တောင်တွင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကားတိုက်ခိုက်ရာ ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေ
ဇွန်-၁၆၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။
တောင်တွင်းကြီးမြို့ ဆက်သွားကျေးရွာဘက်ကနေ စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၄ ဦးလိုက်ပါလာတဲ့ အိမ်စီးကားကို ကိုးပင်-ဆက်သွားလမ်းပိုင်းတနေရာမှာ ဇွန်လ ၁၅ ရက်က တော်လှန်ရေးအဖွဲ့တွေက
ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ဗိုလ်ကြီးအပါအဝင် ၂ဦး သေဆုံးပြီး G3 ၁ လက်၊MA3 ၁ လက်နဲ့ MA5 ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ကား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ပကဖတွေ စုဖွဲ့ထားတဲ့ ရိုးမဖိုက်တာစစ်ကြောင်းနဲ့အတူ သရက်ခရိုင် အမှတ် (၅)တပ်ရင်း၊မကွေးမြို့နယ် ပကဖ ၊ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို သရက်ခရိုင်တပ်ရင်း(၅)နဲ့ တောင်တွင်းကြီးမြို့နယ်က ကာကွယ်ရေးအဖွဲ့တွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း တောင်တွင်းကြီးမြို့နယ်က အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ- ၁၈) ဗိုလ်ကြီး နဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ယာဉ်တန်းတွေ ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။
အဲဒါအပြင် ၂၀၂၆ ဇန်နဝါရီကလည်း နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအတွင်းမှာလည်း ၄ ဦးသေပြီး လက်နက်တွေသိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ထုတ်ပြန်ထားပါတယ်။

❤30👏19👍2🥴2🥰1🖕1
အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့ တရုတ်သမ္မတပြော
ဇွန်-၁၆၊ ၂၀၂၆။ People’s Spring
တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘေဂျင်းမြို့မှာ လက်ခံတွေ့ဆုံစဥ် အခုလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် နိုင်ငံ့အခြေအနေနဲ့ကိုက်ညီတဲ့ လမ်းကြောင်းမှန်တစ်ခု ရှာဖွေဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေကို ပေါင်းစပ်လုပ်ဆောင်ဖို့နဲ့ အများပြည်သူထောက်ခံမှုရရှိစေဖို့ အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့လည်း သမ္မတရှီက ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ၃ကြိမ်မြောက်သွားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်သမ္မတက ဒီနေ့ မနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့သလို တရုတ်-မြန်မာနှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။ တဆက်တည်းမှာ သမ္မတရှီနဲ့ စစ်ခေါင်းဆောင်တို့ရှေ့မှောက်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်စာတမ်းတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်က သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ အခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်များစွာလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပြီး အာဏာသိမ်းစစ်တပ်ကတော့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ဖို့ ရွေးချယ်လိုက်ပြီး ဒီခရီးစဥ်အတွင်းမှာလည်း သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့ ခရီးစဥ်မတိုင်မီမှာ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့ BRI(Belt and Road Initiative)စီမံကိန်းတွေကို အမြန်ဆုံးပြန်လည်စတင်လိုနေပြီး ဒီခရီးစဥ်မှာ BRI စီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညီချက်တွေ ရရှိမလဲဆိုတာ စောင့်ကြည့်ဖို့လိုကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။
ကိုးကား- Xinhua News

🖕32❤11👎4🤮3💩2👍1👏1🤬1
(တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဘေဂျင်းမြို့မှာ ဇွန်လ ၁၆ရက် ဒီနေ့ တွေ့ဆုံစဥ်။ ဓာတ်ပုံ - Xinhua)
💩26🖕24👎3🤮3❤2🔥1👏1🤬1👨💻1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဂန့်ဂေါက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံး၊ သေနတ် ၅လက် သိမ်းရ
ဇွန်-၁၆၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှောက် ပင်ရွာ စခန်းဂိတ်ကို ဇွန်လ ၈ ရက် နဲ့ ၁၃ရက်တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ရှောင်ပင်ရွာမှာ စစ်တပ်ကာကင်းတွေရော ဘာကာတွေရော ၁၅ ခုလောက်ရှိတယ်။ဘုန်ကြီးကျောင်း၊ဆေးပေးခန်း၊စာသင်ကျောင်းနဲ့ ရွာတောင်ဘက်ခြမ်းက ကုန်းမြင့်တွေမှာ ထိုင်ထားတာ။အင်အားကလည်း ၃၀ နဲ့ ၅၀ ကြားအနည်းဆုံးပဲ။မြို့ရှောင်လမ်းအတွက် အရေးကြီးတဲ့ ရွာတစ်ခု ဖြစ်တယ်"လို့ ဂန့်ဂေါမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁လက်၊ MA-1 သေနတ် ၃လက်နဲ့ MA-11 သေနတ် ၁ လက် ၊ ကျည်တွေသိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါ ပကဖ က အသိပေးပါတယ်။
"တိုက်ခိုက်မှုအပြီး ခုချိန်ထိတော့ စစ်တပ်လှုပ်ရှားမှု မကြားရသေးဘူး။ရွာထဲမှာတော့ အင်းအားက ခန့်မှန်းရခက်ပါတယ်ဗျ မြို့နှင့်ထိစပ်ရွာဖြစ်နေတဲ့အတွက် ထွက်လိုက်ဝင်လိုက်ပါ"လို့ ဂန့်ဂေါပကဖ တာ၀န်ရှိသူက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် (၅၀) ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့ ရှောက်ပင်ရွာဟာ ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်ပဲဝေးပြီး စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။
ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့ပါတယ်။

❤37👍12🥰7❤🔥1🤣1🖕1
CDF လောက်တူနဲ့ ရဲဘော်အချင်းချင်း ပြဿနာ မြေပြင်တပ်မှူးတွေ ညှိနှိုင်းဖြေရှင်းထားဟု CNF ပြော
ဇွန်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)-လောက်တူ(Lautu) တပ်နဲ့ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာဖြစ်ပွားမှု ညှိနှိုင်းဖြေရှင်း အဆင်ပြေကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အလယ်ပိုင်း လောက်တူဒေသ အခြေစိုက်ထားတဲ့ CDF လောက်တူဟာ CNF/CNA နဲ့ မဟာမိတ်ဖြစ်ပြီး နှစ်ဖွဲ့လုံးဟာချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်ကာကွယ်ရေးတပ်တွေဖြစ်ပါတယ်။
အဲဒီလို မဟာမိတ်တပ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ဇွန်လ ၁၅ရက်မှာ ထွက်ပေါ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက အခုလို ရှင်းပြတာပါ။
" သူတို့ အောက်ခြေက ရဲဘော်တွေက ဒါမျိုးက နေရာတိုင်းမှာကြုံနေတဲ့ဟာ။ သူတို့ တပ်မှူးတွေ အချင်းချင်း ညှိပြီး အဆင်ပြေသွားတဲ့ကိစ္စတွေပါ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
နှစ်ဖွဲ့လုံးဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဖြစ်ပြီး အခုဖြစ်တာဟာ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာသာဖြစ်ပြီး ပေါ်လစီပိုင်းဆိုင်ရာ မဟုတ်ဟု ရှင်းပြပါတယ်။
“ကျနော်တို့လည်း အဲဒီကိစ္စ ကြားပါတယ်။ ကျနော်တို့ နယ်မြေခံတပ်မှူးတွေကို လွှတ်ပြီးတော့ အချင်းချင်း အဲဒါ ပြေလည်အောင် လုပ်သွားပြီးသားကိစ္စ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောကြားပါတယ်။
CDF လောက်တူဟာ မျိုးနွယ်စုအမည်နဲ့ဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖြစ်ပြီး ထန်တလန်နဲ့ မတူပီမြို့နယ်အတွင်း လောက်တူဒေသမှာ အခြေပြု စုဖွဲ့ထားတာပါ။

❤28👍16🥰2❤🔥1🥴1🤣1
မြိုင်နယ်ရောက်နေတဲ့ စစ်တပ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ
ဇွန် ၁၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၄ ရက်ကတည်းက ပခုက္ကူတပ်မ (၁၀၁)ကနေတဆင့် ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
"စစ်ကြောင်းနဲ့ မတွေ့အောင် ဝေးဝေးရှောင်ကြပါလို့။ ခုစစ်ကြောင်းက တွေ့တဲ့လူတိုင်းကို pdf အမည်တပ်ပြီး သတ်ပစ်ကြတာပါ။ ဝေးအောင် လွတ်အောင် ရှောင်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်"လို့ ဆရာထွေးက ပြောပါတယ်။
တွင်းမပျူစောထီးကျေးရွာရောက် စစ်ကြောင်းအနက် အင်အား ၁၀၀ခန့်ဟာ ဒီမနက်မှာ ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းရွာဘက်ကို မွှေနောက်နေပြီး တွင်းမရွာက ရိက္ခာကား (၇)စီးကလည်း ကမ္မမြို့ကို ရောက်ရှိနေကြောင်း၊ ကမ္မကို ရှေ့ပြေးရောက်နေတဲ့ တွင်းမပျူစောထီးတွေနဲ့ သရက်ကန်ပျူစောထီးတွေဟာ ကမ္မစျေးကို ဖောက်ထွင်းခိုးယူနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြိုင်မြို့နယ်မြောက်ပိုင်းက မကျည်းကန်ရွာအနီးကို
တံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အထိအခိုက်မသိရသေးဘူးလို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။
စစ်တပ်ဟာ ယခုလဆန်းပိုင်းကပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသက ပြည်သူပေါင်း လေးဆယ်ကျော်ကိုသတ်ဖြတ်ပြီး နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

🤬35❤5👎4🔥1👏1🤮1
မတူကွဲပြားမှုက လန်ဒန်ရဲ့ အင်အားဟု မြို့တော်ဝန်ဆို
ဇွန်-၁၆၊၂၀၂၆။People's Spring
ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်
လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲ
ပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာကျင်းပတဲ့ World Cities Summit အစည်းအဝေးအတွင်း ပြောကြားရာမှာ "လန်ဒန်ရဲ့ လျှို့ဝှက်လက်နက်ကတော့ လန်ဒန်မြို့သားတွေပါပဲ" လို့ သူက ဆိုပါတယ်။
ဥရောပသမဂ္ဂမှာ ဗြိတိန်ထွက်ခွာခြင်း (Brexit) အရေး၊ COVID-19 ကပ်ရောဂါ နဲ့ ဗြိတိန်ဝန်
ကြီးချုပ် ၆ ဦးအထိ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပေမယ့် လန်ဒန်မြို့ဟာ ကြံ့ကြံ့ခံပြီးဆက်လက်တိုးတက်နေဆဲဖြစ်ပါတယ်။ အဲဒီလိုရပ်တည်နိုင်ခဲ့တာဟာမြို့သားတွေရဲ့ စွမ်းရည်နဲ့ မြို့ကိုယ်တိုင် အခြေအနေအလိုက် ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းကြောင့်ဖြစ်တယ်လို့ခန်းကရှင်းပြပါတယ်။
လေထုသန့်ရှင်းရေးစီမံကိန်းတွေ၊ ကျောင်း
သားတွေအတွက် အခမဲ့ နေ့လယ်စာ အစီအ
စဉ်တွေ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် လန်ဒန်ဟာပိုပြီးလုံခြုံတဲ့၊တရားမျှတတဲ့၊ သ
ဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လန်ဒန်အပါအဝင်ကမ္ဘာ့မြို့ကြီးတွေဟာ အိမ်ရာဈေးနှုန်းမြင့်တက်မှုနဲ့ လူနေမှုစရိတ်ကြီးမြင့်လာတဲ့ပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် လူငယ်တွေ မြို့ကြီးတွေကို ရွှေ့ပြောင်းလာတဲ့အခါ တတ်နိုင်တဲ့ အိမ်ရာတွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ ခန်းကထောက်ပြပါတယ်။
သူ့ရဲ့စင်ကာပူခရီးစဉ်အတွင်း စင်ကာပူရဲ့ အ
များပိုင်အိမ်ရာစနစ်ကို အနီးကပ် လေ့လာခဲ့ပြီး အိမ်ရာပြဿနာဖြေရှင်းရာမှာစင်ကာပူရဲ့ နည်းလမ်းတွေက သင်ယူစရာ အများကြီးရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာအိမ်ရာ၊ကျန်းမာရေးနဲ့ လူနေမှုစရိတ် ပြဿနာတွေကြောင့် ရွှေ့ပြောင်းအခြေချသူတွေကို အပြစ်တင်တဲ့ အသံတွေ ပိုများလာနေတဲ့အပေါ်မှာလည်း ခန်းက ကန့်ကွက်ခဲ့ပါတယ်။အိမ်ရာမလုံလောက်တာနဲ့ကျန်းမာရေး
ဝန်ဆောင်မှုအားနည်းတာတွေဟာ ရွှေ့ပြောင်း
အခြေချသူတွေရဲ့အပြစ်မဟုတ်ဘဲ သက်ဆိုင်
ရာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာကြောင့်ဖြစ်တယ်လို့သူကပြောပါတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာပြီးနိုင်ငံအချို့ကပိုမိုပိတ်ဆို့တဲ့မူဝါဒတွေကို ကျင့်သုံးလာချိန်မှာတော့ လန်ဒန်နဲ့ စင်ကာပူလို မြို့ကြီးတွေဟာ နိုင်ငံတကာကို ဖွင့်လှစ်ထားတဲ့ စိတ်ဓာတ်၊ စွန့်ဦးတီထွင်မှုနဲ့ မတူကွဲပြားမှုကိုလက်ခံတဲ့အားသာချက်တွေကြောင့်ဆက်လက်အောင်မြင်နေဦးမယ်လို့ ခန်းက ယုံကြည်နေပါတယ်။
"ကျွန်တော်တို့ရဲ့မတူကွဲပြားမှုက အားနည်း
ချက်မဟုတ်ပါဘူး။အဲဒါက ကျွန်တော်တို့ကို ပိုပြီးအင်အားကြီးစေတယ်၊ပိုပြီးကြွယ်ဝချမ်း
သာစေတယ်" လို့ လန်ဒန်မြို့တော်ဝန်က အ
လေးပေး ပြောကြားခဲ့ပါတယ်။
ကိုးကား-CNA

👍34❤4🤣3
■အတွေးအမြင်
ဂျပန်ရဲ့သတိပေးခေါင်းလောင်း နဲ့ မြန်မာလူငယ်များ
ခါကာဘို ရေးသားသည်။
"ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်" ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။
အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေ
အနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။
ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ အလုပ်သမားအင်အားမလုံလောက်လို့ နိုင်ငံခြားအလုပ်
သမားတွေကို ပိုပြီး လိုအပ်လာနေချိန်မှာပဲ နိုင်ငံခြားသားတွေအပေါ် သတိထားတဲ့ သ
ဘောထား၊တချို့အခြေအနေတွေမှာ ဆန့်
ကျင်တဲ့ သဘောထားတွေပါ တဖြည်းဖြည်း အားကောင်းလာနေပါတယ်။
ဒါဟာ ဘာကြောင့် ဖြစ်လာတာလဲ။
အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေကနှစ်စဉ်ကျဆင်းနေတယ်။မွေးဖွားနှုန်းနည်းလာပြီး သက်ကြီးရွယ်အိုဦးရေ တိုးလာတယ်။စက်ရုံတွေ၊ဆေးရုံတွေ၊ စိုက်
ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်
ငန်းတွေမှာ အလုပ်သမားရှားပါးမှု ကြုံနေရတယ်။
ဒါကြောင့် နိုင်ငံခြားအလုပ်သမားတွေကို ပိုပြီး ခေါ်ယူလာရတယ်။တစ်ချိန်တည်းမှာပဲ ကမ္ဘာလှည့်ခရီးသွားတွေ သန်းနဲ့ချီပြီး ဂျပန်ကို လာရောက်လည်ပတ်နေကြတယ်။ မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေများပြားလာတာကြောင့်အိမ်ငှားဈေးတက်လာတာ၊ လူ
စည်ကားလာတာ၊ ယဉ်ကျေးမှုကွာခြားမှုတွေ ပိုမြင်လာတာမျိုးတွေဖြစ်လာပါတယ်။ဒီအ
ခြေအနေကဂျပန်ပြည်သူတချို့ကို စိုးရိမ်စေပါတယ်။
"ဂျပန်ယဉ်ကျေးမှု ပျောက်သွားမလား"
"စည်းကမ်းမလိုက်နာတဲ့ နိုင်ငံခြားသားတွေ ပိုများလာမလား"
"မြေယာတွေကို နိုင်ငံခြားသားတွေ ဝယ်ယူလာရင် ဘယ်လိုဖြစ်မလဲ"
ဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ပိုများလာတယ်။
အဲဒီလို စိုးရိမ်မှုတွေကို အခြေခံပြီး "Japanese First" လို့ ခေါ်တဲ့ "ဂျပန်ကို အရင်ဦးစားပေး" မူဝါဒနဲ့ မဲဆွယ်ခဲ့တဲ့ Sanseito ပါတီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ပါတယ်။
စစ်တမ်းတွေအရဂျပန်ပြည်သူ သုံးပုံနှစ်ပုံနီးပါးကနိုင်ငံခြားသားတွေရဲ့မြေယာဝယ်ယူမှုကိုပိုမိုကန့်သတ်သင့်တယ်လို့ ယုံကြည်နေကြပြီး နိုင်ငံခြားသားတွေက ဂျပန်စည်းမျဉ်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အပြည့်အဝ လိုက်နာသင့်တယ်လို့ မြင်ကြပါတယ်။
ဒီတော့ ဒီအပြောင်းအလဲတွေကမြန်မာတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲ။
ပထမဆုံးပြောရရင်ဂျပန်ကနိုင်ငံခြားအလုပ်
သမားတွေကို လုံးဝ မလိုတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်သမားလိုအပ်ချက်က ဆက်ပြီး မြင့်မားနေဦးမှာပါ။ ဆေးရုံ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုး
ရေးကဏ္ဍတွေမှာ နိုင်ငံခြားလုပ်သားမရှိရင် လုပ်ငန်းလည်ပတ်ဖို့တောင် ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့်နောင်အနာဂတ်မှာဗီဇာစည်းကမ်းတွေပိုတင်းကျပ်လာနိုင်တယ်။အမြဲတမ်းနေ
ထိုင်ခွင့် ရယူဖို့ ပိုခက်လာနိုင်တယ်။ ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ အခွန်ဆောင်မှု၊ ဥပဒေလိုက်နာမှု စတာတွေကို ပိုမိုစစ်ဆေးလာနိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံခြားသားတွေရဲ့အပြုအမူတချို့ကြောင့် လူထုအမြင် မကောင်းလာရင် ဂျပန်ရောက် မြန်မာအားလုံးအပေါ် သက်
ရောက်နိုင်ပါတယ်။
ဒါကြောင့် မြန်မာတွေ အနေနဲ့ အခုကတည်း
က စဉ်းစားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
ဂျပန်က အလုပ်သမားကို လိုချင်တာမှန်ပေမယ့် စည်းကမ်းလိုက်နာတဲ့ အလုပ်သမားကို ပိုလိုချင်တာ ဖြစ်ပါတယ်။
အလုပ်လုပ်နိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။
ဂျပန်ဘာသာစကားကို ကောင်းကောင်းတတ်ဖို့ လိုတယ်။ အလုပ်ခွင်ယဉ်ကျေးမှုကို နား
လည်ဖို့ လိုတယ်။ အမှိုက်ပစ်တာကစပြီး အများသုံးနေရာ အသုံးပြုတဲ့ စည်းကမ်းတွေအထိ လေးစားလိုက်နာဖို့ လိုတယ်။
နောက်တစ်ခုက ကျောင်းသားဗီဇာနဲ့ သွားပြီး ကျောင်းမတက်တာ၊ဗီဇာစည်းကမ်းချိုးဖောက်တာ၊အလုပ်ခွင်ကနေ ထွက်ပြေးတာမျိုးတွေက လူတစ်ယောက်ရဲ့ ပြဿနာတင် မဟုတ်တော့ဘဲမြန်မာအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။
တကယ်တော့ဂျပန်မှာအောင်မြင်နေတဲ့ မြန်မာတွေ အများကြီး ရှိပါတယ်။ သူတို့ကို ဂျပန်အလုပ်ရှင်တွေလက်ခံရတဲ့ အကြောင်းရင်းက စည်းကမ်းရှိလို့၊ ကြိုးစားလို့၊ ယုံကြည်စိတ်ချရလို့ ဖြစ်ပါတယ်။
ဒါကြောင့်ဂျပန်နိုင်ငံမှာနိုင်ငံခြားသားဆန့်
ကျင်တဲ့ အသံတွေ ပိုကြားလာရတာကို ကြောက်ရွံ့စရာအဖြစ် မမြင်သင့်ပါဘူး။ အဲဒီအစား "အရည်အချင်းရှိတဲ့ နိုင်ငံခြားသား" နဲ့ "ပြဿနာဖန်တီးတဲ့ နိုင်ငံခြားသား" ဆိုပြီး ပိုမိုခွဲခြားကြည့်လာမယ့် ခေတ်ရောက်လာပြီလို့ မြင်သင့်ပါတယ်။
ဂျပန်က နိုင်ငံခြားသားတွေကို ဆက်ပြီး လို
အပ်နေဦးမှာပါ။ဒါပေမယ့်ဂျပန်လူ့အဖွဲ့အ
စည်းထဲ ဝင်ရောက်ပေါင်းစည်းနိုင်သူ၊ စည်း
ကမ်းလိုက်နာသူ၊ ဘာသာစကားနဲ့ ယဉ်ကျေး
မှုကို လေးစားသူတွေကို ပိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။
မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတံခါးက ပိတ်မသွားသေးပါဘူး။ ဒါပေမယ့် အရင်ကထက်ပိုပြီးအရည်အချင်း၊စည်းကမ်း
၊တာဝန်ယူမှုကို တောင်းဆိုလာနေပါပြီ။ ။
ကိုးကား- Asia Times

👍39❤10🤮1
ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲ
▪️မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ
ဇွန်-၁၆၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်ဘလူးအိုင်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင် ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ စစ်တပ်ရဲ့ လေ့ကျင့်ရေး (၈)တပ်က ဒရုန်း ၅စီးနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂စီးက ဝက်လူးအိုင်ကေိးရွာက နေအိမ်ပေါ်ကျပြီး အသက်(၅၅)နှစ်အရွယ် ဒေါ်ဘုတ်ဆုံသေဆုံးပြီး သားဖြစ်သူ ကိုသားပြည့်(၂၄)နဲ့ (၁၈)နှစ်အရွယ် သမီးဖြစ်သူ မချောချောတို့ ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။
" ဘာမှမရှိဘူးဗျ။စစ်ကြောင်းလည်း မရှိဘူး။ဒီလို လူတွေ လှုပ်ရှားသွားလာနေချိန်လာချသွားတာပဲ။ဘာသတင်းမှလည်းမကြားဘူး။သက်သက်လာကြဲသွားတာ"လို့ Wetlet information Network တာဝန်ရှိသူက ပြောပါတယ်။
ကျန်တဲ့ ဒရုန်း၂စီးကလည်း ဝက်လက်မြို့နယ်က သာလိုင်းရွာသစ်အတွင်း ကျပြီး နွားစာတဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောက် ၁စီးကတော့ ဝက်လက်မြို့နယ် မြောက်ခြမ်းကျတာလို့ သိရပြီး လက်ရှိအချိန်အထိ တော့အထိခိုက်မသိရ သေးပါဘူး။
ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာ ၊ဒရုန်းနဲ့ဗုံးကြဲတာ တွေမကြာခဏပြုလုပ်နေပြီး ဝက်လက် မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်တပ်က မေလ၁၃ ရက်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ သံဃာ ၁ပါးနဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

🤬25❤3👎2👍1