■အတွေးအမြင်
“ကျောင်းတော်ကြီးထဲက ပန်းအစိုမပန်ရတဲ့ မွေးနေ့ရက်စွဲများ”
-သရဖီရေးသားသည်။
အခုလို ဇွန်လ ၁၉ ရက် ရောက်တိုင်း ရယ်စရာတစ်ခုကို သတိရမိတတ်သေးတယ်။
ကိုယ်တိုင် အမှုရင်ဆိုင်နေရဆဲ ကာလတုန်းက ဗေဒင်က ဟောဖူးတယ်။ အဆောင်အဖြစ် "နောက်တစ်ပတ် ရုံးချိန်းထွက်ရင် ပန်းပန်ပြီး ထွက်ရလိမ့်မယ်" တဲ့။
ဒါပေမဲ့ တကယ်တမ်း ထွက်ခဲ့ရတာကတော့ ပန်းပန်ခွင့်မရှိတဲ့၊ စစ်အာဏာရှင်တွေရဲ့တင်း
ကျပ်လှတဲ့ဒီလိုမွေးနေ့ရက်မျိုးဖြစ်နေခဲ့တယ်။
စိတ်ထဲမှာလည်း "တစ်မှုတောင် ရင်ဆိုင်လို့မပြီးသေးဘူး၊ နောက်တစ်မှုတော့ ထပ်မတိုးပါနဲ့တော့" လို့ပဲ မရည်ရွယ်ဘဲ ဆုတောင်းမိရတဲ့အထိပါပဲ။
ကျောင်းတော်ကြီး(ထောင်)ရဲ့အုတ်တံတိုင်းတွေနောက်ကွယ်မှာလည်း ဒီလိုနေ့မျိုးဆိုရင် လူတွေဟာ မိမိတို့ သန်ရာသန်ရာ နည်းလမ်းတွေနဲ့ အထိမ်းအမှတ်ပွဲလေးတွေ ဖန်တီးတတ်ကြပါတယ်။
ပုံမှန်ရက်တွေမှာဆိုရင်တော့ထောင်ထဲမှာပန်းအစိုရောင်းတဲ့သူတွေ ရှိတတ်ကြပေမဲ့၊ဒီနေ့လို ဇွန် ၁၉ ရက်မျိုးမှာတော့ ပန်းအစိုတွေကို လုံးဝ အဝယ်မခံ၊အရောင်းမခံ၊ အပန်မခံဘဲ ပိတ်ပင်ထားတတ်ကြတယ်။ ဒါပေမဲ့လည်း စိတ်အာရုံမှာ ပွင့်နေတဲ့ပန်းတွေကိုတော့ ဘယ်သူမှ ဆိတ်သုဉ်းအောင် မလုပ်နိုင်ကြပါဘူး။
ပန်းအစိုမရှိရင် ပန်းခြောက်ကလစ်လေးတွေ ရှာပြီး ပန်သူကပန်၊ အလေးအမြတ်ထားတဲ့ အနေနဲ့ ဝတ်စုံအပြည့်ကိုတစ်နေကုန် ဝတ်ဆင်သူက ဝတ်ဆင်ထားကြတယ်။
ခမ်းခမ်းနားနား မဟုတ်တောင်မှ ရှိတဲ့မုန့်လေးတွေကို စုပေါင်းပြီး ကိတ်မုန့်သဖွယ် ပြုလုပ်ပြီးတော့လည်း အချင်းချင်း ဝေမျှကြတယ်။
တစ်ရှုးစက္ကူစလေးတွေနဲ့ ပန်းလေးတွေလုပ်ပြီး မျှဝေကြတယ်။
ညပိုင်းဘုရားဝတ်ပြုချိန် ရောက်တဲ့အခါမှာတော့အားလုံးရဲ့နှုတ်ဖျားကနေမေတ္တာသုတ်တော်ကိုတညီတညွတ်တည်းရွတ်ဆိုရင်း ငြိမ်းချမ်းခြင်း ဆုတောင်းတွေကို ပို့သပေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်လက်အောက်ခံထောင်အာဏာပိုင်တွေက စိုးရိမ်တကြီးနဲ့ ကင်မရာတစ်လုံးကိုင်၊ ကင်းလှည့်ပတ်ပြီး ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာကို ဓာတ်ပုံမှတ်တမ်းတွေ လိုက်ယူနေကြတာ မြင်ကွင်းတစ်ခုပေါ့။
ဒါပေမဲ့အဲဒီတုန်းကတော့အရေးယူတာမျိုးတော့ မကြားမိခဲ့ပမဲ့ မှတ်တမ်းမှတ်ရာတွထဲမှာတာ့ မှင်နီပါနေမှာကတာ့ အသေအချာပါပဲ။
ထောင်တံတိုင်းတွေကြားထဲမှာနှစ်တွေအလီ
လီ ကုန်လွန်သွားပေမဲ့လည်းခံယူချက် သန်မာတဲ့သူတွေကတော့ ဘယ်လောက်ပဲ အချိန်တွေကြာပါစေ၊ ယနေ့ထက်ထိ တုန်လှုပ်ခြင်းမရှိဘဲ သန်မာနေကြဆဲပါပဲ။တစ်ပြိုင်နက်တည်းမှာပဲ တချို့ကလည်း မပြီးဆုံးနိုင်တဲ့ ဒီလိုအခြေ အနေ၊ ဒီလို အကျဉ်းအကြပ်ကာလကြီးကို ရိုးအီပြီး စိတ်ကုန်နေကြတာမျိုးလည်း ရှိပါတယ်။ ဒါဟာ လူသားဆန်တဲ့ သဘာဝတရားတွေပါပဲ။ဒါပေမယ့် ဒါဟာလူနည်းစုပါ။
သံမဏီနှင်းဆီနဲ့ သင်ကေတပြုထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်တွေဟာ တကယ်တော့ လူတစ်ဦးရဲ့မွေးနေ့ထက် အဓိပ္ပါယ်လေးနက်ပါတယ်။ လူထုခေါင်းဆောင်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထုခေါင်းဆောင်ရဲ့ ဒီမိုကရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကိုလျှောက်လှမ်းရပေမယ့် နောက်မတွန့်ပဲ ပန်း
တိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်နေတဲ့ လမ်း
စဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြမှုတွေလည်းဖြစ်ပါတယ် ။
တနည်းအားဖြင့် ဇွန် ၁၉ မှာ နှင်းဆီတွေဟာချစ်ခြင်းမေတ္တာ ၊သတ္တိ ၊ဒီမိုကရေစီ နဲ့ လူ့
အခွင့်အရေး ၊အရှုံးမပေးခြင်းတို့ရဲ့ သတင်း
စကားဖြစ်ပါတယ်။ စစ်တပ်ကအာဏာလုထားပြီး လူထုခေါင်းဆောင်ကို ထောင်သွင်းအကျဥ်းချ သတင်းအမှောင်ချထားတဲ့ ဒီကာလမှာ နှင်းဆီတွေမှာ ပိုရဲရင့်လာပါတယ်။ဒါကြောင့် စစ်တပ်က နရသိန်ထောင်ထဲမှာသာမက ထောင်အပြင်မှာပါ နှင်းဆီပန်းတွေကို အကြောက်ကြီးကြောက်နေကြပါတယ်၊
တကယ်တော့... ဒီနေ့ဒီရက်ကို၊ လူတွေရဲ့ စိတ်ကူးနဲ့ လေးစားချစ်ခင်မှုတွေကို ထိန်းချုပ်ချင်ကြတဲ့သူတွေအတွက်ကတော့ ဘယ်နေ
ရာမှာပဲနေနေ၊ သူတို့ကတော့ နည်းမျိုးစုံနဲ့ ဆက်ပြီး ထိန်းချုပ်ကန့်သတ်နေကြဦးမှာပါပဲ။
ဒါပေမဲ့ ဘယ်လောက်ပဲ ပိတ်ပင်တားဆီးပါစေ။ရင်ထဲက ပွင့်လာတဲ့ ပန်းတွေကိုတော့ ဘယ်သောအခါမှ ဆွတ်ခူးလို့ ရနိုင်မှာမဟုတ်ပါဘူး။
အကျဉ်းထောင်ထဲကနိုင်ကျဉ်းတွေဟာ အခုချိန်ထိလည်းနိုင်ရာတာဝန်တွေကို ထမ်းရွက်နေကြဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ (ဇွန်လ ၁၉ ရက်) အမှတ်တရအဖြစ်၊ အကျဉ်းထောင် (ကျောင်းတော်ကြီး) အတွင်းတောင် ဒီနေ့ရောက်ရင် ပန်းရောင်းခွင့်မရှိ၊ ပန်းပန်ခွင့်မရတဲ့ အတွေ့အကြုံနဲ့ မြင်ကွင်းတွေကိုအမြဲအမှတ်ရနေမှာပါ။ မြန်မာပြည်သူတွေ နဲ့ မြန်မာနိုင်ငံအတွက် ချစ်ခြင်းမေတ္တာကြီးမားလှပြီး အသက် ဘဝတွေပေးအပ်ထားတဲ့ အသက် ၈၁ နှစ်အရွယ် လူထုခေါင်းဆောင်လည်း စစ်အာဏာရှင်တွေရဲ့ အချုပ်အနှောင်တွေက အမြန်လွတ်မြောက်ပြီး သူမရဲ့ ဆန္ဒတွေ အမြန်ပြည့်ဝပါစေလို့ တောင်းဆုချွေလိုက်ပါတယ် ။ တချိန်တည်းမှာ သံမဏိနှင်းဆီ လွတ်လွတ်လပ်လပ် မွှေးပျံ့စေဖို့ဟာ
စစ်ကျွန်မခံပဲ လွတ်မြောက်လိုသူ ၊လူပီသအောင်နေလိုသူတွေအတွက် သမိုင်းပေးတာဝန်လည်းဖြစ်ပါတယ် ။ ။

❤23👍8🤣2🔥1🤬1
လူထုခေါင်းဆောင်မွေးနေ့ အထိန်းအမှတ်
ဖားကန့်မှာ လမ်းလျှောက်ဆန္ဒပြ
ဇွန်-၁၉၊၂၀၂၆။သတိုး/People's Spring
ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်
ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက
"အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်း
မာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်
တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ် ။
ဒီနေ့(ဇွန်၁၉) မနက် ဖားကန့်မြို့ မှာ မိုးရွာနေတာကြောင့် မိုးရေတွေကြားကပဲ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်ခွဲတဲ့အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက နှင်း
ဆီလှုပ်ရှားမှု ပြုလုပ်ဖို့ တိုက်တွန်းထားတာကြောင့် ဒီနေ့လှုပ်ရှားမှုမှာပါဝင်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။
ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းကဦးဆောင်ပြသခဲ့တာဖြစ်ပြီး ပြည်သူ ဆယ်နဲ့ချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

❤40👍7🤣3🥰2🤮1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-ဖားကန့်မှော်လှည်သပိတ်
👍35❤22🥰4🤣2👏1🤮1
ဖားကန့်ဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ
■စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်တွေရှိရာ ပစ်ခတ်နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့
ဇွန်-၁၉၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့မှာစစ်တပ်နဲ့ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်တာဖြစ်ပြီး ဆိုင်းတောင်ကကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာနေထိုင်သူ ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
" မသာတွေကဗျူဟာကုန်းကနေ လက်သရမ်းပြီး ပစ်နေတာ။ မိမဆုံးမ၊ ဖမဆုံးမတွေ"လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။
ဖားကန့်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကျောက်စိမ်းတွင်း တူးဖော်ခွင့်တွေ၊ ဓားပြတိုက်လူသတ်တာတွေကို ခွင့်ပြုပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်သားတွေနဲ့အတူစစ်တပ်လက်အောက်ခံ-SNA၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအင်အားထောင်ချီရှိနေပြီး ၎င်းတို့တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်
ခတ်နေတာပါ။ ယခုရက်ပိုင်းမှာ ဖားကန့်ဗျူ
ဟာကုန်းကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အရပ်သားနေထိုင်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။
"SNAနဲ့ပြည်သူ့စစ်တွေကစစ်တပ်နဲ့ပေါင်းပြီး တရားလွန်ကျူးလွန်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့စစ်ကြောင်းလှုပ်ရှားရာနေရာတစ်လျှောက်မှာ ဓားပြတိုက်လုယက်တာတွေလည်းကျူးလွန်နေလို့ ဖားကန့်ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ဇွန်လ ၁၆ရက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ ဓားပြအဖွဲ့ကို KIA၊KPDFက ဖမ်းဆီးခဲ့ပေမယ့် ဓားပြတိုက်မှုတွေဆက်ဖြစ်နေပါတယ်။
ဖားကန့်ဒေသမှာစစ်တပ်ရဲ့လေကြောင်းတိုက်
ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးမှုတွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်က လုံးခင်းကျေး
ရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေး
ရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိနေပါတယ်။
ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး တွေအပြန်အ
လှန်ပစ်ခတ်မှုတွေရှိနေပါတယ်။
ဇွန်လ ၁၈ရက်ညပိုင်းကလည်းဖားကန့်မြို့
နယ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသေးစိတ်ကိုမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်က တိုက်ပွဲတွေမှာဆိုရင် စစ်တပ်ဟာ အရပ်
သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကချင်လူ့အခွင့်အ
ရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

🤬29❤2👎1🔥1👏1🎉1
Media is too big
VIEW IN TELEGRAM
စစ်တပ်လက်အောက်ခံရှမ်းနီတပ်-SNA
တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးနဲ့ပစ်ခတ်နေ
စဥ်။ ။ရုပ်သံ-ရှမ်းနီတပ်ဖွဲ့ဝင်တစ်တော့
တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးနဲ့ပစ်ခတ်နေ
စဥ်။ ။ရုပ်သံ-ရှမ်းနီတပ်ဖွဲ့ဝင်တစ်တော့
🤬33👎1🔥1👏1🎉1🤮1
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံးလွတ်ရေး အဓိကကြိုးပမ်းပေးဖို့ မိတ်ဆွေနိုင်ငံတွေ ကို NLDနဲ့ တိုင်း၊ ပြည်နယ်လွှတ်တော်အစိုးရတွေ ပူးပေါင်းတောင်းဆို
ဇွန် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက်မွေးနေ့ မှာ အခုလို စုပေါင်းပြီး သတင်းထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ထိန်းသိမ်းထားရာ ရက်ပေါင်း ၁၉၆၅ ရက် ရှိပြီဖြစ်ကာ ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်၊ သက်ရှိထင်ရှား ရှိမရှိ မသိရလို့ သားဖြစ်သူ ကိုထိန်လင်း အပါအဝင် မြန်မာပြည်သူ တရပ်လုံးက အထူးစိုးရိမ်ပူပန်နေကြောင်း ဖော်ပြထားပါတယ်။
တဖက်မှာ စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေကြောင်း၊ မတရားဖမ်းဆီးခံထားရသူ ထောင်ပေါင်းများစွာ ရှိနေကြောင်း အသိပေးပါတယ်။
ဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ အနေအထားဟာ စစ်မှန် လွတ်လပ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နေတယ်လို့ ယူဆဖို့ အလှမ်းကွာ နေကြောင်းလည်း ဖော်ပြထားပါတယ်။
“ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတုအယောင် အစိုးရအား ဆောလျင်စွာ အသိအမှတ်ပြုထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမိုရှည်လျားသော နက်ရှိုင်းသည့် ပဋိပက္ခနွံတွင်းသို့ တွန်းပို့သည့် ဖန်တီးမှုမျိုးများ မပြုမိစေရန် ရှောင်ရှားသင့်ပါကြောင်း အကြံပြုပါသည်” လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။
အခု ကြေညာချက် ထုတ်ပြန်မှုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေကတေ့ NLD၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ်လွှတ်တော်သုံး ရပ်ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်(Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ မန္တလေးဒေသလွှတ်တော်၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော် တို့ ဖြစ်ပါတယ်။

👍25🥰3❤2🤮2💩1
မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို မြန်မာသံအမတ်ကြီးတောင်းဆို
ဇွန်-၁၉၊ ၂၀၂၆။ People’s Spring
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
၂၀၂၆ ခုနှစ် စီးပွားရေးနှင့်လူမှုရေးကောင်စီ လူသားချင်းစာနာမှုရေးရာကဏ္ဍ (ECOSOC Humanitarian Affairs Segment)အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းရာမှာ ပြတ်သားထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ဖို့ အချက်ကိုပါ ထည့်သွင်း တောင်းဆိုသွားပါတယ်။
၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်ကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မြန်မာနိုင်ငံရဲ့ လက်ရှိသမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန််မာသံအမတ်ကြီးက ဇွန်လ ၁၇ရက်မှာ ပြောပါတယ်။
အဲဒီအကျပ်အတည်းဟာ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုရဲ့ စနစ်တကျ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများ၊ အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ ဆောင်ရွက်တဲ့ လေကြောင်း တိုက်ခိုက်မှုများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်တစ်ခုအဖြစ် အလွဲသုံးစားပြုမှုတို့ရဲ့ အကျိုးဆက်များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ရှင်းပြပါတယ်။
လက်ရှိမှာ မြန်မာ့ လူဦးရေ (၃.၆) သန်းကျော်ဟာ နေရပ်စွန့်ခွာ နေကြရပြီး၊ (၂၂) သန်းနီးပါးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါတယ်။ OCHA ရဲ့ အစီအရင်ခံစာပါအချက်အလက်များအရ မြန်မာပြည်သူ (၁၆.၂) သန်းဟာ လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင် ဘေးအန္တရာယ်တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် WFPရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်မှာ နိုင်ငံ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးဟာ ဆိုးရွားသော အစာရေစာရှားပါးမှုနဲ့ ရင်ဆိုင်ရမှာလို့ သံအမတ်ကြီးက ကုလသမဂ္ဂရဲ့အချက်အလက်တွေ ကိုးကားပြီး တင်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအခြေအနေဟာ ဆက်လက် ဆိုးရွားလာနေတာကြောင့် နိုင်ငံတကာအသိုက်အဝန်းကို အကြံပြုချက် ၃ ချက်ကိုလည်း သံအမတ်ကြီးက ဆက်လက်တင်ပြပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အာဏာသိမ်းစစ်တပ်က လက်နက်သဖွယ် အသုံးချမှုကို ထိန်းချုပ်တားဆီးဖို့၊ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုနဲ့ ဒေသဆိုင်ရာ အကူအညီပေးမှုများ အားဖြည့်ခိုင်မာအားကောင်းစေဖို့၊ တိုက်ရိုက်နဲ့ လိုက်လျောညီထွေဖြစ်ကာ ကြိုတင်ခန့်မှန်းနိုင်သော ရန်ပုံငွေများ ထောက်ပံ့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
လူ့ပေါင်းများစွာရဲ့ အသက်အိုးအိမ်များကို ရက်ရက်စက်စက် ဖျက်ဆီးနေပြီး လူသားဂုဏ်သိက္ခာကို လေးစားမှုမရှိတဲ့ အကြမ်းဖက် စစ်အာဏာရှင်အုပ်စုဟာ ထိရောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာမှာ မည်သည့်အခါကမျှ ယုံကြည်အားထားနိုင်တဲ့ မိတ်ဖက်တစ်ရပ် မဖြစ်နိုင်ကြောင်း ထင်ရှားစွာ သက်သေပြနေပြီးဖြစ်တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကတဆင့် သတိပေးခဲ့ပါတယ်။

❤39👍3🥰2🤮2💩1
(ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
❤37👍3🥰3🤮2💩1
မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း ဗုံးသီး ၁၀၀ကျော် ကြဲတိုက်ခိုက်
ဇွန် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။
ဒေသခံက ဖော်ပြထားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှု မှတ်တမ်းတွေအရ ဇွန်လ ၁၇ရက်ကနေ ဒီကနေ့ ဇွန်လ ၁၉ရက် ညနေပိုင်းအထိ စစ်တပ်က မင်းတပ်မြို့နယ်ကို အကြိမ်ပေါင်း ၄၀နီးပါး ဗုံးအလုံးရေ ၁၁၀ ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
စစ်တပ်ဟ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေသလို တိုက်ပွဲမရှိတဲ့ မြို့ပေါ်က ပြည်သူလူထု နေအိမ်တွေကိုလည်း တခါတရံ လေကြောင်းဗုံးကြဲဖျက်ဆီးမှု လုပ်ဆောင်ခဲ့ပါတယ်။
မှတ်တမ်းတွေအရ ဒီကနေ့ ဇွန် ၁၉ရက် ညနေပိုင်းမှာ စစ်တပ်က Y12 လေယာဉ်နဲ့ ၁၁ကြိမ် ဗုံး ၂၆ လုံးကြဲချခဲ့သလို မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၈ကြိမ် ဗုံး ၁၆လုံး ကြဲချခဲ့ပါတယ်။
ဇွန်လ ၁၇ရက် ညနေပိုင်းကလည်း တိုက်လေယာဉ်နဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဗုံး ၂လုံး ကြဲချခဲ့သလို အဲဒီနေ့ မနက်ပိုင်းမှာလည်း Y12 လေယာဉ်နဲ့ ဗုံးအလုံးရေအများအပြား ကြဲချခဲ့ပါတယ်။
ဇွန်လ ၁၇ရက် မနက် ၇နာရီကနေ စတင်ပြီး ၁နာရီကျော်အတွင်း စစ်တပ်က မင်းတပ်အရှေ့ခြမ်းကို Y12နဲ့ ၁၇ကြိမ် ဗုံးသီး အလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရဖို့ မေလလယ်က စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲတွေ တောက်လျှောက်ဆိုသလို ပြင်းထန်နေတာပါ။
စစ်ရေးသတင်းတွေကို လိုအပ်မှ အသိပေးမယ်လို့ CPU/CPA ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပြီး စစ်ရေးသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပါဘူး။ ဒါပေမဲ့ စစ်အုပ်စုလက်ထဲ မြို့တွေ ပြန်မရောက်ရေး ကြိုးပမ်းသွးမယ်လို့ CPU/CPAခေါင်းဆောင်အချို့က ပြောကြားထားသလို ပြည်သူတွေအနေနဲ့လည်း ရတဲ့နည်းနဲ့ တော်လှန်ရေးမှာ ပါဝင်ဖို့ နှိုးဆော်ထားပါတယ်။

🤬28❤4👎1👏1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပြင်ဦးလွင်စစ်တက္ကသိုလ်ရှေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီနေ့ ဇွန်လ ၁၉ရက်မှာ ဖော်ဆောင်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "အသက် ၈၁ နှစ်အရွယ် အဘွားအိုကိုတောင် မလွှတ်ရဲတဲ့ စောက်ကြောက်တွေ" ၊ "လူထုခေါင်းဆောင်က အမြဲတမ်း ဒေါ်အောင်ဆန်းစုကြည်" ၊ "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "June 19 Movement" စတဲ့ စာသားတွေနဲ့ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့နဲ့ အထင်ကရနေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ဒေါက်တာတေဇာစန်းကလည်း "ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်လို့ စဉ်းစား ဆုံးဖြတ် ခိုင်မာသွားတဲ့ လူထုရဲ့အားကို ဘယ်အရာကမျှ တားဆီးလို့ မရနိုင်တော့ချေ။ ငုံ့မခံနဲ့ တုံ့ပြန်ကြ" လို့ ချီးကျူးဂုဏ်ပြုကာ မျှဝေခဲ့ပါတယ်။
◾️NUG ၊ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုတွေ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီနေ့ ဇွန်လ ၁၉ရက်မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။ NUGထိန်းချုပ်နယ်မြေ တနေရာမှာ လူထုခေါင်းဆောင်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ တန့်ဆည်မြို့နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြုလုပ်ခဲ့ပါတယ်။ Special Operation Group မှ PDF ရဲဘော်တွေကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီး မွေးနေ့ရှင်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!၊ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်! စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။ ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)မှ ရဲဘော် ရဲမေတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရွှေဘိုခရိုင်အမှတ် (၁၇)တပ်ရင်းနဲ့ ခင်ဦးမြို့နယ်မပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းသပိတ်ပြုလုပ်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ မွေးနေ့ဆုတောင်းခြင်း၊ ပူဖောင်းများ လွှတ်တင်ခြင်းနဲ့ ကျွန်းပင် (၁,၂၀၀) စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီနီလှုပ်ရှားမှု proof of life အစီအစဉ်တွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။
◾️လိုင်ဇာမှာဖွင့်ထားတဲ့ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပ
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။ ဒီနေ့ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ကို နိုင်ငံတဝန်း ဒေသ အသီးသီးမှာ ပြည်သူတွေက ပုံစံမျိုးစုံနဲ့ မွေးနေ့ လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ခင်ဦးနဲ့ ကျွန်းလှ မြို့နယ်တွေမှာလည်း မွေးနေ့အထိမ်းအမှတ် သစ်ပင်တွေ စိုက်ပျိုးခဲ့တယ်လို့ အသိပေးထားပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး စစ်အုပ်စုကို နည်းမျိုးစုံဖိအားပေးဖို့ NUG နဲ့ CRPH တိုက်တွန်း

❤18🔥1🤣1
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး အမြန်အကောင်အထည်ပေါ်လာစေဖို့ စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁နှစ်မြောက် မွေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စရပ် သုံးရပ်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြ အသိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ သုံးချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး။ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများအား အမြန်ဆုံး ရပ်တန့်ရေး၊ မျိုးဆက်သစ်လူငယ်များအား အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များအား အမြန်ဆုံး ရပ်တန့်ရေး စတဲ့ စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ နိုင်ငံရေးသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသည်အထိ တော်လှန်ရေးအင်အားစုအားလုံးနဲ့ လက်တွဲတိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စစ်တပ်သံရုံးကို နှင်းဆီပန်းသွားပေးသူ ထိုင်းရဲတပ်ဖွဲ့ ပြန်လွှတ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ဘန်ကောက်မြို့က စစ်တပ်သံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ ဇွန်လ ၁၉ရက် မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အာဏာသိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။ ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့က နှင်းဆီပန်းပေးရတဲ့အကြောင်းအရင်းကို မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုခိုင်ကြီးက ပြောပါတယ်။ ခေါ်ယူမေးမြန်းခံရတဲ့ ကိုနေရှိုင်းကလည်း ရဲစခန်းကနေ ပြန်လာပြီလို့ အသိပေးထားပြီး သူက ရဲစခန်းတခုလုံးကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ နှင်းဆီပန်းတွေ ဝေပေးခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
◾️81ကုမ္ပဏီကပေးတဲ့ အားကစားဝတ်စုံနဲ့ အပြေးသမားကို စစ်အုပ်စု ရိုက်နှက်ဖမ်းဆီး
မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီနေ့ ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့်မွေးနေ့မှာ တိုက်ဆိုင်စွာ မန္တလေးမြို့တနေရာမှာ 81 Electronic ကုမ္ပဏီကနေ ပေးထားတဲ့ အားကစားဝတ်စုံနဲ့ ပြေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 81 Electronic ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က မန္တလေးမြို့မှာ အပြေးပြိုင်ပွဲကြီးတစ်ခု ပြုလုပ်ခဲ့ပြီး 81 logo အင်္ကျီတွေကို ထုတ်ပြီး ဖြန့်ဝေ အရောင်းမြှင့် ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁နှစ်ပြည့် မွေးနေ့ကို ပြည်သူလူထုက ဆုတောင်းပေးနေကြပြီး အာဏာသိမ်းစစ်အုပ်စုက မွေးနေ့ဆုတောင်းလှုပ်ရှားမှုမှာ မပါဝင်ဖို့ ဆက်တိုက် ခြိမ်းခြောက်နေတာပါ။
◾️စနဲမြို့ဆီ ထိုးစစ်ဆင်တဲ့ စစ်တပ်စစ်ကြောင်း နောက်ပြန်ဆုတ်ရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်ရှိ အ၀တောင်ကျေးရွာအနားမှာ ခြေကုပ်ယူထားတဲ့ စစ်တပ်ဟာ ရှေ့တိုးလာခဲ့ပေမယ့် ဒီရက်ပိုင်းတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများတာကြောင့် ထပ်မံနောက်ဆုတ်ခဲ့ရတာလို့ သိရပါတယ်။ AA က ဒရော့ဗုံးချတိုက်ခိုက်လို့ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုများနေပြီး အတိအကျမသိရပေမယ့် ၃၀-၄၀ တော့ သေချာတယ်လို့ AAနဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်က ရှေ့တိုးဖို့ ကြိုးစားပေမယ့် တိုးမရတော့ သူ့နေရာသူ နောက်ပြန်ဆုတ်သွားတယ်လို့ သူက ဆိုပါတယ်။
◾️မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း ဗုံးသီး ၁၀၀ကျော် ကြဲတိုက်ခိုက်

👍12❤2🔥1🤣1