People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
46👍10🥰3👏2🔥1🤣1
တံတားဦးမြို့မှာ စစ်တပ်က လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေ ဖျက်ခိုင်းထား

ဇွန်၁၉၊၂၀၂၆၊ကတ်သရင်း၊People's Spring

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး- ပြည်-ရန်ကုန်လမ်း နယ်နိမိတ်မှာပါဝင်တယ်ဆိုပြီး လမ်းလယ်ကနေ ဘေးနှစ်ဖက် ၇၅ပေစီ ဖျက်သိမ်းရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖျက်သိမ်းတဲ့အထဲပါတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေဟာ တံတားဦးမြို့အဝင် BOC ဆီဆိုင်ကနေ မြို့လယ်ခေါင်မီးပွိုင့်အထိ ဖြစ်တယ်လို့ သိရပါတယ်။

"အိမ်ခြေက တော့များတယ်။လမ်းက ပေ ၁၅၀ရှိတယ်လို့ ပြောတယ်။Highway လမ်းမကြီးထဲပါတာတဲ့။မြို့လယ်က အတန်းလိုက်ကြီး ဖျက်ရမှာ။အခုထိတော့ အိမ်တွေက မဖျက်သေးဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လမ်းဦးစီးဌာနကတော့ မေလ၂၅ရက် နေ့ရက်စွဲနဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်း တွေကို ၃၀ ရက်နောက်ဆုံးထားဖျက်ခိုင်းထားပြီး မဖျက်ရင်လမ်းမကြီးဥပဒေနဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလမ်းဟာ တံတားဦးကနေ မြို့သာ- မြင်းခြံလမ်းပိုင်းလည်းဖြစ်ပြီး နွားထိုးကြီး၊ငါန်းဇွန် ၊မြင်းခြံလမ်းပိုင်းအတွက် စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။
🤬20🔥8👎32🤮2👏1
👎19🔥7🤮2👏1
ရခိုင်မှာ ပုဂ္ဂလိက Starlink အင်တာနက်အရောင်းဆိုင်တွေ ဖွင့်ခွင့် ပေးတော့မယ်
ဇွန်-၁၉၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပုဂ္ဂလိက အင်တာနက်ဆိုင်ဖွင့်လိုသူတွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို သတ်မှတ်အခွန်နှုန်းထား တွေအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အမြတ်ငွေထဲက ၃၀ရာခိုင်နှုန်းကို အစိုးရထံ ထပ်မံပေးသွင်းရမယ်လို့ ဆိုပါ တယ်။
" အရင်ကတော့ အင်တာနက်ဆိုင်တွေကို အစိုးရ၊ နည်းပညာဌာနကပဲ ဖွင့်ပြီး ဝန်ဆောင်မှုပေးခဲ့တယ်။ ပုဂ္ဂလိက Starlink ဝယ်တဲ့သူတွေဆိုရင်လည်း စီးပွားဖြစ် ပြန်ရောင်းလို့မရဘူး။ ကိုယ့်လုပ်ငန်းအတွက်ပဲ တကိုယ်စာအသုံးပြု ရတာ။ အခုက ဘယ်သူမဆို အကျိုးတူလုပ်မယ်ဆိုရင် စီးပွားဖြစ်လုပ်ဖို့ ခွင့်ပြုပေးနေတာ” လို့ AA လက်အောက်ခံ နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဲဒီလို အစိုးရနဲ့ အကျိုးတူအင်တာနက်ဆိုင်ဖွင့်လိုသူတွေဟာ အစိုးရကို သတ်မှတ်ထားတဲ့ လိုင်စင်ကြေး၊ လစဉ်အ ခွန်တွေ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီအခွန်ငွေတွေဖယ်ကာ ရလာတဲ့အမြတ်ငွေတွေကို အစိုးရနဲ့ အင်တာနက်ဆိုင်ဖွင့် သူတို့ ၇၀ ၊ ၃၀ ရခိုင်နှုန်းကျစီ အချိုးကျခွဲဝေရမှာဖြစ်ပါတယ်။
အခကြေးငွေယူပြီး အများပြည်သူကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း တရားဝင်ခွင့်ပြုပေးတာဟာ ပြည်သူ တွေ စျေးသက်သက်သာသာနဲ့ အင်တာနက် သုံးနိုင်ဖို့၊ လူတိုင်းအင်တာနက်လက်လှမ်းမီ သုံးစွဲခွင့်ရဖို့နဲ့ စီးပွား ရေးလုပ် ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ နည်းပညာဌာနက ထုတ်ပြောထားပါတယ်။
အဲဒီလို ပုဂ္ဂလိကအင်တာနက်ဆိုင်ဖွင့်ဖို့ ခွင့်ပြုပေးထားတာကြောင့် ပြည်သူတိုင်းနီးပါး အင်တာနက်အသုံးပြုခွင့် ရလာစေမှာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ မင်းပြားမြို့နယ်မှ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
“နည်းပညာက အင်တာနက်ဆိုင်တွေကို သွားပြီး လိုင်း တခါသုံးဖို့ဆိုရင် စရိတ်က မလွယ်ဘူး။ နယ်ဝေးကဆို တ သိန်းလောက်ထိ ကုန်တယ်။ အင်တာနက် တခါသုံးရဖို့အရေး မလွယ်ဘူး။ အခုလို ခွင့်ပြုလိုက်ရင် နေရာတိုင်းမှာ အင်တာနက် လက်လှမ်းမီသွားမယ်။ ဒါက ကောင်းပါတယ်။ ဒါပေမယ့် အခွန်အခတွေကိုတော့ နည်းနည်းလျော့ပေ့ါ ပေးစေချင်တယ်” လို့ ၎င်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်က ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက အာဏာသိမ်းစစ်တပ် ရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် ဆက်သွယ်ရေးအခက်ကြုံခဲ့ကြရတာဖြစ်ပြီး နောက်ပိုင်းမှာ ဂြိုလ်တုအင်တာနက်ဖြစ်တဲ့ Starlink တွေ အသုံးပြုလာခဲ့ကြတာပါ။
အစောပိုင်းမှာ အဲဒီ Starlink အင်တာနက်ကို AA လက်အောက်ခံ ဌာနဆိုင်ရာတွေမှာပဲ အသုံးပြုကြပြီး လက် အောက်ခံဝန်ထမ်းမဟုတ်တဲ့ အရပ်သားပြည်သူတွေပါ အင်တာနက်အသုံးပြုနိုင်ရေးအတွက် အင်တာနက်ဆိုင်အ ချို့ ဖွင့်လှစ်၊ ဝန်ဆောင်မှုပေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ တစ်ဦးချင်းစီက ကိုယ်တိုင် Starlink ဝယ်ယူတာတွေ များလာတာကြောင့် အဲဒီလို ကိုယ်ပိုင်ဝယ်ယူထားသူတွေကို လိုင်စင်ကြေးနဲ့ လစဉ်အခွန်ကောက်ခံကာ အသုံးပြုခွင့်ပေးလာခဲ့တာဖြစ်ပါတယ်။
အရင်က Starlink အင်တာနက်အသုံးပြုလိုသူတွေအတွက် ငှားရမ်းသုံးစွဲခွင့်၊ အပ်နှံငှားရမ်းသုံးစွဲခွင့်နဲ့ အိမ်ကို ကြိုး သွယ်သုံးစွဲခွင့်ဆိုပြီး အမျိုးအစားသုံးခုရှိခဲ့ပြီး အခုအခါ အင်တာနက်ကို အခကြေးငွေယူပြီး တဆင့်ပြန်ရောင်းတဲ့ အင်တာဆိုင်ဖွင့်ခွင့်ဆိုတဲ့ အမျိုးအစားသစ်တခုကိုပါ ထပ်တိုးခွင့်ပြုလာတာဖြစ်ပါတယ်။
“စပြီးခွင့်ပြုပေးနေပြီ” လို့ နောက်ထပ် နည်းပညာဌာန ဝန်ထမ်းတဦးက ဆိုပါတယ်။
နည်းပညာဌာနကနေ Starlink ငှားရမ်းအသုံးပြုလိုသူတွေဟာ တနှစ်အတွက် ငှားရမ်းခကျပ်သိန်း ၅၀၊ ပထမတ နှစ်စာလိုင်စင်ခ ကျပ်သိန်း ၂၀၊ ဘေဆောင်ခအပါအဝင် လစဉ်အခွန်ငွေ ကျပ် ၆ သိန်း ပေးရမှာဖြစ်ပါတယ်။
ကိုယ်ပိုင် Starlink ဝယ်ယူပြီး ကိုယ်တိုင်ဘေဆောင်မယ့်သူတွေအတွက်ကတော့ ငှားရမ်းခ ပေးစရာမလိုတော့ဘဲ တနှစ်စာ လိုင်စင်ခ ကျပ်သိန်း ၂၀နဲ့ အခွန်ငွေ ၃လကို ကျပ် ၁၀သိန်းစီး ပေးသွင်းရမှာဖြစ်ကာ အိမ်ကိုကြိုးသွယ် အသုံးပြုလိုသူတွေကတော့ တပ်ဆင်ကြေး ကျပ် ၅ သိန်း၊ စရံကြေး ကျပ် ၅ သိန်းနဲ့ လစဉ်ကြေးကတော့ Plan အလိုက်ပေးကြရမှာဖြစ်ပါတယ်။
27👍13🔥1🤣1
(ရခိုင်ပြည်နယ်မှာ AAနဲ့ အကျိူးတူဖွင့်ထားတဲ့ ပုဂ္ဂလိက အင်တာနက် အရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - APM)
29👍11🔥1👌1🤣1
မိုးထဲရေထဲက လူထုခေါင်းဆောင်အတွက် ဖားကန့်မှာလုပ်တဲ့မွေးနေ့ပွဲ

ဇွန်-၁၉၊၂၀၂၆။သတိုး/People's Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်
ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက
"အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်း
မာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်
တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးတောင်း
ဆိုခဲ့ကြတာပါ။

ဒီနေ့(ဇွန်၁၉) မနက် ဖားကန့်မြို့ မှာ မိုးရွာနေတာ​ကြောင့် မိုး​ရေ​တွေကြားကပဲ ဒီလှုပ်ရှားမှုမှာပါဝင်သူ‌တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်ခွဲတဲ့အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက နှင်း
ဆီလှုပ်ရှားမှု ပြုလုပ်ဖို့ တိုက်တွန်းထားတာကြောင့် ဒီနေ့လှုပ်ရှားမှုမှာပါဝင်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ဖားကန့်​မှော်လှည့်သပိတ် စစ်​ကြောင်းကဦး​ဆောင်ပြသခဲ့တာဖြစ်ပြီး ပြည်သူ ဆယ်နဲ့ချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
🥰24👍74👏1🤮1🤣1
ဓါတ်ပုံ-ဖားကန့်​မှော်လှည်သပိတ်စစ်​ကြောင်း
🥰365👍5👏1🤮1💩1
ဒေါ်အောင်ဆန်းစုကြည့်​မွေး​နေ့ ဘန်ကောက်ကစစ်တပ်သံရုံးနှင်းဆီပန်းသွားပေးသူပြန်လွတ်

■ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

ဇွန်-၁၉၊ ၂၀၂၆/ဒီဒီးPeople's Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်တပ်သံရုံးကို နှင်းဆီပန်း၈၁ပွင့်သွား
ရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉)မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့ကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က အာဏာ
သိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း၈၁ ပွင့်သွားပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လာရောက်ဖမ်း
ဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာ
မိတ်က ဦးခိုင်ကြီးက ပြောပါတယ်။ ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့က နှင်းဆီပန်းပေးရတဲ့အကြောင်းအရင်းကို မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုခိုင်ကြီးက ပြောပါတယ်။

"တာဝန်ရှိသူတွေက ဆူးနှင်းဆီ ဝေရတဲ့ မူရင်းဦးတည်ချက်တွေမေးပြီး အားလုံးက ကိုယ်ချင်းစာနာစိတ်တွေရှိကြတယ်။ စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်ပါပြီ"လို့ ဦးခိုင်ကြီးက ပြောပါတယ်။

"ကျနော် ရဲစခန်းကနေ ပြန်လာပါပြီ။ (ခေါ်စစ်ဆေးတာပါ )Amazoneကော်ဖီလည်း ကျနော့ကို ဝယ်တိုက်လိုက်တယ်။ ရဲစခန်းတခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်း
ဆီပန်းတွေ ဝေပေးခဲ့တယ်။ အမေစုပုံပါ ကျနော်ဝတ်တဲ့ အကျီမှာ လက်မှတ်တွေလည်း အမှတ်တရ ထိုးခိုင်းလိုက်တယ်။ ဥပဒေစိုးမိုးတဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေတိုင်း စီစစ်မေးမြန်းကြသောထိုင်းအရာရှိများ အားလုံးကို ကျေးဇူး
တင်ပါတယ်"လို့ ခေါ်ယူမေးမြန်းခံရတဲ့ ကိုနေရှိုင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကိုနေရှိုင်းဟာဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်ဇွန်လ ၁၈ရက်ကလည်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကအာဏာ
သိမ်းမြန်မာစစ်တပ်ရဲ့စစ်သံရုံးကို နှင်းဆီပန်းသွားပေးခဲ့သေးပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းနေရာအနှံ့အပြားမှာ "နှင်းဆီလှုပ်ရှားမှု" (ပန်းသပိတ်) နဲ့ ဆန္ဒပြမှုတွေကို ပုံစုံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင်ရန်ကုန်မြို့ နိုင်ငံတကာသံရုံးတွေကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းဆိုတာတွေလုပ်နေကြပါတယ်။
👏3014👍5🥰2🤮2🔥1🤣1
ထိုင်းရဲစခန်းမှာ တက်ကြွလှုပ်ရှားသူ ကိုနေ
ရှိုင်းနဲ့ အဖွဲ့ကို​တွေ့ရစဥ်
🥰31👍65👏2🤮1💩1
ဖားကန့်ဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ

ဇွန်-၁၉၊၂၀၂၆ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်တာဖြစ်ပြီး ဆိုင်းတောင်ကကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာနေထိုင်သူ ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

" မသာတွေက ဗျူဟာကုန်းကနေ လက်သရမ်းပြီး ပစ်နေတာ။ မိမဆုံးမ၊ ဖမဆုံးမတွေ"လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။

ဖားကန့်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကျောက်စိမ်းတွင်း‌ တူးဖော်ခွင့်တွေ၊ ဓားပြတိုက်လူသတ်တာတွေကို ခွင့်ပြုပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ SNA၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီရှိနေပြီး ၎င်းတို့တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။  ယခုရက်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက  အရပ်သားနေထိုင်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။

" SNA နဲ့ ပြည်သူ့စစ်တွေက စစ်တပ်နဲ့ပေါင်းပြီး တရားလွန်ကျူးလွန်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့စစ်ကြောင်းလှုပ်ရှားရာနေရာတစ်လျှောက်မှာ ဓားပြတိုက်လုယက်တာတွေလည်းကျူးလွန်နေလို့ ဖားကန့်ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဇွန်လ ၁၆ရက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ ဓားပြအဖွဲ့ကို KIA၊KPDFက ဖမ်းဆီးခဲ့ပေမယ့် ဓားပြတိုက်မှုတွေဆက်ဖြစ်နေပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ၁၇ရက်က လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်မှာ အမျိုးသမီး ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။ 

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး၊  ရှော့တိုက်ဒုံး တွေအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ယမန်နေ့ ဇွန်လ ၁၈ရက် ညပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသေးစိတ်ကိုမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်က တိုက်ပွဲတွေမှာဆိုရင် စစ်တပ်ဟာ အရပ်သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။
👍14🤬106👎2👏1
(စစ်တပ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬30🤮5👎2🔥1👏1
ပြင်ဦးလွင်စစ်တက္ကသိုလ်ရှေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်

ဇွန်-၁၉၊၂၀၂၆။သုည/People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "အသက် ၈၁ နှစ်အရွယ် အဘွားအိုကိုတောင် မလွှတ်ရဲတဲ့ စောက်ကြောက်တွေ" ၊ "လူထုခေါင်းဆောင်က အမြဲတမ်း ဒေါ်အောင်ဆန်းစုကြည်" ၊ "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "June 19 Movement" စတဲ့ စာသားတွေနဲ့ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့နဲ့ အထင်ကရနေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒေါက်တာတေဇာစန်းကလည်း "ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်လို့ စဉ်းစား ဆုံးဖြတ် ခိုင်မာသွားတဲ့ လူထုရဲ့အားကို ဘယ်အရာကမျှ တားဆီးလို့ မရနိုင်တော့ချေ။ ငုံ့မခံနဲ့ တုံ့ပြန်ကြ" လို့ ချီးကျူးဂုဏ်ပြုကာ မျှဝေခဲ့ပါတယ်။
35👍5🥰3🔥1👏1🤣1
ဓာတ်ပုံ - GSCB
👍2711🤮4🥰3👏1💩1