ပြည်သူများ၏ အဆုံးမရှိသော ဇွဲ၊ စနစ်ကျသောဦးဆောင်မှု နှင့်အစုအဖွဲ့များကြား ပဋိ
ပက္ခကင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ
သည်သာလျှင် အပြင်ဘက်မှ ဖိအားများကြားတွင် တောင့်ခံနိုင်မည့် အင်အားဖြစ်လာမည်။
ဒီမိုကရေစီနှင့်တရားမျှတမှုအတွက် အသက်
၊သွေး၊ချွေး ၊ဘဝများကိုပေးဆပ်ပြီး အံမခန်း ခံနိုင်ရည်ဖြင့် ဇွဲသန်သန် ကြိုးစားမှုတွင် မြန်
မာပြည်သူများနှင့်တော်လှန်ရေးသမားများ
သည် ယနေ့ ကမ္ဘာ၌ ရှားမှရှား သတ္တိရှင်များလည်းဖြစ်သည်။ခက်ခဲကြမ်းတမ်းလှသော်လည်း မြန်မာပြည်သူများကဇွဲသန်သန်ဖြင့် ကြိုးစားနေသည်မှာ ယနေ့ကမ္ဘာတွင် အလွန်ရှားပါးသောဖြစ်ရပ်လည်းဖြစ်၏ ။
နိုင်ငံရေးအပြောင်းအလဲများတွင်အချိန်အ
ခါသည် အဓိကကျသော်လည်း၊ အချိန်အခါကို စောင့်ဆိုင်းရုံဖြင့်မလုံလောက်ဘဲ စနစ်
တကျ ပြင်ဆင်ထားသည့် အရည်အချင်းပြည့်ဝသောခေါင်းဆောင်မှုလိုအပ်နေသည်။
မြန်မာနိုင်ငံသည်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန်မှာ ကမ္ဘာကြီး၏ ပထဝီနိုင်ငံရေး အခြေအနေများကို နားလည်သဘောပေါက်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးသာမကဘဲ၊ နိုင်ငံတကာ သံတမန်ရေးရာတွင်လည်း ထိုးဖောက်ဝင်ရောက်နိုင်သော ဗျူဟာမြောက်စဉ်းစားတွေးခေါ်မှုများလိုအပ်သည်။
မြန်မာတို့သည် ပြည်ပ၏ အကူအညီကိုသာ စောင့်မျှော်နေမည့်အစား ကိုယ်တိုင် စွမ်းအား၊ စုစည်းမှုနှင့်အမြော်အမြင်ရှိသောခေါင်း
ဆောင်မှုဖြင့်သာလျှင် ဤခရီးကြမ်းကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက်ဒီမိုကရေစီသည် အလွယ်
တကူ ရရှိလာမည့် လက်ဆောင်မဟုတ်ဘဲ၊ ပြည်သူတို၏အသက်သွေးချွေးများ၊ ညီ
ညွတ်မှုများနှင့် ရေရှည်ရုန်းကန်မှုများဖြင့် တည်ဆောက်ယူရမည့် ရလဒ်တခုသာ ဖြစ်
သည်ကိုနားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ ။

👍28🥰3🔥2🤣1
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်
ဇွန်-၁၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အထင်ကရနေရာတွေမှာ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီက ဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ မုံရွာမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ကန်သာယာ ပန်းခြံတို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။
"ရန်သူကြောက်ဒူးတုန်စေတဲ့ နှင်းဆီတွေဟာ မုံရွာမြို့မှာလည်း ပေါ်ပေါက်လာပြီဖြစ်တယ်"လို့ အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီက အသိပေးထားပါတယ်။
နှင်းဆီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ ချက်ချင်းလွှတ် လို့ ကြွေးကြော်သံတွေဟစ်ကြွေးကာ လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း ဒေသခံတော်လှန်ပြည်သူတွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုနဲ့ ပါဝင်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်!" ၊ "အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!" လို့ ကြွေးကြော်ဆန္ဒပြခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်တဲ့အတွက် "နှင်းဆီလှုပ်ရှားမှု" မှာ ပြည်တွင်း၊ ပြည်ပက လူထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
အလားတူ မုံရွာမြို့ပေါ်မှာလည်း နှင်းဆီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
မုံရွာမြို့အတွင်းရှိ အစစ်အဆေးတွေ၊ နှင်းဆီပန်း ဝယ်ယူ ၊ သယ်ယူခွင့်တွေ ပိတ်ဆို့နေတဲ့ ကြားမှ လူထုအကူအညီနဲ့ မုံရွာမြို့ပေါ် အထင်ကရနေရာတွေမှာ နှင်းဆီ လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး ထိန်းချုပ်နယ်မြေတစ်နေရာမှာလည်း တော်လှန်လူငယ်တွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့ အဖြစ် နှင်းဆီလှုပ်ရှားမှုကို ဆင်နွှဲပြီး အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ကမ်ပိန်းဓါတ်ပုံရိုက်ကူးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"လို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့အခြေပြုကျောင်းရှိ ကျောင်းသား၊သူတွေနဲ့ ဆရာ၊ဆရာမတွေက နှင်းဆီနီကမ်းပိန်းပြုလုပ်ခြင်း၊ အမေစုရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်တမ်း တိုက်ပွဲဝင်မှုတွေနဲ့ စံပြအတုယူထိုက်တဲ့ စိတ်ထားတွေကို ဟောပြောခဲ့ပါတယ်။

❤27👍6🔥1🤣1
တော်လှန်နယ်မြေက နှင်းဆီလှုပ်ရှားမှု
ဇွန်-၁၈၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှု အနေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး အားကစား ပြိုင်ပွဲတွေ ကမ်ပိန်းဓါတ်ပုံရိုက်ကူးတာတွေပြုလုပ်ခဲ့ပါတယ်။
တော်လှန်လူငယ်တွေက ဘောလုံးပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲနဲ့ အခြား အားကစားပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး Free Aung Sann Suu Kyi/ Proof of Life/ 81 စတဲ့စာသားတွေကို နှင်းဆီးပန်းတွေနဲ့ ပုံဖော်ကာ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။
မနက်ဖြန်(ဇွန်၁၉) ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁နှစ်ပြည့်မွေးနေ့မှာတနိုင်ငံလုံးအနှံ့ “နှင်းဆီလှုပ်ရှားမှု” ဆင်နွှဲကြဖို့ တော်
လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုး
ဆော်ထားပြီး စစ်တပ်က နှင်းဆီပန်း ရောင်း
ချတာ ဝယ်ယူတာ နဲ့ သယ်ယူတာ တွေကို အထူးပိတ်ပင်ထားတယ်လို့ သိရပါတယ်။

❤31👍2🤮2🥰1🤣1
ဓာတ်ပုံ - GSCB ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဟုမ္မလင်းသပိတ်၊ ဂန့်ဂေါသပိတ်
❤44🥰5👍3🤮2🤣1