ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က ရှမ်းတိုင်း
ရင်းသားတစ်ဦးဖြစ်ပြီးစစ်တက္ကသိုလ် (DSA)
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၄ ဆင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့အထူးယုံ
ကြည်အားကိုးခြင်းခံရတဲ့ လက်စွဲတော် Interpreter (စကားပြန်) ဖြစ်ပြီး အင်္ဂလိပ်အသံထွက် ကောင်းပါတယ်။
လူမှုဆက်ဆံရေးပါးနပ်ပြီးအာဏာသိမ်းခေါင်းဆောင်မျက်စိကျအောင်စွမ်းဆောင်နိုင်
ပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရတိုင်း သူမတတ်တဲ့ အင်္ဂလိပ်စကားအတွက် ဒုတိယဗိုလ်မှူး
ကြီးစိုင်းစိုင်းဟတ်ကို အများဆုံး ခေါ်သုံးပါတယ်။၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သွားခဲ့တဲ့နိုင်ငံခြားခရီးစဥ်တိုင်းမှာ သူ လိုက်
ပါခွင့်ရခဲ့ပါတယ်။ ဒီလိုခေါ်သုံးလွန်းအား
ကြီးလို့ တပ်ချုပ်ကြီးရဲ့မျက်နှာသာပေးခံရတယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်း
Interpreter ကြားမှာ မျက်မုန်းကျိုးခံရသူဖြစ်ပါတယ်။
“တပ်ချုပ်ကြီးက စိုင်းစိုင်းလို့ခေါ်တာ။လူကြီးခရီးစဉ်ဆို သူပဲ။ မျက်နှာသာလည်းအပေးခံရတယ်။ မြိုးမြိုးမြက်မြက်လည်းရတတ်တယ်” လို့ စစ်တပ်အသိုင်းအဝိုင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က သူနဲ့ သူ့မိသားစုလုံခြုံရေးအန္တရာယ်ကြောင့် လူတွေအာရုံစိုက်မှာကို ရှောင်လွှဲဖို့လူမြင်ကွင်းနဲ့ ရုပ်သံကင်မရာတွေရဲ့ ကွယ်ရာမှာ သ်ိုသိုသိပ်သိပ်နေလေ့ရှိပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာလူရာဝင်ချင်တဲ့ အပယ်ခံစစ်ဘုရင် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံထဲကို မျက်နှာအောက်ကျို့ဝင်ပြီး လူရှေ့သူရှေ့ကို အတင်းကာရောထွက်ပြချိန်မှာတော့သူလည်း ပုန်းရှိုးကွယ်ရှိုးနေလို့မရတော့ပါဘူး။
အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီနဲ့စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကြားမှာ ဘာသာပြန်ပေးနေတဲ့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေက ဖုံးမရ၊ဖိမရရအောင်ပေါ်လာခဲ့ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/06/06/159196/

LuduNwayOo
မင်းအောင်လှိုင်ကိုယ်စားမုသားတွေပြောပေးသူ | LuduNwayOo
အာဏာသိမ်းခေါင်းဆောင်ရဲ့ အိန္ဒိယအပြန်ခရီးမှာ ဒေါက်တာခိုင်ခိုင်စိုးဆိုတဲ့အမျိုးသမီးအကြောင်း၊ဦးထုပ်အနက်ကြီးဆောင်ထားတဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ ခရိုနီတစ်သိုက်အကြောင်းလူပြောများနေပေမယ့် သူ့တို့ထက်ပိုပြီး အာဏာရှင်ကိုကူညီနေသူတစ်ယောက်ကိုတော…
👍27❤8🤮5🔥4👻2🖕1
အတွေးအမြင်
ထရမ့်ရဲ့အမာခံတံတိုင်း အက်ကွဲလာပြီလား
-ခါကာဘို ရေးသားသည်။
အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီး
ပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။
နောက်ဆုံး New York Times စစ်တမ်းတစ်ခုအရ လူနေမှုစရိတ်ကြီးမြင့်လာမှုကို ထရမ့် ကိုင်တွယ်နိုင်မှု အပေါ် ထောက်ခံမှုဟာ ၃၆ ရာခိုင်နှုန်းအထိသာ ရှိနေပြီး၊ အရင်နှစ်တွေထက် သိသိသာသာ ကျဆင်း လာတယ်လို့ ဖော်ပြထားပါတယ်။
ဒီအခြေအနေကို ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းအောင်ပြောရရင်၂၀၁၈ ခုနှစ်တုန်းကအလယ်သက်တမ်း ရွေးကောက်ပွဲအချိန်မှာတောင် ဒီအလုပ်သမားတန်းစားလူဖြူ မဲဆန္ဒရှင်တွေဟာ ထရမ့်ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို အားကောင်းကောင်း ထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီ ယုံကြည်မှုဟာ တဖြည်းဖြည်းပျောက်ကွယ်လာနေတယ်ဆိုတာကို စစ်တမ်းတွေက ထင်ဟပ်နေပါတယ်။
အထူးသဖြင့် ဘွဲ့ရမဟုတ်တဲ့ လူဖြူ မဲဆန္ဒရှင်တွေကြားမှာတော့ အခြေအနေကပိုပြီး ပြောင်းလဲ သွားပါတယ်။အရင်ကထောက်ခံမှုအသာစီးကြီးရှိခဲ့ရာကနေအခုတော့ကန့်ကွက်
မှုဘက်ကိုပိုပြီးရွေ့လာတဲ့ပုံစံတွေကို စစ်တမ်း
တွေမှာ မြင်ရပါတယ်။
ဒါဆို ဒီလိုပြောင်းလဲမှုတွေ ဘာကြောင့်ဖြစ်လာတာလဲ?
ပထမဆုံးအချက်ကတော့ အမေရိကန်လူထုရဲ့ နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်နေတဲ့ လူနေမှုစရိတ်မြင့်တက်မှု (cost of living crisis) ပါ။ အစားအသောက်၊ အိမ်ငှားခ၊ အင်အားစွမ်းအင်စရိတ်တွေ မြင့်တက်လာတာကြောင့် အလုပ်သမားတန်းစားအတွက် ဖိအားပိုလာနေပါတယ်။
ဒုတိယအချက်ကတော့ စီးပွားရေးကိစ္စတွေကိုလည်းနိုင်ငံရေးဘက်လိုက်ပြီးထောက်ခံသူနဲ့ ကန့်ကွက်သူတွေဘက်ခွဲပြီး ပိုမြင်လာတာပါ။ တချို့ဒေသတွေမှာ စီးပွားရေးအခြေ
အနေ တိုးတက်မှုရှိပေမယ့် တချို့နေရာတွေမှာတော့ လုပ်ခလစာနှေးကွေးမှုနဲ့ အလုပ်
အကိုင် မတည်ငြိမ်မှုတွေက ဆက်ရှိနေပါတယ်။
တတိယအချက်ကတော့မူဝါဒဆိုင်ရာ မကျေ
နပ်မှုတွေပါ။အခွန်၊ ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံ
ခြားရေး နဲ့ စွမ်းအင်မူဝါဒတွေကတချို့အလုပ်
သမားအုပ်စုတွေကြားမှာ မျှော်လင့်ထားသလို အကျိုးသက်ရောက်မှု မပေးနိုင်ဘူးဆိုတဲ့ အ
မြင်တွေ တဖြည်းဖြည်းအားကောင်းလာပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအခြေ
အနေကို သာမန်စစ်တမ်းအပြောင်းအလဲတစ်ခုအနေနဲ့ မမြင်ဘဲ ပိုကြီးမားတဲ့ နိုင်ငံရေးလှိုင်းပြောင်းလဲမှုတစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။
အကြောင်းကတော့ဒီအလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေဟာထရမ့်ရဲ့ နိုင်ငံရေးအင်အားအခြေခံ “ကျောရိုး” ဖြစ်ခဲ့လို့ပါ။
တစ်နည်းအားဖြင့် ပြောရရင် သူ့ကို အောင်
မြင်စေခဲ့တဲ့ အဓိက မဲဆန္ဒရှင်အုပ်စုကိုယ်တိုင် စီးပွားရေးအပေါ် စိတ်ပျက်လာနေပြီဆိုရင်
၂၀၂၆ခုနှစ်အလယ်သက်တမ်းရွေး
ကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးအတွက် မမျှော်လင့်နိုင်တဲ့ ပြောင်းလဲမှုတွေကို ယူ
ဆောင်လာနိုင်ပါတယ်။
ကိုးကား : The New York Times

❤32👍5🔥4🥰2
ပျော်ဘွယ်မှာ အုပ်ကြီးရွေးပွဲ ပြည်သူတွေမလာလို့ ပွဲပျက်
ဇွန်-၁၆၊ ၂၀၂၆။ဇေအောင်/People's Spring
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဇွန်လ ၁၅ ရက်က ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်၊ သာသနာ့ဗိမာန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပွဲ ပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု တစ်ထောင်ကျော်ရှိပေမဲ့ တက်ရောက်သူ လူတစ်ရာကျော်သာရှိလို့ ပွဲပျက်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
"လူမလာလို့ လော်စပီကာနဲ့ လိုက်အော်နေတယ်။ မိုးတွေလည်းရွာနေတော့ သိပ်မသွားကြဘူး"လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ အုပ်ချုပ်ရေးမှူးက အုပ်ကြီး အသစ်ရွေးပွဲကို လူသိအောင် ကြိုမဖိတ်တဲ့အတွက် ပြည်သူတွေမလာတာလို့ဆိုကာ မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဆီ တိုင်ကြားခံရတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ပြည်သူအများစုကတော့ စိတ်ပါဝင်စားမှုမရှိတာကြောင့် မတက်ရောက်ကြတာဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။
အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲကို ဇွန်လ ၁၇ ရက် ညနေ ၃ နာရီမှာ ထပ်မံကျင်းပသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ယခု ဇွန်လအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခိုင်းနေပြီး လုပ်လက်စ အုပ်ကြီးတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေသာ ပြန်အရွေးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

😁32👏9👍2🤣2❤1👎1🔥1
ရွှေကူ - ငါးအိုးကြားတိုက်ပွဲ စစ်တပ် အထိနာ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေရ
ဇွန် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၁၅ရက် ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အခုလို အသိပေးလာတာဖြစ်ပါတယ်။ ရွှေကူ-ငါးအိုး ကြား မနေ့ကဇွန်လ ၁၅ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“အရှင်ဖမ်းမိတာရှိတယ်။ လက်နက်နဲ့ ခဲယမ်းတွေ သိမ်းရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ငါးအိုးဒေသကနေ ရွှေကူမြို့နယ်ကို အင်အားတွေ ဖြည့်တင်းနေလို့ မေလကတည်းက KIAနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ စစ်တပ်စစ်ကြောင်းအချို့လည်း ရွှေ့ကူမြို့ကို ဝင်ရောက်ထားနိုင်သလို လမ်းပိုင်းတလျှောက်မှာလည်း စစ်တပ်ဘက်က စစ်အင်အားတွေချထားလို့ တိုက်ပွဲတွေ ဆက်ရှိနေတာပါ။
မနေ့က ရွှေကူ-ငါးအိုးကြား တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
KIA သတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ ဇွန် ၁၅ရက် တိုက်ပွဲသတင်းမှာတော့ မဘိမ်းမြို့နယ်နဲ့ ရွှေကူမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများခဲ့ဟု အသိပေးထားပါတယ်။
ဒါကြောင့် စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က မနက်ပိုင်းမှာ ငါးအိုးရွာကနေ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ်တပ်ယာဉ်တန်းကို KIA/PDFက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ရွှေကူကနေ ဗန်းမော်ကို ဦးတည်လာတဲ့ စစ်တပ်ယာဉ်တန်းကိုလည်း KIA/PDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကတည်းက ဖော်ဆောင်နေတာ ဖြစ်ပြီး တနှစ်ခွဲကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
လက်ရှိမှာ စစ်တပ်က ဗန်းမော်မြို့မကျရေး စစ်ကူအင်အားတွေ ဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
အရင်က ဗန်းမော်မြို့ကို လေကြောင်းက စစ်အင်အားဖြည့်တင်းတာရှိခဲ့ပြီး ရေကြောင်းက စစ်အင်အားဖြည့်တင်းတာတွေလည်း ရှိခဲ့ပါတယ်။ အခု နှစ်မှာတော့ စစ်တပ်ဟာ စစ်အင်အားအများအပြားသုံးပြီး မြေပြင်ကနေ စစ်ကြောင်းထိုးတဲ့ အနေအထားနဲ့ ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

👍41❤12👏2🤮2🥰1🖕1
ထန်တလန်မှာ စစ်တပ် အင်အားဖြည့်ထားလို့ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ CNA သတိပေး
ဇွန် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ဟားခါးမြို့ကနေ အင်အား ၂၅၀ လောက်ပါတဲ့ စစ်တပ်ဟာ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားရှိ မူလ တပ်တွေနဲ့ပေါင်းပြီး ထန်တလန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ ဇွန်လ ပထမပတ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဇွန်လ ၅ရက်နဲ့ ၆ရက် တိုက်ပွဲတွေမှာ စစ်တပ်က အထိနာပေမယ့် ထန်တလန်မြို့ကို ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။
" အခု နှစ်ဖက်တပ်က တပ်ဆိုင်ထားတာပေါ့။ ဆိုင်ထားပြီး သူတို့က တခါတခါမှာကျနော်တို့ ထဲ ခန့်မှန်းခြေနဲ့ ဒရုန်းတွေ ဘာတွေနဲ့ အနီးအနားကို လာကြဲတာတွေတော့ရှိတယ်” လို့ ဆလိုင်းထက်နီက ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တပ်ဆိုင်ထားတဲ့ အခြေအနေကို အသိပေးပါတယ်။
စစ်တပ်ဟာ ထန်တလန်မြို့တခုလုံး ပြန်ထိန်းချုပ်နိုင်ဖို့၊ မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေကို စစ်ရေးဖိအားပေးဖို့ ရည်မှန်းနေတဲ့ အခြေအနေလို့ ဆိုပါတယ်။
“ဒီဟားခါးကနေ တက်လာတာ ဘယ်လောက်အတိအကျ ဝင်သလဲတော့ မသိဘူးပေါ့ ဒါပေမဲ့ တပ်အင်အားတော့ ဖြည့်ထားတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲကတော့ ဘယ်အချိန်ဖြစ်မလဲပေါ့ ။ အဲဒီလို နှစ်ဖက်တပ်ဆိုင်ထားတော့ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတယ်။ တိုက်ပွဲကြီးပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
လက်တလော ထန်တလန်မြို့မှာ စစ်တပ်က အင်အား ၄၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဧပြီလအတွင်းက ချင်းမြောက်ပိုင်း ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မေလဆန်းမှာ ဖလမ်းမှ ဟားခါးမြို့ကို စစ်အင်အားတွေဖြည့်တင်းခဲ့သလို ဇွန်လမှာ ထန်တလန်ကို ဆက်လက်ထိုးစစ်ဆင်အင်အားဖြည့်လာတာဖြစ်ပါတယ်။
မြေပြင်က စစ်အင်အားတွေဖြည့်နေသလို ထန်တလန်မြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လည်း စစ်တပ်က ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

👎26👍12❤2🥴1
ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်
ဇွန်-၁၆၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်
ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ရန် ကုန်တက္ကသိုလ် ၊ ဘူတာကြီး ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ မဟာဗန္ဓုလပန်းခြံ နဲ့ အင်လျားကန်ဘောင် စတဲ့နေရာတွေကို နှင်းဆီပန်းတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီးလှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။
ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။

❤47👏8😁3
ရွှေကူမှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေ
ဇွန်-၁၆၊၂၀၂၆။စိုင်းနောင်/ People's Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွှေကူမြို့နယ်က ကိုင်းရွာနဲ့ ရွှေဘုန်းမြင့်ကျေးရွာမှာ အရပ်သားတွေ သတ်ဖြတ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" စစ်ကြောင်းဝင်ပြီး ပြန်ထွက်တော့ အလောင်းတွေ တွေ့တာ။မိန်းကလေးတွေလည်း ပါတယ်ဗျ။ ခဏပဲ ဝင်ရဲတာ။စိတ်မချလို့ ပြန်ထွက်လာရတယ်"လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေက မြို့ပြင်နဲ့ ကျေးရွာတွေဘက်မှာဖြစ်နေပြီး မြို့ပေါ်မှာ အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။
မနေ့က ဇွန်လ ၁၅ရက်မှာ ကိုင်းရွာကို စစ်ကြောင်းဝင်စဉ် လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ အရပ်သားနေအိမ်တွေ အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ဇွန်လ ၈ရက်မှာ KIA က သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း မြို့အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲတွေဖြစ်တာပါ။
ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေက ဗန်းမော်မြို့ဘက်ကို ဦးတည်နေပြီး ရွှေကူ၊ ဗန်းဗော်ကြားမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ကချင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်။ ပြီးခဲ့တဲ့ မေလလယ်ကလည်း မကွေးတိုင်းက မြစ်ခြေမြို့နယ်ကို စစ်ကြောင်းထိုးပြီး အရပ်သား ၄၀ကျော်ကို သတ်ဖြတ်သွားပါတယ်။

🤬41❤4👍3👎1👏1
ဒီပဲယင်းမှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်
ဇွန်-၁၆၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို စစ်ကိုင်းတိုင်းအတွင်းက CDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ မနက် ရန်ကုန်မြို့မှာလည်း စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ကြားက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

👍32❤7🥰1🤮1🖕1