အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပုဂ္ဂလိက အင်တာနက်ဆိုင်ဖွင့်လိုသူတွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို သတ်မှတ်အခွန်နှုန်းထား တွေအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အမြတ်ငွေထဲက ၃၀ရာခိုင်နှုန်းကို အစိုးရထံ ထပ်မံပေးသွင်းရမယ်လို့ ဆိုပါ တယ်။ အဲဒီလို အစိုးရနဲ့ အကျိုးတူအင်တာနက်ဆိုင်ဖွင့်လိုသူတွေဟာ အစိုးရကို သတ်မှတ်ထားတဲ့ လိုင်စင်ကြေး၊ လစဉ်အ ခွန်တွေ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီအခွန်ငွေတွေဖယ်ကာ ရလာတဲ့အမြတ်ငွေတွေကို အစိုးရနဲ့ အင်တာနက်ဆိုင်ဖွင့် သူတို့ ၇၀ ၊ ၃၀ ရခိုင်နှုန်းကျစီ အချိုးကျခွဲဝေရမှာဖြစ်ပါတယ်။ အခကြေးငွေယူပြီး အများပြည်သူကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း တရားဝင်ခွင့်ပြုပေးတာဟာ ပြည်သူ တွေ စျေးသက်သက်သာသာနဲ့ အင်တာနက် သုံးနိုင်ဖို့၊ လူတိုင်းအင်တာနက်လက်လှမ်းမီ သုံးစွဲခွင့်ရဖို့နဲ့ စီးပွား ရေးလုပ် ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ နည်းပညာဌာနက ထုတ်ပြောထားပါတယ်။
◾️မလှိုင်မှာ စစ်တပ်က ပြည်သူတွေဆီက ရိက္ခာတွေခြိမ်းခြောက်တောင်းယူနေ
မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီကနေ စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က မလှိုင်မြို့မစျေး ဆန်ဆိုင်တစ်ဆိုင်ကို တစ်လ ဆန်တစ်အိတ်နှုန်း၊ ဆီဆိုင်တစ်ဆိုင်ကို ဆီ၂ ပိဿာနှုန်းနဲ့ အခြားလုပ်ငန်းရှင်တွေ စျေးဆိုင်တွေကိုလည်း လစဥ်ရိက္ခာအတွက် ပေးရမယ်ဆိုပြီး မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ် ခြိမ်းခြောက်တောင်းယူခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ဇွန်လ ၁၈ရက်က ကျေးရွာတွေကနေ မလှိုင်စျေးမှာ စျေးရောင်းလာကြသူတွေကိုလည်း ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၀ ၊ ကားပေါ်ပါ ပြည်သူတွေကို တစ်ဦး ၇၀၀၀ ကျပ်နှုန်း စစ်အုပ်စုက တောင်းယူခဲ့တဲ့အပြင် ကားတစ်စီးကို ဆန်အိတ် ၂လုံးနှုန်း သိမ်းယူသွားကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က အသိပေးပါတယ်။
◾️တံတားဦးမြို့မှာ စစ်တပ်က လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေ ဖျက်ခိုင်းထား
မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-ပြည်-ရန်ကုန်လမ်း နယ်နိမိတ်မှာ ပါဝင်တယ်ဆိုပြီး လမ်းလယ်ကနေ ဘေးနှစ်ဖက် ၇၅ပေစီ ဖျက်သိမ်းရမယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖျက်သိမ်းတဲ့အထဲပါတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေဟာ တံတားဦးမြို့အဝင် BOC ဆီဆိုင်ကနေ မြို့လယ်ခေါင်မီးပွိုင့်အထိ ဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံ လမ်းဦးစီးဌာနကတော့ မေလ၂၅ရက် ရက်စွဲနဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို ၃၀ ရက်နောက်ဆုံးထားဖျက်ခိုင်းထားပြီး မဖျက်ရင်လမ်းမကြီးဥပဒေနဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
◾️မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေလွတ်မြောက်ဖို့ နိုင်ငံတကာသံရုံးတွေ တောင်းဆို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။ ကနေဒါနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ ဆေးကုသမှုခံယူနိုင်စေဖို့၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆိုချက်များကို ဒီနေ့ကျရောက်တဲ့ သူမရဲ့ (၈၁)နှစ်မြောက်မွေးနေ့မှာ ပြန်လည်အသက်သွင်းလိုက်ပါတယ်လို့ ရန်ကုန်မြို့က ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။ ဆွစ်ဇာလန်သံရုံး၊ သြစတြေးလျသံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်းဆိုထားပါတယ်။ အဲဒီသံရုံးတွေအပြင် ပြင်သစ် ၊ ဂျာမနီ နဲ့ ဥရောပသမဂ္ဂတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ၈၁ စာလုံးပုံဖော်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး မွေးနေ့ရှင်ကို ဆုတောင်းပေးထားကြပါတယ်။ ၈၁ ကို ပုံဖော်ထားတဲ့ နေရာမှာ မွေးနေ့ရှင်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းပုံထည့်ထားတာ တွေ့ရပါတယ်။ ဗြိတိန်သံရုံးကတော့ သူတို့ရဲ့ ပရိုဖိုင်မှာ မွေးနေ့ရှင်အတွက်ရည်ရွယ်တဲ့ နှင်းဆီပန်းအဝါပုံကို ဖြည့်ပြီး အပြောင်းအလဲ လုပ်ထားတာတွေ့ရပါတယ်။ နိုင်ငံတကာသံရုံးတွေက လူထုခေါင်းဆောင်ကို ဝန်းရံပြီး မွေးနေ့ဆုတောင်းပေးကြတဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ကျေးဇူးတင်ကြောင်း တုံံ့ပြန်ထားကြပါတယ်။
◾️အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟာ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ မိုင်းလားဒေသလာတဲ့ စစ်အုပ်စုကို NDAAတပ်အသိပေး

👍17❤1🔥1🤣1
တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကို လာတဲ့ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို ထပ်မံ အသိပေးလိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေဟာ ဇွန် ၁၇ရက်မှာ မိုင်းလားတပ် NDAA၊ ဇွန်လ ၁၈ရက်မှာ ၀တပ်ဖွဲ့(UWSA)တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မိုင်းလားတပ်နဲ့ တွေ့ဆုံမှုကို မိုင်းလား ဒေသမှာ ဇွန် ၁၇ရက်က ပြုလုပ်ခဲ့ရာ မိုင်းလားတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ရာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ NDAAက ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၈ရက်မှာ ၀တပ်ဌာနချုပ် ပန်ဆန်းကို သွားရောက်ပြီး၀တပ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ၀တပ် သတင်းပြန်ကြားရေး WSTVရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Wa News Land က သတင်းဖော်ပြခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
◾️လူထုခေါင်းဆောင်မွေးနေ့နဲ့အတူ ဆန္ဒပြပွဲတွေ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက "အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးတောင်းဆိုခဲ့ကြတာပါ။
ဖားကန့်ပြည်သူတွေက "Lets continue fighting alongside Mother Suu" ၊ "အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ" ၊ "မတရား ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ" ၊ "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်" ၊ "စစ်အာဏာရှင် စနစ်အမြစ်ဖြတ်သည်အထိ ပြည်သူအားလုံးပါဝင်စို့" စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင် အမေစုနဲ့တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်စေဖို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းနီနီတွေပေးဝေခဲ့ပြီး ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မုံရွာမြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တောင်ယာခုတ် လုပ်ငန်းခွင်ထဲမှ ဒေသခံတောင်သူတွေကို နှင်းဆီနီတွေ ဝေငှခဲ့ပါတယ်။
တန့်ဆည်မြို့နယ်မှာလည်း ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှည "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြုလုပ်ခဲ့ပြီး မိုးပျံလေပူပေါင်း လွှတ်တင်ခြင်း၊ နှင်ဆီနီတွေ ဝေငှခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းနဲ့ ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဘေးကင်းတဲ့နည်းတွေနဲ့ နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

❤17👍5🔥1🤣1
■ဆောင်းပါး
ချစ်ခြင်းမေတ္တာတည်သောအရပ်တွင် သင်းပျံ့သည့်နှင်းဆီ
ကဖေး/People's Spring
သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့
ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်း
ဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။
ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်း
သားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။
ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအ
တိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း ခြံဝင်းထဲလှမ်းဝင်လာသည်။ စာသင်ခန်းထဲကစားပွဲပေါ်မှ နှင်းဆီပန်းတစ်
စည်းက ဆရာမလေးကို ကြိုဆိုနေပြန်သည်။ ကျောင်းသားလေးတွေက သူတို့ရဲ့ဆရာမအတွက် လာပို့ထားတဲ့ပန်းလေးတွေဖြစ်
သည်။
"တကယ့်ကို ပီတိဖြစ်ရပြီး အမေစုကိုလည်း
ပိုလွမ်းရတဲ့ နေ့လေးပါပဲရှင်"
ယခင် နေ့တွေတွေထက်ပိုပြီး လန်းဆန်းတက်ကြွနေသည့်ကျောင်းဆရာမလေးဒေါ် နှင်းဆီက ဇွန်လ၁၉ရက်မနက်ပိုင်း သူခံစားချက်ကို ပြောပြသည်။
ဒီနေ့သည် အာဏာလုစစ်အုပ်စုကဖမ်းဆီးအကျဉ်းချထားသော လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည်။မွေးနေ့အထိမ်းအမှတ်အ
ဖြစ်တစ်နိုင်ငံလုံးဆိုင်ရာ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) လူထုလှုပ်ရှားမှုကို ဒေသအသီးသီးမှာ ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးမှုပြ
ယုဂ်အဖြစ် ပြုလုပ်သည့် နှင်းဆီလှုပ်ရှားမှုတွင် ကျောင်းဆရာမလေးဒေါ်နှင်းဆီတာဝန်ကျနေသည့် အညာဒေသက ရွာလေးနှင့် ယာ
ယီတဲထိုးပြီးစာသင်ကြားပေးနေသည့် ရွာကျောင်းလေးကလည်း တက်တက်ကြွကြွပါဝင်ဆင်နွှဲနေသည်။
"အမေစုကို သတိရတယ်။အောက်မေ့တယ်။အမေကျန်းမာဖို့ အချုပ်အနှောင်ကနေလွတ်ဖို့ ဆုတောင်းမေတ္တာပို့သကြတယ်။ ဒီလိုနေ့ရက်မျိုးမှာ ဒါမျိုးတန်ဖိုးထားအလေးထား လုပ်နေကြတာဟာ အတိုင်းထက်အလွန်ကြည်နူးမိတယ်။အမေစုကို လွမ်းနေကြပုံများ မျက်ရည်တောင်ကျရမတတ်ပဲ။ ပြည်သူတွေရင်ထဲက ခေါင်းဆောင်အမေစုဟာ ဘယ်နေရာဘယ်အချိန်ရောက်ရောက် ဘယ်သောအခါမှမှေးမှိန်သွားမှာမဟုတ်ဘူး"ဟု နှင်းဆီလှုပ်
ရှားမှုမှာ ပါဝင်နေသောအညာသူတစ်ဦးက ဆိုပါသည်။
စစ်ကိုင်းတိုင်းထဲက ကျောင်းဆရာမတစ်ဦးကလည်း "အိမ်တိုင်းရဲ့ဘုရားဆောင်မှာပန်းတွေပိုဝေဆာပြီးလူတိုင်းရဲ့ခေါင်းမှာပန်းပန်သောနေ့ပေါ့။ ဆုတောင်းတွေလည်းတူညီသောနေ့လေး" လို့ လူမှုကွန်ရက်မှာ ရင်ဖွင့်ထားသည်။
ဒေါ်နှင်းဆီတို့လို အညာဒေသက မြို့နဲ့ ရွာတွေမှာ ဒီကနေ့ မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်နေကြသလို မြေလတ်ဒေသက မြို့နဲ့ ရွာလေးတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြောင်း အပြိုင်အဆိုင်သက်သေထူနေကြသည်။
"အမေစု ဘယ်နေရာမှာထိန်းသိမ်းခံထားရလဲဆိုတာ ကျနော်တို့မသိဘူး။ ကျွန်တော်တို့ရဲ့မေတ္တာတရားတွေကတော့ အမေစုဆီ ရောက်အောင်ပို့နေမှာပါ"လို့ မကွေးတိုင်းထဲက လွတ်
မြောက်နယ်မြေတနေရာမှ လယ်သမားတစ်ဦးက ပြောပါသည်။
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေတွေမှာ နှင်းဆီလှုပ်ရှားမှုကို ပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေကြသလိုပဲ နိုင်ငံတကာသံရုံးတွေကလည်း သူနည်းသူဟန်နဲ့ပူးပေါင်းပါဝင်နေကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ဦးခေါင်းတွင် နှင်းဆီပန်းပန်ထားသည့်ဓာတ်ပုံထုတ်ပြန်နေကြပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြသည်။ရန်ကုန်အခြေစိုက်ဥရောပသမဂ္ဂရုံး၊မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး၊ ဩစတြေးလျသံရုံး၊ ဆွစ်ဇာလန်သံရုံး၊ ဗြိတိန်သံရုံး၊ ဂျာမနီသံရုံးနှင့်အခြားသော သံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်
မြောက်ရေးတောင်းဆိုချက်များနှင့် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ တပြိုင်နက် ပြုလုပ်ခဲ့ကြသည်။
ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်နှင်းဆီပန်းပန်ထားသည့် ပန်းချီကားကို ဇွန်လ ၁၈ရက်ညက အလုပ်အားလပ်ချိန်ကစပြီး တစ်ညလုံးထိုင်ဆွဲနေခဲ့ခြင်းဖြင့် နှင်းဆီလှုပ်ရှားမှုမှာ စနစ်တကျပါဝင်ခဲ့သည်။
ပန်းကိုပင် ကြောက်ရွံ့ပြီး ပန်းပန်သူ၊ပန်းရောင်းသူတွေကိုပါ ဖမ်းဆီးနေသည့်စစ်တပ်ကတော့ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့များတွင် ဒေသခံပြည်သူလူထုကို မျက်လုံး ဒေါက်ထောက်ကြည့်နေသည်။ ပဲခူးတိုင်းနှင့်ဧရာဝ
တီတိုင်းထဲကမြို့အချို့တွင် စစ်တပ်နဲ့ ရဲတပ်
ဖွဲ့က ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့အတူ ကင်းလှည့်ပြီးစောင့်ကြည့်သည်အထိ ဒေါ်အောင်ဆန်းစုကြည်၏လူထုအပေါ်လွှမ်းမိုးမှုကို ကြောက်ရွံ့နေကြသည်။
အာဏာသိမ်းစစ်တပ်က နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်သူတွေကို အကြမ်းဖက်ဖမ်းဆီးနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိ
ပြုကြဖို့အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု(GSCB)ကသတိပေးထား
သည်။ ရန်ကုန်မြို့အပါအဝင် မြို့ပြနေလူထုတော့ သူနည်းသူဟန်ဖြင့် နှင်းဆီလှုပ်ရှားမှုမှာ ပါးပါးနပ်နပ်ပါဝင်နေကြသည်။

❤20👍2🔥1💩1
ရန်ကုန်အပါအဝင် သူတို့ထိန်းချုပ်ထားသည့် မြို့တွေမှာ စစ်အုပ်စုက နှင်းဆီပန်းအနီ မရောင်းရန်ဈေးသည်တွေကို ဈေးကော်မတီကတဆင့် ဖိအားပေးခဲ့သည်။ သို့သော် လူထုသည် သတ္တိရှိကြဆဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက်ဈေးသည်တချို့က လက်သိပ်ထိုးရောင်းသလို ဝယ်သူတွေကလည်း ပါးပါးနပ်နပ်နဲ့ သတ္တိရှိရှိဝယ်ကြသည်။
"နှင်းဆီပန်းအနီ မရောင်းရဘူးလို့ အမိန့်ပေးထားလို့တဲ့။ ဒါပေမယ့် ရအောင် ရောင်းကြတယ်။ကျမကဂန္တမာပန်းအဝါပွင့်တွေထဲ ရောညှပ်ပြီး ယူခဲ့တယ်"ဟုရန်ကုန်မြို့က အိမ်ရှင်
မတစ်ဦးက ပြောသည်။
စစ်တပ်က စစ်သား ၊ရဲ ၊ပျူစောထီ စသည့်စစ်ကောင်စီလက်အောက်ခံများကို ယူနီဖောင်း
နှင့် ရောအရပ်ဝတ်တွေဖြင့်မြို့၌ ဖြန့်ချထားပြီး စောင့်ကြည့်လုံခြုံရေးတင်းကြပ်ထားသည်။ထိုအခြေအနေများကြောင့် ရန်ကုန်တွင် ဒီနေ့ နှင်းဆီးပန်းရနံ့ သိပ်မလှိုင်နိုင်ရှာခဲ့ပါ။
သို့သော်စစ်တပ်အုပ်ချုပ်ရေး ယန္တရားမရှိတော့သည့် ဒေသများတွင် ဒီနေ့ နှင်းဆီပန်းရနံ့ပိုပြီးသင်းပျံ့နေကြောင်း ဒေသခံတွေက ဂုဏ်ယူဝင့် ကြွားစွာထုတ်ဖော်ပြောဆိုကြသည်။ အညာဒေသမှ အသက် ၂၃နှစ်အရွယ်တော်လှန်ရေးရဲဘော်တစ်ဦးကတော့မြန်မာ
နိုင်ငံဒေသအသီးသီးမှာရှိနေကြသည့် ပြည်သူတွေအနေဖြင့် အမှန်တကယ်လွတ်လပ်သည့်အရသာကိုခံစားနိုင်ဖို့ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေး အားစိုက်ဆောင်ရွက်ကြဖို့တိုက်
တွန်းသည်။
"ရှင်းပါတယ်။ စစ်ကျွန်ဘဝကလွတ်မြောက်ချင်ရင် ဝိုင်းကူကြ။ပါဝင်ကြ။စစ်ကျွန်အနံ့ကို ငြင်းပယ်ဘာ"ဟု ၎င်းက ပြတ်ပြတ်သားသားဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်အုပ်စု၏ဖမ်းဆီးမခံရခင်၂၀၂၀ခုနှစ် ဇွန်
လ ၁၉ရက်နေ့က လူမှုကွန်ရက်မှတစ်ဆင့် လူထုကို ဆုတောင်းစကားပြောကြားခဲ့ဖူး
သည်။ သူ့အနေဖြင့် ရာစုနှစ် (၁)စု၏ လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီမို့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့၏ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပြီဟု ပြောခဲ့သည်။
"ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု ရကြပါစေ"လို့ ဒေါ်အောင်ဆန်းစုကြည်က လူ
ထုအား မွေးနေ့ဆုတောင်းစကားပြောကြားခဲ့ဖူးသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ဒေါ်
အောင်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပြီးနောက်
ပိုင်း မည်သည့်နေရာတွင်ထားရှိသည်ကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိတော့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်လူထုကြားကမေတ္တာတရားသည် အမြဲတမ်းအချိတ်အဆက်မိခဲ့သည်။လူထုသည် အာ
ဏာရှင်ကိုအာခံပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ချစ်ခင်မြတ်နိုးမှုကို နည်းမျိုးစုံဖြင့်ပြသနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်မြတ်နိုးသည့် အညာသူတစ်ဦးကတော့ နှင်းဆီလှုပ်
ရှားမှုတွေပါဝင်ပြီးသူ၏စိတ်ခံစားမှုရှိတရားကိုယခုလိုဖွင့်ဟပြောဆိုသည်။
"ဒီနေ့ကကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ခွန်အားအရှိဆုံးနေ့လို့ ခံစားရပါတယ်။အမေ့ရဲ့ ခွန်အားတွေ ကို ရရှိနေသလိုပါပဲ။အမေနဲ့ ဆက်သွယ်လို့ မရ သတင်းမရတဲ့ အခြေနေမျိုးမှာတောင် အမေနဲ့အတူရှိနေသလိုမျိုးခံစားရပါတယ်" ။ ။

🥰19❤4👍3🔥1🤣1