မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်း
ကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
ဇွန်-၁၇၊၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်
ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြဇီးတောကျေးရွာကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၆ရက် ညပိုင်းမှာ ဝင်ရောက်ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်ခန့်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးရှို့မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းရှိ ဇရပ် ၂ ဆောင်၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဖောကား ၁ စီး၊ မြေတူးစက် (ခွေးတူဝက်တူ) ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ မော်တော်ဆိုင်
ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂမျိုးစုံနဲ့ စားနပ်ရိက္ခာ အမြောက်အမြား မီးလောင်ပျက်စီးဆုံးရှူံးခဲ့ကြောင်း We Love Myaing အဖွဲ့က အသိပေးပါတယ်။
"လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ တမင်ကို ရှို့သွားတာပါ။အဲဒီစစ်ကြောင်းက တစ်ကြောင်းက မြေရင့်ရွာ၊ တစ်ကြောင်းက နှမ်းဆီကန်တောတိုက် ရောက်နေတယ်။ မြဇီးတောမှာလည်း ကျန်ဦးမယ်ထင်တယ်"လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
ဇွန်လ ၁၄ ရက်ကတည်းက စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကတဆင့် ကမ္မမြို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်
ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှပါတယ်။

🤬28❤5👎3👏1😡1
ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး
အရပ်သား ၄ ဦး သေဆုံး
ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်
ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။
ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။
"ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅
ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ်
တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ
တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။
"စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ
ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်
မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ
ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက်
ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ
လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေလို့ သတိ ထားကြဖို့သတိပေးထားပါတယ်။

🤬28👎3❤2🔥1👏1😡1
တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၄ဦး လက်နက်နဲ့ CDF စီးယင်းထံ အလင်းဝင်
ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။
တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီး အပါအဝင် ရဲဘော် ၄ဦးဟာ ဇွန်လ ၁၇ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာလို့ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။
ယူဆောင်လာတဲ့ လက်နက်ခဲယမ်းအရေအတွက် ဖော်ပြမထားပေမယ့် လက်နက်ငယ် ၂လက်နဲ့ စစ်သုံးပစ္စည်းအချို့ကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။
အရင်ကလည်း CDF စီးယင်းထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိသလို ထပ်မံ အလင်းဝင်လိုသူတွေအနေနဲ့လည်း ဆက်သွယ်နိုင်ကြောင်း CDF စီးယင်း ဖိတ်ခေါ်ထားပါတယ်။
အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာရင် ကြိုဆိုပေးတာ၊ သွားလိုတဲ့နေရာကို စီမံပေးတာ လုပ်ပေးမယ်လို့ အသိပေးထားပြီး လက်နဲ့ အလင်းဝင်လာရင်လည်း ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။ အရင်က အလင်းဝင်လာတဲ့ တီးတိန်မြို့က ရဲနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ အလင်းဝင်လာရင် CDF စီးယင်း ကျပ်သိန်း ၁၀၀ ဆုငွေ ပေးအပ်ခဲ့တာ တွေ့ရပါတယ်။
သိုင်းငင်းကျေးရွာဟာ ကလေးမြို့ကနေ ဟားခါးနဲ့ တီးတိန်မြို့တွေ သွားရောက်ပါက လမ်းဆုံလမ်းခွဲ နေရာမှာ တည်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၁၀၁)က အထိုင်ချထားတာလို့ ဆိုပါတယ်။
အရင်က သိုင်းငင်းရွာကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်သလို ကလေး -သိုင်းငင်း-တီးတိန်လမ်း၊ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းတွေကိုလည်းချင်းတော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်က နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုနှစ် နွေကာလမှာ ချင်းတော်လှန်ရေးတပ်တွေက ဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေဒေသတွေဖြစ်ပါတယ်။

👍32❤6🤣2🥰1👏1💩1
ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ် လူ ၁ ဦး သေဆုံး
ဇွန်-၁၈၊၂၀၂၆။တေဇ/People's Spring
ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ဦး သေဆုံးခဲ့တယ် လို့ မီးသတ်တပ်ဖွဲ့ကအသိပေးထားပါတယ်။
ဇွန်လ ၁၇ရက် ည ၇နာရီကျော်မှာ ဆားမလောက် ကျေးရွာ အုပ်စု၊ ကွင်းကလေးကျေးရွာအနီးမှာ ကုန်တင်ယာဉ်ကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်ခဲ့တဲ့ အနေအထားကို မီးသတ်တပ်ဖွဲ့ကထုတ်ပြန်တဲ့ ပုံတွေမှာ တွေ့ရပါတယ်။
အိမ်စီးကားပေါ်မှာ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး၁ဦး လိုက်ပါလာပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရရှိခဲ့သူကို လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ဆားမလောက်တောင်သူလယ်သမားဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူကိုတော့ ဆားမလောက်ကျေးရွာက နိဗ္ဗာန်ယာဉ်နဲ့ ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

❤17😢11🔥2😱1🤣1
ကနီမှာ စစ်တပ်က ကျေးရွာ ၅ရွာ မီးရှို့ဖျက်ဆီး
ဇွန် ၁၈၊ ၂၀၂၆။ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ဝန်းကျင်က ကနီမြို့နယ် ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ ရှမ်းမြောင်းရွာက လူနေအိမ်နဲ့ နွားတဲ အလုံး ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာက လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာက လူနေအိမ်၊ ကြက်ခြံနဲ့ နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာက လူနေအိမ်နဲ့ နွားတဲ ၂ လုံး၊ ယာကြီး ကလေးဝလမ်း မိုင် ၃၀က လူနေအိမ်နဲ့ စျေးဆိုင် ၄ လုံး စုစုပေါင်း ၄၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
"ခုထိ အဲစစ်ကြောင်း ကနီနယ်ထဲ နယ်လှည့်နေတုန်းပါ"လို့ ၎င်းက ပြောပါတယ်။
ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ကျေးရွာအများအပြား တိမ်းရှောင်နေရပါတယ်။
အဲဒီစစ်ကြောင်းရောက်ရှိနေချိန် ပြီးခဲ့တဲ့ မေလအတွင်းက လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁ ဦးရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က မေလအတွင်းမှာ နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများကြီးနဲ့ အရှိန်မြှင့်ပြီးတန်ပြန်ထိုးစစ်ဆင်လာပါတယ်။

🤬32❤4👍3👎2👏1
(ကနီတွင် စစ်ကောင်စီစစ်ကြောင်း မီးရှို့ပြာကျခဲ့သော လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pyae Aung Naing-ကနီ)
🤬32👍7🤮3❤1👎1👏1
သူ့ (အမေရိကန် နာမည်ကျော်သရုပ်ဆောင် ရောဘတ်ဒီနီရို )စကားထဲက လူအများကို အနက်ရှိုင်းဆုံး ထိရှသွားစေတဲ့ အချက်ကနောက်ဆုံးစကားပါ။
“ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်။”
“ကျွန်တော် ဒီနိုင်ငံကို နောက်တစ်ကြိမ် ပြန်ချစ်နိုင်ချင်တယ်” ဆိုတဲ့ မျော်လင့်ချက်နဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးမှုကို ထင်ဟပ်စေတဲ့ စကားပါပဲ။
သူဆိုလိုတာကအမေရိကန်နိုင်ငံကိုမချစ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။သူတောင့်တနေတာက တစ်ချိန်က သူ ချစ်မြတ်နိုးခဲ့တဲ့၊ လွတ်လပ်မှုနဲ့ အခွင့်အလမ်းတွေကို ကိုယ်စားပြုခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ မူလပုံရိပ်ကို ပြန်မြင်ချင်တာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် “ကျွန်တော်တို့ ချစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ပုံစံအမှန်ကို ပြန်ရချင်တယ်” ဆိုလိုတာပါ။
ဒီစကားဟာအမေရိကန်နိုင်ငံသားတွေအတွက်သာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ ပြန့်ကျဲရောက်ရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက ခံစားချက်တွေနဲ့လည်း တစ်ထပ်တည်းကျသွားစေခဲ့ပါတယ်။
ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတစ်ယောက်၊ မလေးရှားက စက်ရုံတစ်ခုမှာ ညဆိုင်းဆင်းနေတဲ့ အမျိုးသမီးတစ်ယောက်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဘဝသစ် တည်ဆောက်နေတဲ့ မြန်မာလူငယ်တွေ သူတို့အားလုံးရဲ့ရင်ထဲမှာမြန်မာနိုင်ငံဆိုတဲ့ စကားလုံးက အမြဲလွမ်းဆွတ် ရှင်သန်နေတာပါ။
စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ လုံခြုံရေးစိုးရိမ်ရမှုတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲတွေကြောင့်သာ လူသန်းပေါင်းများစွာ နေရပ်ကို စွန့်ခွာခဲ့ကြရတာပါ။
ဒီလူငယ်တွေ ထွက်သွားတာ နိုင်ငံကို မချစ်လို့ မဟုတ်ဘူး။
မိဘတွေကို ထားခဲ့ရတယ်။
မွေးရပ်မြေကို ထားခဲ့ရတယ်။
ငယ်ဘဝအမှတ်တရတွေကို ထားခဲ့ရတယ်။
ဒါပေမယ့် တကယ်က သူတို့ရဲ့ နှလုံးသားတွေထဲမှာတော့ မြန်မာနိုင်ငံကိုတော့ မထားခဲ့နိုင် ခဲ့ပါဘူး။
ခန္ဓာကိုယ်က အဝေးရောက်သွားပေမယ့်စိတ်ကတော့နိုင်ငံနဲ့ အိမ်ပြန်ဖို့လမ်းကိုအမြဲ ကြည့်နေတုန်းပါပဲ။အဝေးရောက်မြန်မာတွေပြန်လိုချင်တာ မြေကြီးတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။
ရာထူးရာခံနဲ့ ဥစ္စာဓနမဟုတ်ဘူး။
သူတို့ ပြန်လိုချင်တာက မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်မှာ ရှင်သန်နေတဲ့ မြန်မာနိုင်ငံပါ။
ဥပဒေက လူတိုင်းအပေါ် တန်းတူသက်ရောက်ပြီး အာဏာထက် တရားမျှတမှုက ပိုကြီးမားတဲ့ နိုင်ငံမျိုး။
အချုပ်အချာအာဏာဟာ လူတစ်စုရဲ့ လက်ထဲမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ လက်ထဲမှာ အမှန်တကယ် ရှိနေတဲ့ နိုင်ငံမျိုး။
လူငယ်တွေ အနာဂတ်ကို မျှော်လင့်နိုင်တဲ့ နိုင်ငံ။ကြိုးစားရင် အောင်မြင်နိုင်ပြီး မွေးဖွားလာတဲ့ ကျောထောက်နောက်ခံက လူတစ်ယောက်ရဲ့ အနာဂတ်ကို မဆုံးဖြတ်ပေးတဲ့ နိုင်ငံမျိုး။
ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေဟာ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်အိပ်မက်ကိုကိုယ့်မြေမှာအကောင်အထည်ဖော်နိုင်တဲ့နိုင်ငံမျိုး။
ကမ္ဘာပေါ်က ဘယ်နေရာရောက်ရောက် “ကျွန်တော် မြန်မာနိုင်ငံသားပါ” လို့ ဂုဏ်ယူစွာ ပြောနိုင်တဲ့ နိုင်ငံမျိုး။
အဲဒီလိုနိုင်ငံမျိုးပါ။
https://www.ludunwayoo.com/opinion-mm/2026/06/18/160390/

LuduNwayOo
“ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်” ရောဘတ်ဒီနီရိုရဲ့ စကားနဲ့ အဝေးရောက်မြန်မာတွေရဲ့ ရင်ထဲက အသံ | LuduNwayOo
-ခါကာဘို ရေးသားသည်။ “ကျွန်တော် ဒီနိုင်ငံကို နောက်တစ်ကြိမ် ပြန်ချစ်နိုင်ချင်တယ်။ ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်။” ဒီစကားဟာ အမေရိကန် နာမည်ကျော်သရုပ်ဆောင် ရောဘတ်ဒီနီရို (Rbert De Niro) က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ “Rise Up, Sing Out” ဆန္ဒပြဂီတဖျော်ဖြေပွဲမှာ…
❤40👍15🥰2👏1💩1🤣1
ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့အဖြစ် ယင်းမာပင်ဒေသခံတွေ (၉)ရွာ (၉) မိုင် လမ်းလျှောက်လှုပ်ရှားမှုပြုလုပ်
ဇွန်-၁၈၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး "လူထုခေါင်းဆောင် ကျန်းမာပါစေ" ၊ "စစ်အာရှင်စနစ် ကျဆုံးပါစေ" ၊ "အရေးတော်ပုံ မုချအောင်ရမည်" ၊ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။
လာမယ့် ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့လည်း လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ လူထုဘက်က အသာစီးရရေးအတွက် လမ်းလျှောက်ချီတက် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာပေါင်းစုံသပိတ်ကော်မတီက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ နိုင်ငံလုံးအဆင့် နှင်းဆီလှုပ်ရှားမှုကြီးကို ပူးပေါင်းပါဝင်ကြရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပေးကြဖို့ကိုလည်း ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

❤35👍10🥰3👏2😁1🤮1🤣1
ဓာတ်ပုံ - ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
❤48👍8🥰2👏2🤮1💩1