ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေနဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီနေ့ ထုတ်ပြန် သတိပေးပါတယ်။ စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် KIA သိမ်းထားတဲ့ မဘိမ်းမြို့နဲ့ KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အခြားသတင်းကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်တပ်ဟာ ဗန်းမော်ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေရာ ရွှေကူဒေသမှာ စစ်ကြောင်းသုံးကြောင်း လှုပ်ရှားနေပြီး စစ်ကြောင်းတကြောင်းက ဗန်းမော်ကို ဦးတည်နေတာလို့ ပြောပါတယ်။
◾️တိုက်ခိုက်ခံရတဲ့ ရန်ကုန်-ပြည်လမ်းပိုင်းနေရာကို စစ်တပ်စစ်ကြောင်းထိုးလာ
အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းက ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က ပရပ်ကြယ်ရွာရဲစခန်းအနီး ရောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ အင်အား ၇၀ ကျော်ပါတယ်လို့ ကနဦး သိရပြီး လက်ရှိ ရွာတွေက ဘုန်ကြီးကျောင်းတွေမှာ တပ်ဖြန့်ထားတယ်လို့ ပုဏ္ဏ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူ ကိုဗေဒါက ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၈ )နဲ့ အမှတ်(၇၀)စစ်အခြေခံလေ့ကျင်ရေးတပ်က စစ်သားတွေ ပါဝင်တယ်လို့ အသိပေးပါတယ်။
◾️တိုက်ပွဲမရှိတာဆက်ထိန်းဖို့ SSPPကို စစ်တပ်ပြော
လက်ရှိ ရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်တပ်ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁၂ရက်က အာဏာသိမ်းစစ်တပ်နဲ့ SSPP ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို SSPP က အသိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။ SSPP/SSAဘက်က ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေး ပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင် အချက် ၇ချက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း SSPP ဘက်က ဆွေးနွေးခဲ့သလို ယုံကြည်မှုထိခိုက်ခဲ့တဲ့ ဖြစ်စဉ်များ ထပ်မဖြစ်အောင်၊ နှစ်ဖက်အကြားအငြင်းပွားလာပါက ဆွေးနွေးညှိနှိုင်း မှုနဲ့ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
◾️ပြည်ပ ၆ နိုင်ငံက နှင်းဆီလှုပ်ရှားမှု
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်၊ ဂျာမနီ၊ သြစတေးလျ၊ အင်္ဂလန် ၊ နယ်သာလန် နဲ့ ယူအေအီး နိုင်ငံတွေမှာ ပြည်ပရောက်မြန်မာတွေက နှင်းဆီပန်းတွေနဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့ မှတ်တမ်းတွေကို People Movement Platform - Myanmarက ဖော်ပြထားတာပါ။ နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။
◾️စစ်ကိုင်းက နှင်းဆီလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီနဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုတို့ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့ နှင်းဆီလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ ဝေငှပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေအလိုက် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ဖို့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက လှုံ့ဆော်ခဲ့ပါတယ်။
နှင်းဆီပန်း (သို့) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှုမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ခြင်းတို့ လုပ်ဆောင်ဖို့ သပိတ်ကော်မတီဝင်တွေက တိုက်တွန်းခဲ့ပါတယ်။

❤17👍3🔥2🤣1
ဆားလင်းကြီးမြို့နယ်မှာလည်း လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့ လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကို ပေးပို့ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

👏18👍7🔥2🤣1
မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်း
ကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
ဇွန်-၁၇၊၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်
ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြဇီးတောကျေးရွာကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၆ရက် ညပိုင်းမှာ ဝင်ရောက်ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်ခန့်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးရှို့မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းရှိ ဇရပ် ၂ ဆောင်၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဖောကား ၁ စီး၊ မြေတူးစက် (ခွေးတူဝက်တူ) ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ မော်တော်ဆိုင်
ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂမျိုးစုံနဲ့ စားနပ်ရိက္ခာ အမြောက်အမြား မီးလောင်ပျက်စီးဆုံးရှူံးခဲ့ကြောင်း We Love Myaing အဖွဲ့က အသိပေးပါတယ်။
"လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ တမင်ကို ရှို့သွားတာပါ။အဲဒီစစ်ကြောင်းက တစ်ကြောင်းက မြေရင့်ရွာ၊ တစ်ကြောင်းက နှမ်းဆီကန်တောတိုက် ရောက်နေတယ်။ မြဇီးတောမှာလည်း ကျန်ဦးမယ်ထင်တယ်"လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
ဇွန်လ ၁၄ ရက်ကတည်းက စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကတဆင့် ကမ္မမြို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်
ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှပါတယ်။

🤬28❤5👎3👏1😡1
ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး
အရပ်သား ၄ ဦး သေဆုံး
ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်
ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။
ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။
"ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅
ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ်
တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ
တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။
"စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ
ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်
မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ
ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက်
ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ
လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေလို့ သတိ ထားကြဖို့သတိပေးထားပါတယ်။

🤬28👎3❤2🔥1👏1😡1
တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၄ဦး လက်နက်နဲ့ CDF စီးယင်းထံ အလင်းဝင်
ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။
တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီး အပါအဝင် ရဲဘော် ၄ဦးဟာ ဇွန်လ ၁၇ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာလို့ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။
ယူဆောင်လာတဲ့ လက်နက်ခဲယမ်းအရေအတွက် ဖော်ပြမထားပေမယ့် လက်နက်ငယ် ၂လက်နဲ့ စစ်သုံးပစ္စည်းအချို့ကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။
အရင်ကလည်း CDF စီးယင်းထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိသလို ထပ်မံ အလင်းဝင်လိုသူတွေအနေနဲ့လည်း ဆက်သွယ်နိုင်ကြောင်း CDF စီးယင်း ဖိတ်ခေါ်ထားပါတယ်။
အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာရင် ကြိုဆိုပေးတာ၊ သွားလိုတဲ့နေရာကို စီမံပေးတာ လုပ်ပေးမယ်လို့ အသိပေးထားပြီး လက်နဲ့ အလင်းဝင်လာရင်လည်း ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။ အရင်က အလင်းဝင်လာတဲ့ တီးတိန်မြို့က ရဲနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ အလင်းဝင်လာရင် CDF စီးယင်း ကျပ်သိန်း ၁၀၀ ဆုငွေ ပေးအပ်ခဲ့တာ တွေ့ရပါတယ်။
သိုင်းငင်းကျေးရွာဟာ ကလေးမြို့ကနေ ဟားခါးနဲ့ တီးတိန်မြို့တွေ သွားရောက်ပါက လမ်းဆုံလမ်းခွဲ နေရာမှာ တည်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၁၀၁)က အထိုင်ချထားတာလို့ ဆိုပါတယ်။
အရင်က သိုင်းငင်းရွာကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်သလို ကလေး -သိုင်းငင်း-တီးတိန်လမ်း၊ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းတွေကိုလည်းချင်းတော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်က နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုနှစ် နွေကာလမှာ ချင်းတော်လှန်ရေးတပ်တွေက ဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေဒေသတွေဖြစ်ပါတယ်။

👍32❤6🤣2🥰1👏1💩1