People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိုးထဲရေထဲက လူထုခေါင်းဆောင်အတွက် ဖားကန့်မှာလုပ်တဲ့မွေးနေ့ပွဲ

ဇွန်-၁၉၊၂၀၂၆။သတိုး/People's Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်
ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက
"အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်း
မာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်
တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးတောင်း
ဆိုခဲ့ကြတာပါ။

ဒီနေ့(ဇွန်၁၉) မနက် ဖားကန့်မြို့ မှာ မိုးရွာနေတာ​ကြောင့် မိုး​ရေ​တွေကြားကပဲ ဒီလှုပ်ရှားမှုမှာပါဝင်သူ‌တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်ခွဲတဲ့အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက နှင်း
ဆီလှုပ်ရှားမှု ပြုလုပ်ဖို့ တိုက်တွန်းထားတာကြောင့် ဒီနေ့လှုပ်ရှားမှုမှာပါဝင်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ဖားကန့်​မှော်လှည့်သပိတ် စစ်​ကြောင်းကဦး​ဆောင်ပြသခဲ့တာဖြစ်ပြီး ပြည်သူ ဆယ်နဲ့ချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
🥰24👍74👏1🤮1🤣1
ဓါတ်ပုံ-ဖားကန့်​မှော်လှည်သပိတ်စစ်​ကြောင်း
🥰365👍5👏1🤮1💩1
ဒေါ်အောင်ဆန်းစုကြည့်​မွေး​နေ့ ဘန်ကောက်ကစစ်တပ်သံရုံးနှင်းဆီပန်းသွားပေးသူပြန်လွတ်

■ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

ဇွန်-၁၉၊ ၂၀၂၆/ဒီဒီးPeople's Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်တပ်သံရုံးကို နှင်းဆီပန်း၈၁ပွင့်သွား
ရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉)မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့ကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က အာဏာ
သိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း၈၁ ပွင့်သွားပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လာရောက်ဖမ်း
ဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာ
မိတ်က ဦးခိုင်ကြီးက ပြောပါတယ်။ ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့က နှင်းဆီပန်းပေးရတဲ့အကြောင်းအရင်းကို မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုခိုင်ကြီးက ပြောပါတယ်။

"တာဝန်ရှိသူတွေက ဆူးနှင်းဆီ ဝေရတဲ့ မူရင်းဦးတည်ချက်တွေမေးပြီး အားလုံးက ကိုယ်ချင်းစာနာစိတ်တွေရှိကြတယ်။ စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်ပါပြီ"လို့ ဦးခိုင်ကြီးက ပြောပါတယ်။

"ကျနော် ရဲစခန်းကနေ ပြန်လာပါပြီ။ (ခေါ်စစ်ဆေးတာပါ )Amazoneကော်ဖီလည်း ကျနော့ကို ဝယ်တိုက်လိုက်တယ်။ ရဲစခန်းတခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်း
ဆီပန်းတွေ ဝေပေးခဲ့တယ်။ အမေစုပုံပါ ကျနော်ဝတ်တဲ့ အကျီမှာ လက်မှတ်တွေလည်း အမှတ်တရ ထိုးခိုင်းလိုက်တယ်။ ဥပဒေစိုးမိုးတဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေတိုင်း စီစစ်မေးမြန်းကြသောထိုင်းအရာရှိများ အားလုံးကို ကျေးဇူး
တင်ပါတယ်"လို့ ခေါ်ယူမေးမြန်းခံရတဲ့ ကိုနေရှိုင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကိုနေရှိုင်းဟာဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်ဇွန်လ ၁၈ရက်ကလည်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကအာဏာ
သိမ်းမြန်မာစစ်တပ်ရဲ့စစ်သံရုံးကို နှင်းဆီပန်းသွားပေးခဲ့သေးပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းနေရာအနှံ့အပြားမှာ "နှင်းဆီလှုပ်ရှားမှု" (ပန်းသပိတ်) နဲ့ ဆန္ဒပြမှုတွေကို ပုံစုံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင်ရန်ကုန်မြို့ နိုင်ငံတကာသံရုံးတွေကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းဆိုတာတွေလုပ်နေကြပါတယ်။
👏3014👍5🥰2🤮2🔥1🤣1
ထိုင်းရဲစခန်းမှာ တက်ကြွလှုပ်ရှားသူ ကိုနေ
ရှိုင်းနဲ့ အဖွဲ့ကို​တွေ့ရစဥ်
🥰31👍65👏2🤮1💩1
ဖားကန့်ဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ

ဇွန်-၁၉၊၂၀၂၆ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်တာဖြစ်ပြီး ဆိုင်းတောင်ကကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာနေထိုင်သူ ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

" မသာတွေက ဗျူဟာကုန်းကနေ လက်သရမ်းပြီး ပစ်နေတာ။ မိမဆုံးမ၊ ဖမဆုံးမတွေ"လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။

ဖားကန့်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကျောက်စိမ်းတွင်း‌ တူးဖော်ခွင့်တွေ၊ ဓားပြတိုက်လူသတ်တာတွေကို ခွင့်ပြုပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ SNA၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီရှိနေပြီး ၎င်းတို့တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။  ယခုရက်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက  အရပ်သားနေထိုင်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။

" SNA နဲ့ ပြည်သူ့စစ်တွေက စစ်တပ်နဲ့ပေါင်းပြီး တရားလွန်ကျူးလွန်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့စစ်ကြောင်းလှုပ်ရှားရာနေရာတစ်လျှောက်မှာ ဓားပြတိုက်လုယက်တာတွေလည်းကျူးလွန်နေလို့ ဖားကန့်ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဇွန်လ ၁၆ရက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ ဓားပြအဖွဲ့ကို KIA၊KPDFက ဖမ်းဆီးခဲ့ပေမယ့် ဓားပြတိုက်မှုတွေဆက်ဖြစ်နေပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ၁၇ရက်က လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်မှာ အမျိုးသမီး ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။ 

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး၊  ရှော့တိုက်ဒုံး တွေအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ယမန်နေ့ ဇွန်လ ၁၈ရက် ညပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသေးစိတ်ကိုမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်က တိုက်ပွဲတွေမှာဆိုရင် စစ်တပ်ဟာ အရပ်သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။
👍14🤬106👎2👏1
(စစ်တပ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬30🤮5👎2🔥1👏1
ပြင်ဦးလွင်စစ်တက္ကသိုလ်ရှေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်

ဇွန်-၁၉၊၂၀၂၆။သုည/People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "အသက် ၈၁ နှစ်အရွယ် အဘွားအိုကိုတောင် မလွှတ်ရဲတဲ့ စောက်ကြောက်တွေ" ၊ "လူထုခေါင်းဆောင်က အမြဲတမ်း ဒေါ်အောင်ဆန်းစုကြည်" ၊ "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "June 19 Movement" စတဲ့ စာသားတွေနဲ့ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့နဲ့ အထင်ကရနေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒေါက်တာတေဇာစန်းကလည်း "ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်လို့ စဉ်းစား ဆုံးဖြတ် ခိုင်မာသွားတဲ့ လူထုရဲ့အားကို ဘယ်အရာကမျှ တားဆီးလို့ မရနိုင်တော့ချေ။ ငုံ့မခံနဲ့ တုံ့ပြန်ကြ" လို့ ချီးကျူးဂုဏ်ပြုကာ မျှဝေခဲ့ပါတယ်။
35👍5🥰3🔥1👏1🤣1
ဓာတ်ပုံ - GSCB
👍2711🤮4🥰3👏1💩1
NUG ၊ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုတွေ

ဇွန်-၁၉၊၂၀၂၆။သုည/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

NUGထိန်းချုပ်နယ်မြေ တနေရာမှာ လူထုခေါင်းဆောင်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ​၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မွေးနေ့အမှတ်တရ စကားပြောကြားခြင်း၊ မွေးနေ့အမှတ်တရ ကိတ်မုန့်ခွဲခြင်း၊ Rose Movement Campaign ပြုလုပ်ခြင်းနဲ့အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်း တို့ကို လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် (BLPA) က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ခွဲခြင်းနဲ့ နှင်းဆီနီသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင်နဲ့တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသား အားလုံး လွတ်မြောက်စေဖို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Justice Soldier တပ်ဖွဲ့မှ ရဲဘော်၊ ရဲမေတွေကလည်း နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေး တောင်းဆိုခဲ့ကြပါတယ်။

တန့်​​ဆည်မြို့နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြုလုပ်ခဲ့ပါတယ်။

တန့်ဆည်မြို့နယ်ရှိ နယ်မြေ နေရာ ၅ နေရာမှာ မိုးပျံလေပူပေါင်း လွှတ်တင်ခြင်း၊ နှင်ဆီနီ ဝေငှခြင်း၊ စတေကာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်များစိုက်ပျိုးခြင်းနဲ့ ဟောပြောပွဲ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါအပြင် Special Operation Group မှ PDF ရဲဘော်တွေကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီး မွေးနေ့ရှင်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!၊ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်! စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)မှ ရဲဘော် ရဲမေတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ရွှေဘိုခရိုင်အမှတ် (၁၇)တပ်ရင်းနဲ့ ခင်ဦးမြို့နယ်မပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းသပိတ်ပြုလုပ်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ မွေးနေ့ဆုတောင်းခြင်း၊ ပူဖောင်းများ လွှတ်တင်ခြင်းနဲ့ ကျွန်းပင် (၁,၂၀၀) စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

"အမေစု" ကျန်းမာပါစေ၊ "အမေစု" အသက်ရာကျော် ရှည်ပါစေ၊ "အမေစု" မတရားဖမ်းဆီး အချုပ်အနှောင်ဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေ လို့ ဆုတောင်းခဲ့ကြပြီး "အမေစုနှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး" (ချက်ချင်းလွှတ်၊ ချက်ချင်း လွှတ်)၊ "အရေးတော်ပုံ" အောင်ရမည် အောင်ကိုအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေလည်း ဟစ်ကြွေးခဲ့ပါတယ်။

မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီနီလှုပ်ရှားမှု proof of life အစီအစဉ်တွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။
33👍4🥰2👏1🤮1🤣1
ဓာတ်ပုံ - အရာတော်မြို့နယ်၊ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ Ministry of Foreign Affairs NUG
39🥰2🤮2🤣2👍1👎1