(နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)
🤬39🤮3👎2❤1👏1
■Photo News
နှင်းဆီလှုပ်ရှားမှု နဲ့ ပြည်သူ့မေတ္တာ
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု"
ကိုပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ကျေးလက်တွေမှာပြုလုပ်နေပြီဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်း
မှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြည်သူတွေက ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြဖို့ တော်လှန်ရေးအဖွဲ့တွေကနှိုးဆော်ထားပါတယ်။နှင်းဆီလှုပ်ရှားမှုအကြောင်း အသိပညာပေးလက်ကမ်းစာစောင်တွေ ကိုသပိတ်အဖွဲ့တွေက လူထုထံလိုက်လံဖြန့်ဝေတာ၊ ကပ်တာတွေကိုလုပ်နေကြပါတယ်။အခုဓါတ်ပုံကတော့ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုပြီးပျက်စီးမှာစိုးတဲ့ ပြည်သူတွေက လက်ကမ်းစာရွက်ကိုပလက်စတစ်အိတ်နဲ့ ကာပေးထားတာဖြစ်ပါတယ်။
"ကျနော်တို့ရဲဘော်တွေ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုမှာစိုးလို့တဲ့ ပြည်သူတွေက အခုလိုလေး လာဖုံးပေးသွားတာ ချစ်စရာကောင်းလိုက်ကြတာဗျာ"လို့သပိတ်အဖွဲ့ဝင်တဦးကပြောပါတယ်။

👍33❤25🥰4❤🔥1🤮1👌1🤣1🏆1🍓1
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊KPDF ဖမ်းဆီး
ဇွန်-၁၈၊၂၀၂၆။ဇော်ရမ်း/People's Spring
ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ
၁၆ရက်နေ့က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကအဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။
ဖားကန့်ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်းတွေကအရပ်
သားပြည်သူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကနေ လက်ရှိ ဇွန်လ လယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" စစ်ရေးကြောင့် KIAက ဆုတ်ထားချိန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မွှေနှောက်နေတာလေ။ ဓားပြတိုက်တာက ထမင်းစားရေ
သောက်လုပ်နေတာ။ ပဲပြုတ်သည်၊ ဝက်သားသည်ဆီကအစ ငွေတောင်းတာ။ဈေးဆိုင်တွေကို ဓားပြတိုက်ရင် ငွေမရှိဘူးဆို Kpay က လွှဲခိုင်းတာ။ အခု ဖမ်းမိပေမယ့်အဖွဲ့ကအများကြီး။ စိတ်ချလို့ မရပါဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်
၅ဦးပါ ဓားပြအဖွဲ့ကို ဇွန်လ၁၆ရက်နေ့က ဖမ်းလိုက်ပေမယ့် ဇွန်လ ၁၇ရက်ညမှာပဲ ဖားကန့်မြိုနယ်၊ နမ္မဖြစ်အုပ်စု၊ ဆွတ်ဂျတ်ရွာက ကျောက်စိမ်းကုမ္ပဏီနဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ နောက်ထပ်ဓားပြတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။လက်
ရှိဖမ်းဆီးထားသူငါးဦးထဲမှာ စစ်ကောင်စီ
တပ်ကိုသတင်းပေးနေတဲ့ ဒေသခံတဦးလည်းပါဝင်နေလို့ သိရတယ်။
ဖားကန့်မှာဆိုးသွမ်းနေတဲ့ဓားပြအဖွဲ့ကို KIA၊KPDF အနေနဲ့ သေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
လက်ရှိမှာဖားကန့်မြို့နယ် နဲ့ လုံးခင်းကျေးရွာ
အုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိနေပါတယ်။ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်
ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

👍36🤬4👏3🤣3❤2💩1
ရခိုင်မှာ အေးဂျင့် ဘဏ်အကောင့်တွေ အပိတ်ခံရပြီးနောက် ငွေထုတ်ခ စျေးတက်
ဇွန် ၁၈၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ငွေသားထုတ်ခတွေ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ ကျော်ထိ စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဘဏ်တွေဟာ ရခိုင်အပါအဝင် နိုင်ငံအဝှမ်းမှ ငွေအသွင်းအထုတ်များတဲ့ ငွေလွှဲ ၊ ငွေထုတ်အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ငွေလွှဲ၊ ငွေထုတ် အေးဂျင့်အများအပြားရဲ့ အကောင့်တွေ ပါသွားခဲ့ပါတယ်။
“ရခိုင်က အကောင့်တွေ တော်တော်များများ ပိတ်သွားတယ်။ KBZ အကောင့်တွေ အပိတ်ခံရတာပါ။ ကျွန်မမှာ သိန်းငါးရာကျော် ပါသွားတယ်။ တချို့ သုံးထောင်ပါသူပါ၊ လေးထောင်ပါသူပါ ပါသွားကြတယ်။ မြို့နယ်တိုင်းက အကောင့်တွေပါတယ်။ အကောင့်တွေက လုံး၀ ပိတ်လိုက်တဲ့သဘော၊ ပါသွားတဲ့ငွေတွေ ဆုံးသွားပြီ။ နစ်နာကြတယ်” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတဲ့အထဲ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှ ဘဏ်အကောင့်တွေပိုများတယ်လို့ ဆို ကြပါတယ်။
KBZ Pay နဲ့ KBZ Mobile Banking အကောင့်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်မှာ KBZ ဘဏ်က နည်းပညာစနစ်မြှင့်တင်မှုပြုလုပ်နေတယ်လို့ ထုတ်ပြန်အပြီးမှာ အကောင့်ပြန်ဝင်မရ၊ ပိတ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ငွေလွှဲ၊ ငွေထုတ်သမားတွေရဲ့ အကောင့်တွေပိတ်ခံရပြီး၊ ငွေတွေဆုံးရှုံးရပြီးနောက် ရခိုင်မှာ အရင်က ကျပ် ၁သိန်း ထုတ်ခ ကျပ် ၃၀၀၀ ဝန်းကျင်သာ ပေးခဲ့ရရာကနေ အခုအခါ ကျပ် ၅၀၀၀၊ ၅၅၀၀၊ ၆၀၀၀ ဝန်းကျင်ထိ စျေးထိုး တက်သွားခဲ့တယ်လို့ ပြောပါတယ်။
မြို့ပေါ်တွေမှာ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ဝန်းကျင်နဲ့ ထုတ်လို့ရပေမယ့် နယ်ကျေးရွာတွေမှာတော့ ၁ သိန်းကို ကျပ် ၆၀၀၀ ဝန်းကျင်ထိ ပေးထုတ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကတော့ ငွေသားရှားမှပဲ ငွေထုတ်ခတွေ စျေးတက်တယ်။ အခု ငွေထုတ်သမားတွေမှာ အကောင့်တွေ ပါသွား လို့ စျေးတက်တာ။ တကယ်ဆိုရင် မတက်သင့်ဘူး။ ပုံမှန်စျေးနဲ့ပဲ ထုတ်ပေးရမယ်။ ငွေနည်းနည်းထုတ်တဲ့သူတွေမှာ ဆိုရင် ထုတ်ခနဲ့တင် မလွယ်ဘူး” လို့ မြေပုံမြို့နယ်မှ စျေးသည်တဦးက ပြောပါတယ်။
ငွေထုတ်ခတွေ စျေးတက်သွားတာကြောင့် နိုင်ငံခြားနဲ့ ပြည်မရောက်သားသမီးတွေရဲ့ လစာမှီခိုစားသောက်နေ ကြရတဲ့သူတွေမှာ ပိုအခက်အခဲဖြစ်သွားခဲ့ရပါတယ်။
“ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သမီးဆီက ပို့တဲ့ငွေနည်းနည်းနဲ့ မိသားစုစားနေကြတာ။ အခု ငွေနှစ်သိန်းထုတ်ရင် ထုတ်ခ တသောင်းကျော်ကုန်တော့မယ်။ စစ်ရှောင်နေရတော့ ငွေတသောင်းကျော်ကလည်း တန်ဖိုးရှိတယ်လေ။ ဒီမှာ အလုပ်လည်း မရှိဘူး။ သမီးဆီက ငွေလေးနဲ့ မိသားစု သုံး၊ လေးယောက် စားနေကြရတာ” လို့ ပေါက်တောမြို့ နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြိးနောက်ပိုင်း ဘဏ်တွေ ပိတ်သွားတာကြောင့် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေသား ထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေကိုသာ အားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေဟာ ငွေသားတွေကို ပြည်မကနေ မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် စရိတ်ကုန်ကျခံ၊ ခက်ခက်ခဲခဲသယ်ယူရပြီး ရခိုင်ပြည်တွင်း အမြတ်နဲ့ တဆင့်ပြန်လည်ရောင်းချ၊ ငွေသားထုတ်ပေးနေကြ တာဖြစ်ပါတယ်။

🔥22🤬4❤3👎3👏1🤔1
ရုရှား-အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရပြန်
ဇွန်-၁၈၊ ၂၀၂၆။ People’s Spring
ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှမ်းမိုးတဲ့ လွှတ်တော်ကနေ သူ့ကိုယ်သူသမ္မတပြန်ခန့်ပြီး နေပြည်တော်အာဏာကို ဆက်လက်ရယူခဲ့ပေမယ့် ဒေသတွင်းနိုင်ငံတွေ စုဖွဲ့ထားတဲ့ အာဆီယံရဲ့ ဖယ်ကြဥ်ထားမှုကို ခံနေရဆဲဖြစ်ကြောင်း အခုထိပ်သီးအစည်းအဝေးက သက်သေပြနေတာဖြစ်ပါတယ်။
“အာဆီယံရဲ့အသိအမှတ်ပြုမှုကို မင်းအောင်လှိုင် ဒီနှစ်ထဲရဖို့ မလွယ်သေးပါဘူး”လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အာဆီယံ-ရုရှားဆက်ဆံရေး (၃၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇နဲ့ ၁၈ရက်တွေမှာ ကျင်းပတဲ့ အခု ထိပ်သီးညီလာခံကို အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲမှာ အင်ဒိုနီးရှားသမ္မတတစ်ဦးပဲ မတက်ရောက်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်အားလုံး တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ သမ္မတအမည်ခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်မရဘဲ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်တာ တွေ့ရပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ဧပြီမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်အုပ်စုက မလိုက်နာလို့ဆိုပြီး အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ အခုညီလာခံအတွင်း စွမ်းအင်လုံခြုံရေးနဲ့ ရုရှား-အာဆီယံ ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်ရေးမြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂမှာ ဆန္ဒမဲပေးခဲ့ကြပြီး လွန်ခဲ့တဲ့လေးနှစ်ကျော်အတွင်း ရုရှားကို ပထမဆုံး ဆုံစည်းကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ကို သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်ကို ဖိတ်ကြားတွေ့ဆုံခဲ့ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို နိုင်ငံခြားဝန်ကြီးတွေ သွားရောက်ခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီမှာ အရပ်သားအစိုးရအမည်ခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ် ပြန်ဖွဲ့ချိန်ကစလို့ အာဆီယံဟာ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့ဖို့ နည်းလမ်းတွေ ရှာဖွေလာတာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း သူ့အစိုးရအဖွဲ့သစ်ဟာ အာဆီယံ ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစွာပါဝင်တဲ့ ပါဝင်ပတ်သက်သူများအစည်းဝေးကို ဇန်နဝါရီက ကျင်းပခဲ့သလို ဇွန်လ ဒုတိယပတ်ကပဲ တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားတယ်လို့ ပြောကြားထားပါတယ်။

👍28❤7😁4🥴4👎1🥰1👏1🤮1
(ရုရှား-အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရုရှားသမ္မတရုံး)
🥴20😁15👍7🤣4🖕1🫡1
ဘာသာပြန်စာရေးဆရာကြီး တင်မောင်မြင့် ကွယ်လွန်
ဇွန် ၁၈၊ ၂၀၂၆။ဟာနာဆန်/People's Spring
ကမ္ဘာ့ဂန္ထဝင်စာပေအများအပြားကို မြန်မာစာဖတ်ပရိသတ်အတွက် ရသမြောက်စွာ ပြန်ဆိုရေးသားခဲ့တဲ့ စာရေးဆရာကြီး တင်မောင်မြင့် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် ဘာသာပြန်စာရေးဆရာကြီး ဆရာတင်မောင်မြင့်ဟာ ဒီကနေ့ ဇွန် ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။
"ပါပါကြီး(ဆရာတင်မောင်မြင့်)က ဆေးရုံတက်နေတာတော့ တစ်လလောက်ရှိပြီ။ ဒီနေ့နေ့ခင်းမှာပဲ ဆုံးပါးသွားတာပါ။"လို့ စာပေလောကသားတစ်ဦးက ပြောပါတယ်။
ဆရာကြီးဟာ လူကြိုက်များလှတဲ့ မဒမ်ကျူရီ (၂၀၀၁) (သုတ)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (ရသ)၊ အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ (၂၀၀၇) (ရသ)၊ မျှော် (၂၀၁၁) (ရသ)၊ ပြစ်မှုနှင့် ပြစ်ဒဏ် (၂၀၁၂) (ရသ)စာအုပ်တွေနဲ့ အမျိုးသားစာပေဆုချီးမြှင့်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာတော့ တစ်သက်တာ အမျိုးသားစာပေဆုပါ ရရှိခဲ့ပါတယ်။
ဆရာကြီးဟာ ဘဝတစ်သက်တာလုံးကို စာဖတ်သူတွေအကျိုးရစေမယ့် ဘာသာပြန်စာပေတွေရေးသားကာ ဖြတ်သန်းခဲ့သူဖြစ်ပြီးဆရာကြီး ကွယ်လွန်သွားတာဟာ မြန်မာစာပေလောကအတွက် သာမက နိုင်ငံအတွက်ပါ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း စာပေလောကသားတွေက ပြောပါတယ်။
ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင်အလွတ်ပညာသင်ကျောင်းကနေ အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ဘီအိုစီကုမ္ပဏီ (ယခု MOGE)မှာ အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်မှာ ငွေစာရင်းအရာရှိအဖြစ်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။
ဆရာကြီးဟာ ၁၉၈၅ မှာ သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှာ အထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်းမှာ ဒုတိယ အယ်ဒီတာချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ နာမည်ရင်းဖြင့် ငွေကျွန် (World Rapers by Jonathan Black) ကို ဆရာမြတ်ငြိမ်းနဲ့ တွဲပြီး ဘာသာပြန်ခဲ့ပါတယ်။ ယနေ့အထိ ဘာသာပြန်စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသားခဲ့ပါတယ်။

😢35❤4👏1🤮1🙏1
ရွှေကူမှာ တိုက်ပွဲ နေ့စဉ်ပြင်းထန်နေဟု KIA ပြော
ဇွန်-၁၈၊ ၂၀၂၆။ =ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဇွန်လ ၁၇ရက်သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက အသိပေးရာမှာ KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေဖြစ်တဲ့ ရွှေကူဒေသ စစ်ရေး အခြေအနေကို အသိပေးထားတာပါ။
ရွှေကူမြို့ပေါ် တပ်စွဲထားတဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၇၈)၊ (၄၁၆) တပ်ရင်း ပူးပေါင်း စစ်ကြောင်းဟာ ဇွန်လ ၁၆ရက်မှာ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ စတားလင့်စက်တလုံးနဲ့ အခြားအသုံးအဆောင်တွေ ထားကာ ငါးဘတ်ကြီးရွာဘက် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁၆ရက်က သုံးခွကျေးရွာအနီး စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှမ်းမြောက် ငါးအိုဘက်က တက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၂၁) စစ်ကြောင်းဟာ သုံးခွရွာဘက် စစ်ကြောင်းလှုပ်ရှားလာတယ်လို့ ဆိုပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဇွန်လ ၁၆ရက်က ငါးအိုးရွှေကူအကြားတိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး သုံ့ပမ်းနဲ့လက်နက်ခဲယမ်း သိမ်းရတာရှိတယ်လို့ ပြောထားပါတယ်။
စစ်တပ်ဟာ ဒရုန်းတွေနဲ့ ဗုံးကြဲနေလို့ ဒေသတွင်းကျေးရွာတွေက ပြည်သူတွေဟာ ဘေးကင်းရာ တိမ်းရှောင်နေကြရကြောင်းလည်း အသိပေးပါတယ်။
စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားတွေ ဖြည့်တင်းနေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
ငါးအိုးကနေ ရွှေကူမြို့ကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ မေလဆန်းကတည်းက KIAပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။

❤23👍14🔥3🤣1
လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။
အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။
အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေလှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။
"မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။”လို့ သူကတောင်းဆိုထားပါတယ်။
နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။
နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။
နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။
https://www.ludunwayoo.com/feature-mm/2026/06/13/159923/

LuduNwayOo
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ဘာပေးမလဲ | LuduNwayOo
လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။
❤56🥰7🤮1🤣1
စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို စစ်တပ်အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချ
ဇွန် ၁၈ ၊ ၂၀၂၆။ ဟာနာဆန်/People's Spring
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ ၎င်းရဲ့သားဖြစ်သူတို့ကို စစ်တပ်ရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီကနေ့ (ဇွန်လ ၁၈ ရက်)မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဆရာတင်ညွှန့်တို့ သားအဖကို ၂ လနီးပါးအကြာ ဒီကနေ့မှာ စစ်တပ်ကဆွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။
"အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာ"လို့ ဆရာတင်ညွန့် မိသားစုနဲ့ နီးစပ်သူ စာပေသမားတစ်ဦးက ပြောပါတယ်။
အသက် ၇၁ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ၎င်းတို့ရဲ့နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးနောက် သန်လျင်မြို့နယ်တရားရုံးမှာ ချုပ်ရက်ယူခဲ့ပြီး အမှုစတင်စစ်ဆေးချိန်ကတည်းက အင်းစိန်အကျဉ်းထောင်အတွင်း၌သာ စစ်ဆေးခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
တရားရုံးချိန်း ၄ ကြိမ်အထိ စစ်ဆေးပြီးနောက် ဒီကနေ့မှာ ၅ ချိန်းမြောက် ရုံးချိန်းမှာ အထူးတရားရုံးက ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ဆရာတင်ညွှန့် ဖမ်းဆီးခြင်းမခံရမီရက်ပိုင်းအလိုက အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ ဆရာ့ရဲ့
၂၀၁၄ ခုနှစ်ထုတ် ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်၊ ၂၀၁၉ ခုနှစ်ထုတ် ခွေးထိန်းငတာက ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်ထုတ် ဦးသန်းရွှေ၏ ယတြာများစတဲ့ စာအုပ်တွေကို ရောင်းချခဲ့ပါတယ်။ အဲဒီစာအုပ်တွေဟာ ဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက်မှာ တရားဝင် ထုတ်ဝေခဲ့တာတွေပါ။
စစ်အုပ်စုဟာ ယခင်က တရားဝင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေကို အကြောင်းပြပြီး စာအုပ်ရောင်းသူကို ဖမ်းဆီးခဲ့တဲ့အပြင် ရေးသူ အသက် ၇၁ နှစ်အရွယ် ဆရာတင်ညွှန့်နဲ့ ထုတ်ဝေသူ ဆရာ့သားကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဆရာတင်ညွှန့်ဟာ Facebook လူမှုကွန်ရက်ပေါ်မှာလည်း စာတွေရေးသားလေ့ရှိတာကြောင့် အဆိုပါစာတွေကိုပါ စစ်ကောင်စီက မျက်မုန်းကျိုးပြီး အခါအခွင့်သင့်တာနဲ့တပြိုင်နက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ယူဆကြတယ်။ စစ်အုပ်စုဟာ စာရေးဆရာတင်ညွန့်ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။
ဆရာတင်ညွှန့်ဟာ ၂၀၁၁ ခုနှစ်မှာ “လူငယ်နှင့်အတွေးအမြင်” စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်တဲ့ လူငယ်စာပေဆုကိုရရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံစာပေဆု ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမျိုးသားစာပေဆုကို ကျောင်းဆရာ မှတ်တမ်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူ့ရေးသားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပြီး မြင့်မြတ်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိစေခဲ့ပါတယ်။ ဆရာဟာ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း (၅၀) ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းတဲ့နေ့တုန်းကလည်း စာရေးဆရာ မောင်သာချိုနဲ့ ဆရာမ သန်းမြင့်အောင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။ ဆရာမောင်သာချိုရော ဆရာမသန်းမြင့်အောင်ပါ အကျဥ်းထောင်ထဲမှာ နှစ်နှစ်နီးပါး အကျဥ်းချခံခဲ့ရပါတယ်။ သို့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ ဆရာမောင်သာချိုဟာ အကျဥ်းထောင်ထဲကနေ ရရှိလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အခုလည်း အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဆရာတင်ညွှန့်ကို မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဆရာတင်ညွှန့်စာအုပ်ရောင်းလို့ အဖမ်းခံရတဲ့ အမျိုးသမီးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

🤬34❤10👎6😢3👏2🤮2😡2
၁၉၃၀ ခုနှစ်ကစပြီး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်ကျင်းပပြီးခဲ့တာမှာ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံက ၈ နိုင်ငံပဲရှိပါတယ် ။ဘရာဇီး ၅ကြိမ် ၊ဂျာမနီ နဲ့ အီတလီ ၄ ကြိမ်စီ ၊အာဂျင်တီးနား ၃ ကြိမ် ၊ပြင်သစ် နဲ့ ဥရုဂွေး ၂ ကြိမ်စီ၊ အဂ်လန် နဲ့ စပိန် တို့က ၁ ကြိမ်စီပါ ။
အဲဒီထဲကမှ နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တာ အီတလီက ၁၉၃၄ နဲ့ ၁၉၃၈ ၊ ဘရာဇီးက ၁၉၅၈ နဲ့ ၁၉၆၂ မှာဗိုလ်စွဲခဲ့တာပါ။
အီတလီရဲ့ ဗိုလ်စွဲမှုဟာ ဖက်ဆစ်အာဏာရှင် မူဆိုလီနီလက်ထက် ဘောလုံးအောင်မြင်မှုကို ဖက်ဆစ်ဝါဒအောင်မြင်မှုအဖြစ် ဝါဒဖြန့်ဖို့အိမ်ရှင်လုပ်ခဲ့တဲ့ ၁၉၃၄ မှာ နောက်ကွယ်ကဖိအားပေးတာ၊မသမာမှုတွေလုပ်ခဲ့တာတွေရှိခဲ့တယ်လို့ဘောလုံးသမိုင်းသုတေသီအချို့က ထောက်ပြပါတယ် ။၁၉၃၈ ဗိုလ်စွဲတာမှာလည်း ဖက်ဆစ်အာဏာရှင်က အီတလီဘောလုံးသမားတွေကို ဗိုလ်လုပွဲမှာမနိုင်ရင် အသတ်ခံရမယ်ဆိုတဲ့သဘောထိတောင်ဖိအားပေးခဲ့ကြတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိခဲ့ပါတယ် ။
တဖက်မှာ မူဆိုလီနီရဲ့ဖိအားပေးမှုတွေရှိတဲ့တိုင် အီတလီအသင်းမှာ အဲဒီခေတ်က အလွန်ကောင်းတဲ့ကစားသမားတွေလည်းနေပါတယ် ။ကွင်းလယ်ဖန်တီးရှင်လည်းဖြစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂျူစပီ မိအာဇာ (Giuseppe Meazza) နဲ့ နည်းပြဗစ်တိုရီယိုပိုဇို (Vittorio Pozzo) တို့က အောင်မြင်မှုရဲ့သော့ချက်တွေဖြစ်ပါတယ် ။
ဘရာဇီးရဲ့ နှစ်ကြိမ်ဆက် ချန်ပီယံဆုအောင်ပွဲမှာ သူရဲကောင်းတွေကတော့ ပုလဲနက်လို့တင်စားကြတဲ့ ပီလီ နဲ့ ဂါရင်ချာ တို့ပဲဖြစ်ပါတယ်။၁၉၅၈ ကမ္ဘာ့ဖလားမှာ ၁၇ နှစ်သားပီလီက ကမ္ဘာကြီးကိုအံအားသင့်စေခဲ့ပါတယ်။၁၉၆၂ ကမ္ဘာ့ဖလားမှာတော့ ပီလီတစ်ယောက်အုပ်စုဒုတိယပွဲမှာပဲ ဒဏ်ရာရပြီး ပြိုင်ပွဲတစ်ခုလုံးမကစားနိုင်တော့ချိန်မှာ တောင်ပံကစားသမား ဂါရင်ချာက ဘရာဇီးအသင်းကို ဗိုလ်စွဲအောင် ပုခုံးနဲ့ထမ်းတင်ပေးခဲ့သူဖြစ်ပါတယ် ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီစွမ်းဆောင်ခဲ့တာကလည်း သွင်းဂိုး ၊ဂိုးဖန်တီးမှု ၊ပြိုင်ဘက်တွေနဲ့ ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းကအထက်ပါ ကစားသမားတွေထက် မသာရင်တောင် မနိမ်ခဲ့ပါဘူး။ သွင်းဂိုး ၇ ဂိုး၊ဂိုးဖန်တီးမှု ၃ ကြိမ်ဆိုတဲ့အချက်အလက်တွေအရဆိုရင် ပိုတောင်သာခဲ့ပါသေးတယ် ။ ဒါကြောင့် မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားမှာရော ဘယ်
လောက်စွမ်းဆောင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/06/17/160295/

ကမ္ဘာ့ဖလားမှာ နှစ် ၆၀ကျော်ကြာကျိန်စာကို မက်ဆီရဲ့အာဂျင်တီးနား ကျော်ဖြတ်နိုင်မလား | LuduNwayOo
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိနေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ အောင်ပွဲမခံနိုင်ပါဘူး။
👍32❤10🤣2👏1💩1
ကျိုက်ထိုနယ်မှာ စစ်တပ် လေယာဉ်ဗုံးကြဲလို့ စျေးသည်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ
ဇွန်-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ရွာကို စစ်တပ်က ဇွန် ၁၈ရက် နေ့လည်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ (၃၈)နှစ်အရွယ် အမျိုးသား သေဆုံးကာ ဇနီးသည် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်လေယာဉ်နဲ့ ကြဲချတဲ့ ဗုံးဟာ ချောင်းစောင့်ရွာက ကုန်စုံဆိုင်မှာ ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေ ထိခိုက်သေဆုံးခဲ့တာပါ။
စစ်တပ်ဟာ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ နေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့မနက်အစော(မနေ့ည သန်းခေါင်ကျော်)မှာလည်း မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသက စစ်ရှောင်ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူသေဆုံးထိခိုက်မရှိပေမယ့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်ပေးခဲ့တဲ့ စစ်ရှောင်နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဒေသဟာ မွန်ပြည်သစ်ပါတီ(NMSP) တပ်ထိန်းချုပ်ရာ ဒေသဖြစ်ပါတယ်။
စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူလူထုတွေ နေ့စဉ်နီးပါး သေဆုံးထိခိုက်လျက်ရှိပါတယ်။

🤬31❤5👏2👎1