People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(လေလံတင်ရောင်းချမယ့် ပန်ချီကား ၂ချပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nu Yin)
71👍5🤮1💩1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့တွေ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်၊ အစိုးရအဖွဲ့တွေ ဆုတောင်းသဝဏ်လွှာတွေ ပေးပို့

ဇွန်-၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့ကို ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတွေနဲ့ တိုင်း၊ ပြည်နယ် ယူနစ်လွှတ်တော်၊ အစိုးရတွေက ဂုဏ်ပြုသဝဏ်လွှာ၊ ဆုတောင်းသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားကို ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ CDM Medical Network၊ မန္တလေးတိုင်း NLD၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ဧရာ၀တီ ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ဧရာ၀တီ ဖက်ဒရယ်ယူနစ် NLD အလုပ်အမှုဆောင်အဖွဲ့၊ ပဲခူး ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ချင်းပြည်အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ ကြားကာလ မကွေးဖက်ဒရယူနစ်အစိုးရ၊ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ၈ခု(ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း ) စတာတွေအ ပါအဝင် အဖွဲ့အစည်း အသီးသီးက သဝဏ်လွှာ ပေးပို့ခဲ့ကြတာ တွေ့ရပါတယ်။

ချင်းပြည်အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းဆုကြည်ဟာ တိုင်းရင်းသားပြည် သူတစ်ရပ်လုံး ယုံကြည်အားကိုးကြရသော လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပြီး နွေဦးတော်လှန်ရေးအောင်မြင်ရန်အတွက် အဓိကမျှော်လင့်ချက်မောင်းနှင်အားဖြစ်ကြောင်း ဖော်ပြပါတယ်။

ချင်းပြည်(Chinland)အစိုးရအဖွဲ့ နဲ့ ချင်းပြည်သူတရပ်လုံးမှ ဒေါ်အောင်ဆန်းဆုကြည်ကို မြန်မာပြည်သူတရပ်လုံးရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် မိသားစုနဲ့ မိမိကိုယ်ပိုင်ဘဝကို စွန့်လွှတ်လျှက် မဆုတ်မနစ်အနစ်နာခံကြိုးပမ်း မှုကို လေးစားဂါရဝပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းဆုကြည် မျှော်လင့်တောင့်တခဲ့တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ပြည်သူတွေနဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့လည်း ချင်းပြည်အစိုးရရဲ့ သဝဏ်လွှာမှာ ဖော်ပြကာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာဖို့။ အမြန်ဆုံးလွတ်မြောက်ဖို့လည်း ဆုတောင်းထားပါတယ်။

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ၈ခုက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ နိုင်ငံတကာရဲ့ လေးစားမှုခံရတဲ့ လူထုခေါင်းဆောင်ရဲ့ အလျှော့မပေးစတမ်းစွန့်လွှတ်အနစ်နာခံ ကြိုးစားအားထုတ်မှုများက CDM နိုင်ငံ့ဝန်ထမ်းများကိုသာမက ကမ္ဘာတစ်ဝန်းလုံးရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများ အားလုံးအတွက် စံနမူနာကောင်း ဖြစ်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မှုများကို လိုက်နာပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မည်သည့်အာဏာရှင်မျှ ထပ်မံ မပေါ်ပေါက်ရေး၊ စွမ်းဆောင်ရည် ပြည့်ဝသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ့ဝန်ထမ်း ယန္တရား ပေါ်ထွန်းလာရေး၊ နိုင်ငံရေး အခင်းအကျင်းများတွင် CDM နိုင်ငံ့ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်ခွင့်ရှိရေးနဲ့ CDM နိုင်ငံ့ဝန်ထမ်းများအတွက် အစိုးရရဲ့ ကတိကဝတ် အာမခံချက်များ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုဖော်ပြပါတယ်။

မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို နိုင်ငံတဝန်း ပြည်သူလူထုတွေ တော်လှန်ရေးအင်အားစုတွေ ပြည်ပရောက်မြန်မာတွေက ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေကလည်း မတရားထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ထပ်မံ တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဆွစ်ဇာလန် ၊ဩစတေးလျ၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေက သံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မွေးနေ့မှာ မတရားဖမ်ဆီးခံထားရသူတွေ ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံသံရုံးရဲ့ ဖော်ပြချက်မှာတော့ “ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့တွင် သူမ၏ မိသားစုနှင့် မြန်မာလူမျိုးများ၏ အဝေးတွင် ထိန်းသိမ်းထားခံရဆဲဖြစ်သည်။ ကနေဒါနိုင်ငံသည် သူမအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့ကျရောက်သော သူမ၏ (၈၁)နှစ်မြောက်မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ပါသည်။ ၄င်းတို့သည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိပြီး ယုံကြည်စိတ်ချရသော၊ အားလုံးပါဝင်မှုရှိသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။
🥰288🤮2💩1
ဒါ့အပြင် ဩစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုကြောင်း ရေးသားထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်။ မိမိတို့သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းပါသည်” လို့ ဩစတြေးလျ သံရုံးက ရေးသားထားပါတယ်။

ဆွစ်ဇာလန်သံရုံးရဲ့ ဖော်ပြချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၈၁)နှစ်ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြား အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှ တောင်းဆိုကြောင်း ထပ်လောင်း ပြောကြားပါတယ်လို့ ဖော်ပြပါတယ်။
28👍12🥰3🤮1💩1
(ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ မြို့နယ်သယံဇာတ အဖွဲ့များက နှင်းဆီပန်းသပိတ် ပြုလုပ်ကာ စီတန်းလှည့်လည်နေစဉ်။ ဓာတ်ပုံ - ခင်ဦး ပကဖ)
51👍11🥰8🤮1💩1
စစ်တပ်က မန္တလေးတိုင်းထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ လောင်းကစားနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အသုံးချနေ

ဇွန်-၂၀၊၂၀၂၆။ရွှေပြည်စိုး၊​မေ/People's Spring

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

၂၀၂၅ နှစ်လယ်ပိုင်းအထိ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊သပိတ်ကျင်း၊တကောင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေ၊ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းအများအပြားကို စစ်တပ်နဲ့ ပျူ စောထီးတွေက ဖွင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

" လူငယ်တွေကို ပစ်မှတ်ထားပြီဖျက်ဆီးနေတာ။အဲဒီနေရာတွေကနေ စစ်သားစုဆောင်းသလို စစ်တပ်ထဲမရောက်သေးတဲ့ လူငယ်တွေကို မူးယစ်ဆေးကိုလွယ်လွယ် ရအောင် ဖြန့်တယ်။ ဂိမ်းဆိုင်တွေမှာပဲအချိန်ကုန်လာကြတယ်။ နောက်ပြီး ပြည့်တန်ဆာတွေလည်းများလာတယ်"လို့ စဥ့်ကူးမြို့ခံတစ်ဦးကပြောပါတယ်။

မိုးကုတ်မြို့မှာလည်း KTVနဲ့ လောင်းကစားလုပ်ငန်းတွေများပြားလာပြီး စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထားပြီဖျက်ဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ကျောင်းတွေ ပြန်ဖွင့်တယ်။ ဒါပေမယ့် တစ်ဖက်မှာက မြို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်။ လူငယ်တွေ၊ ယောက်ျားလေးတွေရောမိန်းကလေးတွေရော မြို့မှာမထားရဲကြတော့တဲ့အထိ အကျင့်စာရိတ္တပျက်စီးအောင်လုပ်နေတယ်။ ဘယ်မှမသွားနိုင်လို့ကျန်ခဲ့တဲ့သူတွေက ဖျက်ဆီးခံနေရတယ်"လို့ မိုးကုတ်မြို့က အိမ်ထောင်ရှင်မတစ်ဦးကပြောပါတယ်။

၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးတိုက်ပွဲတွေအတွင်း စဉ့်ကူး၊သပိတ်ကျင်း၊တကောင်းမြို့တွေကို ၂၀၂၃နဲ့ ၂၀၂၄ခုနှစ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအောင်းတပ်(TNLA)၊PDF နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေကို စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းကနေ စတင် စစ်ကြောင်းထိုးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတာပါ။ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့အတူ TNLAက စစ်တပ်ထံ ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။ တကောင်းမြို့ကိုတော့ ပြီးခဲ့တဲ့မတ်လမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထား ဖျက်ဆီးနေသလို တစ်ဖက်မှာတော့ ပျူးစောထီးတွေအကူအညီနဲ့ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(မန္တလေး)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းခိုင်က ပြီးခဲ့တဲ့ မေလမှာ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို လုံခြုံရေးစစ်ကြောင်းနဲ့ရောက်လာပြီး ဒေသခံတွေကို စားနပ်ရိက္ခာတချို့ ပေးပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တော်လှန်ရေးတပ်တွေမသိမ်းယူခင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအဟောင်းကိုပဲ ပြန်ခန့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်က အုပ်ချုပ်ရေး ယန္တရားလလည်ပတ်အောင်နည်းမျိုးစုံ ကြိုးပမ်းနေတာတွေ့ရတယ်လို့ ဒေသတွင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
👎22🤬98🔥3👏1
(စဉ့်ကူးမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)
🤬241👎1🔥1👏1
ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုတွေ ပြုလုပ်

ဇွန်-၂၀၊၂၀၂၆။သုည/People's Spring

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား၊ ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈၁) မိနစ်လမ်းလျှောက်ပွဲနဲ့ အတူ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

"Proof of Life" ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို Burmese Canadian Society BC (BCSBC) က စီစဉ်တာဖြစ်ပြီး ဗန်ကူးဗားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ ရှိ စစ်သံရုံး မြို့ဟောင်းနဲ့ နက္ခတ္တဗေဒ နာရီစင်ကြီးအနီးမှာ ပြည်ပရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
34🥰2🤮1🤣1
ဓာတ်ပုံ - BCSBC၊ CJ
45👍8🥰2🤮1💩1🤝1🫡1
ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်သားသစ် နဲ့ ရဲ​တွေထွက်​ပြေးသူ၊အလင်းဝင်သူ​
တွေရှိ​လာ

ဇွန်-၂၀၊၂၀၂၆။စိုင်းနောင်/People's Spring

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသ
တင်းရင်းမြစ်အချို့က ပြောပါတယ်။

"KIAနဲ့KPDFတွေမြို့ထဲအထိရောက်လာတယ်။တိုက်ပွဲကမြို့ထဲမှာတင်ပြင်းပြင်းထန်
ထန်ဖြစ်တယ်။မြို့ပြင်ဘက်ကိုလေကြောင်းကနေ ဗုံးတွေကြဲတယ်။မြေပြင်မှကျ စစ်တပ်ဘက်က ဆုတ်ရပြီး ထွက်ပြေးတာတွေလည်း ရှိတယ်။အခြေအ‌နေက ပိုကြမ်းလာတာ"လို့ ဇွန်လ ၂၀ရက် မနက်ပိုင်း အခြေအနေကို ရွှေကူမြို့ထဲမှာရှိနေသူ တစ်ဦးကပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာရွှေကူမြို့၊ခုံခမ်းရပ်
ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးသေနတ်သံတွေ ဆူညံနေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

KIA ၊KPDFနဲ့ နီးစပ်တဲ့ စစ်‌ ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ရဲနဲ့ စစ်မှုထမ်းသင်
တန်းဆင်း စုစုပေါင်း ၁၈ဦး လက်နက်တွေနဲ့အလင်းဝင်လာတယ်လို့ ‌​ပြောပါတယ်။ ဒီဖြစ်စဥ်ဒေသခံတွေမသိကြ‌သေးပဲ People's Spring ကလည်းအသေးစိတ် ဆက်လက် မေးမြန်း နေဆဲ ဖြစ်ပါတယ်။

အရင်ရက်​တွေက မြို့ပြင်ကိုမထွက်သေးတဲ့ဒေသခံတွေဟာ ဇွန်လ ၁၈ရက်ကစပြီး မြို့အနီးတိုက်ပွဲတွေပိုပြင်းထန်လာလို့ တိမ်း
ရှောင်ခဲ့တယ်လို့ People's Spring ကို ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)ကဇွန်လ ၈ရက်နေ့မှာ သတိပေး
ချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။

KIAက သတိပေးပြီး နောက်ပိုင်းရွှေကူမြို့ ၄ လမ်းဆုံ၊တော်လှန်ရွာ၊ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာအရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သလိုဇွန်
လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉
လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်
ပေါက်ကွဲခဲ့လို့အရပ်သားလေးဦးသေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေစဉ်စစ်တပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသလိုKIA နဲ့ KPDF ဝတ်စုံတွေနဲ့ သ
တင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်နေကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်
ရေးတပ် - ရွှေကူ KPDF က ဇွန်လ၁၇ရက်နေ့မှာ သတိပေးထားပါတယ်။

ရွှေကူမြို့နယ်အတွင်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
👍3311👏2🤣2🥰1💩1👌1
KIA တပ်ဖွဲ့ဝင်အချို့(ပုံ​ဟောင်းဖြစ်ပါတယ်
32👏7🥰2🔥1😁1💩1🤣1🏆1
■​ဆောင်းပါး

နှင်းဆီကြောက်သူများ

ပက်စ်စီ/People's Spring

နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာ
ရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ရောက်ပြီဆိုရင် နှင်းဆီပန်းကိုမြင်ရတာဟာ အာဏာရှင်တွေအတွက် အသည်းတုန်အူတုန်သွားစေခဲ့ပါတယ်။ လက်
နက်တွေကိုင်ဆောင်ထားတဲ့ စစ်တပ်တစ်တပ်အတွက် နှင်းဆီပန်းတစ်ပွင့်က ဘာကြောင့် တုန်လှုပ်စေခဲ့ပါသလဲ။

တကယ်တော့ နှင်းဆီပန်းဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခြားလို့မရတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရှေ့ထွက်တဲ့အခါ ဦးခေါင်းမှာ ပန်းအမြဲ ပန်ဆင်လေ့ရှိပါတယ်။ အဲဒီပန်းတွေထဲမှာမှ နှင်းဆီပန်းကတော့ သူအနှစ်သက်ဆုံးနဲ့ အပန်များဆုံး ပန်းတစ်ပွင့် ဖြစ်ပါတယ်။

နှင်းဆီပန်းဟာ နူးညံ့မှု၊ အလှအပနဲ့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပါတယ်။စစ်အာဏာ
ရှင်တွေကသေနတ်၊ကျည်ဆန်နဲ့ အကြမ်း
ဖက်မှုကို သုံးစွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ မေတ္တာတရား၊ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး တော်လှန်ခဲ့ပါတယ်။ ဒီတော့ နှင်းဆီပန်းဟာ သူ့ရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးလမ်းစဉ်ကို ဖော်ပြတဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တာပါ။

လူထုခေါင်းဆောင် အကျဥ်းချခံထားရပေမဲ့ မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာတော့ ပြည်သူလူထုက နေရာစုံမှာ မွေးနေ့ပွဲတွေ အထိမ်းအမှတ်အခမ်းအနားတွေ မမေ့မလျော့ ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင် ပန်းကလေးတစ်ပွင့်ကအစ သည်းမခံတတ်ပုံကို ခုလိုတွေ့ကြမှာပါ။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ်ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အနီရောင်ဝတ်စုံဝတ်၊ နှင်းဆီပန်းနီကိုကိုင်ပြီး “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းနဲ့ AI နည်းပညာသုံး ဗီဒီယိုတစ်ခုကို TikTok ပေါ် တင်ခဲ့ပါတယ်။

ဒီဗီဒီယိုကြောင့်ပဲ အေးသာယာမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က မနွယ်ရဲ့ နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်
ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခဲ့ပါတော့တယ်။

နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံဈေးမှာ ကုန်ခြောက်ရောင်းတဲ့ ဈေးသည် ဒေါ်မိုးမိုးပါ။ ဒေါ်မိုးမိုးဟာ နေ့စဉ် နှင်းဆီပန်းပန်လေ့၊ ဘုရားပန်းထိုးလေ့ရှိသူ ဖြစ်ပါသတဲ့။ ဒေါ်မိုးမိုးဟာ မနေ့ကလည်း သာမန်နေ့တွေလိုပဲ နှင်းဆီပန်းပန်၊ ဘုရားပန်းထိုးခဲ့တယ်။ မနက်ပိုင်းမှာပဲ စစ်တပ်က ဒေါ်မိုးမိုးကို လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့တဲ့အပြင် ၎င်းရဲ့ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်သွားခဲ့ပါတယ်။

မုံရွာမြို့မှာလည်း ဖြစ်စဉ်က ထပ်တူပါပဲ။ ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ခုမှာ ဆိုင်တွင်းဘုရားစင်ပေါ် နှင်းဆီပန်းတွေ ကပ်
လှူထားတာကို တွေ့ရုံနဲ့ စစ်ကောင်စီတပ်တွေက ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ထို့အတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ သားအမိနှစ်ဦး နှင်းဆီပန်းပန်ပြီး အောင်တော်မူဘုရားကို သွားစဉ် လမ်းမှာတင် ဖမ်း
ဆီးခြင်း ခံခဲ့ရသလို၊ စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာလည်း နှင်းဆီပန်းသယ်လာသူတစ်ဦးကို ကျပ် ၁၀ သိန်း ငွေဒဏ်ရိုက်ပြီး ငွေညှစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ နှင်းဆီပန်းတင်မကသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်ဖြစ်တဲ့ "၈၁" ဆိုတဲ့ ဂဏန်းအပေါ်မှာပါ ဆက်ဆက်ထိမခံ ဖြစ်ပြန်ပါတယ်။

​မန္တလေးမြို့မှာ 81 Electronic လျှပ်စစ်ပစ္စည်းကုမ္ပဏီက (ပြီးခဲ့တဲ့ဇွန်လ၇ ရက်အပြေးပြိုင်ပွဲတုန်းက) ဝေခဲ့တဲ့ 81 logo ပါအားကစားဝတ်
စုံကို ဝတ်ဆင်ပြီး ပြေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုက လမ်းမပေါ်တင် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ သာမန်ကုမ္ပဏီကြော်ငြာအင်္ကျီ ဝတ်ထားတာကိုပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ လှုပ်ရှားမှုအဖြစ် စွပ်စွဲပြီး အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တင်မကသေးပါဘူး။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာစစ်တပ်သံရုံးရှေ့မှာ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းနဲ့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးအပ်ခဲ့ပါတယ်။သံရုံးက ထိုင်းရဲတပ်ဖွဲ့ကို တိုင်လိုက်တာကြောင့် ခွင့်ပြုချက်မတောင်းဘဲ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုနေရှိုင်းကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ​ပေမယ့်ထိုင်းရဲတပ်ဖွဲ့က​ခေတ္တ​ခေါ်ယူ​မေးမြန်းပြီး ပြန်လွှတ်​ပေးခဲ့ပါတယ်။ ကိုနေ
ရှိုင်းနဲ့အဖွဲ့က ထိုင်းရဲ​တွေကို နှင်းဆီပန်း​တွေပြန်​ပေးခဲ့ပါတယ် ။မြန်မာနိုင်ငံမှာ​တော့ပြည်သူက နှင်းဆီပန်းပန်တာကို ကြီး​လေးတဲ့ ရာဇဝတ်မှုကျူးလွန်သလို အာဏာလုထားတဲ့စစ်တပ်က ပြုမူ​နေတာပါ။
👍284🤮1🤣1

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သာမန် နှင်းဆီပန်းတစ်ပွင့်နဲ့ "၈၁" ဆိုတဲ့ ဂဏန်းတစ်ခုကိုတောင် ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေတာကို မနေ့က ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လက်နက်အားကိုးနဲ့ ဘယ်လိုမှ နှိပ်ကွပ်လို့မရနိုင်ကြောင်း နှင်းဆီသပိတ်တွေက ထင်ဟပ်နေပါတော့တယ်။ ။
👍32🤮1🤣1