ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်က လူဦးရေ ၅၀၀ ၀န်းကျင်လောက်ရှိတဲ့ ကုက္ကိုလ်စုရွာလေးဟာ စစ်တပ်အာဏာမသိမ်းခင်ကအထိ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။
ဒါပေမယ့် ပေါက်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာရှိနေတာကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်(ပျူစောထီး)ရွာအဖြစ် သိမ်းသွင်းခဲ့ပါတယ်။
“ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်းဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/12/159822/

LuduNwayOo
စစ်တပ်ဗုံးကြဲတာခံခဲ့ရတဲ့ ပျူစောထီးရွာ | LuduNwayOo
စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေသိမ်းဆည်းပြီး ပျူစောထီးတွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ…
👍34❤4🤣2
ရဲဘော်မုန်တိုင်းဟာ ရွှေ ၁၆ ပိဿာကျော် တရားမဝင်ထုတ်ယူပြီး တပ်ဖွဲ့ထံ ပြန်မအပ်လို့ဖမ်းဆီးရတာဟု NUG ကာကွယ်ရေး ရှင်းလင်း
◾️မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ
ဇွန် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ရှင်းလင်းပါတယ်။
ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့လို့ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တင်ပြချက်များအရ စစ်ဆင်ရေးနှင့် စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်း၏ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနှင့်အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအားလည်း အပြစ်ပေး အရေးယူခဲ့ပါသည်"လို့ NUG ကာကွယ်ရေးက အရေးယူမှု ဖြစ်စဉ်အစကို ရှင်းပြထားပါတယ်။
အဲဒီပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပေမယ့် အဲဒီကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့ကြောင်း၊ အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော် မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့ရဲ့ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့ကြောင်း အသိပေးပါတယ်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်ရဲ့ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ပြစ်ဒဏ်ချခြင်းအပြင် MDY PDF ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ ရဲဘော်မုန်တိုင်းဟာ စစ်ရေးဌာနကြီးရဲ့ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီးဟာ ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။
" ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုတွင် အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်၌ ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့သည့်အပြင် စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးထားသည် ဆိုသည့်အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေသည့် တပ်ဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှု ယန္တရား များတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်သော ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရဲဘော်မုန်တိုင်းဟာ ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းမှာ ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရလို့ ၂၀၂၅ မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်း စစ်ဆေးခဲ့ရာ ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းအမျိုးမျိုး ရှိသည့်အနက် ရွှေလုပ်ငန်းကိုသာ အဓိကဦးစားပေး စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စာရင်းစစ် ရလဒ်များအရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးဟာ တပ်ဖွဲ့ပိုင် ရွှေ ၁၆ဒသမ ၆ ပိဿာအား တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။
အဲဒီလို ထုတ်ယူတာကို ကာယကံရှင် ၂ဦးက ၂၀၂၅ ဩဂုတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပြစ်မှုအတွက် ပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးက ကတိပြုခဲ့ပေမယ့် ကျခံရမည့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲခဲ့ရုံမျှမက ရွှေ ၁၆ ပိဿာကျော်ကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ခြင်းမရှိဟု ထုတ်ပြန်ပါတယ်။

❤27👍19🤬3🤣2🤔1
ဒါ့အပြင် စစ်ဆင်ရေးအရေးကြီးနေတဲ့ ကာလအတွင်းတွင် ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံခြင်း၊ ချမှတ်ထားသော မူဝါဒနဲ့ လုပ်ငန်းစဉ်များကို မလိုက်နာခြင်း၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေတဲ့ အပြောအဆို အပြုအမူများနဲ့ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ရပ်များ လုပ်ဆောင်ခဲ့တာကို အထင်အရှား တွေ့ရှိခဲ့ရပြီး ဒါတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဟု ဆိုပါတယ်။
ဒီလို အခြေအနေတွေကြောင့် ကာယကံရှင်နှစ်ဦးဟာပြစ်မှုများကို တခုပေါ်တခု ဆင့်ကာ ကျူးလွန် တဲ့ အနေအထား ဖြစ်လာလို့ သာမန်တပ်တွင်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု အဆင့်ကို ကျော်လွန်ကာ ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် PDF စစ်ရုံးချုပ်ထံတင်ပြကာ နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ နှစ်ဦးအား ကနဦးအရေးယူမှုအနေဖြင့် နှစ်ဦးစလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ ၎င်းတို့ နှစ်ဦးစလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်မုန်တိုင်းနဲ့ ရဲဘော် နိုင်ကြီးတို့ (၂)ဦးအား ကနဦးအရေးယူမှုပြုလုပ်နေတဲ့ အချိန်မှာ MDY PDF တပ်ရင်းတပ်ဖွဲ့များအနေဖြင့် မတ္တရာ၊ စဉ့်ကူး စစ်ဂွင် များမှ တပ်များအဆင့်ဆင့်ဆုတ်ခွာပြီး ခွာစစ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ကြောင်းလည်း အသိပေးပါတယ်။
ဒါ့အပြင် အထက်ပါ ကိစ္စတွေကို ကိုင်တွယ်ဖို့ အဖွဲ့ဝင် ၅ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့ပြီး အခုနှစ်ဇန်နဝါရီ ၁၁ရက်ကနေ မေလ ၂၉ ရက်နေ့အထိ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူများအပါအဝင် သက်သေစုစုပေါင်း (၂၀) ဦးတို့အား စုံစမ်းစစ်ဆေး ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးနေစဉ်အတွင်း ထွက်ဆိုချက်များနဲ့ တွေ့ရှိချက်များအရ ထပ်မံစုံစမ်း စစ်ဆေးရန် ကိစ္စရပ်အများအပြား ပေါ်ပေါက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
စုံစမ်းရေး ခုံရုံးအနေနဲ့ ဆက်လက်စစ်ဆေးဖို့ လိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ မေ ၂၉ရက်မှာ ကြားဖြတ်အစီရင်ခံစာ တင်ပြခဲ့ရာ အစီရင်ခံတွေ့ရှိချက်တွေ ၈ချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ယခင်ဖွဲ့စည်းပုံတွင် ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိသော်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်၍ တဦးတည်း စီမံဆောင်ရွက်ခဲ့တာ၊ ရဲဘော်မုန်တိုင်းနဲ့ လူမှုရေးဖောက်ပြန်မှု ပြုခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ)ဘဏ္ဍာရေးဌာနရဲ့ ဌာနမှူးဖြစ်နေတာ စတဲ့ အချက်တွေ ပါတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၂၅ ဖေဖော်ဝါရီမှာ တပ်ဖွဲ့ဖွဲ့စည်းပုံ ပြောင်းလဲချိန်မှာ လွှဲပြောင်းပေးရမည့် ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများရဲ့ Hard Copyနဲ့ Soft Copy များအား ရဲဘော်မုန်တိုင်းမှ ဖျက်ဆီးစေခဲ့ကြောင်း အသိပေးထားပါတယ်။
ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားတဲ့ ရွှေ ၁၆ ဒသမ၆ ပိဿာကို သူတို့ နှစ်ဦးအား အရေးယူတဲ့ အချိန်အထိ တာဝန်ယူသူတွေကို ပြန်လည်အပ်နှံမှု မရှိတာ၊ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူတဲ့ ကာလမှာ ရဲဘော်မုန်တိုင်းရဲ့ တာဝန်ထမ်းဆောင်ဆဲ ကာလမဟုတ်ဘဲ ၎င်းအား လူမှုရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကာလမှာ ဖြစ်နေတာ စတဲ့ အချက်တွေလည်း ကြားဖြတ် အစီရခံစာမှာ ဖော်ပြထားပါတယ်။
လုပ်ထုံးလုပ်နည်းအရ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာများကို ဘဏ္ဍာစီမံ ဌာနကြီးသို့ အပ်နှံရမည်၊ သုံးစွဲရမည့် ကိစ္စရပ်များကို ဗဟိုဦးဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက် သို့မဟုတ် ဘဏ္ဍာရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ သုံးစွဲရမည် ဖြစ်ပေမယ့် ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးဟာ သူ့ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံသို့ ထုတ်ပေး လိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာငွေအားလုံးကို ဘဏ္ဍာစီမံဌာနကြီးသို့ အလုံးစုံအပ်နှံခြင်းမရှိဘဲ အကြောင်းကိစ္စတခုခုအတွက် သုံးစွဲရန်ရှိတာကို ထုတ်ယူ ထားပြီးမှ ကျန်သည့်ငွေ၊ ဘဏ္ဍာကိုသာ ဘဏ္ဍာစီမံဌာနကြီးသို့ အပ်နှံတဲ့အတွက် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတြ့ ငွေကြေး၊ ဘဏ္ဍာအားလုံး ဘဏ္ဍာစီမံဌာနကြီးသို့ ဝင်ရောက်ခြင်းမရှိတာ စိစစ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ပါတယ်။
၂၀၂၅ မေလမှာ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ရဲ့ စာရင်းစစ် အစီရင်ခံစာဟာ ရွှေလုပ်ငန်းတခုတည်းကိုသာ လွှမ်းခြုံမှုရှိခဲ့တဲ့အတွက် လုပ်ငန်း အရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊ တရားဝင်/တရားမဝင်ထုတ်ယူငွေ၊ သုံးစွဲငွေအားလုံးကို စာရင်းစိစစ်ပြုစုရန်လိုအပ်တာကိုလည်း ထောက်ပြထားပါတယ်။

👍25❤15🤣2🥰1
ဒီလို အချက်တွေကြောင့် ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် အပါအဝင် အဆင့်ဆင့်သော တိုင်းစစ်ဌာနများ၊ ဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ ကိစ္စအဝဝကို ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်လုပ်ငန်းစဉ်များနဲ့ အညီ ဖြစ်စေဖို့ ထိန်းကျောင်းကြပ်မတ်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးက ကိုမုန်တိုင်းအဖမ်းခံရမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာနဲ့ အမေးအဖြေကဏ္ဍမှာ ရှင်းပြခဲ့ရာ ရွှေ ၁၆ ပိဿာကျော်ကို လုပ်ထုံးလုပ်နည်းကျော်လွန်ထုတ်ယူတဲ့အပေါ် စီအီးစီက ပြန်အပ်နှံရန် ပြောကြားခဲ့ကြောင်း၊ ကိုမုန်တိုင်းတို့ဘက်က ဖြေရှင်းချက်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်းလုပ်ဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
" ဒါတွေက လုပ်ငန်းတခု လုပ်ဖို့အတွက် ကျနော်တို့ ထုတ်ပြောလို့တော့ မရဘူးပေါ့နော်။ လုပ်ငန်းတခုလုပ်ဖို့အတွက် ERO ဒေသတခုမှာ အပ်ထားတယ်။ ကိုယ်ကျိုးအတွက် အသုံးပြုထားတာ မရှိပါဘူးဆိုပြီးတော့ တဖက်ကလည်း ဖြေရှင်းချက်ပေးတဲ့ဟာကြောင့်မို့၊ သို့ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို အသိမပေးဘဲနဲ့ ထုတ်ယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါတွေကို ပြန်အပ်ပါ အဲဒီအတွက်လည်း ပြစ်ဒဏ်က အချုပ်ပြစ်ဒဏ် လေးလဆိုပြီး တော့ ချမှတ်ထားတာရှိပါတယ်။” လို့ ကိုဖြိုးက ပြောပြပါတယ်။
ဒါပေမဲ့ အဲဒီကာလ စစ်ဆင်ရေးမှာ ကိုမုန်တိုင်းက တာဝန်ယူလုပ်ဆောင်နေရတာ၊ ပြင်ဆင်နေတဲ့ စစ်ပွဲရဲ့ ပြောင်းလဲလာတဲ့ နည်းပညာကိစ္စရပ်တွေ ပြင်ဆင်နေချိန် အလုပ်ရှုပ်နေလို့ ပြန်အပ်ဖို့ရန် နှောင့်နှေးသွားတာလို့ ကိုဖြိုးက ပြောပါတယ်။
တပ်ဖွဲ့တွင်း ဖြေရှင်းရမယ့်ကိစ္စကို NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်အထိ ရောက်သွားရတာကို မသိရသလို ကိုယ့်လူအချင်းချင်း အင်အားသုံးဖမ်းဆီးမယ်လို့ မထင်ထားကြောင်း ကိုဖြိုးက ပြောပါတယ်။
“ အဲဒီမှာလည်း နံပတ်တစ်ကတော့ ရွှေကိစ္စလို့ ဆိုပေမယ့် ဆုတ်ခွာရေး အစီအမံမှာ သဘောထား ကွဲလွဲတဲ့ ကိစ္စ ရှိခဲ့ပြီး ကိုမုန်တိုင်းဘက်က သဘောထား တင်းမာခဲ့ကြောင်း၊ အဲဒီလို ဆုတ်ခွာရေးအစီအမံမှာ သဘောထား ကွဲလွဲပြီး နောက်ဆက်တွဲကိစ္စရပ်တွေထိ ဖြစ်တယ်လို့ ယူဆကြောင်း ကိုဖြိုးက မြန်မာနောင်းကို ဖြောကြားထားပါတယ်။

👍43❤4🤣4🥰2
ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက် ထုတ်ပြန်
ဇွန် -၁၃ ၊၂၀၂၆။မိုမို/People's Spring
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိပေးချက်တွေကို ကော့သောင်းခရိုင်တပ်ရင်း (၁)က ဒီကနေ့ (ဇွန်လ ၁၃ရက်)မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာ၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောင်စု လမ်းမကြီးတလျှောက်က နယ်မြေတွေမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ပြန်လှန်ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား အချိန်မရွေးထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့်လည်း လေညာ-ပြည်ကြီးမဏ္ဍိုင်၊ ရတနာပုံလမ်းပိုင်းနဲ့ ပြည်ထောက်စုလမ်းမကြီး တလျောက်မှာရှိနေတဲ့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ တိုက်တွန်းပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်တွေနား အနီးကပ်ရှိမနေဖို့၊ မသွားလာဖို့အပါအ၀င် ခြံပိုင်ရှင်တွေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထားတဲ့ ပြည်သူတွေအနေနဲ့ ရွှေ့ခိုင်းထားတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ ကော့သောင်းခရိုင်တပ်ရင်း(၁)က အသိပေးပါတယ်။
"လေညာဘက်မှာက စစ်တပ်ရဲ့ခမရ (၅၆၀) ရှိတယ်။နောက်ပြီး စခန်းတွေကလည်း လေးခုလောက်ရှိတယ်။ဒီနှစ် ထဲမှာလည်း သူတို့ဘက်က အင်အားဖြည့်ထားတာရှိတယ်"လို့ ဘုတ်ပြင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်တောင်ဘက်ခြမ်းက စစ်တပ်အခြေစိုက် ရွှေဂဲညိုပြည်သူ့စစ်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေက မနှစ်က ၂၀၂၅မှာ သိမ်းပိုက်ခဲ့တာရှိပါတယ်။
အဲဒီစခန်းတိုက်ခိုက်မှုမှာ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး ၄၀ မမ အပါအဝင် သေနတ် ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာ အမှတ် (၂၂၄)ခြေလျင်တပ်ရင်း နဲ့ အမှတ် (၅၆၀) ၊(၅၅၉) ခြေမြန်တပ်ရင်းတွေရှိတယ်လို့ စစ်ဘက်ဆိုင်ရာအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

👍40❤9🔥2🥰1
ချောင်းဦးမြို့နယ် ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ ၆ဦးကိုပါ သတ်ဖြတ်သွား
▪️စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့
ဇွန်-၁၃၊ ၂၀၂၆။ ကတ်သရင်းနှင်း/People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က မီးရှို့ဖျက်ခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၄ရက်ကစတင်ကာ ချောင်းဦးမြို့နယ်အတွင်းကို စစ်တပ်က စစ်ကြောင်းဝင် ရောက်လာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးထဲကို ကားတွေနဲ့ ဆက်တိုက်သယ်ယူခဲ့ပြီးနောက် အဲဒီရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းဟာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၉ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းပြန်ထွက်သွားချိန် သတ်ဖြတ်ခံထားရတဲ့ ဒေသခံပြည်သူ ၆ဦးရဲ့ ရုပ်အလာင်းကို တွေ့ခဲ့ရပြီး စစ်ကြောင်းဝင်လာစဉ် မပြေးနိုင်လို့ ရွာထဲ ကျန်နေတဲ့ သက်ကြီး အဘိုး၊အဘွားနှစ်ဦးလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရွာထဲကို ပြည်သူ တွေပြန်ဝင်ပြီး မီးငြိမ်းတဲ့အချိန် အလောင်းတချို့ တွေ့တာပေါ့။ ရွာသားတွေ ကိုးကွယ်တဲ့ ရှေးဟောင်းဘုရားတွေ၊ ရေစင်တွေကအစ အကုန်မီးရှို့သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆင်မြေရွာက နေအိမ်၁၀၀ကျော်၊ မှန်ချိုရွာက နေအိမ်၂၅လုံးနဲ့ ငါးလုံးတင်ရွာက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တာလို့ သိရပါတယ်။

🤬38👏2👎1
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှူ
▪️ဒေသလုံခြုံရေးအပေါ် မူတည်ပြီး ပါဝင်ပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း
ဇွန်-၁၃၊၂၀၂၆။သတိုး/People's Spring
လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
"စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။" လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားပါတယ်။
အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ အဓမ္မစစ်မှူထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ်စတဲ့ အချက်တွေကို ပြောချင်တာဖြစ်တယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အနေနဲ့ ကိုယ်နေထိုင်တဲ့ ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်မယ့် ပန်းတစ်မျိုးကို ဘုရားတင်ခြင်း ၊ ပန်ဆင်ခြင်း ၊ အချင်းချင်းမျှဝေခြင်း ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခြင်း နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” "ဟေ့ . . . စစ်အာ ဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ "ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်သူတွေရဲ့ ညီညွှတ်မှုကို နှင်းဆီလှုပ်ရှားမှုမှာ ပြသဖို့ သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေတိုင်းမှာ မွေးနေ့ရှင်ကို ပြည်သူတွေက နှင်းဆီပန်းနဲ့ ကိုယ်စားပြုပြီး ဆုတောင်းပေးတာတွေကို နှစ်စဉ်တိုင်းပြုလုပ်လေ့ရှိပါတယ်။
ဒါကြောင့် စစ်တပ်က အဲဒီလိုနေ့တွေဆိုရင် ဈေးတွေမှာ ပန်းရောင်းဖို့ ကန့်သတ်တာတွေ ပန်းဝယ်သူတွေကို ဖမ်းဆီး စစ်ဆေးတဲ့ ဖြစ်စဉ်တွေရှ်ိခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် သားဖြစ်သူ ကင်မ်ဦးဆောင်ကာ မိခင်ဖြစ်သူ အသက်ရှင်နေသေးကြောင်း သက်သေပြခိုင်းတဲ့ Global Proof Of Life Challenge အနေနဲ့ 81 for 81 ကမ်ပိန်းကိုလည်း ပြုလုပ်နေပြီး ၈၁ နဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ကာပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

❤55🥰4🤮2😁1
သံတွဲမှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းချ၊ သုံးစွဲနေသူတွေ AA ဖမ်းမိ
ဇွန်-၁၃၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာ သံတွဲမြို့နယ် ရွှေကျောင်းပြင်ရွာနဲ့ ငပလီ၊ မြပြင်ရပ်ကွက်တို့အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဒေသခံတွေရဲ့ သတင်းပေးချက်အရ အာရက္ခတပ်တော် (AA)လက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်တဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန(DLEPS) က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“ရွှေကျောင်းပြင်ကတယောက်က သူ့အိမ်မှာပဲ ရောင်းနေတာ။ သတင်းရလို့ သွားဖမ်းတော့ ဒိုင်ကြီးနဲ့ လက်လီ လေးတွေကိုပါဖမ်းမိတာ။ သုံးယောက်မိတယ်။ နောက်ထပ် ကွင်းဆက်တွေကိုလည်း ဒီလပ်က ဆက်ပြီး စုံစမ်းနေ တယ်” လို့ သံတွဲမြို့နယ်မှ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သံတွဲမြို့ပေါ်နဲ့ ကပ်ရပ် ရွှေကျောင်းပြင်ကျေးရွာမှ ဦးအောင်အောင်ဟာ ရွာအတွင်း မူးယစ်ဆေးဝါးရောင်းနေတယ် လို့သတင်းရပြီး သွားဖမ်းရာကနေ ဦးအောင်အောင်ကို ရောင်းချပေးတဲ့ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီး(ခ)မောင်မောင်မြင့် ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။
ဦးဘိုဘိုကြီးဆီက အလေးချိန် ၃ ကီလိုရမ်ကျော်ရှိတဲ့ Ice ၂၇ ထုပ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သံတွဲ မြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုယ်တိုင်သုံးစွဲပြီး လက်ကားရောင်းချသူ ကိုညီညီ(ခ)စစ်သွေးညီ ကိုလည်း Ice မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အဲဒီဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်စျေးအရ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတယ်လို့ အုပ်ချုပ် ရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတို့ ၃ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁(က)တို့နဲ့ အမှုဖွင့်အရေးယူထားပြီး တရားရုံးတင်ထားတယ်လို့ နီး စပ်သူတွေက ပြောပါတယ်။
Ice ဆိုတာဟာ မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ရေခဲပုံသဏ္ဍာန် ပုံဆောင်ခဲဖြစ်ကာ ကြာကြာသုံးစွဲရင် ပြုပြင်လို့မရတဲ့ ဦးနှောက်ထိခိုက်မှုရှိနိုင်ပြီး သုံးစွဲသူကို ရူးသွပ်သွားတဲ့ထိ ဖြစ်စေနိုင်ပါတယ်။
သံတွဲမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အချို့မြို့နယ်မှာ AA ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးယန္တရားတွေ အပြည့်အ၀မလည်ပတ်နိုင်သေးတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးရောင်းချသူတွေ အများအပြားရှိ နေတာကြောင့် ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တယ်လို့ ရခိုင်ဒေသခံလူမှုကူညီရေးလုပ်နေတဲ့ လူငယ်တစ်ဦးက ထောက်ပြပါတယ်။
“ရခိုင်က မြို့ကြီးတွေမှာ မူးယစ်ဆေးဝါးတွေ ရောင်းနေကြတာရှိတယ်။ WY တို့ Ice တို့ပေ့ါ၊ ဆေးခြောက်လည်း ရောင်းကြတယ်။ အရင်တုန်းကလောက်ထိ ပေါ်ပေါ်ထင်ထင်မဟုတ်ပေမယ့် ပေါနေတာတော့ အမှန်ပဲ။ ဒီလပ်က တွေ့ရင် အရေးယူတယ်ဆိုပေမယ့် လက်လှမ်းမမီတာတွေ ရှိနေတာ တွေ့ရတယ်” လို့ ၄င်းက ဆိုပါတယ်။
မူးယစ်ဥပဒေ ပုဒ်မ ၁၉(က)ဟာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးကို ရောင်းချဖို့ လက်ဝယ်ထားရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အ သတ်မရှိ ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၂၀(က)ကတော့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးသူတွေအပေါ် အရေးယူနိုင်တဲ့ပုဒ်မဖြစ် ကာ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၂၁(က)ကတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေမှာပါရှိတဲ့ ပြစ် မှုတခုခုကို ကျူးလွန်ဖို့ အားထုတ်တာ၊ ပူးပေါင်းကြံစည်တာ၊ စည်းရုံးတာ၊ အားပေးတာတို့အတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ကာ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

👍49❤7🥰2😁1
မြစ်ခြေမှာ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲပြီး စစ်ရှောင် ၁၀ ဦးခန့် ဖမ်းဆီးထား
ဇွန်-၁၃၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ဦးမြို့အခြေစိုက်ခလရ (၄၁၅)တပ်ရင်းနဲ့ မြင်းမွေးမြူရေးတပ် (BPI)တပ်တို့ ပေါင်းပြီး ဇွန်လ ၁၀ ရက် ညနေက မြစ်ခြေမြို့အတွင်းကိုဝင်ရောက်တပ်စွဲခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မြို့အတွင်းက နေရာ ၃နေရာမှာ တပ်စွဲထားပြီး စစ်ဘေးရှောင် ဒေသခံ ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
"ဒီနေ့အထိ မြို့ထဲမှာရှိနေပါတယ်။လက်တလော စစ်ကြောင်းက ပခုက္ကူ-၁၀၁ကလည်း ပြန်ထွက်လာ တော့ ဒေသခံ တွေကတော့ အကုန် ရှောင် နေရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ခြေမြို့ကို မေလ ၁၁ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က တပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ သတ်ဖြတ်ကာ နေအိမ် ၁၂၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်းတွေနဲ့ ညောင်ဦးအခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်အောက်ခံပျူစောထီးတွေ၊ရဲတွေ ပူးပေါင်းပြီးတော့ အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကမြစ်ခြေမြို့က ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အလောင်း ၃၇ လောင်းရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသူ ၅ ဦးရှိသေးတယ်လို့ ရှာဖွေကယ်ဆယ်ရေး၊နယ်မြေရှင်းလင်းရေးလုပ်နေသူတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေက မြစ်ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။
အဲဒီနောက် ဇွန်လ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေက မြစ်ခြေရဲစခန်းကို သိမ်းယူလိုက်ပြီး သုံ့ပန်းတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ရဲစခန်းသိမ်းယူခံလိုက်ရပြီးတဲ့နောက် အင်အား၁၀၀ခန့်နဲ့ စစ်တပ်က မြို့ထဲကို ထပ်မံတပ်စွဲထားတာလို့ သိရပါတယ်။

🤬38❤7🔥2👎1
စစ်အာဏာသိမ်းအပြီး မင်းအောင်လှိုင် တရုတ်ကို ၃ကြိမ်မြောက်သွားမယ်
ဇွန်-၁၃၊ ၂၀၂၆။ People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။
အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ ကြားဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခဲ့သလို အခုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်ခရီးစဥ် ဖိတ်ကြားခဲ့တာပါ။
စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ သမ္မတရာထူးယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူအပြီး ဒုတိယမြောက်ပြည်ပခရီးစဥ်ဖြစ်လာခဲ့ပြီး ဇွန်လ ၁၅ရက်ကနေ ၁၉ အထိ သွားရောက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ မင်းအောင်လှိုင်ဟာ တရုတ်ခရီးစဥ်အတွင်း ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်တာအပြင် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးပိုမိုအားကောင်းလာစေရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ဖို့ ရွေးချယ်လိုက်ပြီး ဒီခရီးစဥ်အတွင်းမှာလည်း သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းတကြောလုံးနီးပါးကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားတာကြောင့် စစ်တပ်ဘက်က တောင်းဆိုမှုတချို့ ရှိလာနိုင်ပြီး အဲဒီအရေးနဲ့ပတ်သက်လို့ အလုံးစုံ ညှိနှိုင်းလို့ ရ၊မရဆိုတာ မသိရသေးကြောင်း နိုင်ငံရေးအကဲခတ်က ဆိုပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ရဲ့သမ္မတရာထူးနဲ့ တရုတ်နိုင်ငံကို ပထမဆုံးပြည်ပခရီးစဥ်သွားရောက်ဖို့ စီစဥ်ခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ညှိနှိုင်းမှု အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သံတမန်ရေးစောင့်ကြည့်သူတချို့က ပြောပါတယ်။ အဲဒါကြောင့် သမ္မတအမည်ခံ မင်းအောင်လှိုင်ရဲ့ ပထမဆုံးပြည်ပခရီးစဥ်ဟာ အိန္ဒိယဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ လိုက်ပါခဲ့တဲ့ စစ်တပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဟာ နယူးဒေလီက အပြန်မှာပဲ ချက်ချင်း ဘေဂျင်းကို သွားရောက်ခဲ့ရပါတယ်။ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘေဂျင်းခရီးစဥ််က တရုတ်ရဲ့ဖိအားပေးမှုကြောင့် သဘောတူညီချက်အချို့ စစ်တပ်ဘက်က သဘောတူပေးလိုက်ရတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
တရုတ်က မြန်မာနိုင်ငံရှိ သူ့ရဲ့ BRI(Belt and Road Initiative)စီမံကိန်းတွေကို အမြန်ဆုံးပြန်လည်စတင်လိုနေပြီး ဒီခရီးစဥ်မှာ BRI စီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညီချက်တွေ ရရှိမလဲဆိုတာ စောင့်ကြည့်ဖို့လိုကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ BRI စီမံကိန်းတွေရှိတဲ့နယ်မြေအများအပြားကို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့က စိုးမိုးထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်အပြည့်အဝရှိမနေဘူးလို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
စစ်တပ်ကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ မျှော်လင့်နေပြီး အခုထိ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှု မရှိသေးဘူးလို့ အကဲခတ်တချို့က မှတ်ချက်ပြုပါတယ်။ ဒါ့အပြင်ဟာ အာဏာသိမ်းစစ်တပ်ဟာ ရက် ၁၀၀ စီမံချက်ဆိုပြီး ရှမ်းပြည်မြောက်ပိုင်းကတဆင့် ဝင်ရောက်လာတဲ့ တရုတ်ကုန်ပစ္စည်းတွေကို တင်းကြပ်ဖမ်းဆီးနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကိစ္စကိုလည်း မင်းအောင်လှိုင်ရဲ့ဒီခရီးစဥ်မှာ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ခဲ့သလို ၂၀၂၅ သြဂုတ်လကုန်ပိုင်းမှာ ဘေဂျင်းကို ထပ်မံသွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဘေဂျင်းခရီးစဥ်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)စီမံကိန်းအောက်က BRI စီမံကိန်းတွေကိုအကောင်အထည်ဖော်ဖို့နဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

😁24👎11❤5🤬4💩4👍1🔥1
ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။
တူးတူးက မျက်နှာသွယ်ပြီး ရုပ်ရည်သန့်ပြန့်တဲ့ ကလေးတစ်ယောက်ပါ။ အနေအေးတယ်။ စကားပြောလည်းနည်းတယ်တဲ့။ အသက်အရွယ်နဲ့ မမျှအောင် ရင့်ကျက် တည်ငြိမ်တဲ့ စရိုက်ရှိတယ်။
တူးတူးမိဘတွေက ပြည်ပမှာအလုပ်လုပ်နေတယ်။ မြောက်ဒဂုံမှာ ဘိုးဘွားတွေ ဦးလေးတွေနဲ့ နေတယ်။ ညီအကို၃ယောက်မှာ အငယ်ဆုံးသားတဲ့။ပြီးတော့တူးတူးကကြောက်လည်းကြောက်တတ်တယ်တဲ့။
တူးတူးလေး ထွက်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာဘူး။ ည ၇ နာရီခွဲလောက်ကျ အိမ်သားတွေလည်း လိုက်ရှာကြပြီ။ည ၉ နာရီကျော်တဲ့အထိ ရှာမတွေ့တော့ ရဲစခန်းသွားတိုင်ထားရတယ်။
ဒီကနေ့ ၁၀ ရက်မနက်မှာတော့ မြောက်ဒဂုံ ၃၈ရပ်ကွက်ကရေကန်တစ်ခုမှာရုပ်အလောင်းတစ်ခု ပေါ်လာတယ်လို့ သိရတယ်။ မိသားစုဝင်တွေလည်း တူးတူးလေးမဖြစ်ပါစေနဲ့လို့ ဆုတွေတောင်းပြီး သွားကြည့်ခဲ့ကြတယ်။ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ တူးတူးလေး ဖြစ်နေခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/11/159706/

တူးတူးလေးကို သတ်တာဘယ်သူလဲ | LuduNwayOo
ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့…
😢32❤4😭2👍1🔥1😁1
"မနှစ်တုန်းကစပြီး ပေါ်တာကို ကြောက်လို့ ကုမ္ပဏီအသွား၊အပြန်ကိုအလုပ်ထဲက ၂
ယောက် နဲ့ အမြဲသွားတယ်။ လမ်းမပေါ်ရောက်တာနဲ့ အမြဲသတိထားတယ်။လာဆွဲရင် ပြန်ဆော်လို့ရအောင် စတီးထမင်းချိုင့်ကို အမြဲကိုင်ထားတယ်”လို့ သူက ပြောပြတယ်။
ရန်ကုန်မှာ ပေါ်တာဆိုတာ ဘယ်သူကမှ ရင်မဆိုင်ရဲတဲ့ ငရဲခွေးကြီးပမာ။ရန်ကုန်လမ်းတွေမှာ ပေါ်တာဆိုတာ အရပ်ဝတ်တွေနဲ့လည်းဆွဲ၊ ယူနီဖောင်းတွေနဲ့လည်း ဆွဲ။ညဘက်ဆို ရပ်ကွက်တွေထဲ အုပ်ချုပ်ရေးမှူးတွေကလည်း ဆွဲ။ စစ်မှုထမ်းဈေးကွက်ထဲ ပစ်ထည့်လိုက်တာနဲ့ အိတ်ကတ်ထဲ ငွေ တွေ အထပ်လိုက် စီးဝင်လာတာကြောင့် တစ်ဘို့တည်းသမား လူ့ငနွားတွေက လူဖမ်းပွဲကြီးကို ပျော် ပျော်ကြီး ဆင်နွှဲလို့။
“အရင်တုန်းကတော့ပေါ်တာဆိုတာနည်းနည်းကို များများလျှောက်ပြောကြတယ်လို့ပဲထင် ထားတာ။ကျနော် သေချာသိတဲ့လူတစ်ယောက်ပါသွားတော့မှပဲ တကယ်ဆိုတာ ယုံသွားတယ်။ လမ်းထိပ် လက်ဖက်ရည်တောင် ထွက်မထိုင်တာကြာပြီ”လို့ လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အသက်၂၃ နှစ်အရွယ်ရှိ လူငယ်လေးတစ်ဦးက ဆိုတယ်။
https://www.ludunwayoo.com/feature-mm/2026/06/12/159762/

သေလမ်းကို ငြင်းကြတဲ့ ရန်ကုန်လူငယ် | LuduNwayOo
စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။
👍36❤2🥰1😁1
■ကဗျာ
'ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ’
◼️စောစုစုခင်
သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံး
သူငယ်ချင်းက တောထဲမှာမေမေရဲ့။
သမီးရဲ့ဝက်ဝံရုပ်လေးကလည်း
လွတ်မြောက်နယ်မြေထဲမှာ
သမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေ
သမီးရဲ့ဖဲပြားကလစ်လေးတွေက
မြေမြုပ်မိုင်းဖြစ်နေပြီလားဟင်
သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လား
ဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါ
တချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့
တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။
မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ မေမေရယ်။
သမီးရဲ့ညတွေမှာ
သီချင်းလေးနည်းနည်းလောက် ရမလားဟင်
ဖေဖေနားထောင်နေတဲ့ တီဗွီသတင်းတွေတော့မပါကြေးနော်။
လူသားချင်းစာနာထောက်ထားမှုပါတဲ့ စောင်နဲ့ ခြုံအိပ်ချင်တယ်မေမေ
ဖေဖေနဲ့မေမေက တူတူချူပ်ပေးနော်
သမီးရဲ့သူငယ်ချင်းလေးကို
စာသင်ခန်းထဲပြန်ခေါ်မယ်မေမေ
သူ့ကို စာသင်ခုံတွေက
ကျည်ဆံမထွက်ဘူးဆိုတာ ရှင်းပြချင်တယ်။
သမီးရဲ့ဝက်ဝံရုပ်လေးကို
သမီးအိပ်ယာထဲပြန်ထားပေးပါမေမေ
သမီးရဲ့ကဗျာတွေကိုလည်း
သေချာလေးမြေမြုပ်ပေးပါ။
သမီးအိပ်ချင်တယ် မေမေ…
သမီးကို ကောင်းကင်ကကျလာတဲ့
ဗုံးတွေအကြောင်းပြောပြပြီး
ချော့သိပ်နော် မေမေ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'စောစုစုခင်' ရေးဖွဲ့တဲ့ "ဒီနိုင်ငံမှာလူဖြစ်ရခြင်းက ဘာတွေများမှားခဲ့လဲမေမေ"ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,155 followers · 311 talking about this. News & media website
👍23❤5🔥1