လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။
အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။
အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေလှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။
"မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။”လို့ သူကတောင်းဆိုထားပါတယ်။
နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။
နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။
နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။
https://www.ludunwayoo.com/feature-mm/2026/06/13/159923/

LuduNwayOo
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ဘာပေးမလဲ | LuduNwayOo
လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။
❤56🥰7🤮1🤣1
စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို စစ်တပ်အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချ
ဇွန် ၁၈ ၊ ၂၀၂၆။ ဟာနာဆန်/People's Spring
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ ၎င်းရဲ့သားဖြစ်သူတို့ကို စစ်တပ်ရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီကနေ့ (ဇွန်လ ၁၈ ရက်)မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဆရာတင်ညွှန့်တို့ သားအဖကို ၂ လနီးပါးအကြာ ဒီကနေ့မှာ စစ်တပ်ကဆွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။
"အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာ"လို့ ဆရာတင်ညွန့် မိသားစုနဲ့ နီးစပ်သူ စာပေသမားတစ်ဦးက ပြောပါတယ်။
အသက် ၇၁ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ၎င်းတို့ရဲ့နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးနောက် သန်လျင်မြို့နယ်တရားရုံးမှာ ချုပ်ရက်ယူခဲ့ပြီး အမှုစတင်စစ်ဆေးချိန်ကတည်းက အင်းစိန်အကျဉ်းထောင်အတွင်း၌သာ စစ်ဆေးခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
တရားရုံးချိန်း ၄ ကြိမ်အထိ စစ်ဆေးပြီးနောက် ဒီကနေ့မှာ ၅ ချိန်းမြောက် ရုံးချိန်းမှာ အထူးတရားရုံးက ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ဆရာတင်ညွှန့် ဖမ်းဆီးခြင်းမခံရမီရက်ပိုင်းအလိုက အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ ဆရာ့ရဲ့
၂၀၁၄ ခုနှစ်ထုတ် ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်၊ ၂၀၁၉ ခုနှစ်ထုတ် ခွေးထိန်းငတာက ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်ထုတ် ဦးသန်းရွှေ၏ ယတြာများစတဲ့ စာအုပ်တွေကို ရောင်းချခဲ့ပါတယ်။ အဲဒီစာအုပ်တွေဟာ ဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက်မှာ တရားဝင် ထုတ်ဝေခဲ့တာတွေပါ။
စစ်အုပ်စုဟာ ယခင်က တရားဝင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေကို အကြောင်းပြပြီး စာအုပ်ရောင်းသူကို ဖမ်းဆီးခဲ့တဲ့အပြင် ရေးသူ အသက် ၇၁ နှစ်အရွယ် ဆရာတင်ညွှန့်နဲ့ ထုတ်ဝေသူ ဆရာ့သားကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဆရာတင်ညွှန့်ဟာ Facebook လူမှုကွန်ရက်ပေါ်မှာလည်း စာတွေရေးသားလေ့ရှိတာကြောင့် အဆိုပါစာတွေကိုပါ စစ်ကောင်စီက မျက်မုန်းကျိုးပြီး အခါအခွင့်သင့်တာနဲ့တပြိုင်နက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ယူဆကြတယ်။ စစ်အုပ်စုဟာ စာရေးဆရာတင်ညွန့်ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။
ဆရာတင်ညွှန့်ဟာ ၂၀၁၁ ခုနှစ်မှာ “လူငယ်နှင့်အတွေးအမြင်” စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်တဲ့ လူငယ်စာပေဆုကိုရရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံစာပေဆု ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမျိုးသားစာပေဆုကို ကျောင်းဆရာ မှတ်တမ်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူ့ရေးသားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပြီး မြင့်မြတ်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိစေခဲ့ပါတယ်။ ဆရာဟာ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း (၅၀) ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းတဲ့နေ့တုန်းကလည်း စာရေးဆရာ မောင်သာချိုနဲ့ ဆရာမ သန်းမြင့်အောင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။ ဆရာမောင်သာချိုရော ဆရာမသန်းမြင့်အောင်ပါ အကျဥ်းထောင်ထဲမှာ နှစ်နှစ်နီးပါး အကျဥ်းချခံခဲ့ရပါတယ်။ သို့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ ဆရာမောင်သာချိုဟာ အကျဥ်းထောင်ထဲကနေ ရရှိလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အခုလည်း အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဆရာတင်ညွှန့်ကို မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဆရာတင်ညွှန့်စာအုပ်ရောင်းလို့ အဖမ်းခံရတဲ့ အမျိုးသမီးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

🤬34❤10👎6😢3👏2🤮2😡2
၁၉၃၀ ခုနှစ်ကစပြီး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်ကျင်းပပြီးခဲ့တာမှာ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံက ၈ နိုင်ငံပဲရှိပါတယ် ။ဘရာဇီး ၅ကြိမ် ၊ဂျာမနီ နဲ့ အီတလီ ၄ ကြိမ်စီ ၊အာဂျင်တီးနား ၃ ကြိမ် ၊ပြင်သစ် နဲ့ ဥရုဂွေး ၂ ကြိမ်စီ၊ အဂ်လန် နဲ့ စပိန် တို့က ၁ ကြိမ်စီပါ ။
အဲဒီထဲကမှ နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တာ အီတလီက ၁၉၃၄ နဲ့ ၁၉၃၈ ၊ ဘရာဇီးက ၁၉၅၈ နဲ့ ၁၉၆၂ မှာဗိုလ်စွဲခဲ့တာပါ။
အီတလီရဲ့ ဗိုလ်စွဲမှုဟာ ဖက်ဆစ်အာဏာရှင် မူဆိုလီနီလက်ထက် ဘောလုံးအောင်မြင်မှုကို ဖက်ဆစ်ဝါဒအောင်မြင်မှုအဖြစ် ဝါဒဖြန့်ဖို့အိမ်ရှင်လုပ်ခဲ့တဲ့ ၁၉၃၄ မှာ နောက်ကွယ်ကဖိအားပေးတာ၊မသမာမှုတွေလုပ်ခဲ့တာတွေရှိခဲ့တယ်လို့ဘောလုံးသမိုင်းသုတေသီအချို့က ထောက်ပြပါတယ် ။၁၉၃၈ ဗိုလ်စွဲတာမှာလည်း ဖက်ဆစ်အာဏာရှင်က အီတလီဘောလုံးသမားတွေကို ဗိုလ်လုပွဲမှာမနိုင်ရင် အသတ်ခံရမယ်ဆိုတဲ့သဘောထိတောင်ဖိအားပေးခဲ့ကြတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိခဲ့ပါတယ် ။
တဖက်မှာ မူဆိုလီနီရဲ့ဖိအားပေးမှုတွေရှိတဲ့တိုင် အီတလီအသင်းမှာ အဲဒီခေတ်က အလွန်ကောင်းတဲ့ကစားသမားတွေလည်းနေပါတယ် ။ကွင်းလယ်ဖန်တီးရှင်လည်းဖြစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂျူစပီ မိအာဇာ (Giuseppe Meazza) နဲ့ နည်းပြဗစ်တိုရီယိုပိုဇို (Vittorio Pozzo) တို့က အောင်မြင်မှုရဲ့သော့ချက်တွေဖြစ်ပါတယ် ။
ဘရာဇီးရဲ့ နှစ်ကြိမ်ဆက် ချန်ပီယံဆုအောင်ပွဲမှာ သူရဲကောင်းတွေကတော့ ပုလဲနက်လို့တင်စားကြတဲ့ ပီလီ နဲ့ ဂါရင်ချာ တို့ပဲဖြစ်ပါတယ်။၁၉၅၈ ကမ္ဘာ့ဖလားမှာ ၁၇ နှစ်သားပီလီက ကမ္ဘာကြီးကိုအံအားသင့်စေခဲ့ပါတယ်။၁၉၆၂ ကမ္ဘာ့ဖလားမှာတော့ ပီလီတစ်ယောက်အုပ်စုဒုတိယပွဲမှာပဲ ဒဏ်ရာရပြီး ပြိုင်ပွဲတစ်ခုလုံးမကစားနိုင်တော့ချိန်မှာ တောင်ပံကစားသမား ဂါရင်ချာက ဘရာဇီးအသင်းကို ဗိုလ်စွဲအောင် ပုခုံးနဲ့ထမ်းတင်ပေးခဲ့သူဖြစ်ပါတယ် ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီစွမ်းဆောင်ခဲ့တာကလည်း သွင်းဂိုး ၊ဂိုးဖန်တီးမှု ၊ပြိုင်ဘက်တွေနဲ့ ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းကအထက်ပါ ကစားသမားတွေထက် မသာရင်တောင် မနိမ်ခဲ့ပါဘူး။ သွင်းဂိုး ၇ ဂိုး၊ဂိုးဖန်တီးမှု ၃ ကြိမ်ဆိုတဲ့အချက်အလက်တွေအရဆိုရင် ပိုတောင်သာခဲ့ပါသေးတယ် ။ ဒါကြောင့် မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားမှာရော ဘယ်
လောက်စွမ်းဆောင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/06/17/160295/

ကမ္ဘာ့ဖလားမှာ နှစ် ၆၀ကျော်ကြာကျိန်စာကို မက်ဆီရဲ့အာဂျင်တီးနား ကျော်ဖြတ်နိုင်မလား | LuduNwayOo
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိနေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ အောင်ပွဲမခံနိုင်ပါဘူး။
👍32❤10🤣2👏1💩1
ကျိုက်ထိုနယ်မှာ စစ်တပ် လေယာဉ်ဗုံးကြဲလို့ စျေးသည်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ
ဇွန်-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ရွာကို စစ်တပ်က ဇွန် ၁၈ရက် နေ့လည်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ (၃၈)နှစ်အရွယ် အမျိုးသား သေဆုံးကာ ဇနီးသည် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်လေယာဉ်နဲ့ ကြဲချတဲ့ ဗုံးဟာ ချောင်းစောင့်ရွာက ကုန်စုံဆိုင်မှာ ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေ ထိခိုက်သေဆုံးခဲ့တာပါ။
စစ်တပ်ဟာ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ နေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့မနက်အစော(မနေ့ည သန်းခေါင်ကျော်)မှာလည်း မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသက စစ်ရှောင်ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူသေဆုံးထိခိုက်မရှိပေမယ့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်ပေးခဲ့တဲ့ စစ်ရှောင်နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဒေသဟာ မွန်ပြည်သစ်ပါတီ(NMSP) တပ်ထိန်းချုပ်ရာ ဒေသဖြစ်ပါတယ်။
စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူလူထုတွေ နေ့စဉ်နီးပါး သေဆုံးထိခိုက်လျက်ရှိပါတယ်။

🤬31❤5👏2👎1
■အတွေးအမြင်
တရုတ်၊ရုရှ၊ အိန္ဒိယနဲ့ အာဆီယံတို့ကြောင့် ခက်ခဲနေတဲ့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်း
-Anonym ရေးသားသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်
၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။
၁၉၆၂ ခုနှစ်တွင်စတင်ခဲ့သောတိုက်ရိုက်စစ်အုပ်ချုပ်ရေးမှသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သောစစ်အာဏာသိမ်းမှုများအထိ။မြန်မာပြည်သူတို့သည်ဒီမိုကရေစီဆီသို့ မျှော်လင့်ချက်များဖြင့်ရုန်းကန်လာခဲ့ကြသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း ယနေ့အချိန်အထိ ဒီမိုကရေစီစနစ်၏ အရသာကိုအပြည့်အဝ မခံစားရသေးသည့်အပြင် ပြည်သူသောင်းနှင့်ချီ အ
သက်ဆုံးရှုံးရမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်
သည်။
ဤအခြေအနေသည်ပြည်သူတို့၏ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် စစ်တပ်၏စွမ်းဆောင်ရည်နှင့်သက်ဆိုင်သည်ဟုဆိုလျှင်လွဲမှားပေလိမ့်မည်။ပြည်သူများညံ့၍လည်းမဟုတ်သ
လို စစ်တပ်တော်လွန်း၍လည်း မဟုတ်ပါ။
မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးမျှသာမဟုတ်ဘဲပထဝီနိုင်ငံရေး၊ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ပါဝင်ပတ်သက်မှုနှင့်အာဆီယံဒေ
သတွင်း အာဏာစက်ဝန်းများ၏လှည့်ကွက်
များကြားတွင်နစ်မွန်းနေခြင်းဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခရီးကြမ်း၏ အဓိကအတား
အဆီးမှာအိမ်နီးချင်းနိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားဖြစ်သည်။လက်နက်အားကိုးဖြင့် အာဏာလုပြီး ရွေးကောက်
ပွဲအတုလုပ် စစ်ယူနီးဖောင်းချွတ် ကာသမ္မတရာထူးယူခဲ့သည့် မင်းအောင်လှိုင်သည် သူ၏ ပထမဆုံး နိုင်ငံခြားခရီးစဥ်ကို အိန္ဒိယနဲ့စတင်ခဲ့ပြီး အိန္ဒိယမှ ပြန်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်သို့ ခရီးဆက်ခဲ့ပါသည်။
မင်းအောင်လှိုင်၏ လက်ထောက် လူယုံဖြစ်သည့် ဒုတိယသမ္မတ ညိုစောသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်ရုရှသို့သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံသည် အာဏာရှင်စစ်အုပ်ကို ၎င်းတို့၏နယ်စပ်လုံခြုံရေးနှင့်မြန်မာအတွင်းရှိ တရုတ်၏စီးပွားရေး လမ်းကြောင်းများအ
တွက် အဓိကအထောက်အကူအဖြစ် သ
ဘောထားသည်။
တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုသည် အာဆီယံနိုင်ငံအသီးသီးအပေါ်တွင်လည်းရိုက်ခတ်လျက်ရှိပြီးဒေသတွင်းမတည်
ငြိမ်မှုများကို ဖြစ်စေနိုင်သောမည်သည့်အ
ပြောင်းအလဲကိုမဆို ၎င်းတို့က ရှောင်ရှားလိုသည်။
ထိုနည်းတူစွာ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ မြောက်ပိုင်းပြည်နယ်များ တည်ငြိမ်ရေးနှင့် အရှေ့အာရှနှင့် ဆက်သွယ်ရေးစီမံကိန်းများအတွက် မြန်မာ့စစ်တပ်နှင့် လက်တွဲလုပ်
ဆောင်ရန် အခြေအနေပေးသည့်အတိုင်း ပြုလုပ်လေ့ရှိသည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းဖြစ်သည့်အားလျော်စွာ မြန်မာ့အကျပ်အတည်းတွင် ကြားနေရန် ကြိုးစားရင်းတဖက်တလမ်းမှ စစ်အစိုးရနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ဤပထဝီနိုင်ငံရေး အခြေအနေများသည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက်ကြီးမား
သော အတားအဆီးတခုသဖွယ်ဖြစ်နေသည်။
ကမ္ဘာ့အဆင့်တွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသည့်ရုရှားနှင့်တရုတ်တို့၏အခန်းကဏ္ဍသည် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းကို ပိတ်ဆို့ထားသည့်အဓိကအချက်ဖြစ်လာသည်။
တရုတ်နှင့်ရုရှားသည်စစ်ရေးအရရော၊နိုင်ငံ
ရေးအရပါ မြန်မာ့စစ်တပ်၏ကျောထောက်
နောက်ခံအဖြစ် မားမားမတ်မတ် ရပ်တည်နေပြီး၊ကုလသမဂ္ဂတွင်စစ်အစိုးရအပေါ် အ
ရေးယူမှုမှန်သမျှကို ဗီတိုအာဏာဖြင့် ပိတ်ပင်ထားသည်။ ရုရှအောက်ဆွဲနိုင်ဖြစ်သည့်
ဘိလာရုစ်ကဲ့သို့သောနိုင်ငံများကလည်း အလားတူလမ်းစဉ်ကို လိုက်နာလျက်ရှိသည်။
ဒီမိုကရေစီ၏ ရှေ့ဆောင်လမ်းပြအဖြစ် သ
မိုင်းတွင်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ အခြေအနေကို ပြန်ကြည့်ရင်လည်း ခေါင်း
ဆောင်မှုပုံစံ ပြောင်းလဲမှုများကြောင့် အမေရိကန်သည် ၎င်း၏ အာရုံစိုက်မှုကို မြန်မာ့အ
ရေးထက် ပြည်တွင်းရေးတွင် ပိုမိုအားစိုက်နေရပြီး၊ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဒီမိုကရေစီ စံနှုန်းများကျဆင်းလာမှုနှင့်အတူ မြန်မာနိုင်
ငံအတွက် ထိရောက်သော အကူအညီများ ပေးအပ်ရန် ခက်ခဲနေသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေမှာလည်း အခြားတစ်ဖက်မှ အလှည့်အပြောင်းများ ရှိနေသည်။အာဆီယံ၏ "ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး" မူဝါဒသည် စစ်အာဏာရှင်တို့အတွက် အကာအကွယ်တခုသဖွယ် ဖြစ်နေသည်။
အဖွဲ့ဝင်နိုင်ငံအချို့သည် ဒီမိုကရေစီစနစ်ထက် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုပုံစံများကိုသာ ပိုမိုနှစ်သက်ကြပြီး၊ ထိုကဲ့သို့သော နိုင်ငံရေး ယဉ်ကျေးမှုများကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် ဒေသတွင်းထောက်ခံမှု ရရှိရန် ခက်ခဲနေသည်။
အာဆီယံအနေဖြင့်မြန်မာ့အရေးကိုကိုင်တွယ်
ဖြေရှင်းရာတွင် တသားတည်းကျသော သ
ဘောထားမျိုး မရှိခြင်းက စစ်တပ်အတွက် အသက်ရှူပေါက်ပေးထားသလိုဖြစ်စေသည်။
ဤသို့သော ရှုပ်ထွေးလှသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကြားတွင် မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းသည်အလွန်ခက်ခဲကြမ်း
တမ်းနေမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော်လည်း အခက်အခဲသည် မဖြစ်နိုင်ခြင်းဟု မဆိုလိုပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက်အဓိကသော့ချက်မှာ ပြည်တွင်းညီညွတ်မှုသာဖြစ်သည်။ း

❤16👍11🔥2🤔1🤣1
ပြည်သူများ၏ အဆုံးမရှိသော ဇွဲ၊ စနစ်ကျသောဦးဆောင်မှု နှင့်အစုအဖွဲ့များကြား ပဋိ
ပက္ခကင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ
သည်သာလျှင် အပြင်ဘက်မှ ဖိအားများကြားတွင် တောင့်ခံနိုင်မည့် အင်အားဖြစ်လာမည်။
ဒီမိုကရေစီနှင့်တရားမျှတမှုအတွက် အသက်
၊သွေး၊ချွေး ၊ဘဝများကိုပေးဆပ်ပြီး အံမခန်း ခံနိုင်ရည်ဖြင့် ဇွဲသန်သန် ကြိုးစားမှုတွင် မြန်
မာပြည်သူများနှင့်တော်လှန်ရေးသမားများ
သည် ယနေ့ ကမ္ဘာ၌ ရှားမှရှား သတ္တိရှင်များလည်းဖြစ်သည်။ခက်ခဲကြမ်းတမ်းလှသော်လည်း မြန်မာပြည်သူများကဇွဲသန်သန်ဖြင့် ကြိုးစားနေသည်မှာ ယနေ့ကမ္ဘာတွင် အလွန်ရှားပါးသောဖြစ်ရပ်လည်းဖြစ်၏ ။
နိုင်ငံရေးအပြောင်းအလဲများတွင်အချိန်အ
ခါသည် အဓိကကျသော်လည်း၊ အချိန်အခါကို စောင့်ဆိုင်းရုံဖြင့်မလုံလောက်ဘဲ စနစ်
တကျ ပြင်ဆင်ထားသည့် အရည်အချင်းပြည့်ဝသောခေါင်းဆောင်မှုလိုအပ်နေသည်။
မြန်မာနိုင်ငံသည်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန်မှာ ကမ္ဘာကြီး၏ ပထဝီနိုင်ငံရေး အခြေအနေများကို နားလည်သဘောပေါက်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးသာမကဘဲ၊ နိုင်ငံတကာ သံတမန်ရေးရာတွင်လည်း ထိုးဖောက်ဝင်ရောက်နိုင်သော ဗျူဟာမြောက်စဉ်းစားတွေးခေါ်မှုများလိုအပ်သည်။
မြန်မာတို့သည် ပြည်ပ၏ အကူအညီကိုသာ စောင့်မျှော်နေမည့်အစား ကိုယ်တိုင် စွမ်းအား၊ စုစည်းမှုနှင့်အမြော်အမြင်ရှိသောခေါင်း
ဆောင်မှုဖြင့်သာလျှင် ဤခရီးကြမ်းကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက်ဒီမိုကရေစီသည် အလွယ်
တကူ ရရှိလာမည့် လက်ဆောင်မဟုတ်ဘဲ၊ ပြည်သူတို၏အသက်သွေးချွေးများ၊ ညီ
ညွတ်မှုများနှင့် ရေရှည်ရုန်းကန်မှုများဖြင့် တည်ဆောက်ယူရမည့် ရလဒ်တခုသာ ဖြစ်
သည်ကိုနားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ ။

👍28🥰3🔥2🤣1
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်
ဇွန်-၁၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အထင်ကရနေရာတွေမှာ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီက ဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ မုံရွာမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ကန်သာယာ ပန်းခြံတို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။
"ရန်သူကြောက်ဒူးတုန်စေတဲ့ နှင်းဆီတွေဟာ မုံရွာမြို့မှာလည်း ပေါ်ပေါက်လာပြီဖြစ်တယ်"လို့ အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီက အသိပေးထားပါတယ်။
နှင်းဆီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ ချက်ချင်းလွှတ် လို့ ကြွေးကြော်သံတွေဟစ်ကြွေးကာ လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း ဒေသခံတော်လှန်ပြည်သူတွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုနဲ့ ပါဝင်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်!" ၊ "အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!" လို့ ကြွေးကြော်ဆန္ဒပြခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်တဲ့အတွက် "နှင်းဆီလှုပ်ရှားမှု" မှာ ပြည်တွင်း၊ ပြည်ပက လူထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
အလားတူ မုံရွာမြို့ပေါ်မှာလည်း နှင်းဆီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
မုံရွာမြို့အတွင်းရှိ အစစ်အဆေးတွေ၊ နှင်းဆီပန်း ဝယ်ယူ ၊ သယ်ယူခွင့်တွေ ပိတ်ဆို့နေတဲ့ ကြားမှ လူထုအကူအညီနဲ့ မုံရွာမြို့ပေါ် အထင်ကရနေရာတွေမှာ နှင်းဆီ လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး ထိန်းချုပ်နယ်မြေတစ်နေရာမှာလည်း တော်လှန်လူငယ်တွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့ အဖြစ် နှင်းဆီလှုပ်ရှားမှုကို ဆင်နွှဲပြီး အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ကမ်ပိန်းဓါတ်ပုံရိုက်ကူးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"လို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့အခြေပြုကျောင်းရှိ ကျောင်းသား၊သူတွေနဲ့ ဆရာ၊ဆရာမတွေက နှင်းဆီနီကမ်းပိန်းပြုလုပ်ခြင်း၊ အမေစုရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်တမ်း တိုက်ပွဲဝင်မှုတွေနဲ့ စံပြအတုယူထိုက်တဲ့ စိတ်ထားတွေကို ဟောပြောခဲ့ပါတယ်။

❤27👍6🔥1🤣1
တော်လှန်နယ်မြေက နှင်းဆီလှုပ်ရှားမှု
ဇွန်-၁၈၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှု အနေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး အားကစား ပြိုင်ပွဲတွေ ကမ်ပိန်းဓါတ်ပုံရိုက်ကူးတာတွေပြုလုပ်ခဲ့ပါတယ်။
တော်လှန်လူငယ်တွေက ဘောလုံးပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲနဲ့ အခြား အားကစားပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး Free Aung Sann Suu Kyi/ Proof of Life/ 81 စတဲ့စာသားတွေကို နှင်းဆီးပန်းတွေနဲ့ ပုံဖော်ကာ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။
မနက်ဖြန်(ဇွန်၁၉) ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁နှစ်ပြည့်မွေးနေ့မှာတနိုင်ငံလုံးအနှံ့ “နှင်းဆီလှုပ်ရှားမှု” ဆင်နွှဲကြဖို့ တော်
လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုး
ဆော်ထားပြီး စစ်တပ်က နှင်းဆီပန်း ရောင်း
ချတာ ဝယ်ယူတာ နဲ့ သယ်ယူတာ တွေကို အထူးပိတ်ပင်ထားတယ်လို့ သိရပါတယ်။

❤31👍2🤮2🥰1🤣1
ဓာတ်ပုံ - GSCB ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဟုမ္မလင်းသပိတ်၊ ဂန့်ဂေါသပိတ်
❤44🥰5👍3🤮2🤣1