People's Spring
✔
59.5K subscribers
72.3K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ၊ ဘုတလင်သပိတ်၊ GSCB
❤31👍11🔥1🥰1
အာဏာသိမ်းခေါင်းဆောင် တရုတ်ကိုရောက်နေချိန် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်တိုးကာမှု တရုတ်အရှိန်မြှင့်နေ

စိုင်းနောင်/People's Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်
တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

"အရင်ကလည်းကာနေတာ။ ဒီနေ့ကတော့ စက်အသစ်တွေရောက်လာတာတွေ့တယ်။ တော်တော်ကိုအင်တိုက်အားတိုက်လုပ်နေတာ။ကျမကိုယ်တိုင်တွေ့တာပါ" လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဇွန် ၁၅ ရက်က​နေ ငါးရက်တာခရီးရောက်ရှိနေပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လည်း ဇွန် ၁၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

နမ့်ခမ်းကို တအာင်းတပ်(TNLA)က ထိန်းချုပ်ထားတယ်ဆိုပေမယ့်ရှမ်းတပ်(SSPP) လည်း ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ​ပေမယ့် တရုတ်ကခြံစည်းရိုး တိုးကာနေတာကို တားဆီးမဲ့သူမရှိဘူးလို့ ဒေသခံတွေက
ဝေဖန်ပါတယ်။

ဇွန် ၁၆ ရက်မနက်ပိုင်းကတွေ့ရတဲ့အခြေ
အနေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့မူဆယ်မြို့နယ်ထဲကနေရာအချို့မှာလည်း တရုတ်ဘက်ကနေမြန်မာဘက်ကိုတိုးပြီးခြံစည်းရိုးကနေတာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝတပ်ဖွဲ့(UWSA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)၊ ရှမ်းတပ်(SSPP) ထိန်း
ချုပ်ဒေသတွေအပြင် စစ်တပ်နဲ့ ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့နေရာတွေက နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး တရုတ်ကမြန်မာဘက်ခြမ်းကိုတိုးပြီးကာနေတာဖြစ်ပါတယ်။ မြန်မာဘက်ကို ပေ ၁၀၀ ကနေ ၅၀၀ ခန့်အထိ တိုးကာနေတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး မြန်မာဘက်တိုးကာ​နေမှုအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ယက်ကတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်နေကြ​ပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကရော၊ သက်ဆိုင်ရာဒေသတွေကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကပါ နှုတ်ဆိတ်​နေကြဆဲဖြစ်ပါတယ်။ဒါ့အပြင် တရုတ်ကခြံစည်းရိုးကာနေတဲ့ဖြစ်စဉ်ကို ဝေဖန်ခြင်းမပြုကြဖို့ အာဏာသိမ်းစစ်အုပ်စုက စစ်တပ်လက်​​အောက်ခံမီဒီယာ​တွေနဲ့ စစ်တပ်အတွက်ဝါဒ
ဖြန့် ​ပေး​နေသူ​တွေကိုပါသတိပေးခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဟာ စုစုပေါင်း ၂,၁၂၉ ကီလိုမီတာ (၁,၃၂၃ မိုင်) ခန့် ရှည်လျားပြီး မြန်မာနိုင်ငံရဲ့ အရှည်ဆုံး ကုန်းမြေချင်းဆက်စပ်​နေတဲ့ နိုင်ငံဖြစ်ပါတယ်။

" တရုတ်က မင်းအောင်လှိုင်ကိုဖိတ်ပြီး မြန်
မာနိုင်ငံကိုအရေခွံနွှာမှာပဲ။ ဒီ​နေ့ခြံစည်းရိုးကာတာကိုလည်းအရှိန်မြှင့်နေတာ အမှန်ဘဲ။ မင်းဘာသံမှမထွက်နဲ့လို့ တစ်ဖက်လက်နဲ့သတိပေးပြီး ကာနေတာ"လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး
စဉ်ရှိနေချိန် နယ်စပ်ခြံစည်းရိုးမြန်မာဘက်ကိုတိုးကား နေတဲ့အခြေအနေကို ရှမ်းမြောက်သတင်းရင်းမြစ်တဦးကပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ကတရုတ်သမ္မတနဲ့​တွေ့ဆုံ​ဆွေး​နွေးစဥ်မှာ မြန်မာနိုင်ငံတွင်းကတရုတ်လုပ်ငန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေကိုအစွမ်းကုန်ကာကွယ်မယ်လို့ကတိ​ပေးခဲ့ပါတယ် ။ ဒါ​ပေမယ့် တရုတ်အစိုးရက ​ရော ၊အိန္ဒိယအစိုးရက​ရော နယ်စပ်​တွေမှာ ခြံစည်း
ရိုးတိုးကာ​နေကြပြီး ​မြေကိုရယူ​နေတဲ့အ​ပေါ်မှာ​တော့ အာဏာသိမ်းစစ်တပ်က ထုတ်​ဖော်​ပြောဆိုတာတစ်ကြိမ်မှ မရှိ​သေးပါဘူး။
👍18🤮11🤬10🤣2❤1👎1😁1
🤬35👎2❤1👍1👏1
မြန်မာ-တရုတ် နယ်စပ်တ​နေရာမှာ တရုတ်နိုင်ငံဘက်ကခြံစည်းရိုးတိုးကာ​နေတာကို
​၂၀၂၆ ​မေလဆန်းက​တွေ့ရစဥ်။
ဓါတ်ပုံ-​ပေးပို့
🤬31🤮8❤3👎2👏1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️အာဏာသိမ်းခေါင်းဆောင် ဘေဂျင်းရောက်နေချိန် နယ်စပ်ခြံစည်းရိုးကို တရုတ်အရှိန်မြှင့်တိုးကာနေ

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းက မြန်မာဘက်ကို တိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန်မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ အရင်ကလည်းကာနေပေမယ့် ဒီနေ့ကတော့ စက်အသစ်တွေ ရောက်လာတာတွေ့ရပြီး တော်တော်ကို အင်တိုက်အားတိုက်လုပ်နေတာလို့ မျက်မြင်တွေ့ခဲ့တဲ့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။ နမ့်ခမ်းကို တအာင်းတပ်(TNLA)က ထိန်းချုပ်ထားသလို ရှမ်းတပ်(SSPP)လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ​ပေမဲ့ တရုတ်က ခြံစည်းရိုး တိုးကာနေတာကို တားဆီးမယ့်သူမရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပါတယ်။ ဇွန်လ ၁၆ ရက် ဒီနေ့ မနက်ပိုင်း တွေ့ရတဲ့အခြေအနေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်ထဲကနေရာအချို့မှာလည်း တရုတ်ဘက်ကနေ မြန်မာဘက်ကိုတိုးပြီး ခြံစည်းရိုးကနေတာတွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့ တရုတ်သမ္မတပြော

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘေဂျင်းမြို့မှာ လက်ခံတွေ့ဆုံစဥ် အခုလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် နိုင်ငံ့အခြေအနေနဲ့ကိုက်ညီတဲ့ လမ်းကြောင်းမှန်တစ်ခု ရှာဖွေဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေကို ပေါင်းစပ်လုပ်ဆောင်ဖို့နဲ့ အများပြည်သူထောက်ခံမှုရရှိစေဖို့ အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့လည်း သမ္မတရှီက ပြောဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ၃ကြိမ်မြောက်သွားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်သမ္မတက ဒီနေ့ မနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့သလို တရုတ်-မြန်မာနှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။ တဆက်တည်းမှာ သမ္မတရှီနဲ့ စစ်ခေါင်းဆောင်တို့ရှေ့မှောက်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်စာတမ်းတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ တရုတ်က သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ အခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်များစွာလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပြီး အာဏာသိမ်းစစ်တပ်ကတော့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

◾️စစ်တပ်ကို ကူညီနေတဲ့ တရုတ်ကို JFM ရှုတ်ချ

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံက စစ်တပ်အတွက် လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိကဝယ်ယူ‌နေသလို ရေနံစိမ်း သယ်ယူပို့ဆောင်ပေးနေသူအနေနဲ့ စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေတွေ ရှာဖွေပေးနေတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့တာက စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကြံရာပါဖြစ်တယ်ဆိုတာ ထောက်ခံသလိုဖြစ်ပြီး မြန်မာပြည်သူတွေလက်မခံတဲ့ စစ်တပ်ကို တရားဝင်မှုပေးသလို ဖြစ်နေတယ်လို့ JFM က မှတ်ချက်ပေးထားပါတယ်။ စစ်တပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့၊ အဆောက်အဦးတွေကို ဖျက်ဆီးဖို့၊ ပြည်သူ‌တွေ နေရပ်စွန်ခွာထွက်ပြေးဖို့အတွက် တရုတ်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို အသုံးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️တရုတ်လုပ်ငန်း​တွေနဲ့ တရုတ်ဝန်ထမ်း​တွေကို အစွမ်းကုန်ကာကွယ်​မယ်လို့ မင်းအောင်လှိုင်ဆို
👍14❤5🔥2🤮2
မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ၅ရက်ကြာ တရုတ်ခရီးစဥ် ဒုတိယမြောက်နေ့ ဇွန်လ ၁၆ရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့တို့အတွက် တရုတ်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် သွား​ကြောင်းအာဏာသိမ်း​ခေါင်း​ဆောင်က ​ပြောတယ်လို့ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ One China Policyကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်နေပြီး နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ ရှာဖွေဖော်ထုတ်နေတယ်လို့လည်း သမ္မတအမည်ခံ စစ်ခေါင်းဆောင်က ဆက်ပြောပါတယ်။

◾️စစ်တပ်ယာဉ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၄ဦး သေဆုံး

အာဏာသိမ်းစစ်တပ်ခန့် မကွေးတိုင်း၀န်ကြီးချုပ်ယာဉ်တန်းလာကြိုတဲ့ စစ်တပ်ယာဉ်တွေကို ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၄ ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနက ဒီနေ့ ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်ကနေ ထွက်ခွာလာတဲ့ ကားတစ်စီးပေါ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအ၀င် ၄ဦး စီးနင်းလိုက်ပါလာတယ်လို့ ကြိုတင်သတင်းရရှိခဲ့ပြီး အဲဒီကားကို ဇွန်လ ၁၅ ရက် မနက် ၈ နာရီ၀န်းကျင်မှာ ရန်ကုန်-ပြည်လမ်းမကြီးပေါ်က ကိုးပင်-ဆတ်သွား လမ်းပိုင်းတနေရာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးစောသန်းထွန်းအပါအ၀င် ၂ဦး သေဆုံးပြီး ကျန် ၂ဦးဟာ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးရဲ့အဓိကအချက်က ရန်ကုန်-ပြည်လမ်းမကြီးကို အချိန်မရွေးစိုးမိုးထားနိုင်တဲ့အခြေအနေကို ပြသတာလို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံ ဗိုလ်လကျာ်က မှတ်ချက်ပေးပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို စစ်တပ်စခန်းကို ဂန့်ဂေါပကဖ တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှောက်ပင်ရွာ စခန်းဂိတ်ကို ဇွန်လ ၈ရက် နဲ့ ၁၃ရက်တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရှောင်ပင်ရွာမှာ စစ်တပ်ကာကင်းတွေအပါအဝင် စခန်း ၁၅ ခုလောက်ရှိပြီး မြို့ရှောင်လမ်းအတွက် အရေးကြီးတဲ့ ရွာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဘုန်ကြီးကျောင်း၊ ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ ရွာတောင်ဘက်ခြမ်းက ကုန်းမြင့်တွေမှာ ထိုင်ထားပြီး အင်အားကလည်း ၃၀ နဲ့ ၅၀ ကြားရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁လက်၊ MA-1 သေနတ် ၃လက်၊ MA-11 သေနတ် ၁ လက်နဲ့ ကျည်တွေသိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါ ပကဖ က အသိပေးပါတယ်။

◾️တောင်တွင်းကြီးမှာ စစ်တပ် အိမ်စီးကားကို တိုက်ခိုက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်တပ် တပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။ တောင်တွင်းကြီးမြို့ ဆက်သွားကျေးရွာဘက်ကနေ စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၄ ဦးလိုက်ပါလာတဲ့ အိမ်စီးကားကို ကိုးပင်-ဆက်သွားလမ်းပိုင်းတနေရာမှာ ဇွန်လ ၁၅ ရက် မနေ့က တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၂ဦး သေဆုံးပြီး G3 ၁ လက်၊ MA3 ၁ လက်နဲ့ MA5 ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ပကဖတွေ စုဖွဲ့ထားတဲ့ ရိုးမဖိုက်တာစစ်ကြောင်းနဲ့အတူ သရက်ခရိုင် အမှတ် (၅)တပ်ရင်း၊ မကွေးမြို့နယ် ပကဖ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

◾️ရွှေကူ-ငါးအိုးကြားတိုက်ပွဲ စစ်တပ် အထိနာ
❤13👍7🔥1👏1
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွှေကူ-ငါးအိုးကြားမှာ ဇွန်လ ၁၅ရက် မနေ့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂၀ ခန့် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိတာရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းရတယ်လို့ သူက ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ငါးအိုးဒေသကနေ ရွှေကူမြို့နယ်ကို အင်အားတွေ ဖြည့်တင်းနေလို့ မေလကတည်းက KIAနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်တပ်စစ်ကြောင်းအချို့ ရွှေ့ကူမြို့ကို ဝင်ရောက်နိုင်ခဲ့သလို လမ်းပိုင်းတလျှောက်မှာလည်း စစ်တပ်ဘက်က စစ်အင်အားတွေချထားလို့ တိုက်ပွဲတွေ ဆက်ရှိနေတာပါ။ KIA သတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ ဇွန် ၁၅ရက် တိုက်ပွဲသတင်းမှာတော့ မဘိမ်းမြို့နယ်နဲ့ ရွှေကူမြို့နယ်မှာ KIA၊ PDF ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က အထိအခိုက်အကျအဆုံးများခဲ့တယ်လို့ အသိပေးထားပါတယ်။ အထိနာတဲ့စစ်တပ်ဟာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️ရွှေကူမှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကူမြို့နယ်က ကိုင်းရွာနဲ့ ရွှေဘုန်းမြင့်ကျေးရွာမှာ အရပ်သားတွေ သတ်ဖြတ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေက မြို့ပြင်နဲ့ ‌ကျေးရွာတွေဘက်မှာ ဖြစ်နေပြီး မြို့ပေါ်မှာ အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။ ဇွန်လ ၁၅ရက်မှာ ကိုင်းရွာကို စစ်ကြောင်းဝင်စဉ် လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ အရပ်သားနေအိမ်တွေ အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ထန်တလန်မှာ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ CNA သတိပေး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဟားခါးမြို့ကနေ အင်အား ၂၅၀ လောက်ပါတဲ့ စစ်တပ်ဟာ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားရှိ မူလတပ်တွေနဲ့ပေါင်းပြီး ထန်တလန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ ဇွန်လ ပထမပတ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဇွန်လ ၅ရက်နဲ့ ၆ရက် တိုက်ပွဲတွေမှာ စစ်တပ်က အထိနာပေမယ့် ထန်တလန်မြို့ကို ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။ စစ်တပ်ဟာ ထန်တလန်မြို့တခုလုံး ပြန်ထိန်းချုပ်နိုင်ဖို့၊ မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေကို စစ်ရေးဖိအားပေးဖို့ ရည်မှန်းနေတဲ့ အခြေအနေလို့ ဆိုပါတယ်။

◾️ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်ဘလူးအိုင်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင် ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုမြို့ စစ်တပ်ရဲ့ လေ့ကျင့်ရေး (၈)တပ်က ဒရုန်း ၅စီးနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂စီးက ဝက်လူးအိုင်ကျေးရွာက နေအိမ်ပေါ်ကျပြီး အသက်(၅၅)နှစ်အရွယ် ဒေါ်ဘုတ်ဆုံသေဆုံးပြီး ၂၄နှစ်အရွယ် သားဖြစ်သူ ကိုသားပြည့်နဲ့ (၁၈)နှစ်အရွယ် သမီးဖြစ်သူ မချောချောတို့ ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။ ‌ကျန်တဲ့ ဒရုန်း၂စီးကလည်း ဝက်လက်မြို့နယ်က သာလိုင်းရွာသစ်အတွင်း ကျပြီး နွားစာတဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နောက် ၁စီးကတော့ ဝက်လက်မြို့နယ် မြောက်ခြမ်းကျတာလို့ သိရပြီး လက်ရှိအချိန်အထိတော့ အထိခိုက်မသိရသေးပါဘူး။

◾️မြိုင်နယ်ရောက်နေတဲ့ စစ်တပ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၄ ရက်ကတည်းက ပခုက္ကူတပ်မ (၁၀၁)ကနေတဆင့် ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ တွင်းမပျူစောထီးကျေးရွာရောက် စစ်ကြောင်းအနက် အင်အား ၁၀၀ခန့်ဟာ ဒီမနက်မှာ ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းရွာဘက်ကို မွှေနောက်နေပြီး တွင်းမရွာက ရိက္ခာကား (၇)စီးကလည်း ကမ္မမြို့ကို ရောက်ရှိနေကြောင်း၊ ကမ္မကို ရှေ့ပြေးရောက်နေတဲ့ တွင်းမပျူစောထီးတွေနဲ့ သရက်ကန်ပျူစောထီးတွေဟာ ကမ္မစျေးကို ဖောက်ထွင်းခိုးယူနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။ နေ့လယ် ၁၂ နာရီခွဲခန့်မှာလည်း မြိုင်မြို့နယ်မြောက်ပိုင်းက မကျည်းကန်ရွာအနီးကိုတံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အထိအခိုက်မသိရသေးဘူးလို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။
👍15❤3🤮1🤣1
◾️ကချင်အထက်ပိုင်း မိုးကောင်းလို့ ဧရာဝတီမြစ်ရေတိုးလာ

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။ ပူတာအိုမြို့နယ်အပါအဝင် ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ ဇွန်လဆန်းကတည်းက မိုးကောင်းနေတာဖြစ်ပြီး ဇွန်လ ၁၄ရက်နောက်ပိုင်းမှာ မိုးရေချိန်ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ရေက မြစ်ကြီးနားမှာလည်း တိုးလာသလို မိုးကဆက်ပြီးတော့ ကောင်းနေမယ်ဆိုရင် ရေဘေးသေချာပေါက်ကြုံရဦးမယ်လို့ မြစ်ကြီးနားမြို့က အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။ မြစ်ကမ်းဘေးက နေရာတွေ ကြိုတင်ပြင်ဆင်မှုလိုမယ်ထင်ကြောင်းလည်း သူက ပြောပါတယ်။ လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်း ဇွန်လ ၁၄ရက် မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ ကျေးရွာအချို့ ရေနစ်မြုပ်ပြီး ရေဘေးကြုံတွေ့နေရပါတယ်။ ဒီ‌နေ့ ဇွန်လ ၁၆ရက်အထိ ရေဆက်တိုးနေတယ်လို့ ဖားကန့်‌ဒေသခံတွေက ပြောပါတယ်။

◾️CDF လောက်တူနဲ့ ရဲဘော်အချင်းချင်း ပြဿနာ မြေပြင်တပ်မှူးတွေ ညှိနှိုင်းဖြေရှင်းထားကြောင်း CNF ပြော

ချင်းဒေသကာကွယ်ရေးတပ်(CDF)-လောက်တူ(Lautu) တပ်နဲ့ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာဖြစ်ပွားမှု ညှိနှိုင်းဖြေရှင်း အဆင်ပြေကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပြည်နယ်အလယ်ပိုင်း လောက်တူဒေသ အခြေစိုက်ထားတဲ့ CDF လောက်တူဟာ CNF/CNA နဲ့ မဟာမိတ်ဖြစ်ပြီး နှစ်ဖွဲ့လုံးဟာချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်ကာကွယ်ရေးတပ်တွေဖြစ်ပါတယ်။ အဲဒီလို မဟာမိတ်တပ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ဇွန်လ ၁၅ရက်မှာ ထွက်ပေါ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက အခုလို ရှင်းပြတာပါ။ အခုဖြစ်တာဟာ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာသာဖြစ်ပြီး ပေါ်လစီပိုင်းဆိုင်ရာ မဟုတ်ဘူးလို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

◾️နှင်းဆီလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်ကော်တီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ် ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "နှင်းဆီဝတ်မှုန်" ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
လက်ပံတောင်းတောင်မြို့နယ်မှာလည်း ပင်မသပိတ်အင်အားစု၊ ၅/လက်ပံတောင်းနဲ့ မြို့နယ်ပအဖ တို့ စုပေါင်းပြီး နှင်းဆီလှုပ်ရှားမှုကို ပူး​ပေါင်းပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာမှာလည်း သပိတ်အင်အားစုတွေက နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ "နှင်းဆီ"လှုပ်ရှားမှု နှိုးဆော်လွှာတွေ ဖြန့်ဖြူးခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း ဘုတလင်သပိတ်အင်အားစုနဲ့ ဒေသခံ သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ဇွန်လ(၁၉) ရက်၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့အတွက် လက်ကမ်းစာစောင်တွေ ဝေငှကာ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း ရွှေဗန့်ဂျီသပိတ်အင်အားစုက ဦးဆောင်ပြီး ပညာအစစ်ကို ဥာဏ်ဖြင့် ရှာဖွေကြဖို့ ပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှု ပြုလုပ်ခဲ့ပါတယ်။
❤14👍6🔥3👏1🤣1
🔥7😢6👍2👎1👏1
👍17❤3🔥2🥰2🤣1