People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
20👍3🔥1🤣1
22👍4🔥1💩1
■​ဆောင်းပါး

ချစ်ခြင်း​​မေတ္တာတည်​သောအရပ်တွင် သင်းပျံ့သည့်နှင်းဆီ

ကဖေး/People's Spring

သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့
ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်း
ဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။

ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်း
သားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။

ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအ
တိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း ခြံဝင်းထဲလှမ်းဝင်လာသည်။ စာသင်ခန်းထဲကစားပွဲပေါ်မှ နှင်းဆီပန်းတစ်
စည်းက ဆရာမလေးကို ကြိုဆိုနေပြန်သည်။ ကျောင်းသားလေးတွေက သူတို့ရဲ့ဆရာမအတွက် လာပို့ထားတဲ့ပန်းလေးတွေဖြစ်
သည်။

"တကယ့်ကို ပီတိဖြစ်ရပြီး အမေစုကိုလည်း
ပိုလွမ်းရတဲ့ နေ့လေးပါပဲရှင်"
ယခင် နေ့တွေတွေထက်ပိုပြီး လန်းဆန်းတက်ကြွနေသည့်ကျောင်းဆရာမလေးဒေါ် နှင်းဆီက ဇွန်လ၁၉ရက်မနက်ပိုင်း သူခံစားချက်ကို ပြောပြသည်။

ဒီ‌နေ့သည် အာဏာလုစစ်အုပ်စုကဖမ်းဆီးအကျဉ်းချထားသော လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည်။မွေးနေ့အထိမ်းအမှတ်အ
ဖြစ်တစ်နိုင်ငံလုံးဆိုင်ရာ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) လူထုလှုပ်ရှားမှုကို ဒေသအသီးသီးမှာ ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးမှုပြ
ယုဂ်အဖြစ် ပြုလုပ်သည့် နှင်းဆီလှုပ်ရှားမှုတွင် ကျောင်းဆရာမလေးဒေါ်နှင်းဆီတာဝန်ကျနေသည့် အညာဒေသက ရွာလေးနှင့် ယာ
ယီတဲထိုးပြီးစာသင်ကြားပေးနေသည့် ရွာကျောင်းလေးကလည်း တက်တက်ကြွကြွပါဝင်ဆင်နွှဲနေသည်။

"အမေစုကို သတိရတယ်။အောက်မေ့တယ်။အမေကျန်းမာဖို့ အချုပ်အနှောင်ကနေလွတ်ဖို့ ဆုတောင်းမေတ္တာပို့သကြတယ်။ ဒီလိုနေ့ရက်မျိုးမှာ ဒါမျိုးတန်ဖိုးထားအလေးထား လုပ်နေကြတာဟာ အတိုင်းထက်အလွန်ကြည်နူးမိတယ်။အမေစုကို လွမ်းနေကြပုံများ မျက်ရည်တောင်ကျရမတတ်ပဲ။ ပြည်သူတွေရင်ထဲက ခေါင်းဆောင်အမေစုဟာ ဘယ်နေရာဘယ်အချိန်ရောက်ရောက် ဘယ်သောအခါမှမှေးမှိန်သွားမှာမဟုတ်ဘူး"ဟု နှင်းဆီလှုပ်
ရှားမှုမှာ ပါဝင်နေသောအညာသူတစ်ဦးက ဆိုပါသည်။

စစ်ကိုင်းတိုင်းထဲက ကျောင်းဆရာမတစ်ဦးကလည်း "အိမ်တိုင်းရဲ့ဘုရားဆောင်မှာပန်းတွေပိုဝေဆာပြီးလူတိုင်းရဲ့ခေါင်းမှာပန်းပန်သောနေ့ပေါ့။ ဆုတောင်းတွေလည်းတူညီသောနေ့လေး" လို့ လူမှုကွန်ရက်မှာ ရင်ဖွင့်ထားသည်။

ဒေါ်နှင်းဆီတို့လို အညာဒေသက မြို့နဲ့ ရွာတွေမှာ ဒီကနေ့ မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်နေကြသလို မြေလတ်ဒေသက မြို့နဲ့ ရွာလေးတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြောင်း အပြိုင်အဆိုင်သက်သေထူနေကြသည်။

"အမေစု ဘယ်နေရာမှာထိန်းသိမ်းခံထားရလဲဆိုတာ ကျနော်တို့မသိဘူး။ ကျွန်တော်တို့ရဲ့မေတ္တာတရားတွေကတော့ အမေစုဆီ ရောက်အောင်ပို့နေမှာပါ"လို့ မကွေးတိုင်းထဲက လွတ်
မြောက်နယ်မြေတနေရာမှ လယ်သမားတစ်ဦးက ​ပြောပါသည်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေတွေမှာ နှင်းဆီလှုပ်ရှားမှုကို ပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေကြသလိုပဲ နိုင်ငံတကာသံရုံးတွေကလည်း သူနည်းသူဟန်နဲ့ပူးပေါင်းပါဝင်နေကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ဦးခေါင်းတွင် နှင်းဆီပန်းပန်ထားသည့်ဓာတ်ပုံထုတ်ပြန်နေကြပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြသည်။ရန်ကုန်အခြေစိုက်ဥရောပသမဂ္ဂရုံး၊မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး၊ ဩစတြေးလျသံရုံး၊ ဆွစ်ဇာလန်သံရုံး၊ ဗြိတိန်သံရုံး၊ ဂျာမနီသံရုံးနှင့်အခြားသော သံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်
မြောက်ရေးတောင်းဆိုချက်များနှင့် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ တပြိုင်နက် ပြုလုပ်ခဲ့ကြသည်။

ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်နှင်းဆီပန်းပန်ထားသည့် ပန်းချီကားကို ဇွန်လ ၁၈ရက်ညက အလုပ်အားလပ်ချိန်ကစပြီး တစ်ညလုံးထိုင်ဆွဲနေခဲ့ခြင်းဖြင့် နှင်းဆီလှုပ်ရှားမှုမှာ စနစ်တကျပါဝင်ခဲ့သည်။

ပန်းကိုပင် ကြောက်ရွံ့ပြီး ပန်းပန်သူ၊ပန်းရောင်းသူတွေကိုပါ ဖမ်းဆီးနေသည့်စစ်တပ်ကတော့ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့များတွင် ဒေသခံပြည်သူလူထုကို မျက်လုံး ဒေါက်ထောက်ကြည့်နေသည်။ ပဲခူးတိုင်းနှင့်ဧရာဝ
တီတိုင်းထဲကမြို့အချို့တွင် စစ်တပ်နဲ့ ရဲတပ်
ဖွဲ့က ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့အတူ ကင်းလှည့်ပြီးစောင့်ကြည့်သည်အထိ ဒေါ်အောင်ဆန်းစုကြည်၏လူထုအပေါ်လွှမ်းမိုးမှုကို ကြောက်ရွံ့နေကြသည်။

အာဏာသိမ်းစစ်တပ်က နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်သူတွေကို အကြမ်းဖက်ဖမ်းဆီးနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိ
ပြုကြဖို့အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု(GSCB)ကသတိပေးထား
သည်။ ရန်ကုန်မြို့အပါအဝင် မြို့ပြနေလူထုတော့ သူနည်းသူဟန်ဖြင့် နှင်းဆီလှုပ်ရှားမှုမှာ ပါးပါးနပ်နပ်ပါဝင်နေကြသည်။
20👍2🔥1💩1
ရန်ကုန်အပါအဝင် သူတို့ထိန်းချုပ်ထားသည့် မြို့တွေမှာ စစ်အုပ်စုက နှင်းဆီပန်းအနီ မရောင်းရန်ဈေးသည်တွေကို ဈေးကော်မတီကတဆင့် ဖိအားပေးခဲ့သည်။ သို့သော် လူထုသည် သတ္တိရှိကြဆဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက်ဈေးသည်တချို့က လက်သိပ်ထိုးရောင်းသလို ဝယ်သူတွေကလည်း ပါးပါးနပ်နပ်နဲ့ သတ္တိရှိရှိဝယ်ကြသည်။

"နှင်းဆီပန်းအနီ မရောင်းရဘူးလို့ အမိန့်ပေးထားလို့တဲ့။ ဒါပေမယ့် ရအောင် ရောင်းကြတယ်။ကျမကဂန္တမာပန်းအဝါပွင့်တွေထဲ ရောညှပ်ပြီး ယူခဲ့တယ်"ဟုရန်ကုန်မြို့က အိမ်ရှင်
မတစ်ဦးက ​ပြောသည်။

စစ်တပ်က စစ်သား ၊ရဲ ၊ပျူ​စောထီ စ​သည့်စစ်​ကောင်စီလက်​အောက်ခံ​များကို ယူနီ​ဖောင်း
နှင့် ရောအရပ်ဝတ်​တွေဖြင့်မြို့​၌ ဖြန့်ချထားပြီး ​စောင့်ကြည့်လုံခြုံ​ရေးတင်းကြပ်ထားသည်။ထိုအ​ခြေအ​နေများ​ကြောင့် ရန်ကုန်တွင် ဒီနေ့ နှင်းဆီးပန်းရနံ့ သိပ်မလှိုင်နိုင်ရှာခဲ့ပါ။

သို့သော်စစ်တပ်အုပ်ချုပ်ရေး ယန္တရားမရှိတော့သည့် ဒေသများတွင် ဒီနေ့ နှင်းဆီပန်းရနံ့ပိုပြီးသင်းပျံ့နေကြောင်း ဒေသခံတွေက ဂုဏ်ယူဝင့် ကြွားစွာထုတ်ဖော်ပြောဆိုကြသည်။ အညာဒေသမှ အသက် ၂၃နှစ်အရွယ်တော်လှန်ရေးရဲဘော်တစ်ဦးကတော့မြန်မာ
နိုင်ငံဒေသအသီးသီးမှာရှိနေကြသည့် ပြည်သူတွေအနေဖြင့် အမှန်တကယ်လွတ်လပ်သည့်အရသာကိုခံစားနိုင်ဖို့ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေး အားစိုက်ဆောင်ရွက်ကြဖို့တိုက်
တွန်းသည်။

"ရှင်းပါတယ်။ စစ်ကျွန်ဘဝကလွတ်မြောက်ချင်ရင် ဝိုင်းကူကြ။ပါဝင်ကြ။စစ်ကျွန်အနံ့ကို ငြင်းပယ်ဘာ"ဟု ၎င်းက ပြတ်ပြတ်သားသားဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်အုပ်စု၏ဖမ်းဆီးမခံရခင်၂၀၂၀ခုနှစ် ဇွန်
လ ၁၉ရက်နေ့က လူမှုကွန်ရက်မှတစ်ဆင့် လူထုကို ဆုတောင်းစကားပြောကြားခဲ့ဖူး
သည်။ သူ့အနေဖြင့် ရာစုနှစ် (၁)စု၏ လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီမို့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့၏ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပြီဟု ပြောခဲ့သည်။

"ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု ရကြပါစေ"လို့ ဒေါ်အောင်ဆန်းစုကြည်က လူ
ထုအား မွေးနေ့ဆုတောင်းစကားပြောကြားခဲ့ဖူးသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ဒေါ်
အောင်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပြီးနောက်
ပိုင်း မည်သည့်နေရာတွင်ထားရှိသည်ကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိတော့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်လူထုကြားကမေတ္တာတရားသည် အမြဲတမ်းအချိတ်အဆက်မိခဲ့သည်။လူထုသည် အာ
ဏာရှင်ကိုအာခံပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ချစ်ခင်မြတ်နိုးမှုကို နည်းမျိုးစုံဖြင့်ပြသနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်မြတ်နိုးသည့် အညာသူတစ်ဦးကတော့ နှင်းဆီလှုပ်
ရှားမှုတွေပါဝင်ပြီးသူ၏စိတ်ခံစားမှုရှိတရားကိုယခုလိုဖွင့်ဟပြောဆိုသည်။

"ဒီနေ့ကကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ခွန်အားအရှိဆုံးနေ့လို့ ခံစားရပါတယ်။အမေ့ရဲ့ ခွန်အားတွေ ကို ရရှိနေသလိုပါပဲ။အမေနဲ့ ဆက်သွယ်လို့ မရ သတင်းမရတဲ့ အခြေနေမျိုးမှာတောင် အမေနဲ့အတူရှိနေသလိုမျိုးခံစားရပါတယ်" ။ ။
🥰194👍3🔥1🤣1
25👍2🤮2💩1
လူထု​ခေါင်း​ဆောင်၏၈၁ နှစ်ပြည့်​မွေး​နေ့မှာနှင်းဆီလှုပ်ရှားမှုကိုပါဝင်ဆင်နွှဲ​နေသည့်ပြည်တွင်းပြည်ပမှ ပြည်သူများ။
ဓါတ်ပုံ-GSCB ၊ ​ပေးပို့၊ MDY-PDF
36🥰5👍4🤮2💩1