People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
52👍6🥰3💩2🕊2
နှင်းဆီလှုပ်ရှားမှုကို လုံခြုံရေး သတိပြုဖို့ GSCB ထပ်မံသတိပေး

ဇွန်-၁၈၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်
ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

"အကြမ်းဖက်စစ်တပ်သည် နှင်းဆီပန်းများ ရောင်းချခြင်း ၊ ပန်ဆင်ခြင်း ၊ ကိုင်ဆောင်ခြင်းတို့ကိုပင် ပြင်းပြင်းထန်ထန် ဖျက်ဆီး အရေးယူရန် ပြင်ဆင်လျက်ရှိပါသည်။ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် ညဏ်နှင့်ယှဥ်၍ မိမိတို့ ဒေသအလိုက် လုံခြုံဘေးကင်းမှု အပြည့်အဝ ရှိသည့် နည်းလမ်း
များဖြင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။" လို့ GSCB က သတိ
ပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ လူမှုကွန်ရက်တွေမှာ မတင်ဖို့ကိုလည်း ထပ်မံသတိပေးထားပါတယ်။

"မနက်ဖြန် နှင်းဆီ အနီရောင်တွေ မရောင်းရဲဘူးလို့ ပန်းဆိုင်တွေကပြောတယ်။" လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်‌တပ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေမှာ နှင်းဆီပန်း ပန်သူတွေ၊ ကိုင်ဆောင်သူတွေ နဲ့ ရောင်းချသူတွေကိုပါဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ အရင်နှစ်တွေကလည်းဖြစ်ခဲ့ဖူးပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ နှင်းဆီလှုပ်ရှားမှု မှာ နှင်းဆီပန်းတစ်ခုတည်းမဟုတ်ပဲ ဘယ်ပန်းအမျိုးအစားနဲ့ ဖြစ်ဖြစ် ပန်ဆင်တာ ၊ ဝေငှတာတွေလုပ်ဖို့ အသိပေးထားပါတယ်။

စစ်တပ်ထိန်းချုပ်ခံဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ ကိုယ့်အကောင့်မှာတင်တာမျိုးမလုပ်ပဲ People Movement Platform - Myanmar နဲ့ General Strike Coordination Body - GSCB တို့ဆီကို ပေးပို့ပေးလို့ ရတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်
သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်ကသမ္မတ ၊ဒေါ်အောင်ဆန်းစုကြည်က အ
တိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့တော်လှန်‌ရေးအင်
အားစုတွေက အသိပေးထားပါတယ်။
38👍9🕊3🥰2🤮2🤣1
41👌13👍8🥰2😁1💩1
■သုံးသပ်​ဆောင်းပါး

ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာချိန် မြန်မာလူထုဘဝ

-ခါကာဘို ရေးသားသည်။

ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီ
ရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်း
ပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီး
ပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်
အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက ဒီလိုငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းရဲ့ အဓိ
က အကြောင်းရင်းတွေဘဲ ဖြစ်ပါတယ်။

အစီရင်ခံစာအရ ၂၀၂၆ မတ်လအဆုံး၊ ၁၂ လတာကာလအတွင်း ငွေဖောင်းပွမှုက ၂၁.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဧပြီလမှာတော့ ၂၄.၆ ရာ
ခိုင်နှုန်းအထိ ထပ်တက်လာပြီး မြန်မာပြည်
သူလူထုရဲ့ စားဝတ်နေရေးကို တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုဖိအားပေး မြင့်တက်လာစေပါတယ်။၂၀၂၆ ဧပြီလက အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် က သူ့စိတ်တိုင်းကျလုပ်ထားတဲ့ ​ရွေး​ကောက်ပွဲ၊လွှတ်​တော်​တို့က​နေ သူ့ဘာသာသမ္မတခန့်အပ်တဲ့လဖြစ်ပါတယ်။

လောင်စာဆီရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ မှီခို နေရတဲ့အတွက် ကမ္ဘာ့ရေနံဈေး
နှုန်းနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ထိခိုက်တာနဲ့ တပြိုင်နက် ပြည်တွင်းဈေးကွက်ကို တိုက်ရိုက် ရိုက်ခတ်လာပါတယ်။

ဒီလိုအခြေအနေတွေက မြို့ပြဈေးကွက်တွေအပြင် ကျေးလက် စီးပွားရေးကိုပါ အလွန်ပြင်းထန်စွာ ထိခိုက်ပါတယ်။

လယ်သမားတွေဟာ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ရွာတွေကနေ စွန့်ခွာရတာ၊ စစ်ဘေးရှောင်ဘဝရောက်နေရခြင်းတွေကြောင့် လယ်
ယာလုပ်ငန်းတွေကို အချိန်မီ မစိုက်နိုင်တော့သလို မျိုးစေ့၊ မြေဩဇာ၊လောင်စာနဲ့ သယ်ယူ
ပို့ဆောင်ရေး စရိတ်တွေ အလွန်မြင့်တက် လာတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကလည်း မခံနိုင်လောက်အောင် မြင့်တက်သွားပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းဖိအားနဲ့ လုံခြုံ
ရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်မျိုး
ဆက် တစ်ခုလုံး နိုင်ငံပြင်ပကို ထွက်ခွာနေကြတဲ့အတွက် လယ်ယာစိုက်ပျိုးဘို့ လယ်သမားအင်အား သာမက စက်ရုံ၊ အလုပ်ရုံ​တွေအ
တွက်ပါ ကြီးမားတဲ့ လူသားအင်အား ပြတ်တောက်မှု ဖြစ်ပေါ်နေပြီး ဒီလိုအခြေအနေက ထုတ်လုပ်ရေးကဏ္ဍကို ပိုမိုကျဆင်း ဆိုးရွားစေပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးအောက်က သွင်း
ကုန်၊ ထွက်ကုန် ကန့်သတ်မှုတွေ၊ လိုင်စင်နဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုတွေ တိုးလာနေတာကြောင့် ပြည်တွင်း ဈေးကွက်ထဲမှာ ‌ဆေးဝါးအပါအဝင် အခြေခံ ကုန်ပစ္စည်းတွေ အင်မ
တန် ရှားပါးလာပြီး ဈေးနှုန်း မတည်ငြိမ်မှုတွေက နေ့စဉ်အသက်ရှင်ရေးကို တိုက်ရိုက် ဖိအားပေးလာပါ‌တော့တယ်။

တစ်ချိန်တည်းမှာပဲ စစ်ရေးပဋိပက္ခနဲ့ စီးပွား
ရေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းပြည်
ပ စီးပွားရေးလုပ်ငန်းအများအပြား ပိတ်သိမ်းသွားပြီး အလုပ်အကိုင်ရရှိနိုင်ဖို့ အခွင့်အလမ်းတွေကလည်း သိသိသာသာ လျော့နည်းလာတာမို့ ဒီအခြေအနေတွေက မိသားစုဝင်ငွေကျဆင်းမှု၊အလုပ်လက်မဲ့နှုန်းမြင့်တက်မှုနဲ့ ဆင်း
ရဲနွမ်းပါးမှုကို တစ်ပြိုင်နက်တည်း တွန်းအားပေးနေပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာစီးပွားရေးကို “တိုးတက်မှုမရှိဘဲ အလွန်နိမ့်တဲ့အဆင့်မှာပဲ ရပ်တန့်နေတယ်” လို့ သုံးသပ်ထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲ
နွမ်းပါးမှုနှုန်းက ၂၉.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၂၀၂၁ မတိုင်ခင်ကာလနဲ့ နှိုင်း
ယှဉ်ရင်တော့ အင်မတန် နိမ့်ကျ ဆိုးရွားနေပါပြီ။

မြို့ပြမိသားစုတွေကလည်း စားဝတ်နေရေးဖိအားကို တိုက်ရိုက် ခံစားနေရပါတယ်။ ရန်ကုန်က မိသားစုတစ်စုက “အစားအသောက်တောင် မလုံလောက်တော့ဘူး၊ ကလေးတွေကို ကျောင်းမပို့နိုင်တော့ဘူး” လို့ ပြောဆိုသလို၊ ဆိုင်ရှင်အမျိုးသမီးတစ်ဦးကလည်း “ဝင်ငွေနဲ့စရိတ်မကိုက်တော့ဘူး၊နေ့တိုင်း အ
ဆင်မပြေမှုနဲ့ပဲရင်ဆိုင်နေရတယ်”လို့ဆိုပါတယ်။

ဒီလိုအခြေအနေဆိုးတွေရဲ့ နောက်ကွယ်မှာတော့ မိဘတွေရဲ့ သောကတွေ၊ ကလေးတွေရဲ့လမ်းပျောက်သွားတဲ့ပညာရေးတွေနဲ့ နေ့စဉ် ထမင်းဝိုင်းအတွက် ရုန်းကန်နေရတဲ့ အောက်
ခြေလူထုရဲ့ ရင်ထဲကနာကျင်မှုတွေက တ
ကယ် ရင်နာစရာပါပဲ။

တစ်ဖက်မှာလည်း နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှု
ရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေဟာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံမရှိကြသူတွေမို့ သူတို့ရဲ့အုပ်
ချုပ်ရေးယန္တရား၊ လက်တွေ့နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အလွဲအချော်များတဲ့ ဆုံးဖြတ်ချက်တွေက အကျပ်အတည်းတွေကို ပိုမို နက်ရှိုင်းလာစေခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသက နိုင်ငံအများစုဟာ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခွင့်အ
လမ်းသစ် တွေကို အလုအယက် ဖန်တီးနေချိန်မှာ စစ်အစိုးရအောက်က စနစ်တစ်ခုလုံးရဲ့ ပျက်စီးယိုယွင်းမှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ မြန်မာနိုင်ငံကတော့ မတည်ငြိမ်မှု၊ ဆင်းရဲ
နွမ်းပါးမှုနဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေကြားမှာအပြင်းအထန်ရုန်းကန်နေရပါတယ်။
🔥167👍3🤣1
ငွေကြေးဖေါင်းပွမှုကိုကိန်းဂဏန်းတွေက ဖော်
ပြနိုင်ပေမယ့် နိုင်ငံတနိုင်ငံရဲ့ ကျရှုံးမှု၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ဆုံးရှုံးသွားတဲ့ လူ
ငယ်တွေရဲ့ အနာဂတ်နဲ့ ပျောက်ကွယ်သွားတဲ့ အိပ်မက်တွေကိုတော့ ဘယ်ကိန်းဂဏန်းကမှ အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။

ကိုးကား-The Straits Times
🔥12😢71🤣1
🔥14😢5🤣1
ရန်ကုန်မြို့မှာ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြ

ဇွန်-၁၉၊၂၀၂၆။သုည/People's Spring

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်တဲ့ကြားမှ ယင်းစာတန်းကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့
နယ်ရှိ ဘေလီတံတားထိပ် ဗိုလ်ချုပ်ကြေးရုပ်မှာ ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။

ယင်းလှုပ်ရှားမှုကို "ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့" မှ ရဲဘော်တွေကဦးဆောင်ပြု
လုပ်ခဲ့တာ ဖြစ်ပါတယ်။
36🥰2🔥1🤣1🖕1
ဓာတ်ပုံ - ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့
39👏7💩2🔥1🥰1
အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟာ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ မိုင်းလားဒေသလာတဲ့စစ်အုပ်စုကိုNDAAတပ်အသိပေး

▪️၀တပ်ဌာနချုပ်ကို စစ်အုပ်စုသွားရောက်ပြီး အလွတ်သဘောဆွေးနွေး

ဇွန်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကို လာတဲ့ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို ထပ်မံ အသိ
ပေးလိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်အုပ်
စုကိုယ်စားလှယ်တွေဟာ ဇွန် ၁၇ရက်မှာ မိုင်းလားတပ် NDAA၊ ဇွန်လ ၁၈ရက်မှာ ၀တပ်ဖွဲ့
(UWSA)တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မိုင်းလားတပ်နဲ့ တွေ့ဆုံမှုကို မိုင်းလား ဒေသမှာ ဇွန် ၁၇ရက်က ပြုလုပ်ခဲ့ရာ မိုင်းလားတပ်
ဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ရာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အ
လွတ်သဘော ဆွေးနွေးခဲ့တယ်လို့ NDAAက ထုတ်ပြန်ခဲ့ပါတယ်။

ဥက္ကဌ ဦးထိန်လင်းရဲ့ဆွေးနွေးချက်မှာ ယခင်
ဥက္ကဋ္ဌ ဦးစိုင်းလင်းချမှတ်ခဲ့တဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် ပင်မလမ်းစဥ်အတိုင်းဆက်လက်ခိုင်မာစွာလျှောက်လှမ်း၍ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ကာနိုင်ငံတော်ရဲ့အချုပ်အခြာ အာ
ဏာ တည်တံ့ခိုင်မြဲရေး၊တိုင်းရင်းသားစည်း
လုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဥ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၈ရက်မှာ ၀တပ်ဌာနချုပ် ပန်ဆန်းကို သွားရောက်ပြီး၀တပ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

၀တပ် သတင်းပြန်ကြားရေး WSTVရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Wa News Land က သတင်းဖော်ပြခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ၀တပ်ဘက်ကဒုဥက္ကဋ္ဌဦးကျောက်
ကော်အမ်းနဲ့ အဖွဲ့ တက်ရောက်ခဲ့တာကို မှတ်
တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အခု စစ်အုပ်စုတွေ့ဆုံနေတဲ့ အဖွဲ့တွေဟာ အာ
ဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဇွန် ဒုတိယပတ်ကလည်း ရှမ်းတပ် SSPP နဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာ တိုက်ပွဲမဖြစ်တာကိုဆက်ထိန်းဖို့အခြားလက်
နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီဘက်ကဆွေးနွေးခဲ့ကြောင်းSSPPက သတင်း
ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုလို တိုက်ပွဲမရှိတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေရှိသလို နိုင်ငံတဝန်း ဒေသ အသီးသီးမှာလည်း အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
🔥207👎3👏2
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ရောက်လာတဲ့ စစ်အုပ်စုနဲ့ မိုင်းလားတပ် NDAA တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Mongla SR4 News
👎22🔥3👏1🖕1
ရန်ကုန်တော်လှန်ညီနောင်တွေရဲ့နှင်းဆီလှုပ်ရှားမှု

ဇွန်-၁၉၊၂၀၂၆။သတိုး/People's Spring

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်
ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

"ဤလှုပ်ရှားမှုအတွက် ပြည်သူအားလုံး၏
ဆန္ဒမှာ အမေစုသက်ရှိထင်ရှားကျန်းမာစွာရှိကြောင်းသက်သေခိုင်လုံစွာပြသပေးဖို့နှင့်အမေဒေါ်အောင်ဆန်းစုကြည်၏သားကင်နှင့် အမေစုအား အဆက်သွယ်လုပ်ပေးရန် ပြည်သူ
လူထုတစ်ရပ်လုံးကိုယ်စားတောင်းဆိုအပ်ပါ
သည်။"လို့ရန်ကုန်တော်လှန်ညီနောင်၄ဖွဲ့က ‌ထုတ်ပြန်ထားပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့တစ်နေရာက ကား
မှတ်တိုင်တစ်ခုမှာ နှင်းဆီပန်းတွေပန်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခဲပန်းချီပုံမှာ ‌မွေး
နေ့ဆုတောင်းစကား နဲ့ Proof Of Life စာသားတွေရေးထားတဲ့ ပုံကို ကပ်ထားခဲ့တာပါ။

ဒီနေ့(ဇွန်၁၉) မှာကျရောက်တဲ့ လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ နှင်းဆီလှုပ်ရှားပြုလုပ်ဖို့ တော်လှန်ရေးအင်
အားစုတွေက တိုက်တွန်းထားပြီး စစ်တပ်ရဲ့မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် လုံခြုံရေးအခြေအနေပေါ်မူတည်ကာ လုပ်
ဆောင်ကြဖို့ သတိပေးထားပါတယ်။
39🥰4🤮2🤣1
ဓါတ်ပုံ-Yangon 4 Brothers
49🤮4🥰3💩1