လောင်းလုံမြို့နယ်တိုက်ပွဲ စစ်တပ်က ပြည်သူတွေ နေအိမ် မီးရှို့
ဇွန်-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လပထမပတ်က လောင်းလုံမြို့နယ် စပ်ပြဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ ဇွန်လ ၁၄ရက်မှာလည်း ထပ်မံ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက အသိပေးထားပါတယ်။
ကျေးရွာကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ ဒေသခံက ဆိုပါတယ်။
“မီးရှို့နေပြန်ပြီအေ။ ငါတို့ရဲ့ ရွာလေးပဲ။ သေဘေးအန္တရာယ် ကင်းပါစေလို့ ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတက်နိုင်တဲ့ဘ၀တွေပါ” လို့ ဒေသခံ တစ်ဦးက စပ်ပြဲရွာမီးရှို့ခံရမှု မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်မှာ ဖော်ပြ ရေးသားထားပါတယ်။
ဇွန်လ ၁၄ရက် မနက်က စပ်ပြဲရွာဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြားမှာ သံဃာတွေပါတိမ်းရှောင်ခဲ့ရကြောင်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။ မနက် ၅နာရီက စပြီး ညနေ ၄နာရီခွဲထိ ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။
စပ်ပြဲရွာတိုက်ပွဲအပါအဝင် ဒေသတွင်း စစ်ရေးအခြေအနေတွေကို လောင်းလုံဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲပါ။
လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပအဖ)ရဲ့ ယခုရက်ပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက အသိပေးထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်ကလည်း KNU မြိတ်ထားဝယ်ခရိုင်အတွင်း KNLA ထိန်းချုပ်ဒေသတွေမှာ လတ်တလော စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လောင်းလုံမြို့နယ်အပါအဝင် ဒေသအချို့မှာ PDFတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေလည်းရှိနိုင်ကြောင်း ပြောပါတယ်။

🤬36👍6❤3🔥1👏1
စျေးဝယ်သွားတဲ့ စက်လှေတစီးပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ် ၈ဦးသေ၊၂ ဦးပျောက်ဆုံးနေ
ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူသုံးဆယ်ကျော် တင်ဆောင်လာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကြိုးတံတားအနီး ချောင်းထဲမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းမှာ
နစ်မြှုပ်သွားခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။ဒါ့အ
ပြင်အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးတို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
“စျေးဝယ်ဖို့သွားကြတာ။ဆိုင်သည်တွေပါတယ်။ကူတောင်နားရွာတွေက လူတွေလည်း ပါသေးတယ်။ ထွက်တာ ကတော့ ကူတောင်က ထွက်တဲ့ဘုတ်ပါ။ လှိုင်းထပြီးတော့ ရေဝင်လို့ မှောက်သွားတာပြောကြတယ်” လို့ ရသေ့ တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စက်လှေတိမ်းမှောက်သူတွေထဲက အချို့ဟာ ဆေးရုံတက်ကုသနေရတယ်လို့လည်း သိရပါတယ်။
“ကံဆိုးတယ်ပြောရမယ်။လှိုင်းလဲအဲဒီလောက်ထိ ပြင်းတာမဟုတ်ဘူး။ ရေနစ်ပြီးတော့ ကယ်လို့ရထားတဲ့သူတွေ ထဲကအချို့ကို ဆေးရုံပို့ထားရတယ်။ နောက်နှစ်ယောက်ကတော့ ပျောက်နေတုန်းပဲ။ ရှာနေကြတယ်” လို့ ပုဏ္ဏား ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားခဲ့ရတာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းကြောင်းတို့ကို အဓိက အားကိုးနေကြရကာ ကုန်ဆိပ်ကျတဲ့ မြို့နယ်တွေဆီ သွားရောက်စျေးဝယ်နေကြရတာဖြစ်ပါတယ်။
ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှာ ဖြစ်ထွန်းနေတဲ့ အလွန်အားကောင်းတဲ့ တိမ်တိုက်ကြီးတွေဟာကုန်းတွင်းပိုင်းဆီဆက်တိုက်ဝင်ရောက်နေတာကြောင့်အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ် တို့မှာမိုးသည်းထန်စွာရွာပြီး လေပြင်း
လည်းတိုက်ခတ်နိုင်တယ်လို့မိုးလေဝသပ
ညာရှင် ဦးဝင်နိုင်က သတိပေး ထားပါတယ်။
မြစ်၊ချောင်းပေါများတဲ့ရခိုင်ပြည်နယ်အတွင်း
က ကျေးလက်ဒေအများစုမှာ ကားလမ်းတွေမရှိ၊သလောက် နည်းပါး တာကြောင့် ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် ရေကြောင်းကိုပဲ အဓိက အားထား သွားလာနေကြရကာ မိုးဦးရာသီရောက်တိုင်း ရေနစ်သေဆုံးသူတွေ နှစ်
စဉ် ရှိနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။
အချို့မြို့နယ်တွေမှာဆိုရင်ကျောင်းသူ၊ ကျောင်းသားတွေဟာ ချောင်းကူး၊ မြောင်းကူးကာကျောင်းသွားတက်ကြရ ပြီးမိုးတွင်းကာလတံတားကျိုးကျတာ၊ကူးတို့လှေမှောက်
တာတို့ကြောင့်လည်း သေဆုံးရတာတွေ ရှိခဲ့ပါတယ်။

😢41👍5❤4😭2
ပေါ်တာဆွဲခံရသူတွေ အမြဲတမ်းစစ်သားအဖြစ် စာရင်းသွင်းခံရဟု အလင်းဝင်စစ်သား ဖွင့်ဟ
ဇွန် ၁၅၊ ၂၀၂၆။ဟာနာဆန်/People's Spring
ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်း တပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူတို့ ၂ ဦးဟာ ဇွန်လ ၁၄ ရက်မှာ ပခုက္ကူမြို့နယ် စစ်တပ်ရဲ့ တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကနေ ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ အသိပေးပါတယ်။
၎င်းတပ်သားနှစ်ဦးအနက် မြင့်သူအောင်ဟာ ဟင်္သာတမြို့ကဖြစ်ပြီး အလုပ်ပြန်လာချိန် ပေါ်တာဆွဲခံရတာဖြစ်ကြောင်း၊ နောက်တစ်ဦးဖြစ်တဲ့ အောင်ဖြိုးသူဟာ ပဲခူးတိုင်းက ဖြစ်ပြီး ၎င်းနေအိမ်ပေါ်တက်ကာ အဆွဲခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မြင့်သူအောင်ကို စစ်တပ်က အမြဲတမ်းစစ်သား အဖြစ် စစ်တပ်က သတ်မှတ်ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲခံရတာချင်းတူပေမဲ့ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)နဲ့ စစ်မှုထမ်းတပ်သား(ပစ)ဆိုပြီး ခွဲခြားထည့်သွင်းခံရတာနဲ့ ပတ်သက်လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ယခုလိုရှင်းပြပါတယ်။
"သန္ဓေနဲ့ ပစကတော့ သူတို့ထည့်ချင်ရင် သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာပဲ ပေါ်တာဆွဲပြီးတော့။ သူတို့ ထည့်ချင်တဲ့သူဆို သန္ဓေဆိုပြီး စာရင်းထည့်ပစ်လိုက်တာ။ ပစဆိုလည်းပစ ဒီအတိုင်းပဲထားလိုက်တာ။ သန္ဓေဆိုရင်လည်း ပစထဲနေရွေးထုတ်ပြီးတော့ (ပေါ်တာဆွဲတဲ့ထဲကနေပြီးတော့) သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာ။"လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
အမြဲတမ်းစစ်သားဖြစ်သွားရင် တခြားစစ်မှုထမ်းတွေလို ၂နှစ်မဟုတ်တော့ဘဲ အနှစ် (၂၀) သို့မဟုတ် သတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် သက်ပြည့်အသက်အရွယ်အထိ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။
စစ်တပ်ဟာ ယခင်ကတည်းက စစ်မှုထမ်းတပ်သားသစ်တွေကို အမြဲတမ်း သန္ဓေတပ်သားတွေ ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာတွေရှိပြီး ၁၀တန်းအောင်နဲ့ ဘွဲ့ရတွေဆိုပါက ရာထူးတိုးပေးတာမျိုး၊ ဗိုလ်လောင်းသင်တန်းတက်ခွင့်ပေးမယ်ဆိုတာမျိုးနဲ့ စည်းရုံးတယ်လို့ သိရပါတယ်။

👍32🔥3😁3👎2🤬2❤1
မဲခေါင် ခရီးသွား ဖိုရမ်ကို မြန်မာနိုင်ငံမှာကျင်းပမယ့်ကိစ္စ ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့တောင်းဆို
ဇွန်-၁၅၊၂၀၂၆။People's Spring
မဲခေါင်ခရီးသွားဖိုရမ် ၂၀၂၆ (Mekong Tourism Forum 2026)ကိုမြန်မာနိုင်ငံမှာကျင်းပဖို့ ရည်ရွယ်ထားတာနဲ့ပတ်သက်ပြီးပြန်လည်သုံး
သပ် စဉ်းစားပေးဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်
အရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထောက်
ခံအားပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း၈၇ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ပြုလုပ်မယ့် ဖိုရမ်နဲ့ ပတ်သက်ပြီး အခမ်းအနား စီစဉ်သူတွေက ပြန်လည် စဉ်းစားပေးဖို့အတွက် အဲဒီအဖွဲ့အစည်းတွေကဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။
ဖိုရမ်ကို အာဏာသိမ်း စစ်အုပ်စု လက်
အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မဟာမဲခေါင် ဆက်စပ်ရပ်ဝန်း ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။
ဖိုရမ်ကိုမြန်မာနိုင်ငံမှာကျင်းပမယ့်ကိစ္စအပေါ် ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စစ်
တပ်ဟာအရပ်သားတွေကိုတိုက်ခိုက်တာ၊ မတရားဖမ်းဆီးထိန်းသိမ်းတာ၊ လူနေဧရိယာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အကြောင်း ထောက်ပြခဲ့ကြပါတယ်။
ဒါ့အပြင်စစ်တပ်ဟာအကျပ်အတည်းတွေ
ပိုဆိုးလာအောင် မီးစာဖြည့်ပေးနေပြီး လူ့အ
ခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမို ကျူးလွန်လာနေချိန်မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိအောင်လည်း အရှိန်မြှင့် ကြိုးစားလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွားလုပ်ငန်း ဆိုတာဟာ စီးပွားရေးကိစ္စ သီးသန့်မဟုတ်ဘဲ နိုင်ငံရဲ့ပုံရိပ်၊အများပြည်သူ ဆက်ဆံရေးနဲ့ နိုင်ငံတကာပူးပေါင်းဆက်
ဆံရေးတွေကို ပုံဖော်ပေးတဲ့ အရေးပါတဲ့ကဏ္ဍတစ်ခုလည်း ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။
ဒီတော့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာအခမ်းအနားတစ်ခုချင်းစီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အင်
မတန်နာမည်ဆိုးနေတဲ့ အစုအဖွဲ့မျိုးရဲ့ အုပ်
ချုပ်ရေး ယန္တရားကို ပုံမှန် အခြေအနေအဖြစ် အသိအမှတ်ပြုတာ၊ တရားဝင် လက်ခံပေး
လိုက်တာမျိုး အဓိပ္ပါယ် ဖြစ်သွားနိုင်တယ်လို့ အဲဒီအဖွဲ့တွေကသတိပေးခဲ့ပါတယ်။
ဒါကြောင့်လည်းဖိုရမ်ကိုဦးဆောင်ကျင်းပမယ့် မဲခေါင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံး (MTCO)နဲ့ မဟာမဲခေါင်ရပ်ဝန်း ဆက်စပ်နိုင်ငံတွေအနေနဲ့ အာဏာ
သိမ်း စစ်တပ်ကို တရားဝင်မှု ပြသတဲ့ အဓိ
ပ္ပါယ် ဖြစ်သွားနိုင်တဲ့ အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြန်သုံးသပ်ပေးဖို့ ပူးတွဲကြေညာချက်မှာ အလေးအနက် တောင်းဆိုထားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲဒေသတွင်းအစိုးရဆိုင်ရာ ခရီးသွားအဖွဲ့အစည်းတွေ၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့တွေ၊အလှူရှင်အဖွဲ့အစည်းတွေ၊ပုဂ္ဂလိက
ကဏ္ဍနဲ့ ကျွမ်းကျင်သူတွေကိုလည်း ဒီဖိုရမ်မှာ ပါဝင်တာ၊ အကူအညီပေးတာ၊ ထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တိုက်
တွန်းထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တာဝန်ခံမှုနဲ့ ဥပဒေစိုးမိုးရေးအတွက် ထားရှိတဲ့ ကတိကဝတ်တွေကိုဆက်လက် ထိန်းသိမ်းပြီးစစ်တပ်ကိုတရား
ဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်တဲ့ အပြု
အမူအားလုံးကနေရှောင်ရှားဖို့ အဲဒီအဖွဲ့အ
စည်း ၈၇ ခု တိုက်တွန်းခဲ့ပါတယ်။
တိုင်းရင်းသား လူမှုရေးရာ အဖွဲ့တွေ၊ နိုင်ငံတ
ကာ တက်ကြွလှုပ်ရှားမှုအင်အားစုတွေ အပါ
အဝင် အဖွဲ့အစည်း ၅၆ ခုက အခုကြေညာ
ချက်ကိုပူးတွဲထုတ်ပြန်ခဲ့ပြီးတခြားအဖွဲ့အ
စည်း ၃၁ ခုကတော့ လုံခြုံရေးကြောင့် နာမည် ဖော်ပြမထားခဲ့ပါဘူး။

👍45❤5🖕2🥰1🤮1
ဗြိတိန်နဲ့ သြစတြေးလျမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းလမ်းလျှောက်
ဇွန်-၁၅၊၂၀၂၆။သုည/People's Spring
လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစတြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။
ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ခြေလှမ်း ၈၁၀၀ လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ပါတယ်။
သြစတြေးလျရောက် မြန်မာတွေက "81 for 81" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် "81 for 81 Proof of life Challenge" အဖြစ် "8.1 km" လမ်းလျှောက်ခဲ့ပါတယ်။
ဒါ့အပြင် "Proof of Life" စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။
ယမန်နေ့ကလည်း နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

❤46👍13🥰1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရခိုင်အစပ်က စစ်တပ်စခန်းအချို့ကို AAနဲ့ မဟာမိတ်တွေ ထပ်မံသိမ်းယူ
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်း၊ မကွေးတိုင်းထဲ စစ်မျက်နှာတွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲက ကြောင်လျှာတောစခန်း နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ် ရိုးမတောင်ခြေက စခန်းတွေကို AA နဲ့ မဟာမိတ်တပ်တွေက ဇွန်လဆန်း တိုက်ပွဲတွေမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရိုးမနဲ့ နီးတဲ့ ကြောင်ရှာတောက ဆင်စခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ဆုတ်ခွာသွားတာကြောင့် AAက သိမ်းလိုက်တာလို့ ရေကြည်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရိုးမအခြေတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်တပ်က လေယာဉ်တွေနဲ့ နေ့တိုင်းလာပြီး ဗုံးကြဲနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်တံ့ ဝက်ကော်၊ သဖန်းရောင်နဲ့ ပြောင်ရွာပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကိုလည်း AAနဲ့ မဟာမိတ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ သရက်ခရိုင်ထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️ရခိုင်ပို့ခံရတဲ့ စစ်သားတွေအတွက် နေ့စဉ်နီးပါး နာရေးလုပ်နေရ
ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ပို့ခံရတဲ့ ခလရ(၂၃၅) တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးတွေ လုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးက ဖွင့်ဟပါတယ်။ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)တပ်ရင်းက စစ်မှုထမ်းတပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူတို့ဟာ COBRA ONE Pakokku တော်လှန်ရေးတပ်ဆီ ဇွန်လ ၁၄ ရက်က အလင်း၀င်လာခဲ့တာဖြစ်ပါတယ်။ ခလရ(၂၃၅)ထဲမှာ ရက်လည်တောင်မပြီးသေးချိန် နောက်ထပ်တစ်ယောက်က တိုက်ပွဲကျတယ်၊ Dead Body ပြန်မရဘဲ အဝတ်အစားလေးတွေပဲ ဖြန့်ပြီး နာရေးလုပ်နေတယ်လို့ COBRA One Pakokku တပ် တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ခလရ(၂၃၅)ကနေ ရခိုင်စစ်မြေပြင်ကို ထပ်မံပို့ဆောင်ဖို့ ရှိတယ်လို့ သိရကြောင်း သူက ဆိုပါတယ်။ ဒါ့အပြင် ပေါ်တာဆွဲခံရသူတွေကိုလည်း စစ်တပ်က အမြဲတမ်းစစ်သားအဖြစ် စာရင်းသွင်းတာမျိုးလည်း ရှိတယ်လို့ စစ်မှုထမ်းတပ်သား မြင့်သူအောင်က ဆိုပါတယ်။ ပေါ်တာဆွဲခံရတာချင်းတူပေမဲ့ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)နဲ့ စစ်မှုထမ်းတပ်သား(ပစ)ဆိုပြီး ခွဲခြားထည့်သွင်းနေတာလို့ သိရပါတယ်။ အမြဲတမ်းစစ်သားဖြစ်သွားရင် တခြားစစ်မှုထမ်းတွေလို ၂နှစ်မဟုတ်တော့ဘဲ အနှစ် (၂၀) သို့မဟုတ် သတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် သက်ပြည့်အသက်အရွယ်အထိ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။
◾️ထီးချိုင့်-ကသာလမ်းပိုင်း ကုန်ကားမောင်းသူတွေအပါ ၆ဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်-ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ဦး ပျောက်ဆုံးနေပြီး ဒီနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ ၆ ရက်က ကသာ-ထီးချိုင့်လမ်းပိုင်းမှာ ကုန်ကား ၃စီးပေါ် ဒရုန်းဗုံးကျကာ ကားမီးလောင်ခဲ့သလို အဲဒီနောက်က ကုန်ကားတချို့လည်း ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ခဲ့တဲ့ ကားပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအပြင် နောက်ထပ် ကုန်ကားမောင်းသူ လင်မယား ၂ဦး စုစုပေါင်း ၆ဦး ပျောက်ဆုံးနေတာလို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။ အကုန်လိုက်ချိတ်ဆက်ပြီး ရှာနေကြပေမယ့် သတင်းအစအနမရဘဲ လူတွေက အဖမ်းခံရလား၊ သေသွားလားဆိုတာ မသိရဘူးလို့ အဲဒီယာဥ်မောင်းက People’s Springကို ပြောပါတယ်။ ကုန်ကားတစ်စီးက ယာဉ်မောင်းရဲ့ဇနီးဖြစ်သူ အမျိုးသမီးတစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သူက ဆက်ပြောပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့အနီး စစ်လှေနစ်မြုပ်ပြီး ၈ဦး သေဆုံး

👍10🔥10❤4👏1
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစ်စီးဟာ ဒီနေ့ ဇွန်လ ၁၅ရက် မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြုပ်ခဲ့တာကြောင့် စက်လှေပေါ်ပါလာသူတွေထဲက ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူ ၃၀ကျော် တင်ဆောင်လာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကြိုးတံတားအနီး ချောင်းထဲမှာ ဒီနေ့ မနက်ပိုင်းက နစ်မြုပ်ခဲ့တာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးတို့လည်း ပျောက်ဆုံးနေပါတယ်။ လှိုင်းထပြီးတော့ ရေဝင်လို့ မှောက်သွားတာလို့ သိရကြောင်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ နစ်မြုပ်ခဲ့တဲ့စက်လှေမှာ ကူတောင်ပတ်ဝန်းကျင်က လူတွေလည်း လိုက်ပါလာပြီး စျေးသည်တချို့လည်း ပါတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုကနေ ရှင်သန်သူတချို့ဟာ ဆေးရုံတက်ကုသနေရတယ်လို့လည်း ပုဏ္ဏကျွန်းမြို့နယ်ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
◾️ယောဒေသမှာ စစ်ရှောင်ပြည်သူတစ်သောင်းကျော်အကူအညီတွေ လိုအပ်နေ
အာဏာသိမ်းစစ်တပ်က ယောဒေသမှာ စစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီး စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေပါတယ်။ စစ်တပ်ဟာ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထု-လောင်းရှည်၊ ကျောက်ထု-ပေါက်နဲ့ ကျောက်ထု-ကံကြီး လမ်းပိုင်းရှိ လူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေသလို ကျောက်ထုတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက နိုင်သလောက် ကူညီထောက်ပံ့ပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်၊ ကံကြီး၊ လောင်းရှည်ရွာတို့မှာ အထိုင်ချထားပြီး အဲဒီကနေလမ်းတလျှောက် အရပ်သားလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ရှိနေပါတယ်။
◾️လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ဖို့ PDFတပ်ရင်းနှစ်ခု ထုတ်ပြန်
တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈)နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြောင်း သိရှိရလို့ အခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရတဲ့အပြင် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။
◾️မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း တွင်းမပြည်သူ့စစ်ရွာ ဦးတည်နေ
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ တပ်မ(၁၀၁)ကနေ အင်အား ၃၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပခုက္ကူ-ကမ္မလမ်းကတဆင့် တွင်းမရွာကို ဦးတည်နေတာ တွေ့ရတယ်လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ တွင်းမရွာမှာ သရက်ကန်က ပြည်သူ့စစ်တွေ ထွက်ပြေးပူးပေါင်းထားတာရှိပြီး အဲဒီစစ်ကြောင်း ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေရတုန်းပဲလို့ သူက ဆိုပါတယ်။ စစ်တပ်အင်အား ၃၀၀ ကျော်ဟာ စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး မြိုင်မြို့နယ် နဲ့ ပခုက္ကူမြို့နယ်အစပ်၊ ဇောင်ဂျမ်းကုန်းရွာကတဆင့် အိုရင်းကျေးရွာဘက်မှာ စစ်ကြောင်းတစ်ကြောင်းရောက်နေပါတယ်။ နောက်ထပ်ထနောင်းရွာက စစ်တပ်စစ်ကြောင်းဟာ မကျည်းတန်းရွာနဲ့ အင်းဘက်ကျေးရွာအနီး ရောက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းကာ မြောက်ဘက်ခြမ်းကို ဦးတည်လှုပ်ရှားလာတယ်လို့ သိရပါတယ်။
◾️မြန်မာမှာ မဲခေါင် ခရီးသွား ဖိုရမ်ကျင်းပမယ့်ကိစ္စ ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့တောင်းဆို

👍13🔥9❤3
မဲခေါင်ခရီးသွားဖိုရမ် ၂၀၂၆ (Mekong Tourism Forum 2026)ကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရည်ရွယ်ထားတာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထောက်
ခံအားပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၈၇ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်မယ့် ဖိုရမ်နဲ့ ပတ်သက်ပြီး အခမ်းအနား စီစဉ်သူတွေက ပြန်လည် စဉ်းစားပေးဖို့အတွက် အဲဒီအဖွဲ့အစည်းတွေက ဇွန်လ ၁၂ ရက် ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။ ဖိုရမ်ကို အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မဟာမဲခေါင် ဆက်စပ်ရပ်ဝန်း ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။
◾️လောင်းလုံမြို့နယ်တိုက်ပွဲ စစ်တပ်က ပြည်သူတွေ နေအိမ် မီးရှို့
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လပထမပတ်က လောင်းလုံမြို့နယ် စပ်ပြဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ ဇွန်လ ၁၄ရက်မှာလည်း ထပ်မံ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက အသိပေးထားပါတယ်။ ကျေးရွာကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ ဒေသခံက ဆိုပါတယ်။ ဇွန်လ ၁၄ရက် မနက်က စပ်ပြဲရွာဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြားမှာ သံဃာတွေပါတိမ်းရှောင်ခဲ့ရကြောင်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။

🔥12👍11❤2🤬2