ယောဒေသမှာ စစ်ရှောင်ပြည်သူတစ်သောင်းကျော်အကူအညီတွေလိုအပ်နေ
ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ယောဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ
ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာတွေအကူအညီလိုအပ်နေပါတယ်။
စစ်တပ်ဟာမကွေးတိုင်းဆောမြို့နယ် ကျောက်ထု - လောင်းရှည်၊ ကျောက်ထု - ပေါက်နဲ့ ကျောက်ထု - ကံကြီး လမ်းပိုင်းရှိ
လူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေသလို ကျောက်ထုတပ်ကနေလည်း လက်
နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။
“စစ်ဘေးရှောင်တွေက တိုးလာနေတာ တသောင်းကျော်ရှိတော့မယ်။ ဟိုရွာ၊ ဒီရွာနေကြတာဆိုတော့ အရေအတွက် အတိအကျက သိဖို့ခက်တယ်။ သူတို့ ပိတ်မိနေတဲ့သဘောဆိုတော့ စားနပ်ရိက္ခာလည်း တအားခက်ခဲတယ်။ ရရင် တောင် စျေးက အရမ်းကြီးတော့ ဝယ် စားဖို့အခက်ခဲရှိကြတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ယောဒေသခံလူမှု
ကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက နိုင်သလောက် ကူညီထောက်ပံ့ပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့သူကဆက်ပြောပါ တယ်။
လက်ရှိမှာအာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်၊ ကံကြီး၊ လောင်းရှည်ရွာတို့မှာအထိုင်ချထားပြီးအဲဒီကနေလမ်းတလျှောက် အရပ်
သားလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ရှိနေပါတယ်။
“တိုက်ပွဲတွေလည်းရှိတယ်။ လက်နက်ကြီးကတော့နေ့တိုင်းပစ်တာပဲ၊အခုလည်း ပစ်နေတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတော့ စစ်ရှောင်တွေဆို ပိုပြီး အခက်အခဲဖြစ်သွားရတယ်” လို့ယောဒေသခံတော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်တပ်ရဲ့စစ်ကြောင်းထိုး၊လက်နက်ကြီးပစ်
ခတ်မှုကြောင့် ရေယဉ်၊ ကံချောင်း၊ နသိုး၊ တပြင်း၊ ရေရှင်၊ ကံကြီးစတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှပြည်သူတွေတိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုး၊ အသိနေအိမ် တွေ၊ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။
“သူတို့ကတအားခက်ခဲကြတယ်။ စစ်ကြောင်း
ထိုးလာချိန် ရုတ်တရက် ပြေးလာကြရတော့ ဘာမှလည်း ယူလာဖို့မ ရခဲ့ကြတဲ့သူတွေ များတယ်။ကိုယ့်အိမ်မှာကိုယ်နေတဲ့သူတွေတောင် အခုအခြေအနေကြောင့်ခက်ခဲနေကြတာ လေ။ စစ်ရှောင်တွေဆို ငတ်တဲ့သူတွေတောင် ရှိတယ်” လို့ ဆောမြို့နယ်မှာ နေထိုင်တဲ့ ကုန်သည်တဦးက ပြောပြပါ တယ်။
မကွေးတိုင်းကျောက်ထုမှာ အခြေစိုက်ထားတဲ့စစ်တပ်ဟာ ကျောက်ထုမြို့ကနေ ပေါက်မြို့နယ်၊မင်းတပ်မြို့နယ်တို့ဘက်ဆီ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။စစ်တပ်က လေကြောင်း၊ လက်နက်
ကြီး ပစ်ခတ်၊ တိုက်ခိုက်မှုတွေလည်း ဆက်
တိုက်လုပ်နေပါတယ်။

😢24🤬4👎3🔥3👍1😁1
တော်လှန်ရေးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေလုပ်ပါက ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းမယ်လို့ ပခုက္ကူနဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း သတိပေး
ဇွန် ၁၅၊၂၀၂၆။ဟာနာဆန်/People's Spring
တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြောင်း သိရှိရလို့ ယခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေ
ကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရကြောင်း၊ ဒါ့ကြောင့် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။
"တော်လှန်ရေးအတွက် ထိခိုက်စေသည့်အထိ ဆိုးရွားပါတယ်။ ဒီလိုအချိန်ကာလမှာ အချိန်ဖြုန်း ငွေဖြုန်းနေမည့်အစား တော်လှန်ရေး ရဲဘော်များနှင့်အတူ နိုင်ရာဘက်ကနေ ပူပေါင်းပါဝင်ပေးကြဖို့ အထူးလေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါတယ်"လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၅)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ယခုမေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ လောင်းကစားဝိုင်းတွေကို ဆက်လက်ပြုလုပ်ပါက ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးသွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ငွေဒဏ်၊ အချုပ်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ချမှတ်မှာဖြစ်ကြောင်း၊ ဒါ့အပြင်
ဖမ်းဆီးရမိသူတွေအနက် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးထဲ ထည့်မယ့်အစား လူရေးပြစ်ဒဏ်တွေသာ ပေးသင့်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပြုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ များပြားလာပြီး ယခုအခါ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေအထိပါ ပေါများလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေကပါ တားမြစ်လာတာဖြစ်ပါတယ်။

👍39❤9🥰3😁3
ထီးချိုင့် - ကသာလမ်းပိုင်းမှာ ကုန်ကားမောင်းသူတွေအပါအဝင် ၆ ဦး ပျောက်ဆုံးနေ
ဇွန်-၁၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။
ဇွန်လ ၆ ရက်က ကသာ- ထီးချိုင့်လမ်းပိုင်းမှာ ကုန်ကား ၃စီး ပေါ် ဒရုန်းဗုံးကျကာ ကားမီးလောင်ခဲ့သလို အဲဒီနောက်က ကုန်ကားတချို့လည်းပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ခဲ့တဲ့ ကားပေါ်ပါ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေအပြင် နောက်ထပ် ကုန်ကားမောင်းသူ လင်မယား ၂ဦး စုစုပေါင်း ၆ဦး ပျောက်ဆုံးနေတာလို့ သိရပါတယ်။
"ဗုံးချပြီး ပစ်ခတ်ခံရတာ။လူတွေက အဖမ်းခံရလား။သေသွားလားဆိုတာ မသိရဘူး။အခုလည်း အကုန်လိုက်ချိတ်ဆက်ပြီး ရှာ နေကြပေမယ့် သတင်းအစအနမရဘူး။ကုန်ကားတစီးက ယာဉ်မောင်းရဲ့အမျိုးသမီးပါတယ်"လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။
မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သည်ကို မသိရဘူးလို့လည်း ကုန်ကားမောင်းသူ တွေကပြောပါတယ်။
ထီးချိုင့်မြို့ကိုစစ်တပ်က ပြိးခဲ့တဲ့ မတ်လ၂၈ ရက်ကတည်းက ပြန်လည်ထိန်းချုပ်လိုက်ပြီး မြစ်ကြီးနားမြို့ကို မန္တလေးက နေတဆင့်ဒီလမ်းပိုင်းကိုအသုံးပြုကာ အင်အားပို့ဆောင်တာ တွေပြုလုပ် နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

🔥22😢6😨4❤3👍1👏1🤮1
ရခိုင်နယ်စပ် စစ်မျက်နှာတွေက စစ်တပ်စခန်းအချို့ကို AAနဲ့ မဟာမိတ်တွေထပ်မံသိမ်းယူ
ဇွန်-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာတွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကိုတော်လှန်ရေးတပ်တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းရေကြည်မြို့နယ်ထဲက ကြောင်လျှာတောစခန်း နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ မှာရှိတဲ့ ရိုးမတောင်ခြေက စခန်းတွေကို AA နဲ့ မဟာမိတ်တပ်တွေကဇွန်လဆန်းကတိုက်ပွဲတွေမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
"ရိုးမ နဲ့ နီးတဲ့ ကြောင်ရှာတောက ဆင်စခန်းမှာ တပ်စွဲထားတဲ့စစ်တပ်ဆုတ်သွားပြီး AAက သိမ်းလိုက်တာ။ ရိုးမအခြေတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။လေယာဉ်ကလည်းနေ့တိုင်းလာပြီးကြဲနေတုန်းပဲ"လို့ရေကြည်မြို့နယ်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ရေကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာ ဇွန်လဆန်ကစပြီတိုက်ပွဲဖြစ်ပွားနေရာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဇွန်လ၉ရက်မနက်ပိုင်းမှာကြောင်ရှာတောက စစ်တပ်တပ်စွဲထားတဲ့ဆင်စခန်းကိုသိမ်းယူနိုင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုတွေရှိခဲ့သလို စစ်သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
AAရဲ့စစ်ရေးလှုပ်ရှားမှုသတင်းတွေကို စောင့်ကြည့်နေတဲ့ စစ်ရေးအကဲခတ်အချို့ကလည်း ကြောင်ရှာတောဆင်စခန်းကို AAနဲ့ မဟာမိတ်တွေ သိမ်းယူနိုင်ခဲ့တာမှန်တယ်လို့ ပြောပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်
တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊အင်္ဂပူ၊ ဟင်္သာ
တနဲ့ ဇလွန်မြို့နယ်တွေကိုဇွန်လ ၁၅ ရက်
နေ့ခင်းအထိ ဖြတ်ပျံနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်တံ့ ဝက်ကော်၊သဖန်းရောင်နဲ့ပြောင်ရွာပတ်ဝန်းကျင်မှာတပ်စွဲထားတဲ့စစ်ကောင်စီစခန်းတွေကိုလည်းAAနဲ့ မဟာမိတ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ သ
ရက်ခရိုင်ထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးအ
သုံးပြုထားတဲ့စစ်တပ်စခန်းတွေကို AA၊ PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ကရော တော်လှန်ရေးတပ်တွေကသတင်းအသေးစိတ်မထုတ်ပြန်သေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊သရက်ခ
ရိုင်အမှတ်၄တပ်ရင်းရဲ့ ဇွန်လ ၁ရက်နေ့က သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ်အတွင်းခလရ(၄၄) ၊ကပစ(၁၂) က တပ်ရင်းတွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် အင်အားတထောင်ကျော်သုံးပြီး စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇွန်လ၁ရက်နေ့အထိတိုက်ပွဲ၁၇ကြိမ်
ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကသေဆုံးသူ၂၀ ထက် မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေက မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးမအစပ်ကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာလို့တိုက်
ပွဲတွေဆက်ဖြစ်နေပြီးဒေသခံပြည်သူ တွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်များဂရုပြုကြဖို့နဲ့ လုံခြုံတဲ့နေရာမှာနေကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသဖြစ်တဲ့မကွေး
တိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကုန်း နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ(၁၆)ကိုလည်း AA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

👍43❤13👏2😁1🖕1
လောင်းလုံမြို့နယ်တိုက်ပွဲ စစ်တပ်က ပြည်သူတွေ နေအိမ် မီးရှို့
ဇွန်-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လပထမပတ်က လောင်းလုံမြို့နယ် စပ်ပြဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ ဇွန်လ ၁၄ရက်မှာလည်း ထပ်မံ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက အသိပေးထားပါတယ်။
ကျေးရွာကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ ဒေသခံက ဆိုပါတယ်။
“မီးရှို့နေပြန်ပြီအေ။ ငါတို့ရဲ့ ရွာလေးပဲ။ သေဘေးအန္တရာယ် ကင်းပါစေလို့ ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတက်နိုင်တဲ့ဘ၀တွေပါ” လို့ ဒေသခံ တစ်ဦးက စပ်ပြဲရွာမီးရှို့ခံရမှု မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်မှာ ဖော်ပြ ရေးသားထားပါတယ်။
ဇွန်လ ၁၄ရက် မနက်က စပ်ပြဲရွာဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြားမှာ သံဃာတွေပါတိမ်းရှောင်ခဲ့ရကြောင်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။ မနက် ၅နာရီက စပြီး ညနေ ၄နာရီခွဲထိ ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။
စပ်ပြဲရွာတိုက်ပွဲအပါအဝင် ဒေသတွင်း စစ်ရေးအခြေအနေတွေကို လောင်းလုံဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲပါ။
လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပအဖ)ရဲ့ ယခုရက်ပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက အသိပေးထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်ကလည်း KNU မြိတ်ထားဝယ်ခရိုင်အတွင်း KNLA ထိန်းချုပ်ဒေသတွေမှာ လတ်တလော စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လောင်းလုံမြို့နယ်အပါအဝင် ဒေသအချို့မှာ PDFတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေလည်းရှိနိုင်ကြောင်း ပြောပါတယ်။

🤬36👍6❤3🔥1👏1
စျေးဝယ်သွားတဲ့ စက်လှေတစီးပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ် ၈ဦးသေ၊၂ ဦးပျောက်ဆုံးနေ
ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူသုံးဆယ်ကျော် တင်ဆောင်လာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကြိုးတံတားအနီး ချောင်းထဲမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းမှာ
နစ်မြှုပ်သွားခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။ဒါ့အ
ပြင်အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးတို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
“စျေးဝယ်ဖို့သွားကြတာ။ဆိုင်သည်တွေပါတယ်။ကူတောင်နားရွာတွေက လူတွေလည်း ပါသေးတယ်။ ထွက်တာ ကတော့ ကူတောင်က ထွက်တဲ့ဘုတ်ပါ။ လှိုင်းထပြီးတော့ ရေဝင်လို့ မှောက်သွားတာပြောကြတယ်” လို့ ရသေ့ တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စက်လှေတိမ်းမှောက်သူတွေထဲက အချို့ဟာ ဆေးရုံတက်ကုသနေရတယ်လို့လည်း သိရပါတယ်။
“ကံဆိုးတယ်ပြောရမယ်။လှိုင်းလဲအဲဒီလောက်ထိ ပြင်းတာမဟုတ်ဘူး။ ရေနစ်ပြီးတော့ ကယ်လို့ရထားတဲ့သူတွေ ထဲကအချို့ကို ဆေးရုံပို့ထားရတယ်။ နောက်နှစ်ယောက်ကတော့ ပျောက်နေတုန်းပဲ။ ရှာနေကြတယ်” လို့ ပုဏ္ဏား ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားခဲ့ရတာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းကြောင်းတို့ကို အဓိက အားကိုးနေကြရကာ ကုန်ဆိပ်ကျတဲ့ မြို့နယ်တွေဆီ သွားရောက်စျေးဝယ်နေကြရတာဖြစ်ပါတယ်။
ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှာ ဖြစ်ထွန်းနေတဲ့ အလွန်အားကောင်းတဲ့ တိမ်တိုက်ကြီးတွေဟာကုန်းတွင်းပိုင်းဆီဆက်တိုက်ဝင်ရောက်နေတာကြောင့်အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ် တို့မှာမိုးသည်းထန်စွာရွာပြီး လေပြင်း
လည်းတိုက်ခတ်နိုင်တယ်လို့မိုးလေဝသပ
ညာရှင် ဦးဝင်နိုင်က သတိပေး ထားပါတယ်။
မြစ်၊ချောင်းပေါများတဲ့ရခိုင်ပြည်နယ်အတွင်း
က ကျေးလက်ဒေအများစုမှာ ကားလမ်းတွေမရှိ၊သလောက် နည်းပါး တာကြောင့် ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် ရေကြောင်းကိုပဲ အဓိက အားထား သွားလာနေကြရကာ မိုးဦးရာသီရောက်တိုင်း ရေနစ်သေဆုံးသူတွေ နှစ်
စဉ် ရှိနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။
အချို့မြို့နယ်တွေမှာဆိုရင်ကျောင်းသူ၊ ကျောင်းသားတွေဟာ ချောင်းကူး၊ မြောင်းကူးကာကျောင်းသွားတက်ကြရ ပြီးမိုးတွင်းကာလတံတားကျိုးကျတာ၊ကူးတို့လှေမှောက်
တာတို့ကြောင့်လည်း သေဆုံးရတာတွေ ရှိခဲ့ပါတယ်။

😢41👍5❤4😭2
ပေါ်တာဆွဲခံရသူတွေ အမြဲတမ်းစစ်သားအဖြစ် စာရင်းသွင်းခံရဟု အလင်းဝင်စစ်သား ဖွင့်ဟ
ဇွန် ၁၅၊ ၂၀၂၆။ဟာနာဆန်/People's Spring
ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်း တပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူတို့ ၂ ဦးဟာ ဇွန်လ ၁၄ ရက်မှာ ပခုက္ကူမြို့နယ် စစ်တပ်ရဲ့ တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကနေ ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ အသိပေးပါတယ်။
၎င်းတပ်သားနှစ်ဦးအနက် မြင့်သူအောင်ဟာ ဟင်္သာတမြို့ကဖြစ်ပြီး အလုပ်ပြန်လာချိန် ပေါ်တာဆွဲခံရတာဖြစ်ကြောင်း၊ နောက်တစ်ဦးဖြစ်တဲ့ အောင်ဖြိုးသူဟာ ပဲခူးတိုင်းက ဖြစ်ပြီး ၎င်းနေအိမ်ပေါ်တက်ကာ အဆွဲခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မြင့်သူအောင်ကို စစ်တပ်က အမြဲတမ်းစစ်သား အဖြစ် စစ်တပ်က သတ်မှတ်ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲခံရတာချင်းတူပေမဲ့ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)နဲ့ စစ်မှုထမ်းတပ်သား(ပစ)ဆိုပြီး ခွဲခြားထည့်သွင်းခံရတာနဲ့ ပတ်သက်လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ယခုလိုရှင်းပြပါတယ်။
"သန္ဓေနဲ့ ပစကတော့ သူတို့ထည့်ချင်ရင် သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာပဲ ပေါ်တာဆွဲပြီးတော့။ သူတို့ ထည့်ချင်တဲ့သူဆို သန္ဓေဆိုပြီး စာရင်းထည့်ပစ်လိုက်တာ။ ပစဆိုလည်းပစ ဒီအတိုင်းပဲထားလိုက်တာ။ သန္ဓေဆိုရင်လည်း ပစထဲနေရွေးထုတ်ပြီးတော့ (ပေါ်တာဆွဲတဲ့ထဲကနေပြီးတော့) သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာ။"လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
အမြဲတမ်းစစ်သားဖြစ်သွားရင် တခြားစစ်မှုထမ်းတွေလို ၂နှစ်မဟုတ်တော့ဘဲ အနှစ် (၂၀) သို့မဟုတ် သတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် သက်ပြည့်အသက်အရွယ်အထိ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။
စစ်တပ်ဟာ ယခင်ကတည်းက စစ်မှုထမ်းတပ်သားသစ်တွေကို အမြဲတမ်း သန္ဓေတပ်သားတွေ ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာတွေရှိပြီး ၁၀တန်းအောင်နဲ့ ဘွဲ့ရတွေဆိုပါက ရာထူးတိုးပေးတာမျိုး၊ ဗိုလ်လောင်းသင်တန်းတက်ခွင့်ပေးမယ်ဆိုတာမျိုးနဲ့ စည်းရုံးတယ်လို့ သိရပါတယ်။

👍32🔥3😁3👎2🤬2❤1
မဲခေါင် ခရီးသွား ဖိုရမ်ကို မြန်မာနိုင်ငံမှာကျင်းပမယ့်ကိစ္စ ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့တောင်းဆို
ဇွန်-၁၅၊၂၀၂၆။People's Spring
မဲခေါင်ခရီးသွားဖိုရမ် ၂၀၂၆ (Mekong Tourism Forum 2026)ကိုမြန်မာနိုင်ငံမှာကျင်းပဖို့ ရည်ရွယ်ထားတာနဲ့ပတ်သက်ပြီးပြန်လည်သုံး
သပ် စဉ်းစားပေးဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်
အရေး၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ထောက်
ခံအားပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်း၈၇ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ပြုလုပ်မယ့် ဖိုရမ်နဲ့ ပတ်သက်ပြီး အခမ်းအနား စီစဉ်သူတွေက ပြန်လည် စဉ်းစားပေးဖို့အတွက် အဲဒီအဖွဲ့အစည်းတွေကဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။
ဖိုရမ်ကို အာဏာသိမ်း စစ်အုပ်စု လက်
အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မဟာမဲခေါင် ဆက်စပ်ရပ်ဝန်း ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းတွေလည်း တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။
ဖိုရမ်ကိုမြန်မာနိုင်ငံမှာကျင်းပမယ့်ကိစ္စအပေါ် ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စစ်
တပ်ဟာအရပ်သားတွေကိုတိုက်ခိုက်တာ၊ မတရားဖမ်းဆီးထိန်းသိမ်းတာ၊ လူနေဧရိယာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အကြောင်း ထောက်ပြခဲ့ကြပါတယ်။
ဒါ့အပြင်စစ်တပ်ဟာအကျပ်အတည်းတွေ
ပိုဆိုးလာအောင် မီးစာဖြည့်ပေးနေပြီး လူ့အ
ခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမို ကျူးလွန်လာနေချိန်မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိအောင်လည်း အရှိန်မြှင့် ကြိုးစားလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွားလုပ်ငန်း ဆိုတာဟာ စီးပွားရေးကိစ္စ သီးသန့်မဟုတ်ဘဲ နိုင်ငံရဲ့ပုံရိပ်၊အများပြည်သူ ဆက်ဆံရေးနဲ့ နိုင်ငံတကာပူးပေါင်းဆက်
ဆံရေးတွေကို ပုံဖော်ပေးတဲ့ အရေးပါတဲ့ကဏ္ဍတစ်ခုလည်း ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။
ဒီတော့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာအခမ်းအနားတစ်ခုချင်းစီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အင်
မတန်နာမည်ဆိုးနေတဲ့ အစုအဖွဲ့မျိုးရဲ့ အုပ်
ချုပ်ရေး ယန္တရားကို ပုံမှန် အခြေအနေအဖြစ် အသိအမှတ်ပြုတာ၊ တရားဝင် လက်ခံပေး
လိုက်တာမျိုး အဓိပ္ပါယ် ဖြစ်သွားနိုင်တယ်လို့ အဲဒီအဖွဲ့တွေကသတိပေးခဲ့ပါတယ်။
ဒါကြောင့်လည်းဖိုရမ်ကိုဦးဆောင်ကျင်းပမယ့် မဲခေါင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံး (MTCO)နဲ့ မဟာမဲခေါင်ရပ်ဝန်း ဆက်စပ်နိုင်ငံတွေအနေနဲ့ အာဏာ
သိမ်း စစ်တပ်ကို တရားဝင်မှု ပြသတဲ့ အဓိ
ပ္ပါယ် ဖြစ်သွားနိုင်တဲ့ အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြန်သုံးသပ်ပေးဖို့ ပူးတွဲကြေညာချက်မှာ အလေးအနက် တောင်းဆိုထားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲဒေသတွင်းအစိုးရဆိုင်ရာ ခရီးသွားအဖွဲ့အစည်းတွေ၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့တွေ၊အလှူရှင်အဖွဲ့အစည်းတွေ၊ပုဂ္ဂလိက
ကဏ္ဍနဲ့ ကျွမ်းကျင်သူတွေကိုလည်း ဒီဖိုရမ်မှာ ပါဝင်တာ၊ အကူအညီပေးတာ၊ ထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တိုက်
တွန်းထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တာဝန်ခံမှုနဲ့ ဥပဒေစိုးမိုးရေးအတွက် ထားရှိတဲ့ ကတိကဝတ်တွေကိုဆက်လက် ထိန်းသိမ်းပြီးစစ်တပ်ကိုတရား
ဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်တဲ့ အပြု
အမူအားလုံးကနေရှောင်ရှားဖို့ အဲဒီအဖွဲ့အ
စည်း ၈၇ ခု တိုက်တွန်းခဲ့ပါတယ်။
တိုင်းရင်းသား လူမှုရေးရာ အဖွဲ့တွေ၊ နိုင်ငံတ
ကာ တက်ကြွလှုပ်ရှားမှုအင်အားစုတွေ အပါ
အဝင် အဖွဲ့အစည်း ၅၆ ခုက အခုကြေညာ
ချက်ကိုပူးတွဲထုတ်ပြန်ခဲ့ပြီးတခြားအဖွဲ့အ
စည်း ၃၁ ခုကတော့ လုံခြုံရေးကြောင့် နာမည် ဖော်ပြမထားခဲ့ပါဘူး။

👍45❤5🖕2🥰1🤮1
ဗြိတိန်နဲ့ သြစတြေးလျမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းလမ်းလျှောက်
ဇွန်-၁၅၊၂၀၂၆။သုည/People's Spring
လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစတြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။
ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ခြေလှမ်း ၈၁၀၀ လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ပါတယ်။
သြစတြေးလျရောက် မြန်မာတွေက "81 for 81" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် "81 for 81 Proof of life Challenge" အဖြစ် "8.1 km" လမ်းလျှောက်ခဲ့ပါတယ်။
ဒါ့အပြင် "Proof of Life" စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။
ယမန်နေ့ကလည်း နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

❤46👍13🥰1🤮1🖕1