People's Spring
✔
59.6K subscribers
72.2K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက်တွေကို ကော့သောင်းခရိုင်တပ်ရင်း(၁)က ဒီနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာ၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောင်စု လမ်းမကြီးတလျှောက်က နယ်မြေတွေမှာလည်း စစ်တပ်နဲ့ တော်လှန်ရေး‌တပ်တွေအကြား နှစ်ဖက်ပြန်လှန်ပစ်ခတ် တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား အချိန်မရွေးထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့်လည်း လေညာ-ပြည်ကြီးမဏ္ဍိုင်၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောက်စုလမ်းမကြီးတလျှောက်မှာရှိနေတဲ့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့် စစ်တပ်တွေနား အနီးကပ်ရှိမနေဖို့၊ မသွားလာဖို့အပါအ၀င် ခြံပိုင်ရှင်တွေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထားတဲ့ ပြည်သူတွေအနေနဲ့ ‌ရွှေ့ခိုင်းထားတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ ကော့သောင်းခရိုင်တပ်ရင်း(၁)က အသိပေးပါတယ်။

◾️ရွှေ ၁၆ ပိဿာကျော် ထုတ်ယူပြီး ပြန်မအပ်လို့ ရဲဘော်မုန်တိုင်းကို ဖမ်းဆီးတာလို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ၊ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲ့ပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ MDY-PDFရဲ့ တင်ပြချက်များအရ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနဲ့အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ MDY-PDFရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲဘော်မုန်တိုင်းကိုလည်း အပြစ်ပေး အရေးယူခဲ့တယ်လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးကတော့ ကိုမုန်တိုင်းအဖမ်းခံရမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာနဲ့ အမေးအဖြေကဏ္ဍမှာ ရှင်းပြခဲ့ရာမှာ ရွှေ ၁၆ ပိဿာကျော်ကို လုပ်ထုံးလုပ်နည်းကျော်လွန်ထုတ်ယူတဲ့အပေါ် စီအီးစီက ပြန်အပ်နှံဖို့ ပြောကြားခဲ့ပြီး ကိုမုန်တိုင်းတို့ဘက်က ဖြေရှင်းချက်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်းလုပ်ဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ အဲဒီရွှေတွေ ထုတ်ယူတာဟာ လုပ်ငန်းတစ်ခုလုပ်ဖို့ဖြစ်ပြီး အဲဒီအတွက် ERO ဒေသတစ်ခုမှာ အပ်နှံထားတာ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးက ပြောပါတယ်။ ကိုမုန်တိုင်းတို့က ကိုယ်ကျိုးအတွက် အသုံးပြုထားတာ မရှိကြောင်း ဖြေရှင်းထားပေမယ့် လုပ်ထုံးလုပ်နည်းအရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို အသိမပေးဘဲနဲ့ ထုတ်ယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့် ပြန်အပ်ဖို့နဲ့ ပြစ်ဒဏ် ၄လ ချမှတ်ခဲ့တယ်လို့ ကိုဖြိုးက မြန်မာနောင်းသတင်းဌာနကို ပြောထားပါတယ်။ အဲဒီမှာလည်း နံပတ်တစ်ကတော့ ရွှေကိစ္စလို့ ဆိုပေမယ့် ဆုတ်ခွာရေး အစီအမံမှာ သဘောထား ကွဲလွဲတဲ့ ကိစ္စ ရှိခဲ့ပြီး ကိုမုန်တိုင်းဘက်က သဘောထား တင်းမာခဲ့ကြောင်း၊ အဲဒီလို ဆုတ်ခွာရေးအစီအမံမှာ သဘောထား ကွဲလွဲပြီး နောက်ဆက်တွဲကိစ္စရပ်တွေအထိ ဖြစ်တယ်လို့ ယူဆကြောင်း ကိုဖြိုးက မြန်မာနောင်းကို ဖြောကြားထားပါတယ်။

◾️တိုက်ပွဲမဖြစ်တဲ့ SSPPနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေး
👍20❤6🔥1🤮1
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းရှိတဲ့ SSPPဟာ အရင်ကလည်း စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိသလို မနေ့က တွေ့ဆုံပွဲမှာလည်း ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA Plus ကဲ့သို့ အကောင်အထည်ဖော်မယ့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် လျာထားကြောင်း အသိပေးခဲ့သလို SSPP ဘက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာ ပြောဆိုခဲ့ကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။ SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပေမယ့် SSPP နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလို ဖမ်းမိရာမှာ SSPP တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း ဖော်ပြထားတာတွေရှိခဲ့ပါတယ်။

◾️သံတွဲမှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းချ၊ သုံးစွဲနေသူတွေ AA ဖမ်းမိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်တို့မှာ သံတွဲမြို့နယ် ရွှေကျောင်းပြင်ရွာနဲ့ ငပလီ၊ မြပြင်ရပ်ကွက်တို့အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဒေသခံတွေရဲ့ သတင်းပေးချက်အရ အာရက္ခတပ်တော် (AA)လက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်တဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန(DLEPS)က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သံတွဲမြို့ပေါ်နဲ့ ကပ်ရပ် ရွှေကျောင်းပြင်ကျေးရွာမှ ဦးအောင်အောင်ဟာ ရွာအတွင်း မူးယစ်ဆေးဝါးရောင်းနေတယ်လို့ သတင်းရပြီး သွားဖမ်းရာကနေ ဦးအောင်အောင်ကို ရောင်းချပေးတဲ့ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီး(ခ)မောင်မောင်မြင့်ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။ ဦးဘိုဘိုကြီးဆီက အလေးချိန် ၃ ကီလိုရမ်ကျော်ရှိတဲ့ Ice ၂၇ ထုပ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သံတွဲ မြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုယ်တိုင်သုံးစွဲပြီး လက်ကားရောင်းချသူ ကိုညီညီ(ခ)စစ်သွေးညီ ကိုလည်း Ice မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အဲဒီဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်စျေးအရ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတယ်လို့ အုပ်ချုပ် ရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

◾️မြစ်ခြေမှာ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲပြီး စစ်ရှောင် ၁၀ ဦးခန့် ဖမ်းဆီးထား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ဦးမြို့အ​ခြေစိုက်ခလရ (၄၁၅)တပ်ရင်းနဲ့ မြင်းမွေးမြူရေးတပ်(BPI)တပ်တို့ ပေါင်းပြီး ဇွန်လ ၁၀ ရက် ညနေက မြစ်ခြေမြို့အတွင်းကို ဝင်ရောက်တပ်စွဲခဲ့တာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မြို့အတွင်းက နေရာ ၃နေရာမှာ တပ်စွဲထားပြီး စစ်ဘေးရှောင် ဒေသခံ ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မြစ်ခြေမြို့ကို မေလ ၁၁ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က တပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ သတ်ဖြတ်ကာ နေအိမ် ၁၂၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပခုက္ကူမြို့ အ​ခြေစိုက် တပ်မ (၁၀၁)လက်​အောက်ခံတပ်ရင်း​တွေနဲ့ ညောင်ဦးအ​ခြေစိုက်ခလရ(၄၁၅)က စစ်သားတွေ၊ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ၊ ရဲ​တွေ ပူးပေါင်းပြီး​တော့ အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို ​မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က​ မြစ်​​ခြေမြို့က ပြည်သူ​တွေကို ဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန်လ ၉ ရက်အထိရုပ်အ​လောင်း ၃၇ ​လောင်းရှာ​ဖွေ​တွေ့ရှိပြီး ​ပျောက်ဆုံး​နေသူ ၅ ဦးရှိ​သေးတယ်လို့ ရှာ​ဖွေကယ်ဆယ်​ရေး၊နယ်​မြေရှင်းလင်း​ရေးလုပ်​နေသူ​တွေက ​ပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ နှင်းဆီလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "နှင်းဆီလှုပ်ရှားမှု" ၊ "ROSE Movement: Roses of Hope" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို လူစည်ကားရာနေရာတွေမှာကပ်ကာ တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။
❤24👍9🔥1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
‘စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့’လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစု(GSCB)က တိုက်တွန်းထားပါတယ်။
အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ အဓမ္မစစ်မှူထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ်စတဲ့ အချက်တွေကို ပြောချင်တာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အနေနဲ့ ကိုယ်နေထိုင်တဲ့ ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
👍25❤4🔥1👏1
👍37❤9🥰2🔥1
ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်တာ ကြော်ငြာဖို့ဖွင့်ထားတဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား

ဇွန်-၁၄၊၂၀၂၆။တေဇ/People's Spring

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ရဲ့ အမာခံထောက်တိုင် Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

"မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့်မူဝါဒ" အရ TV360 စာမျက်နှာအ‌ကြောင်းကို JFM က ဇွန် ၁၂ ရက်မှာ Facebook ဆီကိုတိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီ့နေ့မှာပဲ ဖယ်ရှားလိုက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

TV360 ဖေ့စ်ဘွတ်ခ်ကို Mytel က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေတာဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ Mytel က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဆီကနေ ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုမြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့် ရရှိထားတာဖြစ်ပါတယ်။

ဒီလိုထုတ်လွှင့်ခွင့်ပေးခဲ့တဲ့ ဖီဖာရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း JFM က ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်က ဖီဖာ၏ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
👍47❤5🥴2👏1🤣1
👍32🔥3🥴3👏1🤣1
ရေစကြိုမှာ စျေးကားတွေကို စစ်အုပ်စု ငွေညှစ်နေ

​ဇွန် ၁၄၊ ၂၀၂၆။ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၁၃ ရက် မနက် ၉ နာရီခန့်က ရေစကြိုမြို့အဝင် ဘက်စုံခြံအနီးမှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ ဒါ့အပြင် ဈေးကားတစ်စီးက ကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူတွေကို တစ်ဦးကို ကျပ် ၂သောင်းစီတောင်းယူခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

"သူတို့ခုလိုလုပ်တာကို တိုင်ရင်၊ အပြင်ပေါက်ကြားရင် ကားပေါ်ပါလာသူတွေကို သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်၊ ကပ်ကျော် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီး‌ခေါ်ဆောင်ကာ လမ်းတလျှောက် လမ်းဘေးဝဲယာတွေမှာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနယ်နဲ့ နယ်ချင်းဆက်နေတဲ့ ပခုက္ကူမြို့မှာတော့ ကျေးရွာတွေက စျေးလာဝယ်တဲ့ကားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရေသန့်ဘူးကအစ သယ်ယူခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ရက်တစ်ရာစီမံကိန်းအဖြစ် မကွေးတိုင်းထဲက တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကို ရိက္ခာဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။

(ရေစကြိုမြို့အဝင်တွင် ပြည်သူများအား စစ်ဆေးနေသော စစ်အုပ်စုဝင်များအား ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံ-MOI)
🤬27❤7👎4🤮2👍1
🤬31❤4👎4🤮2🖕2
လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။

အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေလှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။

မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။”လို့ သူကတောင်းဆိုထားပါတယ်။

နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ​ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။


https://www.ludunwayoo.com/feature-mm/2026/06/13/159923/
❤47🤮4👍3🥰1🕊1
■အ​တွေးအမြင်

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အိပ်မက်
၂၀၂၆ ကမ္ဘာ့ဖလား

-John Doe ရေးသားသည်။

၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲ
ဩစတြေလျအမျိုးသားဘောလုံးအသင်း
သားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။

ဩစတြေလျဘောလုံးအသင်းကိုဆောကာ
ရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။

ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစား
သမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်
တယ်။

နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်
ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။

မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက
”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။
‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။

Socceroosတွေရဲ့သတင်းစကားဟာလူမျိုး
ရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်
လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။

Socceroosတွေရဲ့ဩစတြေလျမှာလည်းလက်ယာစွန်းအမျိုးသားရေးဝါဒီအမည်ခံတွေကခေါင်းထောင်နေပါတယ်။One Nation ပါတီရဲ့One Nationလှုပ်ရှားမှုကအရှိန်ရနေပါတယ်။နိုင်ငံခြားသား မုန်းတီးရေးလှုပ်ရှားမှုဆိုပါတော့။ဒီနည်းကရွေးကောက်ပွဲမှာမဲရလွယ်တယ်မဟုတ်လား။

‘ရေကြည်ရာမြက်နုရာ’ကိုပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့သတ္တဝါတွေထဲမှာလူသားကထိပ်ဆုံးမှာပါဝင်ပါတယ်။ဒီအချက်ကိုသက်
သေပြဖို့အတွက်အကောင်းဆုံးဥပမာကတော့
၂၀၂၆ကမ္ဘာ့ဖလားပဲ ဖြစ်ပါတယ်။

တချို့ကစစ်ဖြစ်လို့ရွှေ့ပြောင်းကြတယ်။တချို့ကနိုင်ငံရေးအရတိမ်းရှောင်ကြတယ်။တချို့ကတော့ ငတ်မွတ်လို့ဇာတိမြေကိုစွန့်ခွါကြတယ်။တချို့ကရာသီဥတုပြောင်းလဲမှုကြောင့်နေရာသစ်ကိုရှာဖွေကြ တယ်။ တချို့ကတော့သူတို့ရင်ထဲကရည်မှန်းချက်တွေကြောင့်အိမ်နဲ့အဝေးကြီးကိုစွန့်စားထွက်လာ ကြတယ်။

တချို့ကတော့ဘောလုံးကန်ဖို့အတွက်သမုဒ္ဒ
ရာတွေကိုကျော်ဖြတ်လာကြပါတယ်။ အနောက်အာဖရိက ဟာထင်ရှားတဲ့သာဓကဖြစ်ပါတယ်။

မကြာသေးမီကစစ်တမ်းတစ်ခုမှာဂါနာနိုင်ငံကအသက်၁၈နဲ့၃၉အကြားလူငယ်တွေကိုသူတို့ရဲ့ဘဝရည်မှန်းချက်ကဘာလဲလို့မေးကြည့်တဲ့အခါ၁၃ရာခိုင်နှုန်းကပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်တယ်လို့ဖြေကြပါတယ်။ဂမ်ဘီယာကလူငယ်တွေရဲ့၁၀ရာခိုင်
နှုန်းကလည်းဒီအတိုင်းဖြေကြပါတယ်။

သူတို့နိုင်ငံတွေရဲ့ဘောလုံးပွဲတွေမှာမျှော်လင့်
ချက်ဟာနည်းပါးလှပါတယ်။(မြန်မာကတော့ပိုဆိုးနိုင်ပါတယ်)။နည်းပါးလှတဲ့ခံစားခွင့်တွေ
၊ခြစားမှုတွေပြည့်နှက်နေတဲ့ဘောလုံးအဖွဲ့ချုပ်တွေကိုသူတို့အားကိုးလို့မရတဲ့အခါဘဝကိုရင်းပြီးစွန့်စားဖို့သူတို့ဆုံးဖြတ်ခဲ့တာပါပဲ။

ဒီလိုနဲ့သမုဒ္ဒရာကိုကျော်ဖြတ်ပြီးဥရောပနဲ့တခြားဒေသတွေကိုသူတို့စွန့်စားရောက်ရှိလာကြတယ်။တချို့လည်းလူမှောင်ခိုတွေလက်ထဲကနေရုန်းမထွက်နိုင်ခဲ့ကြလို့ဘဝပျက်ခဲ့ကြပါတယ်။ဘောလုံးအိပ်မက်နဲ့လူမှောင်ခိုတွေအကြောင်းကိုတော့လူသိနည်းလှပါတယ်။ဒါပေမယ့်ဒါဟာကြီးမားတဲ့ဒုစရိုက်မှုတစ်ခုဖြစ်ပါတယ်။ ဘောလုံးမျော်လင့်ချက်တွေနဲ့တိုင်း
ပြည်ကထွက်လာတဲ့အာဖရိကန်လူငယ်တွေကိုမသမာတဲ့လူမှောင်ခိုသမားတွေကအမြတ်ထုတ်ကြတဲ့ပြဿနာပါ။

အခုကမ္ဘာ့ဖလားပွဲမှာဝင်ကစားကြတဲ့ကစား
သမားတွေထဲကလေးယောက်မှာတစ်ယောက်ဟာရွှေ့ပြောင်းအခြေချနေထိုင်သူ(ဒါမှမ
ဟုတ် နိုင်ငံခြားမှာမွေးဖွားသူ)ဖြစ်ပါတယ်။ ကျွန်းနိုင်ငံဖြစ်တဲ့ ကူရာဆောင်း (Curacao)ရဲ့အသင်းသားတွေရဲ့၉၆ ရာခိုင်နှုန်းကနိုင်ငံ
ခြားမှာ မွေးဖွားသူတွေပါ။

ဇွန် ၁၃ရက်မှာကစားကြတဲ့အမေရိကန်နဲ့ပါရာဂွေးပွဲစဉ်မှာချေစွမ်းပြပြီးနှစ်ဂိုးသွင်းသွားတဲ့ ဖိုလာရင် ဘာလိုဂန်ရဲ့မိဘတွေဟာနိုင်ဂျီးရီယန်းတွေပါ။အမေရိကန်က၄ဂိုး၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ပြောင်းရွှေ့အခြေချနေထိုင်သူတွေကိုအပြစ်တင်ပြပြီးမဲရအောင်လုပ်ခဲ့တဲ့ဒေါ်နယ်ထရမ့်ကတော့ဒါကိုထုတ်ပြောမှာမဟုတ်ပါဘူး။ဒါပေမယ့်အမေရိကန်အသင်းရဲ့နိုင်ပွဲကိုတော့သူပဏာစားမှာသေချာပါတယ်။

အမေရိကန်နဲ့ကနေဒါတို့ဖွဲ့စည်းထားတဲ့Major League Soccer (MSL)ရဲ့ကစားသမား ၅၀
ရာခိုင်နှုန်း လောက်ကရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေပါ။
ဘောလုံးသမိုင်းမှာရွှေ့ပြောင်းအခြေချသူတွေကတည်ဆောက်ခဲ့တဲ့မှတ်တိုင်တွေကများပြားလွန်းပါ တယ်။ရီးရဲမက်ဒရစ်အသင်းကြီးကိုအမြင့်ဆုံးဂုဏ်သိက္ခာအထိတွန်းပို့ခဲ့တဲ့ဒီစတီဖာနိုဟာအာဂျင်တီးနားကနေ စပိန်ကိုပြောင်းရွှေ့လာသူပါ။မက်ဆီကလည်း၁၃နှစ်သားမှာသူ့မိသားစုနဲ့အတူစပိန်ကိုပြောင်းရွှေ့လာခဲ့တာပါ။
👍19❤6🤮2
ပေါ်တူဂီရဲ့ဂန္ထဝင်ကစားသမားကြီးအူစီဘီရိုကမိုဇမ်းဘစ်ကဖြစ်ပါတယ်။ပြင်သစ်အသင်းရဲ့ဟီးရိုးဖြစ်ခဲ့တဲ့ဇီဒန်းရဲ့မိဘတွေကအယ်ဂျီးရီးယားကပြောင်းရွှေ့လာကြတာပါ။လက်ရှိပြင်သစ်အသင်းရဲ့အသည်းကျော်ကိုင်လီရန်အမ်ဘက်ပီကတော့အဖေကကင်မရွန်းအမေကအယ်ဂျီးရီးယားဖြစ်ပါတယ်။

နောက်တစ်ခါနိုင်ငံခြားတွေကိုလက်မခံနဲ့လို့ပြောချင်လာရင်ဘောလုံးပွဲကိုမကြည့်တာကောင်းပါတယ်။ဒါမှမဟုတ်ရင်တော့မှန်ကိုကြည့်ပြီးကိုယ့်အဘိုးအဘွားကိုပြန်မေးကြည့်
ပါ၊ကိုယ့်ရဲ့ဇစ်မြစ်ကဘယ်ကလဲ။ ။
👍28❤2🤮2
👍27😢3🤮1