People's Spring
✔
59.4K subscribers
72.3K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတချို့နဲ့ ပျက်စီးမှုများ။ ဓာတ်ပုံ - Wetlet Informational Network)
😡32🤬6👍5😢3🔥2❤1👎1👏1🎉1
ကပစ-၂၁နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံရ၊ ဗိုလ်ကြီးအပါအ၀င် ၁၀ ဦး သေဆုံး

ဇွန် -၁၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ ဦးသေဆုံးတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဇွန် ၁၆ ရက်) ညနေပိုင်းက ဆိပ်ဖြူမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်ပါတဲ့ ၆ ဘီးကား ၁စီးနဲ့ ဗိုလ်ကြီး ၁ဦး လိုက်ပါလာတဲ့ အိမ်စီးကားကို ဆိပ်ဖြူမြို့အထွက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"ကပစ(၂၁)နဲ့ အမှတ်(၉)လေကြောင်းရန်တပ်က ပူးပေါင်းပြီး ထွက်လာတာကို ကြားဖြတ်တိုက်တာ "လို့ ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာ၀န်ရှိသူ ကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း MA1 ၅လက်၊ MA2 ၁လက်၊ MA3 ၁လက်၊ MA5 ပစ္စတို ၁လက်၊ ကျည်အိမ် ၁၈ခု၊ ၅.၅၆ ကျည် ၂၄၀တောင့်၊ လက်ပစ်ဗုံး ၂လုံး နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

"မနေ့က ခံလိုက်ရတော့ ဒီနေ့ မြို့အနီးနားတဝိုက်ကို ၀င်မွှေနေကြတယ်။အင်အား ၂၀၀ လောက်ရှိတယ်"လို့ ဆိပ်ဖြူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )က လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

အခု ဇွန်လဆန်းပိုင်းကစပြီး စစ်တပ်က တပ်မ (၅၅၊၈၈၊၉၉)နဲ့ (၁၀၁) ၄ခုအထိသုံးပြီး ဆိပ်ဖြူမြို့နယ် ကပစ(၂၂)စက်ရုံကို အင်အားဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီအင်အား ၁,၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ပေါက်မြို့နယ်နဲ့ ဆောမြို့နယ် တွေကို ဖြန့်ခွဲရောက်ရှိနေပြီး တချို့က ဆိပ်ဖြူမြို့နယ်ထဲမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။
👍40❤10👏5🤣2🤮1🕊1
(တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - ပကဖ အသံ)
👍42🥰9👏3❤1🤮1🤣1
စစ်မှုထမ်းဖို့ပေါ်တာဆွဲခံထားရသူ ၇ဦး ရေဦးပကဖထံ ထွက်ပြေးလာ

ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

စစ်မြေပြင်ကို လိုက်ဖူးတဲ့သူတချို့အပါအဝင် သက်လတ်ပိုင်းအမျိုးသား ၇ဦးဟာ တော်လှန်ရေးတပ်တွေထံ ချိတ်ဆက်ပြီး ထွက်ပြေးလာတာလို့ သိရပါတယ်။

" ၆ယောက်က ၁စု၊ ၁ယောက်က ၁စု ထွက်ပြေးလာတာပါ။ အိမ်‌ထောင်ရှိသူတချို့လည်း ပါတယ်။ သူတို့က သူတို့ဒေသကို ပြန်သွားလို့ မရတော့ဘူးဆိုတော့ လောလောဆယ် ကျတော်တို့ ထိန်းချုပ်ဒေသမှာပဲ အလုပ်အကိုင်ရှာပေးရမှာပေါ့"လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။။

ထွက်ပြေးလာသူတွေဟာ အသက် ၃၀ခန့်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။ သူတို့ထဲမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ရင်းစစ်မှုထမ်းစုဆောင်းခံရသူ၊ အိမ်မှာနေရင်းညဘက် ဝင်ဖမ်းပြီးစစ်သားစုဆောင်းခံရသူတွေပါတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီး ဒေသပေါင်းစုံမှာ အတင်းအကျပ်စစ်သားစုဆောင်းတာတွေပြုလုပ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးနေပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဥ် (၂၆)ကို စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။
👍35❤6🕊2🥰1🤣1
(စစ်မှုထမ်းဖို့ စစ်တပ်ရဲ့ ခေါ်ဆောင်ခံရသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👍30🔥6👏4🤣2🥰1🤮1🫡1
ရွှေကူမှာ စစ်တပ်က တော်လှန်ရေးတပ်အသွင်ယူ ပုံမှားရိုက်နေလို့ ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ဖို့ ရွှေ့ကူ PDF သတိပေး

ဇွန်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

စစ်တပ်ဟာ ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်အင်အားဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

“ အကြမ်းဖက်စစ်ကော်မရှင် တပ်သားများသည် KIA/ K-PDF ဝတ်စုံများကို ဝတ်ဆင်အသုံးပြုကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကော်မရှင်တပ်၏ ရိုင်းစိုင်းယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို မိဘပြည်သူများ အနေဖြင့် မြင်ကြားသိရှိ ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အသိနှင့်သတိ ဆင်ခြင်ကာ သွားလာနေထိုင်ကြရန်၊ အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့် ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်” လို့ ရွှေကူ KPDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ရဲ့ တော်လှန်ရေးတပ်အသွင်ဆောင်လုပ်ဆောင်မှုဟာ ကချင်ဒေသသာမက အခြားဒေသတွေမှာလည်း ရှိခဲ့ပြီး တော်လှန်ရေးတပ်တွေကို ပုံဖျက်တာ၊ ပြည်သူအထင်မှားအောင်လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။

“KIA နဲ့ PDF အပေါ် ပြည်သူတွေ အထင်မှားလာအောင်ညယုံကြည်မှုနည်းလာအောင် စကစက နည်းလမ်းပေါင်းစုံကြိုးပမ်းနေတယ်လို့မြင်တယ်” လို့ ကချင်သတင်းရင်းမြစ်က ရွှေကူနယ်အတွင်း စစ်တပ်ရဲ့ လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် KIA သိမ်းထားတဲ့ မဘိမ်းမြို့နဲ့ KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော် ဆောင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

အခြားသတင်းကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်ကောင်စီဟာ ဗန်းမော်ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေရာ ရွှေကူဒေသမှာ စစ်ကြောင်းသုံးကြောင်း လှုပ်ရှားနေပြီး စစ်ကြောင်းတကြောင်းကဗန်းမော်ကိုဦးတည်နေတာလို့ ပြောပါတယ်။

စစ်တပ်ဟာ ရွှေကူ ၊ ဗန်းမော်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ မဘိမ်းမြို့နယ် ငါးအိုးဒေသကနေ စစ်ကြောင်းအများအပြားနဲ့ စစ်အင်အားဖြည့်တင်းနေလို့ မေလဆန်းကနေ အခုထိ ငါးအိုး-ရွှေကူကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်တပ်ဟာ ရှမ်းမြောက်က KIA သိမ်းထားတဲ့ နမ့်ဖက်ကာ နဲ့ လက်ရှိ ကိုးကန့်တပ် နေရာယူထားတဲ့ ကွတ်ခိုင်၊ တအာင်းတပ် နေရာယူထားတဲ့ နမ့်ခမ်း စတဲ့ဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
🤬34👍9❤2🔥2👎1😁1🤣1😡1
(ကချင်ပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ KPDF တပ်ဖွဲ့အဝင်အချို့ကို ၂၀၂၅ မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Sirinda)
👍36❤8🔥1🥰1🤬1💩1
စစ်မှုထမ်းစုဆောင်းခံရသူ ၇ဦး ပျူတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာ

ဇွန်-၁၇၊ ၂၀၂၆။ ဖိုးသား/People's Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

လွတ်မြောက်လာတဲ့ စစ်မှုထမ်းစုဆောင်းခံရသူ ခုနှစ်ဦးကို ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ဆိုပါတယ်။

"ပျူအစောင့် သုံးယောက်ကို ရိုက်နှက်ပြီး ထွက်ပြေးလာတာ။ ဖြစ်စဉ်က အခုလ ၁၄ ရက်နေ့က”လို့ သူက ပြောပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူတွေကို ရေဦးမြို့ပေါ် အထက ၂ မှာ စစ်တပ်က ထားရှိပြီး အဲဒီကတဆင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ပို့ဆောင်တယ်လို့ အသိပေးပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ မှတ်ပုံတင်လုပ်ရင်း ဖမ်းဆီးခံရတာ၊ ခရီးသွားရင်း ဖမ်းခံရတာနဲ့ နေအိမ်ပေါ်တက်ပြီး စစ်မှုထမ်းစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

"တစ်ယောက်က ရေဦးမြို့မှာ မှတ်ပုံတင်သွားလုပ်ရင်းအဖမ်းခံရ။ နောက်တစ်ယောက်က ခရီးသွားရင်း စစ်ကိုင်းမှာ ကားပေါ်က ဆွဲချ ခံရ။ကျန်ငါးယောက်က အိမ်ထဲအထိဝင်ရောက်ပြီး ပေါ်တာအဆွဲခံရတာ"လို့ လွတ်မြောက်လာတဲ့ စစ်မှုထမ်းစုဆောင်းခံရသူခုနှစ်ဦး အကြောင်းကို ရေဦး ပကဖ တာ၀န်ရှိသူက ရှင်းပြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ်တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုက လက်ရှိမှာ အပတ်စဉ် ၂၅အထိ ရောက်နေပြီဖြစ်ပါတယ်။
👍40❤7🥰1👏1😁1🤣1
(အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရသူတွေကို တွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ - စကစ)
👎22👍9🔥2😁2🥰1🤔1🫡1
ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

▪️ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

ဇွန် ၁၇၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ ၁နာရီနီးပါးကြာ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၇ ရက် ညနေ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီ ၄၅ မိနစ်၀န်းကျင်အထိ မြို့ရှိ လမ်းမတော်၊ ပိုက်သည်၊ ရွာမရပ်ကွက်တို့နဲ့ ဂစ္ဆပနဒီတံတားအောက်ခြေတလျှောက်တို့ကို ဗုံးအလုံးရေ ၁၀ ကျော် ကြဲချခဲ့တာပါ။

"အခုထိ သိရတာ သေတာ ၁၂ယောက်၊ ဒဏ်ရာရတာ ၂၀နီးပါးရှိပြီ၊ အသေအပျောက်များတော့ အရေအတွက် အတိအကျမသိသေးဘူး။ အထိအခိုက် တော်တော်များတယ်"လို့ ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပိုက်သည်ရပ်ကွက်ရှိ ဈေးဆိုင်တွေ၊ ကုန်တွေရှိတဲ့ ယာယီဈေးနဲ့ လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပြင် ဆိုင်ခန်းနဲ့ လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

"ခေါင်းထက်မှာ ဘယ်နှစ်စီးမှန်းမသိဘူး ပတ်လိုက် ကြဲလိုက် ကြဲချသွားတာ။ ကြောက်တာ ငိုတောင်ငိုကြတယ်၊ အခုလောက် ကြောက်ဖို့ကောင်းတာ မကြုံဖူးသေးဘူး။ ဆိုင်က အလုပ်သမားတွေ သေသွားတယ်။ ဒဏ်ရာရတာလည်း မနည်းဘူး၊ ခြေပြတ်သူပြတ်၊ ပေါင်ထိသူထိနဲ့" လို့ ပိုက်သည်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်တလောမှာ ဗုံးကြဲလို့ မီးလောင်သွားတဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးငြှိမ်းသတ်နေပြီး အသေအပျောက်တွေကိုလည်း ကောက်ယူ၊ ပြုစုနေတယ်လို့ သိရပါတယ်။

"လမ်းမတော်ရပ်ကွက်က မြစ်ဟိုဘက်မှာဆိုတော့ သေချာမသိရသေးဘူး။ တမြို့လုံးကို ကြဲသွားတာဆိုတော့ အသေအပျောက်မရှိရင်တောင် နှစ်ဆယ်၊ သုံးဆယ် ရှိမယ်ထင်တယ်"လို့ ကျောက်တော်မြို့မှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း ဂွမြို့နယ်က ကျိန္တလီမြို့ ၊ရမ္မာကျွန်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဦး သေဆုံးပြီး ကလေးငယ်အပါအ၀င် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အခုလိုမျိုး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ဒါဟာ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုရက်နောက်ပိုင်း ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်)နဲ့ ကင်းထောက်လေ ယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
🤬25👎10😭3😡3❤2👏1
🤬15❤7👎7👍5😡4😢3👏1