ ထုတ်ပြန်

ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စပ်ပြဲရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၅ရက် မနက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်တပ်က အထိနာလို့ ထားဝယ်မြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ကူပေးခဲ့သလို လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကလည်း ပစ်ကူပေးခဲ့ကြောင်း ဖော်ပြပါတယ်။

ဇွန်လ ၁၅ရက်မနက်မှာ စစ်တပ်က ဆုတ်ခွာသွားပြီး ကျေးရွာက လူနေအိမ်တဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်တပ် ရုပ်အလောင်း ၇လောင်း သိမ်းရခဲ့ပြီး အရာရှိ ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း သိမ်းရခဲ့တဲ့ လက်နက် ၁လက်နဲ့ ကျည်ခဲယမ်းတွေရဲ့ မှတ်တမ်းပုံနဲ့ စစ်တပ် အလောင်းပုံတွေလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က ထိခိုက်သေဆုံး အရေအတွက် ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးပါတယ်။

စပ်ပြဲရွာ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီးပြီး ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ်(၈၀ဝ၃)တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျား တပ်ဖွဲ့ Dragon Squad (2) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ ဇွန်လ ပထမပတ်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက ဇွန်လ ဒုတိယပတ်မှာ အသိပေးထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ စပ်ပြဲရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံက အသိပေးပါတယ်။

လောင်းလုံးပကဖရဲ့ အသိပေးချက်အရ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
27👏6👍4👎1🥰1🤣1
(လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)
👍326🥰3🤣2👏1💩1
ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန်

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ရက်ည ၁၁နာရီခွဲမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျင်ဒွေးမြို့ကို ဗုံးကြဲခဲ့တာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ ၁၁ဦးရှိပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“မိဘပြည်သူများ လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် နေရာယူပေးကြစေလိုပါတယ်ရှင့် “ ဟု မြို့နယ်လူသားစာနာဘေးစီမံ ဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လေကြောင်း ပစ်ကူတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီကနေ့ ဇွန် ၂၀ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်မြို့နယ် ထိုးစစ်မစခင်ကလည်း ကန်ပက်လက်နဲ့ ကျင်ဒွေးကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဧပြီလကုန်ပိုင်းက ကျင်ဒွေးမြို့ တံတားကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့လို့ တံတားပြင်နေတဲ့ အရပ်သား ၉ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။
🤬29🤮53👍2👎1👏1
🔥12👍5👏2😢2
■စကား​​ပြေကဗျာ

“ချစ်ခြင်းမေတ္တာ”

◼️နွေးနွေးမောင်ရှိန်

ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်
တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်း
လှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။
ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အပြည့်ပဲ၊ အုံလိုက်ကျင်းလိုက် ပြွတ်သိပ်နေကြတာ။ အုံလိုက်ကျင်းလိုက် ဗုံးခိုကျင်းထဲ ဝင်ပြေးနေရတဲ့ ‘ချစ်ခြင်းမေတ္တာ’ တွေကိုမှ အားမနာ။ ဒီဘက်မှာ ‘ချစ်ခြင်းမေတ္တာ’ အပြည့်နဲ့ ယူကျူဗီဒီယိုတွေကြည့်လိုက်၊ ကလစ်လိုက်လုပ်နေပြီးတော့ ဟိုဘက်ကျတော့လည်း ‘ချစ်ခြင်းမေတ္တာ’ တွေနဲ့ ကွန်ဂရက်ကျူလေးရှင်းပါ ဘာညာ သွားလုပ်နေတော့ ‘ချစ်ခြင်းမေတ္တာ’ တွေက ဘယ်နားပြေးလို့ ပြေးရမယ်မှန်း မသိတော့ဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလို၊ အခင်မင် မပျက်ချင်သလိုလို၊ ဒီဘက်ကိုလည်း အားနာသလိုလို။ ဆိုတော့ကာ ထိုင်နေရင်အကောင်းသားနော်၊ ထသွားမှ ‘ချစ်ခြင်းမေတ္တာ’ တွေ ကျိုးမှန်းသိ။ ‘ကောင်လေးရေ ချာလီရေထတော့’ ဆိုပြီးတော့ သူများတွေကို လိုက်နှိုးပြီးတော့မှ ကဗျာဆရာက အကျအန ကိုယ်ယောင်ဖျောက် သွားအိပ်နေချိန်မှာ ‘ချစ်ခြင်းမေတ္တာ’ တက်တူးကြီးနဲ့ ရဲဘော်လေးက ရှေ့ကိုချီတက်နေရတယ်။
‘ချစ်ခြင်းမေတ္တာ’ နဲ့ မြို့ပြဟာ ပန်းချီပြပွဲတွေဆက်တိုက်၊ ရှိုးပွဲတွေဆက်တိုက်၊ အနုပညာလှုပ်ရှားမှုတွေက အနုပညာကို ချစ်လို့ပဲတဲ့၊ ‘ချစ်ခြင်းမေတ္တာ’ နဲ့ လားလားမှမဆိုင်။ ငါချစ်တဲ့ ‘ချစ်ခြင်းမေတ္တာ’ ၊ ငါနဲ့အနီးဆုံးက ‘ချစ်ခြင်းမေတ္တာ’ ကို မဆုံးရှုံးဖူးသေးသ၍ နယ်စပ်ဟာ ငါနဲ့အလှမ်းဝေးလွန်းနေပါသေးတယ်။
ငါ့အတွက် အချိန်ရပါသေးတယ်၊ ငါမချစ်လည်း ချစ်တဲ့သူတွေ ချစ်နေကြတာပဲလေ၊
ငါမပါလည်း ရသေးတယ်။ ငါနာမည်ကြီးအောင် အရင်လုပ်လိုက်ဦးမယ်၊ ‘ချစ်ခြင်းမေတ္တာ’ တွေ မရှိတုန်းပေါ့။ ‘ချစ်ခြင်းမေတ္တာ’ အမည်ခံ ပတ်စပို့နဲ့လည်း ဟိုနားဒီနား ကမ္ဘာတပတ်သွားလိုက်ဦးမယ်နော်။ ပြန်လာရင် ဆုံကြမယ်နော် ‘ချစ်ခြင်းမေတ္တာ’ တို့ရေ …။ ‘ချစ်ခြင်းမေတ္တာ’ တခေတ်ပြီးလို့ နောက်တခေတ်ရောက်တဲ့အခါမှာ ပြန်ပြောပြစရာ ‘ချစ်ခြင်းမေတ္တာ’ တွေ အားလုံး အယောက်စီတိုင်းမှာ ရှိနိုင်ကြပါစေ …။ ‘ချစ်ခြင်းမေတ္တာ’ ရဲ့ အလွန်ကို မျှော်ရည်လျက် …။

ချစ်တဲ့
နွေးနွေးမောင်ရှိန်

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'နွေးနွေးမောင်ရှိန် 'ရေးဖွဲ့တဲ့ "​​ချစ်ခြင်းမေတ္တာ”
စကား​ပြေကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍19🥰1🤮1🤣1
14🥰1🤮1💩1
■ရသစာတမ်းငယ်

“The Last song before leaving -“

◾️ ဂနိုက်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။ ရှောင်ပြေးတာမဟုတ်ဘဲ ဝေးကွာသွားတဲ့ဆက်ဆံရေးတချို့အတွက်လဲ ကျောခိုင်းလှည့်ထွက်ပြီးတော့ အပြီးအပိုင်ဆွဲထုတ်ပစ်ရတယ် ကိုယ်တို့ရဲ့ ဘယ်လိုမှထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ဘဝတခုကနေလေ။ ဆက်လက်ရယ်မောပစ်လိုက်ဖို့နဲ့ စီးကရက်အပိုင်းအစတွေလို ကိုယ့်ကိုကိုယ်လောင်ကျွမ်းပစ်လိုက်ဖို့ ဖယောင်းတိုင်ကလေးလိုဖြူစင်နေဖို့နဲ့ ပြီးတော့ အလင်းပေးရင်း တခန်းရပ်ပစ်လိုက်တော့မလို့။ dream about you ကို ဆေးရုံဝင်းထဲက ကော်ဖီဆိုင်ရှေ့မှာ စာရွက်တချို့ကိုင်ပြီး နားထောင်မိတုန်းက ကိုယ့်မှာလဲ အချိန်တခုရှိခဲ့ဖူးတယ် မျက်လုံးဖွင့်လိုက်တာနဲ့မင်းရှိနေတဲ့အချိန်တွေအကြောင်းစဉ်းစားရင်း ရပ်လျက်ပါပဲ။

တကယ်တော့ ပျော်ဝင်ပစ်လိုက်ဖို့ ဖန်တီးနေရသူတွေချည်းဆိုပေမဲ့ Exit ခလုတ်ကိုထိမိဖို့ လက်ကလေးတလုံးအလိုကို ကိုယ်တို့ရောက်ရောက်သွားနိုင်ကြတာပဲမဟုတ်လား။ မင်းဟာ ဘယ်သူနဲ့မှမတူတော့ဘူး ငါနဲ့ရော မင်းနဲ့ရော လွန်ခဲ့တဲ့ နှစ်အတော်အတန်အကြာလောက်က မင်းကြိုက်တဲ့ဟောလိဝုဒ်မင်းသမီးနဲ့ရော သိပ်ချစ်စရာကောင်းတဲ့ ပါရှန်းကြောင် အဖြူဖွလေးနဲ့ရောလို့ အသံနဲ့ ကိုယ့်အက်ဆေးကိုယ်ပြန်နားထောင်ရတော့ ဟိုးဝေးဝေးမှာ ကျန်ခဲ့တဲ့ကိုယ်နဲ့ အဲ့တုန်းကကိုယ်နဲ့ လုံးဝတူမနေတော့တဲ့လက်ရှိကိုယ့်ကိုယ်ကို သတိထားမိသွားတာပဲ သတ်ပုတ်နေတဲ့ဇာတ်ဝင်ခန်းရောက်လို့ ရုပ်ရှင်ကိုပြန်အာရုံစိုက်မိသွားသလိုမျိုးလေ။

ထိတွေ့တွန်းတိုက်လိုက်ရုံပဲ ကိုယ်တို့ဘာမှဆက်မတွေးတော့ဘဲ နစ်ဝင်သွားဖို့ ဖြစ်လာတဲ့အခါ။ ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးတဲ့ လိမ္မော်သီးစိပ်ကလေးက ဖန်ခွက်နှုတ်ခမ်းသားမှာ အတိအကျနေရာယူထားပုံတွေ အကျွမ်းတဝင်မရှိတော့တာသိပ်ကိုကြာပြီဖြစ်တဲ့ နမ်းရှိုက်ရခြင်းတွေရယ် ပြီးတော့ ဘယ်တုန်းလောက်ကလဲဟင်လို့ ခဏခဏပြန်စဉ်းစားမိပြီး ဖော်လို့မရတော့တဲ့ တခါတပါးဆီက စစ်မှန်စွာပျော်ခဲ့ရခြင်းတွေ။ တိတိပပ ကိုယ်တို့ သံသရာတပစ်စာဆီ ရောက်နေကြတဲ့အကွာအဝေးတွေမှာ နားထင်ကိုတေ့ဖြုတ်လိုက်ဖို့ထပ် ကျန်ခဲ့သူတွေကို စွဲထင်ကျန်ရစ်စေမဲ့အနာတရတွေမပေးခဲ့ကြဖို့ ရွေးချယ်ပစ်ကြရမှာပဲ။ ကိုယ်တို့အိပ်မက်တွေမက်ပစ်လို့ရတယ် နစ်စာဘားရက်ရဲ့ Die First ကို အကြိမ်ကြိမ်နားထောင်လိုက်လို့ရပါတယ် တကြိမ်လေးမှ ကိုယ့်အသည်းကိုယ်ခွဲကြတာနောင်တမရခဲ့ဘူးဆိုရင်လေ။

ဘီလီအဲလစ်ရှ်ရဲ့ bird of a feather နားထောင်တိုင်း ငါ့မှာ အချိန်တွေသိပ်မကျန်တော့ပေမဲ့ မင်းကိုနောက်ဆုံးအထိချစ်သွားမှာပါလို့ လိုက်ဆိုရင်း ဒီစော်အတော်ပလီတာပဲလို့ ကိုယ်တို့ပြိုင်တူပြော ပြိုင်တူရယ်ရင်း ပါ့ဘလစ်ဧရိယာမှာ ဘီယာစုပ်လို့ရတဲ့ ပလပ်ဖောင်းဘားတွေကနေ တော်တော်ဝေးဝေးကို တယောက်ဘဝထဲက တယောက်နှုတ်ထွက်လိုက်ရခြင်းတွေကို ဝဋ်ဒုက္ခကြီးမားစွာအိပ်ပျော်ဖို့ကြိုးစားရင်း ပေတေပြီးဆက်လက်မျက်လုံးမှိတ်ထားဖို့ကြိုးစားရင်း နံရံကိုနှိုးစက်တွေပစ်လွှတ်ရင်း အိုင်ဒီတွေမေ့ကျန်ရင်း ဒီဘက်နှစ်တွေမှာ တိုးတိုးလေးအော်ဟစ်လိုက်ရခြင်းများနဲ့အသားကျလိုက်ရခြင်းတွေပါပဲလေ…။ ။

((The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
' ဂနိုက်' ရေးဖွဲ့တဲ့ "​​The Last song before leaving -" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
21👍4🔥1🥰1🤮1💩1
👍12🤮2🥰1😱1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တွေဒကစနဲ့ တပ်ရင်းတွေအနီးက ရွာတွေကို ဖျက်ပြီး စစ်တပ် ခံစစ်ပြင်နေ

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေကို ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ဒကစဌာနချုပ်အနီးရှိ တောကန်ရွာ၊ ကျားမသောက်တပ်ရင်းအနီးရှိ ကျားမသောက်ရွာ၊ ကျောက်တန်း ချေရွာ၊ ပါဒလိတ်တပ်ရင်းအနီးရှိ ကြွီတဲရွာ၊ ကျောက်တန်းကြီးကျေးရွာတို့က အရပ်သားနေအိမ်တွေကို ဖျက်ဆီးပြီး အဲဒီနေရာတွေမှာ ဆက်သွယ်ရေးမြောင်းတူး၊ ဘန်ကောက်တွေဆောက်ကာ ခံစစ်အနေအထားပြင်နေတာပါ။ အဲဒီရွာတွေမှာ ဒေသခံပြည်သူတွေ မရှိတော့ဘဲ တိုက်ပွဲစဖြစ်ကတည်းက စစ်တပ်က နှင်ထုတ်ထားတာကြောင့် အိမ်တွေကို ဒီအတိုင်း ပစ္စည်းအပြည့်နဲ့ ထားခဲ့ကာ အကုန်ပြေးနေကြရကြောင်း ကြွီတဲကျေးရွာသားတစ်ဦးက ပြောပါတယ်။ စစ်တပ်ဟာ ပြည်သူတွေ ထားရစ်တဲ့ ပစ္စည်းတွေကို ထုတ်ရောင်းတာအပြင် အိမ်ကို ဖြိုချကာ သစ်တွေကို ပြန်လည်ရောင်းချတာမျိုးထိ လုပ်ဆောင်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

◾️လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်အထိနာထွက်ပြေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စပ်ပြဲရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၅ရက် မနက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်တပ်က အထိနာလို့ ထားဝယ်မြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ကူပေးခဲ့သလို လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကလည်း ပစ်ကူပေးခဲ့ကြောင်း ဖော်ပြပါတယ်။ ဇွန်လ ၁၅ရက်မနက်မှာ စစ်တပ်က ဆုတ်ခွာသွားပြီး ကျေးရွာက လူနေအိမ်တဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်တပ် ရုပ်အလောင်း ၇လောင်း သိမ်းရခဲ့ပြီး အရာရှိ ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

◾️ရန်ကုန်တိုင်းစစ်ဌာနနယ်မြေမှာ ၄လအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။ တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေး သတင်းများကို PDF တပ်မတော်က ထုတ်ပြန်လျက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနနယ်မြေအတွင်း စစ်တပ်နဲ့ ထိတွေ့မှု အခြေအနေ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်း ရရှိမှုနဲ့ ထိခိုက်မှု အခြေအနေတွေကို အသိပေးလာတာဖြစ်ပါတယ်။ ၄လတာအတွင်း တိုက်ပွဲများအနက် စစ်တပ်ရဲ့ ထိုးစစ် ခုခံကာကွယ်မှု ၂ကြိမ်၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်၊ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်မှု ၁ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ အသေးစိတ် ထုတ်ပြန်မထားပါဘူး။

◾️ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၉ရက်ည ၁၁နာရီခွဲမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျင်ဒွေးမြို့ကို ဗုံးကြဲခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ ၁၁ဦးရှိပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လေကြောင်း ပစ်ကူတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီနေ့ ဇွန်လ၂၀ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

◾️CDF ဟားခါး ဒုဥက္ကဋ္ဌဟောင်းကို ပစ်ခတ်ခဲ့သူကို ထောင်ဒဏ် ၁၀နှစ် ချမှတ်
👍183🔥3🥰1