People's Spring
✔
59.5K subscribers
72.3K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရခိုင်အစပ်က စစ်တပ်စခန်းအချို့ကို AAနဲ့ မဟာမိတ်တွေ ထပ်မံသိမ်းယူ

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်း၊ မကွေးတိုင်းထဲ စစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​ တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲက ကြောင်လျှာတောစခန်း နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ် ရိုးမတောင်ခြေက စခန်းတွေကို AA နဲ့ မဟာမိတ်တပ်​တွေက ဇွန်လဆန်း တိုက်ပွဲတွေမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရိုးမနဲ့ နီးတဲ့ ကြောင်ရှာတောက ဆင်စခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ဆုတ်ခွာသွားတာကြောင့် AAက သိမ်းလိုက်တာလို့ ရေကြည်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရိုးမအခြေတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်တပ်က လေယာဉ်တွေနဲ့ နေ့တိုင်းလာပြီး ဗုံးကြဲနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်တံ့ ဝက်ကော်၊ သဖန်းရောင်နဲ့ ပြောင်ရွာပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကိုလည်း AAနဲ့ မဟာမိတ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ သရက်ခရိုင်ထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️ရခိုင်ပို့ခံ‌ရတဲ့ စစ်သားတွေအတွက် နေ့စဉ်နီးပါး နာရေးလုပ်နေရ

ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ပို့ခံ‌ရတဲ့ ခလရ(၂၃၅) တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးတွေ လုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးက ဖွင့်ဟပါတယ်။ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)တပ်ရင်းက စစ်မှုထမ်းတပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူတို့ဟာ COBRA ONE Pakokku တော်လှန်ရေးတပ်ဆီ ဇွန်လ ၁၄ ရက်က အလင်း၀င်လာခဲ့တာဖြစ်ပါတယ်။ ခလရ(၂၃၅)ထဲမှာ ရက်လည်တောင်မပြီးသေးချိန် နောက်ထပ်တစ်ယောက်က တိုက်ပွဲကျတယ်၊ Dead Body ပြန်မရဘဲ အဝတ်အစားလေးတွေပဲ ဖြန့်ပြီး နာရေးလုပ်နေတယ်လို့ COBRA One Pakokku တပ် တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ခလရ(၂၃၅)ကနေ ရခိုင်စစ်မြေပြင်ကို ထပ်မံပို့ဆောင်ဖို့ ရှိတယ်လို့ သိရကြောင်း သူက ဆိုပါတယ်။ ဒါ့အပြင် ပေါ်တာဆွဲခံရသူတွေကိုလည်း စစ်တပ်က အမြဲတမ်းစစ်သားအဖြစ် စာရင်းသွင်းတာမျိုးလည်း ရှိတယ်လို့ စစ်မှုထမ်းတပ်သား မြင့်သူအောင်က ဆိုပါတယ်။ ပေါ်တာဆွဲခံရတာချင်းတူပေမဲ့ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)နဲ့ စစ်မှုထမ်းတပ်သား(ပစ)ဆိုပြီး ခွဲခြားထည့်သွင်းနေတာလို့ သိရပါတယ်။ အမြဲတမ်းစစ်သားဖြစ်သွားရင် တခြားစစ်မှုထမ်းတွေလို ၂နှစ်မဟုတ်တော့ဘဲ အနှစ် (၂၀) သို့မဟုတ် သတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် သက်ပြည့်အသက်အရွယ်အထိ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

◾️ထီးချိုင့်-ကသာလမ်းပိုင်း ကုန်ကားမောင်းသူတွေအပါ ၆ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်-ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ဦး ပျောက်ဆုံးနေပြီး ဒီနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ ၆ ရက်က ကသာ-ထီးချိုင့်လမ်းပိုင်းမှာ ကုန်ကား ၃စီးပေါ် ဒရုန်းဗုံးကျကာ ကားမီးလောင်ခဲ့သလို အဲဒီနောက်က ကုန်ကားတချို့လည်း ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ခဲ့တဲ့ ကားပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအပြင် နောက်ထပ် ကုန်ကားမောင်းသူ လင်မယား ၂ဦး စုစုပေါင်း ၆ဦး ပျောက်ဆုံးနေတာလို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။ အကုန်လိုက်ချိတ်ဆက်ပြီး ရှာနေကြပေမယ့် သတင်းအစအနမရဘဲ လူတွေက အဖမ်းခံရလား၊ သေသွားလားဆိုတာ မသိရဘူးလို့ အဲဒီယာဥ်မောင်းက People’s Springကို ပြောပါတယ်။ ကုန်ကားတစ်စီးက ယာဉ်မောင်းရဲ့ဇနီးဖြစ်သူ အမျိုးသမီးတစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သူက ဆက်ပြောပါတယ်။

◾️ပုဏ္ဏားကျွန်းမြို့အနီး စစ်လှေနစ်မြုပ်ပြီး ၈ဦး သေဆုံး
👍10🔥10❤4👏1
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစ်စီးဟာ ဒီနေ့ ဇွန်လ ၁၅ရက် မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြုပ်ခဲ့တာကြောင့် စက်လှေပေါ်ပါလာသူတွေထဲက ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူ ၃၀ကျော် တင်ဆောင်လာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကြိုးတံတားအနီး ချောင်းထဲမှာ ဒီနေ့ မနက်ပိုင်းက နစ်မြုပ်ခဲ့တာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးတို့လည်း ပျောက်ဆုံးနေပါတယ်။ လှိုင်းထပြီးတော့ ရေဝင်လို့ မှောက်သွားတာလို့ သိရကြောင်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ နစ်မြုပ်ခဲ့တဲ့စက်လှေမှာ ကူတောင်ပတ်ဝန်းကျင်က လူတွေလည်း လိုက်ပါလာပြီး စျေးသည်တချို့လည်း ပါတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုကနေ ရှင်သန်သူတချို့ဟာ ဆေးရုံတက်ကုသနေရတယ်လို့လည်း ပုဏ္ဏကျွန်းမြို့နယ်ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

◾️ယောဒေသမှာ စစ်ရှောင်ပြည်သူတစ်သောင်းကျော်အကူအညီ​တွေ လိုအပ်​နေ

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာ စစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီး စားနပ်ရိက္ခာ​​တွေ အကူအညီလိုအပ်​နေပါတယ်။ စစ်တပ်ဟာ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထု-လောင်းရှည်၊ ကျောက်ထု-ပေါက်နဲ့ ကျောက်ထု-ကံကြီး လမ်းပိုင်းရှိ လူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေသလို ကျောက်ထုတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက နိုင်သလောက် ကူညီထောက်ပံ့ပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်၊ ကံကြီး၊ လောင်းရှည်ရွာတို့မှာ အထိုင်ချထားပြီး အဲဒီကနေလမ်းတလျှောက် အရပ်သားလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ရှိနေပါတယ်။

◾️လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ဖို့ PDFတပ်ရင်းနှစ်ခု ထုတ်ပြန်

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈)နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေ​ကြောင်း သိရှိရလို့ အခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရတဲ့အပြင် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။

◾️မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း တွင်းမပြည်သူ့စစ်ရွာ ဦးတည်နေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ တပ်မ(၁၀၁)ကနေ အင်အား ၃၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပခုက္ကူ-ကမ္မလမ်းကတဆင့် တွင်းမရွာကို ဦးတည်နေတာ တွေ့ရတယ်လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ တွင်းမရွာမှာ သရက်ကန်က ပြည်သူ့စစ်တွေ ထွက်ပြေးပူး‌ပေါင်းထားတာရှိပြီး အဲဒီစစ်ကြောင်း ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေရတုန်းပဲလို့ သူက ဆိုပါတယ်။ စစ်တပ်အင်အား ၃၀၀ ကျော်ဟာ စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး မြိုင်မြို့နယ် နဲ့ ပခုက္ကူမြို့နယ်အစပ်၊ ဇောင်ဂျမ်းကုန်းရွာကတဆင့် အိုရင်းကျေးရွာဘက်မှာ စစ်ကြောင်းတစ်ကြောင်းရောက်နေပါတယ်။ နောက်ထပ်ထနောင်းရွာက စစ်တပ်စစ်ကြောင်းဟာ မကျည်းတန်းရွာနဲ့ အင်းဘက်ကျေးရွာအနီး ရောက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းကာ မြောက်ဘက်ခြမ်းကို ဦးတည်လှုပ်ရှားလာတယ်လို့ သိရပါတယ်။

◾️မြန်မာမှာ မဲခေါင် ခရီးသွား ဖိုရမ်ကျင်းပမယ့်ကိစ္စ ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့တောင်းဆို
👍13🔥9❤3
မဲခေါင်ခရီးသွားဖိုရမ် ၂၀၂၆ (Mekong Tourism Forum 2026)ကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရည်ရွယ်ထားတာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထောက်
ခံအားပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၈၇ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်မယ့် ဖိုရမ်နဲ့ ပတ်သက်ပြီး အခမ်းအနား စီစဉ်သူတွေက ပြန်လည် စဉ်းစားပေးဖို့အတွက် အဲဒီအဖွဲ့အစည်းတွေက ဇွန်လ ၁၂ ရက် ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။ ဖိုရမ်ကို အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မဟာမဲခေါင် ဆက်စပ်ရပ်ဝန်း ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။

◾️လောင်းလုံမြို့နယ်တိုက်ပွဲ စစ်တပ်က ပြည်သူတွေ နေအိမ် မီးရှို့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လပထမပတ်က လောင်းလုံမြို့နယ် စပ်ပြဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ ဇွန်လ ၁၄ရက်မှာလည်း ထပ်မံ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက အသိပေးထားပါတယ်။ ကျေးရွာကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ ဒေသခံက ဆိုပါတယ်။ ဇွန်လ ၁၄ရက် မနက်က စပ်ပြဲရွာဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြားမှာ သံဃာတွေပါတိမ်းရှောင်ခဲ့ရကြောင်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။
🔥12👍11❤2🤬2
👍13🔥12❤2
■​ဆောင်းပါး

​​​ချင်း-မကွေး စစ်​​ရေးချိတ်ဆက်မှုနဲ့မဟာဗျူဟာ

-ထက်ဖြိုး​ရေးသားသည်။

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

လက်ရှိမှာ စစ်တပ်အင်အား အများစုဟာ ချင်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့နယ်တွေမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ချင်းပြည်နယ်​မြောက်ပိုင်းကတချို့မြို့နယ်တွေကို စစ်တပ်က ပြန်လည်းထိန်းချုပ်နိုင်ခဲ့ပြီး ချင်းပြည်နယ်​​တောင်ပိုင်းကမြို့နယ်တွေကိုတော့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေ​ပေမယ့် စစ်​ကြောင်း​တွေ​ရှေ့မတိုးနိုင်​ပါဘူး။
ဒါ့ကြောင့် စစ်တပ်အနေနဲ့ ချင်းပြည် ​မြောက်ပိုင်းထိုးစစ်မှာ အသာစီးရ​ပေမယ့် ​တောင်ပိုင်းထိုးစစ်မှာ အသာစီးမရဘူးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်းစစ်တပ်ရဲ့ချင်းပြည်စစ်မျက်
နှာအပေါ် အာရုံစိုက်ပြီး အင်အားပုံအော စစ်ကျွံနေမှုဟာ တခြားတစ်ဖက်မှာ တော်လှန်
ရေးအင်အားစုတွေအတွက် ကြီးမားတဲ့ စစ်ရေးဟာကွက်တစ်ခုကို ဖန်တီးပေးလိုက်သလိုဖြစ်နေပြန်ပါတယ်။အဲဒီစစ်ရေးဟာ
ကွက်ကတော့ ချင်းပြည်ရဲ့ စစ်ရေးထောက်ပို့ ဝင်ပေါက်တစ်ခုဖြစ်တဲ့ မကွေးတိုင်းအတွင်း ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။

အရင်ဆုံး ချင်းပြည်ရဲ့ စစ်ရေးအခြေအနေကို ကြည့်ကြရအောင်ပါ။

▪︎ချင်းပြည်နယ်​မြောက်ပိုင်းမှာ စစ်​ရေးအသာရခဲ့တဲ့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်

ချင်းပြည်တောင်ပိုင်းအခြေအနေကို မပြောမီ ချင်းမြောက်ပိုင်းရဲ့ စစ်တပ်ထိုးစစ်နဲ့ ပြန်လည်သိမ်းပိုက်သွားတဲ့ မြို့တွေရဲ့ အခြေအနေကို လေ့လာကြည့်ကြရအောင်ပါ။

ချင်းပြည်မြောက်ပိုင်းမှာဆိုရင် ဖလမ်း၊ တွန်းဇံနဲ့ ရီခေါဒါရ်မြို့တွေကို ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ထန်တလန်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ထန်တလန်ကို အပြည့်အဝမထိန်းချုပ်နိုင်ခဲ့သလို စစ်တပ်အနေနဲ့လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘဲ တစ်
ဝက်စီ ထိန်းချုပ်ထားတဲ့ အနေအထားပဲရှိခဲ့ကြတာပါ။

စစ်တပ်အနေနဲ့ ချင်းမြောက်ပိုင်းက ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို အရင်ဆုံးသိမ်းပိုက်နိုင်ဖို့ ကြိုးစာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက စတင် ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။စစ်တပ်
ဟာ ဖမ်းလမ်းထိုးစစ်အတွက် ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ အင်အားရာချီတဲ့ စစ်ကြောင်း နှစ်ခုနဲ့ ကလေးမြို့ အနောက်ဘက် ကလေး – သိုင်းငင်း – တီးတိန်လမ်းကြောင်းနဲ့ ကလေးမြို့ တောင်ဘက် ကလေး – ဂန့်ဂေါ ကားလမ်းကတဆင့် ချင်းပြည်နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ တီးတိန်မြို့ အခြေစိုက် အမှတ်-၂၆၉ ခြေလျင်တပ်ရင်းမှာလည်း လေကြောင်းကတဆင့် အင်
အား၅၀၀ခန့်ဖြည့်တင်းခဲ့ပါတယ်။တီးတိန်
က အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ ကလေးမြောက်ပိုင်းက တက်လာတဲ့ စစ်
ကြောင်းတွေဟာ သိုင်းငင်းမှာစုဆုံပြီး ဖလမ်းမြို့ကို ဖိအားပေး ထိုးစစ်ဆင်တိုက်ခိုက်ရာက တော်လှန်ရေးတပ်တွေအနေနဲ့ ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်က လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။စစ်တပ်အနေနဲ့ ဖလမ်းမြို့ကိုခြောက်
လကျော်ကြာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီးနောက် ရရှိသွားတာဖြစ်ပါတယ်။

ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ပေးထားတဲ့ မဟာ
ဗျူဟာအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဟားခါး၊ တီးတိန်ကတဆင့် မကွေး
တိုင်း ဂန့်ဂေါဒေသနဲ့လည်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအတွက် အချက်အချကျတဲ့ရိခေါဒါရ်မြို့နဲ့လည်း ချိတ်
ဆက်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် စစ်ရေးအရ အရေးပါတဲ့ မြို့ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက်ဆက်တိုက်ဆိုသလိုစစ်တပ်ထိန်း
ချုပ်ထားတဲ့ ဟားခါးမြို့ကနေ အင်အား ၂၅၀ လောက်ဟာ ဟားခါး-ထန်တလန် လမ်းကြောပေါ်က စစ်တပ်ရဲ့ အရင်ရှိပြီးသား အင်အားတွေနဲ့ စုပေါင်းပြီး ထန်တလန်မြို့ကို စစ်
ကြောင်းထိုးလာရာ မေလ ပထမပတ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်အနေနဲ့ ဇွန်လ ၉ ရက်မှာတော့ ဟားခါး-ထန်တလန် လမ်းကြောကို ထိန်းချုပ်နိုင်သွားခဲ့သလို တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ် တစ်ဝက်စီထိန်းချုပ်ထားတဲ့ ထန်တလန်မြို့ကိုလည်း စစ်တပ်က အပြည့်အဝ ထိန်းချုပ်သွားခဲ့ပါတယ်။

လက်ရှိမှာ ချင်းမြောက်ပိုင်းက ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနဲ့ ဝေဘူလ
စတဲ့မြို့တွေကို စစ်တပ်က ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေက ကျီခါးမြို့နဲ့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဝင်ပေါက် ရိဒ်ခေါဒါရ်မြို့တွေကိုတော့ ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

▪︎စစ်တပ်စစ်​ကြောင်း​တွေ ​ရှေ့မတိုးနိုင်တဲ့ ချင်း​တောင်ပိုင်း
👍27❤6🤣2
ချင်းတောင်ပိုင်းကို​တော့မကွေးတိုင်းနဲ့ ထိ
စပ်နေတဲ့ ဖမ်းလမ်းနဲ့ ကန်ပက်လက်မြို့တွေကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့အ
တွက် နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။ဒါ့အပြင် မြေပြင်ကနေ ထိုးစစ်ဆင်နိုင်ဖို့အတွက်လည်းချင်းပြည်ဝင်ပေါက် မကွေး
တိုင်းထဲက ကျောက်ထုနဲ့ ဆောမြို့နယ်တွေမှာ အင်အားတွေစုစည်းပြီးထိုးစစ်ဆင်နေပါတယ်။

စစ်တပ်အနေနဲ့ မေလ ၃၀ ရက်ကစတင်ပြီး မ‌ကွေးတိုင်း၊ ကျောက်ထုမြို့နယ်ကံကြီးကျေး
ရွာကနေ မင်းတပ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မင်းတပ်မြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ရှေ့တိုးလာတဲ့ စစ်တပ်ကို ချင်းတော်လှန်ရေးအင်အားစုတွေက မင်းတပ်-ကျောက်ထုလမ်းပိုင်းနဲ့ ထင်ချောင်းကျေးရွာအနီးဝန်ကျင်တွေမှာ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် တပ်လန့်ကျခဲ့ပါတယ်။

စစ်တပ်အနေနဲ့ မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့် အ
ကွာမှာရှိတဲ့ ထင်ချောင်းကျေးရွာကနေ ရှေ့မတိုးနိုင်ဘဲရှိနေပြီး မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်
ခိုက်နေတာဖြစ်ပါတယ်။

မကွေးတိုင်း ဆောမြို့နဲ့ ထိစပ်နေတဲ့ ချင်းပြည် ကန်ပက်လက်မြို့ကိုလည်းစစ်တပ်နေနဲ့ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် တပ်
လန်ကျခဲ့ပြန်ပါတယ်။ဒါ့ကြောင့်ချင်းပြည်တောင်ပိုင်းထိုးစစ်မှာဆိုရင် စစ်တပ်အနေနဲ့ ရှေ့မတိုးနိုင်ဘဲ ရှိနေဆဲဖြစ်ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေအတွင်းမှာ အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ ချင်ပြည်သူ့တပ်မတော်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး မေလအတွင်းကစလို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဇွန်လ ၄ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အနေနဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့
နယ်တွေကတစ်ဆင့်ကျင်ဒွေး၊မတူပီစတဲ့ချင်း
ညီနောင်အဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ပြီး ပလက်ဝကတစ်ဆင့်ရခိုင်ပြည်မြောက်ပိုင်းကို ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်အထိ သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်မှာလည်းကုလားတန်စီမံကိန်းနဲ့ အန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းတွေကို ဖော်ဆာင်မယ်လို့ ကတိပေးခဲ့ပါတယ်။

ကုလားတန်စီမံကိန်းက ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲကနေ ဖြတ်သန်းသွားတာဖြစ်လို့ လက်ရှိ စစ်တပ်ရဲ့ ချင်းပြည်စစ်ဆင်
ရေးတွေဟာ ရခိုင်မြောက်ပိုင်းက ကုလားတန်စီမံကိန်းနဲ့ ဆက်စပ်အခြေအနေတွေကို မေး
မြန်းဖို့ CUP/CPAအထွေထွေအတွင်းရေး
မှူး ဆလိုင်းယောမာန်ကကို ဆက်သွယ်ခဲ့ပေမယ့် ဒီအပေါ်မှာ မှတ်ချက်ပေးလိုခြင်းမရှိသေးကြောင်း People’s Spring ကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ အမြင်သုံးသပ်ချက် ပြောဖို့မရှိသေးပါဘူး။ သုံးသပ်ချက် မပေးလိုသေးပါဘူးခင်ဗျ”လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။

▪︎မကွေးတိုင်းက စခန်းသိမ်းတိုက်ပွဲ​တွေ

ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရဲဝင်းဦးတာဝန်ယူပြီးနောက် တော်လှန်ရေးအား
ကောင်းတဲ့ မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်မှာ ဧပြီလနှောင်းပိုင်းကစလို့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အစားအသောက်နဲ့‌ဆေးဝါးရိက္ခါအပါအဝင် ဖြတ်လေးဖြတ် စတင်လုပ်ဆောင်ပါတယ်။

စစ်တပ်အနေနဲ့ ဖြတ်လေးဖြတ်လုပ်တာဟာ
ပခုက္ကူကနေ ဧရာဝတီမြစ်အနောက်ဘက်ကမ်းကိုဖြတ်တောက်တာဖြစ်သလိုချင်းပြည်
နယ်ကိုပါ ဖြတ်တောက်တာဖြစ်ပါတယ်။ချင်းတောင်ပိုင်းကပြည်သူတွေဟာဟိုအရင်က
တည်းက အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ ပခုက္ကူဘက်အထိ ဆင်းလာပြီး ရောင်းဝယ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပခုက္ကူဘက်ကစပြီး ဖြတ်လေးဖြတ်ပြုလုပ်တာဟာ တော်
လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ကို ဖြတ်တောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်ကဖြတ်လေးဖြတ်အရင်လုပ်ပြီးမှ
ပခုက္ကူမြို့နယ်အတွင်းကစစ်တပ်ရဲ့အထိုင်စခန်းတွေမှာ စစ်မှုထပ်တပ်သားသစ်တွေဖြစ်တဲ့ ပြည်သူ့စစ်တွေကို အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာပါတယ်။

မေလအတွင်းကပဲ ပြင်ဦးလွင်ကနေ လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းဟာ ပြင်ဦးလွင်-မိတ္ထီလာ-ဆိပ်ဖြူ-ချောက်ကနေတစ်ဆင့် ပခုက္ကူကို ပို့ဆောင်ခဲ့ပါတယ်။ ပခုက္ကူကနေတစ်ဆင့် ချင်းပြည်တောင်ပိုင်းကို အင်အားထောင်ချီပို့ဆောင်ပြီး စစ်ကြောင်းထိုးဖို့ လုပ်ခဲ့တာပါ။

ကန်ပက်လက်မြို့ကိုစစ်ကြောင်းထိုးဖို့အ
တွက်လည်း ကျောက်ထုမြို့ကို Mi 17 နဲ့ စစ်တပ်က အင်အားတွေ ပို့ဆောင်ခဲ့ပါတယ်။
မကွေးကို ခြေကုပ်ယူပြီး ချင်းပြည်ကို အင်အားထောင်ချီပို့ဆောင်ကာ ထိုးစစ်ဆင်မှုတွေက မကွေးဘက်မှာတော့ စစ်ရေးအရ အားသာချက်တစ်ခုဖြစ်သွားတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောခွင့်ရ ကိုဘိုဘိုသန့်ဇင်က ဆိုပါတယ်။

“စစ်တပ်က အင်အားအများအပြားနဲ့ ကျွံထွက်သွားပြီလို့ မြင်တာပေါ့။ သူ့မှာ နောက်လှည့်ဖို့လည်း ခက်သွားတယ်။ ရှေ့ကိုပဲ ဆက်တိုးလို့ ရတော့မှာ။ ရှေ့ကိုဆက်တိုးရင်လည်း ထိတွေ့မှုတွေကလည်းဖြစ်နေတယ်။ သူကျွံသွားခြင်းနဲ့အမျှ ကျနော်တို့က နောက်ကကျန်ခဲ့တဲ့ သူ့ရဲ့အထိုင်တွေကို ပူးပေါင်းတိုက်ခိုက်မှုတွေ ရှိနေကြတယ်”လို့ ကိုဘိုဘိုသန့်ဇင်က
👍29❤4🤣2
ပြောပါတယ်။

စစ်တပ်အနေနဲ့ ချင်းပြည်အတွင်းမှာစစ်နယ်
ကျွံသွားခြင်းက မကွေးမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ စုပေါင်းကာ အထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စခန်းသိမ်းအောင်ပွဲတွေ ရရှိခဲ့ပါတယ်။

ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆင်နွှဲတဲ့ “Operation Su” စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်အ
တွင်းက စစ်တပ်ရဲ့ ရေပြာရွာ ရဲစခန်းနဲ့ ကုက္ကိုစုရွာ ပျူစောထီးအထိုင်စခန်းတွေကို မကွေးတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၅၀ ကျော်နဲ့ လက်နက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက အ
သီးသီး ထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါ
အဝင် ပြည်သူ ၂၀၀ ကျော်ကိုလည်း ကယ်
တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေနဲ့ မဟာဗျူဟာ လမ်းပိုင်း ထိန်းချုပ်ရေးမှာ အရေးပါတဲ့ ပုသိမ် - မုံရွာလမ်းပိုင်း နဲ့ ပခုက္ကူ - ပေါက် - မင်းတပ်လမ်းတို့ စိုးမိုးနိုင်ဖို့
ရေပြာရဲစခန်း နဲ့ ကုက္ကိုစုရွာ​တွေကို PDF ​တွေနဲ့မဟာမိတ်​တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာလို့ထုတ်ပြန်ပါတယ်။ဒါအပြင် ​မေလ နဲ့ ဇွန်လမှာ မ​ကွေးတိုင်းထဲမှာ ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ကိုအထိနာ​စေတဲ့ စစ်ဆင်​ရေး​တွေ အများကြီးလုပ်နိုင်ခဲ့ပြီး မ​ကွေးစစ်မျက်နှာက အလှုပ်ခတ်ဆုံးဖြစ်လာခဲ့ပါတယ်။

မေလ ၂၅ ရက်ကလည်း မကွေးတိုင်းအတွင်း ပျူစောထီးအဖွဲ့ကို အစောဆုံးနဲ့ အခိုင်အမာဖွဲ့စည်းခဲ့တဲ့ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာ အထိုင်စခန်းကို ဒေသတွင်းတော်
လှန်ရေးမဟာမိတ်အင်အားစုတွေက "တမာမြေစစ်ဆင်ရေး" ဖော်ဆောင်ကာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်တပ်အနေနဲ့ မကွေးကတစ်ဆင့် ချင်းပြည်ကို အင်အားတွေပို့ဆောင်တာအပြင် မကွေး
တိုင်းအတွင်းမှာလည်း အင်းအားတွေ ဖြန့်ကျက် စစ်ကြောင်းတွေ ခွဲထားတယ်လို့ တော်
လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းမှာလည်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ထားပြီး မြိုင်မြို့နယ်တောင်ဘက်ခြမ်းကအမှတ်(၂)တပ်မတော်အကြီးစားစက်ရုံ (စက်မှု-၂ )နဲ့ လင်းကတောရွာဘက်တွေမှာ တစ်ကြောင်းကို အင်အား ၁၂၀ ခန့်စီနဲ့ ဖြန့်ထားတယ်လို့ မြိုင်မြို့နယ်စစ်ရေးသတင်း
ရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင်မြိုင်နဲ့ ပခုက္ကူမြို့နယ်အစပ်မှာလည်း
ဇွန်လ ၁၂ ရက်ကစလို့ အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းရောက်ရှိနေတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောခွင့်ရ ကိုဘိုဘိုသန့်ဇင်က ဆိုပါတယ်။

“ဒီစစ်ကြောင်းတွေက ပူးပေါင်းပြီးတော့ပဲ အသွင်တစ်ခုပြောင်းသွားမလားဆိုတာတော့ ကျနော်တို့ စောင့်ကြည့်နေတယ်”လို့သူကဆက် ပြောပါတယ်။

မကွေးကို ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့ စစ်
တပ်ကြောင်းတွေဟာ မကွေးကနေတစ်ဆင့် ချင်း၊ ချင်းကတစ်ဆင့် ရခိုင်မြောက်ပိုင်းအထိ ထိုးဖောက်ဖို့ ကြိုးစားနေတာလို့ ကိုဘိုဘိုသန့်ဇင်က သုံးသပ်ပါတယ်။

မကွေးစစ်မျက်နှာက တစ်ဆင့် ရခိုင်မြောက်ပိုင်းအထိ ဦးတည်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်အနေနဲ့ ထိုးဖောက်နိုင်မလားဆိုတာကို ကိုဘိုဘိုသန့်ဇင်က အခုလို သုံးသပ်ပါတယ်။

“ရခိုင်မြောက်အထိ တကယ်ပဲ မဟာဗျူမြောက် ပြန်လည်ထိန်းချုပ်နိုင်မယ် ရှိ၊မရှိဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။ ကျနော့်ရဲ့ တစ်ကိုယ်ရည်နဲ့ သုံးသပ်ရရင် သိပ်တော့ ဖြစ်နိုင်ဖို့တော့ ရခိုင်နှုန်းနည်းပါလိမ့်မယ်။ စစ်က ကျွံသွားတာဖြစ်တဲ့အတွက်ဦးကပြန်ပြီး လှည့်မရဘူး” ။ ။
👍37❤5🥰2🤣2
မ​ကွေးတိုင်းအတွင်း စစ်တပ်စခန်း ၊ရဲစခန်း နဲ့ပျူ​စောထီးစခန်း​တွေကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ပြီး​နောက် ​တွေ့ရစဥ်
❤47👍19😁3🥰1🖕1