■အတွေးအမြင်
ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အိပ်မက်
၂၀၂၆ ကမ္ဘာ့ဖလား
-John Doe ရေးသားသည်။
၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲ
ဩစတြေလျအမျိုးသားဘောလုံးအသင်း
သားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။
ဩစတြေလျဘောလုံးအသင်းကိုဆောကာ
ရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။
ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစား
သမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်
တယ်။
နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်
ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။
မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက
”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။
‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။
Socceroosတွေရဲ့သတင်းစကားဟာလူမျိုး
ရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်
လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။
Socceroosတွေရဲ့ဩစတြေလျမှာလည်းလက်ယာစွန်းအမျိုးသားရေးဝါဒီအမည်ခံတွေကခေါင်းထောင်နေပါတယ်။One Nation ပါတီရဲ့One Nationလှုပ်ရှားမှုကအရှိန်ရနေပါတယ်။နိုင်ငံခြားသား မုန်းတီးရေးလှုပ်ရှားမှုဆိုပါတော့။ဒီနည်းကရွေးကောက်ပွဲမှာမဲရလွယ်တယ်မဟုတ်လား။
‘ရေကြည်ရာမြက်နုရာ’ကိုပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့သတ္တဝါတွေထဲမှာလူသားကထိပ်ဆုံးမှာပါဝင်ပါတယ်။ဒီအချက်ကိုသက်
သေပြဖို့အတွက်အကောင်းဆုံးဥပမာကတော့
၂၀၂၆ကမ္ဘာ့ဖလားပဲ ဖြစ်ပါတယ်။
တချို့ကစစ်ဖြစ်လို့ရွှေ့ပြောင်းကြတယ်။တချို့ကနိုင်ငံရေးအရတိမ်းရှောင်ကြတယ်။တချို့ကတော့ ငတ်မွတ်လို့ဇာတိမြေကိုစွန့်ခွါကြတယ်။တချို့ကရာသီဥတုပြောင်းလဲမှုကြောင့်နေရာသစ်ကိုရှာဖွေကြ တယ်။ တချို့ကတော့သူတို့ရင်ထဲကရည်မှန်းချက်တွေကြောင့်အိမ်နဲ့အဝေးကြီးကိုစွန့်စားထွက်လာ ကြတယ်။
တချို့ကတော့ဘောလုံးကန်ဖို့အတွက်သမုဒ္ဒ
ရာတွေကိုကျော်ဖြတ်လာကြပါတယ်။ အနောက်အာဖရိက ဟာထင်ရှားတဲ့သာဓကဖြစ်ပါတယ်။
မကြာသေးမီကစစ်တမ်းတစ်ခုမှာဂါနာနိုင်ငံကအသက်၁၈နဲ့၃၉အကြားလူငယ်တွေကိုသူတို့ရဲ့ဘဝရည်မှန်းချက်ကဘာလဲလို့မေးကြည့်တဲ့အခါ၁၃ရာခိုင်နှုန်းကပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်တယ်လို့ဖြေကြပါတယ်။ဂမ်ဘီယာကလူငယ်တွေရဲ့၁၀ရာခိုင်
နှုန်းကလည်းဒီအတိုင်းဖြေကြပါတယ်။
သူတို့နိုင်ငံတွေရဲ့ဘောလုံးပွဲတွေမှာမျှော်လင့်
ချက်ဟာနည်းပါးလှပါတယ်။(မြန်မာကတော့ပိုဆိုးနိုင်ပါတယ်)။နည်းပါးလှတဲ့ခံစားခွင့်တွေ
၊ခြစားမှုတွေပြည့်နှက်နေတဲ့ဘောလုံးအဖွဲ့ချုပ်တွေကိုသူတို့အားကိုးလို့မရတဲ့အခါဘဝကိုရင်းပြီးစွန့်စားဖို့သူတို့ဆုံးဖြတ်ခဲ့တာပါပဲ။
ဒီလိုနဲ့သမုဒ္ဒရာကိုကျော်ဖြတ်ပြီးဥရောပနဲ့တခြားဒေသတွေကိုသူတို့စွန့်စားရောက်ရှိလာကြတယ်။တချို့လည်းလူမှောင်ခိုတွေလက်ထဲကနေရုန်းမထွက်နိုင်ခဲ့ကြလို့ဘဝပျက်ခဲ့ကြပါတယ်။ဘောလုံးအိပ်မက်နဲ့လူမှောင်ခိုတွေအကြောင်းကိုတော့လူသိနည်းလှပါတယ်။ဒါပေမယ့်ဒါဟာကြီးမားတဲ့ဒုစရိုက်မှုတစ်ခုဖြစ်ပါတယ်။ ဘောလုံးမျော်လင့်ချက်တွေနဲ့တိုင်း
ပြည်ကထွက်လာတဲ့အာဖရိကန်လူငယ်တွေကိုမသမာတဲ့လူမှောင်ခိုသမားတွေကအမြတ်ထုတ်ကြတဲ့ပြဿနာပါ။
အခုကမ္ဘာ့ဖလားပွဲမှာဝင်ကစားကြတဲ့ကစား
သမားတွေထဲကလေးယောက်မှာတစ်ယောက်ဟာရွှေ့ပြောင်းအခြေချနေထိုင်သူ(ဒါမှမ
ဟုတ် နိုင်ငံခြားမှာမွေးဖွားသူ)ဖြစ်ပါတယ်။ ကျွန်းနိုင်ငံဖြစ်တဲ့ ကူရာဆောင်း (Curacao)ရဲ့အသင်းသားတွေရဲ့၉၆ ရာခိုင်နှုန်းကနိုင်ငံ
ခြားမှာ မွေးဖွားသူတွေပါ။
ဇွန် ၁၃ရက်မှာကစားကြတဲ့အမေရိကန်နဲ့ပါရာဂွေးပွဲစဉ်မှာချေစွမ်းပြပြီးနှစ်ဂိုးသွင်းသွားတဲ့ ဖိုလာရင် ဘာလိုဂန်ရဲ့မိဘတွေဟာနိုင်ဂျီးရီယန်းတွေပါ။အမေရိကန်က၄ဂိုး၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ပြောင်းရွှေ့အခြေချနေထိုင်သူတွေကိုအပြစ်တင်ပြပြီးမဲရအောင်လုပ်ခဲ့တဲ့ဒေါ်နယ်ထရမ့်ကတော့ဒါကိုထုတ်ပြောမှာမဟုတ်ပါဘူး။ဒါပေမယ့်အမေရိကန်အသင်းရဲ့နိုင်ပွဲကိုတော့သူပဏာစားမှာသေချာပါတယ်။
အမေရိကန်နဲ့ကနေဒါတို့ဖွဲ့စည်းထားတဲ့Major League Soccer (MSL)ရဲ့ကစားသမား ၅၀
ရာခိုင်နှုန်း လောက်ကရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေပါ။
ဘောလုံးသမိုင်းမှာရွှေ့ပြောင်းအခြေချသူတွေကတည်ဆောက်ခဲ့တဲ့မှတ်တိုင်တွေကများပြားလွန်းပါ တယ်။ရီးရဲမက်ဒရစ်အသင်းကြီးကိုအမြင့်ဆုံးဂုဏ်သိက္ခာအထိတွန်းပို့ခဲ့တဲ့ဒီစတီဖာနိုဟာအာဂျင်တီးနားကနေ စပိန်ကိုပြောင်းရွှေ့လာသူပါ။မက်ဆီကလည်း၁၃နှစ်သားမှာသူ့မိသားစုနဲ့အတူစပိန်ကိုပြောင်းရွှေ့လာခဲ့တာပါ။

👍19❤6🤮2
ပေါ်တူဂီရဲ့ဂန္ထဝင်ကစားသမားကြီးအူစီဘီရိုကမိုဇမ်းဘစ်ကဖြစ်ပါတယ်။ပြင်သစ်အသင်းရဲ့ဟီးရိုးဖြစ်ခဲ့တဲ့ဇီဒန်းရဲ့မိဘတွေကအယ်ဂျီးရီးယားကပြောင်းရွှေ့လာကြတာပါ။လက်ရှိပြင်သစ်အသင်းရဲ့အသည်းကျော်ကိုင်လီရန်အမ်ဘက်ပီကတော့အဖေကကင်မရွန်းအမေကအယ်ဂျီးရီးယားဖြစ်ပါတယ်။
နောက်တစ်ခါနိုင်ငံခြားတွေကိုလက်မခံနဲ့လို့ပြောချင်လာရင်ဘောလုံးပွဲကိုမကြည့်တာကောင်းပါတယ်။ဒါမှမဟုတ်ရင်တော့မှန်ကိုကြည့်ပြီးကိုယ့်အဘိုးအဘွားကိုပြန်မေးကြည့်
ပါ၊ကိုယ့်ရဲ့ဇစ်မြစ်ကဘယ်ကလဲ။ ။

👍28❤2🤮2
ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်တာ ကြော်ငြာဖို့ဖွင့်ထားတဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား
ဇွန်-၁၄၊၂၀၂၆။တေဇ/People's Spring
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူးပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။
"မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်
ငန်းများကို Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့်မူဝါဒ" အရ TV360 စာမျက်နှာအကြောင်းကို JFM က ဇွန် ၁၂ ရက်မှာ Facebook ဆီကိုတိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီ့နေ့မှာပဲ ဖယ်ရှားလိုက်တာဖြစ်တယ် "လို့ သတင်းထုတ်ပြန်ထားပါတယ်။
TV360 ဖေ့စ်ဘွတ်ခ်ကိုMytelက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေတာဖြစ်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ Mytel က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဆီကနေ ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုမြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့် ရရှိထားတာဖြစ်ပါတယ်။
ဒီလိုထုတ်လွှင့်ခွင့်ပေးခဲ့တဲ့ ဖီဖာရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း JFM က ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်က ဖီဖာ၏ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
Mytel ကို ဗီယက်နမ်စစ်တပ်ထိန်းချုပ်သည့် ဗီယက်တဲလ် (Viettel) က ရှယ်ယာ ၄၉ ရာ
ခိုင်နှုန်း ၊ မြန်မာစစ်တပ် နဲ့ ဆက်စပ်သူတွေက ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။

👍33👏4❤3🥰1👌1🥴1
ရေစကြိုမှာ စျေးကားတွေကို စစ်အုပ်စု ငွေညှစ်နေ
ဇွန် ၁၄၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က(ဇွန်လ ၁၃ ရက်) မနက် ၉ နာရီခန့်က ရေစကြိုမြို့အဝင် ဘက်စုံခြံအနီးမှာ စစ်အုပ်
စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ ဒါ့အပြင် ဈေးကားတစ်စီးကကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူတွေကို တစ်ဦးကို ကျပ် ၂သောင်းစီတောင်းယူခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။
"သူတို့ခုလိုလုပ်တာကို တိုင်ရင်၊ အပြင်ပေါက်ကြားရင် ကားပေါ်ပါလာသူတွေကို သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်၊ ကပ်ကျော် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်ကာ လမ်းတလျှောက် လမ်းဘေးဝဲယာတွေမှာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိုနယ်နဲ့ နယ်ချင်းဆက်နေတဲ့ ပခုက္ကူမြို့မှာတော့ ကျေးရွာတွေက စျေးလာဝယ်တဲ့ကားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရေသန့်ဘူးကအစ သယ်ယူခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ရက်တစ်ရာစီမံကိန်းအဖြစ် မကွေးတိုင်းထဲက တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကို ရိက္ခာဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။

🤬24👎5❤2🤮2
ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို စစ်တပ် ဗုံးကြဲ
ဇွန် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
စစ်တပ်က ချင်းတောင်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့အစည်း အရုံး (CPU/CPA) နဲ့ မဟာမိတ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ မင်းတပ်မြို့နယ်မှာ ၂ပတ်ကြာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ ကန်ပက်လက်မြို့နယ်မှာလည်း မေလ ၁၈ရက်ကတည်းက တိုက်ပွဲဖြစ်ခဲ့ရာ ၁လနီးပါးကြာမြင့်ပြီ ဖြစ်ပါတယ်။
အခု ဇွန်လမှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်နေတာဖြစ်ပြီး နေ့စဉ်နီးပါးလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
ဇွန် ၁၄ရက် ဒီကနေ့မနက်မှာလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို ၄ကြိမ်ထက် မနည်းဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ မနေ့က ဇွန်လ ၁၃ရက်ညနေမှာလည်း စစ်တပ်က မင်းတပ်မြို့နယ် တိုက်နယ် (၁၄) အတွင်း ကျေးရွာ ၁ရွာကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်တိုက်ပွဲမှာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထု နေအိမ်တွေ ကိုပါ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေတာလို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့အပတ်အတွင်းက တိုက်ပွဲတွေ ငြိမ်နေတဲ့ ကန်ပက်လက် မြို့နယ် အရှေ့ခြမ်း တနေရာကို လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေး ထားပါတယ်။
စစ်တပ်ဟာ ချင်း-မကွေးအစပ် ဆောမြို့နယ်က ကျောက်ထုလေဆိပ်ကိုလည်း လေယာဉ်နဲ့ စစ်အင်အား ခဲယမ်း ရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက ဇွန် ၁၃ရက်မှာ အသိပေးထားပါတယ်။
စစ်တပ်ဟာ ယောဒေသအတွင်းကျောက်ထုနဲ့ လောင်းရှည်မြို့နယ်တွေမှာ စစ်ကြောင်း ၂ကြောင်း လှုပ်ရှားနေသလို ကျောက်ထု အခြေစိုက် တပ်ကိုလည်း လေကြောင်းကနေ စစ်ကူ၊ ခဲယမ်းတွေ ဖြည့်တင်းသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေကို လေယာဉ်နဲ့ ပြန်လည်တင်ဆောင်သွားတယ်လို့လည်း ယောအလင်းတန်းက အသိပေးထားပြီး ပြည်သူတွေ စစ်ရေးသတိမပြတ်ထားဖို့ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်တွေ အထူးဂရုစိုက်ကြဖို့ နှိုးဆော်ထားပါတယ်။
(မင်းတပ်မြို့နယ် အရှေ့ခြမ်း တနေရာကို စစ်တပ်ဗုံးကြဲအပြီး ပျက်စီးမှုတွေ။ ဓာတ်ပုံ - Ĥkl Mindat)

🤬32😢5❤4👎3🔥3
သဇင်(အမည်လွှဲ)ဆိုတဲ့ တက္ကသိုလ်ကျောင်း
သူဟောင်းတစ်ဦးရဲ့အတွေ့အကြုံဟာ အ
ကျဉ်းထောင်တွင်းက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြနေပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မန္တလေးက ဆန္ဒပြလှုပ်ရှားသူတွေရဲ့ကွန်ရက်ထဲမှာသတင်းတစ်ခု ပျံ့နှံ့လာပါတယ်။တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့သဇင်(အမည်လွှဲ)ဟာ သေဆုံးသွားပြီဆိုတဲ့ သတင်းပါပဲ။
အဲဒီနွေရာသီက မန္တလေးမှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုကို စစ်သားတွေကသေနတ်ပစ်ဖောက်ပြီး ကားနဲ့ပါလူအုပ်ထဲ ဝင်တိုက်ကာ အကြမ်း
ဖက်ဖြိုခွင်းခဲ့ပါတယ်။ဆန္ဒပြသူအများစုက ဆိုင်ကယ်စီးပြီးလွတ်မြောက်သွားနိုင်ခဲ့ပေမယ့်သဇင်ကတော့မလွတ်မြောက်နိုင်ခဲ့ပါဘူး။
လူငယ်အမျိုးသမီးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကြောင့် သူမရဲ့ မိတ်ဆွေတွေက သေဆုံးသူဟာသဇင်ပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ သဇင်ဟာ သေဆုံးသွားတာ မဟုတ်ဘဲ ရဲတပ်ဖွဲ့က ကားနဲ့ သူမရဲ့ဆိုင်ကယ်ကိုဝင်တိုက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ရှိ ရဲစခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ပြီးအဲဒီမှာသူမဟာ ရိုက်နှက်ခံရတာ၊ကန်ကျောက်ခံရတာ၊ ဒဏ်
ရာပြင်းထန်စွာ ရရှိခဲ့တာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ဆေးမေးမြန်းနေစဉ်အတွင်းသူမကို အ
တွင်းခံအဝတ်အစားသာကျန်အောင်အဝတ်ချွတ်ခိုင်းခဲ့ပြီး အမျိုးသားအရာရှိတစ်ဦးကလည်း မသင့်လျော်တဲ့ ထိတွေ့ကိုင်တွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီညမှာတော့လက်နဲ့ခြေကို ခတ်ထားတဲ့အခြေအနေနဲ့ အမျိုးသားအကျဉ်းသားဆောင်အပြင်ဘက် စင်္ကြံမှာ တစ်ညလုံး အိပ်မပျော်ဘဲ နေခဲ့ရပါတယ်။
သဇင်အတွက် ဒါဟာ အစပဲ ရှိသေးပါတယ်။ နောက်ထပ် သုံးနှစ်ကြာတဲ့အထိ သူမဟာ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/13/159891/

LuduNwayOo
မြန်မာအမျိုးသမီး နိုင်ငံရေးအကျဉ်းသားများ၏ တိတ်ဆိတ်သော အော်သံများ | LuduNwayOo
၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။
😢49🤬6❤4👍4🔥1👏1🤮1
နတ်တလင်းက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့
ဇွန် -၁၃ ၊၂၀၂၆။နော်/People's Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်မှာ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
“ စက်လှေဆိပ်အနား ကျွန်းခင်းထဲအနံ့ထွက်လို့သွားကြည့်တာ မ…..အသက် ၂၈နှစ်ရဲ့အလောင်းဟာ ပုတ်ပွပြီး ကိုင်လို့မရအောင် သေဆုံးနေသလိုခါးမှာလဲ ထမိန်မရှိ ကိုယ်လုံးတီးနဲ့ မုဒိန်းကျင့်ပြီးသတ်ထားတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးနေရာဟာ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ စခန်းအနီးအနားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာ စစ်တပ်က မကျီးပင်ရွာ အောင်သုခလှေဆိပ်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
လေယာဉ်ဗုံးစထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသားဟာ အခုသေဆုံးခဲ့ရတဲ့ အမျိုးသမီးရဲ့ယောကျာ်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကျီးပင်ရွာက နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ နီးပါးမီးလောင် ပျက်စီးခဲ့ပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် မကျီးပင်ရွာက နေဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်တပ်ဟာ မကျီးပင်စက်လှေဆိပ် ရှင်းလင်းဆောင် ဘုရားကုန်းတို့မှာ ဘန်ကာတွေတူးပြီး အထိုင်စခန်းအဖြစ် အခြေချတပ်စွဲနေထိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီနောက် စက်လှေဆိပ်အနီးမှာ ကျေးရွာသားတချို့ဟာ စျေးရောင်းစျေးဝယ် လုပ်ဆောင်တာတွေရှိသလို နေထိုင်သူတချို့လည်းရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အသက် (၂၈)အရွယ် အမျိုးသမီးဟာလည်း စက်လှေဆိပ်အနီးမှာ ပြန်လည်နေထိုင်ခဲ့ပြီးနောက် အခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

🤬31👎6❤5😢3🤮1
PDF တွေ မန္တလေးတိုင်းမှာစစ်ရေးဖော်ဆောင်မှု ခလရ(၄)တပ်ရင်းမှူးဗိုလ်မှူးနေထွန်းအောင် သေဆုံး
တတက (၁၃)ကျောင်းအုပ်ကြီးနဲ့ အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ
ဇွန် ၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က မန္တလေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ခဲ့မှုများကို PDF တပ်မတော်က ဒီကနေ့ ဇွန်လ ၁၄ရက်မှာ ထုတ်ပြန်ခဲ့ရာ မေလနဲ့ ဇွန်လပထမပတ်အတွင်း PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ရင်းမှူး ၁ဦးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးသတင်းများကို ထုတ်ပြန်ခဲ့ရာမေလနဲ့ ဇွန်လ ပထမပတ်အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၁၈ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဖော်ပြပါတယ်။
အဲဒီအထဲမှာ ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄)တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ်အောင်ဇော်ဇော်တို့ကို မန္တလေးတိုင်းအတွင်း တနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူးရဲ့ ပြန်တမ်းဝင်အမှတ်ကိုလည်း အသိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းမှတဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်သို့ ဦးတည် ထိုးစစ် ဆင်လျက်ရှိသော စစ်တပ် စစ်ကြောင်းတွေကို PDF တပ်တွေနဲ့ မဟာမိတ် တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ရဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ ဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို သူ့နေရာ အစားထိုးတာဝန်ယူတဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနဲ့ စစ်တပ် ဒရုန်းအဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့ရာ ဒုတပ်မဟာမှူးလည်း ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုကို အသိပေးထားရာ စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း အသိပေးပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း PDF တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့လက်နက်ခဲယမ်း တင် မော်တော်ယာဉ် နှစ်စင်း မီးလောင်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ကြောင်း အသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမကြဖို့ PDF တပ်မတော် က မေတ္တာရပ်ခံထားပါတယ်။
(မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု မြင်ကွင်းများ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

👍48❤10🥴2🥰1👏1🖕1
မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေ
ဇွန် ၁၄၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား၊ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်ပတ်ကာ ဆိုင်ကယ်လိုင်စင်၊ နံပါတ်ပြားနဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း ရှိ၊ မရှိ စတာတွေ အကြောင်းပြပြီး လိုက်လံစစ်ဆေးငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
"ကင်းပတ်ပြီး လိုက်စစ်နေတာ။ မုံရွာတက္ကသိုလ် ဘုရားကြီးရှေ့ ကျောက္ကာလမ်းပေါ်မှာဆိုရင် နေ့တိုင်းရှိတယ်။ ကင်းပတ်နေတာလည်း တွေ့ရတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေတင်မကဘဲ မော်တော်ကားတွေလည်း စစ်ဆေးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ စစ်ဆေးငွေညှစ်မှုတွေကြောင့် ဆိုင်ကယ်နဲ့ သွားလာအသုံးပြုနေရတဲ့ လက်လုပ်လက်စား အခြေခံအလုပ်သမားတွေ အလုပ်သွားဖို့အတွက် အခက်အခဲဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ လူငယ်တွေ၊ အလုပ်သမားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် လုပ်ငန်းတွေ အချိန်စောဆင်းရတာ၊ ရပ်နားလိုက်ရတာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
(မုံရွာမြို့အဝင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

🤬40❤7👎1👏1🤔1🤮1
ဖားကန့်မှာ မိုးကြီးပြီး ရေဘေးကြုံ
ဇွန်-၁၄၊၂၀၂၆။စိုင်းနော်/People's Spring
မိုးရာသီရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ၃ရက်ခန့်မိုးကြီးပြီးတဲ့နောက် ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။
အေးမြသာယာရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ ယခုတကြိမ်ရေဘေးဟာ ၂၀၂၆ မိုးရာသီမှာ ပထမဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။
" နှစ်ထပ်အိမ်တွေဆိုအိမ်အောက်ဖက်တွေနေလို့မရတာတွေဖြစ်တယ်။ သူတို့ကတော့ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘေးလွတ်ရာကိုသွားနေကြရတယ်။ မိုးကမရပ်သေးဘူး။ ပိုဆိုးလာရင်တော့ ရေဘေးစခန်းဖွင့်ရမှာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်အထက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လဆန်းကစတင်ပြီး မိုကြီးခဲ့တာကြောင့် မေခနဲ့ မလိခမြစ်ရေများပြီး ဧရာဝတီမြစ်ရေလည်းမြင့်တက် လာပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
(ဖားကန့်မြို့မှာ မိုးများပြီး ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

👍30🔥4😢3❤1
စစ်တပ်က နမခ ကိုကာဖို့ဘေးပတ်လည်
မြို့ရွာတွေကို ဖျက်ဆီးနေ
ဇွန်-၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်တပ်က အရပ်
သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ဒေသခံ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
နမခပတ်ဝန်းကျင်မှာ မုံရွာ၊အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့နယ်တွေရှိနေတာပါ။အဲဒီမြို့နယ်တွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းတွေထိုးခဲ့တာကြောင့် လနဲ့ချီပြီး စစ်ရေးတင်းမာနေပါတယ်။
"နမခရဲ့ ပတ်ပတ်လည်ကို ဒီကောင်တွေ ပိုအားထည့်နေတယ်။ အင်အားတော်တော်သုံးထားတယ်။ရွာတွေဖျက်၊ မြို့ဖျက်လုပ်နေတာပါ" လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အရာတော်၊ဘုတလင်၊ ချောင်းဦး၊ကနီမြို့တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေက ဒေ
သခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဇွန်လဆန်းပိုင်းအတွင်း ချောင်းဦးမြို့မှာအဆုံးရွာဆုံးအခြေအနေဖြစ်နေပြီး ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေအနီး စစ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် အိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။သက်
ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံ ခြောက်ဦးကိုလည်းသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
ချောင်းဦးမြို့နယ်က ဆင်မြေ၊မှန်ချို၊ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို စစ်တပ်က ဇွန်လဆန်းမှာ ကားတွေနဲ့ ချောင်းဦးမြို့ ၊ထွေအုပ်ရုံးထဲကို ခိုးယူသယ်ယူပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၆ ဦးထက်မနည်းကိုပါသတ်ဖြတ်သွားတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။
ဒါ့အပြင် ဘုတလင်မြို့နယ်၊အ ရှေ့မြောက်ခြမ်းကို စစ်တပ်က ဇွန် လ ၁၂ ရက် နေ့လယ်မှာလေယာဉ် ၇စီးနဲ့ဗုံးကြဲခဲ့တာကြောင့်တော်လှန်ရေးရဲဘော်၁ဦး ကျဆုံးကာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ဇွန် ၁၁ရက်မှာ စစ်တပ်က ကင်းထောက်လေယာဥ်နဲ့ ထောက်လှမ်းပြီး ဇွန် ၁၂ ရက်မှာ စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာပါ။
ကနီ နဲ့ အရာတော်မြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့မေလမှာ မြေပြင်ကနေစစ်ကြောင်းထိုးပြီး လေကြောင်းကနေဗုံးကြဲလို့အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒေသခံတွေဟာ တောင်ယာတွေနဲ့ စစ်ကြောင်းနဲ့ဝေးတဲ့နေရာတွေမှာတိမ်းရှောင်နေရတာ သုံးလကျော်လာပြီဖြစ်ပါတယ်။
"နမခဘေးက တနယ်လုံးမှာစစ်ရှောင်နေရတာ သုံးသောင်း၊ လေးသောင်းမကဘူး။ စစ်
ကြောင်းတွေက ရက်ရက်စက်စက်သတ်ဖြတ်တာဆိုတော့ လွတ်အောင်ပြေးနေကြရတာ"လို့ ကနီမြို့ခံတစ်ဦးကပြောပါတယ်။
ချောင်းဦးမြို့ကိုရောက်ရှိနေတဲ့စစ်တပ်စစ်
ကြောင်းတွေဟာ ပြီးခဲ့တဲ့ဧပြီလမှာ ဘုတလင်မြို့ကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပြီး တော်လှန်
ရေးတပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်
ခွာသွားတဲ့စစ်ကြောင်းဖြစ်ပါတယ်။
"အခုရောက်နေတဲ့စစ်ကြောင်းတွေမှာ စစ်မှု
ထမ်းသင်တန်းဆင်းတွေအများကြီးပါတယ်။ အဲ့ဒီပစ တွေက တိုက်ပွဲမှာထိပြီဆိုတာနဲ့ သွေး
ရူးသွေးတန်းပြေးတာပဲ။လက်နက်ချအလင်း
ဝင်တာတွေလည်းရှိတယ်။ဒါပေမယ့် အရပ်
သားတွေကိုစီးနင်းတိုက်ခိုက်ရာမှာတော့ တော်
တော်သွေးဆာတဲ့ကောင်တွေဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်ရက်စက်
စက်ကျူးလွန်တာတွေများတယ်"လို့ ချောင်းမြို့က တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တိုက်ပွဲသတင်းတွေကိုတော်လှန်ရေးတပ်တွေကအသေးစိတ်မထုတ်ပြန်ပေမယ့် စစ်ရေးတင်းမာနေတဲ့အနေအထားတွေကြောင့် ဒေ
သခံတွေ လုံခြုံရေးသတိရှိကြဖို့နဲ့၊ စစ်တပ်စစ်ကြောင်းနဲ့ဝေးရာမှာနေထိုင်ကြဖို့သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကနေ ဇွန်လအထိ နှစ်လခန့်အတွင်း အထင်ရှားဆုံးတိုက်ပွဲကတော့ ဘုတလင်းမြို့နဲ့ဆက်စပ်နေတဲ့စိုင်ပြင်မြို့ထဲကရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၁)
ရွှေဘိုခရိုင် စစ်ဌာနကဦးဆောင်ပြီး Operation OTT စစ်ဆင်ရေးအဖြစ် မေလ၁၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး မေလ၁၆ရက်မနက်မှာ အပြီးသတ်သိမ်းပိုက် ဖျက်ဆီးခဲ့တာပါ။
Operation OTT စစ်ဆင်ရေးဆိုတာက ၂၀၂၅ မေလ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကိုတပ်က လေ
ကြောင်းတိုက်ခိုက်လို့ ကျောင်းသားကျောင်းသူနဲ့ဆရာမ စုစုပေါင်း ၃၀ နီးပါးသေ
ဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စစ် ဆင်ရေးပြန်လည်ဖော်ဆောင်တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း တွေလည်း သိမ်
းဆည်းနိုင်ခဲ့တယ်လို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနသတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်မှာ စုစုပေါင်းတိုင်းစစ်ဌာနချုပ်၁၄ခုရှိပါတယ်။ ရခိုင်ပြည်နယ်မှာအခြေစိုက်တဲ့အ
နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိထိန်းချုပ်ထားပါတယ်။

🤬40❤4👍3👏3👎1
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာအ
ခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
(ရမခ)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၅ ဧပြီလမှာတော့ တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ MNDAAက မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ လားရှိုးမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးလိုက်လို့ လက်ရှိမှာ အ
ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာရှိသလို ကာကင်းစခန်းတွေကိုလည်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ MNDAAနဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရမခ ကိုသိမ်းယူတဲ့တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
MNDAAက စစ်တပ်ထံပြန်လည်လွှဲအပ်ပြီးနောက်ပိုင်း နမခတိုင်းမှူးအနေနဲ့ စစ်တပ်ကပြန်ခန့်ထားတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ နမခ ဘေးပတ်ဝန်းကျင်က မြို့တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅အောက်တိုဘာလ၆ရက်နေ့(သီတင်း
ကျွတ်လပြည့်ည)က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဒေသခံတွေက ဘုရားကို ဆီမီးကပ်ရင်း ဆီမီးသပိတ်ပြုလုပ်နေတာကို နမခက တက်လာတဲ့ စက်တပ်လေထီးဗုံးကြဲခဲ့လို့ ကလေးငယ်တွေပါဝင်အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပါတယ်။

🤬38❤8👎1🔥1🖕1