■ရသစာတမ်းငယ်
"အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ”
◼️မြရဲလွင် (ဝေးလွင့်ငှက်)
အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …
အမှားကို အမှားလို့ သိခွင့်မရနိုင်မည့် ပညာရေးစနစ်က ကြီးထွားလာမည့် လူငယ်လေးတွေဟာ နိုင်ငံအတွက် ဘယ်လောက်ထိ အကျိုးပြုနိုင်မှာလဲ … ချည့်နဲ့လို့ အားမရှိတော့တဲ့ အမိနိုင်ငံတော်ကြီးအတွက် စစ်မှန်တဲ့ ပညာရေး စနစ်ဟာ သိပ်ကို အရေးကြီးတယ်မဟုတ်လား …
ဒီနိုင်ငံဟာ အနာဂတ်ကို မျိုးဆက်သစ် လူငယ်လေးတွေနဲ့အတူ ကောင်းမွန်ပြီး လှပတဲ့ ခရီးရှည်ကြီး ထွက်ရဦးမယ် …
အာဏာပေါ်မှာ တပ်မက်ရူးသွပ်ခြင်းဟာ သိပ်ကိုကြောက်စရာကောင်းတယ် … အာဏာရူးတဲ့ ခေါင်းဆောင်ဟာ ပေါရိသာဒထက်ကို ကြောက်ဖို့ကောင်းလှတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရမယ်လို့ မတွေးမိခဲ့ဘူး … အခု ငါတို့တွေ့ရပြီ၊ ခေတ်သစ် ပေါရိသာဒကိုပေါ့၊ သိပ်ကို ကြောက်စရာကောင်းတယ် …
ကလေးငယ်တွေအတွက် ရသင့်ရထိုက်တဲ့ မှန်ကန် တည့်မတ် ကောင်းမွန်တဲ့ ပညာရေးစနစ်ကြီးကို ဝါးမျိုခြင်း၊
အမှောင်ဘက်ကို ဆွဲခေါ်ခြင်း … တကြိမ်တည်းနဲ့ မျိုးဆက်သစ်လူငယ်များစွာရဲ့ ဦးခေါင်းကို ဖြတ်တောက်ပြီး အာဏာမြဲဖို့ ယဇ်ပူဇော်မှု … ပေါရိသာဒကမှ ဆရာကောင်းနဲ့တွေ့ပြီး ဆရာကောင်းမိတ်ကောင်းစကားကို နားထောင်ပြီး လမ်းမှန်ရောက်ခဲ့ပါသေးရဲ့ …
အာဏာရူးတွေကို လမ်းမှန်ရောက်ဖို့ ခေတ်သစ် သုတသောမတွေ လိုအပ်လှတယ် … သူတော်ကောင်းတွေနဲ့သာ ထိုက်တဲ့ မွန်မြတ်လှတဲ့ သင်္ကန်းတွေဟာလည်း မုဆိုးတွေနဲ့ မလိုက်ဖက်လှဘူး … နေဝင်ချိန်တိုင်းဟာ နိုင်ငံသားတိုင်းကို ကမ္ဘာ့အလယ်မှာ မျက်နှာမညှိုးငယ်ရအောင် ဆောင်ကြဥ်းနိုင့်မည့်၊ အာဏာရှင်ကို ဖျက်ဆီးနိုင်မည့် နေဝင်ဆည်းဆာအချိန်အခါသာဖြစ်ဖို့ လိုအပ်ပါတော့သည်။
မင်းဆိုးမင်းညစ်တို့ ကခုန်ပျော်ပါးကြတဲ့အခါ ပြည်သူတွေသည်သာ ခါးကော့အောင် အနင်းခံကြရသည်သာ … ခေတ်သစ်ပေါရိသာဒ … ဘယ်မှာလဲ ခေတ်သစ် သုတသောမ၊ စာသင်ခန်းထဲက ကလေးတွေရဲ့ခေါင်းနဲ့ လူ့အဖွဲ့အစည်းတရပ်လုံးကို ဖျက်စီးမည့် ယဇ်ပူဇော်မှုတွေ၊ ဒါဟာအမှောင်ဘက်ခြမ်းပဲ …
နေဝင်သွားခြင်းက မှောင်မိုက်ခြင်းအစစ် မဟုတ်ဘူး၊ နိုင်ငံတခုရဲ့ လှပခြင်း ဖွံ့ဖြိုးခြင်းကို အဓိက ကျားကန်ထားတဲ့ ပညာရေးမရှိသည်ကသာ စစ်မှန်တဲ့ မှောင်မိုက်ခြင်း။ အဲ့ဒီအတွက် အောင်မြေမလိုဘူး … အမှောင်ဘက်ခြမ်းဟာ အောင်မြေနင်းစရာမလိုဘူး၊ သိပ်ကိုကြောက်စရာကောင်းတယ် …
မတလုံးဖြုတ်လိုက်ရုံနဲ့ ကမ္ဘာဟာ ပျက်စီးနိုင်တယ်လို့ ထင်လား၊ မရှိသင့်တဲ့နေရာမှာ မတလုံး အစားဝင်လာခြင်းကကော နိုင်ငံကို ခြောက်ခြားသွားစေနိုင်တာပဲ။
ရှိသင့်ရှိထိုက်တဲ့ တကယ်ဖြစ်ခဲ့ တကယ်ရှိခဲ့တဲ့ အမှန်တရားတွေရဲ့ရှေ့မှာ မတလုံးတပ်ပြီး ဝါဒမှိုင်းဖြန့်ခြင်းက အထိနာခြင်းဆိုတာထက် ပိုတယ် … ဒါပေမယ့် ခုတော့ မရတော့ဘူး … ဒီနေအကွယ်မှာ အာဏာရှင်ဟာလည်း တဖြည်းဖြည်းမှုန်ဝါး ပျောက်ကွယ်သွားရမယ် …
လူးသားစားခြင်းထက် ပိုကြောက်စရာကောင်းတဲ့ အာဏာယစ်မှု … စက်ဆုပ်ဖွယ်ကောင်းတဲ့ အာဏာယစ်မှုဟာ အချိန်ကြာကြာ တည်မြဲခြင်းမရှိလေ နိုင်ငံကောင်းလေပါပဲ …။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မြရဲလွင် (ဝေးလွင့်ငှက်)' ရေးဖွဲ့တဲ့ "အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,155 followers · 311 talking about this. News & media website
👍25❤5🤮2
■ကဗျာ
'မြစ်သေ’
◼️ဓီရ်ခေတ်အိမ်
ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။
လေးဘက်လေးလံက
ရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်
ဖြေဖျားနဲ့ထိုးဖွလိုက်
စကြာဝဌာထဲမှာ
ထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊
တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူး
ငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊
ပြာတွေနဲ့အတူကြွေကျသွားတုန်းက
ငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊
မြို့ပြက သွေးကြွေးမချန်ဘူး
ငါမရီနိုင်ဘူး
ငါမပြုံးနိုင်ဘူး
အိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီ
ငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊
ငါ့ညနေခင်းတွေအသံမပါတော့ဘူး
ငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့
ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲ
ငါ့လက်ခုတ်သံအကျယ်ဆုံးပဲ
ဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူး
ဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲ
ပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာ
စီးကရက်တွေကိုငါမီးညှိတယ်
Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့
သီချင်းတွေကိုဖွင့်ထားပြီး
လမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်
ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကို
ဘီယာအဖြစ်ပြောင်းပေးဖို့
ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်
မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာ
ငါ့လိုနာရီဝက်နေနိုင်ရင်
ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်
ဒီလိုဆိုတော့လည်း
ကိုယ့်တာဝန်ကိုယ်မယူနိုင်တာ
ရန်ကုန်တခုတည်းမဟုတ်ဘူး
ယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲ
သို့မဟုတ် မင်းလဲပစ် ငါလဲပစ်
အာဏာရှင်တွေကို အမြစ်ဖြတ်ပစ်လို့
ငါစတေးတပ်တကြောင်းရေးတင်မယ်
ငါတို့တော်လှန်ရေးက
အာနည်းနည်းချောင်ပြီး
ဖင်နည်းနည်းယားတယ်
ဖြာထွက်နိုင်သလောက်ပွင့်ပြခဲ့တဲ့
ပန်းတွေအကြောင်းသီကြွေးဖို့
မင်းရောငါရောတာဝန်ရှိတယ်
ဒါပေမယ့် ရောက်မလာသေးတဲ့
ဇာတ်ဝင်ခန်းတွေကိုမျှော်နေတုန်း
လှေကားတွေထပ်ရှည်လာတုန်း
အဆုံးအဆမဲ့ ငါပြုတ်ကျနေတုန်း
ကားတွေကြားထဲကနေ
တောအုပ်တခုထဲရောက်လာ
လူတွေသေနေတယ်
ဒီမြင်ကွင်းတွေကို
ငါမအံ့ဩတာ အံ့ဩဖို့ကောင်းတယ်
ဆဲဆိုသံတွေကြားကနေ
ကျေးလက်မြင်ကွင်းတခုကို ငါတွေ့တယ်
ငါစီးဆင်းတယ်
ငါရပ်တန့်တယ်
မြစ်သေတွေအများကြီးစီးကြောင်းတခုမှာ
စီးဆင်းတယ်။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဓီရ်ခေတ်အိမ်' ရေးဖွဲ့တဲ့ "မြစ်သေ"ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

❤20👍7🤮2
နှင်းဆီလှုပ်ရှားမှုမှာ ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူတွေပါဝင်နိုင်ဖို့ နှိုးဆော်
ဇွန်-၁၄၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ဘေးကင်းတဲ့နည်းလမ်းတွေနဲ့ပါဝင်
ကြဖို့ သပိတ်ခေါင်းဆောင်တွေ ၊သပိတ်အဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ပါတယ်။
နှင်းဆီလှုပ်ရှားမှု ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှားကြမှာဖြစ်ပြီး နှိုးဆော်မှုတွေကို
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ စကားပြောစက်တွေ နဲ့ အသံလွှင့်နှိုးဆော်နေပါတယ်။ဒါ့အပြင်ဒေသအ
ချို့မှာလည်းကြော်ငြာကပ်တာ၊အသံချဲ့စက်
တွေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ ဆော်ဩနေကြတာပါ။
"စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှု
ထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်
သေပြကြပါစို့။" လို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်း
လွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။
“အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ ဒီလှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်ခေါင်း
ဆောင် ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုကို ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံ
ရေးအခြေအနေအပေါ် မူတည်ပြီး ပါဝင်ပေးကြဖို့ သပိတ်အဖွဲ့တွေက သတိပေးထားပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အ
သက် ၈၁ နှစ် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဇွန် ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "နှင်းဆီလှုပ်
ရှားမှု" ၊ "ROSE Movement: Roses of Hope" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို လူစည်ကားရာနေရာတွေမှာကပ်ကာ တိုက်
တွန်းလှုံ့ဆော်ခဲ့တာပါ။

❤35👍8🤮2🥰1🕊1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️PDF တွေ မန္တလေးတိုင်းမှာစစ်ရေးဖော်ဆောင်မှု ခလရ(၄)တပ်ရင်းမှူးဗိုလ်မှူးနေထွန်းအောင် သေဆုံး
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကမန္တလေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ခဲ့မှုများကို PDF တပ်မတော်ကဒီကနေ့မှာထုတ်ပြန်ခဲ့ရာ မေလ နဲ့ ဇွန်လပထမပတ်အတွင်း PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းမှူး ၁ဦးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးသတင်းများကို ထုတ်ပြန်ခဲ့ရာမေလနဲ့ ဇွန်လ ပထမပတ်အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၁၈ဦးသေဆုံးကာဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းဖော်ပြပါတယ်။
အဲဒီအထဲမှာ ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄)တပ်
ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ်အောင်ဇော်ဇော်တို့ကို မန္တလေးတိုင်းအတွင်း တနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ပါတယ်။သေဆုံးသွားတဲ့စစ်ကောင်စီတပ်ရင်း
မှူးရဲ့ ပြန်တမ်းဝင်အမှတ်ကိုလည်း အသိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
◾️ရခိုင်မှာ AA ကကျောင်းဆရာ၊ဆရာမတွေကိုလစာပေးတော့မယ်
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်၀မြို့
နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ AA ဟာ သူတို့ထိန်းချုပ်ရာဒေ
သတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ကနေစပြီး အခြေ ခံပညာအဆင့်ကလေးတွေနဲ့ အဆင့်မြင့်ပညာအတွက် ပညာရေးဝန်ဆောင် မှုတွေ စတင်ပေးနေခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ လစာအနေနဲ့ မပေးနိုင်ခဲ့ပဲ အခုနှစ်မှာ လစာစတင်ပေးတော့မှာဖြစ်ပါတယ်။အရင်နှစ်တွေတုန်းကသင်ကြားရေးဆရာ၊ဆရာမတွေဟာသူတို့ သင်ကြားပေးရတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက်အလိုက် ဝင်ငွေအနည်းအများကွာဟခဲ့ပြီး ရွာငယ်ပြီး ကျောင်းသားနည်းတဲ့ ဆရာ၊ ဆရာမတွေဟာ ဝင်ငွေအလွန်နည်းကာ တလစာ အသုံးစရိတ်ပင် မဖူလုံခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့်ဒီနှစ်မှာ AA ရဲ့ ပညာ
ရေးဌာနအနေနဲ့ ပုံစံပြောင်းပြီးလစာသတ်မှတ်
ချက်တရပ် ပေးဖို့ စီစဉ်လာတာဖြစ်တယ်လို့ AA ရဲ့ ပညာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
◾️သန်လျင်မြို့အနီးငလျင်လှုပ်
ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ
၁ အဆင့်ငလျင်ထပ်လှုပ်သွားပါတယ်။ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေ
အောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန
(MoSLHA)ကထုတ်ပြန်ပါတယ်။ငလျင်ကို လမ်းမတော်မြို့နယ်အပါအဝင် ရန်ကုန်မြို့မှာ ခံစားလိုက်ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဒီငလျင်သတင်းကို ထိုင်းမိုးဇလဌာန(TMD)ကလည်းထုတ်ပြန်ထားပါတယ်။ ဗဟိုပြုလှုပ်ခတ်တဲ့ သန်လျင်မြို့နယ်ထဲကရွာသစ်ကုန်းကျေးရွာဟာ ပဲခူးမြစ်အနီးမှာရှိပါတယ်။
◾️ဖားကန့်မှာမိုးကြီးပြီးရေဘေးကြုံ
မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်
ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။ အေးမြသာယာရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ ယခုတကြိမ်ရေ
ဘေးဟာ ၂၀၂၆ မိုးရာသီမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။
◾️မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်အထိုင်ချပြီး ပြည်သူတွေ ဖမ်းဆီးငွေညစ်နေ
မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ် ၂စီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လ ၇ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက် တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ တောပုပြည်သူ့စစ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အထိုင်စခန်းချလိုက်တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် အရပ်
သားပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို မဖြစ်မနေအသုံးပြုရပါက သတိပြုနေထိုင်ဖို့ သူကတိုက်တွန်းပါတယ်။
◾️စစ်တပ်က နမခ ကိုကာဖို့ဘေးပတ်လည် မြို့ရွာတွေကို ဖျက်ဆီးနေ

👍15😁3❤2
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်တပ်က အရပ်
သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ဒေသခံ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ နမခပတ်ဝန်းကျင်မှာ မုံရွာ၊အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့နယ်တွေရှိနေတာပါ။အဲဒီမြို့နယ်တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းတွေထိုးခဲ့တာကြောင့် လနဲ့ချီပြီး စစ်ရေးတင်းမာနေပါတယ်။လက်ရှိမှာ အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေက ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဇွန်လဆန်းပိုင်းအတွင်း ချောင်းဦးမြို့မှာအဆုံးရွာဆုံးအခြေအနေဖြစ်နေပြီး ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေအနီး စစ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် အိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။သက်ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံ ခြောက်ဦးကိုလည်းသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
◾️မုံရွာမှာစစ်အုပ်စုကဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား၊ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်ပတ်ကာ ဆိုင်ကယ်လိုင်စင်၊ နံပါတ်ပြားနဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း ရှိ၊ မရှိ စတာတွေ အကြောင်းပြပြီး လိုက်လံစစ်ဆေးငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆိုင်ကယ်တွေတင်မကဘဲ မော်တော်ကားတွေလည်း စစ်ဆေးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။
◾️နတ်တလင်းကစစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်မှာ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးနေရာဟာ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ စခန်းအနီးအနားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
■ကန်ပက်လက်နဲ့ မင်းတပ်မြို့ကိုစစ်တပ် ဗုံးကြဲ
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။စစ်တပ်က ချင်းတောင်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့အစည်း အရုံး (CPU/CPA) နဲ့ မဟာမိတ်တွေက ခုခံတိုက်
ခိုက်လျက်ရှိရာ မင်းတပ်မြို့နယ်မှာ ၂ပတ်ကြာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ ကန်ပက်လက်မြို့နယ်မှာလည်း မေလ ၁၈ရက်ကတည်းက တိုက်ပွဲဖြစ်ခဲ့ရာ ၁လနီးပါးကြာမြင့်ပြီ ဖြစ်ပါတယ်။ အခု ဇွန်လမှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်နေတာဖြစ်ပြီး နေ့စဉ်နီးပါးလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ဇွန် ၁၄ရက် ဒီကနေ့မနက်မှာလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို ၄ကြိမ်ထက် မနည်းဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ မနေ့က ဇွန်လ ၁၃ရက်ညနေမှာလည်း စစ်တပ်က မင်းတပ်မြို့နယ် တိုက်နယ် (၁၄) အတွင်း ကျေးရွာ ၁ရွာကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
◾️ရေစကြိုမှာ စျေးကားတွေကို စစ်အုပ်စု ငွေညှစ်နေ
မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က(ဇွန်လ ၁၃ ရက်) မနက် ၉ နာရီခန့်က ရေစကြိုမြို့အဝင် ဘက်စုံခြံအနီးမှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ ဒါ့အပြင် ဈေးကားတစ်စီးကကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူတွေကို တစ်ဦးကို ကျပ် နှစ်သောင်းစီတောင်းယူခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်၊ ကပ်ကျော် ဘုန်း
ကြီးကျောင်းအနီးရှိ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်ကာ လမ်းတလျှောက် လမ်းဘေးဝဲယာတွေမှာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️ကော်သူးလေထူထောင်ရေး အင်တိုက်
အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ် မျိုးဆက်သစ်တွေ မွေးထုတ်သွားကာ ကရင်ပြည် ကော်သူးလေ ထူထောင်ရေးကို အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်း ဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောပါတယ်။ ဒီကနေ့ ဇွန် ၁၄ရက်မှာ ကျရောက်တဲ့ ကော်သူးလေနေ့ (၇၇)

👍19😁3❤1🥰1
နှစ်မြောက် မိန့်ခွန်းမှာ ဥက္ကဋ္ဌက အခုလို တိုက်တွန်းခဲ့တာပါ။ ဒီကနေ့ဟာ ကရင်အမျိုးသားများ ကော်သူးလေအစိုးရ ဖွဲ့စည်းခဲ့တာနဲ့ ကော်သူးလေနေ့ ဖြစ်ပေါ်လာခဲ့တာ (၇၇)နှစ်မြောက် ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေ အနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး လည်ပတ်ကာ ကရင်လူမျိုး များနဲ့ ဒေသခံပြည်သူလူထုများရဲ့ လိုအပ်ချက် နဲ့ အကျိုးကို သယ်ပိုး ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
◾️ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်တာ ကြော်ငြာဖို့ဖွင့်ထားတဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူးပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။ "မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့်မူဝါဒ" အရ TV360 စာမျက်နှာအကြောင်းကို JFM က ဇွန် ၁၂ ရက်မှာ Facebook ဆီကိုတိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီ့နေ့မှာပဲ ဖယ်ရှားလိုက်တာဖြစ်တယ် "လို့ သတင်းထုတ်ပြန်ထားပါတယ်။TV360 ဖေ့စ်ဘွတ်ခ်ကိုMytelက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေတာဖြစ်ပါတယ်။
■နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်
ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ပြည်ပရောက် မြန်မာတွေနဲ့ တော်လှန်ရေးထောက်ခံသူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။နယ်သာလန်ရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်လာရေးနဲ့ မြန်မာပြည်သူတွေ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စုပေါင်းဆုတောင်းခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့အနီးဂယဲဆန်းတောင်
ပေါ်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ရက်မြတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မီးထွန်းဆုတောင်းတဲ့ ဆီမီးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း NUG Support Team Japan က ဦးဆောင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ဆုတောင်းပွဲနဲ့ ဘာသာပေါင်းစုံ စုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
■နှင်းဆီလှုပ်ရှားမှုမှာ ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူတွေပါဝင်နိုင်ဖို့ နှိုးဆော်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ဘေးကင်းတဲ့နည်းလမ်းတွေနဲ့ပါဝင်
ကြဖို့ သပိတ်ခေါင်းဆောင်တွေ ၊သပိတ်အဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ပါတယ်။နှင်းဆီလှုပ်ရှားမှု ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အား
လုံး ပါဝင်လှုပ်ရှားကြမှာဖြစ်ပြီး နှိုးဆော်မှုတွေကိုတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ စကားပြောစက်တွေ နဲ့ အသံလွှင့်နှိုးဆော်နေပါတယ်။ဒါ့အပြင်ဒေသအချို့မှာလည်းကြော်ငြာကပ်တာ၊အသံချဲ့
စက်တွေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ ဆော်ဩနေကြတာပါ။
"စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှု
ထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်
သေပြကြပါစို့။" လို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်း
လွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်ကအတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။
“အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ ဒီလှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်ခေါင်း
ဆောင် ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းပါတယ်။

👍30❤4😁2🥰1