■ရုပ်ရှင်ခံစားမှု
ရဲဘော်တွေ စားရမဲ့ ထမင်းတနပ်
The Legend of Kitchen Soldier(၂၀၂၆)
-ဝဇီရာ/People's Spring
ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်
ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။
သူရောက်လာတဲ့ စစ်စခန်းမှာကလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ အဓိက ကစခန်းက စားဖိုမှူးလက်ရာက အ
တော်ကို ဆိုးရွားနေတဲ့ပြဿနာပါ။ စားဖိုမှူးက ချက်ပြုတ်ရမှာထက် ကြွက်သားတက်ဖို့ကိုပဲ စိတ်ဝင်စားပြီး ဟင်းချက်လုံးဝမတတ်တဲ့သူ ဖြစ်တာကြောင့် စခန်းက စစ်သားတွေဟာ အစားအသောက်ဆိုးရွားတဲ့ ဒုက္ခကို ခံစားနေရတာပါ။ ဆောင်ဂျေးကို အဲဒီစားဖိုချောင်ဆီကို တာဝန်ချထားပေးလိုက်တယ်။
ထူးခြားတာက အဲဒီစားဖိုချောင်ကို ရောက်တဲ့နေ့မှာပဲ ဆောင်ဂျေးရဲ့ မျက်စိရှေ့မှာဂိမ်းတွေထဲကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိမ်းစခရင်တစ်ခု ရုတ်တရက် ပေါ်လာပါတော့တယ်။ အဲဒီစခရင်ကနေ သူ့ကို စစ်တပ်ရဲ့ ဂန္ထဝင်စားဖိုမှူးတစ်ဦး ဖြစ်လာစေမယ့် မစ်ရှင်တွေ တစ်ခုပြီးတစ်ခု ပေးအပ်ပါတော့တယ်။ ဆောင်ဂျေးဟာ ဟင်းချက်အတွေ့အကြုံ သိပ်မရှိပေမယ့် ဂိမ်းမစ်ရှင်တွေကို တစ်ဆင့်ချင်းအောင်မြင်အောင်ချက်ပြုတ်ပါတော့တယ်။
ဆောင်ဂျေးက ပြောတယ်။ "စေတနာပါပါနဲ့ ချက်ထားတဲ့ အစားအသောက်တွေက လူတွေရဲ့စိတ်နှလုံးကိုမလှုပ်ခတ်ဘဲမနေနိုင်တာပဲ"
တဲ့။
ဒီဇာတ်လမ်းတွဲမှာ အစားအသောက်နဲ့ လူရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာအခြေအနေ ဆက်စပ်မှုတွေ၊ ရဲဘော်တွေအတွက် အစားအသောက်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေကို ရိုက်ပြသွားခဲ့တယ်။
ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး တော်လှန်ရေးအဖွဲ့တွေဆီက စားဖိုမှူးတွေကို မြင်ယောင်မိတယ်။တော်လှန်ရေးကာလမှာ စားဖိုမှူးတွေရဲ့အခန်းကဏ္ဍကလည်း အတော်လေး အရေးပါပါတယ်။ ကျွန်တော်တို့ မိသားစု သုံးလေးယောက်စားမယ့် ထမင်းဝိုင်းအတွက် တစ်ရက်တစ်ရက်စီမံရတဲ့သူတွေ ခေါင်းအတော်ခြောက်ရတာ တပ်ဖွဲ့တစ်ဖွဲ့အတွက် လူရာချီစားဖို့ စီမံရတာ လွယ်တဲ့အလုပ်မဟုတ်ပါ။
ရလာတဲ့အလှူငွေလေးတွေနဲ တိုင်းထွာပြီးရအောင်စီမံချက်ပြုတ်ရ၊ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်ပိတ်ဆို့မှုတွေကြားမှာ ရအောင် ဝယ်ခြမ်းပြီး စီစဥ်ရနဲ့ သာမန်လူတွေလုပ်ဖို့ မလွယ်လှပါ။
တနေ့ကပဲ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အခြေစိုက်ထားတဲ့ အညာမြေတပ်ပေါင်းစုက နွေဦးမြိုင် ရေးသားထားတဲ့ တော်လှန်စားဖိုမှူးတွေအကြောင်းစာစု ဖတ်လိုက်ရပါတယ်။
တော်လှန် စားဖိုမှူးတွေရဲ့ လက်ရာဟာ တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဆေးတဲ့။ စားဖိုမှူးတွေဟာ အသံတိတ်နည်းနဲ့ တော်လှန်
ရေးမှာ ပါဝင်နေကြသူတွေတဲ့။ စစ်ကောင်စီရဲ့ ဒရုန်းတွေ၊ ကင်းထောက်တွေ မမြင်အောင် မီးခိုးမထွက်ဘဲ ချက်ရတဲ့ အတတ်ပညာကိုလည်း တတ်မြောက်ကြပါသတဲ့။ လေယာဉ်သံ၊ဗုံးသံတွေကြားမှာ ရဲဘော်တွေ ထမင်းမငတ်ရအောင် ချက်ပြုတ်ကြပါသတဲ့။
ဇာတ်ကားထဲမှာ တပ်ရင်းမှူးပြောသွားတဲ့စကား မှတ်သားစရာကောင်းပါတယ်။ "စစ်တပ်ရဲ့အခြေခံခွန်အားက အစားအစာပဲ။ စစ်သားတွေက ဒီနေ့တစ်ရက်တာ ဟင်းလျာတွေက ဘာတွေဖြစ်မလဲဆိုပြီး စဥ်းစားရင်း စိတ်ဓါတ်အတက်အကျ ဖြစ်ကြတာကို အဲဒါလေးတောင်ဂရုမစိုက်နိုင်ဘူးလား"တဲ့။ ကျွန်တော်တို့ရဲဘော်တွေ ချို့ငဲ့လှတဲ့ ထမင်းအနပ်ပေါင်းများစွာနဲ့ ဘယ်လိုများ ရှေ့ဆက်နေရပါလိမ့်....

❤25👍7🥰1🤮1
တိုက်ပွဲမဖြစ်တဲ့ SSPPနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေး
ဇွန် ၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းရှိတဲ့ SSPPဟာ အရင်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိသလို မနေ့က တွေ့ဆုံပွဲမှာလည်း ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လျာထားကြောင်း အသိပေးခဲ့သလို SSPP ဘက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာ ပြောဆိုခဲ့ကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။
SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပေမယ့် SSPP နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလို ဖမ်းမိရာမှာ SSPP တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း ဖော်ပြထားတာတွေရှိခဲ့ပါတယ်။
အခု တွေ့ဆုံပွဲမှာလည်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး လုပ်မယ်ဆိုပြီး စစ်တပ်ဘက်က ဆွေးနွေးခဲ့တယ်လို့ ဝါဒဖြန်မီဒီယာတွေက ဖော်ပြပါတယ်။
SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုန့်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဟန်ပြပြုလုပ်ခဲ့တဲ့ အရပ်သားအသွင် အစိုးရဖွဲ့စည်းမှု အပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပြီး သူနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်တပ်နဲ့ SSPP တို့ရဲ့ အခု တွေဆုံပွဲနဲ့ ပတ်သတ်ပြီးမေးမြန်းဖို့ SSPP တာဝန်ရှိသူအချို့ထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
တဖက်မှာလည်း စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေရှိရာကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာ၊ စစ်အင်အားဖြည့် စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

😁27🤮5❤3🔥2👍1🤬1🤣1
■ဝတ္ထုတို
“အမေ့သား၏ ကုသိုလ်”
■ မခင်စု
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက အမေ့သားထွက်သွားပြီထင်ပါ၏။ အမေသည် သက်မ တခုကို ရှိုက်လိုက်သည်။
ဆွမ်းချက်ပြီးစီးသောအခါ မနက်အလင်းရောင်သည် ကောင်းကောင်းကြီး ရောက်လာပြီဖြစ်တော့သည်။ အမေသည် ငါးခြောက်ကြော်နှင့် ဘူးသီးကြော်ချက်တို့ကို ဆွမ်းပန်းကန်ထဲ သေချာစွာ ထည့်ကာ ဘုရားစင်တွင် ကပ်လှူပူဇော်ရပြန်၏။ အမေမနက်တိုင်းပြုနေကျ ဝေယျာဝစ္စများဖြစ်ပါသည်။ သို့သော် အမေ့ရင်သည် ယခင်ကလောက် မအေးချမ်းနေပေ။ အမေ့သားသည် ထွက်သွားပြန်သည် မဟုတ်ပါလား။
အမေသည် အိမ်ရှေ့တံခါးပေါက်တွင် ခပ်လေးလေး ထိုင်ချလိုက်သည်။ အမေ့မျက်လုံးများသည် အရင်က ကြည်လင်ပြတ်သားစွာ မြင်ရပါသော်လည်း ဒီနေ့မနက်တွင်မှ မျက်လုံးတွေ ဝေသီလွန်းလှသည်။ အမေ့သား တရိုတသေ သိမ်းထားတတ်သော သားရေဖိနပ်လေးကိုတော့ အမေ လှမ်းမြင်ရပါသည်။ သည် ဖိနပ်လေးသည် အမေ့သား မင်္ဂလာပွဲကျင်းပလျှင် စီးနင်းမည့် ဖိနပ်လေးဖြစ်၏။
အမေ့အိမ်ရှေ့တွင် ယခင်ကလို ဈေးသည်များ၊ ဈေးဝယ်သူများ၊ ကျောင်းသွားသူ၊ ရုံးသွားသူများဖြတ်မသွားကြပါ။ လမ်းသွယ်လေးတလျှောက်လုံး တိတ်ဆိတ်နေပြန်သည်။ ပဲပြုတ်သည် တယောက်သာ ပဲပြုတ် ဆိုသည့် အသံကို ခပ်လေးလေး သွဲ့ဆိုရင်း ဖြတ်သွားသည်ကို အမေကြားရပါ၏။ စကားတွေ ကြိုင်နေအောင်ပြောတတ်သော ပဲပြုတ်သည် က ပဲပြုတ်ဟု အော်ရသည်ကိုပင် စိုးရွံ့နေသည့်အလား မြင်ရသည့်အခါ အမေသည် ဒုတိယမ္မိသက်မကို ရှိုက်ရပြန်သည်။ ခေတ်ကြီးသည် ပျက်နေလေပြီတကား။
အမေသည် လက်ထဲမှ ပုတီးကိုတဂျောက်ဂျောက်စိတ်ရင်း ခြံဝသို့သာ ကြည့်နေမိသည်။ အမေ့သားသည် ညနေတိုင်လျှင်တော့ ပြန်လာမည် ထင်ပါ၏။ အမေ့သားသည် အုန်းသီးများကို လှည်းပေါ်တင်ကာ အရပ်တကာ လှည့်ရောင်းရသော အုန်းသီးသည် ဖြစ်၏။ ခုတော့ အမေ့သား၏ အုန်းသီးလှည်းလေးသည် သရက်ပင်အောက်တွင် ငြိမ်ဆိတ်စွာ ရပ်နေ၏။ သူသည်လည်း အမေ့လိုပင် အမေ့သားကို မျှော်ရပ်စောင့်နေသည် ထင်ပါသည်။
ခပ်ဝေးဝေး အရပ်ဆီမှ ဝုန်းဝုန်း ဆိုသည့် အသံများကိုကြားရလျှင် အမေ့ရင်သည် တဖျတ်ဖျတ်ခုန်လာပြန်၏။ လက်ထဲမှ ပုတီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း အမေ့ရင်ကို ပုတီးဖြင့် ဖိထားမိသည်။ အမေ့သားသည် အန္တရာယ် ကင်းပါစေကြောင်း တတွတ်တွတ် ဆုတောင်းရပြန်သည်။ အမေသည် မတ်မတ်မထိုင်နိုင်သဖြင့် တံခါးဘောင်ကို မှီကာ ဘုရားတရင်း ထိုင်နေရပြန်သည်။ အမေ့သားကမှာထားလေသည်။ အသံများကြားလျှင် အိမ်ထဲဝင်နေနော် အမေတဲ့။ သားအသံကို ကြားတော့ အမေက နေရာမှ ကြိုးစားထကာ ဘုရားစင်ရှေ့ ရောက်ရပြန်သည်။ အမေ့အိမ်တံခါးသည် ပိတ်သော်လည်း တချက်တွန်းရုံဖြင့် ပွင့်နိုင်ပေသည်။ သို့သော်လည်း အမေသည် သားစကားကို နားထောင်စွာဖြင့် တံခါးကို ပိတ်ထားလိုက်သည်။
အမေ ဟု အပြင်မှ ခေါ်သံကြားလျှင် အမေက သုတ်ခနဲ ထရပြန်သည်။ မိန်းကလေး အသံဖြစ်၍ သားမဟုတ်နိုင်သည်မှာ သေချာလေသည်။ “ဟဲ့ ဘယ်သူလဲ မိန်းကလေးလား” “ဟုတ်ကဲ့”
အမေသည် ခပ်တိုးတိုးပြန်ဖြေသည့်အသံကြောင့် တံခါးကို ဖွင့်ပေးလိုက်သည်။ မိန်းကလေးသည် ပါလာသည့် ပုံးတွေကို အိမ်ဝတွင်ချကာ အမေ့အိမ်တွင်း ဝင်လာ၏။ မေမြို့ပန်းများကို ယူလာပြီး ဘုရားပန်းအိုးယူကာ စဉ့်အိုး ထဲ ရေသွားလဲနေ၏။ “အမေ့အတွက် အကြော်တွေပါတယ်” ဟု မိန်းကလေးက ဆိုပြန်သည်။ အမေသည် မိန်းကလေးအား တခုခုမေးလိုသော်လည်း မမေးနိုင်ပေ။ မိန်းကလေးကလည်း အမေ့ကို တခုခု မေးချင်နေပုံရ၏။
သည်မိန်းကလေးသည် အမေ့သားနှင့် ဝါမဝင်ခင် လက်ထပ်ပေးဖို့ ပြင်ဆင်ထားသူ ဖြစ်သည်။ မိန်းကလေးသည် ဘုရားပန်းများကို ဈေးတွင် ရောင်းချသူဖြစ်လေသည်။ ဝေဝေဆာဆာ ရောင်းချနိုင်သူ မဟုတ်ဘဲ ပုံးလေး ၂ ပုံးလောက်ဖြင့် ဈေးသက်သာသည့် ပန်းများ စုပြုံထည့်ကာ ရောင်းချရသူဖြစ်သည်။ သို့သော် ရိုးသားပြီး လှပသည့် မိန်းကလေးဖြစ်သဖြင့် အမေကလည်း သဘောမျှသည်။
မိန်းကလေးသည် ယခင်ကလို မျက်နှာတွင် သနပ်ခါးမခြယ်၊ ပန်းလေးတပွင့်ပင် ပန်မထားချေ။ မိန်းကလေး မျက်လုံးများက အမေ့ထက် ပို၍ ခြောက်သွေ့သယောင်ဖြစ်နေသည်။
အမေနှင့် မိန်းကလေးတို့သည် မနက်စာကို အတူစားကြ၏။ ဆေးကြောသုတ်သင်ပြီးသောအခါ အသံများ ထပ်ကြားရပြန်သည်။ ဒီတခါတော့ အလွန်နီးသည့် အသံများဖြစ်သည်။ မိန်းကလေးသည် အမေ့ကို ကျစ်နေအောင်ဖတ်ထား၏။ အမေသည် မိန်းကလေးရော၊ မိမိပါ အကြောက်ပြေစိမ့်သောငှာ သံဗုဒ္ဓေဂါထာကို ထပ်ထပ်ကြော့ကာ ရွတ်၏။
ခဏကြာလျှင် အမေ့ခြံဝိုင်းလေးအတွင်းသို့ ဝင်လာသံများကြားရသည်။ ရင်းနှီးသူ၏အသံတခုကိုကြားလျှင် မိန်းကလေးသည် တံခါးကို ပြေးဖွင့်၏။ ဝင်လာသူ တဦး၏ လက်ထဲတွင် အမေ့သားဖိနပ်လေး။ ဖိနပ်လေးကို မိန်းကလေးဆီ ကမ်းပေးလိုက်သောအခါ မိန်းကလေးသည် ဖိနပ်ကို ပိုက်ကာ ဟစ်ငိုလေ၏။ အမေသည် တံခါးဝတွင် မတ်မတ်ရပ်ရင်း ဖြစ်စဉ်များကို ကြည့်နေ၏။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,155 followers · 311 talking about this. News & media website
👍22❤4🥰2😢2🤮1
အမေစိတ်ပူနေသော ရက်သည် အမေ့ဆီသို့ ရောက်လာချေပြီ။ အမေ့တွင် အမေ့သား၏ ပစ္စည်းပစ္စယလေးများ ရှိနေသေးသော်လည်း အမေ့သားကတော့ မရှိတော့ပြီတကား။
“အမေ .. ကျွန်တော်တို့ အလောင်းကို ပြန်မရဘူး။ သူက ဓားနဲ့ အတင်းဝင်ခုတ်တာ။ သူတို့ဘက်က ၂ ယောက်လည်း သေတယ်”
အမေသည် ပြောနေသူ၏ မျက်နှာကို စေ့စေ့ကြည့်လေ၏။ အမေ့သားသည် တာဝန်ကို ကျေအောင်ထမ်းဆောင်ခဲ့ပါသလားဆိုသည်ကို အမေက သိချင်၏။ အမေ့သားသည် သူ့တာဝန်သူကျေစွာဖြင့် ကျေနပ်နှစ်သိမ့်စွာ လွတ်လပ်သွားစေချင်နေသည်။
အမေသည် တုန်တုန်ရီရီဖြင့် ဘုရားစင်ရှေ့ကို ရောက်ရပြန်သည်။ အမေ့ဘုရားစင်သည် မေမြို့ပန်းများဖြင့် ဝေဆာလှ၏။ အမေသည် သဘက်ကိုမျှ မယူတော့ဘဲ ပုဆစ်တုတ်ထိုင်ကာ လက်အုပ်ချီလိုက်၏။
“တပည့်တော်မ၏ သားလေသည် စိတ်စေတနာကောင်းမွန်စွာဖြင့် အသက်ရှင်စဉ်ကာလတလျှောက် အများအကျိုးကို ရွက်ဆောင်ဖို့သာ စိတ်ထက်သန်ခဲ့သူဖြစ်ပါသည်။ တပည့်တော်မ သားသည် မြတ်ဘုရားရှင် တားမြစ်ထားသော အသက်သတ်ခြင်းအမှုကို ပြုခဲ့ပါသည်။ သို့သော် သူတို့သည် လောကအဆိပ်များဖြစ်သဖြင့် တပည့်တော်မသားကို မြတ်ဘုရားရှင်က ခွင့်လွှတ်ပေးပါရန် တောင်းဆိုပါသည်။ တပည့်တော်မ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့သည် တပည့်တော်မ သားနောက်ဆုံး ပြုလုပ်ခဲ့သည့် ကုသိုလ်နှင့် ယှဉ်လျှင် အချည်းနှီးသာ ဖြစ်ရပါတော့သည်။ လောက အဆိပ်ကို မြူတမှုန်မျှဖြင့် ဖြစ်စေ တွန်းလှန်ရင်း ဖယ်ရှားပေးခဲ့သော တပည့်တော်မ၏ သားလေးသည် ကောင်းရာမွန်ရာဘဝကို ရောက်ပါစေ အရှင်ဘုရား”
အမေ့ကြေးစည်သံသည် ခြံဝန်းအတွင်း လွင့်ပျံလာ၏။ အမေ့သား၏ အုန်းသီး လှည်းကလေးပေါ် လာနားနေသော ဆက်ရက်ငှက်လေးမှာ သုတ်ခနဲ ပျံထွက်သွားတော့သည်။ အမေ့ခြံဝိုင်းထဲတွင် အမေ့ကြေးစည်သံနှင့် မိန်းကလေး၏ ငိုရှိုက်သံတို့သည် ကြားရသူတို့အတွက် ဖြေမဆည်နိုင်စရာ ဖြစ်ရပြန်တော့သည်။
အမေမှာတော့ သား၏ အမေပီသရန် တာဝန်တွေ ကျန်ရစ်နေသေးသည်မဟုတ်ပါလား။
15/April/2021
(*ကျဆုံးသွားသော အာဇာနည်များအားလုံးကို သည်စာစုဖြင့် ဂါရဝပြုပါတယ်)
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မခင်စု' ရေးဖွဲ့တဲ့ “အမေ့သား၏ ကုသိုလ်”
ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍22❤7😢6🤮1
NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို
စစ်တပ်ဖြုတ်ချ
ဇွန်-၁၃၊၂၀၂၆။တာရာ/People's Spring
အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုး
သားဒီမိုကရေစီ (NLD )ရုံးချုပ်အဆောက်အအုံမှာရှိနေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာ
ဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။
စစ်တပ်ကဇွန်လ ၁၂ ရက်ညပိုင်းမှာ NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို လာရောက်ဖြုတ်ချသွားခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
"ကားသုံးစီးလောက်နဲ့ လာပြီးဖြုတ်သွားတာ။ ည ၁၀ နာရီဝန်းကျင်လောက်တော့ရှိမယ်။ အရင်တုန်းကဒီတိုင်းပဲရှိနေတာ။ အခုမှလာဖြုတ်သွားတာ"လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို မဲစာရင်းမှားယွင်းတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့ပါတယ် ။ဒါအပြင်ပါတီရုံးတွေကို စစ်တပ်ကကျူးကျော်ဖျက်ဆီးခဲ့သလို ပါတီဝင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုရာပေါင်းများစွာကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။
စစ်တပ်က ဒီချုပ်ပါတီ ကိုယ်စားလှယ် ၁၉၉ ဦး နဲ့ ပါတီဝင် ၂၆၁ ဦး စုစုပေါင်း ၄၆၀ ဦးရဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့ပြီး ၊ ဒီချုပ်အမတ်
၁၄၉ ဦး ၊ပါတီဝင် ၂၈၈၀ ဦး အပါအဝင် ပြည်သူပေါင်း နှစ်သောင်းဝန်းကျင်ကို မတရာဖမ်းဆီးထားတယ်လို့ NLD ကထုတ်ပြန်ထားပါတယ်။ဒါအပြင် ဒီချုပ် အမတ် ၈ ဦး ပါတီဝင် ၁၁၈ ဦးတို့ကိုလည်း စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ ၂၀၂၆ ဖေဖော်ဝါရီလမှာ ဒီချုပ်က ထုတ်ပြန်ပါတယ် ။

🤬36❤8👎4🔥2😡2
အာဏာသိမ်းခေါင်းဆောင်သမီးရဲ့ကျော
ထောက်နောက်ခံနဲ့ ရွှေမန်းအင်ပါယာဟာစစ်တပ်ဝါဒဖြန့်ချီရေးအတွက်ကုန်းဘောင်
ခေတ်ရုပ်ရှင်ကိုလည်း ကျပ်သိန်းပေါင်းသိန်းချီအကုန်အကျခံကာ ရိုက်ကူးဖို့ ပြင်ဆင်နေပြန်ပါတယ်။ ဒီဇာတ်ကားဟာ စစ်တပ်အလိုကျ ဘယ်လောက်တောင် ဝါဒဖြန့်ချီမှုတွေပါမလဲဆိုရင် ရခိုင်တိုင်းရင်းသားနေတိုးကို သမိုင်းမှာ ရခိုင်ပြည်သူတွေအရမ်းမုန်းတီးနာကျည်းတဲ့ ရခိုင်ပြည်ကိုကျူးကျော်ခဲ့တဲ့ ဘိုတော်ဗဒုံမင်းအနေနဲ့သရုပ်ဆောင်ခိုင်း ထားတာဖြစ်ပါတယ်။ မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် က အရင်ကတည်းက ငွေပုံပေးပြီး မွေးထားတဲ့ မင်းသား၊မင်းသမီးတွေ၊အနုပညာရှင်တွေ ဒီဝါဒဖြန့်ကားမှာ များစွာပါဝင်ပါတယ်။ခင်သီရီသက်မွန်ရဲ့ မင်းသား နေတိုးဟာ ဒီတစ်ကြိမ်မှာတော့ ရခိုင်တွေမုန်းတီလှတဲ့ ဘိုးတော်ဗဒုံမင်း ဖြစ်လာတော့မှာပါ။
စစ်တပ်လက်အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်တွေကို မီးရှို့ ၊ကျောင်းတွေဆေးရုံတွေကိုဗုံးကြဲ နေ့စဥ်နဲ့အမျှ ပြည်သူတွေကို အကြမ်း
ဖက်သတ်ဖြတ် နေတဲ့အချိန်မှာ ရုပ်ရှင်သမားတွေက ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုပြီး ခေတ်ကာ
လကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်
လုပ်ဖူးကြပါလဲ။
ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။
https://www.ludunwayoo.com/opinion-mm/2026/06/09/159474/

LuduNwayOo
ဇာတ်မင်းသားကိုအကူအညီတောင်းလာရတဲ့ စစ်တပ်လက်အောက်ကရုပ်ရှင် | LuduNwayOo
ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။
🤮24❤6👍6👎3🤔1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြစ်ဆုံနဲ့ ဧရာ၀တီကာကွယ်ဖို့ ဒေသခံလူငယ်တွေ တောင်းဆို
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့နဲ့ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၃ရက် မနက်ပိုင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်က လူငယ်တွေဟာ ဧရာ၀တီမြစ်ကို သွားရောက်ပြီး အခုလို လှုပ်ရှားမှု ပြုလုပ်ကာ မြစ်ဆုံဆည်စီမံကိန်း အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။ ဧရာ၀တီမြစ် ထာ၀ရ လွတ်လပ်စွာ စီးဆင်းဖို့၊ မြစ်ဆုံဆည် လုံး၀ ဖျက်သိမ်းဖို့အတွက် ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်ခဲ့တာလို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဖောင်မျှောတာနဲ့ စတစ်ကာကမ်ပိန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အခုကမ်ပိန်းကို မြင်တဲ့သူတိုင်း၊ ကောက်ဖတ်တဲ့သူတိုင်း၊ ကြည့်ရှုသူတိုင်းက ဧရာ၀တီမြစ်ကြီးကို ကာကွယ်ဖို့ နှိုးဆော်ရခြင်းဖြစ်တယ်လို့လည်း မြစ်ကြီးနားဒေသခံက ဆိုပါတယ်။ ဧရာ၀တီထာ၀ရစီးဆင်းဖို့အတွက် မြစ်ဆုံကို ကာကွယ်ဖို့ များစွာ အရေးကြီးတယ်လို့ ဆက်ပြောပါတယ်။
◾️စစ်အာဏာသိမ်းအပြီး မင်းအောင်လှိုင် တရုတ်ကို ၃ကြိမ်မြောက်သွားမယ်
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ ကြားဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခဲ့သလို အခုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်ခရီးစဥ် ဖိတ်ကြားခဲ့တာပါ။ စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ သမ္မတရာထူးယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူအပြီး ဒုတိယမြောက်ပြည်ပခရီးစဥ်ဖြစ်လာခဲ့ပြီး ဇွန်လ ၁၅ရက်ကနေ ၁၉ အထိ သွားရောက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။
◾️ချောင်းဦးမြို့နယ် ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ ၆ဦးကိုပါ သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က မီးရှို့ဖျက်ခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ရက်ကစတင်ကာ ချောင်းဦးမြို့နယ်အတွင်းကို စစ်တပ်က စစ်ကြောင်းဝင် ရောက်လာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးထဲကို ကားတွေနဲ့ ဆက်တိုက်သယ်ယူခဲ့ပြီးနောက် အဲဒီရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းဟာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇွန်လ ၉ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ စစ်ကြောင်းပြန်ထွက်သွားချိန် သတ်ဖြတ်ခံထားရတဲ့ ဒေသခံပြည်သူ ၆ဦးရဲ့ ရုပ်အလာင်းကို တွေ့ခဲ့ရပြီး စစ်ကြောင်းဝင်လာစဉ် မပြေးနိုင်လို့ ရွာထဲ ကျန်နေတဲ့ သက်ကြီး အဘိုး၊အဘွားနှစ်ဦးလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို စစ်တပ်ဖြုတ်ချ
အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ(NLD)ရုံးချုပ်အဆောက်အအုံမှာ ရှိနေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။ စစ်တပ်က ဇွန်လ ၁၂ ရက်ညပိုင်းမှာ NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို လာရောက်ဖြုတ်ချသွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို မဲစာရင်းမှားယွင်းတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့ပါတယ်။ ဒါ့အပြင် ပါတီရုံးတွေကို စစ်တပ်က ကျူးကျော်ဖျက်ဆီးခဲ့သလို ပါတီဝင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုရာပေါင်းများစွာကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။
◾️ဘုတ်ပြင်းမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်လို့ စစ်ရေးသတိပေးချက် ထုတ်ပြန်

👍17❤5🤬3🔥1
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက်တွေကို ကော့သောင်းခရိုင်တပ်ရင်း(၁)က ဒီနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာ၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောင်စု လမ်းမကြီးတလျှောက်က နယ်မြေတွေမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဖက်ပြန်လှန်ပစ်ခတ် တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား အချိန်မရွေးထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့်လည်း လေညာ-ပြည်ကြီးမဏ္ဍိုင်၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောက်စုလမ်းမကြီးတလျှောက်မှာရှိနေတဲ့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့် စစ်တပ်တွေနား အနီးကပ်ရှိမနေဖို့၊ မသွားလာဖို့အပါအ၀င် ခြံပိုင်ရှင်တွေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထားတဲ့ ပြည်သူတွေအနေနဲ့ ရွှေ့ခိုင်းထားတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ ကော့သောင်းခရိုင်တပ်ရင်း(၁)က အသိပေးပါတယ်။
◾️ရွှေ ၁၆ ပိဿာကျော် ထုတ်ယူပြီး ပြန်မအပ်လို့ ရဲဘော်မုန်တိုင်းကို ဖမ်းဆီးတာလို့ NUG ထုတ်ပြန်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ၊ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲ့ပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ MDY-PDFရဲ့ တင်ပြချက်များအရ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနဲ့အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ MDY-PDFရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲဘော်မုန်တိုင်းကိုလည်း အပြစ်ပေး အရေးယူခဲ့တယ်လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးကတော့ ကိုမုန်တိုင်းအဖမ်းခံရမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာနဲ့ အမေးအဖြေကဏ္ဍမှာ ရှင်းပြခဲ့ရာမှာ ရွှေ ၁၆ ပိဿာကျော်ကို လုပ်ထုံးလုပ်နည်းကျော်လွန်ထုတ်ယူတဲ့အပေါ် စီအီးစီက ပြန်အပ်နှံဖို့ ပြောကြားခဲ့ပြီး ကိုမုန်တိုင်းတို့ဘက်က ဖြေရှင်းချက်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်းလုပ်ဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ အဲဒီရွှေတွေ ထုတ်ယူတာဟာ လုပ်ငန်းတစ်ခုလုပ်ဖို့ဖြစ်ပြီး အဲဒီအတွက် ERO ဒေသတစ်ခုမှာ အပ်နှံထားတာ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးက ပြောပါတယ်။ ကိုမုန်တိုင်းတို့က ကိုယ်ကျိုးအတွက် အသုံးပြုထားတာ မရှိကြောင်း ဖြေရှင်းထားပေမယ့် လုပ်ထုံးလုပ်နည်းအရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို အသိမပေးဘဲနဲ့ ထုတ်ယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့် ပြန်အပ်ဖို့နဲ့ ပြစ်ဒဏ် ၄လ ချမှတ်ခဲ့တယ်လို့ ကိုဖြိုးက မြန်မာနောင်းသတင်းဌာနကို ပြောထားပါတယ်။ အဲဒီမှာလည်း နံပတ်တစ်ကတော့ ရွှေကိစ္စလို့ ဆိုပေမယ့် ဆုတ်ခွာရေး အစီအမံမှာ သဘောထား ကွဲလွဲတဲ့ ကိစ္စ ရှိခဲ့ပြီး ကိုမုန်တိုင်းဘက်က သဘောထား တင်းမာခဲ့ကြောင်း၊ အဲဒီလို ဆုတ်ခွာရေးအစီအမံမှာ သဘောထား ကွဲလွဲပြီး နောက်ဆက်တွဲကိစ္စရပ်တွေအထိ ဖြစ်တယ်လို့ ယူဆကြောင်း ကိုဖြိုးက မြန်မာနောင်းကို ဖြောကြားထားပါတယ်။
◾️တိုက်ပွဲမဖြစ်တဲ့ SSPPနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေး

👍20❤6🔥1🤮1
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းရှိတဲ့ SSPPဟာ အရင်ကလည်း စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိသလို မနေ့က တွေ့ဆုံပွဲမှာလည်း ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA Plus ကဲ့သို့ အကောင်အထည်ဖော်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လျာထားကြောင်း အသိပေးခဲ့သလို SSPP ဘက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာ ပြောဆိုခဲ့ကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။ SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပေမယ့် SSPP နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလို ဖမ်းမိရာမှာ SSPP တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း ဖော်ပြထားတာတွေရှိခဲ့ပါတယ်။
◾️သံတွဲမှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းချ၊ သုံးစွဲနေသူတွေ AA ဖမ်းမိ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်တို့မှာ သံတွဲမြို့နယ် ရွှေကျောင်းပြင်ရွာနဲ့ ငပလီ၊ မြပြင်ရပ်ကွက်တို့အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဒေသခံတွေရဲ့ သတင်းပေးချက်အရ အာရက္ခတပ်တော် (AA)လက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်တဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန(DLEPS)က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သံတွဲမြို့ပေါ်နဲ့ ကပ်ရပ် ရွှေကျောင်းပြင်ကျေးရွာမှ ဦးအောင်အောင်ဟာ ရွာအတွင်း မူးယစ်ဆေးဝါးရောင်းနေတယ်လို့ သတင်းရပြီး သွားဖမ်းရာကနေ ဦးအောင်အောင်ကို ရောင်းချပေးတဲ့ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီး(ခ)မောင်မောင်မြင့်ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။ ဦးဘိုဘိုကြီးဆီက အလေးချိန် ၃ ကီလိုရမ်ကျော်ရှိတဲ့ Ice ၂၇ ထုပ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သံတွဲ မြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုယ်တိုင်သုံးစွဲပြီး လက်ကားရောင်းချသူ ကိုညီညီ(ခ)စစ်သွေးညီ ကိုလည်း Ice မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အဲဒီဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်စျေးအရ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတယ်လို့ အုပ်ချုပ် ရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
◾️မြစ်ခြေမှာ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲပြီး စစ်ရှောင် ၁၀ ဦးခန့် ဖမ်းဆီးထား
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ဦးမြို့အခြေစိုက်ခလရ (၄၁၅)တပ်ရင်းနဲ့ မြင်းမွေးမြူရေးတပ်(BPI)တပ်တို့ ပေါင်းပြီး ဇွန်လ ၁၀ ရက် ညနေက မြစ်ခြေမြို့အတွင်းကို ဝင်ရောက်တပ်စွဲခဲ့တာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မြို့အတွင်းက နေရာ ၃နေရာမှာ တပ်စွဲထားပြီး စစ်ဘေးရှောင် ဒေသခံ ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မြစ်ခြေမြို့ကို မေလ ၁၁ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က တပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ သတ်ဖြတ်ကာ နေအိမ် ၁၂၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်းတွေနဲ့ ညောင်ဦးအခြေစိုက်ခလရ(၄၁၅)က စစ်သားတွေ၊ စစ်တပ်လက်အောက်ခံပျူစောထီးတွေ၊ ရဲတွေ ပူးပေါင်းပြီးတော့ အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က မြစ်ခြေမြို့က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန်လ ၉ ရက်အထိရုပ်အလောင်း ၃၇ လောင်းရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသူ ၅ ဦးရှိသေးတယ်လို့ ရှာဖွေကယ်ဆယ်ရေး၊နယ်မြေရှင်းလင်းရေးလုပ်နေသူတွေက ပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ နှင်းဆီလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "နှင်းဆီလှုပ်ရှားမှု" ၊ "ROSE Movement: Roses of Hope" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို လူစည်ကားရာနေရာတွေမှာကပ်ကာ တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

❤24👍9🔥1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
‘စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့’လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစု(GSCB)က တိုက်တွန်းထားပါတယ်။
အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ အဓမ္မစစ်မှူထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ်စတဲ့ အချက်တွေကို ပြောချင်တာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အနေနဲ့ ကိုယ်နေထိုင်တဲ့ ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

👍25❤4🔥1👏1