ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့အဖြစ် ယင်းမာပင်ဒေသခံတွေ (၉)ရွာ (၉) မိုင် လမ်းလျှောက်လှုပ်ရှားမှုပြုလုပ်
ဇွန်-၁၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး "လူထုခေါင်းဆောင် ကျန်းမာပါစေ" ၊ "စစ်အာရှင်စနစ် ကျဆုံးပါစေ" ၊ "အရေးတော်ပုံ မုချအောင်ရမည်" ၊ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။
လာမယ့် ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့လည်း လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ လူထုဘက်က အသာစီးရရေးအတွက် လမ်းလျှောက်ချီတက် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာပေါင်းစုံသပိတ်ကော်မတီက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ နိုင်ငံလုံးအဆင့် နှင်းဆီလှုပ်ရှားမှုကြီးကို ပူးပေါင်းပါဝင်ကြရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပေးကြဖို့ကိုလည်း ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

❤35👍10🥰3👏2😁1🤮1🤣1
ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
❤48👍8🥰2👏2🤮1💩1
မွန်တပ် NMSP ထိန်းချုပ်နယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်းဆောက်ပေးတဲ့ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ
ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အဲဒီ စစ်ရှောင်စခန်း အဆောက်အဦးတွေကို မနေ့ည သန်းခေါင်ကျော်(ဒီမနက်အစော)မှာ ဗုံးကြဲခဲ့လို့ အဆောက်အဦး ၅လုံးခန့် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
“ဒါက သူက ရှေးချောင်းဖျား ချောင်းနှစ်ခွဆိုတာက ကရင်နဲ့ နယ်စပ်တခုလိုမျိုးဖြစ်နေတာပေါ့ဗျာ။ တော်လှန်ရေးအဖွဲ့အစည်းကလည်း သွားလိုက်လာလိုက် ဒါတော့ရှိမယ်။ သူတို့ ဘာသတင်းရတာလည်းတော့ မသိဘူး။ တဦးတယောက်က သတင်းပေးလိုက်တာရှိမယ်။အဲဒါ သူတို့လာကြဲသွားတာ။အဓိက ရည်ရွယ်ချက်က အရပ်သားကို ထိအောင် သူတို့ လုပ်လိုက်တဲ့ပုံစံ။ ဒီလိုမျိုးအဆောက်အဦးကျတော့ ဘယ်ရဲဘော်မှ မွန်ပြည်သစ်က ပေးနေမှာမဟုတ်ဘူး” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေရဲ့ မှတ်တမ်းတွေကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲမှာ နိပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄လုံး၊ မွန်အမျိုးသားမူလတန်းကျောင်း ၁ကျောင်း လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ရတာ ရှိတယ်လို့လည်း ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ NMSP အဖွဲ့တွင်းမှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်လိုတဲ့ ခေါင်းဆောင်များလည်းရှိတဲ့အတွက် အဲဒီ ခေါင်းဆောင်တွေဟာ အဖွဲ့ကခွဲထွက်ပြီး NMSP-AD(စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။ လက်ရှိမှာ NMSP-ADက အခြားမွန်တပ်အချို့နဲ့ ပေါင်းပြီး ရာမညမွန်တပ်တော်(RMA) အဖြစ် ဖွဲ့စည်းကာ PDF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် အခြား တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိပါတယ်။

😡31❤2👎2🤬2👍1👏1
(နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)
🤬39🤮3👎2❤1👏1
■Photo News
နှင်းဆီလှုပ်ရှားမှု နဲ့ ပြည်သူ့မေတ္တာ
လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု"
ကိုပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ကျေးလက်တွေမှာပြုလုပ်နေပြီဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်း
မှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြည်သူတွေက ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြဖို့ တော်လှန်ရေးအဖွဲ့တွေကနှိုးဆော်ထားပါတယ်။နှင်းဆီလှုပ်ရှားမှုအကြောင်း အသိပညာပေးလက်ကမ်းစာစောင်တွေ ကိုသပိတ်အဖွဲ့တွေက လူထုထံလိုက်လံဖြန့်ဝေတာ၊ ကပ်တာတွေကိုလုပ်နေကြပါတယ်။အခုဓါတ်ပုံကတော့ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုပြီးပျက်စီးမှာစိုးတဲ့ ပြည်သူတွေက လက်ကမ်းစာရွက်ကိုပလက်စတစ်အိတ်နဲ့ ကာပေးထားတာဖြစ်ပါတယ်။
"ကျနော်တို့ရဲဘော်တွေ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုမှာစိုးလို့တဲ့ ပြည်သူတွေက အခုလိုလေး လာဖုံးပေးသွားတာ ချစ်စရာကောင်းလိုက်ကြတာဗျာ"လို့သပိတ်အဖွဲ့ဝင်တဦးကပြောပါတယ်။

👍33❤25🥰4❤🔥1🤮1👌1🤣1🏆1🍓1
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊KPDF ဖမ်းဆီး
ဇွန်-၁၈၊၂၀၂၆။ဇော်ရမ်း/People's Spring
ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ
၁၆ရက်နေ့က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကအဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။
ဖားကန့်ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်းတွေကအရပ်
သားပြည်သူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကနေ လက်ရှိ ဇွန်လ လယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" စစ်ရေးကြောင့် KIAက ဆုတ်ထားချိန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မွှေနှောက်နေတာလေ။ ဓားပြတိုက်တာက ထမင်းစားရေ
သောက်လုပ်နေတာ။ ပဲပြုတ်သည်၊ ဝက်သားသည်ဆီကအစ ငွေတောင်းတာ။ဈေးဆိုင်တွေကို ဓားပြတိုက်ရင် ငွေမရှိဘူးဆို Kpay က လွှဲခိုင်းတာ။ အခု ဖမ်းမိပေမယ့်အဖွဲ့ကအများကြီး။ စိတ်ချလို့ မရပါဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်
၅ဦးပါ ဓားပြအဖွဲ့ကို ဇွန်လ၁၆ရက်နေ့က ဖမ်းလိုက်ပေမယ့် ဇွန်လ ၁၇ရက်ညမှာပဲ ဖားကန့်မြိုနယ်၊ နမ္မဖြစ်အုပ်စု၊ ဆွတ်ဂျတ်ရွာက ကျောက်စိမ်းကုမ္ပဏီနဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ နောက်ထပ်ဓားပြတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။လက်
ရှိဖမ်းဆီးထားသူငါးဦးထဲမှာ စစ်ကောင်စီ
တပ်ကိုသတင်းပေးနေတဲ့ ဒေသခံတဦးလည်းပါဝင်နေလို့ သိရတယ်။
ဖားကန့်မှာဆိုးသွမ်းနေတဲ့ဓားပြအဖွဲ့ကို KIA၊KPDF အနေနဲ့ သေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
လက်ရှိမှာဖားကန့်မြို့နယ် နဲ့ လုံးခင်းကျေးရွာ
အုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိနေပါတယ်။ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်
ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

👍36🤬4👏3🤣3❤2💩1
ရခိုင်မှာ အေးဂျင့် ဘဏ်အကောင့်တွေ အပိတ်ခံရပြီးနောက် ငွေထုတ်ခ စျေးတက်
ဇွန် ၁၈၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ငွေသားထုတ်ခတွေ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ ကျော်ထိ စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဘဏ်တွေဟာ ရခိုင်အပါအဝင် နိုင်ငံအဝှမ်းမှ ငွေအသွင်းအထုတ်များတဲ့ ငွေလွှဲ ၊ ငွေထုတ်အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ငွေလွှဲ၊ ငွေထုတ် အေးဂျင့်အများအပြားရဲ့ အကောင့်တွေ ပါသွားခဲ့ပါတယ်။
“ရခိုင်က အကောင့်တွေ တော်တော်များများ ပိတ်သွားတယ်။ KBZ အကောင့်တွေ အပိတ်ခံရတာပါ။ ကျွန်မမှာ သိန်းငါးရာကျော် ပါသွားတယ်။ တချို့ သုံးထောင်ပါသူပါ၊ လေးထောင်ပါသူပါ ပါသွားကြတယ်။ မြို့နယ်တိုင်းက အကောင့်တွေပါတယ်။ အကောင့်တွေက လုံး၀ ပိတ်လိုက်တဲ့သဘော၊ ပါသွားတဲ့ငွေတွေ ဆုံးသွားပြီ။ နစ်နာကြတယ်” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတဲ့အထဲ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှ ဘဏ်အကောင့်တွေပိုများတယ်လို့ ဆို ကြပါတယ်။
KBZ Pay နဲ့ KBZ Mobile Banking အကောင့်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်မှာ KBZ ဘဏ်က နည်းပညာစနစ်မြှင့်တင်မှုပြုလုပ်နေတယ်လို့ ထုတ်ပြန်အပြီးမှာ အကောင့်ပြန်ဝင်မရ၊ ပိတ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ငွေလွှဲ၊ ငွေထုတ်သမားတွေရဲ့ အကောင့်တွေပိတ်ခံရပြီး၊ ငွေတွေဆုံးရှုံးရပြီးနောက် ရခိုင်မှာ အရင်က ကျပ် ၁သိန်း ထုတ်ခ ကျပ် ၃၀၀၀ ဝန်းကျင်သာ ပေးခဲ့ရရာကနေ အခုအခါ ကျပ် ၅၀၀၀၊ ၅၅၀၀၊ ၆၀၀၀ ဝန်းကျင်ထိ စျေးထိုး တက်သွားခဲ့တယ်လို့ ပြောပါတယ်။
မြို့ပေါ်တွေမှာ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ဝန်းကျင်နဲ့ ထုတ်လို့ရပေမယ့် နယ်ကျေးရွာတွေမှာတော့ ၁ သိန်းကို ကျပ် ၆၀၀၀ ဝန်းကျင်ထိ ပေးထုတ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကတော့ ငွေသားရှားမှပဲ ငွေထုတ်ခတွေ စျေးတက်တယ်။ အခု ငွေထုတ်သမားတွေမှာ အကောင့်တွေ ပါသွား လို့ စျေးတက်တာ။ တကယ်ဆိုရင် မတက်သင့်ဘူး။ ပုံမှန်စျေးနဲ့ပဲ ထုတ်ပေးရမယ်။ ငွေနည်းနည်းထုတ်တဲ့သူတွေမှာ ဆိုရင် ထုတ်ခနဲ့တင် မလွယ်ဘူး” လို့ မြေပုံမြို့နယ်မှ စျေးသည်တဦးက ပြောပါတယ်။
ငွေထုတ်ခတွေ စျေးတက်သွားတာကြောင့် နိုင်ငံခြားနဲ့ ပြည်မရောက်သားသမီးတွေရဲ့ လစာမှီခိုစားသောက်နေ ကြရတဲ့သူတွေမှာ ပိုအခက်အခဲဖြစ်သွားခဲ့ရပါတယ်။
“ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သမီးဆီက ပို့တဲ့ငွေနည်းနည်းနဲ့ မိသားစုစားနေကြတာ။ အခု ငွေနှစ်သိန်းထုတ်ရင် ထုတ်ခ တသောင်းကျော်ကုန်တော့မယ်။ စစ်ရှောင်နေရတော့ ငွေတသောင်းကျော်ကလည်း တန်ဖိုးရှိတယ်လေ။ ဒီမှာ အလုပ်လည်း မရှိဘူး။ သမီးဆီက ငွေလေးနဲ့ မိသားစု သုံး၊ လေးယောက် စားနေကြရတာ” လို့ ပေါက်တောမြို့ နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြိးနောက်ပိုင်း ဘဏ်တွေ ပိတ်သွားတာကြောင့် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေသား ထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေကိုသာ အားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေဟာ ငွေသားတွေကို ပြည်မကနေ မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် စရိတ်ကုန်ကျခံ၊ ခက်ခက်ခဲခဲသယ်ယူရပြီး ရခိုင်ပြည်တွင်း အမြတ်နဲ့ တဆင့်ပြန်လည်ရောင်းချ၊ ငွေသားထုတ်ပေးနေကြ တာဖြစ်ပါတယ်။

🔥22🤬4❤3👎3👏1🤔1