People's Spring
✔
59.4K subscribers
72.4K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍17❤3🔥2🥰2🤣1
■အ​တွေးအမြင်

ကမ္ဘာ့ဖလားမှာ နှစ် ၆၀​ကျော်ကြာကျိန်စာကို
မက်ဆီရဲ့အာဂျင်တီးနား​ ကျော်ဖြတ်နိုင်မလား

​သ​ပြေ/People's Spring

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်း
နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး ။

ပြိုင်ပွဲဝင်အသင်း စံချိန်တင် ၄၈ သင်းပါဝင်တဲ့၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀​ကျော်ကြာဘယ်အသင်းမှမစွမ်းနိုင်ခဲ့တဲ့ စံချိန်
ကို ချိုးဖြတ်နိုင်ဖို့အာဂျင်တီးနား အသင်းမှာ
အခွင့်အလမ်းရှိ​နေပါတယ် ။ ဒါ​ပေမယ့်
အလွန်ခက်ခဲမှာပါ ။

ခေတ်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲ​တွေရဲ့ စိန်​ခေါ်မှု​တွေ​ကြောင့် ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ထက်
ချန်ပီယံဖြစ်ပြီး​နောက်အကြိမ်မှာ အုပ်စုကထွက်ရဖို့ ဖြစ်နိုင်​ချေ​က ပိုများလာပါတယ်။ဒီအချက်ကို ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ​​နောက်
ပိုင်းမှာ​တွေ့ရပါတယ် ။

ခက်ခဲ​ပေမယ့်လည်း ဂန္တဝင်ကစားသမား မက်ဆီ ဦး​ဆောင်လာမယ့် အာဂျင်တီးနားအသင်းဟာ ၂ ကြိမ်ဆက် ချန်ပီယံ ဆုအတွက် ဒီမနက်မှာပဲ စပြီးတိုက်ပွဲဝင်ပါပြီ ။

၁၉၃၀ ခုနှစ်ကစပြီး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်ကျင်းပပြီးခဲ့တာမှာ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံက ၈ နိုင်ငံပဲရှိပါတယ် ။ဘရာဇီး ၅ကြိမ် ၊ဂျာမနီ နဲ့ အီတလီ ၄ ကြိမ်စီ ၊အာဂျင်တီးနား ၃ ကြိမ် ၊ပြင်သစ် နဲ့ ဥရု​​ဂွေး ၂ ကြိမ်စီ၊
အဂ်လန် နဲ့ စပိန် တို့က ၁ ကြိမ်စီပါ ။

အဲဒီထဲကမှ နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တာ အီတလီက ၁၉၃၄ နဲ့ ၁၉၃၈ ၊ ဘရာဇီးက ၁၉၅၈ နဲ့ ၁၉၆၂ ​မှာဗိုလ်စွဲခဲ့တာပါ။

အီတလီရဲ့ ဗိုလ်စွဲမှုဟာ ဖက်ဆစ်အာဏာရှင် မူဆိုလီနီလက်ထက် ​ဘောလုံး​အောင်မြင်မှုကို ဖက်ဆစ်ဝါဒ​အောင်မြင်မှုအဖြစ် ဝါဒဖြန့်ဖို့အိမ်ရှင်လုပ်ခဲ့တဲ့ ၁၉၃၄ မှာ​ ​နောက်ကွယ်ကဖိအား​ပေးတာ၊မသမာမှု​တွေလုပ်ခဲ့တာ​တွေရှိခဲ့တယ်လို့​ဘောလုံးသမိုင်းသု​တေသီအချို့က ​ထောက်ပြပါတယ် ။၁၉၃၈ ဗိုလ်စွဲတာမှာလည်း ဖက်ဆစ်အာဏာရှင်က ​အီတလီဘောလုံးသမား​တွေကို ဗိုလ်လုပွဲမှာမနိုင်ရင် အသတ်ခံရမယ်ဆိုတဲ့သ​ဘောထိ​တောင်ဖိအား​ပေးခဲ့ကြတယ်လို့ ​​ဝေဖန်​ထောက်ပြ
မှု​တွေရှိခဲ့ပါတယ် ။

တဖက်မှာ မူဆိုလီနီရဲ့ဖိအား​ပေးမှု​တွေရှိတဲ့တိုင် အီတလီအသင်းမှာ အဲဒီ​ခေတ်က အလွန်​ကောင်းတဲ့​ကစားသမား​တွေလည်းနေပါတယ် ။ကွင်းလယ်ဖန်တီးရှင်လည်းဖြစ်အသင်း​ခေါင်း​ဆောင်လည်းဖြစ်တဲ့ ဂျူစပီ မိအာဆာ (Giuseppe Meazza) နဲ့ နည်းပြဗစ်တိုရီယို
ပိုဇို (Vittorio Pozzo) တို့က​ ​အောင်မြင်မှုရဲ့​သော့ချက်​တွေဖြစ်ပါတယ် ။

ဘရာဇီးရဲ့ နှစ်ကြိမ်ဆက် ချန်ပီယံဆု​အောင်ပွဲမှာ သူရဲ​ကောင်း​တွေက​တော့ ပုလဲနက်လို့တင်စားကြတဲ့ ပီလီ နဲ့ ဂါရင်ချာ တို့ပဲဖြစ်ပါတယ်။၁၉၅၈ ကမ္ဘာ့ဖလားမှာ ၁၇ နှစ်သားပီလီက ကမ္ဘာကြီးကိုအံအားသင့်​စေခဲ့ပါတယ်။၁၉၆၂ ကမ္ဘာ့ဖလားမှာ​တော့ ပီလီတစ်​ယောက်အုပ်စုဒုတိယပွဲမှာပဲ ​ဒဏ်ရာရပြီး ပြိုင်ပွဲတစ်ခုလုံးမကစားနိုင်​တော့ချိန်မှာ ​တောင်ပံကစား
သမား ဂါရင်ချာက ဘရာဇီးအသင်းကို ဗိုလ်စွဲ​အောင် ပုခုံးနဲ့ထမ်းတင်​ပေးခဲ့သူဖြစ်ပါတယ် ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီစွမ်း​ဆောင်ခဲ့တာကလည်း သွင်းဂိုး ၊ဂိုးဖန်တီးမှု ၊ပြိုင်ဘက်​တွေနဲ့ ပွဲအ​ပေါ် လွှမ်းမိုးနိုင်စွမ်းကအထက်ပါ ကစားသမား​တွေထက် မသာရင်​တောင် မနိမ်ခဲ့ပါဘူး။ သွင်းဂိုး ၇ ဂိုး၊ဂိုးဖန်တီးမှု ၃ ကြိမ်ဆိုတဲ့အချက်အလက်​တွေအရဆိုရင် ပို​တောင်သာခဲ့ပါ​သေးတယ် ။ ဒါ​ကြောင့် မက်ဆီရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားမှာ​ရော ဘယ်​လောက်စွမ်း​ဆောင်နိုင်မလဲဆိုတာ​စိတ်ဝင်စားစရာ​ကောင်း​နေပါတယ်။

၂ ကြိမ်ဆက်ချန်ပီယံဖြစ်ခါနီးပြီး မဖြစ်ခဲ့တဲ့ အသင်း ၃ သင်းလည်းရှိခဲ့ပါတယ်။ ဘရာဇီးက ၁၉၉၄ မှာဗိုလ်စွဲခဲ့သလို ၁၉၉၈ မှာလည်း ဗိုလ်လုပွဲအထိ​ရောက်ပြီး ဒုတိယနဲ့​ကျေနပ်ခဲ့
ရတာပါ ။ မာရာဒိုနာဦး​ဆောင်တဲ့အာဂျင်တီးနားက ၁၉၈၆ မှာဗိုလ်စွဲပြီး ၁၉၉၀ မှာ ဒုတိယနဲ့​ကျေနပ်ခဲ့ရပါတယ် ။အလားတူ မက်ပီရဲ့ ပြင်သစ်ကလည်း ၂၀၁၈ ဗိုလ်စွဲပြီး ၂၀၂၂ မှာဗိုလ်စွဲဖို့လက်တကမ်းထိ​ရောက်ပြီးမှ ကပ်လွဲခဲ့တာပါ ။

မ​ကောင်းတဲ့စံချိန်​မှတ်တမ်း​တွေက​တော့
ပြင်သစ်ဟာ ၁၉၉၈ ဗိုလ်စွဲပြီး ၂၀၀၂ မှာအုပ်စုကပြုတ်ပါတယ်။ အီတလီလည်း ၂၀၀၆ ဗိုလ်စွဲပြီး ၂၀၁၀ မှာအုပ်စုကထွက်ရပါတယ် ။ စပိန်တို့လည်းအားကျမခံ၂၀၁၀ ဗိုလ်
စွဲပြီး ၂၀၁၄ အုပ်စုပြုတ်ပါတယ်။ အလားတူ ဂျာမနီလည်း ၂၀၁၄ ဗိုလ်စွဲပြီး ၂၀၁၈ မှာအုပ်စုကထွက်ရပါတယ်။

ချန်ပီယံဖြစ်ပြီး ​နောက်အကြိမ်မှာထွက်ရ​လေ့ရှိလို့ “ချန်ပီယံကျိန်စာ” (The Champions' Curse) လို့​တောင်​​ပြောကြပါတယ် ။၂၀၁၈ ချန်ပီယံပြင်သစ်က​တော့ ဒီကြိမ်စာကို ​ကျော်ဖြတ်ပြပြီး ဗိုလ်စွဲလုနီးနီး​ရောက်​အောင် စွမ်း​ဆောင်ခဲ့တာပါ။

​ခေတ်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲ​တွေမှာ ၂ ကြိမ်ဆက်ဗိုလ်စွဲဖို့ ဘာ​ကြောင့်ပိုခက်ခဲလာတာပါလဲ။ ​ပြိုင်ပွဲဝင်အသင်းတွေကြား​ဘောလုံးအဆင့်အတန်းကွာဟမှုကျဥ်း​မြောင်းလာတာ၊ ချန်ပီယံအသင်းရဲ့ နည်းဗျူဟာ၊ ကစားသမားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြိုင်ဘက်နည်းပြအဖွဲ့တွေ၊ကစားသမား​တွေက ဗီဒီယိုမှတ်တမ်းတွေ၊ အချက်အလက်တွေကို ၄ နှစ်တာပတ်လုံး အသေးစိတ် ​လေ့လာပြီး တားဆီးဖို့ပြင်ဆင်ကြတာ ၊ ဗိုလ်စွဲထားတဲ့အသင်းမို့
❤11👍4🥰1🤔1🤮1
ဖြုတ်ချင်ကြတာ ၊ ပြိုင်ပွဲဝင်အသင်းအ​ရေအတွက်များလာတာ(အီတလီနဲ့ဘရာဇီး ၂ ကြိမ်စီဗိုလ်စွဲစဥ်ပြိုင်ပွဲဝင်အသင်း ၁၅သင်း၊၁၆ သင်းပဲရှိတာ) စတဲ့အချက်အလက်​တွေ​ကြောင့် ၂ ကြိမ်ဆက်ဗိုလ်စွဲဖို့ကခက်ခဲလှပါတယ် ။

ဒါ့အပြင်ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုက ပြိုင်ပွဲအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁ ရတဲ့အသင်း​တွေက ဗိုလ်စွဲနိုင်
တာအင်မတန်ရှားပါတယ်။၂၀၁၀ ပြိုင်ပွဲမှာ
တုန်းကစပိန်ပဲရှိခဲ့ဖူးပါတယ် ။​ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့​ဘောလုံးအဆင့်သတ်မှတ်ချက်စထုတ်ပြန်တဲ့ ၁၉၉၃ ​နောက်
ပိုင်းစပိန်ပဲရှိခဲ့ဖူးပြီး ကျန် အဆင့် ၁ ​တွေအတွက်ကျိန်စာဖြစ်ခဲ့တာပါ ။

ဒါ​တွေက သမိုင်းအချက်အလက်​တွေပါ။အ​ရေးအကြီးဆုံးက​တော့ ကွင်းအတွင်းစွမ်း​ဆောင်ရည်သာ အဓိကပါ။ အာဂျင်တီးနားအသင်းမှာ ချန်ပီယံဆုကိုစိန်​ခေါ်နိုင်တဲ့ အရည်အ​သွေးရှိ​နေတာက​တော့ ဘယ်သူမှ
မငြင်းနိုင်ပါဘူး ။ နည်းပြလီယွန်နယ် စကာလိုနီရဲ့ အသင်းဟာ ၂၀၂၁ ကိုပါအ​မေရိက ချန်ပီယံ ၊၂၀၂၂ ဖိုင်နယ်လီဆီးမား ချန်ပီယံ (Finalissima ) ၊၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ ၊၂၀၂၄ ကိုပါအ​မေရီကချန်ပီယံတို့ဆက်တိုက်ဆွတ်ခူးထားတာပါ ။

လက်ရှိပြိုင်ပွဲကို အထက်ပါချန်ပီယံဆု​တွေရ​အောင်စွမ်း​ဆောင်​ပေးတဲ့အဓိကကစားသမား​​
တွေ နဲ့ ပင်ကိုယ်ပါရမီ​ကောင်းတဲ့ လူငယ်ကစားသမား​တွေ ​ပေါင်းစပ်ပြီးပြိုင်ပွဲဝင်လာတာဖြစ်ပါတယ် ။ဒါ​ကြောင့် လက်ရှိ​ဘောလုံး​လောကမှာ ​​​ခြေစွမ်းအမြင့်ဆုံးကိုကာလအ
ရှည်ကြာဆုံးထိန်းထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

​​အောင်မြင်မှုအများကြီးရထားတဲ့အသင်းမို့​အောင်ပွဲအ​ပေါ်ဆာ​လောင်မှု ​လျော့နည်းသွားနိုင်တယ်လို့​​သုံးသပ်မှု​တွေလည်းရှိပါတယ်။ဒါ​ပေမယ့် ပြိုင်ပွဲအနီး ​ခြေစမ်းပွဲ​တွေမှာ ​ဘော
လုံးဆုံးရှုံးရင်​တောင် ကစားသမားအားလုံးက မရမက ၊ကျားကုတ်ကျားခဲ ဇွဲသန်သန်နဲ့ လိုက်လုကစားတာ ၊ ပြိုင်ပွဲဝင်စိတ်ပြင်းထန်လှတာ ၊အသင်းလိုက်စည်းလုံးမှု အား​ကောင်းတာ​တွေက အာဂျင်တီးနားရဲ့ဝိ​သေသဖြစ်​နေလို့ ​လျှော့တွက်လို့ မရပါဘူး။

အားနည်းချက်တစ်ချက်လည်း အ​သေအချာရှိ​နေပါတယ် ။ အဓိက ကစားသမားဖြစ်တဲ့
မက်ဆီရဲ့အသက်အရွယ်ပါ။​ကြံခိုင်မှုအတွက်​တောင်းဆိုမှုများလှတဲ့ပြိုင်ပွဲကြီးမှာ ၃၈ နှစ်အရွယ်ကစားမားကြီးက ဘယ်အထိ စွမ်း​​ဆောင်နိုင်မလဲဆိုတာ အားလုံးအတွက်မသိကိန်းပါ။ဒါ​ပေမယ့် ဘယ်သူမှမစွမ်း​ဆောင်နိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲကြီး ၂ ခုမှာအ​ကောင်းဆုံး​ဘော
လုံးဆု ၂ ကြိမ်(၂၀၁၄ ၊၂၀၂၂) ရထားတဲ့မက်ဆီဟာ ​ခြေစွမ်းကို အမြင့်ဆုံးအဆင့်မှာ နှစ် ၂၀​ ​ကျော်ထိန်းထားနိုင်တာကြောင့်​လည်းလျှော့တွက်လို့လည်းမရပါဘူး ။ ဒီပြိုင်ပွဲမှာပဲမက်ဆီက သမိုင်းတ​လျှောက်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံး နဲ့ ဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်ဖြစ်လာဖို့လည်းလက်တကမ်းပဲလို​တော့တာပါ။

ပိုပြီးစိတ်ဝင်စားဖို့​ကောင်းတာက ဒါဟာ ​မှော်ဆန်တဲ့​ခြေစွမ်းပိုင်ရှင်မက်ဆီရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ။​နောက်ဆုံးအကြိမ် ကခုန်ခြင်း- The last dance ဖြစ်​နေတာပါ ။

မက်ဆီအတွက်ဆိုရင် တိုက်ပွဲဝင်ဖို့အသင့်ဖြစ်​နေတဲ့ ဒီ​​ပေါ တို့တစ်သိုက် ၊မက်ဆီနဲ့အတူ ဘယ်အထိစွမ်း​ဆောင်နိုင်မလဲဆိုတာမြန်မာစံ​တော်ချိန် ဇွန် ၁၇ရက်မနက်မှာ အယ်လ်ဂျီရီးယားနဲ့ပွဲမှာ စမြင်​​တွေ့ခွင့်ရပါပြီ ။ သမိုင်းမှာဆုဖလား​​ပေါင်း ၄၆ ခုနဲ့အများဆုံးစံရှင်ပေါင်း မက်ဆီကပြိုင်ပွဲမတိုင်ခင် အစ်စတာဂရမ်မှာ ​
နောက်ဆုံးပိုစ်​ရေးတင်ထားပါတယ်။

"Juntos" ပါတဲ့ ။ “Juntos” ဆိုတာ စပိန်ဘာသာစကားဖြစ်ပြီး "အတူတကွ"လို့ အဓိပ္ပါယ်ရပါတယ်။ ။
👍24❤5🥰3🤮1💯1
👍32🥰3❤2🤮2🎉1
■အ​တွေးအမြင်

ဂျပန်ရဲ့သတိပေးခေါင်းလောင်း နဲ့ မြန်မာလူငယ်များ

ခါကာဘို ရေးသားသည်။

"ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်" ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။

အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေ
အနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။

ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ အလုပ်သမားအင်အားမလုံလောက်လို့ နိုင်ငံခြားအလုပ်
သမားတွေကို ပိုပြီး လိုအပ်လာနေချိန်မှာပဲ နိုင်ငံခြားသားတွေအပေါ် သတိထားတဲ့ သ
ဘောထား၊တချို့အခြေအနေတွေမှာ ဆန့်
ကျင်တဲ့ သဘောထားတွေပါ တဖြည်းဖြည်း အားကောင်းလာနေပါတယ်။

ဒါဟာ ဘာကြောင့် ဖြစ်လာတာလဲ။
အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေကနှစ်စဉ်ကျဆင်းနေတယ်။မွေးဖွားနှုန်းနည်းလာပြီး သက်ကြီးရွယ်အိုဦးရေ တိုးလာတယ်။စက်ရုံတွေ၊ဆေးရုံတွေ၊ စိုက်
ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်
ငန်းတွေမှာ အလုပ်သမားရှားပါးမှု ကြုံနေရတယ်။

ဒါကြောင့် နိုင်ငံခြားအလုပ်သမားတွေကို ပိုပြီး ခေါ်ယူလာရတယ်။တစ်ချိန်တည်းမှာပဲ ကမ္ဘာလှည့်ခရီးသွားတွေ သန်းနဲ့ချီပြီး ဂျပန်ကို လာရောက်လည်ပတ်နေကြတယ်။ မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေများပြားလာတာကြောင့်အိမ်ငှားဈေးတက်လာတာ၊ လူ
စည်ကားလာတာ၊ ယဉ်ကျေးမှုကွာခြားမှုတွေ ပိုမြင်လာတာမျိုးတွေဖြစ်လာပါတယ်။ဒီအ
ခြေအနေကဂျပန်ပြည်သူတချို့ကို စိုးရိမ်စေပါတယ်။

"ဂျပန်ယဉ်ကျေးမှု ပျောက်သွားမလား"

"စည်းကမ်းမလိုက်နာတဲ့ နိုင်ငံခြားသားတွေ ပိုများလာမလား"

"မြေယာတွေကို နိုင်ငံခြားသားတွေ ဝယ်ယူလာရင် ဘယ်လိုဖြစ်မလဲ"

ဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ပိုများလာတယ်။

အဲဒီလို စိုးရိမ်မှုတွေကို အခြေခံပြီး "Japanese First" လို့ ခေါ်တဲ့ "ဂျပန်ကို အရင်ဦးစားပေး" မူဝါဒနဲ့ မဲဆွယ်ခဲ့တဲ့ Sanseito ပါတီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ပါတယ်။

စစ်တမ်းတွေအရဂျပန်ပြည်သူ သုံးပုံနှစ်ပုံနီးပါးကနိုင်ငံခြားသားတွေရဲ့မြေယာဝယ်ယူမှုကိုပိုမိုကန့်သတ်သင့်တယ်လို့ ယုံကြည်နေကြပြီး နိုင်ငံခြားသားတွေက ဂျပန်စည်းမျဉ်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အပြည့်အဝ လိုက်နာသင့်တယ်လို့ မြင်ကြပါတယ်။

ဒီတော့ ဒီအပြောင်းအလဲတွေကမြန်မာတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲ။

ပထမဆုံးပြောရရင်ဂျပန်ကနိုင်ငံခြားအလုပ်
သမားတွေကို လုံးဝ မလိုတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်သမားလိုအပ်ချက်က ဆက်ပြီး မြင့်မားနေဦးမှာပါ။ ဆေးရုံ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုး
ရေးကဏ္ဍတွေမှာ နိုင်ငံခြားလုပ်သားမရှိရင် လုပ်ငန်းလည်ပတ်ဖို့တောင် ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့်နောင်အနာဂတ်မှာဗီဇာစည်းကမ်းတွေပိုတင်းကျပ်လာနိုင်တယ်။အမြဲတမ်းနေ
ထိုင်ခွင့် ရယူဖို့ ပိုခက်လာနိုင်တယ်။ ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ အခွန်ဆောင်မှု၊ ဥပဒေလိုက်နာမှု စတာတွေကို ပိုမိုစစ်ဆေးလာနိုင်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားတွေရဲ့အပြုအမူတချို့ကြောင့် လူထုအမြင် မကောင်းလာရင် ဂျပန်ရောက် မြန်မာအားလုံးအပေါ် သက်
ရောက်နိုင်ပါတယ်။

ဒါကြောင့် မြန်မာတွေ အနေနဲ့ အခုကတည်း
က စဉ်းစားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
ဂျပန်က အလုပ်သမားကို လိုချင်တာမှန်ပေမယ့် စည်းကမ်းလိုက်နာတဲ့ အလုပ်သမားကို ပိုလိုချင်တာ ဖြစ်ပါတယ်။

အလုပ်လုပ်နိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။
ဂျပန်ဘာသာစကားကို ကောင်းကောင်းတတ်ဖို့ လိုတယ်။ အလုပ်ခွင်ယဉ်ကျေးမှုကို နား
လည်ဖို့ လိုတယ်။ အမှိုက်ပစ်တာကစပြီး အများသုံးနေရာ အသုံးပြုတဲ့ စည်းကမ်းတွေအထိ လေးစားလိုက်နာဖို့ လိုတယ်။

နောက်တစ်ခုက ကျောင်းသားဗီဇာနဲ့ သွားပြီး ကျောင်းမတက်တာ၊ဗီဇာစည်းကမ်းချိုးဖောက်တာ၊အလုပ်ခွင်ကနေ ထွက်ပြေးတာမျိုးတွေက လူတစ်ယောက်ရဲ့ ပြဿနာတင် မဟုတ်တော့ဘဲမြန်မာအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။

တကယ်တော့ဂျပန်မှာအောင်မြင်နေတဲ့ မြန်မာတွေ အများကြီး ရှိပါတယ်။ သူတို့ကို ဂျပန်အလုပ်ရှင်တွေလက်ခံရတဲ့ အကြောင်းရင်းက စည်းကမ်းရှိလို့၊ ကြိုးစားလို့၊ ယုံကြည်စိတ်ချရလို့ ဖြစ်ပါတယ်။

ဒါကြောင့်ဂျပန်နိုင်ငံမှာနိုင်ငံခြားသားဆန့်
ကျင်တဲ့ အသံတွေ ပိုကြားလာရတာကို ကြောက်ရွံ့စရာအဖြစ် မမြင်သင့်ပါဘူး။ အဲဒီအစား "အရည်အချင်းရှိတဲ့ နိုင်ငံခြားသား" နဲ့ "ပြဿနာဖန်တီးတဲ့ နိုင်ငံခြားသား" ဆိုပြီး ပိုမိုခွဲခြားကြည့်လာမယ့် ခေတ်ရောက်လာပြီလို့ မြင်သင့်ပါတယ်။

ဂျပန်က နိုင်ငံခြားသားတွေကို ဆက်ပြီး လို
အပ်နေဦးမှာပါ။ဒါပေမယ့်ဂျပန်လူ့အဖွဲ့အ
စည်းထဲ ဝင်ရောက်ပေါင်းစည်းနိုင်သူ၊ စည်း
ကမ်းလိုက်နာသူ၊ ဘာသာစကားနဲ့ ယဉ်ကျေး
မှုကို လေးစားသူတွေကို ပိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတံခါးက ပိတ်မသွားသေးပါဘူး။ ဒါပေမယ့် အရင်ကထက်ပိုပြီးအရည်အချင်း၊စည်းကမ်း
၊တာဝန်ယူမှုကို တောင်းဆိုလာနေပါပြီ။ ။

ကိုးကား- Asia Times
❤34👍19👎1🤮1🤣1
👍17🤮12😢1🤣1
မကွေးကို ခြေကုပ်ယူပြီး ချင်းပြည်ကို အင်
အားထောင်ချီပို့ဆောင်ကာ ထိုးစစ်ဆင်မှုတွေက မကွေးဘက်မှာတော့ စစ်ရေးအရ အားသာချက်တစ်ခုဖြစ်သွားတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောခွင့်ရ ကိုဘိုဘိုသန့်ဇင်က ဆိုပါတယ်။

“စစ်တပ်က အင်အားအများအပြားနဲ့ ကျွံထွက်သွားပြီလို့ မြင်တာပေါ့။ သူ့မှာ နောက်လှည့်ဖို့လည်း ခက်သွားတယ်။ ရှေ့ကိုပဲ ဆက်တိုးလို့ ရတော့မှာ။ ရှေ့ကိုဆက်တိုးရင်လည်း ထိတွေ့မှုတွေကလည်းဖြစ်နေတယ်။ သူကျွံသွားခြင်းနဲ့အမျှ ကျနော်တို့က နောက်ကကျန်ခဲ့တဲ့ သူ့ရဲ့အထိုင်တွေကို ပူးပေါင်းတိုက်ခိုက်မှုတွေ ရှိနေကြတယ်”လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စစ်တပ်အနေနဲ့ ချင်းပြည်အတွင်းမှာစစ်နယ်ကျွံသွားခြင်းက မကွေးမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ စုပေါင်းကာ အထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စခန်းသိမ်းအောင်ပွဲတွေ ရရှိခဲ့ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/16/160157/
👍35❤9🥰3👎1😁1👌1🤣1
စစ်တပ်ကဂွမြို့နယ်ကိုဗုံးကြဲ ​ဒေသခံပြည်သူ
၂ ဦးသေဆုံး၊က​လေးငယ်​တွေအပါအဝင် ၈ ဦး ဒဏ်ရာရ

ဇွန်-၁၇၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဗုံးလာကြဲတာဖြစ်ပြီး သေသုံးသွားသူတွေကတော့ အသက် ၅၀ အရွယ် ဦး ဝေလင်းနဲ့ သူ့ရဲ့အိမ်နီးချင်း ၃၈ နှစ်အရွယ် ဒေါ်သူဇာမိုးတို့ဖြစ်ကြပါတယ်။

“ကျွန်မတို့အိမ်နားတဝိုက်မှာကျတာ။ အိမ်နားက ဦးလေးတယောက်သေတယ်။သူ့မိန်းမမှာဆိုရင်ပေါင်ပြတ်သွားတယ်။ တခြားလူတွေလည်း ဒဏ်ရာအရမ်းများတယ်။ သုံးလုံးစ
လုံး ရွာထဲတည်တည့်ကို ကျတာ။ အရပ်သားတွေ၊ နေတဲ့ရွာ သိရက်နဲ့ တမင်ကြဲတာပါ” လို့ ဗုံးကြဲခံရတဲ့ ရမ္မာကျွန်းကျေးရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ဗုံးကြဲမှုကြောင့်အသက် ၁၁ နှစ်အ
ရွယ် မယွန်းအိစံ၊အသက် ၁၂ နှစ်အရွယ် မအေးမြမွန်၊ အသက် ၄၀ အရွယ် ဒေါ်အေးသန္တာ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဖြူ၊ အသက်၄၂ နှစ်အရွယ် ဒေါ်ဆုမြတ်ဝေ
(သေဆုံးသွားတဲ့ ဦးဝေ လင်းရဲ့ ဇနီး)၊ အသက် ၇၀ အရွယ် ဒေါ်ခင်ဥ၊အသက် ၂၆ နှစ်အရွယ် ကိုအောင်သူရဝင်းနဲ့ အသက်၅၃ နှစ်အရွယ် ဦးကျော်ညွှန့်ဌေးတို့ ဒဏ်ရာရခဲ့ကြပါတယ်။

ရမ္မာကျွန်းကျေးရွာမှာကျိန္တလီမြို့နဲ့ တစ်မိုင်ကျော်အကွာ ဘင်္ဂလားပင်လယ်ကမ်းခြေ ရေလယ်ကျွန်းပေါ်တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ရေလုပ်ငန်းနဲ့အဓိကသက်မွေးကြတဲ့ ကျေးရွာတခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၄ ရက်နေ့ကလည်း ဂွမြို့နယ် ကျောက်ချွန်ရွာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့တာကြောင့်အဲဒီရွာစာသင်ကျောင်းထိခိုက်ပျက်စီး
သွားခဲ့ပါတယ်။ဒါ့အပြင်အခုရက်ပိုင်းအ တွင်းမှာပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်(Navy)တွေကနေလည်း လက်
နက်ကြီးတွေနဲ့ လူနေ ကျေးရွာတွေ၊ တောင်
တန်းတွေကို ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“ဂွမြို့နယ်မှာ တိုက်ပွဲပြီးတော့ စစ်ရှောင်တွေတချို့ ပြန်ရောက်နေကြပြီ။ အခု စစ်တပ်က ဒီလိုဗုံးတွေကြဲ၊ Navy တွေက ပစ်နေတော့ ထပ်ပြီးတော့ ရှောင်ကြရတယ်။ ဒီကောင်တွေက လူနေတွေကို တမင်နေလို့မရအောင် လုပ်နေ တာ” လို့ ဂွမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာသူတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ အစပ်မြို့ နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ငါးစီးထက်မနည်း အချိန်ပြည့်နေရာ ယူ ထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားတာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်နေ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်တပ်ကကမ်းတက်ဖို့ကြိုးစားနေတဲ့ပုံစံ၊အဲ
ဒါကြောင့်လည်းကမ်းခြေကရွာတွေကို တမင်
လိုက်ဖျက်စီးနေတာ၊ လူတွေ နေလို့မရတော့ရင် သူတို့တက်ဖို့လုပ်တာထထင်တယ်။ ဒါပေမယ့် ရခိုင်က မြို့တွေကိုတော့ တန်ပြန် ထိုးစစ် ဆင်ဖို့ဆိုတာ ကျွန်တော့်အမြင် မလွယ်တော့ဘူး” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် သုံးစီးသုံးစီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေတပြိုင်တည်းသုံးပြီး လေ ကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ AA က အသိပေးထားပါတယ်။
🤬28👍10👎4❤2🔥2😡2👏1
(ဒဏ်စာရ ပြည်သူ​တွေကို​တွေ့ရစဥ်။
ဓါတ်ပုံ-APM)
😢38👎2🙏2🔥1👏1🤬1
တိုက်ခိုက်ခံရတဲ့ ရန်ကုန်-ပြည်လမ်းပိုင်းနေရာကို စစ်တပ်စစ်ကြောင်းထိုးလာ

ဇွန်-၁၇၊၂၀၂၆။မိုမို/People's Spring

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က ပရပ်ကြယ်ရွာရဲစခန်းအနီး ရောက်နေတယ်လို့ ဆိုပါတယ်။

"အင်အား ၇၀ ကျော်ပါတယ်လို့ ကနဦး သိရတယ်။လက်ရှိ ရွာတွေက ဘုန်ကြီးကျောင်းတွေမှာ တပ်ဖြန့်ထားတယ်"လို့ ပုဏ္ဏ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူ ကိုဗေဒါက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၈ )နဲ့ အမှတ်(၇၀စစ်အခြေခံ
လေ့ကျင်ရေးတပ်က စစ်သားတွေပါဝင်တယ်လို့ အသိပေးပါတယ်။

"တိုက်ပွဲဖြစ်တဲ့ ရွာနီးစပ်ချုပ်ကို စစ်ကြောင်းပတ်ထိုးနေတာ။ပတ်မွှေနေတယ်။အရပ်သားတွေ ဖမ်းဆီးခံရတယ်လို့တော့ မကြားရသေးဘူး"လို့ တောင်တွင်းကြီးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ရန်ကုန်-ပြည်လမ်းမကြီးပေါ် ကိုးပင်-ဆတ်သွား လမ်းပိုင်းတနေရာမှာ စစ်တပ်အရာရှိတွေပါတဲ့ ကား ၂စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိုလ်ကြီးအပါအ၀င် ၄ဦး သေပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့စုပေါင်း စစ်ဆင်ရေးမှာ စစ်တပ်က သေဆုံးခဲ့သူတွေထဲက ဗိုလ်ကြီးစောသန်းထွန်းဟာ တောင်တွင်းကြီးမြို့နယ်ထွေအုပ်ရုံးမှာ တာ၀န်ကျသူဖြစ်ပြီး တပ်မ(၈၈) လက်အောက်ခံတပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တောင်တွင်းကြီးမြို့နယ်က ကပစ-၁၈ရဲ့ ဗိုလ်ကြီးနဲ့ စစ်သားတွေလိုက်ပါတဲ့ယာဉ်တန်းတွေ ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။

အဲဒါအပြင် ၂၀၂၆ ဇန်နဝါရီကလည်း နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာ လေးဦးသေပြီး လက်နက်တွေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ထုတ်ပြန်ထားပါတယ်။
👍37❤5👎2🔥2👏2😁1
(တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်နဲ့ သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-Nay Pyi Taw PDF)
👍42🥰8👏6🤮2❤1🖕1
CDF ဇိုဖေဌာနချုပ်ကို စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်လာနိုင်ဟု CNF ပြော

ဇွန် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ CDF ဇိုဖေ ဌာနချုပ်ကို စစ်တပ်က ဇွန်လ ၁၁ရက်မှာ တိုက်လေယာဉ်၊ Y12 လေယာဉ် စုစုပေါင်း လေယာဉ် ၈ စီးနဲ့ ဗုံးသီး အလုံး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာပါ။ အချိန်တနာရီခွဲအတွင်း အကြိမ်ပေါင်း ၁၅ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး ၆၀ ကျော်ထဲမှာ ပေါင် ၅၀၀ ဖျက်အားပြင်းဗုံး ၁၁လုံး အသုံးပြု တိုက်ခိုက်ခဲ့ဟု ဇိုဖေရမ် ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဇိုဖေရန် ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အမျိုးသမီး ၁ဦး ကျဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို ပြည်တွင်းပဋိပက္ခမှာ ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုဖေရမ်ကောင်စီ က ထုတ်ပြန်ပါတယ်။

အာဏသိမ်းစစ်တပ်ရဲ့ အခုလို လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်မှာ ပြောသလို PDF အပါအဝင် ဒေသကာကွယ်ရေးတပ်တွေ ကို ဦးစွာ ရှင်းလင်းမယ်ဆိုတဲ့ ပြောဆိုချက်ကို ဖော်ဆောင်နေတာဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောပါတယ်။

ဒါ့အပြင် ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် အခြားတော်လှန်ရေးတပ်တွေ ရဲ့ ဌာနချုပ်တွေ အခုလို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဖို့ စစ်အုပ်စုက မူလကတည်းက ချမှတ်ထားပြီးဖြစ်တာ တွက်လို့ရကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။ စစ်တပ်ရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ နယ်မြေစိုးမိုးရေး၊ အဓိက ကျတဲ့ လမ်းကြောင်းတွေ စိုးမိုးရေး ရည်ရွယ်ချက်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“သူကတေ့ မြို့ကနေ တဆင့်မြို့နယ်ကို အဲဒီလိုမျိုး စိုးမိုးဖို့ဆိုတာ သူတို့ရဲ့ အရင်ကတည်းက ချပြီးသားဖြစ်တယ်။” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု၊ စစ်ရေးလှုပ်ရှားမှုတွေအပြင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လက်လက် တွန်းလှန်သွားရမယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ဟာလက်ရှိမှာ ဒရုန်းတွေသုံးပြီး စစ်မှုထမ်းတပ်သားသစ်တွေ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေ စတဲ့ အင်အားတွေ ရင်းပြီး လူလှိုင်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်တာဖြစ်လို့ တော်လှန်ရေးဘက်ကလည်း အတက်နိုင်ဆုံး လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်ကြောင်း ရှင်းပြပါတယ်။
👍31🤬7❤2🥰2👎1🔥1👏1🎉1
(၂၀၂၆ ဇွန်လဆန်းက ချင်းပြည်နယ်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - Screengrab)
🤬39👍2👎2❤1🔥1👏1😢1🎉1🖕1😡1
မင်းတပ်မြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၇၀ခန့် ကြဲတိုက်ခိုက်

ဇွန်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

ဒီမနက် ၇နာရီကနေ စတင်ပြီး ၁နာရီကျော်အတွင်း စစ်တပ်က Y12 လေယာဉ်နဲ့ ၁ကြိမ် ဗုံးသီး ၄လုံးတွဲ ဗုံးတွေနဲ့ ၁၇ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို အခု ဇွန်လအတွင်းမှာ လေကြောင်းကနေတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်နေတာဖြစ်ပါတယ်။

မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ခုခံမှုကြောင့် မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်တပ်ဟာ မင်းတပ်တိုက်ပွဲအတွင်း လေကြောင်း ပစ်ကူပေးတိုက်ခိုက်တာတွေရှိသလို တဖက်မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူလူထုနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

ဒေသခံရဲ့ အသိပေးချက်အရ ဇွန်လ ၁၆ရက် ညက မင်းတပ်မြို့ပေါ် တနေရာကို ၂ကြိမ်၊ ဇွန် ၁၆ရက်မနက်က မင်းတပ်မြို့နယ် အရှေ့ခြမ်း တနေရာကို ၄ကြိမ်၊ ဇွန်လ ၁၅ရက်က မင်းတပ်မြို့ အရှေ့ခြမ်း တနေရာကို ၄ကြိမ်၊ မနက်ပိုင်းမှာ ၃ကြိမ်၊ ဇွန်လ ၁၄ရက်က ၅ကြိမ်၊ ဇွန်လ ၁၃ရက်က ၅ကြိမ်၊ ဇွန်လ ၁၂ရက်မှာ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့်ဇွန်လ ၁၂ရက်ကနေ ဒီကနေ့မနက်အထိ စစ်တပ်က မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀ကျော် ပြုလုပ်ခဲ့ပြီး ကြဲချတိုက်ခိုက်ရာမှာလည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေကိုပါအ သုံးပြုခဲ့တာ တွေ့ရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာကို ချင်းတောင်ပိုင်းဒေသတခုလုံးထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေက ခုခံနေတာဖြစ်ပါတယ်။

“စစ်ကော်မရှင်တပ်တွေကတော့ နယ်မြေတွေ ပြန်သိမ်းတယ် နယ်မြေတွေ ပြန်ချဲ့ဖို့ လုပ်တဲ့နေရာမှာ အရင်ကထက်ပိုပြီးမှ ကြမ်းတမ်းလာတယ်။ အရင်ကထက် ပို မိုက်ရူးရဲဆန်လာတယ်။ အရင်ကထက် ပိုပြီးမှ သွေးရူးသွေးတန်းဆန်လာတာမျိုးတွေ့ရပါတယ်။ သူတို့ လေကြောင်း တိုက်ခိုက်တဲ့အခါမှာဖြစ်စေ မြေပြင်စစ်ကြောင်းထိုးတဲ့ အခါမှာ ဖြစ်စေပေါ့နော် အကုန်လုံးကို မဲမဲမြင်ရာ သတ်တာ ဖြတ်တာ မီးရှို့တာတွေပေါ့နော်။ ပြီးတော့မှ သူတို့ရဲ့ ပြည်သူ့စစ်ကိုသော်လည်းကောင်း တခြား စစ်ကော်မရှင်တပ်တွေမှာ တချို့ အခြေအနေတွေမှာ မူးယစ်ဆေးဝါးတွေ သုံးပြီးမှ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ အဲဒါမျိုးတွေ သုံးပြီးမှ အလွန်အကျွံထိုးတက်တဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။” လို့ CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဇွန် ပထမပတ်မှာ ပြောပြထားပါတယ်။

CPU/CPA အနေနဲ့ စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲအခြေအနေတွေ အသိပေးထုတ်ပြန်တာကို လိုအပ်မှလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ဒါပေမဲ့ စစ်တပ်အနေနဲ့ လေယာဉ်သုံးရင် သူတို့ အကြပ်အတည်းကြုံနေရတာ မှန်းဆနိုင်ကြောင်းလည်း ဆလိုင်းယောမာန်က ပြောပါတယ်။

“ချင်းပြည်တောင်ပိုင်းထိုးစစ်မှာတော့ ကျနော်တို့အတွက် အခွင့်အရေးအများဆုံး တပ်လန်သွားအောင် လုပ်ဖို့ အခွင့်အရေးအများဆုံးနေရာ ဒီနေရာပဲဖြစ်တယ်။ အဲဒါကို ကျနော်တို့ ၀ိုင်းဝန်းအားစိုက်ကြမယ်ဆိုရင် တကယ်တပ်လန်သွားအောင်လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေအများဆုံး ဒီနေရာပဲရှိတယ် ဆိုတာပေါ့။ ဒါကို အားလုံးအားစိုက်ကြဖို့လိုမယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
🤬27🔥9❤5👍3👎1👏1🎉1😭1😡1
(၂၀၂၆ ဇွန်လ ၁၄ရက်က မင်းတပ်မြို့နယ် အရှေ့ခြမ်းက တနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲအပြီး ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးနေစဉ်။ ဓာတ်ပုံ - Ĥkl Mindat)
🤬39😢4❤2👎2🔥1👏1
ဝက်လက်နယ် စစ်တပ်လေကြောင်းတိုက်မှု ကိုယ်ဝန်သည်မိခင်အပါအဝင် အနည်းဆုံး ၃ဦးသေဆုံး

ဇွန်-၁၇၊ ၂၀၂၆။ ကတ်သရင်းနှင်း/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ညောင်ပင်ကြီးတောရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်သည်မိခင်နဲ့ သူ့ရဲ့ သမီးငယ်၊ နောက်ထပ်အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

"ကိုယ်ဝန်သည်အမျိုးသမီးနဲ့ သူ့ရဲ့ သမီးဖြစ်သူရယ်၊ နောက်ထပ်အမျိုးသမီးရယ်၊ သုံးဦး သေဆုံးတယ်။ အဲဒီမှာ ကိုယ်ဝန်သည်အမျိုးသမီးရဲ့ သမီးက ခေါင်းပြတ်သွားတာ။ ခေါင်းကို ဖောက်မှန်သွားတာ။ သားအမိ၂ယောက် ဖက်လျက်လေး သေသွားတာ။ နောက်ထပ် အမျိုးသမီးလည်းခေါင်းပြတ်တယ်။ ဗိုက်ပွင့်သွားတဲ့သူလည်း ရှိသေးတယ်။ သေတာကတော့ ဗိုက်ထဲက ကလေးရောဆို ၄ယောက်ပေါ့"လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

နောက်ဆက်တွဲသတင်းအရ သေဆုံးသူ ထပ်တိုးပြီး အရေအတွက်ကို People’s Springက ဆက်လက်စုံစမ်းနေဆဲပါ။

စစ်တပ်က ဝက်လက်မြို့နယ်ကို အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲနေပြီး မနေ့ကလည်း အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာမို့ မိခင်ဖြစ်သူ သေဆုံးပြီး သား၊သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
😡19🤬11😢3❤2🔥2👎1👏1🎉1😭1
(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတချို့နဲ့ ပျက်စီးမှုများ။ ဓာတ်ပုံ - Wetlet Informational Network)
😡32🤬6👍5😢3🔥2❤1👎1👏1🎉1