People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
51🥰3👍2👏1🤮1💩1
နတ်တလင်းမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံး

ဇွန်-၁၉၊ ၂၀၂၆/ဒလပန်း၊People's Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၆ ရက် မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းနဲ့ မျှော်တော်တောင်ဘုရားကုန်းပေါ်ကနေ ကင်းပတ်ထွက်လာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို သာယာဝတီခရိုင် တပ်ရင်း(၁)က တပ်ဖွဲ့ဝင်တွေက အောင်ရတနာဈေးတန်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

နာရီဝက်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီနောက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ အောင်ရတနာအုပ်စု၊ ညောင်လှကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာပြီး ညောင်လှကျေးရွာ စာသင်ကျောင်း အရောက်မှာ သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ရင်းရုံးတိုက်ခိုက်ရေးရဲဘော်တွေနဲ့ တပ်ခွဲ(၂)ရဲဘော်တွေက ထပ်မံဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်ကူအမြောက်အများ ရောက်ရှိလာတာကြောင့် ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပြန်လည် ဆုတ်ခွာ မသွားဘဲ အင်အား အလုံးအရင်းနဲ့ ညောင်လှကျေးရွာနားမှာ ဖြန့်ကျက်ထားပါတယ်“လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တာဝန်ရှိသူက စစ်တပ်ရဲ့လက်ရှိအခြေအနေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ညောင်လှကျေးရွာက ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့ရတဲ့ ပြည်သူ ၃ ဦးမှာ တောင်ညိုကွက်သစ် ညောင်လှ ၅လမ်းက အသက် ၆၀နှစ်အရွယ် ဦးအေး၊ ညောင်လှ ၈လမ်းက အသက် ၇၅နှစ်အရွယ် ဦးစိုးကြီးနဲ့ ညောင်လှ ၈လမ်းကပဲ အသက် ၅၈နှစ်အရွယ် ဒေါ်မထွေးတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ညောင်လှ ၈လမ်းက အသက် ၅၂နှစ်အရွယ် ဒေါ်မြနဲ့ အသက် ၈ နှစ်အရွယ် မစုစုစမ်းတို့ သားအမိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရန်သူ၊ ပြည်သူ မခွဲခြားဘဲ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ပွါးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရှိရာ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က အခါခွင့်သင့်သလို ဝင်ရောက်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွါးရာနေရာနဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ရှိရာနေရာ၊ နီးစပ်ရာနေရာတွေမှာ နေထိုင်ခြင်းမပြုဘဲ ရှောင်တိမ်းနေထိုင်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း(၁)က အသိပေးထုတ်ပြန်ထားပါတယ်။
👍29🥰43🤣3👎1👏1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ - သာယာဝတီခရိုင်တပ်ရင်း(၁)
🥰32👏84🤣3💩1
81ကုမ္ပဏီက​ပေးတဲ့ အားကစားဝတ်စုံနဲ့ ပြေးတဲ့အမျိုးသားတစ်ဦးကိုစစ်အုပ်စုရိုက်နှက်ဖမ်းဆီး

ဇွန်-၁၉၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုး
သားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉ ရက်)မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့်မွေးနေ့ မှာ တိုက်ဆိုင်စွာ
မန္တလေးမြို့တနေရာမှာ 81 Electronic ကုမ္ပဏီကနေ ပေးထားတဲ့ အားကစားဝတ်စုံနဲ့ ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်လို့မြို့ခံတွေက ပြောပါတယ်။

81 Electronic ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ၇ ရက်နေ့က မန္တလေးမြို့မှာ အပြေး ပြိုင်ပွဲကြီးတခု ပြုလုပ်ခဲ့ပြီး 81 logo အင်္ကျီ​တွေကို ထုတ်ပြီး ဖြန့်​ဝေ အ​ရောင်းမြှင့် ​ကြော်ညာခဲ့တာလို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၁နှစ်ပြည့် မွေးနေ့ကို ပြည်သူလူထုက ဆုတောင်း ပေး နေပြီး စစ်အုပ်စုကလည်း မွေးနေ့ဆု တောင်းလှုပ်ရှားမှုမှာ မပါဝင်ဖို့ ဆက်တိုက် ခြိမ်းခြောက်နေတာပါ။

အဲဒီနောက်စစ်အုပ်စုကဒီအင်္ကျီနဲ့ ပတ်သက်ပြီး စစ်ဆေး မှုတွေ ရှိနေ‌‌တာ ကြောင့် 81 စာပါတဲ့ အပြေးပြိုင်ပွဲစီစဉ်သူတချို့လည်း ဖြေရှင်းမှုတွေလုပ် နေရတယ်လို့ စုံစမ်းသိရပါတယ်။ ၈၁ လျှပ်စစ်ပစ္စည်းကုမ္ပဏီဟာ မန္တ​လေးမြို့ ၈၁ လမ်းမှာစဖွင့်ခဲ့တာဖြစ်တယ်လို့
​ဒေသခံအချို့က​ပြောပါတယ်။

လူထုခေါင်း ဆောင်ရဲ့ မွေးနေ့ပွဲကို ပြည်သူ
လူထုပါဝင်မှာစိုးရိမ်ပြီး မနေ့ကတည်းက မန္တလေးမြို့မှာ စစ်အုပ်စုက လမ်းတပြစီတိုင်း လုံခြုံရေး တွေချထားတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မနေ့ကပဲ မန္တလေးမြို့က ပန်းသည်တချို့ကို နှင်းဆီပန်းမရောင်းဖို့ စစ်အုပ်စုက လိုက်လံခြိမ်း​ခြောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
😁25😡17🤬84👎1👏1🤮1
ဇွန်လ၇ ရက်ကလုပ်ခဲ့တဲ့ 81 Electronicရဲ့ အပြေးပြိုင်ပွဲမှာအားကစားသမားအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-81 Page
👍29🤬5🔥42🥰1🤣1
လိုင်ဇာမှာဖွင့်ထားတဲ့ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပ
▪️ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး
ဇွန်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။
“ အမေစုမွေးနေ့မှာ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်(SMS) ကလည်း တတပ်တအား သတိတရ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဘယ်တော့မှ မမေ့ဘူး။ အမေစု ကျန်းမာပါစေ။ မတရား အနှောင်အဖွဲ့ မှ အမြန်ဆုံး လွတ်မြောက်ပါစေ” လို့ ဒေါက်တာခင်မောင်လွင်က ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အသက်ရှည်ပါစေလို့ ဆုတောင်းပေးထားပါတယ်။
KSCUဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မြေပြင် တက္ကသိုလ်တခုဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသရှိ အဆင့်မြင့်ပညာ ရှာဖွေလိုကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာပါ။ ကချင်ပြည်နယ်အတွင်းရှိ CDM တက္ကသိုလ် ဆရာ၊ ဆရာမများ ပူးပေါင်းပြီး ယင်းတက္ကသိုလ်ကို တည်ထောင်ထားခြင်းလည်း ဖြစ်ပါတယ်။
ဒီကနေ့ ဇွန် ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ကို နိုင်ငံတဝန်း ဒေသ အသီးသီးမှာ ပြည်သူတွေက ပုံစံမျိုးစုံနဲ့ မွေးနေ လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ခင်ဦးနဲ့ ကျွန်းလှ မြို့နယ်တွေမှာလည်း မွေးနေ့အထိမ်းအမှတ် သစ်ပင်တွေ စိုက်ပျိုးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ မြို့နယ်သယံဇာတ အဖွဲ့များက နှင်းဆီပန်းသပိတ် ပြုလုပ်ကာ စီတန်းလှည့်လည် မွေးနေ့ဆုတောင်း၍ ကြွေးကြော်တာ၊ မွေးနေ့ဆုတောင်း၍ အမေစုအပုံပါ စတစ်ကာကပ် ပူပေါင်းများ လွှတ်တင်တာ၊ လမ်းဘေးဝဲယာ ခုတ်ထွင်ရှင်းလင်းပြိး ကျွန်းအပင် (၁,၂၀၀) စိုက်ပျိုးတာ စတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကျွန်းလှမြို့နယ်မှာလည်း မွေးနေ့အထိမ်းအမှတ် မွေးနေ့ဆုတောင်းမေတ္တာပို့သတာ၊ ကျွန်း ၈၁ ပင် စိုက်ပျိုးတာ လုပ်ဆောင်ခဲ့တယ်လို့ NUG သယံဇာတနဲပ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးပါတယ်။
👍2614🥰2👏2🔥1🤣1
46👍10🥰3👏2🔥1🤣1
တံတားဦးမြို့မှာ စစ်တပ်က လမ်းနယ်နိမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေ ဖျက်ခိုင်းထား

ဇွန်၁၉၊၂၀၂၆၊ကတ်သရင်း၊People's Spring

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး- ပြည်-ရန်ကုန်လမ်း နယ်နိမိတ်မှာပါဝင်တယ်ဆိုပြီး လမ်းလယ်ကနေ ဘေးနှစ်ဖက် ၇၅ပေစီ ဖျက်သိမ်းရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖျက်သိမ်းတဲ့အထဲပါတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေဟာ တံတားဦးမြို့အဝင် BOC ဆီဆိုင်ကနေ မြို့လယ်ခေါင်မီးပွိုင့်အထိ ဖြစ်တယ်လို့ သိရပါတယ်။

"အိမ်ခြေက တော့များတယ်။လမ်းက ပေ ၁၅၀ရှိတယ်လို့ ပြောတယ်။Highway လမ်းမကြီးထဲပါတာတဲ့။မြို့လယ်က အတန်းလိုက်ကြီး ဖျက်ရမှာ။အခုထိတော့ အိမ်တွေက မဖျက်သေးဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လမ်းဦးစီးဌာနကတော့ မေလ၂၅ရက် နေ့ရက်စွဲနဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်း တွေကို ၃၀ ရက်နောက်ဆုံးထားဖျက်ခိုင်းထားပြီး မဖျက်ရင်လမ်းမကြီးဥပဒေနဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလမ်းဟာ တံတားဦးကနေ မြို့သာ- မြင်းခြံလမ်းပိုင်းလည်းဖြစ်ပြီး နွားထိုးကြီး၊ငါန်းဇွန် ၊မြင်းခြံလမ်းပိုင်းအတွက် စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။
🤬20🔥8👎32🤮2👏1
👎19🔥7🤮2👏1
ရခိုင်မှာ ပုဂ္ဂလိက Starlink အင်တာနက်အရောင်းဆိုင်တွေ ဖွင့်ခွင့် ပေးတော့မယ်
ဇွန်-၁၉၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပုဂ္ဂလိက အင်တာနက်ဆိုင်ဖွင့်လိုသူတွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို သတ်မှတ်အခွန်နှုန်းထား တွေအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အမြတ်ငွေထဲက ၃၀ရာခိုင်နှုန်းကို အစိုးရထံ ထပ်မံပေးသွင်းရမယ်လို့ ဆိုပါ တယ်။
" အရင်ကတော့ အင်တာနက်ဆိုင်တွေကို အစိုးရ၊ နည်းပညာဌာနကပဲ ဖွင့်ပြီး ဝန်ဆောင်မှုပေးခဲ့တယ်။ ပုဂ္ဂလိက Starlink ဝယ်တဲ့သူတွေဆိုရင်လည်း စီးပွားဖြစ် ပြန်ရောင်းလို့မရဘူး။ ကိုယ့်လုပ်ငန်းအတွက်ပဲ တကိုယ်စာအသုံးပြု ရတာ။ အခုက ဘယ်သူမဆို အကျိုးတူလုပ်မယ်ဆိုရင် စီးပွားဖြစ်လုပ်ဖို့ ခွင့်ပြုပေးနေတာ” လို့ AA လက်အောက်ခံ နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဲဒီလို အစိုးရနဲ့ အကျိုးတူအင်တာနက်ဆိုင်ဖွင့်လိုသူတွေဟာ အစိုးရကို သတ်မှတ်ထားတဲ့ လိုင်စင်ကြေး၊ လစဉ်အ ခွန်တွေ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီအခွန်ငွေတွေဖယ်ကာ ရလာတဲ့အမြတ်ငွေတွေကို အစိုးရနဲ့ အင်တာနက်ဆိုင်ဖွင့် သူတို့ ၇၀ ၊ ၃၀ ရခိုင်နှုန်းကျစီ အချိုးကျခွဲဝေရမှာဖြစ်ပါတယ်။
အခကြေးငွေယူပြီး အများပြည်သူကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း တရားဝင်ခွင့်ပြုပေးတာဟာ ပြည်သူ တွေ စျေးသက်သက်သာသာနဲ့ အင်တာနက် သုံးနိုင်ဖို့၊ လူတိုင်းအင်တာနက်လက်လှမ်းမီ သုံးစွဲခွင့်ရဖို့နဲ့ စီးပွား ရေးလုပ် ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ နည်းပညာဌာနက ထုတ်ပြောထားပါတယ်။
အဲဒီလို ပုဂ္ဂလိကအင်တာနက်ဆိုင်ဖွင့်ဖို့ ခွင့်ပြုပေးထားတာကြောင့် ပြည်သူတိုင်းနီးပါး အင်တာနက်အသုံးပြုခွင့် ရလာစေမှာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ မင်းပြားမြို့နယ်မှ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
“နည်းပညာက အင်တာနက်ဆိုင်တွေကို သွားပြီး လိုင်း တခါသုံးဖို့ဆိုရင် စရိတ်က မလွယ်ဘူး။ နယ်ဝေးကဆို တ သိန်းလောက်ထိ ကုန်တယ်။ အင်တာနက် တခါသုံးရဖို့အရေး မလွယ်ဘူး။ အခုလို ခွင့်ပြုလိုက်ရင် နေရာတိုင်းမှာ အင်တာနက် လက်လှမ်းမီသွားမယ်။ ဒါက ကောင်းပါတယ်။ ဒါပေမယ့် အခွန်အခတွေကိုတော့ နည်းနည်းလျော့ပေ့ါ ပေးစေချင်တယ်” လို့ ၎င်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်က ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက အာဏာသိမ်းစစ်တပ် ရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် ဆက်သွယ်ရေးအခက်ကြုံခဲ့ကြရတာဖြစ်ပြီး နောက်ပိုင်းမှာ ဂြိုလ်တုအင်တာနက်ဖြစ်တဲ့ Starlink တွေ အသုံးပြုလာခဲ့ကြတာပါ။
အစောပိုင်းမှာ အဲဒီ Starlink အင်တာနက်ကို AA လက်အောက်ခံ ဌာနဆိုင်ရာတွေမှာပဲ အသုံးပြုကြပြီး လက် အောက်ခံဝန်ထမ်းမဟုတ်တဲ့ အရပ်သားပြည်သူတွေပါ အင်တာနက်အသုံးပြုနိုင်ရေးအတွက် အင်တာနက်ဆိုင်အ ချို့ ဖွင့်လှစ်၊ ဝန်ဆောင်မှုပေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ တစ်ဦးချင်းစီက ကိုယ်တိုင် Starlink ဝယ်ယူတာတွေ များလာတာကြောင့် အဲဒီလို ကိုယ်ပိုင်ဝယ်ယူထားသူတွေကို လိုင်စင်ကြေးနဲ့ လစဉ်အခွန်ကောက်ခံကာ အသုံးပြုခွင့်ပေးလာခဲ့တာဖြစ်ပါတယ်။
အရင်က Starlink အင်တာနက်အသုံးပြုလိုသူတွေအတွက် ငှားရမ်းသုံးစွဲခွင့်၊ အပ်နှံငှားရမ်းသုံးစွဲခွင့်နဲ့ အိမ်ကို ကြိုး သွယ်သုံးစွဲခွင့်ဆိုပြီး အမျိုးအစားသုံးခုရှိခဲ့ပြီး အခုအခါ အင်တာနက်ကို အခကြေးငွေယူပြီး တဆင့်ပြန်ရောင်းတဲ့ အင်တာဆိုင်ဖွင့်ခွင့်ဆိုတဲ့ အမျိုးအစားသစ်တခုကိုပါ ထပ်တိုးခွင့်ပြုလာတာဖြစ်ပါတယ်။
“စပြီးခွင့်ပြုပေးနေပြီ” လို့ နောက်ထပ် နည်းပညာဌာန ဝန်ထမ်းတဦးက ဆိုပါတယ်။
နည်းပညာဌာနကနေ Starlink ငှားရမ်းအသုံးပြုလိုသူတွေဟာ တနှစ်အတွက် ငှားရမ်းခကျပ်သိန်း ၅၀၊ ပထမတ နှစ်စာလိုင်စင်ခ ကျပ်သိန်း ၂၀၊ ဘေဆောင်ခအပါအဝင် လစဉ်အခွန်ငွေ ကျပ် ၆ သိန်း ပေးရမှာဖြစ်ပါတယ်။
ကိုယ်ပိုင် Starlink ဝယ်ယူပြီး ကိုယ်တိုင်ဘေဆောင်မယ့်သူတွေအတွက်ကတော့ ငှားရမ်းခ ပေးစရာမလိုတော့ဘဲ တနှစ်စာ လိုင်စင်ခ ကျပ်သိန်း ၂၀နဲ့ အခွန်ငွေ ၃လကို ကျပ် ၁၀သိန်းစီး ပေးသွင်းရမှာဖြစ်ကာ အိမ်ကိုကြိုးသွယ် အသုံးပြုလိုသူတွေကတော့ တပ်ဆင်ကြေး ကျပ် ၅ သိန်း၊ စရံကြေး ကျပ် ၅ သိန်းနဲ့ လစဉ်ကြေးကတော့ Plan အလိုက်ပေးကြရမှာဖြစ်ပါတယ်။
27👍13🔥1🤣1
(ရခိုင်ပြည်နယ်မှာ AAနဲ့ အကျိူးတူဖွင့်ထားတဲ့ ပုဂ္ဂလိက အင်တာနက် အရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - APM)
29👍11🔥1👌1🤣1
မိုးထဲရေထဲက လူထုခေါင်းဆောင်အတွက် ဖားကန့်မှာလုပ်တဲ့မွေးနေ့ပွဲ

ဇွန်-၁၉၊၂၀၂၆။သတိုး/People's Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်
ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက
"အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်း
မာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်
တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးတောင်း
ဆိုခဲ့ကြတာပါ။

ဒီနေ့(ဇွန်၁၉) မနက် ဖားကန့်မြို့ မှာ မိုးရွာနေတာ​ကြောင့် မိုး​ရေ​တွေကြားကပဲ ဒီလှုပ်ရှားမှုမှာပါဝင်သူ‌တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်ခွဲတဲ့အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက နှင်း
ဆီလှုပ်ရှားမှု ပြုလုပ်ဖို့ တိုက်တွန်းထားတာကြောင့် ဒီနေ့လှုပ်ရှားမှုမှာပါဝင်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ဖားကန့်​မှော်လှည့်သပိတ် စစ်​ကြောင်းကဦး​ဆောင်ပြသခဲ့တာဖြစ်ပြီး ပြည်သူ ဆယ်နဲ့ချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
🥰24👍74👏1🤮1🤣1