ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်သားသစ် နဲ့ ရဲတွေထွက်ပြေးသူ၊အလင်းဝင်သူ
တွေရှိလာ
ဇွန်-၂၀၊၂၀၂၆။စိုင်းနောင်/People's Spring
ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်ရေးသ
တင်းရင်းမြစ်အချို့က ပြောပါတယ်။
"KIAနဲ့KPDFတွေမြို့ထဲအထိရောက်လာတယ်။တိုက်ပွဲကမြို့ထဲမှာတင်ပြင်းပြင်းထန်
ထန်ဖြစ်တယ်။မြို့ပြင်ဘက်ကိုလေကြောင်းကနေ ဗုံးတွေကြဲတယ်။မြေပြင်မှကျ စစ်တပ်ဘက်က ဆုတ်ရပြီး ထွက်ပြေးတာတွေလည်း ရှိတယ်။အခြေအနေက ပိုကြမ်းလာတာ"လို့ ဇွန်လ ၂၀ရက် မနက်ပိုင်း အခြေအနေကို ရွှေကူမြို့ထဲမှာရှိနေသူ တစ်ဦးကပြောပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာရွှေကူမြို့၊ခုံခမ်းရပ်
ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးသေနတ်သံတွေ ဆူညံနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
KIA ၊KPDFနဲ့ နီးစပ်တဲ့ စစ် ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ရဲနဲ့ စစ်မှုထမ်းသင်
တန်းဆင်း စုစုပေါင်း ၁၈ဦး လက်နက်တွေနဲ့အလင်းဝင်လာတယ်လို့ ပြောပါတယ်။ ဒီဖြစ်စဥ်ဒေသခံတွေမသိကြသေးပဲ People's Spring ကလည်းအသေးစိတ် ဆက်လက် မေးမြန်း နေဆဲ ဖြစ်ပါတယ်။
အရင်ရက်တွေက မြို့ပြင်ကိုမထွက်သေးတဲ့ဒေသခံတွေဟာ ဇွန်လ ၁၈ရက်ကစပြီး မြို့အနီးတိုက်ပွဲတွေပိုပြင်းထန်လာလို့ တိမ်း
ရှောင်ခဲ့တယ်လို့ People's Spring ကို ပြောပါတယ်။
ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)ကဇွန်လ ၈ရက်နေ့မှာ သတိပေး
ချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
KIAက သတိပေးပြီး နောက်ပိုင်းရွှေကူမြို့ ၄ လမ်းဆုံ၊တော်လှန်ရွာ၊ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာအရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သလိုဇွန်
လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉
လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်
ပေါက်ကွဲခဲ့လို့အရပ်သားလေးဦးသေဆုံးခဲ့ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေစဉ်စစ်တပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသလိုKIA နဲ့ KPDF ဝတ်စုံတွေနဲ့ သ
တင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်နေကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်
ရေးတပ် - ရွှေကူ KPDF က ဇွန်လ၁၇ရက်နေ့မှာ သတိပေးထားပါတယ်။
ရွှေကူမြို့နယ်အတွင်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

👍33❤11👏2🤣2🥰1💩1👌1
■ဆောင်းပါး
နှင်းဆီကြောက်သူများ
ပက်စ်စီ/People's Spring
နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာ
ရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။
အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ရောက်ပြီဆိုရင် နှင်းဆီပန်းကိုမြင်ရတာဟာ အာဏာရှင်တွေအတွက် အသည်းတုန်အူတုန်သွားစေခဲ့ပါတယ်။ လက်
နက်တွေကိုင်ဆောင်ထားတဲ့ စစ်တပ်တစ်တပ်အတွက် နှင်းဆီပန်းတစ်ပွင့်က ဘာကြောင့် တုန်လှုပ်စေခဲ့ပါသလဲ။
တကယ်တော့ နှင်းဆီပန်းဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခြားလို့မရတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရှေ့ထွက်တဲ့အခါ ဦးခေါင်းမှာ ပန်းအမြဲ ပန်ဆင်လေ့ရှိပါတယ်။ အဲဒီပန်းတွေထဲမှာမှ နှင်းဆီပန်းကတော့ သူအနှစ်သက်ဆုံးနဲ့ အပန်များဆုံး ပန်းတစ်ပွင့် ဖြစ်ပါတယ်။
နှင်းဆီပန်းဟာ နူးညံ့မှု၊ အလှအပနဲ့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပါတယ်။စစ်အာဏာ
ရှင်တွေကသေနတ်၊ကျည်ဆန်နဲ့ အကြမ်း
ဖက်မှုကို သုံးစွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ မေတ္တာတရား၊ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး တော်လှန်ခဲ့ပါတယ်။ ဒီတော့ နှင်းဆီပန်းဟာ သူ့ရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးလမ်းစဉ်ကို ဖော်ပြတဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တာပါ။
လူထုခေါင်းဆောင် အကျဥ်းချခံထားရပေမဲ့ မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာတော့ ပြည်သူလူထုက နေရာစုံမှာ မွေးနေ့ပွဲတွေ အထိမ်းအမှတ်အခမ်းအနားတွေ မမေ့မလျော့ ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင် ပန်းကလေးတစ်ပွင့်ကအစ သည်းမခံတတ်ပုံကို ခုလိုတွေ့ကြမှာပါ။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ်ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အနီရောင်ဝတ်စုံဝတ်၊ နှင်းဆီပန်းနီကိုကိုင်ပြီး “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းနဲ့ AI နည်းပညာသုံး ဗီဒီယိုတစ်ခုကို TikTok ပေါ် တင်ခဲ့ပါတယ်။
ဒီဗီဒီယိုကြောင့်ပဲ အေးသာယာမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က မနွယ်ရဲ့ နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်
ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခဲ့ပါတော့တယ်။
နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံဈေးမှာ ကုန်ခြောက်ရောင်းတဲ့ ဈေးသည် ဒေါ်မိုးမိုးပါ။ ဒေါ်မိုးမိုးဟာ နေ့စဉ် နှင်းဆီပန်းပန်လေ့၊ ဘုရားပန်းထိုးလေ့ရှိသူ ဖြစ်ပါသတဲ့။ ဒေါ်မိုးမိုးဟာ မနေ့ကလည်း သာမန်နေ့တွေလိုပဲ နှင်းဆီပန်းပန်၊ ဘုရားပန်းထိုးခဲ့တယ်။ မနက်ပိုင်းမှာပဲ စစ်တပ်က ဒေါ်မိုးမိုးကို လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့တဲ့အပြင် ၎င်းရဲ့ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်သွားခဲ့ပါတယ်။
မုံရွာမြို့မှာလည်း ဖြစ်စဉ်က ထပ်တူပါပဲ။ ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ခုမှာ ဆိုင်တွင်းဘုရားစင်ပေါ် နှင်းဆီပန်းတွေ ကပ်
လှူထားတာကို တွေ့ရုံနဲ့ စစ်ကောင်စီတပ်တွေက ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ထို့အတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ သားအမိနှစ်ဦး နှင်းဆီပန်းပန်ပြီး အောင်တော်မူဘုရားကို သွားစဉ် လမ်းမှာတင် ဖမ်း
ဆီးခြင်း ခံခဲ့ရသလို၊ စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာလည်း နှင်းဆီပန်းသယ်လာသူတစ်ဦးကို ကျပ် ၁၀ သိန်း ငွေဒဏ်ရိုက်ပြီး ငွေညှစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ နှင်းဆီပန်းတင်မကသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်ဖြစ်တဲ့ "၈၁" ဆိုတဲ့ ဂဏန်းအပေါ်မှာပါ ဆက်ဆက်ထိမခံ ဖြစ်ပြန်ပါတယ်။
မန္တလေးမြို့မှာ 81 Electronic လျှပ်စစ်ပစ္စည်းကုမ္ပဏီက (ပြီးခဲ့တဲ့ဇွန်လ၇ ရက်အပြေးပြိုင်ပွဲတုန်းက) ဝေခဲ့တဲ့ 81 logo ပါအားကစားဝတ်
စုံကို ဝတ်ဆင်ပြီး ပြေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုက လမ်းမပေါ်တင် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ သာမန်ကုမ္ပဏီကြော်ငြာအင်္ကျီ ဝတ်ထားတာကိုပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ လှုပ်ရှားမှုအဖြစ် စွပ်စွဲပြီး အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်တင်မကသေးပါဘူး။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာစစ်တပ်သံရုံးရှေ့မှာ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းနဲ့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးအပ်ခဲ့ပါတယ်။သံရုံးက ထိုင်းရဲတပ်ဖွဲ့ကို တိုင်လိုက်တာကြောင့် ခွင့်ပြုချက်မတောင်းဘဲ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုနေရှိုင်းကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်ထိုင်းရဲတပ်ဖွဲ့ကခေတ္တခေါ်ယူမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုနေ
ရှိုင်းနဲ့အဖွဲ့က ထိုင်းရဲတွေကို နှင်းဆီပန်းတွေပြန်ပေးခဲ့ပါတယ် ။မြန်မာနိုင်ငံမှာတော့ပြည်သူက နှင်းဆီပန်းပန်တာကို ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်သလို အာဏာလုထားတဲ့စစ်တပ်က ပြုမူနေတာပါ။

👍28❤4🤮1🤣1
စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သာမန် နှင်းဆီပန်းတစ်ပွင့်နဲ့ "၈၁" ဆိုတဲ့ ဂဏန်းတစ်ခုကိုတောင် ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေတာကို မနေ့က ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လက်နက်အားကိုးနဲ့ ဘယ်လိုမှ နှိပ်ကွပ်လို့မရနိုင်ကြောင်း နှင်းဆီသပိတ်တွေက ထင်ဟပ်နေပါတော့တယ်။ ။

👍32🤮1🤣1
CDF ဟားခါး ဒုဥက္ကဋ္ဌဟောင်းပစ်ခတ်မှု ကျူးလွန်တဲ့ အထွေထွေအတွင်းရေးမှူးကို ထောင်ဒဏ် ၁၀နှစ်ချမှတ်
ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန် လိန်းနဲ့ ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်းသူ (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်က တားဆီးရာမှ စကားများစဉ် အခုလို ပစ်ခတ်မှု ဖြစ်ခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းကာ အခုလို ထောင်ဒဏ်ချမျတ်ခဲ့တာပါ။
" ဒုက္ကဋ္ဌဟောင်း အဲဒါကို သေစေအောင် ပစ်ခတ်တဲ့အတွက်ကြောင့် ဟားခါး CDF ရဲ့ ဥပဒေ ပုဒ်မ (၄၉) အရ သူ့ကို ပြစ်မှု ကျူးလွန်တယ် ထို့အတွက်ကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၁၀နှစ်ချလိုက်တယ်ဆိုတာ အကျဉ်းချုံးပြောလို့ရပါတယ်” လို့ ချင်းသတင်းရင်းမြစ်က CDF ဟားခါးရဲ့ ထုတ်ပြန်ချက်ကို ရှင်းပြပါတယ်။
CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ဟားခါး ကောင်စီရဲ့ ဥပဒေအရ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဟားခါး CDF ရဲ့ တပ်မဟာ အသီးသီးက ကိုယ်စားလှယ်တွေ ၊ ဥပဒေရေးရာ ဌာနတာဝန်ရှိသူတွေ အပါအဝင် ၆ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားစဉ် မျက်မြင်သက်သေတွေ အပါအဝင် သက်သေ ၂၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ပစ်ခတ်ခံရလို့ ကွယ်လွန်သူ ဆလိုင်းဆန်လိန်းဟာ CDF ဟားခါးဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင် တစ်ဉီးဖြစ်သည် သာမက အားကိုး အားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိ တပ်သားဘဝနဲ့ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။

👏19❤5🔥5👍4🎉2
ရန်ကုန်တိုင်းစစ်ဌာနနယ်မြေမှာ ၄လအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်၊ စစ်တပ်အထိနာ
▪️လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်
ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာန အနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။
တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေး သတင်းများကို PDF တပ်မတော်က ထုတ်ပြန်လျက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာန နယ်မြေအတွင်း စစ်တပ်နဲ့ ထိတွေ့မှု အခြေအနေ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်း ရရှိမှုနဲ့ ထိခိုက်မှု အခြေအနေတွေကို အသိပေးလာတာဖြစ်ပါတယ်။
၄လာတာအတွင်း တိုက်ပွဲများအနက် စစ်တပ်ရဲ့ ထိုးစစ် ခုခံကာကွယ်မှု ၂ကြိမ်၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်၊ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်မှု ၁ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ အသေးစိတ် ထုတ်ပြန်မထားပါဘူး။
တိုက်ပွဲများအတွင်း စစ်တပ်က ရာချီသေဆုံးထိခိုက်ကြောင်း ထုတ်ပြန်ထားပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။
စစ်တပ်ဘက်က ၄ဦး ဖမ်းမိထားပြီး လက်နက် ၉လက် သိမ်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သိမ်းရခဲ့တာတွေက MA1 (၃) လက်၊ MA11 (၄) လက်၊ MA4 (၁) လက်၊ ၆၀ မမ ၁လက်နဲ့ ကျည်၊ ဗုံးသီး၊ လက်နက်ကြီးကျည်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ ပြည်သူများအနေနဲ့လည်း တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမဖို့ မေတ္တာရပ်ခံကြောင်းလည်း PDF တပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

❤30👍7👎1🥰1👏1🤣1
(ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်ရဲ့ ထိခိုက်မှုတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
👍31❤11🥰1💩1🤣1
လောင်းလုံးနယ် စပ်ပြဲရွာတိုက်ပွဲ စစ်တပ်အလောင်း ၇လောင်း၊ လက်နက်ခဲယမ်းတွေ သိမ်းရဟု ပကဖ ထုတ်ပြန်
ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စပ်ပြဲရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၅ရက် မနက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်တပ်က အထိနာလို့ ထားဝယ်မြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ကူပေးခဲ့သလို လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကလည်း ပစ်ကူပေးခဲ့ကြောင်း ဖော်ပြပါတယ်။
ဇွန်လ ၁၅ရက်မနက်မှာ စစ်တပ်က ဆုတ်ခွာသွားပြီး ကျေးရွာက လူနေအိမ်တဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်တပ် ရုပ်အလောင်း ၇လောင်း သိမ်းရခဲ့ပြီး အရာရှိ ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း သိမ်းရခဲ့တဲ့ လက်နက် ၁လက်နဲ့ ကျည်ခဲယမ်းတွေရဲ့ မှတ်တမ်းပုံနဲ့ စစ်တပ် အလောင်းပုံတွေလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က ထိခိုက်သေဆုံး အရေအတွက် ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးပါတယ်။
စပ်ပြဲရွာ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီးပြီး ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ်(၈၀ဝ၃)တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျား တပ်ဖွဲ့ Dragon Squad (2) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ ဇွန်လ ပထမပတ်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက ဇွန်လ ဒုတိယပတ်မှာ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်တဲ့ စပ်ပြဲရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံက အသိပေးပါတယ်။
လောင်းလုံးပကဖရဲ့ အသိပေးချက်အရ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

❤27👏6👍4👎1🥰1🤣1
(လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)
👍32❤6🥰3🤣2👏1💩1