People's Spring
✔
59.5K subscribers
72.3K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်း​ခေါင်း​​ဆောင် နဲ့ တရုတ်သမ္မတ။ဓါတ်ပုံ-တရုတ်သံရုံး
🤮30🤣9💩4🔥2🖕2👎1🙏1
မကွေးတိုင်း၀န်ကြီးချုပ်ယာဉ်တန်းလာကြိုတဲ့ စစ်တပ်ယာဉ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၄ဦး သေဆုံး

▪️ရန်ကုန်-ပြည်လမ်းမကြီးကို အချိန်မရွေးစိုးမိုးနိုင်တဲ့ အခြေအနေပြသတာလို့ နေပြည်တော် PDF ပြော

ဇွန်-၁၆၊၂၀၂၆။မိုမို၊ဟာနာဆန်/People's Spring

စစ်ကောင်စီရဲ့ မကွေးတိုင်း၀န်ကြီးချုပ်ယာဉ်တန်းလာကြိုတဲ့ စစ်တပ်ယာဉ်တွေကို ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၄ ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ (ဇွန်လ ၁၆ ရက်)မှာ ထုတ်ပြန်ပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်ကနေ ထွက်ခွာလာတဲ့ ကားတစ်စီးပေါ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအ၀င် ၄ဦး စီးနင်းလိုက်ပါလာတယ်လို့ ကြိုတင်သတင်းရရှိခဲ့ပြီး အဲဒီကားကို ဇွန်လ ၁၅ ရက် မနက် ၈ နာရီ၀န်းကျင်မှာ ရန်ကုန်-ပြည်လမ်းမကြီးပေါ်က ကိုးပင်-ဆတ်သွား လမ်းပိုင်းတနေရာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးစောသန်းထွန်းအပါအ၀င် ၂ဦး သေဆုံးပြီး ကျန် ၂ဦးဟာ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီး လက်နက်ခဲယမ်းတွေနဲ့ ပစ္စည်း‌တွေ သိမ်းဆည်းပြီး ကားကို မီးရှို့ဖျက်ဆီးနေချိန် အောင်လံ(ကိုးပင်)ဘက်က မောင်းနှင်လာတဲ့ ကားတစ်စီးကို စစ်ဆေးဖို့ တားဆီးချိန် ကားနောက်ဆုတ်မောင်းပြေးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကားက မကွေးဝန်ကြီးချုပ်လမ်းကြောင်းကို လာကြိုဖို့ထွက်လာတဲ့ အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ကားဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဗိုလ်အဆင့်နဲ့ နောက် ၁ဦး သေဆုံးတယ်လို့ သေဆုံးတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

"အခုစစ်ဆင်ရေးက ရှောင်တခင်ပါ။သတင်းအရ စစ်ဆင်ရေးလုပ်တဲ့ဟာပေါ့။တောင်တွင်းကြီး ထွေအုပ်ရုံးက တာ၀န်ကျတဲ့ ဗိုလ်ကြီးအဆင့် စောသန်းထွန်းအပါအ၀င် လေးဦးက ကားလေးတစ်စီးနဲ့ထွက်လာတာကို ကြိုတင်စောင့်ဆိုင်းတဲ့ စစ်ဆင်ရေးဗျ။ ဒါလည်း ဝန်ကြီးချုပ်လမ်းကြောင်းဖြစ်လိမ့်မယ်နော်။ အဲဒီ ရဲမြို့နယ်မှူးပေါ့၊ နောက်တစ်ယောက်၊ နောက်တစ်စီးပေါ့၊ နောက်တစ်စီးနဲ့ ထပ်ဆုံတာပေါ့နော်။ အဲဒီမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အဲဒီအထဲက ဗိုလ်အဆင့်တစ်ယောက်နဲ့ အခြားအဆင့်တစ်ယောက်ကျတယ်လို့လည်း ကျွန်တော်တို့ သိရတယ်"လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံ ဗိုလ်လကျာ်က ပြောပါတယ်။

ဒါအပြင် စစ်ဆင်ရေးရဲ့အဓိကအချက်က ရန်ကုန်-ပြည်လမ်းမကြီးကို အချိန်မရွေးစိုးမိုးထားနိုင်တဲ့အခြေအနေကို ပြသတာလို့ ဗိုလ်လကျာ်က မှတ်ချက်ပေးပါတယ်။

အဲဒီ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ(၁၇) လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး _တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း MA 3 (၁)လက် ကျည်ဘောက် (၂)ဘောက်၊ G3 (၁) လက် ကျည်ဘောက် (၁)ဘောက်၊ MA 5 (၁)လက် ကျည်ဘောက် (၂)ဘောက်၊ ကျည်တချို့နဲ့ စာရွက်စာတမ်းတချို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက သီးခြားထုတ်ပြန်ထားပါတယ်။
❤40👏9👍4🥰1🤣1
(တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်နဲ့ သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-Nay Pyi Taw PDF)
👍41❤12🥰1🤣1
စစ်တပ်ကို ကူညီနေတဲ့ တရုတ်ကို JFM ရှုတ်ချ

ဇွန်-၁၆၊၂၀၂၆။ တေဇ/People's Spring

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက စစ်တပ်အတွက် လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိကဝယ်ယူ‌နေသလို ရေနံစိမ်း သယ်ယူပို့ဆောင်ပေးနေသူအနေနဲ့ စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေတွေ ရှာဖွေပေးနေတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ယင်းလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေ အများအပြားသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ကျူးလွန်‌နေသော စစ်အုပ်စုထံသို့ စီးဝင်လျက်ရှိသည်" လို့ JFM က ထောက်ပြထားပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့တာက စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကြံရာပါဖြစ်တယ်ဆိုတာ ထောက်ခံသလိုဖြစ်ပြီး မြန်မာပြည်သူတွေလက်မခံတဲ့ စစ်တပ်ကို တရားဝင်မှုပေးသလို ဖြစ်နေတယ်လို့ JFM က မှတ်ချက်ပေးထားပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့၊ အဆောက်အဦးတွေကို ဖျက်ဆီးဖို့၊ ပြည်သူ‌တွေ နေရပ်စွန်ခွာထွက်ပြေးဖို့အတွက် တရုတ်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို အသုံးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း Aviation Industry Corporation of China(AVIC)က စစ်တပ်ကိုတိုက်လေယာဉ်တွေ ရောင်းချပေးနေပြီး စစ်တပ်က အဲဒီ့ တိုက်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေမှာ အသုံးပြုနေပါတယ်။ ဒါ့အပြင် တရုတ်ကုမ္ပဏီ Sinotruk ကလည်း စစ်တပ်ရဲ့ သယ်ယူပို့ဆောင်‌ရေးအတွက်အသုံးပြုနေတဲ့ မော်တော်ယာဉ်များကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေက စစ်တပ်အတွက် စစ်လက်နက်နဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်အသစ်တွေကို ညှိနှိုင်းဆွေးနွေးဖို့ အခွင့်အလမ်း ရရှိနေပြီး တရုတ်အစိုးရ နဲ့ တရုတ်ကုမ္ပဏီတွေက မြန်မာ ပြည်သူတွေရဲ့ အသက်သွေးချွေးတွေကနေ အကျိုးအမြတ်တွေယူနေတာလို့ JFMက ထောက်ပြထားပါတယ်။

ဒါကြောင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ စစ်တပ်နဲ့ ကြံရာပါပူးပေါင်းနေတဲ့ အပေါ် JFM ကရှုတ်ချကြောင်းနဲ့ စစ်တပ်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အားပေးကူညီသူအားလုံး တာဝန်ခံမှုရှိဖို့ JFMက တောင်းဆိုထားပါတယ်။
👍42❤5🤮5🥰1
ဓာတ်ပုံ - JFM
🤮34👎6💩3🔥2😁2🤣1
စစ်ကိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေ နှင်းဆီလှုပ်ရှားမှုပြုလုပ်

ဇွန်-၁၆၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်ကော်တီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ် ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "နှင်းဆီဝတ်မှုန်" ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်မြို့နယ်မှာလည်း ပင်မသပိတ်အင်အားစု၊ ၅/လက်ပံတောင်းနဲ့ မြို့နယ်ပအဖ တို့ စုပေါင်းပြီး နှင်းဆီလှုပ်ရှားမှုကို ပူး​ပေါင်းပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာမှာလည်း သပိတ်အင်အားစုတွေက နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ "နှင်းဆီ"လှုပ်ရှားမှု နှိုးဆော်လွှာတွေ ဖြန့်ဖြူးခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဘုတလင်သပိတ်အင်အားစုနဲ့ ဒေသခံ သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ဇွန်လ(၁၉) ရက်၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့အတွက် လက်ကမ်းစာစောင်တွေ ဝေငှကာ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း ရွှေဗန့်ဂျီသပိတ်အင်အားစုက ဦးဆောင်ပြီး ပညာအစစ်ကို ဥာဏ်ဖြင့် ရှာဖွေကြရန် ပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှု ပြုလုပ်ခဲ့ပါတယ်။

နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
❤32👍10🔥1🥰1
ဓာတ်ပုံ - စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ၊ ဘုတလင်သပိတ်၊ GSCB
🥰34👍13❤9🔥1
ဓာတ်ပုံ - စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ၊ ဘုတလင်သပိတ်၊ GSCB
❤31👍11🔥1🥰1
အာဏာသိမ်းခေါင်းဆောင် တရုတ်ကိုရောက်နေချိန် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်တိုးကာမှု တရုတ်အရှိန်မြှင့်နေ

စိုင်းနောင်/People's Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်
တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

"အရင်ကလည်းကာနေတာ။ ဒီနေ့ကတော့ စက်အသစ်တွေရောက်လာတာတွေ့တယ်။ တော်တော်ကိုအင်တိုက်အားတိုက်လုပ်နေတာ။ကျမကိုယ်တိုင်တွေ့တာပါ" လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဇွန် ၁၅ ရက်က​နေ ငါးရက်တာခရီးရောက်ရှိနေပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လည်း ဇွန် ၁၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

နမ့်ခမ်းကို တအာင်းတပ်(TNLA)က ထိန်းချုပ်ထားတယ်ဆိုပေမယ့်ရှမ်းတပ်(SSPP) လည်း ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ​ပေမယ့် တရုတ်ကခြံစည်းရိုး တိုးကာနေတာကို တားဆီးမဲ့သူမရှိဘူးလို့ ဒေသခံတွေက
ဝေဖန်ပါတယ်။

ဇွန် ၁၆ ရက်မနက်ပိုင်းကတွေ့ရတဲ့အခြေ
အနေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့မူဆယ်မြို့နယ်ထဲကနေရာအချို့မှာလည်း တရုတ်ဘက်ကနေမြန်မာဘက်ကိုတိုးပြီးခြံစည်းရိုးကနေတာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝတပ်ဖွဲ့(UWSA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)၊ ရှမ်းတပ်(SSPP) ထိန်း
ချုပ်ဒေသတွေအပြင် စစ်တပ်နဲ့ ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့နေရာတွေက နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး တရုတ်ကမြန်မာဘက်ခြမ်းကိုတိုးပြီးကာနေတာဖြစ်ပါတယ်။ မြန်မာဘက်ကို ပေ ၁၀၀ ကနေ ၅၀၀ ခန့်အထိ တိုးကာနေတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး မြန်မာဘက်တိုးကာ​နေမှုအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ယက်ကတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်နေကြ​ပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကရော၊ သက်ဆိုင်ရာဒေသတွေကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကပါ နှုတ်ဆိတ်​နေကြဆဲဖြစ်ပါတယ်။ဒါ့အပြင် တရုတ်ကခြံစည်းရိုးကာနေတဲ့ဖြစ်စဉ်ကို ဝေဖန်ခြင်းမပြုကြဖို့ အာဏာသိမ်းစစ်အုပ်စုက စစ်တပ်လက်​​အောက်ခံမီဒီယာ​တွေနဲ့ စစ်တပ်အတွက်ဝါဒ
ဖြန့် ​ပေး​နေသူ​တွေကိုပါသတိပေးခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဟာ စုစုပေါင်း ၂,၁၂၉ ကီလိုမီတာ (၁,၃၂၃ မိုင်) ခန့် ရှည်လျားပြီး မြန်မာနိုင်ငံရဲ့ အရှည်ဆုံး ကုန်းမြေချင်းဆက်စပ်​နေတဲ့ နိုင်ငံဖြစ်ပါတယ်။

" တရုတ်က မင်းအောင်လှိုင်ကိုဖိတ်ပြီး မြန်
မာနိုင်ငံကိုအရေခွံနွှာမှာပဲ။ ဒီ​နေ့ခြံစည်းရိုးကာတာကိုလည်းအရှိန်မြှင့်နေတာ အမှန်ဘဲ။ မင်းဘာသံမှမထွက်နဲ့လို့ တစ်ဖက်လက်နဲ့သတိပေးပြီး ကာနေတာ"လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး
စဉ်ရှိနေချိန် နယ်စပ်ခြံစည်းရိုးမြန်မာဘက်ကိုတိုးကား နေတဲ့အခြေအနေကို ရှမ်းမြောက်သတင်းရင်းမြစ်တဦးကပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ကတရုတ်သမ္မတနဲ့​တွေ့ဆုံ​ဆွေး​နွေးစဥ်မှာ မြန်မာနိုင်ငံတွင်းကတရုတ်လုပ်ငန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေကိုအစွမ်းကုန်ကာကွယ်မယ်လို့ကတိ​ပေးခဲ့ပါတယ် ။ ဒါ​ပေမယ့် တရုတ်အစိုးရက ​ရော ၊အိန္ဒိယအစိုးရက​ရော နယ်စပ်​တွေမှာ ခြံစည်း
ရိုးတိုးကာ​နေကြပြီး ​မြေကိုရယူ​နေတဲ့အ​ပေါ်မှာ​တော့ အာဏာသိမ်းစစ်တပ်က ထုတ်​ဖော်​ပြောဆိုတာတစ်ကြိမ်မှ မရှိ​သေးပါဘူး။
👍18🤮11🤬10🤣2❤1👎1😁1
🤬35👎2❤1👍1👏1