အဲဒါကြောင့်ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ မိတ္ထီလာလေတပ်ကနေ Y 8 Military Transport Aircraft (၁) စီးနဲ့ ရိက္ခာ၊ ခဲ၊ ယမ်းများ ထပ်မံချပေးနေခဲ့ရတယ်လို့ အသိပေးပါတယ်။
လူထုကို ဦးထိပ်ထားပြီး အမျိုးသားညီညွတ်
ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ လမ်း
ညွှန်ချက်တွေနဲ့ စစ်ရေး ရည်မှန်းချက်၊ နိုင်ငံ
ရေး ရည်မှန်းချက်တွေ နဲ့ ဘုံရန်သူ စစ်တပ်ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း မကွေး ပကဖရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

🥰21👍4🤮1🤣1🖕1
NUG လက်အောက်ခံ တပ်ဖွဲ့တွေ နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့သောမကွေးတိုင်းအတွင်းစစ်ဆင်ရေးအချိုမှစစ်သုံ့ပန်းများ ၊လက်နက်ခဲယမ်းများ ၊တော်လှန်ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ်
🥰30❤9👍3🤮1🤣1🖕1
ဂျပန်မှာထုတ်ဝေတဲ့ မြန်မာ့အရေး တစ်ကွက်ကာတွန်းစာအုပ် အထူးဆုရရှိ
ဇွန်-၁၉၊၂၀၂၆။ဆဏ်း/People's Spring
၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာ
တွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုပေးပွဲကို ဒီနေ့ (ဇွန် ၁၉) ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။
"ကျေးဇူးတင်စကားပြောတော့ ပြည်တွင်းက လွတ်လပ်စွာထုတ်ဖော်မပြောနိုင်ကြသူတွေကိုယ်စား ဆက်လက်အသံထွက်သွားမယ့်အကြောင်းနဲ့တိုက်တိုက်ဆိုင်ဆိုင် အမေစုမွေးနေ့အတွက်ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုလုပ်နေကြကြောင်း၊ ဒါကြောင့်ကျွန်မလည်းနှင်းဆီပန်ထားကြောင်းပြောပြီး အဆုံးမှာ Proof of Life လှုပ်ရှားမှုလုပ်ခဲ့တာပါ" လို့ ဆုလက်ခံရယူခဲ့တဲ့ဆရာမကပြောပါတယ်။
WART ဆိုတာက ၂၀၂၁ ဩဂုတ်လမှာ Kyoto Seika University ကာတွန်းဌာနက အချိန်ပိုင်းကထိက နဲ့ Global Studies ဌာန က မြန်မာ့အရေးလှုပ်ရှားနေတဲ့ မြန်မာဆရာမ တို့ ပူးပေါင်းပြီး မြန်မာ့အရေးကို တကွက်ပြကာတွန်းနဲ့ ဂျပန်လူ့ဘောင်အသိုင်းအဝိုင်းကို အသိပေးလှုပ်ရှားဖို့ဖွဲ့လိုက်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
"W က Wa ဂျပန်လို ငြိမ်းချမ်းရေးတို့ ဂျပန်တို့ စာလုံးကို ကိုယ်စားပြုပြီး၊ A က Art ၊ R က Revolution ၊ T က Transe ပြောင်းလဲမှု ရဲ့ထိပ်စာလုံးတွေပါ။ WART ဆိုတဲ့ အဂ်လိပ်စာလုံးက အသားပို၊ အဖု ဆိုတဲ့အဓိပ္ပါယ်လည်းရှိပြီး ကိုယ့်ကိုယ်တနေရာရာမှာ အဖုလေးတခုရှိရင် လက်ဆော့ချင် ကလိချင်သလိုပဲ လောကကြီးအလယ်မှာ WART လှုပ်ရှားမှုကြောင့် ကလိကလိဖြစ်စေမယ့်လှုပ်ရှားမှုမျိုးလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်လည်းရှိပါတယ်။" လို့ WART ရဲ့ အဓိပ္ပာယ်ကိုရှင်းပြပါတယ်။
WART အဖွဲ့အနေနဲ့ ၂၀၂၁ သြဂုတ် ကနေ လက်ရှိအချိန်အထိ စုဆောင်းရရှိတဲ့ ကာတွန်းတွေထဲကပုံ ၇၀ ကိုစုစည်းပြီး WART CARTOON ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။
"WART အနေနဲ့ မြန်မာ့အရေးကို တကွက်ပြကာတွန်း ကတဆင့် ဂျပန်ပတ်ဝန်းကျင်ကို ဆက်လက်အသိပေးလက်ကမ်းသွားပါ့မယ်။" လို့ အထက်ပါဆရာမကပြောပါတယ်။

👍28❤11🔥1💩1🖕1
ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅
ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုကို WART CARTOON စာအုပ်ကရရှိလို့ ဆရာမတဦးကဆုလက်ခံယူစဥ်/ ကာတွန်းစာအုပ်မျက်နှာဖုံး နဲ့ စာအုပ်ထဲမှတစ်ကွက်ကာတွန်းအချို့ ။ဓါတ်ပုံ-MNMKK

❤40👍4🥰2🔥1💩1🖕1
စနဲမြို့ဆီ ထိုးစစ်ဆင်တဲ့စစ်ကြောင်း
AAတိုက်လို့ နောက်ပြန်ဆုတ်ရပြန်
ဇွန် ၁၉၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်
ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်ရှိ အ၀တောင်ကျေးရွာအနားမှာ ခြေကုတ်ယူ
ထားတဲ့ စစ်တပ်ဟာရှေ့တိုးလာတာဖြစ်ပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးဒဏ်ရာရသူများပြီးထပ်မံဆုတ်ခဲ့ရတာဖြစ်ပါတယ်။
“ရန်သူတွေကတော့ ဒီအတိုင်း ထိုးနေကြတာပဲ။သူတို့ကလည်း ရှေ့တိုးတယ်၊ တိုးမရ၊ ကိုယ့်နေရာကိုယ်ပြန်ဆုတ်သွားတယ်။ ရန်သူ့ဘက်ကတော့ အထိအခိုက်အကျအရှုံးများတယ်။ ကိုယ့်ဘက်က ဒရော့ဗုံးအချများလို့ ထိခိုက်၊ သေဆုံးတွေများတယ်လို့ သတင်းရတယ်။ အတိအကျတော့ မသိဘူး။ သုံး၊ လေးဆယ်ကတော့ သေချာတယ်” လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့ထွက်ကာကင်းစစ်ကြောင်း ငါးခုထက်မ နည်းကို AA က ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်း တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်ရှိမှာ အ၀
တောင်ကျေးရွာအနီးဝန်းကျင်ရှိ ကာကင်းစခန်းအချို့သာ ကျန်တော့တာပါ။
အဲဒီအ၀တောင်ကျေးရွာအနီးအထိုင်ချစခန်းတွေကိုလည်း AA ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး အထိ အခိုက်တွေ အများအပြားရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“မြို့တွင်းသတင်းအရ ဒဏ်ရာရတွေလည်း အများကြီး တင်ကြတယ်ပြောတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ အင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ချည်းကပ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းကတော့ အာဏာသိမ်းစစ်တပ်ဟာ
စနဲမြို့အနီးထိ ရောက်ခဲ့ပြီး AA ကတန်ပြန်ထိုး
စစ်ဆင်တိုက်ခိုက်ခဲ့ရာ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ရွာနားထိ နောက်ပြန်လန်ပြီးပြန်ဆုတ်ပြေးခဲ့ကြတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“သူတို့ ပထမတခေါက်ထိုးစစ်ဆင်တုန်းက ကိုယ့်ဘက်ကအောင်မြင်မှုအများကြီးရတယ်။အဲတုန်းကတော့ တပ်ဦး ကျိုးတယ်ပြောလို့ရတယ်။ အလုံးအရင်းနဲ့ ပြန်ဆုတ်ရတယ်။အခုတခေါက်လည်း ကိုယ့်ဘက်က အောင်မြင်မှုတွေ ရနေတာပဲ၊ ပထမအကြိမ်ကလောက်ထိ မဟုတ်ပေမယ့် သူတို့ ရှေ့တိုးလို့မရဘူး။ ပြန်ဆုတ်ရတာပဲ ရှိတယ်” လို့ AA နဲ့နီး
စပ်တဲ့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းကလည်း တောင်မော်ဦးရေတပ်စခန်းအနီး၀န်းကျင်တိုက်ပွဲအ
တွင်း စစ်တပ်ဘက်က အရာရှိတွေအပါအဝင် အလောင်းငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAA ကသိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လည်း စစ်တပ်ဘက်က အထိ
အခိုက်၊ အကျအဆုံးတွေ နေ့စဉ်ရှိနေခဲ့တယ်လို့ ပြောကြပါတယ်။
စစ်တပ်က အထိနာနေတာကြောင့် တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကိုစက်လှေတွေနဲ့ ရွှေ့ပြောင်း
ပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ အင်အားထပ်ဖြည့်နေတာတွေလည်း ရှိခဲ့ပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်
(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာ
ဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာပါ တိုက်ပွဲပြင်းထန်နေပြီး ထိုးစစ်အဟုန်ကို မလျော့ဘဲ ဆက်လက် တိုက်ပွဲပြင်းလာဖို့ပဲ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

👍39❤12😁2💩1🤣1🖕1
အမေရိကန်ရောက် မြန်မာတွေ Proof of Life လှုပ်ရှားမှုအဖြစ် အသံတိတ်ပြုလုပ်
ဇွန်-၂၀၊၂၀၂၆။သုည/People's Spring
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြည်ပရောက် မြန်မာတွေက Proof of Life လှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အဖြစ် ယမန်နေ့က အသံတိတ် ပြုလုပ်ခဲ့ပါတယ်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop မှ မြန်မာ့အရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြဖို့ ရှိနေတဲ့အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာတွေက ဆိုပါတယ်။
အထူးသံတမန် Julie Bishop အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိရောက်မှန်ကန်တဲ့ အချက်အလက်တွေကို ချပြပြောဆိုပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှ မြန်မာ့အရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အတွက် ကုလသမဂ္ဂရုံးချုပ် (UN Headquarters) ရှေ့မှာ ငြိမ်းချမ်းစွာ စုဝေးပြီး "Silent Activity" (ငြိမ်သက်ခြင်းလှုပ်ရှားမှု) နဲ့ ပြသတောင်းဆိုခဲ့ကြပါတယ်။

🥰28👍13❤6🤮1💩1🖕1