People's Spring
✔
59.6K subscribers
72.2K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■ကဗျာ

'ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ’

◼️စောစုစုခင်

သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံး
သူငယ်ချင်းက တောထဲမှာမေမေရဲ့။
သမီးရဲ့ဝက်ဝံရုပ်လေးကလည်း
လွတ်မြောက်နယ်မြေထဲမှာ
သမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေ
သမီးရဲ့ဖဲပြားကလစ်လေးတွေက
မြေမြုပ်မိုင်းဖြစ်နေပြီလားဟင်
သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လား
ဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါ
တချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့
တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။

မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ မေမေရယ်။
သမီးရဲ့ညတွေမှာ
သီချင်းလေးနည်းနည်းလောက် ရမလားဟင်
ဖေဖေနားထောင်နေတဲ့ တီဗွီသတင်းတွေတော့မပါကြေးနော်။

လူသားချင်းစာနာထောက်ထားမှုပါတဲ့ စောင်နဲ့ ခြုံအိပ်ချင်တယ်မေမေ
ဖေဖေနဲ့မေမေက တူတူချူပ်ပေးနော်
သမီးရဲ့သူငယ်ချင်းလေးကို
စာသင်ခန်းထဲပြန်ခေါ်မယ်မေမေ
သူ့ကို စာသင်ခုံတွေက
ကျည်ဆံမထွက်ဘူးဆိုတာ ရှင်းပြချင်တယ်။
သမီးရဲ့ဝက်ဝံရုပ်လေးကို
သမီးအိပ်ယာထဲပြန်ထားပေးပါမေမေ
သမီးရဲ့ကဗျာတွေကိုလည်း
သေချာလေးမြေမြုပ်ပေးပါ။

သမီးအိပ်ချင်တယ် မေမေ…
သမီးကို ကောင်းကင်ကကျလာတဲ့
ဗုံးတွေအကြောင်းပြောပြပြီး
ချော့သိပ်နော် မေမေ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'စောစုစုခင်' ရေးဖွဲ့တဲ့ "​​ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ"ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍23❤5🔥1
👍20😢5🔥1
မန္တလေးမှာ အမျိုးသားပုံစံနေထိုင်တဲ့ အမျိုးသမီး Delivery သမား ပျောက်ဆုံးနေ

ဇွန် ၁၃၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေ မကြာခဏ သွားရောက်အကူညီတောင်းနေကြတဲ့ ငြိမ်းချမ်းရေးဆရာတော်ဆိုသူထံကို ပျောက်ဆုံးနေသူရဲ့သူငယ်ချင်းတွေက သွားရောက်တိုင်ကြားခဲ့တာဖြစ်ကြောင်း အဆိုပါဆရာတော်ရဲ့ Tiktok မှာ ရုပ်သံမှတ်တမ်းနဲ့ တင်ထားပါတယ်။

ဖြစ်စဥ်မှာ ဇွန်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့မှာ ယောကျာ်းလေးပုံစံ ဝတ်ဆင်နေထိုင်တဲ့ မသက်သက်မိုးဆိုသူ Delivery ဝန်ထမ်းဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်း ၁၁၆ လမ်းအနီး ပစ္စည်းသွားပို့စဥ် ပျောက်ဆုံးသွားတာဖြစ်ကြောင်း ၎င်းရဲ့သူငယ်ချင်းက ဆရာတော်ကို လျှောက်ထားခဲ့တာ တွေ့ရပါတယ်။

"နောက်ဆုံးသွားပို့ရတာ မမတိုက်ခန်း(မြရည်နန္ဒာတိုက်ခန်း)ဘက်သွားပို့ရတာ ပြန်လာနေပြီ
လို့ပြောတယ်။ ပြန်ရောက်မလာတော့တာ။"လို့ အဆိုပါအမျိုးသမီးက ဆရာတော်ကို ပြောပြခဲ့ပါတယ်။

၎င်းအမျိုးသမီး Delivery သွားပို့တဲ့နေရာတွေဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေသောင်းကျန်းပြီး ပေါ်တာဆွဲတာတွေလည်း မကြာခဏဖြစ်ပွားနေတဲ့နေရာတွေဖြစ်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆိုင်ကယ်လိုက်လုသူတွေကို ဖမ်းဆီးရမိခဲ့ရာမှာ ၂ ဦးဟာ စစ်တပ်က ပြည်သု့စစ်ကတ်ပြားထုတ်ပေးထားတဲ့ ပျူစောထီးတွေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေပြီး ဆိုင်ကယ်တွေကိုသိမ်းဆည်းတာ၊ ငွေညှစ်တာတွေပြုလုပ်နေကြောင်း သိရပါတယ်။
🔥14😱8🤬8❤3🤔2👍1
👍14🔥4
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေ လှုံ့ဆော်

ဇွန်-၁၃၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ၊ "နှင်းဆီလှုပ်ရှားမှု" ၊ "ROSE Movement: Roses of Hope" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို လူစည်ကားရာနေရာတွေမှာကပ်ကာ တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

"စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။" လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားပါတယ်။

အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ အဓမ္မစစ်မှူထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ်စတဲ့ အချက်တွေကို ပြောချင်တာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အနေနဲ့ ကိုယ်နေထိုင်တဲ့ ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်မယ့် ပန်းတစ်မျိုးကို ဘုရားတင်ခြင်း ၊ ပန်ဆင်ခြင်း ၊ အချင်းချင်းမျှဝေခြင်း ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခြင်း နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။
❤43👍1🥰1🤮1
ဓာတ်ပုံ - ရွှေဘိုမြို့နယ်သပိတ်အင်အားစု
❤45🥰2👍1🤮1
■ရုပ်ရှင်ခံစားမှု

ရဲဘော်တွေ စားရမဲ့ ထမင်းတနပ်

The Legend of Kitchen Soldier(၂၀၂၆)

-ဝဇီရာ/People's Spring

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်
ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

သူရောက်လာတဲ့ စစ်စခန်းမှာကလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ အဓိက ကစခန်းက စားဖိုမှူးလက်ရာက အ
တော်ကို ဆိုးရွားနေတဲ့ပြဿနာပါ။ စားဖိုမှူးက ချက်ပြုတ်ရမှာထက် ကြွက်သားတက်ဖို့ကိုပဲ စိတ်ဝင်စားပြီး ဟင်းချက်လုံးဝမတတ်တဲ့သူ ဖြစ်တာကြောင့် စခန်းက စစ်သားတွေဟာ အစားအသောက်ဆိုးရွားတဲ့ ဒုက္ခကို ခံစားနေရတာပါ။ ဆောင်ဂျေးကို အဲဒီစားဖိုချောင်ဆီကို တာဝန်ချထားပေးလိုက်တယ်။

​ထူးခြားတာက အဲဒီစားဖိုချောင်ကို ရောက်တဲ့နေ့မှာပဲ ဆောင်ဂျေးရဲ့ မျက်စိရှေ့မှာဂိမ်းတွေထဲကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိမ်းစခရင်တစ်ခု ရုတ်တရက် ပေါ်လာပါတော့တယ်။ အဲဒီစခရင်ကနေ သူ့ကို စစ်တပ်ရဲ့ ဂန္ထဝင်စားဖိုမှူးတစ်ဦး ဖြစ်လာစေမယ့် မစ်ရှင်တွေ တစ်ခုပြီးတစ်ခု ပေးအပ်ပါတော့တယ်။ ဆောင်ဂျေးဟာ ဟင်းချက်အတွေ့အကြုံ သိပ်မရှိပေမယ့် ဂိမ်းမစ်ရှင်တွေကို တစ်ဆင့်ချင်းအောင်မြင်အောင်ချက်ပြုတ်ပါတော့တယ်။

ဆောင်ဂျေးက ပြောတယ်။ "စေတနာပါပါနဲ့ ချက်ထားတဲ့ အစားအသောက်​​တွေက လူတွေရဲ့စိတ်နှလုံးကိုမလှုပ်ခတ်ဘဲမနေနိုင်တာပဲ"
တဲ့။

ဒီဇာတ်လမ်းတွဲမှာ အစားအသောက်နဲ့ လူရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာအခြေအနေ ဆက်စပ်မှုတွေ၊ ရဲဘော်တွေအတွက် အစားအသောက်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေကို ရိုက်ပြသွားခဲ့တယ်။

ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး တော်လှန်ရေးအဖွဲ့တွေဆီက စားဖိုမှူးတွေကို မြင်ယောင်မိတယ်။တော်လှန်ရေးကာလမှာ စားဖိုမှူးတွေရဲ့အခန်းကဏ္ဍကလည်း အတော်လေး အရေးပါပါတယ်။ ကျွန်တော်တို့ မိသားစု သုံးလေးယောက်စားမယ့် ထမင်းဝိုင်းအတွက် တစ်ရက်တစ်ရက်စီမံရတဲ့သူတွေ ခေါင်းအတော်ခြောက်ရတာ တပ်ဖွဲ့တစ်ဖွဲ့အတွက် လူရာချီစားဖို့ စီမံရတာ လွယ်တဲ့အလုပ်မဟုတ်ပါ။

ရလာတဲ့အလှူငွေလေးတွေနဲ တိုင်းထွာပြီးရအောင်စီမံချက်ပြုတ်ရ၊ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်ပိတ်ဆို့မှုတွေကြားမှာ ရအောင် ဝယ်ခြမ်းပြီး စီစဥ်ရနဲ့ သာမန်လူတွေလုပ်ဖို့ မလွယ်လှပါ။

တနေ့ကပဲ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အခြေစိုက်ထားတဲ့ အညာမြေတပ်ပေါင်းစုက နွေဦးမြိုင် ရေးသားထားတဲ့ တော်လှန်စားဖိုမှူးတွေအကြောင်းစာစု ဖတ်လိုက်ရပါတယ်။

တော်လှန် စားဖိုမှူးတွေရဲ့ လက်ရာဟာ တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဆေးတဲ့။ စားဖိုမှူးတွေဟာ အသံတိတ်နည်းနဲ့ တော်လှန်
ရေးမှာ ပါဝင်နေကြသူတွေတဲ့။ စစ်ကောင်စီရဲ့ ဒရုန်းတွေ၊ ကင်းထောက်တွေ မမြင်အောင် မီးခိုးမထွက်ဘဲ ချက်ရတဲ့ အတတ်ပညာကိုလည်း တတ်မြောက်ကြပါသတဲ့။ လေယာဉ်သံ၊ဗုံးသံတွေကြားမှာ ရဲဘော်တွေ ထမင်းမငတ်ရအောင် ချက်ပြုတ်ကြပါသတဲ့။

ဇာတ်ကားထဲမှာ တပ်ရင်းမှူးပြောသွားတဲ့စကား မှတ်သားစရာကောင်းပါတယ်။ "စစ်တပ်ရဲ့အခြေခံခွန်အားက အစားအစာပဲ။ စစ်သားတွေက ဒီနေ့တစ်ရက်တာ ဟင်းလျာတွေက ဘာတွေဖြစ်မလဲဆိုပြီး စဥ်းစားရင်း စိတ်ဓါတ်အတက်အကျ ဖြစ်ကြတာကို အဲဒါ​​လေးတောင်ဂရုမစိုက်နိုင်ဘူးလား"တဲ့။ ကျွန်တော်တို့ရဲဘော်တွေ ချို့ငဲ့လှတဲ့ ထမင်းအနပ်ပေါင်းများစွာနဲ့ ဘယ်လိုများ ရှေ့ဆက်နေရပါလိမ့်....
❤25👍7🥰1🤮1
👍12😭12🥰1🤮1
တိုက်ပွဲမဖြစ်တဲ့ SSPPနဲ့ စစ်တပ် တွေ့ဆုံဆွေးနွေး

ဇွန် ၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းရှိတဲ့ SSPPဟာ အရင်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိသလို မနေ့က တွေ့ဆုံပွဲမှာလည်း ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် လျာထားကြောင်း အသိပေးခဲ့သလို SSPP ဘက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာ ပြောဆိုခဲ့ကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပေမယ့် SSPP နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလို ဖမ်းမိရာမှာ SSPP တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း ဖော်ပြထားတာတွေရှိခဲ့ပါတယ်။

အခု တွေ့ဆုံပွဲမှာလည်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး လုပ်မယ်ဆိုပြီး စစ်တပ်ဘက်က ဆွေးနွေးခဲ့တယ်လို့ ဝါဒဖြန်မီဒီယာတွေက ဖော်ပြပါတယ်။

SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုန့်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဟန်ပြပြုလုပ်ခဲ့တဲ့ အရပ်သားအသွင် အစိုးရဖွဲ့စည်းမှု အပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပြီး သူနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်တပ်နဲ့ SSPP တို့ရဲ့ အခု တွေဆုံပွဲနဲ့ ပတ်သတ်ပြီးမေးမြန်းဖို့ SSPP တာဝန်ရှိသူအချို့ထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

တဖက်မှာလည်း စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေရှိရာကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာ၊ စစ်အင်အားဖြည့် စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
😁27🤮5❤3🔥2👍1🤬1🤣1
👎20🤮10🖕4😁2🔥1🤣1
■ဝတ္ထုတို

“အမေ့သား၏ ကုသိုလ်”

■ မခင်စု

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက အမေ့သားထွက်သွားပြီထင်ပါ၏။ အမေသည် သက်မ တခုကို ရှိုက်လိုက်သည်။

ဆွမ်းချက်ပြီးစီးသောအခါ မနက်အလင်းရောင်သည် ကောင်းကောင်းကြီး ရောက်လာပြီဖြစ်တော့သည်။ အမေသည် ငါးခြောက်ကြော်နှင့် ဘူးသီးကြော်ချက်တို့ကို ဆွမ်းပန်းကန်ထဲ သေချာစွာ ထည့်ကာ ဘုရားစင်တွင် ကပ်လှူပူဇော်ရပြန်၏။ အမေမနက်တိုင်းပြုနေကျ ဝေယျာဝစ္စများဖြစ်ပါသည်။ သို့သော် အမေ့ရင်သည် ယခင်ကလောက် မအေးချမ်းနေပေ။ အမေ့သားသည် ထွက်သွားပြန်သည် မဟုတ်ပါလား။

အမေသည် အိမ်ရှေ့တံခါးပေါက်တွင် ခပ်လေးလေး ထိုင်ချလိုက်သည်။ အမေ့မျက်လုံးများသည် အရင်က ကြည်လင်ပြတ်သားစွာ မြင်ရပါသော်လည်း ဒီနေ့မနက်တွင်မှ မျက်လုံးတွေ ဝေသီလွန်းလှသည်။ အမေ့သား တရိုတသေ သိမ်းထားတတ်သော သားရေဖိနပ်လေးကိုတော့ အမေ လှမ်းမြင်ရပါသည်။ သည် ဖိနပ်လေးသည် အမေ့သား မင်္ဂလာပွဲကျင်းပလျှင် စီးနင်းမည့် ဖိနပ်လေးဖြစ်၏။

အမေ့အိမ်ရှေ့တွင် ယခင်ကလို ဈေးသည်များ၊ ဈေးဝယ်သူများ၊ ကျောင်းသွားသူ၊ ရုံးသွားသူများဖြတ်မသွားကြပါ။ လမ်းသွယ်လေးတလျှောက်လုံး တိတ်ဆိတ်နေပြန်သည်။ ပဲပြုတ်သည် တယောက်သာ ပဲပြုတ် ဆိုသည့် အသံကို ခပ်လေးလေး သွဲ့ဆိုရင်း ဖြတ်သွားသည်ကို အမေကြားရပါ၏။ စကားတွေ ကြိုင်နေအောင်ပြောတတ်သော ပဲပြုတ်သည် က ပဲပြုတ်ဟု အော်ရသည်ကိုပင် စိုးရွံ့နေသည့်အလား မြင်ရသည့်အခါ အမေသည် ဒုတိယမ္မိသက်မကို ရှိုက်ရပြန်သည်။ ခေတ်ကြီးသည် ပျက်နေလေပြီတကား။

အမေသည် လက်ထဲမှ ပုတီးကိုတဂျောက်ဂျောက်စိတ်ရင်း ခြံဝသို့သာ ကြည့်နေမိသည်။ အမေ့သားသည် ညနေတိုင်လျှင်တော့ ပြန်လာမည် ထင်ပါ၏။ အမေ့သားသည် အုန်းသီးများကို လှည်းပေါ်တင်ကာ အရပ်တကာ လှည့်ရောင်းရသော အုန်းသီးသည် ဖြစ်၏။ ခုတော့ အမေ့သား၏ အုန်းသီးလှည်းလေးသည် သရက်ပင်အောက်တွင် ငြိမ်ဆိတ်စွာ ရပ်နေ၏။ သူသည်လည်း အမေ့လိုပင် အမေ့သားကို မျှော်ရပ်စောင့်နေသည် ထင်ပါသည်။

ခပ်ဝေးဝေး အရပ်ဆီမှ ဝုန်းဝုန်း ဆိုသည့် အသံများကိုကြားရလျှင် အမေ့ရင်သည် တဖျတ်ဖျတ်ခုန်လာပြန်၏။ လက်ထဲမှ ပုတီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း အမေ့ရင်ကို ပုတီးဖြင့် ဖိထားမိသည်။ အမေ့သားသည် အန္တရာယ် ကင်းပါစေကြောင်း တတွတ်တွတ် ဆုတောင်းရပြန်သည်။ အမေသည် မတ်မတ်မထိုင်နိုင်သဖြင့် တံခါးဘောင်ကို မှီကာ ဘုရားတရင်း ထိုင်နေရပြန်သည်။ အမေ့သားကမှာထားလေသည်။ အသံများကြားလျှင် အိမ်ထဲဝင်နေနော် အမေတဲ့။ သားအသံကို ကြားတော့ အမေက နေရာမှ ကြိုးစားထကာ ဘုရားစင်ရှေ့ ရောက်ရပြန်သည်။ အမေ့အိမ်တံခါးသည် ပိတ်သော်လည်း တချက်တွန်းရုံဖြင့် ပွင့်နိုင်ပေသည်။ သို့သော်လည်း အမေသည် သားစကားကို နားထောင်စွာဖြင့် တံခါးကို ပိတ်ထားလိုက်သည်။

အမေ ဟု အပြင်မှ ခေါ်သံကြားလျှင် အမေက သုတ်ခနဲ ထရပြန်သည်။ မိန်းကလေး အသံဖြစ်၍ သားမဟုတ်နိုင်သည်မှာ သေချာလေသည်။ “ဟဲ့ ဘယ်သူလဲ မိန်းကလေးလား” “ဟုတ်ကဲ့”
အမေသည် ခပ်တိုးတိုးပြန်ဖြေသည့်အသံကြောင့် တံခါးကို ဖွင့်ပေးလိုက်သည်။ မိန်းကလေးသည် ပါလာသည့် ပုံးတွေကို အိမ်ဝတွင်ချကာ အမေ့အိမ်တွင်း ဝင်လာ၏။ မေမြို့ပန်းများကို ယူလာပြီး ဘုရားပန်းအိုးယူကာ စဉ့်အိုး ထဲ ရေသွားလဲနေ၏။ “အမေ့အတွက် အကြော်တွေပါတယ်” ဟု မိန်းကလေးက ဆိုပြန်သည်။ အမေသည် မိန်းကလေးအား တခုခုမေးလိုသော်လည်း မမေးနိုင်ပေ။ မိန်းကလေးကလည်း အမေ့ကို တခုခု မေးချင်နေပုံရ၏။

သည်မိန်းကလေးသည် အမေ့သားနှင့် ဝါမဝင်ခင် လက်ထပ်ပေးဖို့ ပြင်ဆင်ထားသူ ဖြစ်သည်။ မိန်းကလေးသည် ဘုရားပန်းများကို ဈေးတွင် ရောင်းချသူဖြစ်လေသည်။ ဝေဝေဆာဆာ ရောင်းချနိုင်သူ မဟုတ်ဘဲ ပုံးလေး ၂ ပုံးလောက်ဖြင့် ဈေးသက်သာသည့် ပန်းများ စုပြုံထည့်ကာ ရောင်းချရသူဖြစ်သည်။ သို့သော် ရိုးသားပြီး လှပသည့် မိန်းကလေးဖြစ်သဖြင့် အမေကလည်း သဘောမျှသည်။

မိန်းကလေးသည် ယခင်ကလို မျက်နှာတွင် သနပ်ခါးမခြယ်၊ ပန်းလေးတပွင့်ပင် ပန်မထားချေ။ မိန်းကလေး မျက်လုံးများက အမေ့ထက် ပို၍ ခြောက်သွေ့သယောင်ဖြစ်နေသည်။
အမေနှင့် မိန်းကလေးတို့သည် မနက်စာကို အတူစားကြ၏။ ဆေးကြောသုတ်သင်ပြီးသောအခါ အသံများ ထပ်ကြားရပြန်သည်။ ဒီတခါတော့ အလွန်နီးသည့် အသံများဖြစ်သည်။ မိန်းကလေးသည် အမေ့ကို ကျစ်နေအောင်ဖတ်ထား၏။ အမေသည် မိန်းကလေးရော၊ မိမိပါ အကြောက်ပြေစိမ့်သောငှာ သံဗုဒ္ဓေဂါထာကို ထပ်ထပ်ကြော့ကာ ရွတ်၏။

ခဏကြာလျှင် အမေ့ခြံဝိုင်းလေးအတွင်းသို့ ဝင်လာသံများကြားရသည်။ ရင်းနှီးသူ၏အသံတခုကိုကြားလျှင် မိန်းကလေးသည် တံခါးကို ပြေးဖွင့်၏။ ဝင်လာသူ တဦး၏ လက်ထဲတွင် အမေ့သားဖိနပ်လေး။ ဖိနပ်လေးကို မိန်းကလေးဆီ ကမ်းပေးလိုက်သောအခါ မိန်းကလေးသည် ဖိနပ်ကို ပိုက်ကာ ဟစ်ငိုလေ၏။ အမေသည် တံခါးဝတွင် မတ်မတ်ရပ်ရင်း ဖြစ်စဉ်များကို ကြည့်နေ၏။
👍22❤4🥰2😢2🤮1
အမေစိတ်ပူနေသော ရက်သည် အမေ့ဆီသို့ ရောက်လာချေပြီ။ အမေ့တွင် အမေ့သား၏ ပစ္စည်းပစ္စယလေးများ ရှိနေသေးသော်လည်း အမေ့သားကတော့ မရှိတော့ပြီတကား။
“အမေ .. ကျွန်တော်တို့ အလောင်းကို ပြန်မရဘူး။ သူက ဓားနဲ့ အတင်းဝင်ခုတ်တာ။ သူတို့ဘက်က ၂ ယောက်လည်း သေတယ်”
အမေသည် ပြောနေသူ၏ မျက်နှာကို စေ့စေ့ကြည့်လေ၏။ အမေ့သားသည် တာဝန်ကို ကျေအောင်ထမ်းဆောင်ခဲ့ပါသလားဆိုသည်ကို အမေက သိချင်၏။ အမေ့သားသည် သူ့တာဝန်သူကျေစွာဖြင့် ကျေနပ်နှစ်သိမ့်စွာ လွတ်လပ်သွားစေချင်နေသည်။

အမေသည် တုန်တုန်ရီရီဖြင့် ဘုရားစင်ရှေ့ကို ရောက်ရပြန်သည်။ အမေ့ဘုရားစင်သည် မေမြို့ပန်းများဖြင့် ဝေဆာလှ၏။ အမေသည် သဘက်ကိုမျှ မယူတော့ဘဲ ပုဆစ်တုတ်ထိုင်ကာ လက်အုပ်ချီလိုက်၏။

“တပည့်တော်မ၏ သားလေသည် စိတ်စေတနာကောင်းမွန်စွာဖြင့် အသက်ရှင်စဉ်ကာလတလျှောက် အများအကျိုးကို ရွက်ဆောင်ဖို့သာ စိတ်ထက်သန်ခဲ့သူဖြစ်ပါသည်။ တပည့်တော်မ သားသည် မြတ်ဘုရားရှင် တားမြစ်ထားသော အသက်သတ်ခြင်းအမှုကို ပြုခဲ့ပါသည်။ သို့သော် သူတို့သည် လောကအဆိပ်များဖြစ်သဖြင့် တပည့်တော်မသားကို မြတ်ဘုရားရှင်က ခွင့်လွှတ်ပေးပါရန် တောင်းဆိုပါသည်။ တပည့်တော်မ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့သည် တပည့်တော်မ သားနောက်ဆုံး ပြုလုပ်ခဲ့သည့် ကုသိုလ်နှင့် ယှဉ်လျှင် အချည်းနှီးသာ ဖြစ်ရပါတော့သည်။ လောက အဆိပ်ကို မြူတမှုန်မျှဖြင့် ဖြစ်စေ တွန်းလှန်ရင်း ဖယ်ရှားပေးခဲ့သော တပည့်တော်မ၏ သားလေးသည် ကောင်းရာမွန်ရာဘဝကို ရောက်ပါစေ အရှင်ဘုရား”

အမေ့ကြေးစည်သံသည် ခြံဝန်းအတွင်း လွင့်ပျံလာ၏။ အမေ့သား၏ အုန်းသီး လှည်းကလေးပေါ် လာနားနေသော ဆက်ရက်ငှက်လေးမှာ သုတ်ခနဲ ပျံထွက်သွားတော့သည်။ အမေ့ခြံဝိုင်းထဲတွင် အမေ့ကြေးစည်သံနှင့် မိန်းကလေး၏ ငိုရှိုက်သံတို့သည် ကြားရသူတို့အတွက် ဖြေမဆည်နိုင်စရာ ဖြစ်ရပြန်တော့သည်။
အမေမှာတော့ သား၏ အမေပီသရန် တာဝန်တွေ ကျန်ရစ်နေသေးသည်မဟုတ်ပါလား။

15/April/2021

(*ကျဆုံးသွားသော အာဇာနည်များအားလုံးကို သည်စာစုဖြင့် ဂါရဝပြုပါတယ်)

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မခင်စု' ရေးဖွဲ့တဲ့ “အမေ့သား၏ ကုသိုလ်”
ဝတ္ထုတိုကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍22❤7😢6🤮1
❤25🤮3👍2🥰1
NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို
စစ်တပ်ဖြုတ်ချ

ဇွန်-၁၃၊၂၀၂၆။တာရာ/People's Spring

အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုး
သားဒီမိုက​ရေစီ (NLD )ရုံးချုပ်အ​​ဆောက်အအုံမှာရှိ​နေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာ
ဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

စစ်တပ်ကဇွန်လ ၁၂ ရက်ညပိုင်းမှာ NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို လာရောက်ဖြုတ်ချသွားခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

"ကားသုံးစီးလောက်နဲ့ လာပြီးဖြုတ်သွားတာ။ ည ၁၀ နာရီဝန်းကျင်လောက်တော့ရှိမယ်။ အရင်တုန်းကဒီတိုင်းပဲရှိနေတာ။ အခုမှလာဖြုတ်သွားတာ"လို့ မျက်မြင်​တွေ့ရှိသူတဦးကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို မဲစာရင်းမှားယွင်းတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ပါတီ​ခေါင်း​ဆောင်​တွေကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့ပါတယ် ။ဒါအပြင်ပါတီရုံး​တွေကို စစ်တပ်ကကျူးကျော်ဖျက်ဆီးခဲ့သလို ပါတီဝင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုရာ​ပေါင်းများစွာကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

စစ်တပ်က ဒီချုပ်ပါတီ ကိုယ်စားလှယ် ၁၉၉ ဦး နဲ့ ပါတီဝင် ၂၆၁ ဦး စုစု​ပေါင်း ၄၆၀ ဦးရဲ့​နေအိမ်​တွေကို ချိတ်ပိတ်ခဲ့ပြီး ၊ ဒီချုပ်အမတ်
၁၄၉ ဦး ၊ပါတီဝင် ၂၈၈၀ ဦး အပါအဝင် ပြည်သူ​ပေါင်း နှစ်​သောင်းဝန်းကျင်ကို မတရာဖမ်းဆီးထားတယ်လို့ NLD ကထုတ်ပြန်ထားပါတယ်။ဒါအပြင် ဒီချုပ် အမတ် ၈ ဦး ပါတီဝင် ၁၁၈ ဦးတို့ကိုလည်း စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာ ဒီချုပ်က ထုတ်ပြန်ပါတယ် ။
🤬36❤8👎4🔥2😡2