People's Spring
✔
59.4K subscribers
72.4K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းဒေသမှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလှုံ့ဆော်

ဇွန်-၁၇၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီနဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုတို့ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့ နှင်းဆီလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ ဝေငှပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေအလိုက် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ဖို့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက လှုံ့ဆော်ခဲ့ပါတယ်။

နှင်းဆီပန်း (သို့) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှုမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ခြင်းတို့ လုပ်ဆောင်ဖို့ သ​ပိတ်ကော်မတီဝင်တွေက တိုက်တွန်းခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့ လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကို ပေးပို့ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
👍27❤9🥰3👏1🤮1🤣1
ဓာတ်ပုံ - ဘုတလင်မြို့နယ်သပိတ်အင်အားစု၊ GSCB
❤31🥰4👍2👏1🤮1💩1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်က ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ တစ်နာရီနီးပါးကြာ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီ ၄၅ မိနစ်၀န်းကျင်အထိ မြို့ရှိ လမ်းမတော်၊ ပိုက်သည်၊ ရွာမရပ်ကွက်တို့နဲ့ ကစ္ဆပနဒီတံတားအောက်ခြေတလျှောက်တို့ကို ဗုံး ၁၀ လုံးကျော် ကြဲချခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ ပိုက်သည်ရပ်ကွက်ရှိ ဈေးဆိုင်တွေ၊ ကုန်တွေရှိတဲ့ ယာယီဈေးနဲ့ လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပြင် ဆိုင်ခန်းနဲ့ လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကြဲလို့ မီးလောင်သွားတဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးငြှိမ်းသတ်နေပြီး အသေအပျောက်တွေကိုလည်း ကောက်ယူ၊ ပြုစုနေတယ်လို့ သိရပါတယ်။

◾️ဝက်လက်ဗုံးကြဲတိုက်ခိုက်မှု ကိုယ်ဝန်သည်အပါအဝင် အနည်းဆုံး ၃ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ညောင်ပင်ကြီးတောရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်သည်မိခင်နဲ့ သူ့ရဲ့ သမီးငယ်၊ နောက်ထပ်အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားတာလို့ သိရပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်သည်အမျိုးသမီးရဲ့ သမီးငယ်လေးမှာ ခေါင်းကို ဖောက်မှန်သွားလို့ ခေါင်းပြတ်သွားပြီး သားအမိ၂ယောက် ဖက်လျက်လေး သေသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နောက်ထပ် အမျိုးသမီးလည်းခေါင်းပြတ်သွားသလို ဗိုက်ပွင့်သွားတဲ့သူလည်း ရှိသေးတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။ နောက်ဆက်တွဲသတင်းအရ သေဆုံးသူ ထပ်တိုးပြီး ထပ်တိုးစာရင်းကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

◾️စစ်တပ်က ဂွမြို့နယ်ကို ဗုံးထပ်ကြဲ ​

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ ရမ္မာကျွန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး သုံးလုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေကတော့ အသက် ၅၀ အရွယ် ဦးဝေလင်းနဲ့ သူ့ရဲ့အိမ်နီးချင်း ၃၈ နှစ်အရွယ် ဒေါ်သူဇာမိုးတို့ ဖြစ်ကြပါတယ်။ စစ်တပ်ကြဲချတဲ့ ပေါင် ၅၀၀ ဗုံး သုံးလုံးစလုံး ရွာထဲတည်တည့် ကျပြီး အရပ်သားတွေ နေတဲ့ရွာ သိရက်နဲ့ တမင်ကြဲတာလို့ ဗုံးကြဲခံရတဲ့ ရမ္မာကျွန်းကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မယွန်းအိစံ၊ အသက် ၁၂ နှစ်အရွယ် မအေးမြမွန်၊ အသက် ၄၀ အရွယ် ဒေါ်အေးသန္တာ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဖြူ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆုမြတ်ဝေ၊ အသက် ၇၀ အရွယ် ဒေါ်ခင်ဥ၊ အသက် ၂၆ နှစ်အရွယ် ကိုအောင်သူရဝင်းနဲ့ အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွန့်ဌေးတို့ ဒဏ်ရာရခဲ့ကြပါတယ်။

◾️မင်းတပ်မြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၇၀ခန့် ကြဲတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ဒီမနက် ၇နာရီကနေ စတင်ပြီး တစ်နာရီကျော်အတွင်း စစ်တပ်က Y12 လေယာဉ်နဲ့ ၁ကြိမ် ဗုံးသီး ၄လုံးတွဲ ဗုံးတွေနဲ့ ၁၇ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို အခု ဇွန်လအတွင်းမှာ လေကြောင်းကနေတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်နေတာဖြစ်ပါတယ်။ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ခုခံမှုကြောင့် မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်တပ်ဟာ မင်းတပ်တိုက်ပွဲအတွင်း လေကြောင်း ပစ်ကူပေးတိုက်ခိုက်တာတွေရှိသလို တဖက်မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူလူထုနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

◾️ဆိပ်ဖြူမှာ စစ်တပ် ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ဦး သေဆုံး
👍15❤2🔥2🤬1💩1
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ ဦး သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဇွန်လ ၁၆ ရက် မနေ့ ညနေပိုင်းက ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်သား ၂၀ ဦးလောက်ပါတဲ့ ၆ ဘီးကား ၁စီးနဲ့ ဗိုလ်ကြီး ၁ဦး လိုက်ပါလာတဲ့ အိမ်စီးကားကို မြို့အထွက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကပစ-၂၁နဲ့ အမှတ်(၉)လေကြောင်းရန်တပ်က ပူးပေါင်းပြီး ထွက်လာတာကို ကြားဖြတ်တိုက်တာလို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာ၀န်ရှိသူ ကိုသူရိန်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လက်နက် ၈လက်၊ ကျည်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။ စစ်တပ်ဟာ မနေ့က တိုက်ခိုက်ခံရတာကြောင့် ဒီနေ့မှာတော့ အင်အား ၂၀၀ လောက်နဲ့ မြို့အနီးနားတဝိုက်ကို ၀င်မွှေနေကြတယ်လို့ ဆိပ်ဖြူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

◾️စစ်မှုထမ်းစုဆောင်းခံရသူ ၇ဦး ပျူတွေကို တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။ လွတ်မြောက်လာတဲ့ စစ်မှုထမ်းစုဆောင်းခံရသူ ခုနှစ်ဦးကို ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ဆိုပါတယ်။ စစ်မှုထမ်းစုဆောင်းခံရသူတွေကို ရေဦးမြို့ပေါ် အထက ၂ မှာ စစ်တပ်က ထားရှိပြီး အဲဒီကတဆင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ပို့ဆောင်တယ်လို့ အသိပေးပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ မှတ်ပုံတင်လုပ်ရင်း ဖမ်းဆီးခံရတာ၊ ခရီးသွားရင်း ဖမ်းခံရတာနဲ့ နေအိမ်ပေါ်တက်ပြီး စစ်မှုထမ်းစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

◾️မုံရွာစက်မှုဇုန်က စစ်တပ် ဝင်တိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၅ ရက် ညနေပိုင်းက မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ တောရွာကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သလို အိမ်စီးကား ၁၃စီးနဲ့ စစ်ကူလာတဲ့ စစ်တပ်ကိုပါ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းတွေက အသိပေးပါတယ်။ တိုက်ခိုက်ချိန် ၁၅ မိနစ်လောက်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က တပ်ကူတွေ ထပ်ရောက်လာလို့ လက်နက်တော့ မရခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း တောရွာကျောင်းက စစ်အုပ်စုဝင် ၂ ဦးနဲ့ တပ်ကူလာတဲ့ ကားတန်းက ၂ ဦး စုစုပေါင်း ၄ ဦး မျက်မြင်သေဆုံးကာ ကား ၂ စီးပျက်စီးသွားကြောင်း အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

◾️CDF ဇိုဖေဌာနချုပ် လေကြောင်းတိုက်ခိုက်မှုမျိုး စစ်တပ်က ဆက်လုပ်လာနိုင်တယ်လို့ CNF ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ CDF ဇိုဖေ ဌာနချုပ်ကို စစ်တပ်က ဇွန်လ ၁၁ရက်မှာ တိုက်လေယာဉ်၊ Y12 လေယာဉ် စုစုပေါင်း လေယာဉ် ၈ စီးနဲ့ ဗုံးသီး အလုံး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာပါ။ အချိန်တနာရီခွဲအတွင်း အကြိမ်ပေါင်း ၁၅ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး ၆၀ ကျော်ထဲမှာ ပေါင် ၅၀၀ ဖျက်အားပြင်းဗုံး ၁၁လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဇိုဖေရမ် ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဇိုဖေရန် ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အမျိုးသမီး ၁ဦး ကျဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို ပြည်တွင်းပဋိပက္ခမှာ ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုဖေရမ်ကောင်စီ က ထုတ်ပြန်ပါတယ်။

◾️ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ဖို့ ရွှေကူ PDF သတိပေး
👍16🔥2❤1🤣1
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေနဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီနေ့ ထုတ်ပြန် သတိပေးပါတယ်။ စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် KIA သိမ်းထားတဲ့ မဘိမ်းမြို့နဲ့ KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အခြားသတင်းကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်တပ်ဟာ ဗန်းမော်ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေရာ ရွှေကူဒေသမှာ စစ်ကြောင်းသုံးကြောင်း လှုပ်ရှားနေပြီး စစ်ကြောင်းတကြောင်းက ဗန်းမော်ကို ဦးတည်နေတာလို့ ပြောပါတယ်။

◾️တိုက်ခိုက်ခံရတဲ့ ရန်ကုန်-ပြည်လမ်းပိုင်းနေရာကို စစ်တပ်စစ်ကြောင်းထိုးလာ

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းက ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က ပရပ်ကြယ်ရွာရဲစခန်းအနီး ရောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ အင်အား ၇၀ ကျော်ပါတယ်လို့ ကနဦး သိရပြီး လက်ရှိ ရွာတွေက ဘုန်ကြီးကျောင်းတွေမှာ တပ်ဖြန့်ထားတယ်လို့ ပုဏ္ဏ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူ ကိုဗေဒါက ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၈ )နဲ့ အမှတ်(၇၀)စစ်အခြေခံလေ့ကျင်ရေးတပ်က စစ်သားတွေ ပါဝင်တယ်လို့ အသိပေးပါတယ်။

◾️တိုက်ပွဲမရှိတာဆက်ထိန်းဖို့ SSPPကို စစ်တပ်ပြော

လက်ရှိ ရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်တပ်ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁၂ရက်က အာ​ဏာသိမ်းစစ်တပ်နဲ့ SSPP ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို SSPP က အသိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။ SSPP/SSAဘက်က ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေး ပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင် အချက် ၇ချက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း SSPP ဘက်က ဆွေးနွေးခဲ့သလို ယုံကြည်မှုထိခိုက်ခဲ့တဲ့ ဖြစ်စဉ်များ ထပ်မဖြစ်အောင်၊ နှစ်ဖက်အကြားအငြင်းပွားလာပါက ဆွေးနွေးညှိနှိုင်း မှုနဲ့ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

◾️ပြည်ပ ၆ နိုင်ငံက နှင်းဆီလှုပ်ရှားမှု

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်၊ ဂျာမနီ၊ သြစတေးလျ၊ အင်္ဂလန် ၊ နယ်သာလန် နဲ့ ယူအေအီး နိုင်ငံတွေမှာ ပြည်ပရောက်မြန်မာတွေက နှင်းဆီပန်းတွေနဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့ မှတ်တမ်းတွေကို People Movement Platform - Myanmarက ဖော်ပြထားတာပါ။ နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

◾️စစ်ကိုင်းက နှင်းဆီလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီနဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုတို့ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့ နှင်းဆီလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ ဝေငှပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေအလိုက် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ဖို့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက လှုံ့ဆော်ခဲ့ပါတယ်။
နှင်းဆီပန်း (သို့) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှုမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ခြင်းတို့ လုပ်ဆောင်ဖို့ သ​ပိတ်ကော်မတီဝင်တွေက တိုက်တွန်းခဲ့ပါတယ်။
❤17👍3🔥2🤣1
ဆားလင်းကြီးမြို့နယ်မှာလည်း လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့ လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကို ပေးပို့ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👏18👍7🔥2🤣1
👍21🔥2😱1🤬1🤣1