(တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဘေဂျင်းမြို့မှာ ဇွန်လ ၁၆ရက် ဒီနေ့ တွေ့ဆုံစဥ်။ ဓာတ်ပုံ - Xinhua)
💩26🖕24👎3🤮3❤2🔥1👏1🤬1👨💻1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဂန့်ဂေါက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံး၊ သေနတ် ၅လက် သိမ်းရ
ဇွန်-၁၆၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှောက် ပင်ရွာ စခန်းဂိတ်ကို ဇွန်လ ၈ ရက် နဲ့ ၁၃ရက်တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ရှောင်ပင်ရွာမှာ စစ်တပ်ကာကင်းတွေရော ဘာကာတွေရော ၁၅ ခုလောက်ရှိတယ်။ဘုန်ကြီးကျောင်း၊ဆေးပေးခန်း၊စာသင်ကျောင်းနဲ့ ရွာတောင်ဘက်ခြမ်းက ကုန်းမြင့်တွေမှာ ထိုင်ထားတာ။အင်အားကလည်း ၃၀ နဲ့ ၅၀ ကြားအနည်းဆုံးပဲ။မြို့ရှောင်လမ်းအတွက် အရေးကြီးတဲ့ ရွာတစ်ခု ဖြစ်တယ်"လို့ ဂန့်ဂေါမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁လက်၊ MA-1 သေနတ် ၃လက်နဲ့ MA-11 သေနတ် ၁ လက် ၊ ကျည်တွေသိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါ ပကဖ က အသိပေးပါတယ်။
"တိုက်ခိုက်မှုအပြီး ခုချိန်ထိတော့ စစ်တပ်လှုပ်ရှားမှု မကြားရသေးဘူး။ရွာထဲမှာတော့ အင်းအားက ခန့်မှန်းရခက်ပါတယ်ဗျ မြို့နှင့်ထိစပ်ရွာဖြစ်နေတဲ့အတွက် ထွက်လိုက်ဝင်လိုက်ပါ"လို့ ဂန့်ဂေါပကဖ တာ၀န်ရှိသူက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် (၅၀) ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့ ရှောက်ပင်ရွာဟာ ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်ပဲဝေးပြီး စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။
ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့ပါတယ်။

❤37👍12🥰7❤🔥1🤣1🖕1
CDF လောက်တူနဲ့ ရဲဘော်အချင်းချင်း ပြဿနာ မြေပြင်တပ်မှူးတွေ ညှိနှိုင်းဖြေရှင်းထားဟု CNF ပြော
ဇွန်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)-လောက်တူ(Lautu) တပ်နဲ့ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာဖြစ်ပွားမှု ညှိနှိုင်းဖြေရှင်း အဆင်ပြေကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အလယ်ပိုင်း လောက်တူဒေသ အခြေစိုက်ထားတဲ့ CDF လောက်တူဟာ CNF/CNA နဲ့ မဟာမိတ်ဖြစ်ပြီး နှစ်ဖွဲ့လုံးဟာချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်ကာကွယ်ရေးတပ်တွေဖြစ်ပါတယ်။
အဲဒီလို မဟာမိတ်တပ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ဇွန်လ ၁၅ရက်မှာ ထွက်ပေါ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက အခုလို ရှင်းပြတာပါ။
" သူတို့ အောက်ခြေက ရဲဘော်တွေက ဒါမျိုးက နေရာတိုင်းမှာကြုံနေတဲ့ဟာ။ သူတို့ တပ်မှူးတွေ အချင်းချင်း ညှိပြီး အဆင်ပြေသွားတဲ့ကိစ္စတွေပါ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
နှစ်ဖွဲ့လုံးဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဖြစ်ပြီး အခုဖြစ်တာဟာ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာသာဖြစ်ပြီး ပေါ်လစီပိုင်းဆိုင်ရာ မဟုတ်ဟု ရှင်းပြပါတယ်။
“ကျနော်တို့လည်း အဲဒီကိစ္စ ကြားပါတယ်။ ကျနော်တို့ နယ်မြေခံတပ်မှူးတွေကို လွှတ်ပြီးတော့ အချင်းချင်း အဲဒါ ပြေလည်အောင် လုပ်သွားပြီးသားကိစ္စ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောကြားပါတယ်။
CDF လောက်တူဟာ မျိုးနွယ်စုအမည်နဲ့ဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖြစ်ပြီး ထန်တလန်နဲ့ မတူပီမြို့နယ်အတွင်း လောက်တူဒေသမှာ အခြေပြု စုဖွဲ့ထားတာပါ။

❤28👍16🥰2❤🔥1🥴1🤣1
မြိုင်နယ်ရောက်နေတဲ့ စစ်တပ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ
ဇွန် ၁၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၄ ရက်ကတည်းက ပခုက္ကူတပ်မ (၁၀၁)ကနေတဆင့် ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
"စစ်ကြောင်းနဲ့ မတွေ့အောင် ဝေးဝေးရှောင်ကြပါလို့။ ခုစစ်ကြောင်းက တွေ့တဲ့လူတိုင်းကို pdf အမည်တပ်ပြီး သတ်ပစ်ကြတာပါ။ ဝေးအောင် လွတ်အောင် ရှောင်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်"လို့ ဆရာထွေးက ပြောပါတယ်။
တွင်းမပျူစောထီးကျေးရွာရောက် စစ်ကြောင်းအနက် အင်အား ၁၀၀ခန့်ဟာ ဒီမနက်မှာ ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းရွာဘက်ကို မွှေနောက်နေပြီး တွင်းမရွာက ရိက္ခာကား (၇)စီးကလည်း ကမ္မမြို့ကို ရောက်ရှိနေကြောင်း၊ ကမ္မကို ရှေ့ပြေးရောက်နေတဲ့ တွင်းမပျူစောထီးတွေနဲ့ သရက်ကန်ပျူစောထီးတွေဟာ ကမ္မစျေးကို ဖောက်ထွင်းခိုးယူနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြိုင်မြို့နယ်မြောက်ပိုင်းက မကျည်းကန်ရွာအနီးကို
တံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အထိအခိုက်မသိရသေးဘူးလို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။
စစ်တပ်ဟာ ယခုလဆန်းပိုင်းကပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသက ပြည်သူပေါင်း လေးဆယ်ကျော်ကိုသတ်ဖြတ်ပြီး နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

🤬35❤5👎4🔥1👏1🤮1
မတူကွဲပြားမှုက လန်ဒန်ရဲ့ အင်အားဟု မြို့တော်ဝန်ဆို
ဇွန်-၁၆၊၂၀၂၆။People's Spring
ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်
လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲ
ပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာကျင်းပတဲ့ World Cities Summit အစည်းအဝေးအတွင်း ပြောကြားရာမှာ "လန်ဒန်ရဲ့ လျှို့ဝှက်လက်နက်ကတော့ လန်ဒန်မြို့သားတွေပါပဲ" လို့ သူက ဆိုပါတယ်။
ဥရောပသမဂ္ဂမှာ ဗြိတိန်ထွက်ခွာခြင်း (Brexit) အရေး၊ COVID-19 ကပ်ရောဂါ နဲ့ ဗြိတိန်ဝန်
ကြီးချုပ် ၆ ဦးအထိ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပေမယ့် လန်ဒန်မြို့ဟာ ကြံ့ကြံ့ခံပြီးဆက်လက်တိုးတက်နေဆဲဖြစ်ပါတယ်။ အဲဒီလိုရပ်တည်နိုင်ခဲ့တာဟာမြို့သားတွေရဲ့ စွမ်းရည်နဲ့ မြို့ကိုယ်တိုင် အခြေအနေအလိုက် ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းကြောင့်ဖြစ်တယ်လို့ခန်းကရှင်းပြပါတယ်။
လေထုသန့်ရှင်းရေးစီမံကိန်းတွေ၊ ကျောင်း
သားတွေအတွက် အခမဲ့ နေ့လယ်စာ အစီအ
စဉ်တွေ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် လန်ဒန်ဟာပိုပြီးလုံခြုံတဲ့၊တရားမျှတတဲ့၊ သ
ဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လန်ဒန်အပါအဝင်ကမ္ဘာ့မြို့ကြီးတွေဟာ အိမ်ရာဈေးနှုန်းမြင့်တက်မှုနဲ့ လူနေမှုစရိတ်ကြီးမြင့်လာတဲ့ပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် လူငယ်တွေ မြို့ကြီးတွေကို ရွှေ့ပြောင်းလာတဲ့အခါ တတ်နိုင်တဲ့ အိမ်ရာတွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ ခန်းကထောက်ပြပါတယ်။
သူ့ရဲ့စင်ကာပူခရီးစဉ်အတွင်း စင်ကာပူရဲ့ အ
များပိုင်အိမ်ရာစနစ်ကို အနီးကပ် လေ့လာခဲ့ပြီး အိမ်ရာပြဿနာဖြေရှင်းရာမှာစင်ကာပူရဲ့ နည်းလမ်းတွေက သင်ယူစရာ အများကြီးရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာအိမ်ရာ၊ကျန်းမာရေးနဲ့ လူနေမှုစရိတ် ပြဿနာတွေကြောင့် ရွှေ့ပြောင်းအခြေချသူတွေကို အပြစ်တင်တဲ့ အသံတွေ ပိုများလာနေတဲ့အပေါ်မှာလည်း ခန်းက ကန့်ကွက်ခဲ့ပါတယ်။အိမ်ရာမလုံလောက်တာနဲ့ကျန်းမာရေး
ဝန်ဆောင်မှုအားနည်းတာတွေဟာ ရွှေ့ပြောင်း
အခြေချသူတွေရဲ့အပြစ်မဟုတ်ဘဲ သက်ဆိုင်
ရာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာကြောင့်ဖြစ်တယ်လို့သူကပြောပါတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာပြီးနိုင်ငံအချို့ကပိုမိုပိတ်ဆို့တဲ့မူဝါဒတွေကို ကျင့်သုံးလာချိန်မှာတော့ လန်ဒန်နဲ့ စင်ကာပူလို မြို့ကြီးတွေဟာ နိုင်ငံတကာကို ဖွင့်လှစ်ထားတဲ့ စိတ်ဓာတ်၊ စွန့်ဦးတီထွင်မှုနဲ့ မတူကွဲပြားမှုကိုလက်ခံတဲ့အားသာချက်တွေကြောင့်ဆက်လက်အောင်မြင်နေဦးမယ်လို့ ခန်းက ယုံကြည်နေပါတယ်။
"ကျွန်တော်တို့ရဲ့မတူကွဲပြားမှုက အားနည်း
ချက်မဟုတ်ပါဘူး။အဲဒါက ကျွန်တော်တို့ကို ပိုပြီးအင်အားကြီးစေတယ်၊ပိုပြီးကြွယ်ဝချမ်း
သာစေတယ်" လို့ လန်ဒန်မြို့တော်ဝန်က အ
လေးပေး ပြောကြားခဲ့ပါတယ်။
ကိုးကား-CNA

👍34❤4🤣3
■အတွေးအမြင်
ဂျပန်ရဲ့သတိပေးခေါင်းလောင်း နဲ့ မြန်မာလူငယ်များ
ခါကာဘို ရေးသားသည်။
"ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်" ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။
အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေ
အနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။
ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ အလုပ်သမားအင်အားမလုံလောက်လို့ နိုင်ငံခြားအလုပ်
သမားတွေကို ပိုပြီး လိုအပ်လာနေချိန်မှာပဲ နိုင်ငံခြားသားတွေအပေါ် သတိထားတဲ့ သ
ဘောထား၊တချို့အခြေအနေတွေမှာ ဆန့်
ကျင်တဲ့ သဘောထားတွေပါ တဖြည်းဖြည်း အားကောင်းလာနေပါတယ်။
ဒါဟာ ဘာကြောင့် ဖြစ်လာတာလဲ။
အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေကနှစ်စဉ်ကျဆင်းနေတယ်။မွေးဖွားနှုန်းနည်းလာပြီး သက်ကြီးရွယ်အိုဦးရေ တိုးလာတယ်။စက်ရုံတွေ၊ဆေးရုံတွေ၊ စိုက်
ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်
ငန်းတွေမှာ အလုပ်သမားရှားပါးမှု ကြုံနေရတယ်။
ဒါကြောင့် နိုင်ငံခြားအလုပ်သမားတွေကို ပိုပြီး ခေါ်ယူလာရတယ်။တစ်ချိန်တည်းမှာပဲ ကမ္ဘာလှည့်ခရီးသွားတွေ သန်းနဲ့ချီပြီး ဂျပန်ကို လာရောက်လည်ပတ်နေကြတယ်။ မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေများပြားလာတာကြောင့်အိမ်ငှားဈေးတက်လာတာ၊ လူ
စည်ကားလာတာ၊ ယဉ်ကျေးမှုကွာခြားမှုတွေ ပိုမြင်လာတာမျိုးတွေဖြစ်လာပါတယ်။ဒီအ
ခြေအနေကဂျပန်ပြည်သူတချို့ကို စိုးရိမ်စေပါတယ်။
"ဂျပန်ယဉ်ကျေးမှု ပျောက်သွားမလား"
"စည်းကမ်းမလိုက်နာတဲ့ နိုင်ငံခြားသားတွေ ပိုများလာမလား"
"မြေယာတွေကို နိုင်ငံခြားသားတွေ ဝယ်ယူလာရင် ဘယ်လိုဖြစ်မလဲ"
ဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ပိုများလာတယ်။
အဲဒီလို စိုးရိမ်မှုတွေကို အခြေခံပြီး "Japanese First" လို့ ခေါ်တဲ့ "ဂျပန်ကို အရင်ဦးစားပေး" မူဝါဒနဲ့ မဲဆွယ်ခဲ့တဲ့ Sanseito ပါတီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ပါတယ်။
စစ်တမ်းတွေအရဂျပန်ပြည်သူ သုံးပုံနှစ်ပုံနီးပါးကနိုင်ငံခြားသားတွေရဲ့မြေယာဝယ်ယူမှုကိုပိုမိုကန့်သတ်သင့်တယ်လို့ ယုံကြည်နေကြပြီး နိုင်ငံခြားသားတွေက ဂျပန်စည်းမျဉ်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အပြည့်အဝ လိုက်နာသင့်တယ်လို့ မြင်ကြပါတယ်။
ဒီတော့ ဒီအပြောင်းအလဲတွေကမြန်မာတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲ။
ပထမဆုံးပြောရရင်ဂျပန်ကနိုင်ငံခြားအလုပ်
သမားတွေကို လုံးဝ မလိုတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်သမားလိုအပ်ချက်က ဆက်ပြီး မြင့်မားနေဦးမှာပါ။ ဆေးရုံ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုး
ရေးကဏ္ဍတွေမှာ နိုင်ငံခြားလုပ်သားမရှိရင် လုပ်ငန်းလည်ပတ်ဖို့တောင် ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့်နောင်အနာဂတ်မှာဗီဇာစည်းကမ်းတွေပိုတင်းကျပ်လာနိုင်တယ်။အမြဲတမ်းနေ
ထိုင်ခွင့် ရယူဖို့ ပိုခက်လာနိုင်တယ်။ ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ အခွန်ဆောင်မှု၊ ဥပဒေလိုက်နာမှု စတာတွေကို ပိုမိုစစ်ဆေးလာနိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံခြားသားတွေရဲ့အပြုအမူတချို့ကြောင့် လူထုအမြင် မကောင်းလာရင် ဂျပန်ရောက် မြန်မာအားလုံးအပေါ် သက်
ရောက်နိုင်ပါတယ်။
ဒါကြောင့် မြန်မာတွေ အနေနဲ့ အခုကတည်း
က စဉ်းစားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
ဂျပန်က အလုပ်သမားကို လိုချင်တာမှန်ပေမယ့် စည်းကမ်းလိုက်နာတဲ့ အလုပ်သမားကို ပိုလိုချင်တာ ဖြစ်ပါတယ်။
အလုပ်လုပ်နိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။
ဂျပန်ဘာသာစကားကို ကောင်းကောင်းတတ်ဖို့ လိုတယ်။ အလုပ်ခွင်ယဉ်ကျေးမှုကို နား
လည်ဖို့ လိုတယ်။ အမှိုက်ပစ်တာကစပြီး အများသုံးနေရာ အသုံးပြုတဲ့ စည်းကမ်းတွေအထိ လေးစားလိုက်နာဖို့ လိုတယ်။
နောက်တစ်ခုက ကျောင်းသားဗီဇာနဲ့ သွားပြီး ကျောင်းမတက်တာ၊ဗီဇာစည်းကမ်းချိုးဖောက်တာ၊အလုပ်ခွင်ကနေ ထွက်ပြေးတာမျိုးတွေက လူတစ်ယောက်ရဲ့ ပြဿနာတင် မဟုတ်တော့ဘဲမြန်မာအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။
တကယ်တော့ဂျပန်မှာအောင်မြင်နေတဲ့ မြန်မာတွေ အများကြီး ရှိပါတယ်။ သူတို့ကို ဂျပန်အလုပ်ရှင်တွေလက်ခံရတဲ့ အကြောင်းရင်းက စည်းကမ်းရှိလို့၊ ကြိုးစားလို့၊ ယုံကြည်စိတ်ချရလို့ ဖြစ်ပါတယ်။
ဒါကြောင့်ဂျပန်နိုင်ငံမှာနိုင်ငံခြားသားဆန့်
ကျင်တဲ့ အသံတွေ ပိုကြားလာရတာကို ကြောက်ရွံ့စရာအဖြစ် မမြင်သင့်ပါဘူး။ အဲဒီအစား "အရည်အချင်းရှိတဲ့ နိုင်ငံခြားသား" နဲ့ "ပြဿနာဖန်တီးတဲ့ နိုင်ငံခြားသား" ဆိုပြီး ပိုမိုခွဲခြားကြည့်လာမယ့် ခေတ်ရောက်လာပြီလို့ မြင်သင့်ပါတယ်။
ဂျပန်က နိုင်ငံခြားသားတွေကို ဆက်ပြီး လို
အပ်နေဦးမှာပါ။ဒါပေမယ့်ဂျပန်လူ့အဖွဲ့အ
စည်းထဲ ဝင်ရောက်ပေါင်းစည်းနိုင်သူ၊ စည်း
ကမ်းလိုက်နာသူ၊ ဘာသာစကားနဲ့ ယဉ်ကျေး
မှုကို လေးစားသူတွေကို ပိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။
မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတံခါးက ပိတ်မသွားသေးပါဘူး။ ဒါပေမယ့် အရင်ကထက်ပိုပြီးအရည်အချင်း၊စည်းကမ်း
၊တာဝန်ယူမှုကို တောင်းဆိုလာနေပါပြီ။ ။
ကိုးကား- Asia Times

👍39❤10🤮1
ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲ
▪️မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ
ဇွန်-၁၆၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်ဘလူးအိုင်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင် ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ စစ်တပ်ရဲ့ လေ့ကျင့်ရေး (၈)တပ်က ဒရုန်း ၅စီးနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂စီးက ဝက်လူးအိုင်ကေိးရွာက နေအိမ်ပေါ်ကျပြီး အသက်(၅၅)နှစ်အရွယ် ဒေါ်ဘုတ်ဆုံသေဆုံးပြီး သားဖြစ်သူ ကိုသားပြည့်(၂၄)နဲ့ (၁၈)နှစ်အရွယ် သမီးဖြစ်သူ မချောချောတို့ ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။
" ဘာမှမရှိဘူးဗျ။စစ်ကြောင်းလည်း မရှိဘူး။ဒီလို လူတွေ လှုပ်ရှားသွားလာနေချိန်လာချသွားတာပဲ။ဘာသတင်းမှလည်းမကြားဘူး။သက်သက်လာကြဲသွားတာ"လို့ Wetlet information Network တာဝန်ရှိသူက ပြောပါတယ်။
ကျန်တဲ့ ဒရုန်း၂စီးကလည်း ဝက်လက်မြို့နယ်က သာလိုင်းရွာသစ်အတွင်း ကျပြီး နွားစာတဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောက် ၁စီးကတော့ ဝက်လက်မြို့နယ် မြောက်ခြမ်းကျတာလို့ သိရပြီး လက်ရှိအချိန်အထိ တော့အထိခိုက်မသိရ သေးပါဘူး။
ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာ ၊ဒရုန်းနဲ့ဗုံးကြဲတာ တွေမကြာခဏပြုလုပ်နေပြီး ဝက်လက် မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်တပ်က မေလ၁၃ ရက်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ သံဃာ ၁ပါးနဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

🤬25❤3👎2👍1
မြန်မာနိုင်ငံတွင်းက တရုတ်လုပ်ငန်းတွေနဲ့ တ
ရုတ်ဝန်ထမ်းတွေလုံခြုံရေးအစွမ်းကုန်ကာကွယ်မယ်လို့ တရုတ်သမ္မတကို မင်းအောင်
လှိုင်ကတိပေး
ဇွန်-၁၆၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေး
ထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ၅ရက်ကြာ တရုတ်ခရီးစဥ် ဒုတိယမြောက်နေ့ ဇွန်လ ၁၆ရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့တို့အတွက် တရုတ်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် သွားကြောင်းအာဏာသိမ်းခေါင်းဆောင်က ပြောတယ်လို့ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ One China Policyကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်နေပြီး နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ ရှာဖွေဖော်ထုတ်နေတယ်လို့လည်း သမ္မတအမည်ခံ စစ်ခေါင်းဆောင်က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲ တည်ဆောက်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီး
မြှုပ်နှံမှုအဆင့်အတန်းကို မြှင့်တင်ဖို့ မျှော်
လင့်ကြောင်းနဲ့ တရုတ်နိုင်ငံနဲ့အတူ ဘက်စုံဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုကြောင်း မင်းအောင်လှိုင်က
သမ္မတရှီကို ပြောပါတယ်။
တရုတ်သမ္မတရှီက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကိုအိမ်နီးချင်းသံတမန်ဆက်
ဆံရေးမူဝါဒရဲ့အရေးကြီးသောနေရာမှာ ထား
ရှိကြောင်းနဲ့ တရုတ်ဟာ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးမူကို စွဲမြဲစွာ လိုက်နာတယ်လို့ ပြောပါတယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်
ရေးမူဝါဒဟာ မြန်မာပြည်သူတရပ်လုံးကို ဦးတည်တယ်လို့ ဆိုပါတယ်။
မြန်မာ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်
တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်က ခိုင်မာစွာ ထောက်ခံကြောင်းနဲ့ မြန်မာအစိုး
ရသစ်က ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့ကို ဟန်ချက်ညီညီ စီမံဆောင်ရွက်ကာ နိုင်ငံတော်အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထု ထောက်ခံအားပေးတဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုး
တက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခြင်း ကိုထောက်ခံတယ်လို့ တရုတ်သမ္မတက
ဆိုပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံဟာ မဟာဗျူဟာမြောက် မြင်ကွင်ရှင်းလင်းပြတ်သားမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာ နှစ်နိုင်ငံ Belt and Road ပူးတွဲတည်ဆောက်ရေးရဲ့ အထင်ကရစီမံကိန်းဖြစ်တာကြောင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်တဲ့ အာမခံချက်အောက်မှာ အရေးကြီးစီမံကိန်းများ တည်ဆောက်မှုကို တည်ငြိမ်စွာ အကောင်
အထည်ဖော်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတို့ရဲ့ လူနေမှုဘဝ မြှင့်တင်ရေးကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်လို့ တရုတ်သမ္မတက ဆက်ပြောပါတယ်။
နှစ်နိုင်ငံစလုံးဟာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးရောင်း
ဝယ်မှုစတဲ့ ရာဇ၀တ်မှုများကို ပြင်းပြင်းထန်
ထန်ဆက်လက်နှိမ်နင်းသွားရမှာဖြစ်ကြောင်း
၊ နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားနဲ့ လုံ
ခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်
ရှောက်ရမှာဖြစ်ကြောင်း သမ္မတရှီက ပြောပါတယ်။
ဆက်လက်ပြီး တရုတ်သမ္မတက မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းဘက်အသီးသီးတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တဆင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေ
ရှည်တည်ငြိမ်အေးချမ်းမှုကို ရရှိဖို့ တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းနဲ့ အဲဒါက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုရဲ့ အခြေခံကျပြီး ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း ပြောပါတယ်။
ဒီနေ့တွေ့ဆုံမှုအတွင်း ပို့ဆောင်ဆက်သွယ်ရေး၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေး စတဲ့ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုစာချုပ် အများအပြားကိုလည်း သမ္မတရှီနဲ့ အာ
ဏာသိမ်းခေါင်းဆောင်တို့ရှေ့မှောက်မှာ
လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။ဒါပေမယ့် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် နဲ့ နားလည်မှုစာချွန်လွာအသေးစိပ်ကိုတော့မဖော်ပြထားပါဘူး။

🤮29❤7🤬2👍1👎1🤣1
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေလုံခြုံရေးကိုအာမခံတယ်ဆိုပေမယ့် ကျောက်ဖြူရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွားရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်ူပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါအပြင် AA က အခုလပိုင်းမှာ ကျောက်ဖြူ ၊စစ်တွေ မြို့တွေက စစ်တပ်စခန်းတွေကို အရှိန်မြှင့်ထိုးစစ်ဆင်နေပါတယ် ။
အလားတူ တရုတ်နိုင်ငံက မြန်မာနိုင်ကအဓိကဝယ်ယူနေတဲ့ မြေရှားဓါတ်သတ္ထုတွေဆိုရင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကထိန်းချုပ်ဒေသတွေမှာအဓိကထွက်ရှိနေတာဖြစ်ပါတယ်။
ဒါအပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း တလျှောက် ဒေသအများအပြားကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်းတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဒေသတွေမှာရှိနေပါတယ်။

🤮25💩3👍2❤1👎1🔥1
မကွေးတိုင်း၀န်ကြီးချုပ်ယာဉ်တန်းလာကြိုတဲ့ စစ်တပ်ယာဉ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၄ဦး သေဆုံး
▪️ရန်ကုန်-ပြည်လမ်းမကြီးကို အချိန်မရွေးစိုးမိုးနိုင်တဲ့ အခြေအနေပြသတာလို့ နေပြည်တော် PDF ပြော
ဇွန်-၁၆၊၂၀၂၆။မိုမို၊ဟာနာဆန်/People's Spring
စစ်ကောင်စီရဲ့ မကွေးတိုင်း၀န်ကြီးချုပ်ယာဉ်တန်းလာကြိုတဲ့ စစ်တပ်ယာဉ်တွေကို ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၄ ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ (ဇွန်လ ၁၆ ရက်)မှာ ထုတ်ပြန်ပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်ကနေ ထွက်ခွာလာတဲ့ ကားတစ်စီးပေါ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအ၀င် ၄ဦး စီးနင်းလိုက်ပါလာတယ်လို့ ကြိုတင်သတင်းရရှိခဲ့ပြီး အဲဒီကားကို ဇွန်လ ၁၅ ရက် မနက် ၈ နာရီ၀န်းကျင်မှာ ရန်ကုန်-ပြည်လမ်းမကြီးပေါ်က ကိုးပင်-ဆတ်သွား လမ်းပိုင်းတနေရာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးစောသန်းထွန်းအပါအ၀င် ၂ဦး သေဆုံးပြီး ကျန် ၂ဦးဟာ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအပြီး လက်နက်ခဲယမ်းတွေနဲ့ ပစ္စည်းတွေ သိမ်းဆည်းပြီး ကားကို မီးရှို့ဖျက်ဆီးနေချိန် အောင်လံ(ကိုးပင်)ဘက်က မောင်းနှင်လာတဲ့ ကားတစ်စီးကို စစ်ဆေးဖို့ တားဆီးချိန် ကားနောက်ဆုတ်မောင်းပြေးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားက မကွေးဝန်ကြီးချုပ်လမ်းကြောင်းကို လာကြိုဖို့ထွက်လာတဲ့ အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ကားဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဗိုလ်အဆင့်နဲ့ နောက် ၁ဦး သေဆုံးတယ်လို့ သေဆုံးတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
"အခုစစ်ဆင်ရေးက ရှောင်တခင်ပါ။သတင်းအရ စစ်ဆင်ရေးလုပ်တဲ့ဟာပေါ့။တောင်တွင်းကြီး ထွေအုပ်ရုံးက တာ၀န်ကျတဲ့ ဗိုလ်ကြီးအဆင့် စောသန်းထွန်းအပါအ၀င် လေးဦးက ကားလေးတစ်စီးနဲ့ထွက်လာတာကို ကြိုတင်စောင့်ဆိုင်းတဲ့ စစ်ဆင်ရေးဗျ။ ဒါလည်း ဝန်ကြီးချုပ်လမ်းကြောင်းဖြစ်လိမ့်မယ်နော်။ အဲဒီ ရဲမြို့နယ်မှူးပေါ့၊ နောက်တစ်ယောက်၊ နောက်တစ်စီးပေါ့၊ နောက်တစ်စီးနဲ့ ထပ်ဆုံတာပေါ့နော်။ အဲဒီမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အဲဒီအထဲက ဗိုလ်အဆင့်တစ်ယောက်နဲ့ အခြားအဆင့်တစ်ယောက်ကျတယ်လို့လည်း ကျွန်တော်တို့ သိရတယ်"လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံ ဗိုလ်လကျာ်က ပြောပါတယ်။
ဒါအပြင် စစ်ဆင်ရေးရဲ့အဓိကအချက်က ရန်ကုန်-ပြည်လမ်းမကြီးကို အချိန်မရွေးစိုးမိုးထားနိုင်တဲ့အခြေအနေကို ပြသတာလို့ ဗိုလ်လကျာ်က မှတ်ချက်ပေးပါတယ်။
အဲဒီ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ(၁၇) လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး _တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း MA 3 (၁)လက် ကျည်ဘောက် (၂)ဘောက်၊ G3 (၁) လက် ကျည်ဘောက် (၁)ဘောက်၊ MA 5 (၁)လက် ကျည်ဘောက် (၂)ဘောက်၊ ကျည်တချို့နဲ့ စာရွက်စာတမ်းတချို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက သီးခြားထုတ်ပြန်ထားပါတယ်။

❤40👏9👍4🥰1🤣1