People's Spring
✔
59.5K subscribers
72.3K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍38❤3🔥2😁2
■သုံးသပ်​ဆောင်းပါး

အရှေ့အလယ်ပိုင်း၏တိတ်တဆိတ် အပေးအယူ
▪︎ဒုံးကျည်ထက် စျေးကြီးတဲ့ ငြိမ်းချမ်းရေး

-ခါကာဘို ရေးသားသည်။

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။
ဒါပေမယ့် နိုင်ငံတကာ နိုင်ငံရေးလောကမှာတော့ တချို့သော စစ်ပွဲတွေဟာ စစ်မြေပြင်မှာ မပြီးဆုံးဘဲဘဏ်စာရင်းတွေ၊ ရင်းနှီးမြှုပ်
နှံမှုတွေ၊ လျှို့ဝှက်ဆွေးနွေးပွဲတွေထဲမှာ အ
ဆုံးသတ်သွားတတ်ပါတယ်။

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ UAE ဟာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ဒေါ်လာဘီလီယံများစွာ ပေးချေခဲ့တယ်ဆိုတဲ့ သတင်းဟာအရှေ့အလယ်ပိုင်းနိုင်ငံရေးလော
ကကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ဒီသတင်း
သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် မေးခွန်းကြီးတစ်ခု ပေါ်လာပါတယ်။
"စစ်ပွဲမှာ ဘယ်သူနိုင်ခဲ့တာလဲ"

UAEဟာအီရန်အပေါ် အတင်းကျပ်ဆုံး သ
ဘောထားကို ကိုင်စွဲခဲ့တဲ့ နိုင်ငံတွေထဲက တစ်
နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးဘက်ကရပ်တည်ခဲ့ပြီး အီရန်ကို ဖိအားပေးတဲ့ မူဝါဒတွေကို ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် စစ်ပွဲကြီးတကယ်ဖြစ်လာတဲ့အခါ အခြေအနေကပြောင်းလဲသွားပါတယ်။ ဒုံး
ကျည်တစ်စင်း UAE မြို့ကြီးတွေပေါ် ကျရောက်လာမယ်ဆိုရင် ဆုံးရှုံးရမယ့်အရာတွေဟာ စစ်ရေးအခြေစိုက်စခန်းတွေ မဟုတ်ပါဘူး။ဒူဘိုင်းက မိုးမျှော်တိုက်တွေ၊ နိုင်ငံတကာ ဘဏ္ဍာရေးစင်တာတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဒေါ်လာထရီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။

အဲဒီအတွက် UAE က စစ်အနိုင်ထက် တည်
ငြိမ်မှုကို ပိုရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒီသတင်းထဲက စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ အီရန်ကို "ရှုံးနိမ့်သွားတဲ့ နိုင်ငံ" အဖြစ် မမြင်တော့ဘဲ "ညှိနှိုင်းပိုင်ခွင့် ရှိနေသေးတဲ့ နိုင်ငံ" အဖြစ် မြင်လာရတာပါပဲ။

အီရန်ဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ စစ်ရေးဖိအားတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဒေသတွင်းမှာ သူ့ရဲ့ သြဇာကို ဆက်
လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အခုဆိုရင်
UAE လို ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံကတောင် တိုက်ခိုက်မှုမခံရအောင်ဆွေးနွေးညှိနှိုင်းရတဲ့ အနေအထားကို ရောက်လာတယ်လို့ အကဲ
ခတ်သူတွေက မြင်ကြပါတယ်။နိုင်ငံတကာ သမိုင်းကို ပြန်ကြည့်ရင် စစ်ပွဲတွေကို ငွေနဲ့ အဆုံးသတ်ခဲ့တဲ့ ဖြစ်ရပ်တွေ မနည်းပါဘူး။

တစ်ခါတလေ အောင်နိုင်သူဟာ စစ်တပ်အင်အား အများဆုံးသူ မဟုတ်ဘဲ စီးပွားရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုကို ရှောင်နိုင်သူ ဖြစ်နေတတ်ပါတယ်။

UAE အတွက်တော့ ဒေါ်လာဘီလီယံ အနည်း
ငယ် ဆုံးရှုံးရတာဟာဒုံးကျည်တစ်စင်းကြောင့်ဖြစ်လာနိုင်တဲ့ ဘီလီယံပေါင်းများစွာသော ပျက်စီးဆုံးရှုံးမှုထက် ပိုတန်ဖိုးရှိတယ်လို့ တွက်ချက်ခဲ့ပုံရပါတယ်။

ဒီသတင်းက နိုင်ငံတကာ နိုင်ငံရေးမှာ မိတ်
ဆွေနဲ့ ရန်သူဆိုတာ အမြဲတမ်း မတည်မြဲဘူးဆိုတာကို ထပ်မံပြသလိုက်ပါတယ်။မနေ့ က
အပြင်းအထန် ဝေဖန်ခဲ့တဲ့ နိုင်ငံတွေဟာ ဒီနေ့မှာ လျှို့ဝှက်ဆွေးနွေးပွဲ စားပွဲဝိုင်းတစ်ဝိုင်းမှာ အတူထိုင်နေနိုင်ပါတယ်။

နောက်ဆုံးမှာတော့နိုင်ငံတွေဆုံးဖြတ်တာဟာ အယူဝါဒထက်အကျိုးစီးပွား၊မာနထက် လုံ
ခြုံရေး၊ စစ်အောင်ပွဲထက် စီးပွားရေး တည်
ငြိမ်မှုကိုပိုအခြေခံလာကြတာကိုတွေ့ရပါတယ်။

ဒါကြောင့် ဒီသတင်းရဲ့ အဓိကမေးခွန်းက "UAE က အီရန်ကို ငွေပေးခဲ့သလား" ဆိုတာထက် ပိုနက်နဲပါတယ်။ တကယ့်မေးခွန်းကတော့ "ယနေ့ကမ္ဘာမှာ ဒုံးကျည်တွေထက် ငွေက ပိုအစွမ်းထက်လာပြီလား"ဆိုတာပါပဲ။

ကိုးကား- Middle East Eye(base on
Reuters)

(Reuters နှင့် Middle East Eye တို့၏ ဖော်ပြချက်များကို အခြေခံ၍ ရေးသားထားသော သုံးသပ်ဆောင်းပါးဖြစ်ပါတယ်)
👍34❤12🤮4🥰1😁1
👍20🤮7🔥2
ရခိုင်စစ်မျက်နှာပြင်ပို့ခံ‌ရတဲ့ ခလရ(၂၃၅)တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးလုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ တပ်သား ၂ဦး ဖွင့်ဟ

ဇွန် -၁၅၊၂၀၂၆။ဖိုးသား/People's Spring

ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ပို့ခံ‌ရတဲ့ ခလရ(၂၃၅)တပ်ရင်း တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးတွေလုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးက ဖွင့်ဟပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)တပ်ရင်းက စစ်မှုထမ်းတပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူ တို့ဟာ COBRA ONE Pakokku တပ်ထံ ဇွန်လ ၁၄ ရက်က အလင်း၀င်လာခဲ့တာဖြစ်ပါတယ်။

"ဒီရက်ပိုင်း ရခိုင်ကိုပို့မှာရှိသလို။တပ်တွင်းထဲမှာ ခလရ(၂၃၅)ထဲမှာ ရက်လည်တောင်မပြီးသေးဘူး။နောက်တယောက်က တိုက်ပွဲကြတယ်။Dead Body က ပြန်မရဘူး။အ၀တ်အစားလေးတွေပဲ ဖြန့်ပြီး နာရေးလုပ်ကတယ်။အဲဒီလိုပဲ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေကျနေတယ်"လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီထိုးစစ်ဆင်နေတာရှိသလို ဆောမြို့နယ်ကတဆင့် ချင်း-ရခိုင်ဆက်သွယ်ရေးလမ်းပိုင်းကို ဖြတ်တောက်ဖို့ စစ်ကြောင်းထိုးနေပါတယ်။

စစ်တပ်က တပ်သားသစ်တွေကို ရှေ့တန်းမပို့မီ မူးယစ်ဆေးဝါးအလွယ်တကူသုံးခွင့်ရဖို့ တပ်တွင်း ဖြန့်ဝေမှုတွေရှိတယ်လို့လည်း တပ်မ(၁၀၁)က ထွက်ပြေးလာသူတွေက ထွက်ဆိုပါတယ်။

"မေလ ၂၃ ရက်က ထွက်ပြေးလာတဲ့ ခလရ ၂၅၂ ရော အခု ၂၃၅ က တပ်သားတွေ ပြောတာကတော့ တပ်တွင်းမှာ မူးယစ်ဆေးဝါးဖြန့်တာတွေရှိတယ်"လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်က တပ်အင်အားပြုန်းတီးမှုတွေကြောင့် ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး အတင်းအကြပ်သင်တန်းပေးပြီးရှေ့တန်းလွှတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာလုပ်ကိုင်နေထိုင်ကြဖို့လည်း သတိပေးပါတယ်။

"အခုနှစ်ယောက်မှာ တစ်ယောက်က အလုပ်ကအပြန်အဆွဲခံရတာ။ဟသ်ာတမြို့က။ပစ ကတော့ အပတ်စဉ် ၂၃။ အိမ်ထဲမှာ အဆွဲခံရတာ။သူက ပဲခူးမြို့က ။တိုက်ရိုက်ချိတ်ဆက်ပြီး ကျွန်တော်တို့ဆီ၀င်လာတာ"လို့ COBRA ONE Pakokku တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ်(၂၅)အထိ ရောက်နေပြီဖြစ်ပါတယ်။
👍40👏8❤6🥴4💯2🖕1👻1
(၂၀၁၈ က ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့စဉ်။ ဓာတ်ပုံ- EPA)
👍31👏12🤣5🖕5🥴3🥰1💩1👻1
၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲဩစတြေလျအမျိုးသားဘောလုံးအသင်းသားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။

ဩစတြေလျဘောလုံးအသင်းကိုဆောကာရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။

ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစားသမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်တယ်။

နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်
ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။

မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက
”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။

‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။

Socceroosတွေရဲ့သတင်းစကားဟာလူမျိုး
ရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်
လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။

အခုကမ္ဘာ့ဖလားပွဲမှာဝင်ကစားကြတဲ့ကစား
သမားတွေထဲကလေးယောက်မှာတစ်ယောက်ဟာရွှေ့ပြောင်းအခြေချနေထိုင်သူ(ဒါမှမ
ဟုတ် နိုင်ငံခြားမှာမွေးဖွားသူ)ဖြစ်ပါတယ်။ ကျွန်းနိုင်ငံဖြစ်တဲ့ ကူရာဆောင်း (Curacao)ရဲ့အသင်းသားတွေရဲ့၉၆ ရာခိုင်နှုန်းကနိုင်ငံ
ခြားမှာ မွေးဖွားသူတွေပါ။

ဇွန် ၁၃ရက်မှာကစားကြတဲ့အမေရိကန်နဲ့ပါရာဂွေးပွဲစဉ်မှာချေစွမ်းပြပြီးနှစ်ဂိုးသွင်းသွားတဲ့ ဖိုလာရင် ဘာလိုဂန်ရဲ့မိဘတွေဟာနိုင်ဂျီးရီယန်းတွေပါ။အမေရိကန်က၄ဂိုး၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ပြောင်းရွှေ့အခြေချနေထိုင်သူတွေကိုအပြစ်တင်ပြပြီးမဲရအောင်လုပ်ခဲ့တဲ့ဒေါ်နယ်ထရမ့်ကတော့ဒါကိုထုတ်ပြောမှာမဟုတ်ပါဘူး။ဒါပေမယ့်အမေရိကန်အသင်းရဲ့နိုင်ပွဲကိုတော့သူပဏာစားမှာသေချာပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/06/15/160012/
👍40❤9🤮1
“စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်။”

ဒီစကားကို စင်ကာပူဝန်ကြီးချုပ်လောရင်စ်ဝေါင် (Lawrence Wong) မကြာသေးခင်က ပြောခဲ့ပါတယ်။

ဒီသတင်းကို ဖတ်ပြီး စဉ်းစားမိတာက မြန်မာနိုင်ငံကနေ စင်ကာပူမှာ အလုပ်သွားလုပ်နေကြသူတွေနဲ့ သွားလုပ်ဘို့ အိပ်မက်မက်နေတဲ့ လူငယ်တွေအတွက်နောင် ၅ နှစ်၊ ၁၀နှစ်အတွင်း ဘာတွေပြောင်းလဲ လာနိုင်မလဲဆိုတာပါပဲ။

အရင်တုန်းက စင်ကာပူဟာလူအင်အားလို
အပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဆောက်
လုပ်ရေး၊ စက်ရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊သယ်ယူပို့ဆောင်ရေး စတဲ့ လုပ်ငန်းတွေမှာနိုင်ငံခြားအလုပ်သ
မားတွေကို အများကြီး အားထားခဲ့ရပါတယ်။

ဒါပေမယ့်အခု AI နဲ့ Automation နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်ဈေးကွက်က တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။

ဥပမာစားသောက်ဆိုင်တစ်ခုမှာအရင်က အော်ဒါကောက်ဖို့ ဝန်ထမ်း ၅ ယောက်လိုရင် အခု Self-order Kiosk တွေ၊ AI စနစ်တွေကြောင့် ၂ ယောက်၊ ၃ ယောက်လောက်နဲ့ လည်ပတ်နိုင်လာတယ်။

ဂိုဒေါင်တွေမှာလည်းလူအင်အားနဲ့ကုန်ပစ္စည်းရွှေ့တဲ့အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုး လာကြတယ်။ရုံးလုပ်ငန်းတွေမှာဆိုရင်လည်း အစီရင်ခံစာရေးတာ၊အချက်အလက်ခွဲခြမ်း
စိတ်ဖြာတာ၊ Customer Service တချို့ကို
AI က လုပ်ပေးနိုင်လာတယ်။

ဒါဆို မြန်မာတွေအတွက် အလုပ်အကိုင်တွေ ပျောက်သွားမှာလား?

အဖြေက “မဟုတ်သေးဘူး” ဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်အကိုင်အမျိုးအစားတွေ ပြောင်းလဲသွားမယ်။

AI က အစားထိုးနိုင်တဲ့ အလုပ်တွေက လုပ်ရိုးလုပ်စဉ် ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်တွေ ဖြစ်တယ်။ ဒါပေမယ့် လူသားရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ဆက်ဆံရေးကျွမ်းကျင်မှု၊တီထွင်ဖန်တီးနိုင်စွမ်းနဲ့လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတွေ လိုအပ်တဲ့အလုပ်တွေကတော့ဆက်ပြီးလိုအပ်နေဦးမယ်။

ဒါကြောင့်နောင်အနာဂတ်မှာ စင်ကာပူသွားအလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အရေးကြီးဆုံး မေးခွန်းက

“ငါ ဘယ်နိုင်ငံကို သွားမလဲ” ဆိုတာ မဟုတ်တော့ဘဲ

“AI မလုပ်နိုင်သေးတဲ့ ဘယ်ကျွမ်းကျင်မှုကို ငါ တတ်မြောက်ထားလဲ” ဆိုတာ ဖြစ်လာနိုင်ပါတယ်။



https://www.ludunwayoo.com/opinion-mm/2026/06/12/159838/
👍41❤3🔥3👎2
မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း တွင်းမပြည်သူ့စစ်ရွာ ဦးတည်နေ

ဇွန်-၁၅၊၂၀၂၆။ဖိုးသား/People's Spring

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြိုင်မြို့နယ်က သရက်ကန်ပြည်သူ့စစ်ရွာ၊ပေါက်မြို့နယ်က ကုက္ကိုလ်စုပြည်သူ့စစ်ရွာနဲ့ ရေပြာရဲစခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် အခုဇွန်လ ၁၂ ရက်မှာ တပ်မ(၁၀၁)ကနေ အင်အား ၃၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

"ပခုက္ကူ- ကမ္မ လမ်းကနေတဆင့် တွင်းမရွာကို ဦးတည်နေတာ တွေ့ရတယ်။တွင်းမရွာမှာက သရက်ကန် က ပြည်သူ့စစ်တွေ ထွက်ပြေးပူး‌ပေါင်းထားတာရှိတယ်။ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေရတုန်းပဲ"လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်အင်အား ၃၀၀ ကျော်ဟာ စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး မြိုင်မြို့နယ် နဲ့ ပခုက္ကူမြို့နယ်အစပ်၊ ဇောင်ဂျမ်းကုန်းရွာကတဆင့် အိုရင်းကျေးရွာဘက်မှာ စစ်ကြောင်းတစ်ကြောင်းရောက်နေပါတယ်။

နောက်ထပ်ထနောင်းရွာက စစ်တပ်စစ်ကြောင်းဟာ မကျည်းတန်းရွာနဲ့ အင်းဘက်ကျေးရွာအနီး ရောက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းကာ မြောက်ဘက်ခြမ်းကို ဦးတည်လှုပ်ရှားလာတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်း ရှေ့ပြေးအဖွဲ့တွေက ဒီကနေ့ မနက် ၇ နာရီကျော်မှာ မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမပျူရွာနဲ့ အနီး ဇော်ဂျီတောင်တောရကျောင်းနားရောက်နေပြီလို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေဟာ ကမ္မမြို့ရဲ့အရှေ့မြောက်ဘက်၊အနောက်မြောက်ဘက်၊မြောက်ဘက်တစ်ကြောတပ်ဖြန့်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္မမြို့အနီးမှာလည်း ပြည်သူ ၃ဦးကို စစ်တပ်စစ်ကြောင်းတွေက သတ်ဖြတ်ခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်။

ဇွန်လ ၁၃ ရက်ကလည်း မြိုင်မြို့နယ်အနောက်ပိုင်း သင်းမကျေးရွာအနီးကို ဂျက်ဖိုက်တာနှစ်စီးနဲ့ သုံးကြိမ်ထက်မနည်း စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေနဲ့စစ်ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းပြည်သူတွေက စစ်ကြောင်း အထူးသတိထားရှောင်ကြဖို့ လိုအပ်ပြီး မြိုင်နယ်အလယ်ပိုင်း အနောက်ပိုင်းက ဒေသခံတွေက လေကြောင်း အထူးသတိထားနေကြဖို့ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
👍21❤13👎5🔥4👏1🤬1
(မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တနေရာမှာ စစ်ယာဉ်တန်းကို ဇွန်လ ပထမပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🖕28💩8🔥2👎1👏1
လွိုင်ကော်မြို့အနီး မြေအောက်အနက် ၃မိုင်ခန့် ဗဟိုပြု ငလျင်လှုပ်

ဇွန်၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

မနက် ၂နာရီ ၃၈ မိနစ်မှာ လွိုင်ကော်မြို့ရဲ့အရှေ့-အရှေ့မြောက်ဘက် ၈၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၅ ကီလိုမီတာ( ၃မိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

အမေရိကန်ဘူမိလေ့လာရေးအသင်း(USGS)ရဲ့ ထုတ်ပြန်ချက်မှာတော့မြေအောက်အနက် ၁၀ဒဿမ၅ ကီလိုမီတာ( ၆မိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။

" လှုပ်တာ ပြင်းတယ်။ သိသာတယ်။ အပျက်အစီးတော့ မရှိဘူး။ ဒီထက် အားပြင်းရင်တော့ ပြဿနာများနိုင်တယ်" လို့ လွိုင်ကော်ဒေသခံက ပြောပါတယ်။

အဆိုပါငလျင်ကို တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်ကမြို့တွေမှာပါ ခံစားလိုက်ရပါတယ်။ ကရင်နီပြည်နယ်ဟာ ကျောက်ကြမ်းပြတ်ရွေ့ရဲ့ တောင်ပိုင်းနဲ့ ဆက်စပ်ဒေသမှာ ပါဝင်ပါတယ်။

ယခုရက်ပိုင်း ဒေသအချို့မှာ ငလျင်တွေ မကြာခဏလှုပ်နေပါတယ်။

မနေ့က ဇွန်လ ၁၄ရက် ည‌နေကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၁အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။ အဲ့ဒီနေ့ မနက်ပိုင်းမှာလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အနီး၊ မြေအောက်အနက် ၈ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။
👍35❤5😢3😱2🔥1
👍27🔥1
ယောဒေသမှာ စစ်ရှောင်ပြည်သူတစ်သောင်းကျော်အကူအညီ​တွေလိုအပ်​နေ

ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​
ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

စစ်တပ်ဟာမကွေးတိုင်းဆောမြို့နယ် ကျောက်ထု - လောင်းရှည်၊ ကျောက်ထု - ပေါက်နဲ့ ကျောက်ထု - ကံကြီး လမ်းပိုင်းရှိ
လူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေသလို ကျောက်ထုတပ်ကနေလည်း လက်
နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တွေက တိုးလာနေတာ တသောင်းကျော်ရှိတော့မယ်။ ဟိုရွာ၊ ဒီရွာနေကြတာဆိုတော့ အရေအတွက် အတိအကျက သိဖို့ခက်တယ်။ သူတို့ ပိတ်မိနေတဲ့သဘောဆိုတော့ စားနပ်ရိက္ခာလည်း တအားခက်ခဲတယ်။ ရရင် တောင် စျေးက အရမ်းကြီးတော့ ဝယ် စားဖို့အခက်ခဲရှိကြတယ်” လို့ စစ်​ဘေး​ရှောင်​တွေကို ကူညီ​နေတဲ့ယောဒေသခံလူမှု
ကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက နိုင်သလောက် ကူညီထောက်ပံ့ပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့သူကဆက်ပြောပါ တယ်။

လက်ရှိမှာအာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်၊ ကံကြီး၊ လောင်းရှည်ရွာတို့မှာအထိုင်ချထားပြီးအဲဒီကနေလမ်းတလျှောက် အရပ်
သားလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ရှိနေပါတယ်။

“တိုက်ပွဲတွေလည်းရှိတယ်။ လက်နက်ကြီးကတော့နေ့တိုင်းပစ်တာပဲ၊အခုလည်း ပစ်နေတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတော့ စစ်ရှောင်တွေဆို ပိုပြီး အခက်အခဲဖြစ်သွားရတယ်” လို့ယောဒေသခံတော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းထိုး၊လက်နက်ကြီးပစ်
ခတ်မှုကြောင့် ရေယဉ်၊ ကံချောင်း၊ နသိုး၊ တပြင်း၊ ရေရှင်၊ ကံကြီးစတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှပြည်သူတွေတိမ်းရှောင်နေကြရပါတယ်။ စစ်​ရှောင်ပြည်သူ​တွေဟာ နီးစပ်ရာ ဆွေမျိုး၊ အသိနေအိမ် တွေ၊ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

“သူတို့ကတအားခက်ခဲကြတယ်။ စစ်ကြောင်း
ထိုးလာချိန် ရုတ်တရက် ပြေးလာကြရတော့ ဘာမှလည်း ယူလာဖို့မ ရခဲ့ကြတဲ့သူတွေ များတယ်။ကိုယ့်အိမ်မှာကိုယ်နေတဲ့သူတွေတောင် အခုအခြေအနေကြောင့်ခက်ခဲနေကြတာ လေ။ စစ်ရှောင်တွေဆို ငတ်တဲ့သူတွေတောင် ရှိတယ်” လို့ ဆောမြို့နယ်မှာ နေထိုင်တဲ့ ကုန်သည်တဦးက ပြောပြပါ တယ်။

မကွေးတိုင်းကျောက်ထုမှာ အခြေစိုက်ထားတဲ့စစ်တပ်ဟာ ကျောက်ထုမြို့ကနေ ပေါက်မြို့နယ်၊မင်းတပ်မြို့နယ်တို့ဘက်ဆီ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။စစ်တပ်က လေကြောင်း၊ လက်နက်
ကြီး ပစ်ခတ်၊ တိုက်ခိုက်မှုတွေလည်း ဆက်
တိုက်လုပ်နေပါတယ်။
😢24🤬4👎3🔥3👍1😁1
စစ်​ဘေး​ရှောင်ပြည်သူအချို့ ။
ဓါတ်ပုံ-​ယောအလင်းတန်း
😢31🔥3👍1
တော်လှန်ရေးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေလုပ်ပါက ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းမယ်လို့ ပခုက္ကူနဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း သတိပေး

ဇွန် ၁၅၊၂၀၂၆။ဟာနာဆန်/People's Spring

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေ​ကြောင်း သိရှိရလို့ ယခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေ
ကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရကြောင်း၊ ဒါ့ကြောင့် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။

"တော်လှန်ရေးအတွက် ထိခိုက်စေသည့်အထိ ဆိုးရွားပါတယ်။ ဒီလိုအချိန်ကာလမှာ အချိန်ဖြုန်း ငွေဖြုန်းနေမည့်အစား တော်လှန်ရေး ရဲဘော်များနှင့်အတူ နိုင်ရာဘက်ကနေ ပူပေါင်းပါဝင်ပေးကြဖို့ အထူးလေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါတယ်"လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၅)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ယခုမေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ လောင်းကစားဝိုင်းတွေကို ဆက်လက်ပြုလုပ်ပါက ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးသွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ငွေဒဏ်၊ အချုပ်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ချမှတ်မှာဖြစ်ကြောင်း၊ ဒါ့အပြင်
ဖမ်းဆီးရမိသူတွေအနက် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးထဲ ထည့်မယ့်အစား လူရေးပြစ်ဒဏ်တွေသာ ပေးသင့်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပြုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ များပြားလာပြီး ယခုအခါ တော်လှန်ရေးအားကောင်းတဲ့ ​ဒေသတွေအထိပါ ပေါများလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေကပါ တားမြစ်လာတာဖြစ်ပါတယ်။
👍39❤9🥰3😁3
(ပြီးခဲ့သည့် ၂၀၂၅ အတွင်းက ပခုက္ကူမြို့နယ်တနေရာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းအား တော်လှန်ရေးအဖွဲ့က ဝင်ရောက်ဖမ်း​ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
👍42🔥3😁3🤣1
ထီးချိုင့် - ကသာလမ်းပိုင်းမှာ ကုန်ကားမောင်းသူတွေအပါအဝင် ၆ ဦး ပျောက်ဆုံးနေ

ဇွန်-၁၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

ဇွန်လ ၆ ရက်က ကသာ- ထီးချိုင့်လမ်းပိုင်းမှာ ကုန်ကား ၃စီး ပေါ် ဒရုန်းဗုံးကျကာ ကားမီးလောင်ခဲ့သလို အဲဒီနောက်က ကုန်ကားတချို့လည်းပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ခဲ့တဲ့ ကားပေါ်ပါ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေအပြင် နောက်ထပ် ကုန်ကားမောင်းသူ လင်မယား ၂ဦး စုစုပေါင်း ၆ဦး ပျောက်ဆုံးနေတာလို့ သိရပါတယ်။

"ဗုံးချပြီး ပစ်ခတ်ခံရတာ။လူတွေက အဖမ်းခံရလား။သေသွားလားဆိုတာ မသိရဘူး။အခုလည်း အကုန်လိုက်ချိတ်ဆက်ပြီး ရှာ နေကြပေမယ့် သတင်းအစအနမရဘူး။ကုန်ကားတစီးက ယာဉ်မောင်းရဲ့အမျိုးသမီးပါတယ်"လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သည်ကို မသိရဘူးလို့လည်း ကုန်ကားမောင်းသူ တွေကပြောပါတယ်။

ထီးချိုင့်မြို့ကိုစစ်တပ်က ပြိးခဲ့တဲ့ မတ်လ၂၈ ရက်ကတည်းက ပြန်လည်ထိန်းချုပ်လိုက်ပြီး မြစ်ကြီးနားမြို့ကို မန္တလေးက နေတဆင့်ဒီလမ်းပိုင်းကိုအသုံးပြုကာ အင်အားပို့ဆောင်တာ တွေပြုလုပ် နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
🔥22😢6😨4❤3👍1👏1🤮1
(ဇွန်လ ၆ရက်က မီးလောင်ဗုံးကျကာ မီးလောင်ခဲ့တဲ့ ကား။ ဓတ်ပုံံ - CJ)
🔥23😨4👎2🤬1
ရခိုင်နယ်စပ် စစ်မျက်နှာတွေက စစ်တပ်စခန်းအချို့ကို AAနဲ့ မဟာမိတ်တွေထပ်မံသိမ်းယူ

ဇွန်-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းရေကြည်မြို့နယ်ထဲက ကြောင်လျှာတောစခန်း နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ မှာရှိတဲ့ ရိုးမတောင်ခြေက စခန်းတွေကို AA နဲ့ မဟာမိတ်တပ်​တွေကဇွန်လဆန်းကတိုက်ပွဲတွေမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

"ရိုးမ နဲ့ နီးတဲ့ ကြောင်ရှာတောက ဆင်စခန်းမှာ တပ်စွဲထားတဲ့စစ်တပ်ဆုတ်သွားပြီး AAက သိမ်းလိုက်တာ။ ရိုးမအခြေတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။လေယာဉ်ကလည်းနေ့တိုင်းလာပြီးကြဲနေတုန်းပဲ"လို့ရေကြည်မြို့နယ်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ရေကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာ ဇွန်လဆန်ကစပြီတိုက်ပွဲဖြစ်ပွား​နေရာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဇွန်လ၉ရက်မနက်ပိုင်းမှာကြောင်ရှာတောက စစ်တပ်တပ်စွဲထားတဲ့ဆင်စခန်းကိုသိမ်းယူနိုင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုတွေရှိခဲ့သလို စစ်သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ဒေသခံစစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။

AAရဲ့စစ်ရေးလှုပ်ရှားမှုသတင်းတွေကို စောင့်ကြည့်နေတဲ့ စစ်​ရေးအကဲခတ်အချို့ကလည်း ကြောင်ရှာတောဆင်စခန်းကို AAနဲ့ မဟာမိတ်တွေ သိမ်းယူနိုင်ခဲ့တာမှန်တယ်လို့ ပြောပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်
တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။တိုက်ပွဲ​တွေပြင်းထန်​နေပြီး စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊အင်္ဂပူ၊ ဟင်္သာ
တနဲ့ ဇလွန်မြို့နယ်တွေကိုဇွန်လ ၁၅ ရက်
နေ့ခင်းအထိ ဖြတ်ပျံနေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်တံ့ ဝက်ကော်၊သဖန်းရောင်နဲ့ပြောင်ရွာပတ်ဝန်းကျင်မှာတပ်စွဲထားတဲ့စစ်ကောင်စီစခန်းတွေကိုလည်းAAနဲ့ မဟာမိတ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ သ
ရက်ခရိုင်ထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးအ
သုံးပြုထားတဲ့စစ်တပ်စခန်းတွေကို AA၊ PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ကရော တော်လှန်ရေးတပ်တွေကသတင်းအသေးစိတ်မထုတ်ပြန်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊သရက်ခ
ရိုင်အမှတ်၄တပ်ရင်းရဲ့ ဇွန်လ ၁ရက်နေ့က သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ်အတွင်းခလရ(၄၄) ၊ကပစ(၁၂) က တပ်ရင်းတွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် အင်အားတထောင်ကျော်သုံးပြီး စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇွန်လ၁ရက်နေ့အထိတိုက်ပွဲ၁၇ကြိမ်
ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကသေဆုံးသူ၂၀ ထက် မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးမအစပ်ကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာလို့တိုက်
ပွဲတွေဆက်ဖြစ်နေပြီးဒေသခံပြည်သူ တွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်များဂရုပြုကြဖို့နဲ့ လုံခြုံတဲ့နေရာမှာနေကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသဖြစ်တဲ့မကွေး
တိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကုန်း နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ(၁၆)ကိုလည်း AA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
👍43❤13👏2😁1🖕1
ရခိုင်ပြည်နယ် နဲ့ မ​ကွေးတိုင်းအစပ်မှာAA နဲ့အတူ လက်တွဲတိုက်ပွဲဝင်​နေတဲ့ PDF သရက်ခရိုင် အမှတ်(၄) တပ်ရင်းကတပ်ဖွဲ့ဝင်အချို့ ။
ဓါတ်ပုံ-သရက်ခရိုင် အမှတ် ၄ တပ်ရင်း
❤37👍18😁1🤣1🖕1
လောင်းလုံမြို့နယ်တိုက်ပွဲ စစ်တပ်က ပြည်သူတွေ နေအိမ် မီးရှို့

ဇွန်-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်လပထမပတ်က လောင်းလုံမြို့နယ် စပ်ပြဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်ဟာ ဇွန်လ ၁၄ရက်မှာလည်း ထပ်မံ မီးရှို့ခဲ့တယ်လို့ ရွာခံတွေက အသိပေးထားပါတယ်။

ကျေးရွာကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ ဒေသခံက ဆိုပါတယ်။

“မီးရှို့နေပြန်ပြီအေ။ ငါတို့ရဲ့ ရွာလေးပဲ။ သေဘေးအန္တရာယ် ကင်းပါစေလို့ ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတက်နိုင်တဲ့ဘ၀တွေပါ” လို့ ဒေသခံ တစ်ဦးက စပ်ပြဲရွာမီးရှို့ခံရမှု မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်မှာ ဖော်ပြ ရေးသားထားပါတယ်။

ဇွန်လ ၁၄ရက် မနက်က စပ်ပြဲရွာဘုန်းကြီးကျောင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ပစ်ခတ်မှုများကြားမှာ သံဃာတွေပါတိမ်းရှောင်ခဲ့ရကြောင်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။ မနက် ၅နာရီက စပြီး ညနေ ၄နာရီခွဲထိ ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း စပ်ပြဲရွာက သံဃာတစ်ပါးက အသိပေးထားပါတယ်။

စပ်ပြဲရွာတိုက်ပွဲအပါအဝင် ဒေသတွင်း စစ်ရေးအခြေအနေတွေကို လောင်းလုံဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲပါ။

လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပအဖ)ရဲ့ ယခုရက်ပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ မေလ ဒုတိယပတ်ကနေ ဇွန်လ ပထမပတ်အတွင်း လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲ များ တောက်လျှောက်ဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇွန်လ ၄ရက်မှာ ကမြောကင်းတံတားဘက်က ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှု ရှိခဲ့ပြီး ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၃ရက်က စပ်ပြဲရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း လောင်းလုံပကဖက အသိပေးထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်ကလည်း KNU မြိတ်ထားဝယ်ခရိုင်အတွင်း KNLA ထိန်းချုပ်ဒေသတွေမှာ လတ်တလော စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်ရှိနေသလို လောင်းလုံမြို့နယ်အပါအဝင် ဒေသအချို့မှာ PDFတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေလည်းရှိနိုင်ကြောင်း ပြောပါတယ်။
🤬36👍6❤3🔥1👏1
🤬35😁4❤3👍3🔥2🤮1