“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️PDF တွေ မန္တလေးတိုင်းမှာစစ်ရေးဖော်ဆောင်မှု ခလရ(၄)တပ်ရင်းမှူးဗိုလ်မှူးနေထွန်းအောင် သေဆုံး
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကမန္တလေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ခဲ့မှုများကို PDF တပ်မတော်ကဒီကနေ့မှာထုတ်ပြန်ခဲ့ရာ မေလ နဲ့ ဇွန်လပထမပတ်အတွင်း PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းမှူး ၁ဦးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးသတင်းများကို ထုတ်ပြန်ခဲ့ရာမေလနဲ့ ဇွန်လ ပထမပတ်အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၁၈ဦးသေဆုံးကာဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းဖော်ပြပါတယ်။
အဲဒီအထဲမှာ ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄)တပ်
ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ်အောင်ဇော်ဇော်တို့ကို မန္တလေးတိုင်းအတွင်း တနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ပါတယ်။သေဆုံးသွားတဲ့စစ်ကောင်စီတပ်ရင်း
မှူးရဲ့ ပြန်တမ်းဝင်အမှတ်ကိုလည်း အသိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
◾️ရခိုင်မှာ AA ကကျောင်းဆရာ၊ဆရာမတွေကိုလစာပေးတော့မယ်
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်၀မြို့
နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ AA ဟာ သူတို့ထိန်းချုပ်ရာဒေ
သတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ကနေစပြီး အခြေ ခံပညာအဆင့်ကလေးတွေနဲ့ အဆင့်မြင့်ပညာအတွက် ပညာရေးဝန်ဆောင် မှုတွေ စတင်ပေးနေခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ လစာအနေနဲ့ မပေးနိုင်ခဲ့ပဲ အခုနှစ်မှာ လစာစတင်ပေးတော့မှာဖြစ်ပါတယ်။အရင်နှစ်တွေတုန်းကသင်ကြားရေးဆရာ၊ဆရာမတွေဟာသူတို့ သင်ကြားပေးရတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက်အလိုက် ဝင်ငွေအနည်းအများကွာဟခဲ့ပြီး ရွာငယ်ပြီး ကျောင်းသားနည်းတဲ့ ဆရာ၊ ဆရာမတွေဟာ ဝင်ငွေအလွန်နည်းကာ တလစာ အသုံးစရိတ်ပင် မဖူလုံခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့်ဒီနှစ်မှာ AA ရဲ့ ပညာ
ရေးဌာနအနေနဲ့ ပုံစံပြောင်းပြီးလစာသတ်မှတ်
ချက်တရပ် ပေးဖို့ စီစဉ်လာတာဖြစ်တယ်လို့ AA ရဲ့ ပညာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
◾️သန်လျင်မြို့အနီးငလျင်လှုပ်
ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ
၁ အဆင့်ငလျင်ထပ်လှုပ်သွားပါတယ်။ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေ
အောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန
(MoSLHA)ကထုတ်ပြန်ပါတယ်။ငလျင်ကို လမ်းမတော်မြို့နယ်အပါအဝင် ရန်ကုန်မြို့မှာ ခံစားလိုက်ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဒီငလျင်သတင်းကို ထိုင်းမိုးဇလဌာန(TMD)ကလည်းထုတ်ပြန်ထားပါတယ်။ ဗဟိုပြုလှုပ်ခတ်တဲ့ သန်လျင်မြို့နယ်ထဲကရွာသစ်ကုန်းကျေးရွာဟာ ပဲခူးမြစ်အနီးမှာရှိပါတယ်။
◾️ဖားကန့်မှာမိုးကြီးပြီးရေဘေးကြုံ
မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်
ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။ အေးမြသာယာရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ ယခုတကြိမ်ရေ
ဘေးဟာ ၂၀၂၆ မိုးရာသီမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။
◾️မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်အထိုင်ချပြီး ပြည်သူတွေ ဖမ်းဆီးငွေညစ်နေ
မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ် ၂စီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လ ၇ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက် တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ တောပုပြည်သူ့စစ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အထိုင်စခန်းချလိုက်တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် အရပ်
သားပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို မဖြစ်မနေအသုံးပြုရပါက သတိပြုနေထိုင်ဖို့ သူကတိုက်တွန်းပါတယ်။
◾️စစ်တပ်က နမခ ကိုကာဖို့ဘေးပတ်လည် မြို့ရွာတွေကို ဖျက်ဆီးနေ

👍15😁3❤2
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်တပ်က အရပ်
သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ဒေသခံ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ နမခပတ်ဝန်းကျင်မှာ မုံရွာ၊အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့နယ်တွေရှိနေတာပါ။အဲဒီမြို့နယ်တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းတွေထိုးခဲ့တာကြောင့် လနဲ့ချီပြီး စစ်ရေးတင်းမာနေပါတယ်။လက်ရှိမှာ အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေက ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဇွန်လဆန်းပိုင်းအတွင်း ချောင်းဦးမြို့မှာအဆုံးရွာဆုံးအခြေအနေဖြစ်နေပြီး ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေအနီး စစ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် အိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။သက်ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံ ခြောက်ဦးကိုလည်းသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
◾️မုံရွာမှာစစ်အုပ်စုကဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား၊ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်ပတ်ကာ ဆိုင်ကယ်လိုင်စင်၊ နံပါတ်ပြားနဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း ရှိ၊ မရှိ စတာတွေ အကြောင်းပြပြီး လိုက်လံစစ်ဆေးငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆိုင်ကယ်တွေတင်မကဘဲ မော်တော်ကားတွေလည်း စစ်ဆေးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။
◾️နတ်တလင်းကစစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်မှာ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးနေရာဟာ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ စခန်းအနီးအနားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
■ကန်ပက်လက်နဲ့ မင်းတပ်မြို့ကိုစစ်တပ် ဗုံးကြဲ
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။စစ်တပ်က ချင်းတောင်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့အစည်း အရုံး (CPU/CPA) နဲ့ မဟာမိတ်တွေက ခုခံတိုက်
ခိုက်လျက်ရှိရာ မင်းတပ်မြို့နယ်မှာ ၂ပတ်ကြာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ ကန်ပက်လက်မြို့နယ်မှာလည်း မေလ ၁၈ရက်ကတည်းက တိုက်ပွဲဖြစ်ခဲ့ရာ ၁လနီးပါးကြာမြင့်ပြီ ဖြစ်ပါတယ်။ အခု ဇွန်လမှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်နေတာဖြစ်ပြီး နေ့စဉ်နီးပါးလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ဇွန် ၁၄ရက် ဒီကနေ့မနက်မှာလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို ၄ကြိမ်ထက် မနည်းဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ မနေ့က ဇွန်လ ၁၃ရက်ညနေမှာလည်း စစ်တပ်က မင်းတပ်မြို့နယ် တိုက်နယ် (၁၄) အတွင်း ကျေးရွာ ၁ရွာကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
◾️ရေစကြိုမှာ စျေးကားတွေကို စစ်အုပ်စု ငွေညှစ်နေ
မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က(ဇွန်လ ၁၃ ရက်) မနက် ၉ နာရီခန့်က ရေစကြိုမြို့အဝင် ဘက်စုံခြံအနီးမှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ ဒါ့အပြင် ဈေးကားတစ်စီးကကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူတွေကို တစ်ဦးကို ကျပ် နှစ်သောင်းစီတောင်းယူခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်၊ ကပ်ကျော် ဘုန်း
ကြီးကျောင်းအနီးရှိ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်ကာ လမ်းတလျှောက် လမ်းဘေးဝဲယာတွေမှာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️ကော်သူးလေထူထောင်ရေး အင်တိုက်
အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ် မျိုးဆက်သစ်တွေ မွေးထုတ်သွားကာ ကရင်ပြည် ကော်သူးလေ ထူထောင်ရေးကို အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်း ဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောပါတယ်။ ဒီကနေ့ ဇွန် ၁၄ရက်မှာ ကျရောက်တဲ့ ကော်သူးလေနေ့ (၇၇)

👍19😁3❤1🥰1
နှစ်မြောက် မိန့်ခွန်းမှာ ဥက္ကဋ္ဌက အခုလို တိုက်တွန်းခဲ့တာပါ။ ဒီကနေ့ဟာ ကရင်အမျိုးသားများ ကော်သူးလေအစိုးရ ဖွဲ့စည်းခဲ့တာနဲ့ ကော်သူးလေနေ့ ဖြစ်ပေါ်လာခဲ့တာ (၇၇)နှစ်မြောက် ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေ အနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး လည်ပတ်ကာ ကရင်လူမျိုး များနဲ့ ဒေသခံပြည်သူလူထုများရဲ့ လိုအပ်ချက် နဲ့ အကျိုးကို သယ်ပိုး ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
◾️ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်တာ ကြော်ငြာဖို့ဖွင့်ထားတဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူးပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။ "မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့်မူဝါဒ" အရ TV360 စာမျက်နှာအကြောင်းကို JFM က ဇွန် ၁၂ ရက်မှာ Facebook ဆီကိုတိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီ့နေ့မှာပဲ ဖယ်ရှားလိုက်တာဖြစ်တယ် "လို့ သတင်းထုတ်ပြန်ထားပါတယ်။TV360 ဖေ့စ်ဘွတ်ခ်ကိုMytelက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေတာဖြစ်ပါတယ်။
■နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်
ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ပြည်ပရောက် မြန်မာတွေနဲ့ တော်လှန်ရေးထောက်ခံသူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။နယ်သာလန်ရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်လာရေးနဲ့ မြန်မာပြည်သူတွေ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စုပေါင်းဆုတောင်းခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့အနီးဂယဲဆန်းတောင်
ပေါ်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ရက်မြတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မီးထွန်းဆုတောင်းတဲ့ ဆီမီးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း NUG Support Team Japan က ဦးဆောင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ဆုတောင်းပွဲနဲ့ ဘာသာပေါင်းစုံ စုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
■နှင်းဆီလှုပ်ရှားမှုမှာ ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူတွေပါဝင်နိုင်ဖို့ နှိုးဆော်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ဘေးကင်းတဲ့နည်းလမ်းတွေနဲ့ပါဝင်
ကြဖို့ သပိတ်ခေါင်းဆောင်တွေ ၊သပိတ်အဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ပါတယ်။နှင်းဆီလှုပ်ရှားမှု ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အား
လုံး ပါဝင်လှုပ်ရှားကြမှာဖြစ်ပြီး နှိုးဆော်မှုတွေကိုတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ စကားပြောစက်တွေ နဲ့ အသံလွှင့်နှိုးဆော်နေပါတယ်။ဒါ့အပြင်ဒေသအချို့မှာလည်းကြော်ငြာကပ်တာ၊အသံချဲ့
စက်တွေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ ဆော်ဩနေကြတာပါ။
"စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှု
ထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်
သေပြကြပါစို့။" လို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်း
လွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်ကအတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။
“အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ ဒီလှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်ခေါင်း
ဆောင် ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းပါတယ်။

👍30❤4😁2🥰1
■သုံးသပ်ဆောင်းပါး
အရှေ့အလယ်ပိုင်း၏တိတ်တဆိတ် အပေးအယူ
▪︎ဒုံးကျည်ထက် စျေးကြီးတဲ့ ငြိမ်းချမ်းရေး
-ခါကာဘို ရေးသားသည်။
အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။
ဒါပေမယ့် နိုင်ငံတကာ နိုင်ငံရေးလောကမှာတော့ တချို့သော စစ်ပွဲတွေဟာ စစ်မြေပြင်မှာ မပြီးဆုံးဘဲဘဏ်စာရင်းတွေ၊ ရင်းနှီးမြှုပ်
နှံမှုတွေ၊ လျှို့ဝှက်ဆွေးနွေးပွဲတွေထဲမှာ အ
ဆုံးသတ်သွားတတ်ပါတယ်။
Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ UAE ဟာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ဒေါ်လာဘီလီယံများစွာ ပေးချေခဲ့တယ်ဆိုတဲ့ သတင်းဟာအရှေ့အလယ်ပိုင်းနိုင်ငံရေးလော
ကကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ဒီသတင်း
သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် မေးခွန်းကြီးတစ်ခု ပေါ်လာပါတယ်။
"စစ်ပွဲမှာ ဘယ်သူနိုင်ခဲ့တာလဲ"
UAEဟာအီရန်အပေါ် အတင်းကျပ်ဆုံး သ
ဘောထားကို ကိုင်စွဲခဲ့တဲ့ နိုင်ငံတွေထဲက တစ်
နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးဘက်ကရပ်တည်ခဲ့ပြီး အီရန်ကို ဖိအားပေးတဲ့ မူဝါဒတွေကို ထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် စစ်ပွဲကြီးတကယ်ဖြစ်လာတဲ့အခါ အခြေအနေကပြောင်းလဲသွားပါတယ်။ ဒုံး
ကျည်တစ်စင်း UAE မြို့ကြီးတွေပေါ် ကျရောက်လာမယ်ဆိုရင် ဆုံးရှုံးရမယ့်အရာတွေဟာ စစ်ရေးအခြေစိုက်စခန်းတွေ မဟုတ်ပါဘူး။ဒူဘိုင်းက မိုးမျှော်တိုက်တွေ၊ နိုင်ငံတကာ ဘဏ္ဍာရေးစင်တာတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဒေါ်လာထရီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။
အဲဒီအတွက် UAE က စစ်အနိုင်ထက် တည်
ငြိမ်မှုကို ပိုရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒီသတင်းထဲက စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ အီရန်ကို "ရှုံးနိမ့်သွားတဲ့ နိုင်ငံ" အဖြစ် မမြင်တော့ဘဲ "ညှိနှိုင်းပိုင်ခွင့် ရှိနေသေးတဲ့ နိုင်ငံ" အဖြစ် မြင်လာရတာပါပဲ။
အီရန်ဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ စစ်ရေးဖိအားတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဒေသတွင်းမှာ သူ့ရဲ့ သြဇာကို ဆက်
လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အခုဆိုရင်
UAE လို ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံကတောင် တိုက်ခိုက်မှုမခံရအောင်ဆွေးနွေးညှိနှိုင်းရတဲ့ အနေအထားကို ရောက်လာတယ်လို့ အကဲ
ခတ်သူတွေက မြင်ကြပါတယ်။နိုင်ငံတကာ သမိုင်းကို ပြန်ကြည့်ရင် စစ်ပွဲတွေကို ငွေနဲ့ အဆုံးသတ်ခဲ့တဲ့ ဖြစ်ရပ်တွေ မနည်းပါဘူး။
တစ်ခါတလေ အောင်နိုင်သူဟာ စစ်တပ်အင်အား အများဆုံးသူ မဟုတ်ဘဲ စီးပွားရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုကို ရှောင်နိုင်သူ ဖြစ်နေတတ်ပါတယ်။
UAE အတွက်တော့ ဒေါ်လာဘီလီယံ အနည်း
ငယ် ဆုံးရှုံးရတာဟာဒုံးကျည်တစ်စင်းကြောင့်ဖြစ်လာနိုင်တဲ့ ဘီလီယံပေါင်းများစွာသော ပျက်စီးဆုံးရှုံးမှုထက် ပိုတန်ဖိုးရှိတယ်လို့ တွက်ချက်ခဲ့ပုံရပါတယ်။
ဒီသတင်းက နိုင်ငံတကာ နိုင်ငံရေးမှာ မိတ်
ဆွေနဲ့ ရန်သူဆိုတာ အမြဲတမ်း မတည်မြဲဘူးဆိုတာကို ထပ်မံပြသလိုက်ပါတယ်။မနေ့ က
အပြင်းအထန် ဝေဖန်ခဲ့တဲ့ နိုင်ငံတွေဟာ ဒီနေ့မှာ လျှို့ဝှက်ဆွေးနွေးပွဲ စားပွဲဝိုင်းတစ်ဝိုင်းမှာ အတူထိုင်နေနိုင်ပါတယ်။
နောက်ဆုံးမှာတော့နိုင်ငံတွေဆုံးဖြတ်တာဟာ အယူဝါဒထက်အကျိုးစီးပွား၊မာနထက် လုံ
ခြုံရေး၊ စစ်အောင်ပွဲထက် စီးပွားရေး တည်
ငြိမ်မှုကိုပိုအခြေခံလာကြတာကိုတွေ့ရပါတယ်။
ဒါကြောင့် ဒီသတင်းရဲ့ အဓိကမေးခွန်းက "UAE က အီရန်ကို ငွေပေးခဲ့သလား" ဆိုတာထက် ပိုနက်နဲပါတယ်။ တကယ့်မေးခွန်းကတော့ "ယနေ့ကမ္ဘာမှာ ဒုံးကျည်တွေထက် ငွေက ပိုအစွမ်းထက်လာပြီလား"ဆိုတာပါပဲ။
ကိုးကား- Middle East Eye(base on
Reuters)
(Reuters နှင့် Middle East Eye တို့၏ ဖော်ပြချက်များကို အခြေခံ၍ ရေးသားထားသော သုံးသပ်ဆောင်းပါးဖြစ်ပါတယ်)

👍34❤12🤮4🥰1😁1
ရခိုင်စစ်မျက်နှာပြင်ပို့ခံရတဲ့ ခလရ(၂၃၅)တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးလုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ တပ်သား ၂ဦး ဖွင့်ဟ
ဇွန် -၁၅၊၂၀၂၆။ဖိုးသား/People's Spring
ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ပို့ခံရတဲ့ ခလရ(၂၃၅)တပ်ရင်း တပ်တွင်းမှာ နေ့စဉ်နီးပါး နာရေးတွေလုပ်နေရတယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးက ဖွင့်ဟပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ ခလရ (၂၃၅)တပ်ရင်းက စစ်မှုထမ်းတပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူ တို့ဟာ COBRA ONE Pakokku တပ်ထံ ဇွန်လ ၁၄ ရက်က အလင်း၀င်လာခဲ့တာဖြစ်ပါတယ်။
"ဒီရက်ပိုင်း ရခိုင်ကိုပို့မှာရှိသလို။တပ်တွင်းထဲမှာ ခလရ(၂၃၅)ထဲမှာ ရက်လည်တောင်မပြီးသေးဘူး။နောက်တယောက်က တိုက်ပွဲကြတယ်။Dead Body က ပြန်မရဘူး။အ၀တ်အစားလေးတွေပဲ ဖြန့်ပြီး နာရေးလုပ်ကတယ်။အဲဒီလိုပဲ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေကျနေတယ်"လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီထိုးစစ်ဆင်နေတာရှိသလို ဆောမြို့နယ်ကတဆင့် ချင်း-ရခိုင်ဆက်သွယ်ရေးလမ်းပိုင်းကို ဖြတ်တောက်ဖို့ စစ်ကြောင်းထိုးနေပါတယ်။
စစ်တပ်က တပ်သားသစ်တွေကို ရှေ့တန်းမပို့မီ မူးယစ်ဆေးဝါးအလွယ်တကူသုံးခွင့်ရဖို့ တပ်တွင်း ဖြန့်ဝေမှုတွေရှိတယ်လို့လည်း တပ်မ(၁၀၁)က ထွက်ပြေးလာသူတွေက ထွက်ဆိုပါတယ်။
"မေလ ၂၃ ရက်က ထွက်ပြေးလာတဲ့ ခလရ ၂၅၂ ရော အခု ၂၃၅ က တပ်သားတွေ ပြောတာကတော့ တပ်တွင်းမှာ မူးယစ်ဆေးဝါးဖြန့်တာတွေရှိတယ်"လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက ပြောပါတယ်။
စစ်တပ်က တပ်အင်အားပြုန်းတီးမှုတွေကြောင့် ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး အတင်းအကြပ်သင်တန်းပေးပြီးရှေ့တန်းလွှတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာလုပ်ကိုင်နေထိုင်ကြဖို့လည်း သတိပေးပါတယ်။
"အခုနှစ်ယောက်မှာ တစ်ယောက်က အလုပ်ကအပြန်အဆွဲခံရတာ။ဟသ်ာတမြို့က။ပစ ကတော့ အပတ်စဉ် ၂၃။ အိမ်ထဲမှာ အဆွဲခံရတာ။သူက ပဲခူးမြို့က ။တိုက်ရိုက်ချိတ်ဆက်ပြီး ကျွန်တော်တို့ဆီ၀င်လာတာ"လို့ COBRA ONE Pakokku တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ်(၂၅)အထိ ရောက်နေပြီဖြစ်ပါတယ်။

👍40👏8❤6🥴4💯2🖕1👻1