▪️Photo News
ဇွန်-၁၈၊၂၀၂၆/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့အကြိုလှုပ်ရှားမှုအဖြစ် တော်လှန်ရေး ရဲဘော်တွေကလည်း နှင်းဆီကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် ပြည်ပရောက် မြန်မာတွေနဲ့ လွတ်မြောက်နယ်မြေတွေက ပြည်သူတွေအပြင် ရဲဘော်တွေကလည်း လှုပ်ရှားမှုတွေ အသီးသီးပြုလုပ်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဥ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်းလွတ်ပေးဖို့လည်း တောင်းဆိုကြတာ ဖြစ်ပါတယ်။

❤33🔥1🤣1🖕1
နှင်းဆီလှုပ်ရှားမှုကို လုံခြုံရေး သတိပြုဖို့ GSCB ထပ်မံသတိပေး
ဇွန်-၁၈၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်
ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။
"အကြမ်းဖက်စစ်တပ်သည် နှင်းဆီပန်းများ ရောင်းချခြင်း ၊ ပန်ဆင်ခြင်း ၊ ကိုင်ဆောင်ခြင်းတို့ကိုပင် ပြင်းပြင်းထန်ထန် ဖျက်ဆီး အရေးယူရန် ပြင်ဆင်လျက်ရှိပါသည်။ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် ညဏ်နှင့်ယှဥ်၍ မိမိတို့ ဒေသအလိုက် လုံခြုံဘေးကင်းမှု အပြည့်အဝ ရှိသည့် နည်းလမ်း
များဖြင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။" လို့ GSCB က သတိ
ပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ လူမှုကွန်ရက်တွေမှာ မတင်ဖို့ကိုလည်း ထပ်မံသတိပေးထားပါတယ်။
"မနက်ဖြန် နှင်းဆီ အနီရောင်တွေ မရောင်းရဲဘူးလို့ ပန်းဆိုင်တွေကပြောတယ်။" လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေမှာ နှင်းဆီပန်း ပန်သူတွေ၊ ကိုင်ဆောင်သူတွေ နဲ့ ရောင်းချသူတွေကိုပါဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ အရင်နှစ်တွေကလည်းဖြစ်ခဲ့ဖူးပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ နှင်းဆီလှုပ်ရှားမှု မှာ နှင်းဆီပန်းတစ်ခုတည်းမဟုတ်ပဲ ဘယ်ပန်းအမျိုးအစားနဲ့ ဖြစ်ဖြစ် ပန်ဆင်တာ ၊ ဝေငှတာတွေလုပ်ဖို့ အသိပေးထားပါတယ်။
စစ်တပ်ထိန်းချုပ်ခံဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ ကိုယ့်အကောင့်မှာတင်တာမျိုးမလုပ်ပဲ People Movement Platform - Myanmar နဲ့ General Strike Coordination Body - GSCB တို့ဆီကို ပေးပို့ပေးလို့ ရတယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်
သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်ကသမ္မတ ၊ဒေါ်အောင်ဆန်းစုကြည်က အ
တိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့တော်လှန်ရေးအင်
အားစုတွေက အသိပေးထားပါတယ်။

❤38👍9🕊3🥰2🤮2🤣1