People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
37🥰6👍3🤮2💩2
အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟာ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ မိုင်းလားဒေသလာတဲ့ စစ်အုပ်စုကို NDAAတပ် အသိပေး

▪️၀တပ် ဌာနချုပ်ကို စစ်အုပ်စုသွားရောက်ပြီး အလွတ်သဘောဆွေးနွေး

ဇွန်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကို လာတဲ့ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို ထပ်မံ အသိပေးလိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေဟာ ဇွန် ၁၇ရက်မှာ မိုင်းလားတပ် NDAA၊ ဇွန်လ ၁၈ရက်မှာ ၀တပ်ဖွဲ့(UWSA) တို့နဲ့တွေ့ဆုံဆေးနွေးခဲ့တာပါ။

မိုင်းလားတပ်နဲ့ တွေ့ဆုံမှုကို မိုင်းလား ဒေသမှာ ဇွန် ၁၇ရက်က ပြုလုပ်ခဲ့ရာ မိုင်းလားတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ရာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ NDAAက ထုတ်ပြန်ခဲ့ပါတယ်။

ဥက္ကဌ ဦးထိန်လင်းရဲ့ ဆွေးနွေးချက်မှာ ယခင် ဥက္ကဋ္ဌ ဦးစိုင်းလင်းချမှတ်ခဲ့တဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် ပင်မလမ်းစဥ်အတိုင်း ဆက်လက် ခိုင်မာစွာ လျှောက်လှမ်း၍ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ကာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဥ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၈ရက်မှာ ၀တပ်ဌာနချုပ် ပန်ဆန်းကို သွားရောက်ပြီး၀တပ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

၀တပ် သတင်းပြန်ကြားရေး WSTVရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Wa News Land က သတင်းဖော်ပြခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ ၀တပ်ဘက်က ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းနဲ့ အဖွဲ့ တက်ရောက်ခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အခု စစ်အုပ်စုတွေ့ဆုံနေတဲ့ အဖွဲ့တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဇွန် ဒုတိယပတ်ကလည်း ရှမ်းတပ် SSPP နဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာ တိုက်ပွဲမဖြစ်တာကို ဆက်ထိန်းဖို့ အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီဘက်က ဆွေးနွေးမှု ရှိကြောင်း SSPP က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစ်စတပ်ဟာ အခုလို တိုက်ပွဲမရှိတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေရှိသလို နိုင်ငံတဝန်း ဒေသ အသီးသီးမှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။


(ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ရောက်လာတဲ့ စစ်အုပ်စုနဲ့ မိုင်းလားတပ် NDAA တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Mongla SR4 News)
👍17👎6🔥32👏2
👍17👎6🔥2👏1🖕1
မလှိုင်မှာ စစ်တပ်က ပြည်သူတွေထံက ရိက္ခာတွေခြိမ်းခြောက်တောင်းယူနေ

ဇွန် ၁၉၊ ၂၀၂၆။ဟာနာဆန်/People's Spring

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မလှိုင်မြို့မစျေး ဆန်ဆိုင်တစ်ဆိုင်ကို တစ်လ ဆန်တစ်အိတ်နှုန်း၊ ဆီဆိုင်တစ်ဆိုင်ကို ဆီ၂ ပိဿာနှုန်းနဲ့ အခြားလုပ်ငန်းရှင်တွေ စျေးဆိုင်တွေကိုလည်း လစဥ်ရိက္ခာအတွက် ပေးရမယ်ဆိုပြီး မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ် ခြိမ်းခြောက်တောင်းယူခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"စစ်ကြောင်းနဲ့ မြို့ပေါ်နေတဲ့ စခတွေ စားဖို့သဘောဖြစ်မယ်။ ဒီလစတောင်းတာပါ"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၈ရက်က ကျေးရွာတွေကနေ မလှိုင်စျေးမှာ စျေးရောင်းလာကြသူတွေကိုလည်း ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၀ ၊ ကားပေါ်ပါ ပြည်သူတွေကို တစ်ဦး ၇၀၀၀ ကျပ်နှုန်း စစ်အုပ်စုက ​တောင်းယူခဲ့တဲ့အပြင် ကားတစ်စီးကို ဆန်အိတ် ၂လုံးနှုန်း သိမ်းယူသွားကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က အသိပေးပါတယ်။

"ဘယ်လောက်ထိဆိုးလဲဆို ဖွဲတင်လာတဲ့ ကားကိုတောင် ဖွဲလည်းပေးခဲ့ ငါ့တို့စခန်းထဲမှာ ဝက်မွေးထားတာရှိတယ်ဆိုပြီး ဖွဲအိပ်တွေချယူတယ်ဟုလည်းသိရပါတယ်။"လူထုသတင်းကွန်ယက်-မလှိုင်မြို့က ထပ်မံအသိပေးပါတယ်။

ဒါ့အပြင် မြို့မစျေးပတ်လည်မှာလည်း လာသမျှပြည်သူတွေရဲ့ဖုန်းတွေကို စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

မလှိုင်မြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံခရိုင်က မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ စတဲ့ဒေသတွေနဲ့ပါ နယ်နိမိတ်ချင်းထိဆက်နေပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရပါတယ်။
🤬315🤣1🖕1
🤬19👎93🤮2🔥1🤣1
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်း‌တွေလွတ်မြောက်ဖို့ နိုင်ငံတကာသံရုံးတွေ တောင်းဆို

ဇွန်-၁၉၊၂၀၂၆။တေဇ/People's Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

"ကနေဒါနိုင်ငံသည် သူမအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့ကျရောက်သော သူမ၏ (၈၁)နှစ်မြောက်မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ပါသည်။" လို့ ရန်ကုန်မြို့က ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။

ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်း‌ဆိုထားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်။ မိမိတို့သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းပါသည်။" လို့ ဩစတေးလျ သံရုံးကလည်း တောင်းဆိုထားပါတယ်။

အဲဒီသံရုံးတွေအပြင် ပြင်သစ် ၊ ဂျာမနီ နဲ့ ဥရောပသမဂ္ဂတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ၈၁ စာလုံးပုံဖော်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ‌မွေးနေ့ရှင်ကို ဆုတောင်းပေးထားကြပါတယ်။ ၈၁ ကို ပုံဖော်ထားတဲ့ နေရာမှာ မွေးနေ့ရှင်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းပုံထည့်ထားတာ တွေ့ရပါတယ်။

ဗြိတိန်သံရုံးကတော့ သူတို့ရဲ့ ပရိုဖိုင်မှာ မွေးနေ့ရှင်အတွက်ရည်ရွယ်တဲ့ နှင်းဆီပန်းအဝါပုံကို ဖြည့်ပြီး အပြောင်းအလဲ လုပ်ထားတာတွေ့ရပါတယ်။

နိုင်ငံတကာသံရုံးတွေက လူထုခေါင်းဆောင်ကို ဝန်းရံပြီး မွေးနေ့ဆုတောင်းပေးကြတဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ကျေးဇူးတင်ကြောင်း တုံံ့ပြန်ထားကြပါတယ်။
45👍9🥰3🤮1🤣1🖕1
55👏7🖕2🤮1💩1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘန်ကောက်မြို့ကစစ်တပ်သံရုံး နှင်းဆီပန်းသွားပေးသူ ဖမ်းဆီးခံရ

ဇွန်-၁၉၊ ၂၀၂၆/ဒီဒီးPeople's Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွား
ရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉)မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အာဏာသိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်း
အမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်း
ဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာ
မိတ်က ဦးခိုင်ကြီးက ပြောပါတယ်။

" ခွင့်ပြုချက်မတင်လို့ဆိုပြီးခေါ်သွားတာပေါ့။ မလေးရှားက ကိုနေရှိုင်းကို ခေါ်သွားတာ။ ပြန်လွှတ်ပေးမယ်လည်း ပြောနေတယ်။ ကျနော်တို့ ဖြေရှင်းနေဆဲပါ"လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ကိုနေရှိုင်းဟာဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မနေ့က ဇွန်လ ၁၈ရက်ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်းသွားပေးခဲ့သေးပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်
တွင်းနေရာအနှံ့အပြားမှာ "နှင်းဆီလှုပ်ရှားမှု" (ပန်းသပိတ်) နဲ့ ဆန္ဒပြမှုတွေကို ပုံစုံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က နိုင်ငံတကာသံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းတောင်းဆိုတာတွေ လုပ်နေကြပါတယ်။
🔥16🤬15👍7👏43😢1
ဓာတ်ပုံ - လှခိုင်
🔥16🤬147👏3
စစ်​ဘေး​ရှောင်ပြည်သူ​တွေလည်း "နှင်းဆီလှုပ်ရှားမှု" ပါဝင်ဆင်နွှဲ

ဇွန်-၁၉၊၂၀၂၆။People's Spring

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ယ​နေ့ (ဇွန်လ-၁၉)မှာ လူထုခေါင်းဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု ကိုပြည်တွင်း ပြည်ပ ပုံသဏ္ဍန်မျိုးစုံနဲ့ လှုပ်ရှား​နေကြတာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊အဓမ္မစစ်မှု
ထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြသဖို့ နှင်းဆီလှုပ်ရှားမှု​ ကို​သပိတ်အဖွဲ့​တွေ ၊​တော်လှန်​ရေးအဖွဲ့​တွေကဦး​ဆောင်ပြုလုပ်​နေတာဖြစ်ပါတယ်။

ပြည်သူ​တွေအ​နေနဲ့လည်း ​​​ဘေးကင်းတဲ့နည်း​တွေနဲ့ နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေကတိုက်တွန်းထားပါတယ်။
41👍6🖕2🔥1🤣1
ဓါတ်ပုံ-​ပေးပို့
63👏4🖕3🔥1🤣1
မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်

ဇွန်-၁၉၊၂၀၂၆။သုည/People's Spring

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို ဒီကနေ့ နံနက်က ပြုလုပ်ခဲ့ပါတယ်။

ဖားကန့်ပြည်သူတွေက "Lets continue fighting alongside Mother Suu" ၊ "အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ" ၊ "မတရား ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ" ၊ "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်" ၊ "စစ်အာဏာရှင် စနစ်အမြစ်ဖြတ်သည်အထိ ပြည်သူအားလုံးပါဝင်စို့" စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစု အားလုံး စည်းစည်းလုံးလုံးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ကိုလည်း ဖားကန့်ပင်မသပိတ်က မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင် အမေစုနဲ့တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်စေဖို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းနီနီတွေပေးဝေခဲ့ပြီး ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မုံရွာမြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တောင်ယာခုတ် လုပ်ငန်းခွင်ထဲမှ ဒေသခံတော​င်သူတွေကို ​နှင်းဆီနီတွေ ဝေငှခဲ့ပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှည "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြုလုပ်ခဲ့ပြီး မိုးပျံလေပူပေါင်း လွှတ်တင်ခြင်း၊ နှင်ဆီနီတွေ ဝေငှခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းနဲ့ ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယင်းနှင်းဆီလှုပ်ရှားမှုကို တန့်ဆည်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊အဓမ္မစစ်မှုထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာ ပြသဖို့ နှင်းဆီလှုပ်ရှားမှုကို သပိတ်အဖွဲ့တွေ ၊တော်လှန်ရေးအဖွဲ့တွေက ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဘေးကင်းတဲ့နည်းတွေနဲ့ နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
38👍7🥰3🤮1🤣1
49👍5🥰2👏1🤮1💩1