စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ဝန်းကျင်က ကနီမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ ရှမ်းမြောင်းရွာက လူနေအိမ်နဲ့ နွားတဲ အလုံး ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာက လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာက လူနေအိမ်၊ ကြက်ခြံနဲ့ နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာက လူနေအိမ်နဲ့ နွားတဲ ၂ လုံး၊ ယာကြီး ကလေးဝလမ်း မိုင် ၃၀က လူနေအိမ်နဲ့ စျေးဆိုင် ၄ လုံး စုစုပေါင်း ၄၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ ခုထိ အဲဒီစစ်ကြောင်း ကနီနယ်ထဲ နယ်လှည့်နေတုန်းပဲ သူက ပြောပါတယ်။ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ကျေးရွာအများအပြား တိမ်းရှောင်နေရပါတယ်။
◾️စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို စစ်ခုံရုံး ထောင်ဒဏ် ၃ နှစ်စီ ချ
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ သူ့ရဲ့သားဖြစ်သူတို့ကို စစ်တပ်ရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဆရာတင်ညွန့်တို့ သားအဖကို ၂ လနီးပါးအကြာ ဒီနေ့မှာ စစ်တပ်က စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာလို့ ဆရာတင်ညွန့် မိသားစုနဲ့ နီးစပ်သူ စာပေသမားတစ်ဦးက ပြောပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။
◾️ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊ KPDF ဖမ်းဆီး
ကချင်ပြည်နယ် ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အဖွဲ့ဝင်တချို့ကို KIA၊ KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ ၁၆ရက်က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့ KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က အဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။ ဖားကန့်ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီး ပါဝင်ပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ဧပြီလကနေ လက်ရှိ ဇွန်လလယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️အာဆီယံနဲ့ ကုလသမဂ္ဂမှာ အာဏာသိမ်းမြန်မာစစ်အုပ်စုကို တရုတ်ထောက်ခံမယ်
အာဆီယံနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တရုတ်နဲ့ မြန်မာအကြားပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တရုတ်နဲ့ အာဆီယံကြားမှာ ငြိမ်းချမ်းတဲ့၊ လုံခြုံဘေးကင်းတဲ့၊ သာယာဝပြော လှပတဲ့ ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှုတွေ ဖော်ဆောင်နိုင်ရေးပိုမိုအားထည့် ပူးပေါင်းသင့်တယ်ဆိုတာကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ခရီးစဉ်အတောအတွင်း သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ အာဆီယံဒေသရဲ့တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးတွေမှာ တရုတ်နဲ့ မြန်မာပူးပေါင်းဆောင်ရွက်ကြဖို့လည်း အပြန်အလှန်ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီးလန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစုအဖွဲ့ (LMC)ကို ပိုမိုတောင့်တင်းအားကောင်းလာစေဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးကိစ္စတွေကိုလည်း ညှိနှိုင်းသဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှု
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်မြောက် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မုံရွာမြို့ရဲ့ အထင်ကရနေရာတွေမှာ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီက ဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ မုံရွာမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ကန်သာယာ ပန်းခြံတို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

👍16❤4🔥1🤣1🖕1
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ ချက်ချင်းလွှတ် လို့ ကြွေးကြော်သံတွေဟစ်ကြွေးကာ လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း ဒေသခံတော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုနဲ့ ပါဝင်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်!" ၊ "အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!" လို့ ကြွေးကြော်ဆန္ဒပြခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်တဲ့အတွက် "နှင်းဆီလှုပ်ရှားမှု" မှာ ပြည်တွင်း၊ ပြည်ပက လူထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"လို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့အခြေပြုကျောင်းရှိ ကျောင်းသား၊သူတွေနဲ့ ဆရာ၊ဆရာမတွေက နှင်းဆီနီကမ်းပိန်းပြုလုပ်ခြင်း၊ အမေစုရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်တမ်း တိုက်ပွဲဝင်မှုတွေနဲ့ စံပြအတုယူထိုက်တဲ့ စိတ်ထားတွေကို ဟောပြောခဲ့ပါတယ်။

❤23🔥1🤣1🖕1
▪️Photo News
ဇွန်-၁၈၊၂၀၂၆/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့အကြိုလှုပ်ရှားမှုအဖြစ် တော်လှန်ရေး ရဲဘော်တွေကလည်း နှင်းဆီကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် ပြည်ပရောက် မြန်မာတွေနဲ့ လွတ်မြောက်နယ်မြေတွေက ပြည်သူတွေအပြင် ရဲဘော်တွေကလည်း လှုပ်ရှားမှုတွေ အသီးသီးပြုလုပ်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဥ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်းလွတ်ပေးဖို့လည်း တောင်းဆိုကြတာ ဖြစ်ပါတယ်။

❤33🔥1🤣1🖕1