People's Spring
✔
59.5K subscribers
72.2K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😢39🔥3🤬3❤1
PDF တွေ မန္တလေးတိုင်းမှာစစ်ရေးဖော်ဆောင်မှု ခလရ(၄)တပ်ရင်းမှူးဗိုလ်မှူးနေထွန်းအောင် သေဆုံး

တတက (၁၃)ကျောင်းအုပ်ကြီးနဲ့ အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

ဇွန် ၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က မန္တလေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ခဲ့မှုများကို PDF တပ်မတော်က ဒီကနေ့ ဇွန်လ ၁၄ရက်မှာ ထုတ်ပြန်ခဲ့ရာ မေလနဲ့ ဇွန်လပထမပတ်အတွင်း PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ရင်းမှူး ၁ဦးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးသတင်းများကို ထုတ်ပြန်ခဲ့ရာမေလနဲ့ ဇွန်လ ပထမပတ်အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၁၈ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီအထဲမှာ ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄)တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ်အောင်ဇော်ဇော်တို့ကို မန္တလေးတိုင်းအတွင်း တနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူးရဲ့ ပြန်တမ်းဝင်အမှတ်ကိုလည်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းမှတဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်သို့ ဦးတည် ထိုးစစ် ဆင်လျက်ရှိသော စစ်တပ် စစ်ကြောင်းတွေကို PDF တပ်တွေနဲ့ မဟာမိတ် တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ရဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ ဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို သူ့နေရာ အစားထိုးတာဝန်ယူတဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနဲ့ စစ်တပ် ဒရုန်းအဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့ရာ ဒုတပ်မဟာမှူးလည်း ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုကို အသိပေးထားရာ စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း အသိပေးပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း PDF တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့လက်နက်ခဲယမ်း တင် မော်တော်ယာဉ် နှစ်စင်း မီးလောင်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ကြောင်း အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမကြဖို့ PDF တပ်မတော် က မေတ္တာရပ်ခံထားပါတယ်။


(မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု မြင်ကွင်းများ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)
👍48❤10🥴2🥰1👏1🖕1
👍44❤6👻3🥰2🖕1
မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေ

ဇွန် ၁၄၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား၊ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်ပတ်ကာ ဆိုင်ကယ်လိုင်စင်၊ နံပါတ်ပြားနဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း ရှိ၊ မရှိ စတာတွေ အကြောင်းပြပြီး လိုက်လံစစ်ဆေးငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

"ကင်းပတ်ပြီး လိုက်စစ်နေတာ။ မုံရွာတက္ကသိုလ် ဘုရားကြီးရှေ့ ကျောက္ကာလမ်းပေါ်မှာဆိုရင် နေ့တိုင်းရှိတယ်။ ကင်းပတ်နေတာလည်း တွေ့ရတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်တွေတင်မကဘဲ မော်တော်ကားတွေလည်း စစ်ဆေးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ စစ်ဆေးငွေညှစ်မှုတွေကြောင့် ဆိုင်ကယ်နဲ့ သွားလာအသုံးပြုနေရတဲ့ လက်လုပ်လက်စား အခြေခံအလုပ်သမားတွေ အလုပ်သွားဖို့အတွက် အခက်အခဲဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ လူငယ်တွေ၊ အလုပ်သမားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် လုပ်ငန်းတွေ အချိန်စောဆင်းရတာ၊ ရပ်နားလိုက်ရတာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

(မုံရွာမြို့အဝင် စစ်​ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
🤬40❤7👎1👏1🤔1🤮1
🤬31❤3🖕3👎1🔥1🤮1
ဖားကန့်မှာ မိုးကြီးပြီး ရေဘေးကြုံ

ဇွန်-၁၄၊၂၀၂၆။စိုင်းနော်/People's Spring

မိုးရာသီရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ၃ရက်ခန့်မိုးကြီးပြီးတဲ့နောက် ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

အေးမြသာယာရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ ယခုတကြိမ်ရေဘေးဟာ ၂၀၂၆ မိုးရာသီမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။

" နှစ်ထပ်အိမ်တွေဆိုအိမ်အောက်ဖက်တွေနေလို့မရတာတွေဖြစ်တယ်။ သူတို့ကတော့ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘေးလွတ်ရာကိုသွားနေကြရတယ်။ မိုးကမရပ်သေးဘူး။ ပိုဆိုးလာရင်တော့ ရေဘေးစခန်းဖွင့်ရမှာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အထက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လဆန်းကစတင်ပြီး မိုကြီးခဲ့တာကြောင့် မေခနဲ့ မလိခမြစ်ရေများပြီး ဧရာဝတီမြစ်ရေလည်းမြင့်တက် လာပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။


(ဖားကန့်မြို့မှာ မိုးများပြီး ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍30🔥4😢3❤1
👍25😱12😢3👎2🔥2
စစ်တပ်က နမခ ကိုကာဖို့ဘေးပတ်လည်
မြို့ရွာတွေကို ဖျက်ဆီး​နေ

ဇွန်-၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်
သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

နမခပတ်ဝန်းကျင်မှာ မုံရွာ၊အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့နယ်တွေရှိနေတာပါ။အဲဒီမြို့နယ်တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းတွေထိုးခဲ့တာ​ကြောင့် လနဲ့ချီပြီး စစ်ရေးတင်းမာနေပါတယ်။

"နမခရဲ့ ပတ်ပတ်လည်ကို ဒီကောင်တွေ ပိုအားထည့်နေတယ်။ အင်အားတော်တော်သုံးထားတယ်။ရွာတွေဖျက်၊ မြို့ဖျက်လုပ်နေတာပါ" လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေက ဒေ
သခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဇွန်လဆန်းပိုင်းအတွင်း ချောင်းဦးမြို့မှာအဆုံးရွာဆုံးအခြေအနေဖြစ်နေပြီး ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေအနီး စစ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် အိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။သက်
ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံ ခြောက်ဦးကိုလည်းသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ချောင်းဦးမြို့နယ်က ဆင်မြေ၊မှန်ချို၊ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို စစ်တပ်က ဇွန်လဆန်းမှာ ကားတွေနဲ့ ချောင်းဦးမြို့ ၊ထွေအုပ်ရုံးထဲကို ခိုးယူသယ်ယူပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၆ ဦးထက်မနည်းကိုပါသတ်ဖြတ်သွားတယ်လို့ ‌ ဒေသခံ တွေဆီက ပြောပါတယ်။

ဒါ့အပြင် ဘုတလင်မြို့နယ်၊အ ရှေ့မြောက်ခြမ်းကို စစ်တပ်က ဇွန် လ ၁၂ ရက် ​နေ့လယ်မှာလေယာဉ် ၇စီးနဲ့ဗုံးကြဲခဲ့တာ​ကြောင့်​တော်လှန်​ရေးရဲဘော်၁ဦး ကျဆုံးကာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ဇွန် ၁၁ရက်မှာ စစ်တပ်က ကင်း​ထောက်​လေယာဥ်နဲ့ ​​ထောက်လှမ်းပြီး ဇွန် ၁၂ ရက်မှာ စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာပါ။

ကနီ နဲ့ အရာတော်မြို့နယ်​တွေကိုလည်း ပြီးခဲ့တဲ့မေလမှာ မြေပြင်ကနေစစ်ကြောင်းထိုးပြီး လေကြောင်းကနေဗုံးကြဲလို့အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒေသခံတွေဟာ တောင်ယာတွေနဲ့ စစ်ကြောင်းနဲ့ဝေးတဲ့နေရာတွေမှာတိမ်းရှောင်နေရတာ သုံးလကျော်လာပြီဖြစ်ပါတယ်။

"နမခဘေးက တနယ်လုံးမှာစစ်ရှောင်နေရတာ သုံးသောင်း၊ ​လေးသောင်းမကဘူး။ စစ်
ကြောင်းတွေက ရက်ရက်စက်စက်သတ်ဖြတ်တာဆိုတော့ လွတ်အောင်ပြေးနေကြရတာ"လို့ ကနီမြို့ခံတစ်ဦးကပြောပါတယ်။

ချောင်းဦးမြို့ကိုရောက်ရှိနေတဲ့စစ်တပ်စစ်
ကြောင်းတွေဟာ ပြီးခဲ့တဲ့ဧပြီလမှာ ဘုတလင်မြို့ကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပြီး တော်လှန်
ရေးတပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်
ခွာသွားတဲ့စစ်ကြောင်းဖြစ်ပါတယ်။

"အခုရောက်နေတဲ့စစ်ကြောင်းတွေမှာ စစ်မှု
ထမ်းသင်တန်းဆင်းတွေအများကြီးပါတယ်။ အဲ့ဒီပစ တွေက တိုက်ပွဲမှာထိပြီဆိုတာနဲ့ သွေး
ရူးသွေးတန်းပြေးတာပဲ။လက်နက်ချအလင်း
ဝင်တာတွေလည်းရှိတယ်။ဒါပေမယ့် အရပ်
သားတွေကိုစီးနင်းတိုက်ခိုက်ရာမှာတော့ တော်
တော်သွေးဆာတဲ့ကောင်တွေဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်ရက်စက်
စက်ကျူးလွန်တာတွေများတယ်"လို့ ချောင်းမြို့က တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တိုက်ပွဲသတင်းတွေကိုတော်လှန်ရေးတပ်တွေကအသေးစိတ်မထုတ်ပြန်ပေမယ့် စစ်ရေးတင်းမာနေတဲ့အနေအထားတွေကြောင့် ဒေ
သခံတွေ လုံခြုံရေးသတိရှိကြဖို့နဲ့၊ စစ်တပ်စစ်ကြောင်းနဲ့ဝေးရာမှာနေထိုင်ကြဖို့သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကနေ ဇွန်လအထိ နှစ်လခန့်အတွင်း အထင်ရှားဆုံးတိုက်ပွဲကတော့ ဘုတလင်းမြို့နဲ့ဆက်စပ်နေတဲ့စိုင်ပြင်မြို့ထဲကရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၁)
ရွှေဘိုခရိုင် စစ်ဌာနကဦးဆောင်ပြီး Operation OTT စစ်ဆင်ရေးအဖြစ် မေလ၁၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး မေလ၁၆ရက်မနက်မှာ အပြီးသတ်သိမ်းပိုက် ဖျက်ဆီးခဲ့တာပါ။

Operation OTT စစ်ဆင်ရေးဆိုတာက ၂၀၂၅ မေလ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကိုတပ်က လေ
ကြောင်းတိုက်ခိုက်လို့ ​ကျောင်းသား​ကျောင်းသူနဲ့ဆရာမ စုစု​ပေါင်း ၃၀ နီးပါးသေ
ဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စစ် ဆင်ရေးပြန်လည်ဖော်ဆောင်တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း တွေလည်း သိမ်
းဆည်းနိုင်ခဲ့တယ်လို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနသတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်မှာ စုစုပေါင်းတိုင်းစစ်ဌာနချုပ်၁၄ခုရှိပါတယ်။ ရခိုင်ပြည်နယ်မှာအခြေစိုက်တဲ့အ
နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိထိန်းချုပ်ထားပါတယ်။
🤬40❤4👍3👏3👎1
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာအ
ခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
(ရမခ)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၅ ဧပြီလမှာတော့ တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ MNDAAက မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ လားရှိုးမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးလိုက်လို့ လက်ရှိမှာ အ
ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာရှိသလို ကာကင်းစခန်းတွေကိုလည်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ MNDAAနဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရမခ ကိုသိမ်းယူတဲ့တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

MNDAAက စစ်တပ်ထံပြန်လည်လွှဲအပ်ပြီးနောက်ပိုင်း နမခတိုင်းမှူးအနေနဲ့ စစ်တပ်ကပြန်ခန့်ထားတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ နမခ ဘေးပတ်ဝန်းကျင်က မြို့တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅အောက်တိုဘာလ၆ရက်နေ့(သီတင်း
ကျွတ်လပြည့်ည)က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေက ဘုရားကို ဆီမီးကပ်ရင်း ဆီမီးသပိတ်ပြုလုပ်နေတာကို နမခက တက်လာတဲ့ စက်တပ်​လေထီးဗုံးကြဲခဲ့လို့ ကလေးငယ်တွေပါဝင်အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပါတယ်။
🤬38❤8👎1🔥1🖕1
စစ်တပ်က ​ချောင်းဦးမြို့နယ်အတွင်း​ကျေးရွာ​တွေကိုမီူရှို့ဖျက်ဆီးထားမှု ။
ဓါတ်ပုံ-​ဒေသခံ
🤬39😢6👎3👏2
ရခိုင်မှာ AA က ကျောင်းဆရာ၊ ဆရာမတွေကို လစာပေးတော့မယ်

ဇွန် ၁၄၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

AA ဟာ သူတို့ထိန်းချုပ်ရာဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ကနေစပြီး အခြေခံပညာအဆင့်ကလေးတွေနဲ့ အဆင့်မြင့်ပညာအတွက် ပညာရေးဝန်ဆောင်မှုတွေ စတင်ပေးနေခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ လစာအနေနဲ့ မပေးနိုင်ခဲ့ပဲ အခုနှစ်မှာ လစာစတင်ပေးတော့မှာဖြစ်ပါတယ်။

“အရင်ကတော့ ကိုယ့်သင်ရတဲ့ကျောင်းသူ၊ ကျောင်းသားတွေဆီကနေ လစဉ်ပိုက်ဆံကောက်ပြီး ယူကြတယ်။ ဒီနှစ် ကျတော့ အဲဒီလိုမဟုတ်တော့ဘဲ တပြေးညီ လစာပေးတော့မယ့်သဘောမျိုး၊ အဲဒီလို စပေးတော့မယ်လို့ အစည်းအ ဝေးမှာ ပြောတယ်။ ဆရာမတယောက် တလမှာ သုံးသိန်းရမယ်လို့ ပြောတယ်” လို့ မြေပုံမြို့နယ်က မူလတန်းကျောင်းအုပ် ဆရာမတစ်ဦးက ပြောပါတယ်။

အရင်နှစ်တွေတုန်းက သင်ကြားရေးဆရာ၊ ဆရာမတွေဟာ သူတို့ သင်ကြားပေးရတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက်အလိုက် ဝင်ငွေအနည်းအများကွာဟခဲ့ပြီး ရွာငယ်ပြီး ကျောင်းသားနည်းတဲ့ ဆရာ၊ ဆရာမတွေဟာ ဝင်ငွေအလွန်နည်းကာ တလစာ အသုံးစရိတ်ပင် မဖူလုံခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီနှစ်မှာ AA ရဲ့ ပညာရေးဌာနအနေနဲ့ ပုံစံပြောင်းပြီး လစာသတ်မှတ်ချက်တရပ် ပေးဖို့ စီစဉ်လာတာဖြစ်တယ်လို့ AA ရဲ့ ပညာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မညီမမျှမဖြစ်ရအောင်၊ ပိုပြီး စနစ်ကျအောင် လုပ်တာပေ့ါ။ ဒီနှစ်မှာ ပညာရေးကို တော်တော်စနစ်ကျအောင် လုပ် ဖို့ စီစဉ်နေပါတယ်။ ဆရာ၊ ဆရာမအရေအတွက်လည်း ဒီနှစ်တိုးလာဖို့ ရှိတယ်” လို့ ရခိုင်ပြည်နယ် ခရိုင်ပညာရေး ဌာနတခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နီးစပ်ရာကျောင်းအလိုက် နီးစပ်ရာ ဆရာ၊ ဆရာမတွေကပဲ သင်ကြားပေးနေခဲ့တာ ဖြစ်ပေမယ့် အခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက ပညာရေးဝန်ထမ်းအားလုံးကို ရာထူးဝင်စာမေးပွဲ ဖြေဆိုခိုင်း ပြီး ကျောင်းတွေမှာ စနစ်တကျတာဝန်ချထားပေးဖို့ စီစဉ်နေတယ်လို့ ပညာရေးဌာနတာဝန်ရှိသူက ဆိုပါတယ်။

“ရခိုင်မှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေအကုန်လုံး၊ အရင်က စာသင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို သူတို့ကို ရာထူးဝင်စာ မေးပွဲဖြေခိုင်းတယ်။ ပြီးရင် order ထုတ်ပေးမယ်။ အဲဒါနဲ့ ဝန်ထမ်းအင်အားမလုံလောက်ရင် နောက်ထပ် ရိုးရိုး ဘွဲ့ရတွေကိုပါ လေ့ကျင့်ပေးပြီး ပညာရေးဌာနမှာ ခန့်သွားဖို့ရှိတယ်” လို့ နောက်ထပ်ပညာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

AA ထိန်းချုပ်နယ်မြေတွေမှာ ပညာရေးဝန်ထမ်းအင်အား သုံးသောင်းဝန်းကျင် လိုအပ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝန်ထမ်းအင်အား နှစ်သောင်းနီးပါးနဲ့သာ မလုံမလောက် သင်ကြားခဲ့ကြရတယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုနှစ်မှာ ပညာရေးဝန်ထမ်းအင်အားတိုးလာမယ်ဆိုတာကို ကြိုဆိုတယ်လို့ မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

“အရင်နှစ်တွေကဆို ဆရာတွေ မလောက်ဘူး။ ကိုယ့်ရွာမှာ ဆရာ မရှိလို့ တခြားရွာက ဆယ်တန်းအောင်ကလေး တွေကို သွားခေါ်ပြီး သင်ခိုင်းရတယ်။ အဲဒါတွေကိုပဲ ပြည့်စုံအောင် လုပ်ပေးစေချင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို တခုပြီးတခု စတင်သိမ်းပိုက်လာခဲ့တဲ့ ပြီးခဲ့ တဲ့ ၂၀၂၃ကတည်းကစကာ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးစ တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ပညာရေးအပြင် တက္ကသိုလ်အဆင့် အဝေးသင်နဲ့ Day(နေ့) တွေကိုလည်း ဖွင့်လှစ်ထားပြီး တခြား သူနာပြု၊ သားဖွား၊ ဆေးသိပ္ပံစတဲ့ အဆင့်မြင့်ပညာကျောင်းတွေကိုပါ AA က ဖွင့်လှစ်သင်ကြားပေးနေပါတယ်။


(AA အလံ လွှင့်ထူထားတဲ့ ရခိုင်ပြည်နယ်က စာသင်ကျောင်းတ​စ်ကျောင်း။ ဓာတ်ပုံ-CJ)
👍54❤14👏4🥰2🥴2
❤45👍21🥰3👏3🥴2
ရန်ကုန်၊သန်လျင်မြို့အနီးငလျင်လှုပ်

ဇွန်-၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅
နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ
၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေ
အောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန
(MoSLHA)ကထုတ်ပြန်ပါတယ်။

ငလျင်ကို လမ်းမတော်မြို့နယ်အပါအဝင် ရန်ကုန်မြို့မှာ ခံစားလိုက်ရတယ်လို့ ဒေသခံအ
ချို့ကပြောပါတယ်။

ဒီငလျင်သတင်းကို ထိုင်းမိုးဇလဌာန(TMD)
ကလည်းထုတ်ပြန်ထားပါတယ်။ ဗဟိုပြုလှုပ်ခတ်တဲ့ သန်လျင်မြို့နယ်ထဲကရွာသစ်ကုန်းကျေးရွာဟာ ပဲခူးမြစ်အနီးမှာရှိပါတယ်။

ဇွန်လ၁၁ရက်နေ့ကလည်းရန်ကုန်တိုင်း၊ တွံ
တေးမြို့အနီး၊မြေအောက်အနက် ၁၀ ကီလို
မီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလနဲ့ လက်ရှိ ဇွန်လအတွင်း မကြာ
ခဏလှုပ်ရှားခဲ့လို့ မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။

ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်င
လျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သ
တိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။
😱27👍19🔥2😭2
ရန်ကုန်မြို့လယ်တ​နေရာကို ဇွန် ၁၂ ရက်င​တွေ့ရစဥ်။ဓါတ်ပုံ-CJ
👍35🔥5❤4
■အ​တွေးအမြင်

နယ်ပိုင်ကြီးထိုင်ခုံကို ကိုင်လှုပ်သွားခဲ့တဲ့ မွေးနေ့ကိတ်

ကိုကြာရိုး/People's Spring

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

ပြီးခဲ့တဲ့နှစ်ဆန်း ဇန်နဝါရီလထဲမှာ နယ်ပိုင်ကြီးဟာ သူ့မိန်းမရဲ့မွေးနေ့အတွက် ပြင်ဆင်နေခဲ့တယ်။ နယ်ပိုင်ကြီးကသူ့မိန်းမကို
ခု​ခေတ်စားနေတဲ့ Suprise Gift လေးတစ်ခုလည်း ပေးချင်စိတ်ပေါ်ပုံရပါတယ်။ ဒါနဲ့ ရုံးထဲမှာပဲ မိသားစုဝင်တွေကိုခေါ်၊ ရုံးသူရုံးသားတွေနဲ့ မွေးနေ့ကိတ်လေးတစ်ခု မိန်းမအတွက် နယ်ပိုင်ကြီး စီစဥ်ပေးလိုက်တယ်။

မွေးနေ့ရောက်တော့ရုံးထဲမှာနယ်ပိုင်ကြီးက
တော်ဟာ မျက်မှန်လေးကို ခေါင်းပေါ်တင်ရင်း မွေးနေ့ကိတ်က​လေးကို အသာအယာခွဲပါတယ်။ မျက်နှာမှာလည်း ကြည်နူးမှုတွေ ပြည့်လျှံနေခဲ့တယ်။ သူ့ဘေးမှာတော့ ဆံပင်ကေတိုနဲ့ အရောင်ရင့် ပြောက်ကျားဂျာကင်အစိမ်းဝတ်ထားတဲ့ နယ်ပိုင်ကြီး ဦးဇော်မိုးဟာ နောက်ဖြစ်လာမယ့် ပြဿနာတွေကို မသိသေးဘဲ မိန့်မိန့်ကြီး ပြုံးနေခဲ့တယ်။ ဘေးနားမှာလည်း သူ့သမီးတွေဖြစ်ပုံရတဲ့ကလေးမလေးတွေကလည်း ပြုံးပျော်လို့ပါ။ ရုံးဝန်
ထမ်းအမျိုးသမီးကလေးတွေကတော့ အား
ကျစိတ်နဲ့ ဝိုင်းကြည့်နေခဲ့ကြတယ်။

နယ်ပိုင်ကြီးကတော် ကိတ်ကိုစခွဲပါပြီ။ ကိတ်ကို ဓါးနဲ့လှီးပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပေးလိုက်တယ်။ နောက်ထပ်ကိတ်လေးတွေခွဲခွဲပြီး ပန်းကန်ပြားတွေထဲ ထည့်ပေးတယ်။ နောက်ထပ် ထပ်ခွဲမယ်အလုပ် ကိတ်ကမာနေလို့စမ်းကြည့်လိုက်တော့ငွေထုပ်ဖြစ်နေတယ်။ ငွေထုပ်ကို ဘေးကိုချလိုက်တယ်။ နောက်ထပ်လည်း ငွေထုပ် ထပ်တွေ့ပြန်ရော။ နယ်ပိုင်ကြီးကတော်ဟာ ပြုံးတော့ပြုံးနေခဲ့တယ်။

နယ်ပိုင်ကြီးဟာ သူ့မိန်းမအတွက် ကိတ်ထဲမှာ စပရိုက်အဖြစ် တစ်သောင်းတန်အုပ် ဆယ်အုပ်တိတိ စုစုပေါင်း ငွေကျပ်သိန်းတစ်ရာကို ထည့်ပေးခဲ့တာပါ။ သိန်းတစ်ရာ စပရိုက်ရခဲ့ပေမဲ့ နယ်ပိုင်ကြီးကတော် သိပ်အံ့သြသွားပုံတော့ မရဘူး။

တကယ်တော့ နယ်ပိုင်ကြီးရဲ့တရားဝင်လစာဟာ ကျပ်လေးသိန်းဝန်းကျင်သာ ရှိပါတယ်။ ဒီလိုစပရိုက်သိန်းတစ်ရာကြီးတောင် ထည့်ပေးဖို့အတွက် နယ်ပိုင်ကြီးဟာ သူ့လစာ တစ်နှစ်လုံးစုတောင်မှ သိန်းငါးဆယ်မပြည့်ပါဘူး။ နှစ်နှစ်လောက်စုကာမှ သိန်းတစ်ရာနီးနီးရမှာပါ။ သူ့ယောကျာ်းနယ်ပိုင်ကြီး ဘယ်လောက်တောင်ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရသလဲ
မသိ။ အစားအသောက်တွေအငတ်ခံပြီးများ စုခဲ့ရသလား။ နယ်ပိုင်ကြီးက အငတ်တော့ခံပုံမပေါ်။ ဝဝဖြိုးဖြိုးပါပဲ။

အာဏာသိမ်း စစ်တပ်လက်​အောက်မှာအဆင့်ဆင့်​​သော ဝန်ထမ်း​တွေအတွက်လာဘ်စားမှုဆိုတာက ​နေ့တဓူဝအလုပ်ပါ။ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ကစပြီး ဂိတ်​စောင့်စစ်သားအထိ့ ၊အရပ်ဘက်မှာဆိုရင်လည်း ​အောက်​ခြေဝန်ထမ်းအထိ နိုင်ငံဘဏ္ဍာ​ငွေ​တွေ ၊ပြည်သူ​တွေဆီက ​ငွေ​တွေကို ပုံစံမျိုးစုံနဲ့လာဘ်ယူကြတာက ပုံမှန်လိုကိုဖြစ်​နေပါတယ် ။

လာဘ်စားလို့ ​အ​ရေးယူ​ကြေးဆိုရင်​တော့ မင်း​အောင်လှိုင်သား ​အောင်ပြည့်စုံ နဲ့ သမီး ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှု​တွေကို စစ်​ဆေးပြီး အဂတိမှုနဲ့ သာအ​ရေးယူမယ်ဆိုရင် မင်း​အောင်လှိုင် ရဲ့ ဒီတစ်သက် မ​ပြောနဲ့ ဆယ်သက်​လောက် ​​အသာ​လေး​ထောင်ချရတဲ့အ​ခြေအ​နေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်​တွေဟာ သူတို့သာလာဘ်စားမယ် ၊ခိုးမယ် လက်​အောက်ငယ်
သား​တွေခိုးတာ လူမိရင်​တော့ အဂတိတိုက်ဖျက်​နေသ​​ယောင် ဟန်​ရေးပြ အ​ရေးယူပြ​လေ့ရှိပါတယ် ။

ဦး​ဇော်မိုးကိစ္စလည်းအလားတူပါပဲ ။မွေးနေ့
လွန်လို့ ခြောက်လတောင်မြောက်ခဲ့ပြီ။ သူတို့စပရိုက်ဗွီဒီယိုကို Tiktok မှာ တပည့်က​လေးတစ်ယောက် တင်ခဲ့တာ ခုမှ ထပေါက်လေပြီ။ မိန်းမကို ချစ်တတ်သူလေသူကြီးဆိုပြီး နယ်ပိုင်ကြီး သတင်းမွှေးလေပြီ။ သိပ်မကြာ နယ်ပိုင်ကြီးအိမ်တော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြတယ်။ အရင်းစစ်လိုက်တော့ မိန်းမမွေးနေ့မှာ မွေးနေ့ကိတ်ထဲ သိန်း ၁၀၀ ထည့် စပရိုက်လုပ်ခဲ့တဲ့ကိစ္စတဲ့။

ခုတော့ ချစ်တတ်လွန်းသူ နယ်ပိုင်ကြီးတစ်ယောက် စုံခုံဖွဲ့ စစ်ဆေးခံနေပါသတဲ့။ သူတို့ထွေအုပ်တွေလည်း ကံတွေနိမ့်နေတယ်နဲ့တူပါရဲ့။ ပြီးခဲ့တဲ့ မေလတုန်းကလည်း ပြင်ဦးလွင်က သူ့လိုပဲ နယ်ပိုင်ကြီး(မြို့နယ်အုပ်ချုပ်ရေးမှူး)တစ်ယောက် ဒုတိယညွှန်ကြားရေးမှူးအ
ဆင့်နဲ့ ရာထူးတိုးပါလေရော။ သူလည်း ပျော်ရှာမှာပေါ့။ သူ့ကို နှုတ်ဆက်ပွဲလုပ်ပေးရော။ သူလည်း အပျော်လွန်ပြီး သူအနှစ်နှစ်အလလက ခြစ်ကုတ်စုဆောင်းသိမ်းဆည်းထားတဲ့
ငွေကျပ်သိန်း ၇၀ ကို ကြဲချပစ်လိုက်တာ။ နေပြည်တော်သွားမယ့်လမ်း၊ ရွှေလမ်းငွေလမ်း ခင်းလိုက်တဲ့သဘောပေါ့။

သူ ငွေသိန်း ၇၀ ကြဲလိုက်တာ တစ်တော့မှာလည်း တက်တော့တာပေါ့။ မကြာပါဘူး။ သူလည်း ဦးဇော်မိုးလိုပဲ စစ်ဆေးခံနေရသတဲ့။
🤮20❤9😁9👍3🔥2
လာဘ်စားလို့ အ​ရေးယူ​​ကြေးဆိုရင်​တော့
လက်ရှိ​ပေး​နေတဲ့လစာ ၊ လက်ရှိကုန်​ဈေးနှုန်း ၊ စစ်တပ်လက်​အောက်က ဝန်ထမ်း​တွေ၊အရာရှိ​တွေရဲ့ ​​​နေစဥ်သုံစွဲ​နေတာ​​တွေနဲ့ ပိုင်ဆိုင်မှု​တွေကိုသာ စာရင်းစစ်လိုက်ရင် နိုင်ငံ့ဘဏဏ္ဍာ​တွေဘယ်လိုခိုး​နေကြလဲ ၊ပြည်သူ​တွေကို ဘယ်လို အနိုင်ကျင့် ဂုတ်​သွေးစုပ်​နေကြလဲ ဆိုတာ အုံလိုက်ကျင်းလိုက်​ပေါ်လာမှာ ဖြစ်ပါတယ် ။ ပြီးရင်​တော့ လာဘ်စားသူ​တွေ​ထောင်ချ​ဖို့ ​နေပြည်​တော်ထက်ကြီးပြီးကျယ်တဲ့ ​ထောင်​တွေထပ်​ဆောက်ဖို့လိုလာမှာဖြစ်
တယ်။

အဲလိုမဟုတ်ပဲ စစ်အုပ်စုက ခိုး​တော့ခိုး ၊ တစ်​တော့မှာဟိုး​လေးတ​ကျော်​ကျော်ဖြစ်ရင်​တော့ ခံဆိုတဲ့မူနဲ့သွားရင်​တော့ ​​ဇော်မိုးလိုလူ​တွေကွက်ကြားမိုးရွာခံရမှာဖြစ်ပါတယ်။လက်ရှိ​တော့အဲဒီမူနဲပဲ ကိတ်မုန့်အခွဲကောင်း၊ ပိုက်ဆံအကြဲကောင်းလိုက်ကြတဲ့နယ်ပိုင်ကြီးတွေ သူတို့ကိုယ်တိုင် စပရိုက်ဖြစ်သွားကြပါသတဲ့။
👍26🤮7👏5🤣4❤1🔥1💯1
စစ်တပ်လက်​​အောက်ခံ​ထွေအုပ်ဦး​ဇော်မိုး​​က ဇနီးဖြစ်သူအတွက် ​​​ကျပ်သိန်း၁၀၀ ထည့်ထားတဲ့​မွေး​နေ့ ကိတ်စီစဥ်​ပေးရာ ၊ဇနီးဖြစ်သူကကိတ်ခွဲ​နေစဥ်။ဓါတ်ပုံ-Tiktok screen grab
🤮32😁7👍3💩2🤣2❤1
“ကော်သူးလေ”ထူထောင်ရေး အင်တိုက်အား
တိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ဇွန်-၁၄၊၂၀၂၆။ထားမြတ်/People’s Spring

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်
တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီး
သီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်
အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်
ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဇွန်၁၄ရက်မှာ ကျရောက်တဲ့ကော်သူးလေနေ့ ၇၇ နှစ်မြောက် မိန့်ခွန်းမှာ ဥက္ကဋ္ဌက အခုလို တိုက်တွန်းခဲ့တာပါ။ဒီကနေ့ဟာကရင်အမျိုး
သားများ “ကော်သူးလေအစိုးရ” ဖွဲ့စည်းခဲ့တာနဲ့ “ကော်သူးလေနေ့” ဖြစ်ပေါ်လာခဲ့တာ ၇၇ နှစ်မြောက် ပြည့်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်လူမျိုးတွေ အနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး လည်
ပတ်ကာကရင်လူမျိုးများနဲ့ ဒေသခံပြည်သူ
လူထုများရဲ့ လိုအပ်ချက် နဲ့ အကျိုးကို သယ်
ပိုး ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဥက္ကဋ္ဌ
ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒါ့အပြင်ကရင်လူမျိုးများသာမကလူမျိုးများအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို ခေတ်ကာလ နဲ့ အညီ တိုးတက် ပြောင်း
လဲ နေတဲ့ နိုင်ငံရေးအခြေအနေများ အောက်မှာအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး တို့ကိုနားလည်သဘောပေါက်တတ်ကျွမ်းရေး
လေ့လာသင်ယူရမယ်လို့လည်း အသိပေးပါတယ်။

ကရင့်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာ ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက်နဲ့ အိပ်မက် ဖြစ်တဲ့ “ကော်သူးလေ ကရင်ပြည်” ထူထောင်ခြင်းဖြစ်တဲ့အတွက် ကရင်လူမျိုးအားလုံးရဲ့ စိတ်နှလုံးတွင် “ကော်သူးလေ” ဆိုတဲ့ စကား
လုံး အစဉ်စွဲမြဲစွာ ကိန်း၀ပ်ရှိနေကြတယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

“ကော်သူးလေ”ကရင်ပြည်ကိုတည်ထောင်ခြင်းဟာလိုအင်ဆန္ဒတစ်ခုတည်းဖြင့်သာ တည်ဆောက်လို့ မရတဲ့ အတွေ့အကြုံများလည်း ရှိခဲ့ပြီဖြစ်ပြီး ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေး အခြေအနေ၊ မိမိလူမျိုးရဲ့ အခြေအ
နေနဲ့ကိုက်ညီတဲ့လက်တွေ့ကျတဲ့တည်ဆောက်
မှု ရှိဖို့လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိမှာ KNU အနေနဲ့ “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်တဲ့ အောက်ခြေပြည်သူလူထုမှ မိမိတို့ကော်သူးလေနယ်မြေကိုမိမိတို့ကိုယ်တိုင် သတ်မှတ်ခြင်း၊ မိမိတို့ ကော်သူးလေအုပ်ချုပ်ရေးကို မိမိတို့ကိုယ်တိုင် လက်ခံခြင်း၊ မိမိတို့ ကော်သူးလေ အစိုးရ ကို မိမိတို့ကိုယ်တိုင်အသိ
အမှတ်ပြုခြင်းဆိုတဲ့အောက်ခြေမှ အသိအ
မှတ်ပြုတဲ့ ခိုင်မာ အားကောင်းသော တည်
ဆောက်မှုနဲ့ အကောင်အထည်ဖော် လုပ်
ဆောင်နေကြတယ်လို့ အသိပေးပါတယ်။

KNU အနေနဲ့ တော်လှန်ရေးကာလကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း အခုနှစ် ဧပြီလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၆ မတ်လ ၃၁မှ ဧပြီ ၂ရက်ထိ ကော်သူးလေတွင် ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာတိုင်ပင်ဆွေးနွေးပွဲမှာ ကာလ (၂) နှစ်ကျော် ကြာမျှအချိန်ယူရေးဆွဲပြင်ဆင်လာခဲ့တဲ့ တော်လှန်
ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို ဆွေးနွေးအတည်ပြုပြီး KCCနဲ့ KGC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ရဲ့ တာဝန်မှာကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ပုံဖော်ရေးတွင် သက်ဆိုင်ရာဒေသန္တရမှကိုယ်စားပြုမှုများ ပိုမိုအားကောင်း လာစေဖို့၊ လိုအပ်သောအကြံပြုမှုများ၊ နည်းပညာပံ့ပိုးမှုများ ရရှိရေး လမ်းညွှန်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (KGC) ရဲ့ တာဝန်မှာ လက်ရှိ KNU ရဲ့ အုပ်ချုပ်ရေးဌာန (၁၂) ခုအနက်မှ ဌာန (၇)ခု ဖြင့်အစပြုပြီး ၎င်းဌာနများကို ပိုမိုကျယ်ပြန့်သောပါဝင်မှု၊ စွမ်းဆောင်ရည်များပိုမိုအားကောင်းလာသော ဌာနများဖြစ်လာရေးအတွက်ကောင်းမွန်
သော အုပ်ချုပ်ရေး စံနှုန်း များနဲ့အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ဒ့ါအပြင်အမျိုးသမီး၊လူငယ်၊ ကလေးသူငယ်
ရေးရာဌာနကို KGC ရဲ့(၈) ခုမြောက် ဌာန အဖြစ်အသစ်တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြပါတယ်။

“တော်လှန်ရေး ကာလ ကော်သူးလေ အတိုင်
ပင်ခံကောင်စီ”နဲ့ “တော်လှန်ရေး ကာလ ကော်သူးလေ အုပ်ချုပ်ရေး ကောင်စီ” ကို ဖွဲ့စည်းခဲ့တာဟာ ကောင်းမွန်သောခေါင်းဆောင်မှု၊ ပြည်သူ့ ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလိုအပ်
ချက် ဖြည့်ဆည်းမှု၊ လူထုလုံခြုံရေး၊ စီးပွား
ရေး နှင့် အခြားသောရေးရာများကို ဖြည့်ဆည်းပေးနိုင်မှုတို့ အပေါ် အခြေခံပြီး လွတ်
လပ်မှု၊ တန်းတူညီမျှမှု နဲ့ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ် ခွင့်ရှိသော “ကော်သူးလေ”ဆိုတဲ့ အသိအမှတ် ပြုခြင်းကို တည်ဆောက် သွားဖို့ ဖြစ်တယ်လို့KNUဥက္ကဋ္ဌကပြောကြားပါတယ်။
👍36❤12👏3🤮2💩2
ဓါတ်ပုံ-KNU
👍46🤮3💩2