People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - GSCB ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဟုမ္မလင်းသပိတ်၊ ဂန့်ဂေါသပိတ်
❤44🥰5👍3🤮2🤣1
❤44🥰5👍2🤮2💩1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီလူထုလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုး တိုက်တွန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ မနက်ဖြန် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ လှုပ်ရှားမှုမှာ လူထုတွေ ပါဝင်ဖို့ ဝန်ကြီးက နှိုးဆော်ရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ ဝန်ကြီးက ပြောကြားထားသလို ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စစ်အုပ်စု လုပ်ဆောင်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့၊ အဓမ္မ စစ်သားစုဆောင်းတဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်ဖို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ယင်းမာပင်ဒေသခံတွေ (၉)ရွာ (၉) မိုင် လမ်းလျှောက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒေသခံတော်လှန်ပြည်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး "လူထုခေါင်းဆောင် ကျန်းမာပါစေ" ၊ "စစ်အာရှင်စနစ် ကျဆုံးပါစေ" ၊ "အရေးတော်ပုံ မုချအောင်ရမည်" ၊ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့လည်း လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။

◾️ရွှေကူမှာ နေ့စဥ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဇွန်လ ၁၇ရက်သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက အသိပေးရာမှာ KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေဖြစ်တဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို အသိပေးထားတာပါ။ ရွှေကူမြို့ပေါ် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၇၈)၊ (၄၁၆)တို့ရဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ ၁၆ရက်မှာ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ စတားလင့်စက်တလုံးနဲ့ အခြားအသုံးအဆောင်တွေ ထားကာ ငါးဘတ်ကြီးရွာဘက် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၁၆ရက်မှာ သုံးခွကျေးရွာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း ငါးအိုရွာဘက်က တက်လာတဲ့ ခလရ(၁၂၁) စစ်ကြောင်းဟာ သုံးခွရွာဘက် စစ်ကြောင်းလှုပ်ရှားလာတယ်လို့ KIA သတင်းပြန်ကြားရေးက အသိပေးပါတယ်။

◾️ရခိုင်မှာ အေးဂျင့် ဘဏ်အကောင့်တွေ အပိတ်ခံရပြီးနောက် ငွေထုတ်ခ စျေးတက်

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထား ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ငွေသားထုတ်ခတွေ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ ကျော်အထိ စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဘဏ်တွေဟာ ရခိုင်အပါအဝင် နိုင်ငံတဝန်းက ငွေအသွင်းအထုတ်များတဲ့ ငွေလွှဲ၊ငွေထုတ်အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ငွေလွှဲ၊ ငွေထုတ် အေးဂျင့်အများအပြားရဲ့ အကောင့်တွေ ပါသွားခဲ့ပါတယ်။ ရခိုင်က အကောင့်တွေ တော်တော်များများ ပိတ်သွားပြီး KBZ အကောင့်တွေ အပိတ်ခံရတာလို့ ကျပ်သိန်း ၅၀၀ ကျော် ပါသွားတဲ့ ကျောက်တော်မြို့နယ်က ငွေလွှဲငွေထုတ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တချို့ဆို ကျပ်သိန်း ၃၀၀၀၊ ၄၀၀၀ ဆုံးရှုံးသွားပြီး မြို့နယ်တိုင်းက အကောင့်တွေ အပိတ်ခံရကာ ဆုံးရှုံးနစ်နာကြတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတဲ့အထဲ ရခိုင်နဲ့ ချင်းပြည်နယ်တို့က ဘဏ်အကောင့်တွေ ပိုများတယ်လို့လည်း သိရပါတယ်။

◾️ရုရှား-အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင် တက်ရောက်ခွင့်မရပြန်
👍18❤1🔥1🤣1
ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့် နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှမ်းမိုးတဲ့ လွှတ်တော်ကနေ သူ့ကိုယ်သူသမ္မတပြန်ခန့်ပြီး နေပြည်တော်အာဏာကို ဆက်လက်ရယူခဲ့ပေမယ့် ဒေသတွင်းနိုင်ငံတွေ စုဖွဲ့ထားတဲ့ အာဆီယံရဲ့ ဖယ်ကြဥ်ထားမှုကို ခံနေရဆဲဖြစ်ကြောင်း အခုထိပ်သီးအစည်းအဝေးက သက်သေပြနေတာဖြစ်ပါတယ်။ အာဆီယံရဲ့အသိအမှတ်ပြုမှုကို မင်းအောင်လှိုင် ဒီနှစ်ထဲရဖို့ မလွယ်သေးဘူးလို့ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ အာဆီယံ-ရုရှားဆက်ဆံရေး (၃၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇နဲ့ ၁၈ရက်တွေမှာ ကျင်းပတဲ့ အခု ထိပ်သီးညီလာခံကို အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲမှာ အင်ဒိုနီးရှားသမ္မတတစ်ဦးပဲ မတက်ရောက်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်အားလုံး တက်ရောက်ခဲ့ကြပါတယ်။

◾️ထိုင်းမှာ မြန်မာလုပ်သားတွေ ဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်​နေ

ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အဝေးပြေးလမ်းမ တစ်နေရာမှာ ပျက်နေတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ကူညီဖို့စစ်ဆေးရာ အလုံအပိတ်ခန်းအတွင်း တရားမဝင်နည်းလမ်းနဲ့ လိုက်ပါလာတဲ့ မြန်မာ ၃၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဇွန်လ ၁၅ရက်ကလည်း ထိုင်းနိုင်ငံ ၊ ရယောင်းခရိုင်၊ ပလွက်ဒန်းမြို့နယ်က Joy E-Tech Co., Ltd ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အဲဒီ မြန်မာလုပ်သား ၂၅ဦးဟာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၁၁ရက်ကလည်း ပထုံထာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေတယ်ဆိုပြီး မြန်မာလုပ်သား ၂၇ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

◾️မွန်တပ် NMSP ထိန်းချုပ်နယ်မြေ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီနေ့ ဇွန်လ ၁၈ရက် မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အဲဒီ စစ်ရှောင်စခန်း အဆောက်အဦးတွေကို မနေ့ည သန်းခေါင်ကျော်(ဒီမနက်အစော)မှာ ဗုံးကြဲခဲ့လို့ အဆောက်အဦး ၅လုံးခန့် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ လွတ်လပ်သောမွန်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲမှာ နိပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄လုံး၊ မွန်အမျိုးသားမူလတန်းကျောင်း ၁ကျောင်း လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ရတာ ရှိတယ်လို့လည်း ဆိုပါတယ်။

◾️ကျိုက်ထိုနယ်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသားတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ရွာကို စစ်တပ်က ဇွန်လ ၁၈ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ (၃၈)နှစ်အရွယ် အမျိုးသား သေဆုံးကာ ဇနီးသည် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။စစ်တပ်လေယာဉ်နဲ့ ကြဲချတဲ့ ဗုံးဟာ ချောင်းစောင့်ရွာက ကုန်စုံဆိုင်မှာ ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေ ထိခိုက်သေဆုံးခဲ့တာပါ။ စစ်တပ်ဟာ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ နေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️ကနီမှာ စစ်တပ်က ကျေးရွာ ၅ရွာ မီးရှို့ဖျက်ဆီး
👍13❤3🔥1🤬1🤣1
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ဝန်းကျင်က ကနီမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ ရှမ်းမြောင်းရွာက လူနေအိမ်နဲ့ နွားတဲ အလုံး ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာက လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာက လူနေအိမ်၊ ကြက်ခြံနဲ့ နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာက လူနေအိမ်နဲ့ နွားတဲ ၂ လုံး၊ ယာကြီး ကလေးဝလမ်း မိုင် ၃၀က လူနေအိမ်နဲ့ စျေးဆိုင် ၄ လုံး စုစုပေါင်း ၄၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ ခုထိ အဲဒီစစ်ကြောင်း ကနီနယ်ထဲ နယ်လှည့်နေတုန်းပဲ သူက ပြောပါတယ်။ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ကျေးရွာအများအပြား တိမ်းရှောင်နေရပါတယ်။

◾️စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို စစ်ခုံရုံး ထောင်ဒဏ် ၃ နှစ်စီ ချ

​အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ သူ့ရဲ့သားဖြစ်သူတို့ကို စစ်တပ်ရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဆရာတင်ညွန့်တို့ သားအဖကို ၂ လနီးပါးအကြာ ဒီနေ့မှာ စစ်တပ်က စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာလို့ ဆရာတင်ညွန့် မိသားစုနဲ့ နီးစပ်သူ စာပေသမားတစ်ဦးက ပြောပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။

◾️ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊ KPDF ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အဖွဲ့ဝင်တချို့ကို KIA၊ KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ ၁၆ရက်က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့ KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က အဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။ ဖားကန့်ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီး ပါဝင်ပါတယ်။ အဲဒီစစ်ကြောင်း‌တွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ဧပြီလကနေ လက်ရှိ ဇွန်လလယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️အာဆီယံနဲ့ ကုလသမဂ္ဂမှာ အာဏာသိမ်းမြန်မာစစ်အုပ်စုကို တရုတ်ထောက်ခံမယ်

အာဆီယံနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တရုတ်နဲ့ မြန်မာအကြားပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တရုတ်နဲ့ အာဆီယံကြားမှာ ငြိမ်းချမ်းတဲ့၊ လုံခြုံဘေးကင်းတဲ့၊ သာယာဝပြော လှပတဲ့ ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှုတွေ ဖော်ဆောင်နိုင်ရေးပိုမိုအားထည့် ပူးပေါင်းသင့်တယ်ဆိုတာကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ခရီးစဉ်အတောအတွင်း သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ အာဆီယံဒေသရဲ့တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးတွေမှာ တရုတ်နဲ့ မြန်မာပူးပေါင်းဆောင်ရွက်ကြဖို့လည်း အပြန်အလှန်ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီးလန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစုအဖွဲ့ (LMC)ကို ပိုမိုတောင့်တင်းအားကောင်းလာစေဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးကိစ္စတွေကိုလည်း ညှိနှိုင်းသဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှု

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်မြောက် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မုံရွာမြို့ရဲ့ အထင်ကရနေရာတွေမှာ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီက ဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ မုံရွာမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ကန်သာယာ ပန်းခြံတို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။
👍16❤4🔥1🤣1🖕1
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ ချက်ချင်းလွှတ် လို့ ကြွေးကြော်သံတွေဟစ်ကြွေးကာ လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း ဒေသခံတော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုနဲ့ ပါဝင်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်!" ၊ "အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!" လို့ ကြွေးကြော်ဆန္ဒပြခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်တဲ့အတွက် "နှင်းဆီလှုပ်ရှားမှု" မှာ ပြည်တွင်း၊ ပြည်ပက လူထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"လို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့အခြေပြုကျောင်းရှိ ကျောင်းသား၊သူတွေနဲ့ ဆရာ၊ဆရာမတွေက နှင်းဆီနီကမ်းပိန်းပြုလုပ်ခြင်း၊ အမေစုရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်တမ်း တိုက်ပွဲဝင်မှုတွေနဲ့ စံပြအတုယူထိုက်တဲ့ စိတ်ထားတွေကို ဟောပြောခဲ့ပါတယ်။
❤23🔥1🤣1🖕1
❤28👍6🤬4🔥1👏1