People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ကနီတွင် စစ်ကောင်စီစစ်ကြောင်း မီးရှို့ပြာကျခဲ့သော လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pyae Aung Naing-ကနီ)
🤬32👍7🤮3❤1👎1👏1
သူ့ (အမေရိကန် နာမည်ကျော်သရုပ်ဆောင် ရောဘတ်ဒီနီရို )စကားထဲက လူအများကို အနက်ရှိုင်းဆုံး ထိရှသွားစေတဲ့ အချက်ကနောက်ဆုံးစကားပါ။

“ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်။”

“ကျွန်တော် ဒီနိုင်ငံကို နောက်တစ်ကြိမ် ပြန်ချစ်နိုင်ချင်တယ်” ဆိုတဲ့ မျော်လင့်ချက်နဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးမှုကို ထင်ဟပ်စေတဲ့ စကားပါပဲ။

သူဆိုလိုတာကအမေရိကန်နိုင်ငံကိုမချစ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။သူတောင့်တနေတာက တစ်ချိန်က သူ ချစ်မြတ်နိုးခဲ့တဲ့၊ လွတ်လပ်မှုနဲ့ အခွင့်အလမ်းတွေကို ကိုယ်စားပြုခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ မူလပုံရိပ်ကို ပြန်မြင်ချင်တာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် “ကျွန်တော်တို့ ချစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ပုံစံအမှန်ကို ပြန်ရချင်တယ်” ဆိုလိုတာပါ။

ဒီစကားဟာအမေရိကန်နိုင်ငံသားတွေအတွက်သာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ ပြန့်ကျဲရောက်ရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက ခံစားချက်တွေနဲ့လည်း တစ်ထပ်တည်းကျသွားစေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတစ်ယောက်၊ မလေးရှားက စက်ရုံတစ်ခုမှာ ညဆိုင်းဆင်းနေတဲ့ အမျိုးသမီးတစ်ယောက်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဘဝသစ် တည်ဆောက်နေတဲ့ မြန်မာလူငယ်တွေ သူတို့အားလုံးရဲ့ရင်ထဲမှာမြန်မာနိုင်ငံဆိုတဲ့ စကားလုံးက အမြဲလွမ်းဆွတ် ရှင်သန်နေတာပါ။

စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ လုံခြုံရေးစိုးရိမ်ရမှုတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲတွေကြောင့်သာ လူသန်းပေါင်းများစွာ နေရပ်ကို စွန့်ခွာခဲ့ကြရတာပါ။

ဒီလူငယ်တွေ ထွက်သွားတာ နိုင်ငံကို မချစ်လို့ မဟုတ်ဘူး။

မိဘတွေကို ထားခဲ့ရတယ်။

မွေးရပ်မြေကို ထားခဲ့ရတယ်။

ငယ်ဘဝအမှတ်တရတွေကို ထားခဲ့ရတယ်။

ဒါပေမယ့် တကယ်က သူတို့ရဲ့ နှလုံးသားတွေထဲမှာတော့ မြန်မာနိုင်ငံကိုတော့ မထားခဲ့နိုင် ခဲ့ပါဘူး။

ခန္ဓာကိုယ်က အဝေးရောက်သွားပေမယ့်စိတ်ကတော့နိုင်ငံနဲ့ အိမ်ပြန်ဖို့လမ်းကိုအမြဲ ကြည့်နေတုန်းပါပဲ။အဝေးရောက်မြန်မာတွေပြန်လိုချင်တာ မြေကြီးတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။

ရာထူးရာခံနဲ့ ဥစ္စာဓနမဟုတ်ဘူး။

သူတို့ ပြန်လိုချင်တာက မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်မှာ ရှင်သန်နေတဲ့ မြန်မာနိုင်ငံပါ။

ဥပဒေက လူတိုင်းအပေါ် တန်းတူသက်ရောက်ပြီး အာဏာထက် တရားမျှတမှုက ပိုကြီးမားတဲ့ နိုင်ငံမျိုး။

အချုပ်အချာအာဏာဟာ လူတစ်စုရဲ့ လက်ထဲမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ လက်ထဲမှာ အမှန်တကယ် ရှိနေတဲ့ နိုင်ငံမျိုး။

လူငယ်တွေ အနာဂတ်ကို မျှော်လင့်နိုင်တဲ့ နိုင်ငံ။ကြိုးစားရင် အောင်မြင်နိုင်ပြီး မွေးဖွားလာတဲ့ ကျောထောက်နောက်ခံက လူတစ်ယောက်ရဲ့ အနာဂတ်ကို မဆုံးဖြတ်ပေးတဲ့ နိုင်ငံမျိုး။

ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေဟာ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်အိပ်မက်ကိုကိုယ့်မြေမှာအကောင်အထည်ဖော်နိုင်တဲ့နိုင်ငံမျိုး။

ကမ္ဘာပေါ်က ဘယ်နေရာရောက်ရောက် “ကျွန်တော် မြန်မာနိုင်ငံသားပါ” လို့ ဂုဏ်ယူစွာ ပြောနိုင်တဲ့ နိုင်ငံမျိုး။

အဲဒီလိုနိုင်ငံမျိုးပါ။


https://www.ludunwayoo.com/opinion-mm/2026/06/18/160390/
❤40👍15🥰2👏1💩1🤣1
ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့အဖြစ် ယင်းမာပင်ဒေသခံတွေ (၉)ရွာ (၉) မိုင် လမ်းလျှောက်လှုပ်ရှားမှုပြုလုပ်

ဇွန်-၁၈၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး "လူထုခေါင်းဆောင် ကျန်းမာပါစေ" ၊ "စစ်အာရှင်စနစ် ကျဆုံးပါစေ" ၊ "အရေးတော်ပုံ မုချအောင်ရမည်" ၊ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့လည်း လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ လူထုဘက်က အသာစီးရရေးအတွက် လမ်းလျှောက်ချီတက် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာပေါင်းစုံသပိတ်ကော်မတီက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ နိုင်ငံလုံးအဆင့် နှင်းဆီလှုပ်ရှားမှုကြီးကို ပူးပေါင်းပါဝင်ကြရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပေးကြဖို့ကိုလည်း ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။
❤35👍10🥰3👏2😁1🤮1🤣1
ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
❤48👍8🥰2👏2🤮1💩1
❤49👍6🥰1👏1🤮1💩1
မွန်တပ် NMSP ထိန်းချုပ်နယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်းဆောက်ပေးတဲ့ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အဲဒီ စစ်ရှောင်စခန်း အဆောက်အဦးတွေကို မနေ့ည သန်းခေါင်ကျော်(ဒီမနက်အစော)မှာ ဗုံးကြဲခဲ့လို့ အဆောက်အဦး ၅လုံးခန့် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

“ဒါက သူက ရှေးချောင်းဖျား ချောင်းနှစ်ခွဆိုတာက ကရင်နဲ့ နယ်စပ်တခုလိုမျိုးဖြစ်နေတာပေါ့ဗျာ။ တော်လှန်ရေးအဖွဲ့အစည်းကလည်း သွားလိုက်လာလိုက် ဒါတော့ရှိမယ်။ သူတို့ ဘာသတင်းရတာလည်းတော့ မသိဘူး။ တဦးတယောက်က သတင်းပေးလိုက်တာရှိမယ်။အဲဒါ သူတို့လာကြဲသွားတာ။အဓိက ရည်ရွယ်ချက်က အရပ်သားကို ထိအောင် သူတို့ လုပ်လိုက်တဲ့ပုံစံ။ ဒီလိုမျိုးအဆောက်အဦးကျတော့ ဘယ်ရဲဘော်မှ မွန်ပြည်သစ်က ပေးနေမှာမဟုတ်ဘူး” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေရဲ့ မှတ်တမ်းတွေကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲမှာ နိပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄လုံး၊ မွန်အမျိုးသားမူလတန်းကျောင်း ၁ကျောင်း လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ရတာ ရှိတယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ NMSP အဖွဲ့တွင်းမှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်လိုတဲ့ ခေါင်းဆောင်များလည်းရှိတဲ့အတွက် အဲဒီ ခေါင်းဆောင်တွေဟာ အဖွဲ့ကခွဲထွက်ပြီး NMSP-AD(စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။ လက်ရှိမှာ NMSP-ADက အခြားမွန်တပ်အချို့နဲ့ ပေါင်းပြီး ရာမညမွန်တပ်တော်(RMA) အဖြစ် ဖွဲ့စည်းကာ PDF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် အခြား တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိပါတယ်။
😡31❤2👎2🤬2👍1👏1
(နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)
🤬39🤮3👎2❤1👏1
■Photo News

နှင်းဆီလှုပ်ရှားမှု နဲ့ ပြည်သူ့​မေတ္တာ

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု"
ကိုပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊​ကျေးလက်​တွေမှာပြုလုပ်​နေပြီဖြစ်ပါတယ် ။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်း
မှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြည်သူ​တွေက ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြဖို့ ​တော်လှန်​ရေးအဖွဲ့​တွေကနှိုး​ဆော်ထားပါတယ်။နှင်းဆီလှုပ်ရှားမှုအ​ကြောင်း အသိပညာ​ပေးလက်ကမ်းစာ​​စောင်​တွေ ကိုသပိတ်အဖွဲ့​တွေက လူထုထံလိုက်လံဖြန့်​ဝေတာ၊ ကပ်တာ​တွေကိုလုပ်​နေကြပါတယ်။အခုဓါတ်ပုံက​တော့ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုပြီးပျက်စီးမှာစိုးတဲ့ ပြည်သူတွေက လက်ကမ်းစာရွက်ကိုပလက်စတစ်အိတ်နဲ့ ကာ​ပေးထားတာဖြစ်ပါတယ်။

"ကျနော်တို့ရဲဘော်တွေ အကြိုလှုပ်ရှားမှုအတွက် စာရွက်တွေ လိုက်ကပ်ကြတော့ ကပ်ပြီး မိုးရွာလာတဲ့အချိန် စာရွက်ကို မိုးစိုမှာစိုးလို့တဲ့ ပြည်သူတွေက အခုလိုလေး လာဖုံးပေးသွားတာ ချစ်စရာကောင်းလိုက်ကြတာဗျာ"လို့သပိတ်အဖွဲ့ဝင်တဦးက​ပြောပါတယ်။
👍33❤25🥰4❤‍🔥1🤮1👌1🤣1🏆1🍓1
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊KPDF ဖမ်းဆီး

ဇွန်-၁၈၊၂၀၂၆။ဇော်ရမ်း/People's Spring

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ
၁၆ရက်နေ့က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကအဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်း‌တွေကအရပ်
သားပြည်သူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကနေ လက်ရှိ ဇွန်လ လယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" စစ်ရေးကြောင့် KIAက ဆုတ်ထားချိန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မွှေနှောက်နေတာလေ။ ဓားပြတိုက်တာက ထမင်းစားရေ
သောက်လုပ်နေတာ။ ပဲပြုတ်သည်၊ ဝက်သားသည်ဆီကအစ ငွေတောင်းတာ။ဈေးဆိုင်တွေကို ဓားပြတိုက်ရင် ‌ငွေမရှိဘူးဆို Kpay က လွှဲခိုင်းတာ။ အခု ဖမ်းမိပေမယ့်အဖွဲ့ကအများကြီး။ စိတ်ချလို့ မရပါဘူး"လို့ ဒေသခံတစ်ဦးကပြောပါတယ်

၅ဦးပါ ဓားပြအဖွဲ့ကို ဇွန်လ၁၆ရက်နေ့က ဖမ်းလိုက်ပေမယ့် ဇွန်လ ၁၇ရက်ညမှာပဲ ဖားကန့်မြိုနယ်၊ နမ္မဖြစ်အုပ်စု၊ ဆွတ်ဂျတ်ရွာက ကျောက်စိမ်းကုမ္ပဏီနဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ နောက်ထပ်ဓားပြတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။လက်
ရှိဖမ်းဆီးထားသူငါးဦးထဲမှာ စစ်ကောင်စီ
တပ်ကိုသတင်းပေးနေတဲ့ ဒေသခံတဦးလည်းပါဝင်နေလို့ သိရတယ်။

ဖားကန့်မှာဆိုးသွမ်းနေတဲ့ဓားပြအဖွဲ့ကို KIA၊KPDF အနေနဲ့ သေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

လက်ရှိမှာဖားကန့်မြို့နယ် နဲ့ လုံးခင်းကျေးရွာ
အုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်
ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။
👍36🤬4👏3🤣3❤2💩1