မြန်မာ့ အကျပ်အတည်း ပိုဆိုးရွားလာနေကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
■ကမ္ဘာပေါ်မှာဆာလောင်မွတ်သိပ်မှုဘေးအ
ဆိုးကြုံနေရတဲ့အဆင့် ၆ နိုင်ငံဖြစ်နေပြီး၊နိုင်ငံ
တကာအစိုးရတွေကမြန်မာပြည်သူတွေကို ဆက်လက်အားပေးထောက်ခံဖို့တိုက်တွန်း
ဇွန်-၂၀ ၊၂၀၂၆။People's Spring
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာ့နိုင်ငံရေး၊လူသားချင်း စာနာမှုနဲ့ လုံခြုံရေး အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေကြောင်းသတိပေး ပြောကြားသွားခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့တုန်းကကုလသမဂ္ဂ လုံခြုံ
ရေးညီလာခံရဲ့အလွတ်သဘောဆွေးနွေးမှု အစီအစဉ်တစ်ခုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်
ဂျူလီဘစ်ရှော့က စစ်အာဏာသိမ်းမှု နောက်
ဆက်တွဲ မြန်မာနိုင်ငံ အခြေအနေတွေကို တင်ပြခဲ့ရာမှာ ကဏ္ဍပေါင်းစုံက တောက်
လျှောက် အဆိုးဖက်ကို ဦးတည်ပြီး ဆုတ်
ယုတ် ကျဆင်းလာနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
စစ်ရှောင် အရေအတွက်က တရိပ်ရိပ် တိုးလာနေသလိုအစုအဖွဲ့နဲ့ ဒုစရိုက်မှုကျူးလွန်သူတွေကလည်းပိုမိုနယ်ပယ် ချဲ့ထွင်လာနေကြောင်း၊ ဆိုးကျိုးတွေ ခံစားရတဲ့ နယ်မြေတွေကလည်း ကျယ်ဝန်းလာနေကြောင်းဘစ်ရှော့ကဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေရဲ့ အခြေအနေတွေကလည်း အရမ်း အကျပ်အတည်း ဆိုက်နေဆဲလို့ သူက ပြောပါတယ်။
မြန်မာ့ပြည်တွင်းရေးမတည်ငြိမ်မှုတွေရဲ့ ဆင့်
ကဲ ရိုက်ခတ်မှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးကိုပါသက်ရောက်မှုတွေဖြစ်လာစေကြောင်း ဘစ်ရှော့က သတိပေးခဲ့ပါတယ်။ အခုဆိုရင်မြန်မာနိုင်ငံဟာဆိုက်ဘာ ရာဇ
ဝတ်မှုတွေ၊ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခု ဖြစ်လာနေပြီလို့လည်း သူက ပြောဆိုသွားပါတယ်။
နောက်ပြီး မြန်မာနိုင်ငံဟာအခုဆိုရင်ကမ္ဘာပေါ်မှာဆာလောင်မွတ်သိပ်မှုဘေးအပြင်းထန်ဆုံးကြုံနေရတဲ့(အငတ်ဘေးကြုံနေရတဲ့) နိုင်ငံတွေ စာရင်းမှာ အဆင့် ၆ နေရာကို ရောက်နေတယ်လို့လည်း ဘစ်ရှော့က တင်ပြခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်တွင်းပြည်ပမှာ ရွှေ့
ပြောင်းနေရပြီး ပြည်တွင်း ရွှေ့ပြောင်းသူ ၃.၇ သန်းကျော်နဲ့ ပြည်ပကို တိမ်းရှောင်သွားသူ ၁.၆ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်းရိုဟင်ဂျာ ၁.၂ သန်းလောက်ကိုလက်ခံပေးထားရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ
နိုင်ငံရဲ့အခြေအနေတွေရှေ့ဆက်ပိုပြီး ဆိုးရွားမလာအောင်တားဆီးပေးဖို့၊လူသားချင်း စာ
နာမှုမစ်ရှင်တွေအကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့တိုင် ကုလ
သမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ စိတ်ပိုင်းဖြတ်မှုတွေအတိုင်း ဆက်
လက်အကောင်အထည်ဖော်သွားဖို့လည်းဘစ်ရှော့က တောင်းဆိုခဲ့ပါတယ်။
နိုင်ငံတကာ အစိုးရ အသီးသီး အနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေး ထောက်
ခံရင်း နိုင်ငံရဲ့ဆိုးသထက်ဆိုးလာတဲ့အကျပ်
အတည်းနဲ့ပတ်သက်ပြီးအာရုံစိုက်တုံ့ပြန်ပေးဖို့လည်း ထပ်လောင်း တိုက်တွန်းသွားခဲ့ပါတယ်။
ကိုးကား-Anadolu Agency

❤26👍10🔥3💯3🤣1🖕1
သားအမိနှစ်ယောက် အမြန်ပြန်ဆုံတွေ့ပါစေဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားထံ AA ဒုစစ်ဦးစီးချုပ် စာပို့ ဆုတောင်းပေး
ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။
ဒေါက်တာညိုထွန်းအောင်ရဲ့ မွေးနေ့ ဆုတောင်းစာကို ကိုထိန်လင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်ဖော်ပြပြီး ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့တာပါ။
“အမေ့ကို ပိုချစ်ကြတဲ့ သားတွေထဲက တစ်ယောက်ဖြစ်တဲ့ KIM, လူကြီးမင်းလည်း ကျန်းမာပြီး ပျော်ရွှင်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေ။ သားအမိနှစ်ယောက်လည်း အမြန်ဆုံး ပြန်ဆုံတွေ့ကြပါစေလို့ လူသားဆန်ဆန်၊အရိုးခံစိတ် နဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ကျွန်တော့်ကို မိတ်ဆွေစစ်တစ်ယောက်အဖြစ် အမြဲတမ်း မှတ်ယူထားလို့ ရပါတယ်” လို့လည်း ဒေါက်တာညိုထွန်းအောင်က ရေးသားပါတယ်။
ALAN CLEMENTS ရေးထားတဲ့ "CONVERSATION WITH A DICTATOR" စာအုပ်နဲ့ အဲဒီစာအုပ်မှာ ကိုထိန်လင်းရဲ့ လက်ရေးနဲ့ ရေးပေးထားတဲ့ စာနဲ့ စာရေးသူက ပေးပို့တဲ့စာကို လက်ခံရရှိကြောင်း ဒေါက်တာညိုထွန်းအောင်က ပြန်လည်အကြောင်းပြန်ရင်း မနေ့က ဇွန် ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုတောင်းစကားပါးစာပြန်ခဲ့တာဖြစ်ပါတယ်။
“လူကြီးမင်းရဲ့ မိခင်ကြီးကို ချစ်ခင်မြတ်နိုးကြတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ သံမဏိနှင်းဆီ ဖြစ်တဲ့ သူမရဲ့ မွေးနေ့အပြီးမှာ လူကြီးမင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ လူကြီးမင်း ရေးလိုက်တဲ့ စာထဲက "IN THE MEANTIME STAY STRONG AND UNITED WE WILL WIN" ဆိုတဲ့ စာသားဟာ ကျွန်တော့်အတွက်တင်မကဘဲ နွေဦးတော်လှန်ရေးက တော်လှန်ပြည်သူတစ်ရပ်လုံးအတွက်ပါ ရည်ညွှန်းတယ်လို့ ခံယူပါတယ်။ဒါကြောင့် လမ်းကြုံခိုက် တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း လူကြီးမင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ - “ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ လူကြီးမင်းရဲ့မိခင် မွေးနေ့မှာ အမှတ်တရစကားပါးချင်ပါတယ်” လို့ ဒေါက်တာညိုထွန်းအောင်ရဲ့ မွေးနေ့ ဆုတောင်းမှာ ရေးသားထားပါတယ်။
တိုင်းပြည် ငြိမ်းချမ်းသွားတဲ့နေ့ကျရင် အာရက္ခမြေရဲ့အလှဆုံးနေရာတစ်ခုခုမှာ ဆုံတွေ့ကြဖို့လည်း ကိုထိန်လင်းကို ဒေါက်တာညိုထွန်းအောင်က ဖိတ်ခေါ်ပါတယ်။
“အခွင့်အခါကြုံရင် ကျွန်တော့်ရဲ့ မွေးနေ့ဆုတောင်းစကားကိုလည်း လူကြီးမင်းရဲ့အမေ့ဆီ အမှာပါးလို့ရရင် ပါးပေးစေလိုပါတယ်” လို့လည်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ ဆုတောင်းပေး ၀ိုင်းဝန်းပေးကြသူတွေကို ကျေးဇူးတင်ကြောင်း တုန့်ပြန်ထားပါတယ်။မိခင်ဖြစ်သူ ကို ဆက်လက်သတိရ ဝန်းရံ ပေးနေရုံ သာမက မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု အတွက် အခိုင်အမာ ရပ်တည်ပေးနေကြတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

❤49👍11🥰3🤣2👏1😁1🤮1💩1
ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းနေ ၈ကြိမ် ဗုံးကြဲ
ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်တဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ထိတွေ့ နေတဲ့ နေရာတွေပါ” လို့ ဒေသခံက ပြောပါတယ်။
ဒီမနက် ၇နာရခွဲ ဝန်းကျင်မှာ စစ်တပ်က ကန်ပက်လက်မြို့ အရှေ့ခြမ်းတနေရာကို တိုက်လေယာဉ် ၂စီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ၁၀ မိနစ်အတွင်း ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၈လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
နေ့လည် ၁၂နာရီခန့်မှာလည်း စစ်တပ်လေယာဉ် ၂စီးက ကန်ပက်လက်မြို့အနီး တနေရာကို ၄ကြိမ် ဗုံး ၈လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ကလည်း နယ်မြေ မကျရှုံးရေး မဟာမိတ်တွေနဲ့ ပေါင်းပြီး ခုခံနေတာပါ။
မေလလယ်ကတည်းကကန်ပက်လက်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေသလို မေလကုန်ပိုင်းမှာတော့ မင်းတပ်ကိုပါ ထပ်မံ ထိုးစစ်ဆင်လာလို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိပါတယ်။
မင်းတပ်မြို့နယ်မှာ မနေ့က ဇွန် ၁၉ရက် တနေ့တာအတွင်း Y12 နဲ့ လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ဗုံးသီး ၂၆လုံး၊ တိုက်လေယာဉ်နဲ့ ၈ကြိမ် ဗုံးသီး ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးထားပါတယ်။
လတ်တလော စစ်တပ်က တိုက်ပွဲဖြစ်နေတဲ့ ကန်ပက်လက် အရှေ့ခြမ်းဒေသ၊ မင်းတပ်အရှေ့ခြမ်းဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို တိုက်ပွဲမရှိတဲ့ နေရာတွေက ဒေသခံ ပြည်သူလူထုနေအိမ်တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံက ပြောပြထားပါတယ်။

🤬36❤5👏1
စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ရေးဆွဲထားတဲ့ ပန်းချီ ၂ကား လေလံတင်
ဇွန်-၂၀၊၂၀၂၆။ဆဏ်း/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။
"အမေ့မွေးနေ့ထိမ်းအမှတ်၊မြန်မာပြည်ရဲ့လိုအပ်သော နေရာများအတွက်အကျိုးပြုလှူဒါန်းပေးသွားချင်တဲ့ ကျွန်မရဲ့ 81hrsကြာ အထူး ဂုဏ်ပြု ရေးဆွဲခဲ့တဲ့မွေးနေ့ကာလ အမေ့ပန်းချီAuction အစီအစဉ်လေးယခုအချိန်မှ စတင်၍ ၂၁ရက်နေ့ မြန်မာစံတော်ချိန်ည ၁၂နာရီမှာပိတ်သိမ်းပါမယ်။" လို့ ဇွန် ၂၀ နံနက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးထားပါတယ်။
လေလံကြမ်းခင်းဈေးအနေနဲ့ ပန်းချီတစ်ကားကို ဒေါ်လာ ၂၀၀၀ သတ်မှတ်ထားပြီး သူမတင်ထားတဲ့ မူရင်းပို့စ် နဲ့ မက်ဆန်ဂျာကနေ လေလံအတွက်ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
လေလံတင်မယ့် ပန်းချီကားတွေရဲ့ နာမည်က ပန်းခရမ်းဗေဒါ နဲ့ အမေ့အေးရိပ် ဖြစ်ပြီး မူရင်းဓာတ်ပုံပညာရှင်တွေကိုကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။
" အစီအစဥ်အတွက် နောက်ဆုံးအဆင့်ထိပါဝင်အားဖြည့်သူများကိုပန်းချီအနုပညာရှင်မနုယဉ်မှ အသံ/ဖုန်း/ဗွီဒီယိုcallဖြင့်တိုက်ရိုက်ဆက်သွယ်ပါမည်။ကိုယ်တိုင်အတည် ပြုပြီးမှသာဤAuctionအစီအစဉ်လေးကို ပိတ်သိမ်းပါမည်ဖြစ်ပါ ကြောင်း။" လို့ အသိပေးထားပါတယ်။
ဆရာမနုယဉ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁ နှစ်ပြည့် အထိမ်းအမှတ် ပုံတူပန်းချီတွေကို ဇွန် ၁၂ ရက်ကနေစတင်ရေးဆွဲခဲ့တာဖြစ်ပြီး မွေးနေ့ကျရောက်တဲ့ ဇွန် ၁၉ ရက် မှာ အပြီးသတ်ခဲ့တာပါ။

❤38👍5🤮2💩1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့တွေ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်၊ အစိုးရအဖွဲ့တွေ ဆုတောင်းသဝဏ်လွှာတွေ ပေးပို့
ဇွန်-၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့ကို ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတွေနဲ့ တိုင်း၊ ပြည်နယ် ယူနစ်လွှတ်တော်၊ အစိုးရတွေက ဂုဏ်ပြုသဝဏ်လွှာ၊ ဆုတောင်းသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားကို ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ CDM Medical Network၊ မန္တလေးတိုင်း NLD၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ဧရာ၀တီ ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ဧရာ၀တီ ဖက်ဒရယ်ယူနစ် NLD အလုပ်အမှုဆောင်အဖွဲ့၊ ပဲခူး ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ချင်းပြည်အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ ကြားကာလ မကွေးဖက်ဒရယူနစ်အစိုးရ၊ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ၈ခု(ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း ) စတာတွေအ ပါအဝင် အဖွဲ့အစည်း အသီးသီးက သဝဏ်လွှာ ပေးပို့ခဲ့ကြတာ တွေ့ရပါတယ်။
ချင်းပြည်အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းဆုကြည်ဟာ တိုင်းရင်းသားပြည် သူတစ်ရပ်လုံး ယုံကြည်အားကိုးကြရသော လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပြီး နွေဦးတော်လှန်ရေးအောင်မြင်ရန်အတွက် အဓိကမျှော်လင့်ချက်မောင်းနှင်အားဖြစ်ကြောင်း ဖော်ပြပါတယ်။
ချင်းပြည်(Chinland)အစိုးရအဖွဲ့ နဲ့ ချင်းပြည်သူတရပ်လုံးမှ ဒေါ်အောင်ဆန်းဆုကြည်ကို မြန်မာပြည်သူတရပ်လုံးရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် မိသားစုနဲ့ မိမိကိုယ်ပိုင်ဘဝကို စွန့်လွှတ်လျှက် မဆုတ်မနစ်အနစ်နာခံကြိုးပမ်း မှုကို လေးစားဂါရဝပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းဆုကြည် မျှော်လင့်တောင့်တခဲ့တဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ပြည်သူတွေနဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့လည်း ချင်းပြည်အစိုးရရဲ့ သဝဏ်လွှာမှာ ဖော်ပြကာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာဖို့။ အမြန်ဆုံးလွတ်မြောက်ဖို့လည်း ဆုတောင်းထားပါတယ်။
ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ၈ခုက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ နိုင်ငံတကာရဲ့ လေးစားမှုခံရတဲ့ လူထုခေါင်းဆောင်ရဲ့ အလျှော့မပေးစတမ်းစွန့်လွှတ်အနစ်နာခံ ကြိုးစားအားထုတ်မှုများက CDM နိုင်ငံ့ဝန်ထမ်းများကိုသာမက ကမ္ဘာတစ်ဝန်းလုံးရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများ အားလုံးအတွက် စံနမူနာကောင်း ဖြစ်ခဲ့ကြောင်း ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မှုများကို လိုက်နာပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မည်သည့်အာဏာရှင်မျှ ထပ်မံ မပေါ်ပေါက်ရေး၊ စွမ်းဆောင်ရည် ပြည့်ဝသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ့ဝန်ထမ်း ယန္တရား ပေါ်ထွန်းလာရေး၊ နိုင်ငံရေး အခင်းအကျင်းများတွင် CDM နိုင်ငံ့ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်ခွင့်ရှိရေးနဲ့ CDM နိုင်ငံ့ဝန်ထမ်းများအတွက် အစိုးရရဲ့ ကတိကဝတ် အာမခံချက်များ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုဖော်ပြပါတယ်။
မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို နိုင်ငံတဝန်း ပြည်သူလူထုတွေ တော်လှန်ရေးအင်အားစုတွေ ပြည်ပရောက်မြန်မာတွေက ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေကလည်း မတရားထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ထပ်မံ တောင်းဆိုခဲ့ကြပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ဆွစ်ဇာလန် ၊ဩစတေးလျ၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေက သံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မွေးနေ့မှာ မတရားဖမ်ဆီးခံထားရသူတွေ ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ကနေဒါနိုင်ငံသံရုံးရဲ့ ဖော်ပြချက်မှာတော့ “ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့တွင် သူမ၏ မိသားစုနှင့် မြန်မာလူမျိုးများ၏ အဝေးတွင် ထိန်းသိမ်းထားခံရဆဲဖြစ်သည်။ ကနေဒါနိုင်ငံသည် သူမအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့ကျရောက်သော သူမ၏ (၈၁)နှစ်မြောက်မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ပါသည်။ ၄င်းတို့သည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိပြီး ယုံကြည်စိတ်ချရသော၊ အားလုံးပါဝင်မှုရှိသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။

🥰28❤8🤮2💩1
ဒါ့အပြင် ဩစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုကြောင်း ရေးသားထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်။ မိမိတို့သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းပါသည်” လို့ ဩစတြေးလျ သံရုံးက ရေးသားထားပါတယ်။
ဆွစ်ဇာလန်သံရုံးရဲ့ ဖော်ပြချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၈၁)နှစ်ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြား အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှ တောင်းဆိုကြောင်း ထပ်လောင်း ပြောကြားပါတယ်လို့ ဖော်ပြပါတယ်။

❤28👍12🥰3🤮1💩1
စစ်တပ်က မန္တလေးတိုင်းထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ လောင်းကစားနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အသုံးချနေ
ဇွန်-၂၀၊၂၀၂၆။ရွှေပြည်စိုး၊မေ/People's Spring
မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။။
၂၀၂၅ နှစ်လယ်ပိုင်းအထိ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊သပိတ်ကျင်း၊တကောင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေ၊ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းအများအပြားကို စစ်တပ်နဲ့ ပျူ စောထီးတွေက ဖွင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
" လူငယ်တွေကို ပစ်မှတ်ထားပြီဖျက်ဆီးနေတာ။အဲဒီနေရာတွေကနေ စစ်သားစုဆောင်းသလို စစ်တပ်ထဲမရောက်သေးတဲ့ လူငယ်တွေကို မူးယစ်ဆေးကိုလွယ်လွယ် ရအောင် ဖြန့်တယ်။ ဂိမ်းဆိုင်တွေမှာပဲအချိန်ကုန်လာကြတယ်။ နောက်ပြီး ပြည့်တန်ဆာတွေလည်းများလာတယ်"လို့ စဥ့်ကူးမြို့ခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာလည်း KTVနဲ့ လောင်းကစားလုပ်ငန်းတွေများပြားလာပြီး စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထားပြီဖျက်ဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ကျောင်းတွေ ပြန်ဖွင့်တယ်။ ဒါပေမယ့် တစ်ဖက်မှာက မြို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်။ လူငယ်တွေ၊ ယောက်ျားလေးတွေရောမိန်းကလေးတွေရော မြို့မှာမထားရဲကြတော့တဲ့အထိ အကျင့်စာရိတ္တပျက်စီးအောင်လုပ်နေတယ်။ ဘယ်မှမသွားနိုင်လို့ကျန်ခဲ့တဲ့သူတွေက ဖျက်ဆီးခံနေရတယ်"လို့ မိုးကုတ်မြို့က အိမ်ထောင်ရှင်မတစ်ဦးကပြောပါတယ်။
၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးတိုက်ပွဲတွေအတွင်း စဉ့်ကူး၊သပိတ်ကျင်း၊တကောင်းမြို့တွေကို ၂၀၂၃နဲ့ ၂၀၂၄ခုနှစ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအောင်းတပ်(TNLA)၊PDF နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေကို စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းကနေ စတင် စစ်ကြောင်းထိုးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတာပါ။ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့အတူ TNLAက စစ်တပ်ထံ ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။ တကောင်းမြို့ကိုတော့ ပြီးခဲ့တဲ့မတ်လမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထား ဖျက်ဆီးနေသလို တစ်ဖက်မှာတော့ ပျူးစောထီးတွေအကူအညီနဲ့ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(မန္တလေး)ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းခိုင်က ပြီးခဲ့တဲ့ မေလမှာ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို လုံခြုံရေးစစ်ကြောင်းနဲ့ရောက်လာပြီး ဒေသခံတွေကို စားနပ်ရိက္ခာတချို့ ပေးပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တော်လှန်ရေးတပ်တွေမသိမ်းယူခင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအဟောင်းကိုပဲ ပြန်ခန့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်က အုပ်ချုပ်ရေး ယန္တရားလလည်ပတ်အောင်နည်းမျိုးစုံ ကြိုးပမ်းနေတာတွေ့ရတယ်လို့ ဒေသတွင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

👎22🤬9❤8🔥3👏1
ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုတွေ ပြုလုပ်
ဇွန်-၂၀၊၂၀၂၆။သုည/People's Spring
ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ၊ ဗန်ကူးဗား၊ ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈၁) မိနစ်လမ်းလျှောက်ပွဲနဲ့ အတူ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
"Proof of Life" ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို Burmese Canadian Society BC (BCSBC) က စီစဉ်တာဖြစ်ပြီး ဗန်ကူးဗားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ ရှိ စစ်သံရုံး မြို့ဟောင်းနဲ့ နက္ခတ္တဗေဒ နာရီစင်ကြီးအနီးမှာ ပြည်ပရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

❤34🥰2🤮1🤣1