ရန်ကုန်အပါအဝင် သူတို့ထိန်းချုပ်ထားသည့် မြို့တွေမှာ စစ်အုပ်စုက နှင်းဆီပန်းအနီ မရောင်းရန်ဈေးသည်တွေကို ဈေးကော်မတီကတဆင့် ဖိအားပေးခဲ့သည်။ သို့သော် လူထုသည် သတ္တိရှိကြဆဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက်ဈေးသည်တချို့က လက်သိပ်ထိုးရောင်းသလို ဝယ်သူတွေကလည်း ပါးပါးနပ်နပ်နဲ့ သတ္တိရှိရှိဝယ်ကြသည်။
"နှင်းဆီပန်းအနီ မရောင်းရဘူးလို့ အမိန့်ပေးထားလို့တဲ့။ ဒါပေမယ့် ရအောင် ရောင်းကြတယ်။ကျမကဂန္တမာပန်းအဝါပွင့်တွေထဲ ရောညှပ်ပြီး ယူခဲ့တယ်"ဟုရန်ကုန်မြို့က အိမ်ရှင်
မတစ်ဦးက ပြောသည်။
စစ်တပ်က စစ်သား ၊ရဲ ၊ပျူစောထီ စသည့်စစ်ကောင်စီလက်အောက်ခံများကို ယူနီဖောင်း
နှင့် ရောအရပ်ဝတ်တွေဖြင့်မြို့၌ ဖြန့်ချထားပြီး စောင့်ကြည့်လုံခြုံရေးတင်းကြပ်ထားသည်။ထိုအခြေအနေများကြောင့် ရန်ကုန်တွင် ဒီနေ့ နှင်းဆီးပန်းရနံ့ သိပ်မလှိုင်နိုင်ရှာခဲ့ပါ။
သို့သော်စစ်တပ်အုပ်ချုပ်ရေး ယန္တရားမရှိတော့သည့် ဒေသများတွင် ဒီနေ့ နှင်းဆီပန်းရနံ့ပိုပြီးသင်းပျံ့နေကြောင်း ဒေသခံတွေက ဂုဏ်ယူဝင့် ကြွားစွာထုတ်ဖော်ပြောဆိုကြသည်။ အညာဒေသမှ အသက် ၂၃နှစ်အရွယ်တော်လှန်ရေးရဲဘော်တစ်ဦးကတော့မြန်မာ
နိုင်ငံဒေသအသီးသီးမှာရှိနေကြသည့် ပြည်သူတွေအနေဖြင့် အမှန်တကယ်လွတ်လပ်သည့်အရသာကိုခံစားနိုင်ဖို့ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေး အားစိုက်ဆောင်ရွက်ကြဖို့တိုက်
တွန်းသည်။
"ရှင်းပါတယ်။ စစ်ကျွန်ဘဝကလွတ်မြောက်ချင်ရင် ဝိုင်းကူကြ။ပါဝင်ကြ။စစ်ကျွန်အနံ့ကို ငြင်းပယ်ဘာ"ဟု ၎င်းက ပြတ်ပြတ်သားသားဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်အုပ်စု၏ဖမ်းဆီးမခံရခင်၂၀၂၀ခုနှစ် ဇွန်
လ ၁၉ရက်နေ့က လူမှုကွန်ရက်မှတစ်ဆင့် လူထုကို ဆုတောင်းစကားပြောကြားခဲ့ဖူး
သည်။ သူ့အနေဖြင့် ရာစုနှစ် (၁)စု၏ လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီမို့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့၏ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပြီဟု ပြောခဲ့သည်။
"ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု ရကြပါစေ"လို့ ဒေါ်အောင်ဆန်းစုကြည်က လူ
ထုအား မွေးနေ့ဆုတောင်းစကားပြောကြားခဲ့ဖူးသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ဒေါ်
အောင်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပြီးနောက်
ပိုင်း မည်သည့်နေရာတွင်ထားရှိသည်ကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိတော့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်လူထုကြားကမေတ္တာတရားသည် အမြဲတမ်းအချိတ်အဆက်မိခဲ့သည်။လူထုသည် အာ
ဏာရှင်ကိုအာခံပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ချစ်ခင်မြတ်နိုးမှုကို နည်းမျိုးစုံဖြင့်ပြသနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်မြတ်နိုးသည့် အညာသူတစ်ဦးကတော့ နှင်းဆီလှုပ်
ရှားမှုတွေပါဝင်ပြီးသူ၏စိတ်ခံစားမှုရှိတရားကိုယခုလိုဖွင့်ဟပြောဆိုသည်။
"ဒီနေ့ကကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ခွန်အားအရှိဆုံးနေ့လို့ ခံစားရပါတယ်။အမေ့ရဲ့ ခွန်အားတွေ ကို ရရှိနေသလိုပါပဲ။အမေနဲ့ ဆက်သွယ်လို့ မရ သတင်းမရတဲ့ အခြေနေမျိုးမှာတောင် အမေနဲ့အတူရှိနေသလိုမျိုးခံစားရပါတယ်" ။ ။

🥰19❤4👍3🔥1🤣1
လူထုခေါင်းဆောင်၏၈၁ နှစ်ပြည့်မွေးနေ့မှာနှင်းဆီလှုပ်ရှားမှုကိုပါဝင်ဆင်နွှဲနေသည့်ပြည်တွင်းပြည်ပမှ ပြည်သူများ။
ဓါတ်ပုံ-GSCB ၊ ပေးပို့၊ MDY-PDF
ဓါတ်ပုံ-GSCB ၊ ပေးပို့၊ MDY-PDF
❤36🥰5👍4🤮2💩1
မကွေးတိုင်းမှာ “နှင်းဆီနီ"စစ်ဆင်ရေးအဖြစ်
စစ်ရေးပစ်မှတ်များစွာကိုတိုက်ခိုက်ခဲ့ကြောင်း ပကဖ ထုတ်ပြန်
ဇွန်-၁၉၊ ၂၀၂၆။ရဲခေါင်/People’s Spring
မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်
ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းက မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါနဲ့ မကွေးခရိုင်တွေမှာစစ်တပ်စစ်ကြောင်းတွေကို ခြွေစစ်၊ ဖျောက်စစ်မှ ပြောက်ကျား
စစ်တွေနဲ့ တိုက်ခိုက်မှုတွေအများအပြားရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ်တချို့ကိုသာထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖတွေဟာ ပြည်သူ့စစ်မဟာဗျူ
ဟာကို ကြိုးစားဖော်ဆောင်နေတယ်လို့ အ
သိပေးပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို “Operation Su” စစ်ဆင်ရေးနဲ့ "နှင်းဆီနီ"စစ်ဆင်ရေးလို့ အ
မည်ပေးဖော်ဆောင်ခဲ့တာလို့လည်း မကွေး
တိုင်း ပကဖက အသိပေးပါတယ်။
"စစ်ရေးရည်မှန်းချက်တွေက ဆက်ရှိနေတယ်။လောလောဆယ်ရန်သူ(စစ်တပ်)ဘက်ကလည်း တိုက်ခံရတဲ့ နေရာတွေကို အင်အားဖြည့်လာတာရှိသလိုထိတွေ့မှုလည်းရှိနေတယ်"လို့ ပခုက္ကူခရိုင် တပ်ရင်းတစ်ခုက တာ၀န်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းစစ်ရေးနဲ့ တိုက်ပွဲတွေအရ ဇွန်လ ၁၀ ရက်ကစပြီး နတ်မောက်မြို့နဲ့ (၇) မိုင်၀န်းကျင်သာဝေးပြီး မကွေး - ကံပြား - နတ်မောက်လမ်းပေါ်က စစ်တပ် အခိုင်အမာစိုးမိုးမှု ရယူထားတဲ့ ပိတောက်ငုတ် ပျူစောထီးရွာကို သိမ်းပိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီသိမ်းပိုက်မှုအတွင်း စစ်တပ်ဘန်ကာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်၊ ခဲ၊ ယမ်းတချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကဏ္ဍကြီး လေးရပ်ဖြစ်တဲ့ ချီစစ်၊တိုက်စစ်၊ခံစစ်နဲ့ ခွာစစ်ကို ကျွမ်းကျင်စွာ ဖော်ဆောင်တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ မကွေးတိုင်း ပကဖကဆိုပါ တယ်။
ဇွန်လ ၁၅ ရက်မှာစစ်တပ်ခန့် မကွေးတိုင်းဝန်ကြီးချုပ်တင်ကိုကိုက သဘာဝပတ်ဝန်း
ကျင်ပျက်စီးလို့ NLD အစိုးရလက်ထက်ပိတ်ခဲ့တဲ့ အောင်လံမြို့နယ်တွင်းက ရွှေလုပ်ကွက်၊ ရွှေတွင်းတွေကို လာကြည့်ခဲ့ပြီး အပြန်မှာ လုံခြုံရေးယူပေးဖို့ တောင်တွင်းကြီးမြို့နယ်ကစစ်တပ်ကိုခေါ်ယူခဲ့စဉ်တောင်တွင်းကြီးမြို့နယ်ဘက်ကလာတဲ့ စစ်တပ်ကားနဲ့ အောင်
လံမြို့နယ်ဘက်က လာတဲ့ စစ်တပ်ကားတွေကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ခိုက်မှုမှာ တောင်တွင်းကြီးမြို့နယ်ဘက်က လာတဲ့ကားက အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း(စခတ - ၇)က ဗိုလ်ကြီး စောသန်းထွန်းဝင်းနဲ့ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အောင်လံမြို့နယ်ဘက်ကလာတဲ့ ကားကတောင်တွင်းကြီးမြို့နယ်ပင်မခဲ
ယမ်းမီးကျောက်တပ် (ပခန) တပ်မှ ဗိုလ်ကြီး ၁ဦးနဲ့ တပ်သား၂ ဦး သေဆုံးတဲ့အပြင်မကွေး
တိုင်းဝန်ကြီးချုပ်ရဲ့ လူယုံတစ်ဦးဖြစ်တဲ့ ညွှန်မှုးအဆင့်ရှိသူတစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှုကနေ လက်နက်ငယ် ၃လက်နဲ့ ဆက်စပ်ကျည်တချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကိုဂုဏ်ပြုပြီး “Operation Su” စစ်ဆင်ရေးကို ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် ပကဖတွေနဲ့ အခြားမဟာမိတ်တပ်တွေက ပထမအဆင့်အနေနဲ့ မြိုင်မြို့နယ် သရက်ကန် (ပျူ) ရွာ၊ ပေါက်မြို့နယ် ရေပြာ ရဲစခန်း၊ ကုက္ကိုစု (ပျူ) ရွာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဇွန်လ ၁၆ ရက်မှာလည်း ဒုတိယအဆင့်အနေနဲ့ ဆိပ်ဖြူမြို့အနီး ဆော -ဆိပ်ဖြူ လမ်းပိုင်းပေါ်မှာ ပြည်သူ့စစ်မဟာဗျူဟာအရ
ပြောက်ကျားစစ်ဖော်ဆောင်ခဲ့ပြီး ဆိပ်ဖြူမြို့က ထွက်လာတဲ့ စစ်ကား ၂စီးကိုပြောက်ကျား
တိုက်ခိုက်မှုနဲ့ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အမှတ် (၂၀၃၆)လေ
ကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီး ဖြိုးသူရအောင် အပါ အ၀င် ဗိုလ်အဆင့် ၂ ဦးနဲ့ အခြားအဆင့် ၈ ဦး စုစုပေါင်း ၁၀ ဦးသေ
ဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ပါတယ်။
အလားတူ ဇွန်လ ၁၃ ရက်က ဂန့်ဂေါမြို့အနီး၊ ရှောက်ပင် (ခ) အောင်မြင်ကျေးရွာက စကမ အထိုင်စခန်း တစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်တဲ့ ဖြစ်စဥ်မှာ ၆၀ မမ စိန်
ပြောင်း (BA 100) ၁ လက်နဲ့ လက်နက်ငယ် (၄) လက် သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ၁၅ရက်မှာလည်းဆောမြို့မှာစစ်ထောက်နားရပ်ပြုလုပ်ပြီး ဆောမြို့မှ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်ထိုးစစ်ကို အားပျော့သွားစေဖို့ မကွေး
တိုင်း ပကဖ ဒရုန်း လက်ရုံးတပ်က သွယ်ဝိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆောမြို့မရဲစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆောရဲစခန်း အတွင်းနဲ့ ရဲစခန်း အနောက်ဘက်က တပ်ထောက်နားရပ်နေရာမှာကျရောက်ပေါက်
ကွဲခဲ့ပြီး ရိက္ခာ၊ ခဲ၊ ယမ်းတချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

❤21👍8👏1🤮1🤣1🖕1
အဲဒါကြောင့်ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ မိတ္ထီလာလေတပ်ကနေ Y 8 Military Transport Aircraft (၁) စီးနဲ့ ရိက္ခာ၊ ခဲ၊ ယမ်းများ ထပ်မံချပေးနေခဲ့ရတယ်လို့ အသိပေးပါတယ်။
လူထုကို ဦးထိပ်ထားပြီး အမျိုးသားညီညွတ်
ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ လမ်း
ညွှန်ချက်တွေနဲ့ စစ်ရေး ရည်မှန်းချက်၊ နိုင်ငံ
ရေး ရည်မှန်းချက်တွေ နဲ့ ဘုံရန်သူ စစ်တပ်ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း မကွေး ပကဖရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

🥰21👍4🤮1🤣1🖕1
NUG လက်အောက်ခံ တပ်ဖွဲ့တွေ နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့သောမကွေးတိုင်းအတွင်းစစ်ဆင်ရေးအချိုမှစစ်သုံ့ပန်းများ ၊လက်နက်ခဲယမ်းများ ၊တော်လှန်ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ်
🥰30❤9👍3🤮1🤣1🖕1
ဂျပန်မှာထုတ်ဝေတဲ့ မြန်မာ့အရေး တစ်ကွက်ကာတွန်းစာအုပ် အထူးဆုရရှိ
ဇွန်-၁၉၊၂၀၂၆။ဆဏ်း/People's Spring
၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာ
တွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုပေးပွဲကို ဒီနေ့ (ဇွန် ၁၉) ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။
"ကျေးဇူးတင်စကားပြောတော့ ပြည်တွင်းက လွတ်လပ်စွာထုတ်ဖော်မပြောနိုင်ကြသူတွေကိုယ်စား ဆက်လက်အသံထွက်သွားမယ့်အကြောင်းနဲ့တိုက်တိုက်ဆိုင်ဆိုင် အမေစုမွေးနေ့အတွက်ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုလုပ်နေကြကြောင်း၊ ဒါကြောင့်ကျွန်မလည်းနှင်းဆီပန်ထားကြောင်းပြောပြီး အဆုံးမှာ Proof of Life လှုပ်ရှားမှုလုပ်ခဲ့တာပါ" လို့ ဆုလက်ခံရယူခဲ့တဲ့ဆရာမကပြောပါတယ်။
WART ဆိုတာက ၂၀၂၁ ဩဂုတ်လမှာ Kyoto Seika University ကာတွန်းဌာနက အချိန်ပိုင်းကထိက နဲ့ Global Studies ဌာန က မြန်မာ့အရေးလှုပ်ရှားနေတဲ့ မြန်မာဆရာမ တို့ ပူးပေါင်းပြီး မြန်မာ့အရေးကို တကွက်ပြကာတွန်းနဲ့ ဂျပန်လူ့ဘောင်အသိုင်းအဝိုင်းကို အသိပေးလှုပ်ရှားဖို့ဖွဲ့လိုက်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
"W က Wa ဂျပန်လို ငြိမ်းချမ်းရေးတို့ ဂျပန်တို့ စာလုံးကို ကိုယ်စားပြုပြီး၊ A က Art ၊ R က Revolution ၊ T က Transe ပြောင်းလဲမှု ရဲ့ထိပ်စာလုံးတွေပါ။ WART ဆိုတဲ့ အဂ်လိပ်စာလုံးက အသားပို၊ အဖု ဆိုတဲ့အဓိပ္ပါယ်လည်းရှိပြီး ကိုယ့်ကိုယ်တနေရာရာမှာ အဖုလေးတခုရှိရင် လက်ဆော့ချင် ကလိချင်သလိုပဲ လောကကြီးအလယ်မှာ WART လှုပ်ရှားမှုကြောင့် ကလိကလိဖြစ်စေမယ့်လှုပ်ရှားမှုမျိုးလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်လည်းရှိပါတယ်။" လို့ WART ရဲ့ အဓိပ္ပာယ်ကိုရှင်းပြပါတယ်။
WART အဖွဲ့အနေနဲ့ ၂၀၂၁ သြဂုတ် ကနေ လက်ရှိအချိန်အထိ စုဆောင်းရရှိတဲ့ ကာတွန်းတွေထဲကပုံ ၇၀ ကိုစုစည်းပြီး WART CARTOON ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။
"WART အနေနဲ့ မြန်မာ့အရေးကို တကွက်ပြကာတွန်း ကတဆင့် ဂျပန်ပတ်ဝန်းကျင်ကို ဆက်လက်အသိပေးလက်ကမ်းသွားပါ့မယ်။" လို့ အထက်ပါဆရာမကပြောပါတယ်။

👍28❤11🔥1💩1🖕1
ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅
ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုကို WART CARTOON စာအုပ်ကရရှိလို့ ဆရာမတဦးကဆုလက်ခံယူစဥ်/ ကာတွန်းစာအုပ်မျက်နှာဖုံး နဲ့ စာအုပ်ထဲမှတစ်ကွက်ကာတွန်းအချို့ ။ဓါတ်ပုံ-MNMKK

❤40👍4🥰2🔥1💩1🖕1